ဖော်ပြပါ စာသားလေးမှာ ဆရာတော် တစ်ပါး၏ ဟောကြား ချက်မှ ဖြစ်ပါသည်။ နှစ်သက်လှ သဖြင့် ခေါင်းစဉ်ပြုကာ ရေးသားခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ဘိုး၊ ဘွားလက် ထက်မှ ကျွန်တော်တို့ လက်ထက် တိုင် မြန်မာ့လူ့အဖွဲ့အစည်းတွင် ရှေး ရိုးဆန် အယူအဆ တစ်ရပ်ကို တွေ့ ရပါသည်။ ယင်းအယူအဆမှာ မိသားစု တစ်စုတွင် အဖေနှင့်အမေ ကသာ အိမ်ထောင်၏ စားဝတ်နေ ရေးအတွက် တာဝန် ယူလျက်ရှိပါ သည်။ အဖေနှင့်အမေကသာ တာဝန် သိပြီး တာဝန်ယူသော အလေ့အထ ဖြစ်ပါသည်။ ငွေရှာရသူက အဖေ၊ ချက်ပြုတ် ကျွေးမွေးသူက အမေဖြစ်ပါသည်။ သားသမီးများက အေးအေးဆေးဆေး နေနိုင်ကြပါသည်။ (နေလည်းနေကြ ပါသည်) အိမ်၏ အခက်အခဲ မှန် သမျှကို မိဘနှစ်ပါးက တာဝန်ယူ ဖြေရှင်းပေးလေ့ရှိပါသည်။ သားသမီး များကို အလွန်ချစ်သောစိတ်ဖြင့် သား သမီးတွေ စိတ်အားမငယ်ရအောင် ထားတတ်ကြပါသည်။ ထို့ကြောင့် အိမ်၏ ဝင်ငွေ၊ ထွက်ငွေ မမျှတခြင်း၊ြေ<ွကးတင်နေခြင်း၊ ပေါင်နှံရခြင်းတို့ကို သားသမီးများ မသိစေဘဲ အဖေနှင့် အမေကသာ ကြိတ်၍ ဖြေရှင်းသွား တတ်ကြပါသည်။ စိတ်မသက်မသာ ဖြစ်စရာတို့ကို သားသမီးများ မသိ ရအောင် ဖုံးဖိထားလေ့ရှိကြပါသည်။ အမှန်မှာ အိမ်ထောင်စု တစ်စု တွင်းရှိ မိသားစု တာဝန်ကို ကိုယ်စီ သိဖို့၊ ကိုယ်စီ တာဝန်ယူဖို့ လိုအပ် မှာဖြစ်ပါသည်။ သားသမီးတွေကို တာဝန်သိအောင် ပျိုးထောင်ပေးမှသာ တာဝန် ယူလာကြမှာဖြစ် ပါသည် ။ တစ်ယောက်အားနှင့် ယူသော်မရ တစ်သောင်းအားနှင့် ယူသော်ရ၏ ဆို သော လမ်းညွှန်ချက်၊ လူတစ်ရာ ဝါး တစ်ရာ ဆိုသောလမ်းညွှန်ချက် ကို ခံယူကျင့် သုံးပါက တစ် ဦးတစ် ယောက်တည်းအပေါ် ဝန်ပိနေမည် မဟုတ်ပါ။ အိမ်၏ မလောက်မငှ ဖြစ်နေမှုကို သားသမီးများအား အသိ မပေးသဖြင့် အခြေအနေမှန်ကို မသိ သော သားသမီးများက စားချင်၊ ဝတ် ချင်၊ လိုချင်တာတို့ကို တောင်းခံ ပူဆာ ကြမည်မှာ ဓမ္မတာဖြစ်ပါသည်။ မလောက်ငှချိန်တွင် ယင်းသို့ ပူ ဆာသည့်အခါ မိဘနှစ်ပါးသာ စိတ် ဆင်းရဲနေရတတ် ပါသည် ။ ဤသို့  သော ဘိုးစဉ်ဘောင်ဆက် အမှား သည် သား သမီးကို ချစ်ရာမရောက် တော့ဘဲ နှစ်ရာရောက်သွားခဲ့ပါသည်။ ဖြစ်ပေါ်နေသော အခက်အခဲအတွက် မိမိတို့မှာလည်း တာဝန်ရှိပါလားဆို သော အသိစိတ်မျိုးဝင်မလာတော့ဘဲ လိုချင်လျှင် လက်ဖြန့်တောင်းသည့် အကျင့်၊ ကို ယ်အားကိုယ်ကိုးခြင်း ထက် မှီခိုချင်သော အကျင့်များသာ ရလာကြပါသည်။ အမှန်မှာ အရွယ်အလိုက် အသိ ရှိအောင် ပျိုးထောင်လေ့ကျင့်ပေးမှသာ တာဝန်သိကာ တာဝန်ယူလာကြမှာ ဖြစ်ပါသည်။ ရှေးယခင်က အဖေ တစ်ယောက်၏ လုပ်စာဖြင့် မပူမပင် နေနိုင်ခဲ့ကြသော်လည်း ပြောင်းလဲ လာသော အခြေအနေ အရပ်ရပ် ကြောင့် မိသားစု တက်ညီလက်ညီ ကြိုးပမ်းကြမှသာ တန်ကာကျမည့် အခြေအနေဖြစ်ပါသည်။ သတ္တလော က၏ ဖြစ်ပေါ်တိုးတက်မှုကို လေ့လာ ကြည့်လျှင် အချိန်အခါ အခြေအနေ နှင့် လိုက်လျောညီထွေ မနေထိုင်နိုင် မကျင့်သုံးနိုင်သော သတ္တဝါများမှာ မျိုးသုဉ်းပျောက်သွယ် သွားကြရ သည်ကိုတွေ့ရပါသည်။ လျင်မြန်စွာ ပြောင်းလဲနေသော ယနေ့ ကမ္ဘာကြီး နှင့် လိုက်လျောညီထွေ ကျင့်သုံးနေ ထိုင်မှု၊ မနေထိုင်နိုင်မှုသည် ဘဝ ရပ် တည်ရှင်သန်မှုအတွက် ပဓာနကျ လာပါသည်။ ယနေ့ ကမ္ဘာကြီးတွင် လူဦးရေ အဆမတန် များလာခြင်း၊ လူတို့၏ လောဘ၊ ဒေါသ၊ မောဟ အလွန် ကြီးလာခြင်း၊ ကြီးနိုင်ငယ်ညှဉ်း ဝါဒ ကို နိုင်ငံကြီးများက ကျင့်သုံးနေခြင်း တို့ကြောင့် ရှေးရိုးစွဲအတွေးအခေါ် ရှေးရိုးစွဲအနေအထိုင်ဖြင့် နေထိုင်ပါ က ဘဝရှင်သန် ရပ်တည်နိုင်ရန် ခက်ခဲမည်ဖြစ်ပါသည်။ ခေတ်မီ တိုး တက်နေသည့် နိုင်ငံများတွင် မိသား စုအလိုက် တက်ညီလက်ညီ ကြိုး စားနေကြချိန်တွင် ကျွန်တော်တို့နိုင်ငံ ၏မိသားစု အတော်များများသည် အိပ် မောကျကာ အိပ်မက်မက် ကောင်း တုန်းပင်ရှိနေကြပါသည်။ မွေးဖွားပြီး ငယ်စဉ်မှ ကြီးထွားလာသော အရွယ် အဆင့်ဆင့်အထိ အသိပေးပျိုးထောင် မှုအလွန်နည်းသဖြင့် လူကြီးလာသော် လည်း အချိန်မစီးဘဲ ဖြစ်လာကြပါ သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်မှု အားနည်းနေချိန်တွင် တာဝန်မရှိ နေ ထိုင်ခွင့်ရနေခြင်းကြောင့် တာဝန်မဲ့ ပြော၊ တာဝန်မဲ့လုပ်လာတတ်ကြပါ သည်။ အမှန်မှာကိုယ့်အားကိုယ်ကိုး၊ ကို ယ် ထူကို ယ် ထစိ တ် ဓာတ် ၊ အကောင်းမြင် အပြုသဘောစိတ်ဓာတ် ရှိမှသာ တာဝန်သိစိတ်ဆိုသော အသီး အပွင့်သည် သီးပွင့်လာနိုင်ပါသည်။ အဆိုးမြင်၊ အပျက်မြင်စိတ်၊ အားငယ် စိတ်၊ သူတစ်ပါးအား မှီခိုချင်သော စိတ်တို့ဖြင့်  ဘဝတိုးတက် အောင် တည်ဆောက်နိုင်မှုမပြုနိုင်ပါ။ ထိုသို့ ကိုယ်ခံအားနည်းကာ စိတ်ဓာတ်ခွန် အားမရှိလျှင် တာဝန်သိစိတ်နှင့် တာ ဝန်ယူစိတ်သည် ဖြစ်ပေါ်မလာနိုင်ပါ။ အနှစ်ချုပ်ရပါကား ယနေ့ လူ ငယ် နောင်ဝယ်လူကြီး ဆိုသည့် အတိုင်း လူငယ်များကို အပြုသဘော စိတ်နှင့် တာဝန်သိစိတ်ရှိလာအောင် ပျိုးထောင်ပေးကြရန် ဖြစ်ပါသည်။    
 
   open-resuurces 88   မှကူးယူဖော်ပြသည်


( ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းကို စာအုပ်ရေးခဲ့တဲ့ Christian Solidarity Worldwide အဖွဲ့က Benedict Rogers ရဲ့ Go on, Thein Sein, surprise us ဆောင်းပါးကို ဆီလျောအောင် ဘာသာ ပြန်ထားတာ ဖြစ်ပါတယ်။ )
ပြီးခဲ့တဲ့ နှစ်ပတ် လောက်တုံးက လစ်ဗျား သူပုန်တွေ ထရီပိုလီမြို့ကို ဦးတည် ချီတက်နေပြီး ကဒါဖီ ပြုတ်ကျဖို့ ကလည်း သေချာနေတဲ့ အချိန်မှာ ကမ္ဘာ တစ်ဖက်ခြမ်းက နောက်ထပ် ဆိုးဝါးတဲ့ အာဏာရှင် အုပ်ချုပ်တဲ့ မြန်မာနိုင်ငံ မှာတော့ အံသြဖွယ်ရာ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်တဲ့ သမ္မတသစ် ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး အကြိမ် တစ်နာရီကျော်ကြာတဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ကိုးလကျော် နေအိမ် အကျယ်ချုပ်ကနေ လွတ်လာပြီးကထဲက ဒေါ်အောင်ဆန်းစုကြည်ဟာ တွေ့ဆုံ ဆွေးနွေးဖို့ ဆက်တိုက် တောင်းဆိုခဲ့တာပါ။ ပြောရရင် ပြီးခဲ့တဲ့ ၂၃ နှစ်လုံးလုံး မြန်မာနိုင်ငံ လွတ်လပ်မှု အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ ချိန်မှာ တွေ့ဆုံ ဆွေးနွေးရေး ဆိုတာ သူ့ရဲ့ လက်စွဲ ဆောင်ပုဒ်ပါပဲ။ ၁၅ နှစ် ကျော်ကျော် နေအိမ်မှာ အကျယ်ချုပ် ခံထားရခဲ့ ပေမယ့်လဲ တွေ့ဆုံစကားပြောဖို့ တောင်းဆိုတာကို မလျှော့ခဲ့ဘူး။ ဒါပေမယ့် ရံခါဖန်ခါ တွေ့တာမျိုးက လွဲရင် ဗိုလ်ချုပ်ကြီးတွေဟာ သူ့ရဲ့ တောင်းဆိုချက်ကို မသိချင်ယောင် ဆောင်နေခဲ့တယ်။
ဒါဆိုအခုမှ ဘာဖြစ်လို့ တွေ့တာတုံး။ အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ အကြောင်းတွေ အများကြီး ရှိတယ်။ ချရေးပြရရင် ကမ္ဘာ အမြင်မှာ ရုပ်ပြ ကောင်းအောင် အထူးသဖြင့် ၂၀၁၄ ခုနှစ်မှာ ဥက္ကဋ္ဌ ရာထူး ယူဖို့ မျှော်မှန်းထားတဲ့ အာဆီယံ အဖွဲ့တွင်းမှာ ရုပ်ပြ ကောင်းအောင်၊ ဒါမှမဟုတ် အရင်ကလိုပဲ အတိုက်အခံတွေ ကြားမှာ သွေးကွဲသွားအောင် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီး စစ်အုပ်စု အတွင်း ဖြစ်လာတဲ့ အာဏာ လွန်ဆွဲပွဲတွေမှာ ပြုပြင် ပြောင်းလဲရေးဝါဒီ ဗိုလ်ချုပ်တွေ အနိုင်ရတာကြောင့်လည်း ဖြစ်နိုင်တယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုံးက ဗြောင်ကျကျ မဲခိုးခဲ့တာကြောင့် အခု အစိုးရသစ် တစ်ခုလုံးဟာ စစ်ဝတ်စုံ ချွတ်ထားတဲ့ ဗိုလ်ချုပ်တွေပဲ ဖြစ်နေတယ် ဆိုတာလည်း ပြန်သတိရဖို့ လိုပါတယ်။ နောက်ပြီး လူနည်းစု လောက်ကပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တကယ် အနားယူသွားပြီလို့ ယုံကြည်နေပြီး ကျန်တဲ့သူတွေ ကတော့ နောက်ကွယ်ကနေ ကြိုးကိုင်ထား တုံးပဲလို့ မြင်နေကြတယ်။ ဒီအယူအဆက မှားပြီး ဦးသိန်းစိန်က သူ့သဘောနဲ့သူ လုပ်နေတာ ဖြစ်နိုင်သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူကျွမ်းကျင်တဲ့ စိတ်ဓာတ် စစ်ဆင်ရေး လုပ်နေတာလည်း ဖြစ်နိုင်တာပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာအပြင် ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့လ အတွင်းက ကြေညာချက် နှစ်ခု ထုတ်ခဲ့တယ်။ ပထမ တစ်ခုက ပြည်ပရောက် နေသူတွေကို ပြန်လာဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လုပ်နေကြ ၀ါဒဖြန့်မှု တစ်ခု ပါပဲ။ ကျွန်တော်နဲ့ သိတဲ့ ဘယ်မြန်မာ နိုင်ငံသားကမှ အဲဒီ ဖိတ်ခေါ်ချက်ကို လက်ခံဖို့ စိတ်ကူး မရှိကြဘူး။ နောက်တစ်ခု ကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ အစိုးရဘက်က ပထမဆုံး အကြိမ်အဖြစ် နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းချက်က အရင် ကမ်းလှမ်းချက်တွေနဲ့မတူပဲ အဖွဲ့ အစည်း အားလုံးနဲ့ ဆွေးနွေးဖို့ တစ်ပြိုင်တည်း ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ တစ်ပြိုင်တည်း ဆွေးနွေးမယ် ဆိုပေမယ့် တစ်ဖွဲ့ချင်းနဲ့ပဲ သဘောတူညီချက် ယူကောင်းယူမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက်လည်း ကမ်းလှမ်းတာ မရှိသေးဘူး။ သို့သော် ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဒါတွေကို ဘယ်လို တုန့်ပြန်ကြမလဲ။ ကျွန်တော်တို့ ရှောင်ရမယ့် အန္တရာယ်နှစ်ခု ရှိတယ်။ တစ်ခုကတော့ ဒီလုပ်ဆောင်ချက်တွေဟာ အကြီးအကျယ် ပြောင်းလဲမှုတွေ ဘဲလို့ လက်ခံပြီး နိုင်ငံတကာ ဖိအားတွေကို လျော့ချပစ်မယ့် ကိစ္စပဲ။ အစိုးရ က အဲဒီလို မျှော်လင့်နေမှာ ဖြစ်ပေမယ့် အဲဒီအတိုင်း လုပ်လိုက်ရင် အကြီးအကျယ် ဒုက္ခရောက် သွားလိမ့်မယ်။ နောက်တစ်ခု ကတော့ ဒီလုပ်ဆောင်ချက်တွေ အားလုံးကို အရေးမစိုက်ပဲ ပယ်ချလိုက်မယ့် ကိစ္စပဲ။ နှစ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းလာ ပြီးတဲ့နောက် အဲဒီလို လုပ်ပါ့မယ်လို့ ကမ်းလှမ်း လာတာကို ပယ်ချလိုက်လို့ မဖြစ်ဘူး။ ဒီတော့ နိုင်ငံတကာ အသိုင်းအ၀န်း အနေနဲ့ အခုလို လုပ်သင့်ပါတယ်။
ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေ ဘာပြောသလဲ နားထောင်ဖို့လိုတယ်။ သူတို့ ဘယ်လို တုန့်ပြန် သလဲ၊ သူတို့ ဘယ်လို သုံးသပ်သလဲ။ သူတို့ ဆန္ဒက ဘာလဲပေါ့။
ဒုတိယ ကတော့ အစိုးရကို နိုင်ငံတကာ ဖိအားတွေ လျော့သွားဖို့ ဆိုရင် ဘာတွေလုပ်ဖို့ လိုတယ် ဆိုတာကို တိတိကျကျ ပြောဖို့ လိုတယ်။ တိုးတက်မှုတွေကို သတ်မှတ်မယ့် စံတွေကို ရှင်းအောင် ပြောဖို့ လိုတယ်။ နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ထပ်တွေ့ဖို့ လိုမယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရမယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရ မယ်။ အဓမ္မ ပြုကျင့်မှုကို လက်နက် အဖြစ်သုံးတာ၊ အဓမ္မ လုပ်အားပေး ခိုင်းတာ၊ နှိပ်စက် ညှင်းပန်းတာ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ဖိနှိပ်တာ၊ ရွာတွေကို ဖျက်ဆီးတာ၊ လူသတ်တာတွေ ရပ်ဆိုင်းရမယ်။
အဲဒီလို စိတ်ထားရော၊ မူဝါဒရော ပြောင်းတာတွေ တွေ့မှ နိုင်ငံတကာက ဒဏ်ခတ် အရေးယူတာတွေကို ဖယ်ရှားပေးဖို့ စဉ်းစားရမယ်။ အဲဒီမတိုင်ခင်တော့ အမေရိကန်၊ အီးယူ၊ ကနေဒါနဲ့ သြစတေးလျတို့က အရေး ယူတာတွေကို ဆက်ပြီး ထားရမယ့် အပြင် ကွင်တားနား ပြောထားတဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ရေးကိစ္စကိုလည်း ဆက်လုပ်ကြရမယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေက အရေးပါတယ် ။ အခုဆိုရင် ပိုပြီးတောင် အရေးပါလာပြီ။ အခုအချိန်ဟာ တရုတ်၊ ဂျပန် ၊ အိန္ဒိယနဲ့ အာဆီယံတို့က ဦးသိန်းစိန်ကို အခုလုပ်တာ ကောင်းတယ်။ ဒါပေမယ့် လက်ဆုပ် လက်ကိုင် ပြနိုင်မယ့် ရလဒ်က ဘယ်မှာလည်းလို့ ပြောသင့်ပြီ။
ဦးသိန်းစိန်ဟာ တူနီးရှားက ဘင်အလီ၊ အီဂျစ်က မူဘာရက်နဲ့ အခုလစ်ဗျားက ကဒါဖီတို့ ဖြစ်နေတာကို စိုးရိမ်တကြီး ကြည့်နေမှာ သေချာပါတယ်။ မူဘာရက်ကို တရားစွဲတာရယ်၊ ကဒါဖီသားတွေကို နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံးက တရား စွဲထားတာတွေက သူ့ကို စိုးရိမ်စေမှာပဲ။ ဒါတွေကပဲ သူ့ကို အခုလို လမ်းကြောင်း အသစ်ပြောင်းပြီး လုပ်လာ စေတာ ဖြစ်ပါတယ်။
ဦးသိန်းစိန်ဟာ အာဏာရှင်တွေကို လူတွေက ဘယ်လို သတိရ နေကြတယ်၊ ဘာ့ကြောင့် အဲဒီလို သတိရကြတယ် ဆိုတာလည်း သမိုင်းကို လေ့လာပြီး သိမှာပါ။ ဆိုဗီယက်က ဂိုဘာချော့ဗ်နဲ့ တောင်အာဖရိကက ဒီကလတ်တို့ ဆိုးတာတွေကို လူတွေက မေ့လိုက်ပြီး သူတို့ကို နိုင်ငံမှာ လွတ်လပ်မှုတွေ ထွန်းကားအောင် ပြောင်းလဲမှု လုပ်ပေးခဲ့တဲ့ အာဏာရှင်တွေ အဖြစ်ပဲ သတိရတော့တယ်။ ဘရက်ဇ်ဇညက်နဲ့ ဘိုသာကတော့ မြောင်းထဲ ရောက်သွားခဲ့ပြီ။ လူအတော် များများက ဦးသိန်းစိန် ဘယ်လိုလူလဲ ဆိုတာ မသိကြဘူး။ အခုဆိုရင် ဦးသိန်းစိန် အတွက် သူဘယ်လိုလူ ဆိုတာ ပြဖို့ အခွင့်အရေး ရပါပြီ။
သူ့ဟာ သူ့ရှေ့က မြန်မာ အာဏာရှင်တွေလိုပဲ အမှောင်ထဲမှာပဲ ဇာတ်သိမ်းသွားမလား၊ ကဒါဖီတို့ မူဘာရက်တို့ လမ်း လိုက်မလား၊ ဒါမှမဟုတ် မြန်မာပြည်ရဲ့ ဂိုဘာချော့ဗ်အဖြစ်၊ ဒီကလတ်အဖြစ် သမိုင်းမှာ ကျန်ရစ်အောင် လုပ်မလား၊ ရွေးနိုင်ပါပြီ။ ဒီကလတ်တို့လို လုပ်နိုင်မယ့် ကျွမ်းကျင်မှုတွေ၊ သတ္တိတွေရော ရှိပြီလား။ အခုအချိန်ဟာ သမ္မတ ဦးသိန်းစိန်က ကျွန်တော်တို့ကို အံသြအောင် လုပ်ပြနိုင်မယ့် အခွင့်အရေးပါပဲ။           ပိတောက်မြေ    မှ  ကူးယူဖော်ပြသည်

- ပဒိုမန်း​ငြိမ်း​မောင်ကို မြန်မာအာဏာပိုင် စစ်​ကြော​နေဟုဆို click
- မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး click
- ဦးစိန်ကျော်လှိုင် ရန်ကုန်တွင် အဖမ်းခံနေရကြောင်း သတင်းများ ထွက်ပေါ်နေ click
- လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြ click
- KIA ခေါင်းဆောင် ဒဏ်ရာရဟု မြန်မာ့အလင်း ရေးသား click
- ကချင်ခေါင်းဆောင်သတင်း KIA ငြင်းဆို click
- အစိုးရသတင်းစာ လုပ်ကြံရေးဟု KIO တုံ့ပြန် click
- အစိုးရသတင်းစာ ဖော်ပြမှု မမှန်ကန်ဟု KIA ငြင်းပယ် click
- အစိုးရက မမှန်သတင်း ၀ါဒဖြန့်ခြင်းသာဖြစ်ဟု KIO တုန့်ပြန် click
- တပ်စခန်းသို့ ရေပိုက်သွယ်ယူရေး စစ်မြေပြင်အတွင်း နေထိုင်သည့် ကျေးရွာများအား မြန်မာတပ် ပိုက်ဆံ ကောက် click
- အစိုးရစစ်တပ်မှ နွားများ ပစ်သတ်ပြီး ရွာတွင်း ၀င်ရောက် ရမ်းကား click
- ‘ဘား​မား​’ ဟု သုံး​နှုန်း​သူ ငြိမ်း​ချမ်း​ရေး​ကော်မရှင်မှာ မပါသင့်​ဟု လွှတ်​တော်၌ ဝေဖန် click
- ဒီပဲယင်းအကြမ်းဖက်မှုကြောင့် အောက်ပိုင်းသေနေသူကို ဒေါ်အောင်ဆန်းစုကြည် ဘီးတပ်ကုလားထိုင် လှူ ဒါန်း click
- ဒီပဲယင်းလုပ်ကြံမှုမှာ ရိုက်နှက်ခံရတဲ့သူအတွက် အလှူ click
- အနိုင်ရ တရားရှုံး ပေါက်တော ကိုယ်စားလှယ် ၃ ဦးအမှု စက်တင်ဘာ ၉ ရက်နေ့ ဆုံးဖြတ်မည် click
- ၀ီကီလိဖော်ပြချက် ပဒိုမန်းရှာမိသားစု မယုံကြည် click
- နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အိန္ဒိယအမတ်များ တောင်းဆို click
- ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ (ကာတွန်း) click
- ကုလ စုံစမ်းရေး ဖွဲ့ဖို့ EU ထောက်ခံရေး နှောင့်နှေး click
- အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့ပြန် click
- အစိုးရရဲ့ လူ့အခွင့်အရေးကော်မရှင် click
- လူ့အခွင့်​အ​ရေး​ကော်မရှင် အလုပ်ဖြင့်​ သက်​သေပြရန်လိုဟု လှုပ်ရှား​သူများ​ ပြော click
- လူ့အခွင့်​အ​ရေး​ကော်မရှင် ဖွဲ့စည်း​ခြင်း​နှင့်​ ပတ်သက်၍ HRDP ကို ​မေး​မြန်း​ခြင်း click
- တရုတ်-မြန်မာပိုက်လိုင်း ဝေဖန်ခံရ click
- ရခိုင်မှ တရုတ်သို့ သွားမည့် ဓာတ်ငွေ့လိုင်း လုံခြုံရေး အာမခံချက်မရှိ click
- တရုတ်မှ တည်ဆောက်နေသော ကျောက်ဖြူ မဒဲကျွန်း ခေတ်မီရေနံတင်ဆိပ်ကမ်း များမကြာမီ ပြီးစီးတော့ မည် click
- လက်ရှိပြဿနာများ​ ​ဖြေရှင်း​ပြီး​မှ ​ရေနက်စီမံကိန်း​ ​ရှေ့ဆက်ရန် ​တောင်း​ဆို click
- ၀ါဒဖြန့်မှုကို တုံ့ပြန်ရန် ပြည်ပမီဒီယာ အရေးပါ click
- တပတ်အတွင်း ဂျာနယ်နှစ်စောင်အား ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် သတင်းဖော်ပြခွင့်ပြု click
- ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါ ဂျာနယ် အရောင်းသွက် click
- ဧရာဝတီနှင့် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဗိုလ်ချုပ်မြ၊ ဗိုလ်ခင်ညွန့် click
- PhD စာတမ်း ခိုးကူးမှုနှင့် မြန်မာ ဂုဏ်ထူးဆောင် ဒေါက်တာကြီးများ click
- လွှတ်တော်ဆိုင်ရာ ကော်မတီ ၁၉ ခု အဖွဲ့ဝင်စာရင်း ထုတ်ပြန် click
- ခေါ်တိုင်းသွား နှင်တိုင်း ထွက်ရမှာလား (ဆောင်းပါး) click
- အမျိုးသမီးနှင့် မြန်မာနိုင်ငံ၏ မျှော်လင့်ချက်ကို ပိုင်းခြားစိတ်ဖြာကြည့်ခြင်း (စာအုပ်စင်) click
- အမျိုးအမည်မသိ အရည်ကို အရက်ထင်ပြီး​ သောက်၍ လူ ၅ ဦး​ ​သေဆုံး​၊​ ၂၇ ဦး​ ​ဆေး​ရုံရောက် click
- ထိုင်း​ရောက် မြန်မာလုပ်သား​ ၄၀၀ ​ကျော် အလုပ်ပြုတ် click
- အသက်ကြီးမှ မှတ်ပုံတင်လုပ်သည့် ရွာသား ပါးရိုက်ခံရ click
- ပထမဆုံးခြေလှမ်းနဲ့ ရွှေရောင်အိပ်မက်များဆီ (ဆောင်းပါး) click
- စီးလေလေ့စီး ယီးလေလေ့ယီး (ကဗျာ) click
- မြန်မာ့အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် လူအများဆုံး စိတ်ဝင်စားနေကြသော သတင်း (၂) ပုဒ် click
- အမျိုးသမီး​ မဲထည့်​ခွင့်​ရ​ရေး​ တိုက်ပွဲဝင်သူ ဆူဇန်အန်သိုနီ (ဆောင်းပါး) click

  • လွှတ်တော်ဆိုင်ရာ ကော်မတီ ၁၉ ခု အဖွဲ့ဝင်စာရင်း ထုတ်ပြန် - ဧရာဝတီ click here
  • နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အိန္ဒိယအမတ်များ တိုက်တွန်း - ဧရာဝတီ click here
  • တရုတ်မှ တည်ဆောက်နေသော ကျောက်ဖြူ မဒဲကျွန်း ခေတ်မှီ ရေနံတင် ဆိပ်ကမ်း များမကြာမှီ ပြီးစီးတော့မည် - နိရဉ္စရာ click here
  • ပဒိုမန်းငြိမ်းမောင်ကို မြန်မာအာဏာပိုင် စစ်ကြောနေဟုဆို - ဒီဗွီဘီ click here
  • ရခိုင်မှ တရုတ်သို့ သွားမည့် ဓာတ်ငွေ့လိုင်း လုံခြုံရေး အာမခံချက် မရှိ - မဇ္စျိမ click here
  • ၀ါဒဖြန့်မှုကိုတုံ့ပြန်ရန် ပြည်ပမီဒီယာ အရေးပါ - ဧရာဝတီ click here
  • အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့ပြန် - ဧရာဝတီ click here
  • ဝီကီလိခ်စ်ဖော်ပြချက် ဖဒိုမန်းရှာ မိသားစု ငြင်းဆို - ဧရာဝတီ click here
  • ၀ီကီလိဖော်ပြချက် ပဒိုမန်းရှာမိသားစု မယုံကြည် - ဧရာဝတီ click here
  • အနိုင်ရ တရားရှုံး ပေါက်တော လွှတ်တော်ကိုယ်စားလှယ် ၃ ဦး အမူ စက်တင်္ဘာ ၉ ရက်နေ့ ဆုံးဖြတ်မည် - နိရဉ္စရာ click here
  • မြန်မာ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် လူအများဆုံး စိတ်ဝင်စားနေကြသော သတင်း (၂) ပုဒ် - နိရဉ္စရာ click here
  • လူ့အခွင့်အရေး တိုက်ပွဲဝင် ပုဂ္ဂိုလ်ကျော်များ (အပိုင်း-၇) - ဒီဗွီဘီ click here
  • အမျိုးသမီးနှင့် မြန်မာနိုင်ငံ၏ မျှော်လင့်ချက်ကို ပိုင်းခြားစိတ်ဖြာကြည့်ခြင်း - မဇ္စျိမ click here
  • ခေါ်တိုင်းသွား နှင်တိုင်း ထွက်ရမှာလား (ဆောင်းပါး) - မဇ္စျိမ click here
  • UWSA အတွင်းရေး ၀ီကီလိတွင် ဖော်ပြ - ဧရာဝတီ click here
  • မြန်မာ့ဆန်နဲ့ မြောက်ကိုရီးယား လက်နက် လဲလှယ်ခဲ့ - ဗွီအိုအေ click here
  • နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ သမ္မတ ဦးသိန်းစိန်ကို တောင်းဆို - ဗွီအိုအေ click here
  • မြန်မာ့နိုင်ငံရေး အကျဉ်းသားလွှတ်ရေး အိန္ဒိယအမတ်များ ထောက်ခံ - အာရ်အက်ဖ်အေ click here
  • ၀ီကီလိခ် ဖေါ်ပြချက် ဖဒိုမန်းရှာ မိသားစု လက်မခံ - အာရ်အက်ဖ်အေ click here
  • ဘုရားကျောင်းအတွင်း စစ်တပ် မိုင်းထောင် - ဧရာဝတီ click here
  • ပြည်ထောင်စုလွှတ်တော်က အခွန်ဥပဒေ ပြင်ဖို့ အတည်ပြု - ဘီဘီစီ click here
  • ခရီးသွားလုပ်ငန်းခွန် လျှော့ပေးဖို့ တောင်းဆို - ဘီဘီစီ click here
  • လွှတ်တော် ငြိမ်းချမ်းရေး ကော်မတီတွင် ဒေါ်စု ပါဝင်ခွင့်မရ - ဗွီအိုအေ click here
  • ဗြောင်မဲပေးစနစ်ဟာ ကျင့်သုံးတော့မည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်နှင့် မေးမြန်းချက် - ဒီဗွီဘီ click here
  • ဗြောင်မဲပေးစနစ်သာ ကျင့်သုံးတော့မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြေညာ - ဒီဗွီဘီ click here
  • ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေ ၅ ခုကို ၁ နာရီအတွင်း ဆုံးဖြတ် - ဒီဗွီဘီ click here
  • နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြန်လည်ပြင်ဆင်ဖွယ်ရှိ - အာရ်အက်ဖ်အေ click here
  • လွှတ်တော်ကော်မတီကို အကြံပြုလွှာပို့ - ဘီဘီစီ click here
  • The Lady ဇာတ်ကားဖွင့်ပွဲ လွှတ်တော်အမတ်များ တက်ရောက်မည် - အာရ်အက်ဖ်အေ click here
  • ပြည်သူ့စစ်နှင့် အကျဉ်းသားများအား ရှေ့တန်းစစ်မျက်နှာ၌ အသေခံသုံး - သျှမ်းသံတော်ဆင့် click here
  • တဂိုး နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် - အာရ်အက်ဖ်အေ click here
  • မိုးညှင်းမြို့ ဆွေးနွေးပွဲမှ မြစ်ဆုံရေကာတာ စီမံကိန်း အပေါ် ကန့်ကွက် - သတင်းနှင့်မီဒီယာကွန်ယက် click here
  • မြစ်ဆုံဆည်ကိစ္စ အသိပေးဖို့ လွှတ်တော်နဲ့ အစိုးရကို တောင်းဆို - ဗွီအိုအေ click here
  • မြစ်ဆုံရေကာတာ ကန့်ကွက်တဲ့ ဆွေးနွေးပွဲ - အာရ်အက်ဖ်အေ click here
  • သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆွေးနွေးဟောပြောပွဲ ကျင်းပ - ဒီဗွီဘီ click here
  • ရွှေတူးလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များပြား - KIC click here
  • မိုးကြီးကာ ရေတိုက်စား၍ ကရင်နီဒုက္ခသည်စခန်းတွင် အိမ်များပျက်စီး - KIC click here
  • ရဲတပ်ဖွဲ့ဝင်များ ဥပဒေမဲ့ ထိုးကြိတ်ရိုက်နှက် - ဧရာဝတီ click here
  • တပတ်အတွင်း ဂျာနယ်နှစ်စောင်အား ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် သတင်းဖော်ပြခွင့်ပြု - မိုးမခ click here
  • မြန်မာပြည်သူတွေအကြောင်း မှတ်တမ်းရုပ်ရှင် အမေရိကန်မြို့ကြီးတွေမှာ ပြသမည် - အာရ်အက်ဖ်အေ click here
  • နိုင်ငံတကာ ဒီမိုကရေစီနေ့ နေပြည်တော်တွင် ပထမဆုံး ကျင်းပမည် - KIC click here
  • အာဏာရှင်ဟောင်းအတွက် စိုးရိမ်စရာ ဖြစ်နေမလား - ဧရာဝတီဘလော့ဂ် click here
  • ဘုရားကျောင်းဝင်းမှ မိုင်းများ ဖယ်ရှားပေးပါရန် - ဧရာဝတီဘလော့ဂ် click here
  • တရုတ်ဘက် သစ်မှောင်ခို တင်ပို့နေဆဲ - သျှမ်းသံတော်ဆင့် click here
  • ရခိုင်ပြည်နယ် ဓမ္မာရုံလုပ်တဲ့ ဆွေးနွေးပွဲ - ဧရာဝတီဘလော့ဂ် click here
  • တာချီလိတ်ခရိုင် အားကစား ရံပုံငွေကောက်ခံမှု ဒေသခံများ မကျေနပ် - သတင်းနှင့်မီဒီယာကွန်ယက် click here
  • မွန်ရဲဘော်နှစ်ကျိပ်ဝင် နိုင်မြသီး ကွယ်လွန် - မဇ္စျိမ click here
  • နေပြည်တော်က ရွာနာမည်တွေ လွှတ်တော်မှာပြောင်း - မဇ္စျိမ click here
  • ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံ နှစ်ရုံတည်ဆောက်မည် - KIC click here
  • မြေလတ်နှင့် အောက်ပိုင်း မိုးပိုနိုင် - မဇ္စျိမ click here
  • အသက် ၄ နှစ် အရွယ် မိန်းကလေးငယ်တဦးကို ဦးလေးတော်စပ်သူက အဓမ္မပြုကျင့် - ခိုနူမ်းထုန် click here
  • ဆိုင်ကယ်လိုင်စင်မရှိသေးသူများ အဆမတန် ငွေညှစ်ခံနေရ - ခိုနူမ်းထုန် click here
  • ရင်ထဲက ရှစ်ဆယ့်ရှစ် (နိဂုံးပိုင်း) - မိုးမခ click here
  • ဒါဖတ်ပြီးမှ ကော့သောင်းကို လာပါ - ဧရာဝတီဘလော့ဂ် click here
  • လွှတ်တော် ဆွေးနွေးပွဲနဲ့ ဥပဒေကြမ်းများ (တနင်္ဂနွေဆွေးနွေးပွဲ) - အာရ်အက်ဖ်အေ click here
  • စိုင်းထီးဆိုင် - ဧရာဝတီ click here
  • စိုင်းထီးဆိုင် (၂) - ဧရာဝတီဘလော့ဂ် click here
  • “ကိုယ့်ဒေသအတွက် ပြန်လာလုပ်နိုင်ဖို့ နိုင်ငံရေးအခြေအနေ ကောင်းရမယ်” (အင်တာဗျူး) - ဧရာဝတီ click here

                                        

ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေး အတွက် အိတ်ဖွင့်ပေးစာ ပေးပြီး ၅ ရက်အကြာမှာ KIA က လက်နက်ငယ်များနဲ့ လူ ၇ ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေနဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာမှာ-ပေါ ကြီးဖြစ်အောင်လုပ်၊ ကချင်ပြည်သူ တွေကြား အနှောင့်အယှက်ပေး လမ်းတံတား အဆောက်အဦး တွေ ကို မိုင်းထောင် ဗုံးခွဲ လုပ်ရပ်များဖြင့် အမျိုးမျိုး ဒုက္ခပေးခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) အား ကြာလာတော့ ကချင်လူမျိုးချင်း ဖြစ်တဲ့ ဗန်းမော်သား တွေ ပါ စိတ်ပျက် စိတ်ညစ် လာပါတယ်။ ဘယ်လိုပဲကချင်လူမျိုးတိုးတက်ရေး ကချင်ပြည်နယ်ကောင်းစားရေး ဆိုပြီး မျိုးချစ်ပြပြီးကြွေးကြော်နေပေမဲ့ အစတည်းက အကြောင်းအရင်း အမှန်ကို သိနေတဲ့ ဗန်းမော်သားတွေက ကြာလာတော့ သည်းမခံနိုင် တော့ပါဘူး။ ဒါကြောင့်လည်း KIA အဖွဲ့ရဲ့ လက်နက်ကိုင်ဆိုးသွမ်းမှု အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံနိုင်တော့တဲ့ ဗန်းမော် မြို့သူမြို့သားတွေဟာ ဗန်းမော်မြို့ အနှံ့မှာ KIA အဖွဲ့အပေါ် မိမိတို့ပြည်သူပြည်သားတွေရဲ့ လိုလားချက် ပိုစတာတွေနေရာ အနှံ့ကပ်လာပါတယ်။ ဘယ်လောက်ပဲ KIA အဖွဲ့က ကချင်ပြည်နယ်ကောင်းစား ရေးအတွက် တိုက်ပွဲဝင်နေတာပါ အော်နေ သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်ကို လက်မခံနိုင်တော့တဲ့ မြို့သူမြို့သားတွေက ဒီလိုသူတို့လုပ်ရပ်တွေကို မလိုလားဆန့်ကျင် မိမိတို့ရဲ့ လိုလားချက်အစစ်အမှန်တွေပါတဲ့ ပိုစတာတွေ ကပ်ပြီး သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြသ လာနေတာပါပဲ။ ဒါကို ပြည်ပရောက်အတိုက်အခံများက ကိုယ်က ကချင်ပြည်နယ်မှာ မနေဘဲ အကြောင်းအရင်းအမှန်ကို မသိ(သိလည်းဘဲ နှာစေးနေကြတာပါ) ကချင်ပြည်သူတွေရဲ့ ဒုက္ခကိုမသိဘဲ KIA ကိုထောက်ခံ ၊ပိုစတာတွေကို အစိုးရကပဲ ၀ါဒဖြန့်ကပ်သလိုလိုနဲ့ မြန်မာ ပြည်သူတွေကြား မီဒီယာမှိုင်းနဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ကြိုးစားနေတာ KIA ရဲ့ အကြမ်းဖက်မှုကို ကိုယ်တွေ့ သိမြင်နေတဲ့ ကချင်ပြည်သူတွေ အတွက် သည်းမခံနိုင်စရာပါပဲ။ ခံရတော့ကချင်ပြည်သူတွေ ခံရတယ်။ KIA ကိုထောက်ခံအားပေးနေတဲ့ ပြည်ပရောက် မီဒီယာသမား တွေကတော့ သတင်းတစ်ပုဒ်ရေးဘယ်လောက် ဆိုပြီး ရတဲ့ထောက်ပံ့ငွေတွေနဲ့ ပျော်မြူးနေကြတာပါပဲ။ ဒါကြောင့်မို့ ရွှေမြန်မာက ပြောပြလိုက်ချင်ပါတယ် KIA အဖွဲ့ ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပါ အစိုးရက တံခါးဖွင့်ကြိုဆိုထားတဲ့ ငြိမ်းချမ်းရေး ပန်းခင်းလမ်းပေါ်ကို လျှောက်လှမ်းပါ။ ကချင်ပြည်နယ်သားတွေရဲ့ ဆန္ဒပါ ပိုစတာထဲက အချက်(၉) ချက်ကို လေးစားတန်ဖိုးထားပါလို့ ဒုက္ခခံ ဗန်းမော်သူဗန်းမော်သား ကချင်သူ ကချင်သားနဲ့ ကချင် ပြည်နယ်မှာနေထိုင်တဲ့ လူမျိုးစုံ တိုင်းရင်းသားတွေ ကိုယ်စား တိုက်တွန်း လိုက်ချင် ပါတယ်။

     ၂၀.၈.၂၀၁၁ ရက်နေ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်
                                 လိုက်ကပ်ထားသော ဗန်းမော် မြို့သူမြို့သားတို့၏
                            ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) အဖွဲ့အပေါ်တိုက်တွန်းစာ


(၁)     ဥပဒေဘောင်အတွင်းအမြန်လာခဲ့ပါ။
(၂)     နှစ်ဖက် အပစ်အခတ် ရပ်စဲပေးပါ။
(၃)     နှစ်ဖက် နားလည်မှု တည်ဆောက်ပါ။
(၄)     နိုင်ငံတော်နှင့် ပြည်သူတို့၏သဘောထားနှင့် စေတနာကိုနားလည်ပါ။
(၅)     ကချင်ပြည်နယ် ထာဝရတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပါ။
(၆)     ကချင်ပြည်နယ်တွင် လူမျိုးတစ်မျိုးတည်းနေထိုင်နေခြင်းမဟုတ်ပါ။
(၇)     ကချင်ပြည်နယ်တွင် လူမျိုးပေါင်းစုံအပြန်အလှန် နားလည်လေးစားမှုဖြင့် ချစ်ကြည်ရင်းနှီးစွာနေထိုင်လျှက်ရှိသည်။
(ဂ)     ပြည်နယ်အေးချမ်းမှု မရှိပါကဗန်းမော်ခရိုင်သည် ကချင်ပြည်နယ်အောက်တွင် မမှီလိုပါ။
(၉)     ကချင်ပြည်နယ်ရှိတိုင်းရင်းသားလူမျိုးအားလုံး၏ ဆန္ဒသဘောထားကိုအလေးထားပါ။

ဗန်းမော်ခရိုင်သား