လက်ညိုးတချောင်းရဲ့ တန်ဖိုးက   လက်(၄) လက်ချောင်းနဲ့  ညီမျှရင်   ခင်ဗျာတို့  အား
ကျနေတဲ့    အမေရိကန်မှာတောင်  လွတ်လပ်ခွင့်   မရရှိသေးပါဘူး။ဘယ်မှာလဲ ….
လူသားခြင်း  စာနာထောက်ထားမှု့တွေ၊ငြိမ်းချမ်းစွာ  စီတန်း  ဆန္ဒပြခွင့် တွေ။အမေရိ
ကန်လို    ကမ္ဘာချိန်ခွင်လျှာ  ညိပေးနိုင်တဲ့   ဒီမိုကရေစီ(ဘိုးတော်)နိုင်ငံမှာတောင်
ဒီအဖြစ်အပျက်တွေ၇ှိနေဦးမယ်ဆိုရင်……….
ငဘပြောချင်တာ  တခွန်းထဲ   မြန်မာနိုင်ငံရေးအတွက်  ဟိုလူလွှတ်ပြီး ဟိုဟာလုပ်ခိုင်း
လိုက်၊ဒီလူလွှတ်ပြီး   ဒီဟာလေး  လာလာမပြောပါနဲ့ လို့ ။ကိုယ်နိုင်ငံကိုသာ  အရင်ဆုံး
ဆန္ဒပြမှု့တွေ  မဖြစ်အောင်အရင်လုပ်ပါဦးလို့ ပဲ  ပြောချင်သားလား….။

မြန်မာနိုင်ငံ  က  ပြည်တွင်းစစ်ကို  ကုလမှာတောင်  အရေးတကြီးဆွေးနွေးဖို့  တကယ်
ဆို  လိုသလား။လို လို့ လား။ရပ်သိ၊ရွာသိ  အီရတ်ကို  စစ်ဆင်ပြီးတိုက်ခိုင်တာကို  ရှုံ့ ချ
ပါတယ်ဆိုတဲ့ စကားတခွန်းပြောရုံနဲ့  လုံလောက်ပါသလား။ကိုယ်ကိုတိုင်ကျ  တစ်ပါး
တိုင်ပြည် ပေါ်  ကျွန်ပြုထား၊စစ်ဆင်နွဲနေပြီး   အင်အားသေး နိင်ငံများ၊(ဒါမှမဟုတ်)သြ
ဇာ  အာဏာမသက်ရောက်တိုင်း    စီးပွားရေးပိတ်ဆို့ နေမယ်ဆိုရင်  ………။ခတ်တာက
ဗိုလ်ချူပ်သမီးကိုယ်တိုင်    စီးပွားရေး  ပိတ်ဆို့ မှု့ကို  ဘာအကြောင်းကြောင့်နဲ့ များဆက်
လက် ထားရှိဖို့   လက်ခံနေရတာလဲဆိုတာ  ငဘတော့   မတွေးတက်တော့ဘူးဗျာ။ဒါနဲ့ 
များ  ပြည်သူခေါင်းဆောင်လို့  နာမည်တပ်ထားလိုက်ပြီး၊ဟိုကပေးတဲ့ ဆုလက်ခံလိုက်နဲ့ 
မဆိုင်သလို နေရက်လိုက်တဲ့ ပုံက  မြန်မာစစ်စစ်ရော ဟုတ်လားလို့  မေးလိုက်ချင်တော့တယ်တယ်ဗျာ။လူလူခြင်း  (respect )ထားဖို့ ပြောပြီး ငရုတ်ရေနဲ့ 
ဖျန်း တာ  ငဘအထင်  မြန်မာနိုင်ငံမှာတော့   ငဘ   သက်တမ်းတလျှောက်မမြင်ဖူး
သေးဘူးဗျာ။မယုံရင် (youtube)မှာရှာကြည့် ။(၈၈)အရေးအခင်းကိုပေါ့။တိုက်တာတွေနဲ့
အဆောက်အဦးတွေ၊ကျောင်းတွေ၊မီးပွိုင့်တွေကို  ဖျက်ဆီးဖို့   အုတ်ခဲကို အင်တိုက်အား
တိုက်  ကားနဲ့  လာချပေးတာကို ကြည့် ရင်း ငဘ အော့နှလုံးနာတယ်။ဒါလားသူတို့ 
ပြောတဲ့  ဒီမိုကရေစီ။ဘာမှမဟုတ်တဲ့   လက်ဘက်ရည်ဝိုင်းကစတဲ့ (၈၈)အရေးအခင်း
ကနေ  တိုင်းပြည် တပြည်လုံးမငြိမ်မသက်ဖြစ်၊ကျောင်းတွေပိတ်ရ၊ရက်ရက်စက်စက်
ခေါင်းဖြတ်သတ်လို့ သတ်၊။ဒီလောက် တိုင်းပြည် တပြည်လုံးဆုပ်ရုတ်ခဲ့တဲ့  ကာလကို
အမှတ်တရ  အခမ်းအနား ကျင်းပလို့ ကျင်းပ။ဒေါ်အောင်ဆန်းစုကြည်  မလွှတ်တော့သူ
အတွက်  မွေးနေ့ ပွဲကျင်းပလိုက်၊လွှတ်တော့ လည်း  လွတ်လို့ ကျင်းပလိုက်။(၈၈)မှာ
ဆန္ဒပြပွဲမပါတဲ့  (GTI )ကျောင်းသားတွေနဲ့ ဆေးကျောင်းသားတွေကို ထမီတွေပို့ ပေးခဲ့
ပြီး  လမ်းဘေးဆိုက်ကားသမားတွေကို ငွေပေးပြီးဆန္ဒပြပွဲပါအောင်လုပ်တဲ့ သူကလည်း
(၈၈)ကျောင်းသားခေါင်းဆောင်နာမည်ခံလို့ ခံ။သူ့ အတွက် မွေးနေ့ ပွဲကျင်းပပေးလိုက်။
NLD  ဆိုတဲ့ ပါတီကလည်း  ငွေတိုးလေးချေးလိုက်၊ဈေးရောင်းပွဲတော်လေး  ကျင်းပ
လိုက်၊သက်ကြီးရွယ်အို  တွေကို ကန့် တော့တာလေး  လုပ်လိုက်။သူတပါးတိုင်းပြည်မှာ
တကယ့် နိုင်ငံရေးအတိုင်အခံတွေနဲ့ တော့  တခြားစီပဲဆိုတာ  အလုက်ကသက်သေပြ
တာပဲမဟုတ်လား။ဘယ်မှာလဲ။လူထုခေါင်းဆောင်။မြန်မာနိုင်ငံမှာ ရေကြီးမှု့တွေကြောင့်
ပျက်စီးမှု့တွေနဲ့ သေဆုံးမှု့တွေ။လူနာမေးလေး  သွားတဲ့ သတင်းလေးတောင် ငဘခုထိ မတွေ့ ရသေးဘူး။ဒီတော့   မြန်မာအတိုက်အခံအများစုကတော့    မျက်လုံးစုံမှိတ်ပြီး  ခုချိန်ထိကန်းနေကျသေးတယ်ဆိုတာ   …….လက်တွေ့ ပဲမဟုတ်လားဗျာ….။  
                                                                                      ငဘ


 အောက်တိုဘာ ၂၄ ရက်နေ့သည် ၆၆ နှစ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂနေ့ဖြစ်သည်။ ကုလသမဂ္ဂ ရုံးစိုက်ရာ အမေရိကန်နိုင်ငံ၏ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်း အဝေး ကြီးသို့ အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ထိပ်တန်း ခေါင်းဆောင်များ တဖွဲဖွဲရောက်ရှိ လာကြပေပြီ။ ကုလသမဂ္ဂအဖွဲ့ကြီး ကို လူတိုင်း အကြမ်းအားဖြင့် သိရှိ နိုင်ကြသော်လည်း အဖွဲ့ကြီးစတင် ပေါ်ပေါက်  လာကတည်းက တာဝန် ထမ်းဆောင်ခဲ့ကြသော အထွေထွေ အတွင်း   ရေးမှူးချုပ် များ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်းကို သိလိုကြပေလိမ့် မည်။  ယခုလက်ရှိ တာဝန်ယူနေသော မစ္စတာဘန်ကီမွန်းသည် အဋ္ဌ မမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သည်။ မိမိတို့အာရှ တိုက်သားများ ထဲမှ ဒုတိယမြောက်ဖြစ်သည်။ အာရှ တိုက်သားထဲမှ ပထမဆုံးမှာ မိမိတို့ မြန်မာနိုင်ငံသား ဦးသန့်ဖြစ်သည်ကို ကြားဖူး ကြပေလိမ့်မည်။ ကမ္ဘာပေါ်တွင် အရေးပါဆုံးနှင့် အထင်ရှား ဆုံးသော အဖွဲ့အစည်းကြီးကို တာဝန်ယူလုပ်ဆောင်ပေး ခဲ့ကြသော အတွင်း   ရေးမှူးချုပ် များ၏ မှတ်တမ်းအကျဉ်း များကိုဖော်ပြ ၍ ကမ္ဘာ့ကုလ သမဂ္ဂနေ့ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြု အပ်ပါသည်။
 
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးစတင်

ဒုတိယကမ္ဘာစစ်ကြီးပြီး နောက်နိုင်ငံ ပေါင်းချုပ်အသင်းကြီးကို အစားထိုး၍ ၁၉၄၅ ခုနှစ်တွင် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က ရည်ရွယ်ချက်မှာ ကမ္ဘာစစ်ကြီး ရပ်စဲ၍ နိုင်ငံများအချင်းချင်းတွေ့ဆုံဆွေးနွေး မှုကို စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် အတွက်အဓိကဖြစ်သည်။ ၁၉၄၅ ခု ဧပြီ ၂၄ ရက်နေ့က အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့ တွင်ပြုလုပ်သော ကုလသမဂ္ဂ၏ ပထမဆုံး နိုင်ငံတကာ ညီလာခံတွင် နိုင်ငံပေါင်း ၅ဝ သာတက်ရောက်ခဲ့ သည်။ ယခုအခါ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံ အထိရှိလာနေပြီ ဖြစ်သည်။ သို့ရာတွင်နိုင်ငံများ၏  သဘော တူညီချက်အရ ကုလသမဂ္ဂနေ့ကို ၁၉၄၅ ခု အောက်တိုဘာ ၂၄ ရက် နေ့တွင် အသိအမှတ်ပြုခဲ့ကြသည်။
 
 
၁။ ထရိုင်ဂေးလိုင်း (Trygve Halvdom Lie)

ပထမဆုံးကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၁၈၉၆ ခု ဇူလိုင်လတွင် မွေးဖွားခဲ့ပြီး။ အသက် ၇၂ နှစ်၊ ၁၉၆၈ ဒီဇင်ဘာ ၃ဝ ရက်တွင် နော်ဝေနိုင်ငံ၊ ဂဲလိုမြို့တွင် ကွယ်လွန်ခဲ့သည်။ ကလေး ၃ ဦးနှင့် ဇနီးတို့ကျန်ရစ်ခဲ့သည်။ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ၁၉၄၆   ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ထမ်းဆောင်ခဲ့ပြီး နိုဝင်ဘာ ၉ ရက် ၁၉၅၂ တွင် နုတ်ထွက်သွားခဲ့သည်။
 
 
၂။ ဒက်ဟမ္မားရှိုး (Dag Hammarskjold Skjold)

ဒုတိယမြောက် အထွေထွေအ တွင်းရေးမှူးချုပ်ဖြစ်သည်။ ဆွီဒင်နိုင်ငံ Jonkoping မြို့တွင် ၁၉ဝ၅ခု ဇူလိုင် ၂၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အသက် ၅၆ နှစ် ၁၉၆၁ စက်တင်ဘာ ၁၈ ရက်တွင် ရိုဒီးရှားဖက်ဒရေး နိုင်ငံ Ndola မြို့တွင် ကွယ်လွန်ခဲ့သည်။ တာဝန်ထမ်းဆောင် နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားစဉ် အမေရိကန်သမ္မတ ဂျွန်ဖက်ကနေဒီက ‘ကျွန်တော်တို့ ရာစုတွင်အကြီးမားဆုံးလူသား’ ဟု မှတ်ချက်ပြုခဲ့သည်။
 
၃။ ဦးသန့် (U Thant)

တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ တွင် ၁၉ဝ၉ ဇန်နဝါရီ ၂၂ ရက်နေ့ တွင် မွေးဖွားခဲ့သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်မှ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ သက်တမ်း ၂ ကြိမ် ဆက်တိုက်တာဝန် ထမ်းဆောင်ခဲ့ပြီး အသက် ၆၅ နှစ် ၁၉၇၄ နိုဝင်ဘာ ၂၅ ရက်   နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင်အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။  ဦးသန့်၏ ဖခင်ဦးဖိုးနှစ်မှာ ဆန်ကုန်သည်ကြီး တစ်ဦးဖြစ်ပြီး သူရိယ သတင်းစာတိုက်ကိုထူထောင်ရန် ကူညီခဲ့သူတစ်ဦးဖြစ်သည်။ ဦးသန့် သည် မွေးချင်းသား ၄ ဦး အနက် အကြီးဆုံးသားဖြစ်သည်။ မိခင်မှာ ဒေါ်နန်းသောင်းဖြစ်သည်။ ဦးသန့် အသက် ၁၄ နှစ်အရွယ်တွင် ဖခင် သေဆုံးသွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ဦးသန့်၏ ဇနီးမှာ ဒေါ်သိန်းတင်ဖြစ်ပြီး သား၂ ဦး သမီး ၁ ဦးထွန်းကား ခဲ့သည်။ သား ၂ ဦးလုံးပင် သေဆုံးသွားခဲ့ သည်။ သားကြီး မောင်ဘိုမှာ မွေးကင်းစကပင်သေဆုံးခဲ့ပြီး၊ သားငယ် တင်မောင်မှာ ရန်ကုန်တွင် ဘတ်စ်ကားပေါ်မှ လိမ့်ကျ၍ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

 
၎။ ကွတ်ဝေါလ်ဟိန်း (Kurt Waldheim)

စတုတ္ထမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သည်။ သြစတြီးယားနိုင်ငံ (ဂျာမန်)၊ ဗီယင်နာ မြို့အနီး ၁၉၁၈ ခု ဒီဇင်ဘာ ၂၁ ရက်တွင်မွေးဖွားသည်။ အသက် ၈၈ နှစ် ၂ဝဝ၇ ဇွန်လ ၁၄ ရက်တွင် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ တွင် ကွယ်လွန်ခဲ့သည်။ ၁၉၇၂ ဇန်နဝါရီ ၁ ရက်မှ ၁၉၈၁ ဒီဇင်ဘာ ၃၁ ရက်နေ့အထိသက်တမ်း ၂ ကြိမ်အပြည့်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သြစတြီးယား၏ ကိုးကြိမ် မြောက်သမ္မတရာထူးကိုလည်းထမ်း ဆောင်ခဲ့သည်။
 
 
၅။ ပဲရစ်ဒေကွေးလျား (Perez de Cuellar)

ပဉ္စမမြောက် ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည်။ ပီရူးနိုင်ငံ၊ လီမာမြို့တွင် ၁၉၂ဝ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မွေးဖွား သည်။ အသက် ၉၁ နှစ် ရှိပြီ ဖြစ်သည်။ ယခုသက်ရှိထင်ရှားရှိ သော အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ၃ ဦးထဲမှ အသက် အကြီးဆုံးဖြစ်သည်။
 
 
၆။ ဘူးထရို့စ်ဘုးထရို့စ်ဂါလီ (Boutros Boutros Ghali)
ဆဋ္ဌမမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး အီဂျစ် နို်င်ငံသား တစ်ဦးဖြစ်သည်။ ၁၉၂၂ ခု နိုဝင်ဘာ ၁၄ ရက်နေ့တွင် မွေး ဖွားပြီး ယခုအသက်ရှိထင်ရှား ဒုတိ ယအသက်အကြီးဆုံးအထွေထွေ အတွင်းရေးချုပ်ဟောင်း တစ်ဦးဖြစ်သည်။ အသက် ၈၈ နှစ်ရှိပြီဖြစ်သည်။ ရာထူးသက်တမ်း ၁၉၉၂ ဇန်နဝါရီ ၁ ရက်မှ ၁၉၉၆ ခု ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ သည်။ အာဖရိကတိုက်၏ ပထမဆုံး အထွေထွေ အတွင်းရေးမှူးချုပ်တစ်ဦး ဖြစ်သည်။
 
၇။ ကိုဖီအာနန် (Kofi Annan)
သတ္တမမြောက်ဖြစ်သည်။ ဂါနာနိုင်ငံသား တစ်ဦးဖြစ်ပြီးGold Coast မြို့တွင် ၁၉၃၈ ဧပြီလ ၈ ရက်နေ့တွင် မွေးဖွားခဲ့ကာ ယခု အသက် ၇၃ နှစ်ရှိပြီဖြစ်ပြီး သက်ရှိ ထင်ရှားရှိဆဲဖြစ်သည်။ ကိုဖီအာနန် သည် ၁၉၉၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၃၁ ဒီဇင်ဘာ ၂ဝဝ၆ နေ့ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်တွင် ငြိမ်းချမ်းရေး   နိုဘယ်လ်ဆုကို ပူးတွဲရရှိခဲ့သည်။
 
 
၈။ ဘန်ကီမွန်း (Ban Ki-moon)

ယခုလက်ရှိ အဋ္ဌမမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသား တစ်ဦးဖြစ်ပြီး ဒုတိယမြောက်အာရှတိုက်သား အထွေထွေအတွင်းရေးမှူးချုပ်ဖြစ် သည်။ ၁၉၄၄ ခု ဇွန်လ ၁၃ ရက် တွင် မွေးဖွားခဲ့ပြီး အသက် ၆၇ နှစ် ရှိပြီဖြစ်သည်။ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်တာဝန် ယူခဲ့ပြီး ပထမကြိမ် သက်တမ်းကုန် ဆုံးကာ ဒုတိယအကြိမ် ဆက်လက် အရွေးခံရပြီး တာဝန်ထမ်းဆောင်ဆဲ ဖြစ်သည်။
credit : Popular News



လူထုစိန်ဝင်း
(၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။)
စာတွေ ရေးနေတာ နှစ်ပရိစ္ဆေဒ မနည်းတော့ဘူး။ ကိုယ့်အလုပ်မို့သာ ၀တ္တရားမပျက် လုပ်နေတာ။ ရာနှုန်းပြည့် အားရ ကျေနပ်တယ်လို့တော့ ဘယ်အခါမှ မရှိခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘယ်လောက်ပဲ ရေးရေး ဘာမှအရာ ရောက်တယ်လို့ မခံစားရလို့ပဲ။
အတိုင်းအဆမရှိ မေတ္တာတွေကြောင့်
တစ်ခါတလေ စိတ်ပျက်လက်ပျက်နဲ့ 'ဟောရင်းသာ ပျံတော်မူလိမ့်မယ်' လို့တောင် ရေးမိသွားတယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရေးခဲ့တဲ့စာတွေ နည်းတာ မဟုတ်ဘူး။ စုပြီးထုတ်တဲ့ စာအုပ်တွေတောင်လေး ဆယ်ကျော် ငါးဆယ်နီးပါး ရှိနေပြီ။ ရေးရကျိုး နပ်တယ်လို့ ကျေနပ်အားရ ဖြစ်ရတာမျိုး မရှိဖူးဘူး။ အတိုင်းအဆမရှိ ကြီးမားတဲ့ စာဖတ်ပရိသတ် ပြည်သူလူထုရဲ့ မေတ္တာကို ရရှိ ခံစားနေရတာလေး တစ်ခုကြောင့်ပဲ အဆက်မပြတ်ရေး ဖြစ်နေတာ။ အမှန်ပြောရရင် အချိန်မရွေး ကြုံတွေ့ရနိုင်တဲ့ အန္တရာယ် အသွယ်သွယ်ကို စဉ်းစားလိုက်တဲ့အခါ ရေးသင့်တယ်လို့တောင် မထင်မိပါဘူး။
ထင်းခုတ်စားတောင် ရပါတယ်
စာတွေအများကြီး ရေးတော့ ပိုက်ဆံတွေ အများကြီး ရနေတယ် မဟုတ်လားလို့ မေးစရာ ရှိတယ်။ မှန်ပါတယ်။ အများကြီး မဟုတ်ပေမယ့် အသင့်အတင့် ရပါတယ်။ ဒါပေမဲ့ ဒါလောက် ငွေကြေးကတော့ မြန်မာပြည်မှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပြောခဲ့သလို ''ထမင်း တစ်လုတ်တော့ ထင်းခုတ် စားရင်တောင် ရပါတယ်'' လို့ပြောရမှာပါ။ ရှမ်းပြည်နယ် တက်ပြီး ကော်ဖီလေး စိုက်လိုက်၊ လိမ္မော်လေး စိုက်လိုက် လုပ်နေတာက အန္တရာယ် ကင်းဘေးကင်း ဖြစ်ရုံမက ကျန်းမာရေး အတွက်ပါ အလွန် ကောင်းတာပေါ့။ အဲဒီလို နေချင်စိတ် အခုထိရှိ နေသေးတယ်။ ဒါပေမဲ့ အတိတ်က ၀ဋ်ကြွေးတွေက မကုန်သေးတော့ စာရေးတဲ့ အလုပ်ကို မစွန့်နိုင်ဘူး။ ရန်ကုန်ဟာ ကိုယ့်အတွက် ပဋိ ရူပဒေသ မဟုတ်ပေမယ့် မခွာနိုင်ဘူး။ တွယ်ကပ်ပြီး နေနေရဆဲ ဖြစ်တယ်။
ရုတ်တရက် ပြောင်းသွား
ကိုယ့်ဟာကိုယ် ပခုံးပေါ်တင်ပြီး ထမ်းထားတဲ့ တာဝန်မို့ မညည်းမညူ လုပ်ကိုင်နေပေမယ့် အားတက်သရော မရှိလှတာ တော့ အမှန်ပဲ။ ဒါပေမဲ့ အခုနှစ်လ၊ သုံးလအတွင်းမှာ အခြေအနေတွေ ရုတ်တရက် ပြောင်းသွားတယ်။ နှစ်ပေါင်း ငါးဆယ်လောက် အတွင်း ဘယ်တုန်းကမှ မကြားဖူးတဲ့ 'ပြည်သူလူထု' ဆိုတဲ့အသံတွေ ညံနေအောင် ကြားလာရပြီး၊ အရင်က ထုတ်ဝေခွင့် အကြိမ်ကြိမ် ပယ်ချခံရတဲ့ ကိုယ့် စာအုပ်တွေ ထုတ်ဝေခွင့် ပြန်ရလာတယ်။ နေ့စဉ်ရေးနေတဲ့ စာမူတွေလည်း ပရိသတ် လက်ထဲ မြန်မြန် ဆန်ဆန် ရောက်လာတယ်။ ပုဂ္ဂလိက ကြေးမုံ သတင်းစာတို့၊ လူထုသတင်းစာတို့ ခေတ်ကတည်းက အတူ လက်တွဲလာခဲ့တဲ့ သွေးသောက်ကြီး ဦးဝင်းတင်ရဲ့စာအုပ်တွေလည်း ထုတ်ဝေခွင့်ရလို့ တစ်အုပ်ပြီး တစ်အုပ် ပြန်ထွက်လာတာ ၀မ်းသာစရာတွေ့ရတယ်။
တံခါးဖွင့်ထားတယ်
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ ဓာတ်ပုံတွေ ဂျာနယ်တွေမှာ ဖော်ပြခွင့် ရလာတယ်။ ပြီးတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြတယ်။ သမ္မတကြီး ဦးသိန်းစိန်က ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည် ဖော်မယ်။ ပြည်သူက ရွေးကောက် တင်မြှောက်ထားသူများ ဖြစ်လို့ ပြည်သူ့ဆန္ဒကို လေးစားမယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရအောင် အမြန်ဆုံး ဆောင်ရွက်မယ်။ ဒီမိုကရေစီ လိုလားသူ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်အောင် နည်းလမ်းတွေ ရှာကြံမယ်။ မတူတာတွေ အသာထားပြီး တူတာတွေကို အတူ ပူးပေါင်း လုပ်ဆောင်မယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ နိုင်သေးသူများနဲ့ပါ လက်တွဲ ဆောင်ရွက် နိုင်အောင် ညှိနှိုင်း ဆွေးနွေးဖို့ တံခါး ဖွင့်ထားတယ် ဆိုတဲ့ စကားတွေ ပြောကြားလာခဲ့တယ်။
ပေါ်လစီ ဆောင်းပါး
အဲဒီအချိန်မှာ ဧရာဝတီမြစ်ဆုံ ဒေသမှာ တရုတ်ကုမ္ပဏီက ဧရာမရေကာတာကြီး တစ်ခု တည်ဆောက်မယ့် ကိစ္စကို ပြည်သူလူထု တစ်ရပ်လုံးက မလိုလားတဲ့ အကြောင်း ပုံစံအမျိုးမျိုးနဲ့ တင်ပြမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာတယ်။ ဒီအသံတွေကို ချေဖျက်ဖို့ အစိုးရ သတင်းစာတွေမှာ ထုံးစံအတိုင်း 'ပေါ်လစီ ဆောင်းပါး' တစ်ပုဒ် ထည့်လိုက်တယ်။ လျှပ်စစ်ဝန်ထမ်း တစ်ဦး အမည်ခံပြီး ထည့်တဲ့ ဆောင်းပါးမှာ မြစ်ဆုံရေကာတာ ဆောက်လုပ်တဲ့ အတွက် အကျိုးအ မြတ်တွေ ဘယ်လိုရရှိမယ် ဆိုတဲ့အချက်တွေကို ပေါ်လစီဆောင်းပါးများ ထုံးစံအတိုင်း ရွှန်းရွှန်း ဝေအောင် ရေးသား ထားတာတွေ့ရတယ်။
ဈေးဦးပေါက်ခွင့်ပြု
အဲဒီဆောင်းပါး ပါလာတဲ့နေ့မှာ ပဲ Weekly Eleven ရဲ့ စီအီးအိုက အွန်လိုင်း ဂျာနယ်မှာ ဒီဆောင်းပါးကို ကန့်ကွက်ကြောင်း၊ အချက်အလက် အခိုင်အမာနဲ့ ပြန်လည် ရေးသားလိုက်တယ်။ ပုံနှိပ် ဂျာနယ်ထဲမှာလည်း အပြည့်အစုံ ဖော်ပြခဲ့တယ်။ ဒါဟာ နှစ်ငါးဆယ် အတွင်း မြန်မာ စာနယ်ဇင်း လောကရဲ့ မှတ်တိုင် တစ်ခု ဖြစ်သွားတယ်။ အစိုးရ သတင်းစာမှာပါတဲ့ ဆောင်းပါးကို ပြန်လည် ဝေဖန် ချေပတဲ့စာမျိုး ဘယ်တုန်း ဘယ်အခါကမှ မရေးဖူးခဲ့ဘူး။ စာပေ စိစစ်ရေးကလည်း ဘယ်တော့မှ ခွင့်မပြုခဲ့ဘူး။ ဒီတစ်ခါ ဈေးဦးပေါက် ခွင့်ပြုတာ ဖြစ်တယ်။
မကြုံဖူးတဲ့ ပေါင်းစည်းမှု
အဲဒီ ကန့်ကွက် ဝေဖန်ချက် ပါလာပြီးတဲ့နောက် ဧရာဝတီ ကယ်တင်ရေး အသံတွေ ပိုညံလာတယ်။ ပြည်သူလူထုကြီး တစ်ရပ်လုံး မကြုံဖူးတဲ့ စည်းလုံးမှုမျိုးနဲ့ ညီညွတ် ပေါင်းစည်း သွားတယ်။ တကယ်ကို အံ့သြစရာ ပေါင်းစည်း ညီညွတ်မှုကြီး ဖြစ်တယ်။ ထုံးစံအတိုင်း နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးသမား တွေက ပြည်သူ လူထုကြီးရဲ့ နောက်က လိုက်လာကြပြီး လွှတ်တော်ထဲအထိ ဂယက်တွေရောက် သွားတယ်။ နောက်တော့ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးကို သူ့အစိုးရ လက်ထက်မှာ ဆက်မလုပ် တော့ဘဲ ရပ်စဲထားမယ်ဆိုတဲ့ သမ္မတကြီးရဲ့ လွှတ်တော်ကို ပေးပို့တဲ့သ၀ဏ်လွှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။
နတ်လူသာဓုခေါ်
လုံးဝမျှော်လင့် မထားတဲ့ ကြေညာချက် ဖြစ်တာကြောင့် လူတွေအားလုံး မယုံနိုင်အောင် ဖြစ်သွားကြပြီး နီးစပ်ရာ မိတ်သင်္ဂဟတွေဆီ ဖုန်းဆက် မေးလိုက်ကြတာ အဲဒီနေ့ကတော့ ဖုန်းလိုင်းတွေ အားတယ်လို့ကို ရှိမှာ မဟုတ်တော့ဘူး။ အိမ်ကဖုန်းလည်း ဆက်တိုက် မြည်နေတော့တယ်။ တချို့ဖုန်းဆက်ရင်း မျက်ရည်တောင် ကျရှာကြတယ်။ ၀မ်းသာတယ် ဆိုတာထက် ပိုလိမ့်မယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဘယ်တုန်းကများ ဖြည့်ဆည်း ပေးဖူးတယ် ရှိလို့လဲ။ သမ္မတကြီးကို သာဓု ခေါ်ကြတယ်။ နတ်လူသာဓု ခေါ်ကြတယ်လို့တောင် ပြောရလိမ့်မယ် ထင်မိတယ်။
ဆန့်ကျင်ဘက်က ရပ်ခဲ့တာ
သာမန် ပြည်သူတွေ ဆိုတာထား နှစ်ပေါင်း ငါးဆယ် လုံးလုံး တက်လာသမျှ အစိုးရတိုင်းကို တစ်ကြိမ် တစ်ခါတောင် အကောင်း မပြောဖူးတဲ့ မိမိ ကိုယ်တိုင်တောင် မေးလာသမျှ မီဒီယာတိုင်းကို ကြိုဆိုကြောင်း၊ ၀မ်းသာကြောင်း၊ ကျေးဇူး တင်ကြောင်း ပြောတဲ့အထိ ဖြစ်သွားတယ်။ တကယ်ပါ။ နှစ်ပေါင်း ငါးဆယ်လုံးလုံး ဆန့်ကျင်ဘက်က ရပ်ခဲ့တာပါ။ တော်လှန်ရေး ကောင်စီ အစိုးရကို မထောက်ခံသလို၊ မြန်မာ့ဆိုရှယ်လစ် အစိုးရကိုလည်း မထောက်ခံဘူး။ ၁၉၈၈ နောက်ပိုင်း အစိုးရတွေကိုလည်း မထောက်ခံဘူး။ အမျိုးသား ညီလာခံကို မထောက်ခံသလို၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း လက်မခံဘူး။ ရွေးကောက်ပွဲကို မထောက်ခံသလို ပေါ်ထွက်လာတဲ့ လွှတ်တော်တို့၊ အစိုးရတို့ကိုလည်း မထောက်ခံဘူး။ နိုင်ငံတော် သမ္မတကြီးနဲ့ တခြားထိပ်ပိုင်း ပုဂ္ဂိုလ်တွေက ဒီမိုကရေစီ စနစ်ကို မဖြစ်မနေ အကောင်အထည် ဖော်မယ်လို့ အကြိမ်ကြိမ် ပြောနေလည်း မယုံသေးဘူး။ စောင့်ကြည့် ဦးမယ်လို့ပဲ ဆုံးဖြတ်ထားခဲ့တယ်။
မနာယူဘဲ မနေနိုင်
ဒီလိုလူတောင် ဧရာဝတီ ကိစ္စကျတော့ သတင်းသမားရဲ့ ၀ိညာဉ် (Conscience)က သတိ ပေးလာတာကို မနာယူဘဲ မနေနိုင်တော့ဘူး။ သတင်းသမား ဆိုတာ ကောင်းတာတွေ့ရင် ကောင်းတယ် ရေးရမယ်။ မှန်တာ တွေ့ရင် မှန်တယ် ရေးရမယ်လို့ တစ်သက်လုံး နာယူ မှတ်သားခဲ့ရတာ မဟုတ်လား။ ပြည်သူ့ မျက်နှာက လွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူးလို့ ကိုယ်တိုင် အပ်ကြောင်းထပ်အောင် ရေးနေတာပဲ။ ဒီတော့ အပြောနဲ့အဟော ညီရမှာပေါ့။ ပြည်သူ တစ်ရပ်လုံး လှိုက်လှိုက် လှဲလှဲကြီး ၀မ်းသာ ကြိုဆို နေကြတာကို ဘာကြောင့် မကြိုဆိုဘဲ နေရမှာလဲ။ ၀မ်းသာတယ်။ ကြိုဆိုချင်တယ်။ ကျေးဇူးတင်လို့ ရေးရင် ပိုပြီးလေးနက် စေချင်လို့ အရင်က မထောက်ခံခဲ့ဘူး ဆိုတာတွေပါ ထည့်ရေးလိုက်တယ်။ အံ့သြစရာမှ တကယ့်အံ့သြစရာ။ စာပေစိစစ်ရေးက အဲဒီ မထောက်ခံဘူး ဆိုတာတွေကို ထည့်ခွင့်ပေး လိုက်တယ်။
ထောက်ခံမဲ တစ်မဲပေးလိုက်ပြီ
အဲဒါတွေပါတဲ့ 'ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ' ဆိုတဲ့ ဆောင်းပါးမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အချိန် နည်းနည်း ပေးလိုက်ပါ။ တကယ်ကို ခဏလေးပါလို့ ရေးလိုက်တယ်။ ပြီးတော့ သမ္မတ ဦးသိန်းစိန် အစိုးရကို 'စံသုံးခု' နဲ့ စောင့်ကြည့် အကဲခတ်နေမယ် လို့လည်း ရေးလိုက်တယ်။
၁။ နိုင်ငံရေး အကျဉ်းသားများလွှတ်၊ မလွှတ်ဆိုတဲ့စံ။
၂။ ပြည်တွင်း စစ်ရပ်စဲရေး အမြန်လုပ်၊ မလုပ်ဆိုတဲ့စံ။
၃။ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး ရပ်၊ မရပ်ဆိုတဲ့စံ။
အဲဒီသုံးချက်ထဲက မြစ်ဆုံရေကာတာ ကိစ္စ အဖြေပေါ်သွားပြီ။ အစိုးရက ပြည်သူ့ဆန္ဒကို အမှန် လေးစား လိုက်နာကြောင်း ပြလိုက်ပြီ။ ထောက်ခံမဲ တစ်မဲပေးလိုက်ပြီ။
လွတ်ငြိမ်း ချမ်းသာခွင့်
သီတင်းကျွတ်လဆန်း ၁၄ ရက် (အဖိတ်နေ့) မွန်းလွဲပိုင်းလောက်မှာ သမ္မတ ဦးသိန်းစိန် လက်မှတ် ရေးထိုးထားတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထွက်လာတယ်။ အမျှော်ကြီး မျှော်ရင်း နှစ်ပေါင်းများစွာ 'မျှော်မျှော် သူမောရရှာတယ်' ဖြစ်နေကြရတဲ့ မိဘ ဆွေမျိုးတွေ ဧရာဝတီတုန်းကလိုပဲ ၀မ်းသာရွှင်မြူး သွားကြတယ်။ ဧရာဝတီ ကိစ္စမှာ ပြည်သူ တစ်ရပ်လုံး စိတ်ချမ်းသာအောင် ဆောင်ရွက်ခဲ့တဲ့ သမ္မတကြီးကို အပြည့်အ၀ ယုံကြည်ပြီး အရင် အကြိမ်တွေလိုတော့ ဖြစ်မှာ မဟုတ်ပါဘူးလို့ သေချာပေါက် တွက်ဆထားကြတယ်။ တစ်ညလုံး အိပ်မပျော်နိုင်ကြဘဲ မိုးလင်းအောင် မနည်းကြီး သည်းခံ စောင့်ဆိုင်း နေကြရတယ်။ တချို့က မအောင့်နိုင်တော့ဘဲ မိုးမလင်းခင်က ထောင်ဗူးဝက သွားစောင့်ကြတယ်။
ရောင်နီလာပြီ။ ပြီးတော့ မိုးစင်စင်လင်းပြီ။ ထောင်တံခါးကြီး ပွင့်ပြီ။ အချိန်တန်တော့ သူတို့ ပြန်လာကြပြီ။ ဒါပေမဲ့ သူတို့ထဲမှာ သူတို့ ပါမလာဘူး။ အရင် အကြိမ်တွေလိုပဲ မျှော်မျှော်သူ မောရရှာတယ် ဖြစ်ရပြန်ပြီ။ ဘာကြောင့်လဲ။ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းဖို့ဆိုတာ ခေါင်းဆောင် နှစ်ယောက်တည်း အားနဲ့ မရနိုင်ဘူး။ ပါတီ အဖွဲ့အစည်း နှစ်ခုတည်းလည်း မဆောင်ရွက် နိုင်ဘူး။ ပြည်သူလူထု အများစုကြီးရဲ့ ပေါင်းစည်း အင်အားနဲ့ ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုတယ်။ အထူးသဖြင့် နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်းစစ် တိုက်ခိုက်နေရတဲ့ တိုင်းပြည် တစ်ပြည်အဖို့၊ တိုင်းရင်းသား အားလုံးနဲ့ လက်တွဲ နိုင်ဖို့ အင်မတန် အရေးကြီးတယ်။ မဖြစ်မနေကို ရအောင်လုပ်ဖို့ လိုတယ်။
ရွှေပြည်တော် ဂိတ်တံခါး
အထဲမှာ ကျန်ရှိနေရစ်တဲ့ ၈၈ မျိုးဆက်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အရေးကြီးဆုံး သော့တစ်ချောင်း ကိုယ်စီ ကိုင်ဆောင် ထားသူတွေ ဖြစ်တယ်။ ရွှေပြည်တော် ဂိတ်တံခါးက သော့လေးချက် ခတ်ထားတယ်။ တစ်ချောင်းက ဒေါ်အောင်ဆန်းစုကြည် ဆီမှာရှိပြီး၊ နောက်တစ်ချောင်းက သမ္မတ ဦးသိန်းစိန်ကို ရှေ့တန်း တင်ထားတဲ့ တပ်မတော် လက်ထဲမှာ ရှိတယ်။ ဒီနေ့ တပ်မတော် ခေါင်းဆောင် အားလုံး လိုလိုဟာ လူငယ်တွေ ဖြစ်တယ်။ အထဲမှာ ရှိနေတဲ့ ၈၈ မျိုးဆက်တွေနဲ့ အရွယ်ချင်း မတိမ်း မယိမ်းတွေလို့ ဆိုနိုင်တယ်။
မော်ကွန်းတင်နိုင်တဲ့ အချိန်
သူတို့ ရွယ်တူ တန်းတူ လူငယ်တွေချင်း အတွေးအခေါ်တွေ သိပ်ခြားနားကြမှာ မဟုတ်ပါဘူး။ အရှေ့တောင်အာရှ ဒေသမှာ အချမ်းသာဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံကို ဆင်းရဲတွင်းကြီးထဲက ဆွဲထုတ်ပြီး ထိုက်တန်တဲ့ နေရာကို အမြန်ဆုံး ပြန်လည် ရရှိအောင် လုပ်ဆောင်ချင်စိတ်တွေ လူငယ်တိုင်းမှာ ရှိပါတယ်။ စစ်မြေပြင်မှာ လုံခြုံရေး ဦးစားပေး လုပ်ဆောင်ရတာ သဘာဝ ကျတယ်။ ဒါပေမဲ့ နိုင်ငံရေး ကိစ္စမှာတော့ နိုင်ငံရေးကိုသာ ဦးစားပေး စဉ်းစားရပါတယ်။ ဒီအချိန်ဟာ သမိုင်းမှာ အလှည့် အပြောင်းကြီး တစ်ခု အဖြစ် မော်ကွန်း တင်နိုင်တဲ့ အချိန် ဖြစ်တယ်။ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူ လက်တွဲမှု ဖြစ်ပေါ် လာနိုင်တဲ့ အချိန်ဖြစ်တယ်။ ဒီအခွင့်အရေးကို လက်လွတ် မခံသင့်ဘူး။ အမိအရ၊ ရအောင် ယူကြပါလို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။
လူထုစိန်ဝင်း

အမေရိကန်အထူးသံ မြန်မာနိုင်ငံ ရောက် click
- အမေရိကန် အထူးကိုယ်စားလှယ် ဒုတိယအကြိမ် မြန်မာနိုင်ငံ ရောက်ရှိ click
- ဒဲရစ်မစ်ချယ် မြန်မာပြည် ရောက်ပြန် click
- အမေရိကန် ကိုယ်စားလှယ် ထပ်မံရောက်ရှိ click
- အ​မေရိကန်အထူး​သံ မြန်မာပြည်ကို ထပ်မံ​ရောက်ရှိ click
- အမေရိကန် အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြော့ ခရီးစဉ် click
- ဦးသိန်းစိန်ဓာတ်ပုံကိုသာ ရုံးများတွင် ချိတ်ဆွဲရမည် click
- ၂၁ ရာစု ပင်လုံညီလာခံကို အစိုး​ရက ဦး​ဆောင်ကျင်း​ပ​ပေး​ရန် ဇိုမီး​ပါတီ ​တောင်းဆို click
- အား​လုံး​ သ​ဘောတူပြီး​ရင် လက်နက်​တွေလည်း​ ချချင်ချမယ် (မေးမြန်းခန်း) click
- မြ၀တီမြို့တွင် ဗုံးကွဲ click
- မြ၀တီ ဗုံးပေါက်ကွဲမှု သံဃာတော်တပါး ဒဏ်ရာရ click
- အစိုး​ရတပ်က ဒီ​ကေဘီ​အေကို ထိုး​စစ်ဆင် click
- အစိုး​ရ၏ ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​ချက်အ​ပေါ် ရှမ်း​ပြည်တပ်မ​တော်က လူထုသဘောထား​ ​ကောက်ခံ click
- တရုတ်အမျိုးသမီး ၉ ဦးအား မြန်မာစစ်သားများ အဓမ္မပြုကျင့် သတ်ဖြတ် click
- ကေအိုင်အိုနယ်​မြေတွင် တိုက်ပွဲအ​ရေအတွက် ​လျော့​လာ click
- ကချင်ပြည်နယ်၌ တိုက်ပွဲ​ကြောင့်​ ဒုက္ခသည်များ​ ထပ်မံထွက်​ပြေး​နေ click
- ကျည်ဆံထိမှန်တဲ့ သမ္မာကျမ်းစာ၏ အတိတ်နိမိတ် click
- ကချင်ပြည်တွင်းစစ်ပေါ် နယူးဒေလီမှာ ဆုတောင်းပွဲ ပြုလုပ် click
- ထောင်တွင်း​ လူ့အခွင့်​အ​ရေး​ချိုး​ဖောက်မှု လူ့အခွင့်​အ​ရေး​ကော်မရှင်ကို တင်မည် click
- ပြည်မြို့တွင် ဒီမိုက​ရေစီကွန်ရက်နှင့်​ လူငယ်များ​ ​ဆွေး​နွေး click
- မြန်မာနိုင်ငံရေး အကျဉ်းသားများအတွက် သြစတေးလျနိုင်ငံသူက ကီလို ၂,၀၀၀ ကျော် စက်ဘီးစီး click
- ဦး​သန့်ပြတိုက် တည်​ဆောက်မည့်​အ​ကြောင်း​ ဘန်ကီမွန်း​ကို အကြောင်းကြားမည် click
- ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်ကို ချက်သမ္မတနိုင်ငံသို့ ဖိတ်ကြား click
- ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီများ အမေရိကန်မှ အများဆုံး ဝယ်ယူ click
- သျှမ်းအမတ်များအား ဒု-သမ္မတ ညစာကျွေး၊ စာပေ/ယဉ် မှတ်ပုံတင်ရေးကိစ္စ ပြော click
- ပထမဆုံး သမ္မတ၏သား သျှမ်းခေါင်းဆောင် ဟန်ယောင်ဟွေ့ မွေးဇာတိ သျှမ်းမြေသို့ ပြန် click
- အစိုးရသစ်လက်ထက်၌ စည်ပင်က ရခိုင်တွင် လူခွန်၊ နွားခွန် ကောက် click
- ပြည်ပအဖွဲ့အစည်းသို့ အမျိုးသမီးလူသစ်တဦး ပေးပို့သူ လူကုန်ကူးမှုစွဲချက်ဖြင့် ဖမ်းဆီးခံရ click
- တောင်ကိုရီးယားမီဒီယာမှာ ဖော်ပြတဲ့ မြန်မာဆိုင်ရာသတင်းများ click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြသတဲ့ မြန်မာပြည်သူများရဲ့ပုံတူ ပန်းချီပြပွဲ (၂) (ဓာတ်ပုံ) click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြသတဲ့ မြန်မာပြည်သူများရဲ့ပုံတူ ပန်းချီပြပွဲ (၁) (ဓာတ်ပုံ) click
- မင်းကိုနိုင်မွေးနေ့ အပိုင်း ၁၊ ၂ (ရုပ်သံ) click
- နိုင်ငံရေး ဓားစာခံများ (ဆောင်းပါး) click
- တိုင်ချည်ဖောက်ချည်နဲ့ ပေါက်ပင်နဲ့ ဗျိုင်းတို့ကိစ္စ (ဆောင်းပါး) click
- စိတ်အလျဉ်၏ လွင့်မျောရာနှင့် လွတ်လပ်ခြင်း အနုပညာ - ၁၆ (ဆောင်းပါး) click
- ကိုယ်တွေ့ဘွိုင်းကောက် (အသံလွှင့်ဆောင်းပါး) click
- ရေ​ဘေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ အကူအညီလိုအပ်​နေ click
- ထိုင်း​နိုင်ငံက မြန်မာ​ရေ​ဘေး​ဒုက္ခသည်များ​ကို မြန်မာသံရုံး​ အကူအညီ​ပေး​နေ click
- ထောင်နှင့်ချီသည့် ဌာနေပြန် မြန်မာအလုပ်သမားများ အဖမ်းခံရ click
- ထိုင်းနိုင်ငံရေဘေးနှင့် မြန်မာပြည်သားများ (ဓာတ်ပုံသတင်း) click
- ရေကြီးသည့် ပခုက္ကူမြို့ မြင်ကွင်းများ (ဓာတ်ပုံ) click
- ပခုက္ကူ ရေကြီး၊ တံတားကျိုး၊ မြေပြိုမှုများ (ဓာတ်ပုံ) click
- မုန်တိုင်း​ကြောင့်​ မိုး​ကြီး​ပြီး​ အလယ်ပိုင်း​ဒေသ၌ လူ​သေဆုံး​ကြရဟု မိုး-ဇလပညာရှင် ​ပြောကြား​ click
- ကျောက်ဖြူနှင့် တောင်ကုတ်တွင် ဂီရိ တနှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ် click
- ငွေလဲကောင်တာတွေ စဖွင့် click
- ပြန်ပေးဆွဲခံ လမ်းပြုပြင်ဝန်ထမ်းများအတွက် တယောက်လျှင် ငွေ ၁၀ သိန်း တောင်းခံထား click
- နစကမှ ကျပ်သိန်း ၈၀၀ တန်ဖိုးရှိ နွားများနှင့် ဘုတ်ကို သိမ်း၍ ကတိဝန်ခံချက်ဖြင့် လူကို ပြန်လွှတ် click
- ငွေလဲသည့် တရုတ်အမျိုးသားတဦး ကျပ်သိန်း ၂,၅၀၀ လိမ်လည်ဟု ဆို click
- တိုကျိုမြို့ သီတင်းကျွတ်ပွဲတော် (ဓာတ်ပုံ) click
- ရာဟုဟ ဗုဒ္ဓ၀ိဟာရကျောင်းသစ် ပထမအကြိမ် အဘိဓမ္မာအခါတော်နေ့ ဆီမီးပူဇော်ပွဲ (ဓာတ်ပုံ) click
- နယူးယောက်မြို့ ၀ိသုဒ္ဓါရုံ ဓမ္မရံသီကျောင်း စုပေါင်းကထိန်ပွဲတော် (ဓာတ်ပုံ) click
- မလေးရှားနိုင်ငံ ပတ္တလင်းဂျာယာရှိ စရိယာရာမကျောင်းတွင် ကျင်းပတဲ့ ဘုံကထိန်အလှူ (ဓာတ်ပုံ) click
- ဘာအရောင်နဲ့ ပွင့်မှာလဲ (ကဗျာ) click
- တအားချဉ်မယ့် စပျစ်သီးတွေ (ကဗျာ) click
- ရေဘေးအကာအကွယ်တွေ လုပ်နေတဲ့ နေရာတွေမှာ တားမြစ်နယ်မြေ သတ်မှတ်ရတာ့မလား click
- လူ့အခွင့်​အ​ရေး​ တိုက်ပွဲဝင်ပုဂ္ဂိုလ်များ​ အပိုင်း​ (၁၃) (အသံလွှင့်ဆောင်းပါး) click

တရုတ်က မိမိနယ်နိမိတ်ထဲ မြန်မာစစ်သားများ သယ်ပို့ပေး click
- ပိုစတာကိုင်ဆောင်မှုနဲ့ အဖမ်းခံရသူများ နောက်ဆက်တွဲ click
- နိုင်ငံရေးကြောင့် လိုင်စင်ပိတ်ခံရသူများ အရေးဆိုမည် click
- ပခုက္ကူ ရေကြီးမှု သေဆုံးသူ ၁၀၀ ကျော်ပြီ click
- ပခုက္ကူ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးသူများအတွက် လျော်ကြေးပေး click
- မြန်မာ့အရေး ခရီးရှည် စက်ဘီးစီးသူ ပန်းတိုင်ရောက်ပြီ click
- ကိုဇာဂနာနဲ့ လူငယ်များ တွေ့ဆုံပွဲ click
- ကိုဇာဂနာ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်မည် click
- ဇာဂနာအတွက် ကဗျာ ၃ ပုဒ် click
- လှိုင်သာယာမှာ လူ့အခွင့်အရေး ဆွေးနွေးဟောပြော click
- နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေရဲ့အသံ (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- NLD ပန်းချီပြပွဲ (ရုပ်သံ) click
- နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ VOA တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ) click
- သမိုင်းဝင် အဆောက်အဦတွေကို ငှားရမ်းရောင်းချသင့် မသင့် (ဆွေးနွေးဖလှယ်) click
- ဘဏ်အားလုံးကို နိုင်ငံခြားငွေ လဲလှယ်ခွင့်ပြု click
- လစ်ဗျား လွတ်လပ်ပြီ click
- လစ်ဗျားနိုင်ငံ လွတ်မြောက်မှု အခမ်းအနား ကျင်းပ click
- ဂဒါဖီ အုပ်စိုးမှု အဆုံးသတ်ကြောင်း လစ်ဗျား ကြေညာ click
- တူနီးရှားမှာ ရွေးကောက်ပွဲ ကျင်းပ click
- တူနီးရှား ရွေးကောက်ပွဲ တခဲနက် မဲပေး click
- တူရကီငလျင် လူတရာကျော် သေဆုံး click
- ယူရိုဇုန်ပြဿနာအတွက် ထိပ်သီးဆွေးနွေးပွဲ click
- ထိုင်းရေကြီးမှု တလကျော် ကြာမြင့်နိုင် click
  • ဦးသိန်းစိန်ဓာတ်ပုံကိုသာ ရုံးများတွင် ချိတ်ဆွဲရမည် – only the president’s photo - မိုးမခ click here
  • လူ့အခွင့်အရေး တိုက်ပွဲဝင်ပုဂ္ဂိုလ်များ အပိုင်း (၁၃) - ဒီဗွီဘီ click here
  • ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှု လူ့အခွင့်အရေးကော်မရှင်ကို တင်မည် - ဒီဗွီဘီ click here
  • ကျောက်ဖြူနှင့် တောင်ကုတ်တွင် ဂီရိ တစ်နှစ်ပြည့် အခမ်းအနား ကျင်းပ ပြုလုပ် - နိရဉ္စရာ click here
  • မြ၀တီမြို့တွင် ဗုံးကွဲ - ဧရာဝတီ click here
  • အစိုးရသစ်လက်ထက်၌ စည်ပင်က ရခိုင်တွင် လူခွန်၊ နွားခွန်ကောက် - နိရဉ္စရာ click here
  • နစကမှ ကျပ် သိန်း ၈၀၀ တန်ဖိုးရှိ နွားများနှင့် ဘုတ်ကိုသိမ်း၍ ကတိဝန်ခံချက်ဖြင့် လူကို ပြန်လွှတ် - နိရဉ္စရာ click here
  • နိုင်ငံကူးလက်မှတ်ရလျှင် ဇာဂနာ အမေရိကန်သွားမည် - ဧရာဝတီ click here
  • နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာရရှိရေး ဇာဂနာဆက်တိုက် ကူညီနေ - ဧရာဝတီ click here
  • လက်ရှိ ရှေ့နေများကောင်စီ ဖျက်သိမ်းပေးဖို့ ရှေ့နေတွေ အရေးဆိုမည် - အာရ်အက်ဖ်အေ click here
  • ပိုစတာကိုင်ဆောင်မှုနဲ့ အဖမ်းခံရသူများ နောက်ဆက်တွဲ - ဧရာဝတီဘလော့ဂ် click here
  • နိုင်ငံရေးကြောင့် လိုင်စင်ပိတ်ခံရသူများ အရေးဆိုမည် - ဗွီအိုအေ click here
  • ဝါရှင်တန် တရုတ်သံရုံးရှေ့ မြန်မာတွေ ဆန္ဒပြ - အာရ်အက်ဖ်အေ click here
  • မြန်မာ့အရေး ခရီးရှည် စက်ဘီးစီးသူ ပန်းတိုင်ရောက်ပြီ - အာရ်အက်ဖ်အေ click here
  • ပရဟိတအသင်းအတွက် ရံပုံငွေ ဖျော်ဖြေပွဲ ကျင်းပမည် - ဒီဗွီဘီ click here
  • ဘဏ်အားလုံးကို နိုင်ငံခြားငွေ လဲလှယ်ခွင့်ပြု - အာရ်အက်ဖ်အေ click here
  • မြန်မာများရဲ့ ရုပ်ပုံလွှာ ပန်းချီပြပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် - အာရ်အက်ဖ်အေ click here
  • မကွေးတိုင်း ၀န်ကြီး ချုပ် က ရေဘေး ဒုက္ခ သည် သတင်း ကို ဓာတ်ပုံ ရိုက် ခွင့် မပြု - Freedom New Group click here
  • ရိုးရာ ဂျပ်ခုပ် သင်းတန်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာ - NLD click here
  • ပခုက္ကူ ရေကြီး၊ တံတားကျိုး၊ မြေပြိုမှုများ(ဓာတ်ပုံ) - ဧရာဝတီဘလော့ဂ် click here
  • ပခုက္ကူ ရေကြီးမှု သေဆုံးသူ ၁၀၀ ကျော်ပြီ - ဘီဘီစီ click here
  • ကိုဇာဂနာ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်မည် - အာရ်အက်ဖ်အေ click here
  • ကိုဇာဂနာနဲ့ လူငယ်များ တွေ့ဆုံပွဲ - အာရ်အက်ဖ်အေ click here
  • NLD ပန်းချီပြပွဲ(ဓာတ်ပုံသတင်း) - ဧရာဝတီဘလော့ဂ် click here
  • လက်မရွံ့ကဗျာဆရာရဲ့ လက်ရာ နှစ်ပုဒ်(အနုပညာ) - ဧရာဝတီဘလော့ဂ် click here
  • နိုင်ငံရေးအကျဉ်းသားတွေအတွက် ကီလိုမီတာ ၂ ထောင်ကျော် စက်ဘီးစီးသူ(သတင်း) - ဧရာဝတီဘလော့ဂ် click here
  • အဖွဲ့ချုပ် ပန်းချီပြပွဲ ဖွင့်လှစ်(ဓာတ်ပုံ) - ဧရာဝတီဘလော့ဂ် click here