ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင်
အပိုင်း()
          ခေါင်းစဉ်ကိုက ရှင်းရှင်းလေးပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ပြုမူလှုပ်ရှားပြောဆို လုပ်ကိုင်မှုတွေ အပေါ်  တပ်မတော်သားတစ်ဦးရဲ့ ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အမြင်တွေကို ထုတ်ဖော် သွားမှာ ဖြစ်ပါတယ်။
          တပ်မတော်သားတစ်ဦးဆိုတဲ့အတွက် တပ်မတော်ရဲ့ သဘောထားလို့ တထစ်ချပြောလို့မရပေမဲ့ တပ်မတော် သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှ ဒီလိုအမြင်၊ ဒီလိုသဘောထားတွေရှိနေတယ်ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ်။
          လတ်တလောကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေး ကောက်ပွဲအတွက် နယ်လှည့်ခရီးစဉ် ဟောပြောချက်တွေ၊ ရုပ်မြင်သံကြား ကတစ်ဆင့် ပါတီမူဝါဒဆိုင်ရာထုတ်လွှင့်လျက်တွေအရ ဒေါ်အောင်ဆန်း စုကြည် ရဲ့ တပ်မတော်အပေါ်ထားရှိတဲ့ စိတ်ရင်းအမှန်ကို မြင်တွေ့နေရသလို၊ စကား ထဲကဇာတိပြလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက်မညီတဲ့စကားလုံး များကိုလည်း စိတ်မကောင်းစွာ ကြားသိနေရပါတယ်။
          အထူးသဖြင့် တပ်မတော်သားအများစုနေထိုင်တဲ့ နယ်မြေတွေကိုရောက်ရင် တပ်မတော်နဲ့ပြည်သူကို သွေးကွဲစေတဲ့ စကားလုံးများကိုသုံးသလို၊ တပ်မတော်သားတွေအနေနဲ့ NLD ပါတီကို မဲထည့်ဖို့အရှက်မရှိ တစာစာ မဲတောင်းခံတာကိုလည်း မြင်တွေ့နေရပါတယ်။ မဲဆွယ်ခရီးစဉ်တွေမှာ တပ်မတော်အနေနဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ဖို့ နိုင်ငံရေးမှာ ပါဝင်ရမယ်လို့ပြောပြီး ပါတီမူဝါဒကို မြန်မာ့ရုပ်သံက ရှင်းလင်းပြောကြားချိန်မှာ အမျိုးသားနိုင်ငံရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို လွှတ်တော်ကနေဖယ်ရှားဖို့ ပေါ်ပေါ်တင်တင်ပဲ Political Challenges လုပ်သွားခဲ့ပါတယ်။
          ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိစိတ်ထဲမှာ တပ်မတော်ဆိုတာ ဒီမိုကရေစီစနစ်အတွက် အနှောက်အယှက် ပြုလုပ်မဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ယူဆထားဟန်တူပါတယ်။ တပ်မတော်သားတွေကလည်း ဒေါ်အောင်ဆန်း စုကြည်ဆိုတာ တပ်မတော်ကို အင်အားချိနဲ့အောင်၊ တိုင်းပြည်ကိုမတည်မငြိမ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ ကြိုးဆွဲ ခံထားရတဲ့ ရုပ်သေးရုပ်အဖြစ်သာ မြင်နေကြပါတယ်။ ဒီလိုဖြစ်ရတာကလည်း မည်သူမမူ မိမိပြုဆိုတဲ့အတိုင်း ၁၉၆၀ ခုနှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဖြတ်သန်းခဲ့တဲ့ဘ၀တစ်လျှောက် အနောက်တိုင်းပတ်ဝန်းကျင် အသိုင်း အ၀ိုင်းရဲ့နှောင်ကြိုးများကြောင့် ဖြစ်မယ်ထင်ပါတယ်။
        ပုဂ္ဂိုလ်ရေးထင်ပေါ်ကျော်ကြားမှုကို အာရုံရောက်လေ့ရှိတဲ့ မြန်မာလူနေမှုဝန်းကျင်မှာ လမ်းပေါ်ကို တက်လာတဲ့ လူထုကိုကြည့်ပြီး ပြည်သူလူထုတစ်ရပ်လုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီလို့ မယူဆ စေခြင်ပါဘူး။ အထူးသဖြင့် အပြောင်းအလဲလိုလားနေတဲ့ ပြည်သူအများစုဟာ ဒေါ်အောင်ဆန်းစုကြည်မရှိလဲ အပြောင်းအလဲကို တောင်းဆိုကြမှာဖြစ်ပါတယ်။ ညှင်သာသောအပြောင်းအလဲကို တည်ငြိမ်အေးချမ်းစွာနဲ့ ပြောင်းလဲ ပေးခဲ့တဲ့ တပ်မတော်ကို ပြည်သူနဲ့ရန်တိုက်ပေးပြီး မင်းမဲ့စရိုက်ဆန်ဆန် လမ်းမပေါ်စည်းမရှိကမ်းမရှိ တက်လာတဲ့ ပြည်သူအားလုံးဟာ NLD ကို အရမ်းချစ်လို့တော့ ဟုတ်ဟန်မတူပါဘူး။
          နိုင်ငံတစ်နိုင်ငံမှာ မရှိလို့မဖြစ်တဲ့ တပ်မတော်ဆိုတဲ့အဖွဲ့အစည်းနဲ့ တပ်မတော်နှင့်သက်ဆိုင်တဲ့ လူထု              လူတန်းစားအသီးသီးက ပြည်သူလူထုဟာလည်း အင်အားစုတစ်ခုအနေနဲ့ရှိနေပြီး ဒီအင်အားစုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုမရှိဘူးဆိုတာ သတိပြုစေချင်ပါတယ်။ ဒီအင်အားစုက ဒေါ်အောင်ဆန်း စုကြည်ကို မထောက်ခံခြင်းဟာ ဒီမိုကရေစီစနစ်ကို မလိုလားလို့၊ ဒီမိုကရေစီနိုင်ငံတော်သစ်ကို မသွားခြင်လို့ မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ထင်ရှားတဲ့ လုပ်ရပ်တွေဖြစ်တဲ့ -
-       တပ်မတော်နှင့် ပြည်သူကို သွေးခွဲခြင်း
-       အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်၏ ရပ်တည်ချက်ကို လက်မခံခြင်း
-       နောက်ကွယ်က နှောင်ကြိုးများကို မလွန်ဆန်နိုင်ခြင်းတို့ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ကြားသိနေရလို့ ဖြစ်ပါတယ်။ ဒီအချက်တွေအပေါ်အခြေခံပြီး တပ်မတော်ကို ဆန့်ကျင်ဘက်အဖွဲ့အစည်းသဖွယ် ပြုမူ ဆက်ဆံပြောဆိုခြင်းများကိုလည်း အထောက်အထားများနှင့် ရှင်းပြလိုပါတယ်။
တပ်မတော်နှင့်ပြည်သူကိုသွေးခွဲခြင်း
          ``ကျွန်မဖေဖေခေတ်တုန်းက တပ်မတော်သားတွေကို ပြည်သူတွေ သိပ်ချစ်ကြတယ်၊ ပြည်သူတွေရဲ့ပြန်လည် ချစ်ခင်မှုကိုပြန်ရဖို့အတွက် တပ်မတော် သားတွေအနေနဲ့ NLD ကို မဲထည့်ဖို့ပြောခြင်ပါတယ်။ တပ်မတော်သား တွေကို ပြည်သူကချစ်ဖို့လိုသလို၊ တပ်မတော်သားတွေကလည်း ပြည်သူကိုအားကိုးဖို့ မြန်မာတပ်မတော်ဟာ နိုင်ငံရဲ့အခြေခံ ဖြစ်ဖို့နဲ့ ပြည်သူတွေအပေါ်ကို စိုးမိုးချင်တဲ့ဆန္ဒမရှိဖို့လိုပါတယ်´´ ဆိုပြီး မတ်လ()ရက်နေ့က ပုဗ္ဗသီရိမြို့နယ်မှာ ပြောကြားသွားခဲ့ပါတယ်။ ဒီပြောကြားချက်များဟာ လက်ရှိတပ်မတော်တွင် တာဝန် ထမ်းဆောင်ဆဲ တပ်မတော်သားများကို စော်ကားမော်ကား ပြောဆိုသွားခဲ့ခြင်းသာ ဖြစ်ပါတယ်။ တပ်မတော်ဟာ ပြည်သူလူထုအတွင်းက ပေါက်ဖွားလာခဲ့ပြီး ပြည်သူများရဲ့ ဘ၀လုံခြုံမှုနဲ့ နိုင်ငံ့အချုပ် အခြာအာဏာ မဆုံးရှုံးရလေအောင်၊ ပြည်ထောင်စုကြီးမပြိုကွဲရအောင် အသက်သွေးချွေးများ ပေးဆပ်နေသူများ ဖြစ်ပါတယ်။ တပ်မတော်ကမလွှဲမရှောင်သာ နိုင်ငံအာဏာလွှဲပြောင်းရယူခဲ့ရခြင်းကို မျက်စိစုံမှိတ်ပြီး ပြည်သူတွေ ကိုနှိပ်စက်ခြင်လို့၊ ပြည်သူတွေကို စိုးမိုးခြင်လို့ဆိုတဲ့ အနောက်မီဒီယာမှိုင်းမိသူများရဲ့ထုံးစံအတိုင်း တပ်မတော်နဲ့ ပြည်သူ ကို ဆန့်ကျင် ဘက်အုပ်စုအသွင်ဖြစ်စေမဲ့ စကားလုံးမျိုး ပြောသင့်ပါဘူး။ အထူးသဖြင့် တပ်မတော် အစိုးရက ခင်းပေးခဲ့တဲ့ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲကာလမှ ယခင်အတွေးအခေါ် အယူအဆများကို တတ်နိုင် သမျှ ထိန်းချုပ်သင့်ကြောင်း အကြံပြုလိုပါတယ်။
          ၁၉၈၈ ခုနှစ်မှာ တပ်မတော်က ဘာကြောင့် နိုင်ငံအာဏာကိုရယူခဲ့ရတယ်၊ စစ်အစိုးရအုပ်ချုပ်စဉ် ကာလအတွင်း ပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှုရှိအောင် ပြည်သူတွေရဲ့ လူနေမှုဘ၀တွေ မြင့်မားတိုးတက် လာအောင်၊ လုပ်ဆောင်ပေးခဲ့တဲ့ စွမ်းဆောင်ချက်များနဲ့ နောက်ဆုံးတည်ငြိမ်အေးချမ်းစွာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပေးခဲ့တဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကို အကျယ်ချဲ့ပြီး မပြောလိုတော့ပါဘူး။
          ကျွန်မဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း)ခေတ်တုန်းက တပ်မတော်သားတွေကို ပြည်သူတွေက သိပ်ချစ် ကြသလို ကျွန်မဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း)လုပ်ကြံခံရပြီးနောက်မှာလည်း ပြည်သူတွေက တပ်မတော်သား တွေကို ချစ်ခင်ဆဲပဲလို့ တပ်မတော်သားများက ခံစားယုံကြည် နေကြပါတယ်။ ကျွန်မဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း) ခေတ်တုန်းက တပ်မတော်ရဲ့ရန်သူက ဒေါ်အောင်ဆန်းစုကြည် အမျိုးတွေ(အင်္ဂလိပ်)ဖြစ်ပြီး အဲဒီခေတ်တုန်းက လွတ်လပ်ရေးကြိုးပမ်းမှုဟာ တပ်မတော်ရဲ့ အဓိကတာဝန်ပါ။ ကျွန်မဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း)ခေတ်နောက်ပိုင်း တပ်မတော်ရဲ့ရန်သူဆိုတာ ဒေါ်အောင်ဆန်းစုကြည် အမျိုးတွေ (အင်္ဂလိပ်)သွေးခွဲဖန်တီးခဲ့လို့ ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်း သောင်းကျန်းသူတွေ ဖြစ်တယ်ဆိုတာတော့ နားလည်မယ်ထင်ပါတယ်။
          `` ပြည်သူတွေရဲ့ ပြန်လည်ချစ်ခင်မှုပြန်ရဖို့ ´´ ဆိုတဲ့ အသုံးအနှုန်းကတော့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေကို ပြည်သူတွေကပဲ မချစ်ခင်၊ မနှစ်သက်တော့သယောင်ယောင် မိမိစိတ်နဲ့နှိုင်းပြီး ပြောခြင်း ဖြစ်မယ်ထင်ပါတယ်။ တပ်မတော်အပေါ်အညှိုးအတေးရှိနေတဲ့စိတ်ခံစားမှုကြောင့် ပြောဆိုတယ်လို့ဘဲ ယူဆပါတယ်။ NLD ပါတီကို မဲထည့်မှ ပြည်သူတွေက တပ်မတော်ကို ပြန်လည်ချစ်ခင်လာမယ်ဆိုတာ ဘာမှမဆိုင်ဘူးထင်ပါတယ်။
          -         တပ်မတော်အတွက် NLD ဘာလုပ်ပေးပါသလဲ.. ? 
          -         ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တပ်မတော်ရဲ့ ရပ်တည်ချက်ကိုနားလည်လက်ခံမှာလား.. ?
-         တပ်မတော်အင်အားရှိအောင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်ပေးဖူးပါသလဲ…? မေးလိုက်ချင် ပါတယ်။
          ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ကို တည်ထောင်ခဲ့သူ တပ်မတော်ဖခင်တစ်ဦးဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ် လုပ်ကြံခံရပြီးနောက် တပ်မတော်ကတာဝန်ယူခဲ့ရတဲ့ နိုင်ငံတော်ထူထောင်ရေး၊ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ တပ်မတော်ဖခင် ဗိုလ်ချုပ်တစ်ယောက်ရဲ့သမီးကဘယ်အခန်းကဏ္ဍမှာမှ မပါရှိဘူးဆိုတာကို လူတိုင်းသိပါတယ်။
          လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးပါတယ်။ တပ်မတော်သမိုင်းကို တပ်မတော်သားများက ရေးသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းကြောင်းကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရေးခဲ့တဲ့သမိုင်းကြောင်းအရ တပ်မတော်အပေါ် ထိပ်တိုက်ရင်ဆိုင်မှုနဲ့ တပ်မတော်သား တွေကို အထင်မကြီး၊ မလေးစားပဲ ပြည်သူကို နိုင်ထက်စီးနင်းလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ထင်မြင်ယူဆ နေရင်တော့ တပ်မတော်သမိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နိုင်ငံတော်ရဲ့အချုပ်အချာအာဏာကို ဆုံးရှုံး အောင်လုပ်သွားနိုင်တဲ့ ဆူးညှောင့်ခလုပ်ပဲ ဖြစ်ပါလိမ့်မယ်။
          ပြည်သူနဲ့တပ်မတော် ဆန့်ကျင်ဘက်အသွင်ဖြစ်စေမဲ့ အပြုအမူ၊ အပြောအဆိုများဟာ တပ်မတော်အင်အား ချိနဲ့ အောင် လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။ ဒီနေ့ခေတ်ကာ လမှာ တပ်မတော်အပေါ်အမြင်မကြည်လင်သူ၊ တပ်မတော် အပေါ် နိုင်ငံရေးအရဆန့်ကျင်သူ ၊တပ်မတော်ကို စစ်ရေးအရ တိုက်ခိုက်သူများဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဆိုတဲ့ မှိုင်းလုံးကြားမှာ မျက်မှန်စိမ်းတပ်ခံထားရတဲ့ ပြည်သူအချို့ဖြစ်တယ်လို့ တပ်မတော်က ယုံကြည်လက်ခံထား ပါတယ်။ ဒီလိုတပ်မတော်အပေါ် မကောင်းမြင်သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဆောင်မှုပေးနေတဲ့ အဓိကပဲ့ကိုင်ရှင် မဖြစ်စေလိုပါဘူး။ ဖြစ်နေလို့ပြောရတာဖြစ်ပြီး မဖြစ်စေလိုတဲ့ တပ်မတော်သား များရဲ့ ဆန္ဒအမှန်ကိုတော့ ယုံကြည်စေချင်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက တပ်မတော်အပေါ် မကောင်းမြင်နေ တာမဟုတ်သလို နိုင်ငံတကာကလည်း တပ်မတော်ကို အထင်ကြီးလေးစားမှုတွေ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ -
        တပ်မတော်အပေါ်အမှန်တကယ်ချစ်ခင်ပါတယ်ဆိုရင် ----
          တပ်မတော်မိသားစုဝင်တစ်ဦးပါလို့ အမှန်တကယ်ခံယူထားတယ်ဆိုရင် ---
          ပြည်သူနှင့် တပ်မတော်ကို သွေးမခွဲဘဲ ပြည်သူထဲက ပေါက်ဖွား လာတဲ့ ပြည်သူ့တပ်မတော်ကို အားပေးထောက်ခံပြီး နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်နိုင် ရန်အလို့ငှာ တိုင်းပြည်အင်အားရှိအောင် တပ်မတော် အင်အားရှိစေရေး ပြောဆိုပြုမူလုပ်ကိုင် ကြံဆသွားသင့်ပါ ကြောင်း အကြံပြုပါတယ်။

ကေအိုင်အေအဖွဲ့၏ တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၅)နှင့် ဘွန်ဆင်(န်) BumSen စခန်းမှ စတင်ကာ ၂၀၁၁ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာအစိုးရတပ်များနှင့် KIA အဖွဲ့များ ကချင်ပြည်နယ်အတွင်း စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် (၁၆-၆-၂၀၁၁) ရက်နေ့တွင် လိုင်ဇာမြို့၌ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေး မှုများအား တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ စာဖြင့် အပြန်အလှန် ဆက်သွယ်ပေးပို့ ခြင်း (၂၁) ကြိမ်ကျော် ပြုလုပ်ခဲ့ကြရာ နိုင်ငံတော်အစိုးရအနေဖြင့် KIOအဖွဲ့(ညှိနှိုင်းရေးအဖွဲ့)၏ တောင်းဆိုချက် များအား အတတ်နိုင်ဆုံးလိုက်လျောပေးခဲ့သော်လည်း KIO အဖွဲ့အနေဖြင့် ပြင်ဆင်ချက်များ ထပ်မံပြုလုပ်ခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ထပ်မံဖြည့်စွက်ပြောင်းလဲ အကြောင်းပြန်စာများပေးပို့ကာ ငြိမ်းချမ်းရေးရယူရန် ရှောင်လွှဲ လာခဲ့ကြပါသည်။

ယခုအချိန်သည် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့(KIA)အဖွဲ့ အနေဖြင့် နိုင်ငံတော် အစိုးရနှင့်ငြိမ်း ချမ်းရေး ဆွေးနွေးမှု များပြုလုပ်ကာ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ကောင်းစားရေးအား အစိုးရနှင့် လက်တွဲပြုလုပ်ရန် အကောင်း ဆုံးအချိန်ပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများပြုလုပ် ကာ ဆွေးနွေး ပွဲများဖြင့် အနှစ်(၆၀)ကျော် လက်နက်ကိုင်တော်လှန်ခဲ့သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ပြီးခဲ့သော ဇန်န၀ါရီလ (၁၂)ရက်နေ့တွင်၎င်း ၊ ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA(s)) အဖွဲ့တို့နှင့် သဘောတူ လက်မှတ်ရေးထိုးကာ ဇန်န၀ါရီလ(၆)ရက်နေ့ တွင် (CNF) ချင်းအမျိုးသားတပ်ဦးနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။ 

(ALP) ရခိုင်လွတ်မြောက်ရေးပါတီအား ဇန်န၀ါရီလ ၊ (၂၃)ရက်နေ့တွင် အစိုးရဘက်မှ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး ရခိုင် လွတ်မြောက်ရေး ပါတီဘက်မှလည်း ကြိုဆိုကြောင်းနှင့် မကြာခင် ငြိမ်းချမ်းရေး အကြောင်းပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ PNLO(ပအို့ဝ်အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်)သည်လည်း အစိုးရနှင့်ဆွေးနွေးရန် အဖွဲ့ဝင်(၅)ဦးပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ အတိအလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့်  ဖေဖော်ဝါရီလ ထဲတွင် ဆွေးနွေးနိုင် ရန် ပြင် ဆင်နေပြီဖြစ် ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံသဘောတူညီမှုများကို လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ ပါသည်။ 

ကျန်အဖွဲ့(၅)ဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ကာ သဘောတူလက်မှတ်ရေးထိုး မှုများ ပြုလုပ်နေ ချိန်တွင် ကျွန်တော်တို့ ကချင်ဒေသခံပြည်သူများအတွက် ကချင်ပြည်နယ်အားကိုယ်စားပြုကာ တိုက်ပွဲ ၀င်နေသည်ဟု ကြွေးကြော်နေသော KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရပ်စဲဆုတ်ယုတ်နေသည်များအား မသိကျိုးကျွံပြုကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အား ရှောင်လွဲမှု အကြိမ်ကြိမ် ပြုလုပ်နေခဲ့ပါသည်။ ယခုနောက်ဆုံးအကြိမ် လိုင်ဇာမြို့၌ ဇန်န၀ါရီ (၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို အဆုံးအဖြတ် ပေးနိုင်သော KIA ခေါင်းဆောင်ကြီးများမပါဝင်ဘဲ မြန်မာစစ်တပ်များ၏ ထိုးစစ်ဆင်မှုများ အား ခေတ္တရပ်တန့်စေလိုသော ရည်ရွယ်ချက်ဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဟန်ပြလုပ်ဆောင် ခဲ့ခြင်းဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်း ယခင်းအစိုးရတည်ဆောက်ပေးခဲ့သော လမ်းများ၊တံတားများကြောင့် ပြည်သူများ သွားလာမှုနှင့် ရောင်းဝယ်ဖောက်ကားရာတွင် လွယ်ကူအဆင်ပြေခဲ့ပါသည်။ သို့သော် မြန်မာအစိုးရစစ်တပ်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည့်အချိန်မှစ၍ စစ်ရေး အကြောင်းပြချက်ဖြင့် လမ်းများ၊တံတားများအား ဖျက်ဆီး ပစ်ခြင်းသည် ပြည်နယ် အတွက် ကြီးမားသော ဆုံးရှုံးမှုများပင်ဖြစ်ပါသည်။ ကေအိုင်အေအဖွဲ့သည် ဇန်န၀ါရီလ(၁၇)ရက်နေ့အထိ တံတားမိုင်းခွဲသော အကြိမ်ပေါင်း (၁၁၃)ကြိမ်၊ ကားလမ်းမိုင်းခွဲသော အကြိမ်ပေါင်း (၁၅)ကြိမ်၊ မီးရထားလမ်းမိုင်းခွဲသော အကြိမ်ပေါင်း(၂၃)ကြိမ် ပြုလုပ်ခဲ့သည်ကို ပြည်နယ်အစိုးရ၏မှတ်တမ်းများ အရ သိရှိရပါသည်။

KIA အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုများအား သိရှိမြင်သာစေရန် တင်ပြရမည်ဆိုလျှင်-
          ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ထိုးပူနှင့်ဆားမှော်အကြား မိုင်တိုင်အမှတ် ၆၇၈/၁၁ နှင့် ၁၂ ကြားတွင် ကေအိုင်အေအဖွဲ့မှ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့ကြပါသည်။ KIA အဖွဲ့ သည် မြန်မာ  အစိုးရ   စစ်တပ်မှ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းအမှား များထုတ်လွှင့်ကာ ပြောဆိုခဲ့သော် လည်း ဖောက်ခွဲမှုကြောင့် ရထာလမ်းဘေးတွင် သေဆုံးနေသော  KIA ယူနီဖောင်းဝတ် စစ်သားနှစ်ဦးမှာ KIA အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများ မြင်တွေ့နိုင်ရန် ထာဝရဘုရားသခင်မှ ဒဏ်ခတ်ခဲ့ခြင်းပင်ဖြစ်ပါသည်။

ရထားလမ်းဘေးတွင် သေဆုံးနေသော
KIA ယူနီဖောင်းဝတ် စစ်သားနှစ်ဦး 
၂၀၁၁ ခုနှစ် ၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် မိုးကောင်း- မန္တလေးသွား မီးရထားလမ်းအား KIA အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့ပါသည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကိုယ်တိုင်မှ “KIA တပ်တွေအနေနဲ့ မြန်မာအစိုးရ စစ်တပ်များအား စစ်ရေးအရှိန်မြင့်တင်ရုံမကဘဲ အရင်ကထက် ပြင်းထန်သော ဖောက်ခွဲ  ဖျက်ဆီးရေး  လုပ်ငန်းများ အား တိုးမြှင့်  လုပ်ဆောင်သွားရန်” ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါသည်။

KIA အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့သော မိုးကောင်း- မန္တလေးသွား မီးရထားလမ်း

မြန်မာအစိုးရစစ်တပ်များ သွားလာရာ လမ်းကြောင်းများတွင် ထိခိုက် ဆုံးရှုံးမှု များဖြစ်ပေါ်စေရန် မိုင်းထောင် ခြင်းများ ပြုလုပ်  ထား ရှိသော်လည်း အမှန် တကယ် ထိခိုက်သူများမှာ ပြည်နယ် အတွင်း ရိုးသားစွာ လုပ်ကိုင် စား သောက်နေကြသော ဒေသခံပြည်သူ များပင် ဖြစ်ပါ သည်။ (၂၆-၁၁-၂၀၁၁)ရက်နေ့တွင် ကာမိုင်း-မအူပင် (၆)မိုင် ဖြတ်လမ်းဘေးတွင် ကေအိုင်အေ အဖွဲ့မှ ထောင်ထားသော   မိုင်းအား နင်းမိ၍ ခြေထောက်ပြတ် သွားသော ရေကာတာကျေးရွာမှ မစန်းစန်းအား ပုံနှင့် တကွတွေ့မြင်နိုင် ပါသည်။ KIAအဖွဲ့မှ မဆင်မခြင် မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒေသခံ များမှာ တောင်ယာ  လုပ်ငန်းများအား ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ စီးပွားရေးကျပ်တည်း နေခဲ့ရပါသည်။

 ကေအိုင်အေမှ ထောင်ထားသော မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသော
ရေကာတာကျေးရွာမှ မစန်းစန်း

ဒါ့အပြင် KIA အဖွဲ့သည် (၁၆-၁၀-၂၀၁၁) ရက်နေ့တွင် လုံးခင်၊ဖားကန့်၊ဆိပ်မူ ရတနာမြေများတွင်ရှိသော ကုမ္ပဏီများ၊ ကုန်စုံဆိုင်များ၊ စက်သုံးဆီဆိုင်များအား လစဉ်ဆက်ကြေးကောက်ခံမှုများပြုလုပ်နေပြီး တစ်လလျှင် ကုမ္ပဏီများသည် သိန်း (၂၀၀) မှ သိန်း (၅၀၀)ထိ၊ ကုန်စုံဆိုင်များသည် (၅)သိန်းမှ (၁၀)သိန်းအထိ ၊စက်သုံးဆီ ဆိုင်များသည် (၁)သိန်းမှ (၅)သိန်းအထိ ကောက်ခံခဲ့ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် လူနေမှုဘ၀ရပ်တည်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် ရုန်းကန် လုပ်ကိုင် စားသောက်နေရချိန်တွင် KIA အဖွဲ့များအနေဖြင့် လက်နက်ကိုင်ကာ ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံ ရှာဖွေနေကြပါသည်။ လက်လုပ်လက်စား မိသားစုများ အနေဖြင့် များစွာ ဆင်းရဲဒုက္ခရောက်ရ သည့်အပြင် KIAအဖွဲ့အား ဆက်ကြေးပေး ဆောင်ရသဖြင့် ဆင်းရဲတွင်း နစ်သထက်နစ်နေခဲ့ရပါသည်။

ဝိုင်းမော်-ကံပိုက်တီး သွားလမ်းပေါ်တွင် KIAတပ်ဖွဲ့မှ လူစီးယာဉ်များနှင့် ကုန်ပစ္စည်းတင်ဆောင်လာသော ကားများအား ငွေကြေးတောင်းခံခြင်းများပြုလုပ်ပြီး ကားလေးတစ်စီးလျှင် ငွေကျပ်(၁)သောင်းနှင့် ကုန်ကား တစ်စီးလျှင် (၁)သိန်း တောင်းခံသောကြောင့် ကုန်သည်များအနေဖြင့် ၄င်းတို့၏ကုန်ပစ္စည်းများ အရူံးမပေါ်စေရန် လမ်းခရီးတွင် ကုန်ကျသည့်ငွေကြေးအား ထည့်သွင်းရောင်းချသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လာခဲ့ ပါသည်။

KIAအဖွဲ့အနေဖြင့် ပြည်နယ်လွတ်မြောက်ရေးအကြောင်းပြကာ အစိုးရတပ်များအား စစ်ပွဲများဆင်နွှဲ ရာတွင် ကချင်ပြည်နယ် အတွင်းရှိ ကျေးရွာများမှ တစ်အိမ်တစ်ယောက် လူသစ်စုဆောင်းခံကြရပါသည်။ ညဘက် များတွင် ရွာများအားလာရောက်ကာ အတင်းအဓ္ဓမ လူသစ်စုခြင်းကြောင့် ရွာသားများသည် ညဘက်ရောက်လျင် တောင်ယာထဲသို့ သွားရောက်အိပ်ရပါသည်။ မလိုက်ပါက ကချင်လူမျိုး သစ္စာဖောက်ဟု စွပ်စွဲမှုများပြုလုပ်ကာ ပစ်သတ်ကြပါသည်။ ကချင်လူမျိုးကောင်းစားရေးဟု ဆိုသော်လည်း ကချင်လူမျိုးများ မှာ ကောင်းစားမလာဘဲ ယခုလိုဖြစ်ရပ်များကြုံတွေ့နေရကာ KIA အဖွဲ့၏ လက်နက်ကိုင်အုပ်ချုပ်မှုအောက်တွင်  ဆင်းရဲဒုက္ခမျိုးစုံခံစား နေကြရပါသည်။

မြန်မာအစိုးရနှင့် KIAအဖွဲ့တို့၏  တိုက်ပွဲများကြောင့် (၆)လအတွင်း မြန်မာ   အစိုးရ  ထိန်းချုပ်မှုအောက် နယ်မြေများတွင် ဒုက္ခသည် (၁၅၀၀၀)ကျော်နှင့် KIO ထိန်းချုပ်သည့်ဒေသများတွင် ဒုက္ခသည် (၃၀၀၀၀)ကျော် ရှိခဲ့ပါသည်။ KIO ထိန်းချုပ်ရေးဒေသများဖြစ်သော လိုင်ဇာဒေသတွင် (၁၃၀၀၀)ကျော်၊ မိုင်ဂျာယန်ဒေသတွင် (၁၁၀၀၀)ကျော် ၊ ဆဒုံးဒေသ(တရုတ်-မြန်မာနယ်စပ်)တွင် ဒုက္ခသည် (၆၀၀၀)ကျော်ရှိပါသည်။ လိုင်ဇာမြို့ အတွင်းရှိ ဒုက္ခသည်များမှာ စားဝတ်နေရေး အခက်အခဲ          များအား  KIO   အဖွဲ့ချုပ် မှ   ပြေ လည်အောင်ဖြေ  ရှင်းပေး နိုင်ခြင်း မရှိသည့်  အတွက်  တောင်းဆို  မှုများ ပြုလုပ်လျှက် ရှိပါသည်။ ကချင်ပြည်နယ် ၀န်ကြီးချုပ်မှ ဒုက္ခသည်များ အတွက် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့သော်လည်း လက်ခံခဲ့ခြင်း မရှိသည့်အတွက် ဒုက္ခသည်များ၏ ဘ၀ကို ကြည့်ကောင်းကောင်းဖြင့် ကြည့်နေနိုင်သူများပင်ဖြစ်ပါသည်။

ဒုက္ခသည်များအား ပြည်တွင်း/ ပြည်ပ  အဖွဲ့အစည်း   များမှ    ငွေကြေးထောက်ပံ့မှုများ လုံလုံ လာက်လောက် ပြု လုပ်နေသော်          လည်း  ဒုက္ခသည်များ လက်ဝယ်သို့ အကူအညီများ အပြည့်အ၀ မရရှိ ခဲ့ကြပါ။ ကချင်လွတ်မြောက် ရေးအဖွဲ့ KIA ခေါင်းဆောင်များ၏ ချုပ်ချယ်ကွပ်ကဲမှုကြောင့် ဒုက္ခသည်များသည် အစားဆင်းရဲ၊အနေဆင်းရဲဖြင့် နေကြရပါသည်။ KIA ခေါင်းဆောင်ပိုင်းများအား ရသမျှစုဆောင်းပြီး အပွကြံနေကြ သူများဟုလည်း ပြောဆိုနေကြ ပါသည်။ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခံနေရသည့် အသိဥာဏ်နည်းပါးသော ဒုက္ခသည်များ၏ဘ၀ကို စာနာမိ ပါသည်။

 ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည်များ

 (၁၇-၁-၂၀၁၂)တွင် KIA အဖွဲ့မှ သွားလာခွင့်ပိတ်ထားသော ကာမိုင်း-လုံးခင်-ဖားကန့် နှင့် ကံပိုက်တီး ကားလမ်းများအား ငြိမ်းချမ်းရေးဆွေးနွေးမှုကြောင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင် မှုများမှာ ပုံမှန်အတိုင်းဖြစ်ပေါ်လာကာ စားသောက် ကုန်ပစ္စည်းဈေးနှုန်း များ ပြန်လည် ကျဆင်း သွားသဖြင့်  ဒေသခံပြည်သူများ အနေဖြင့် များစွာ ၀မ်းမြောက်နေကြပါသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)အတွင်းရှိ ခေါင်းဆောင်ကြီးများ အနေဖြင့် အာဏာ ယစ်မူးကာ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခြင်းအား ရှောင်လွဲပြီး ၄င်းတို့၏အကျိုးစီးပွာအတွက်သာ လုပ်ဆောင်နေခဲ့ ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ အကျပ်အတည်း ၊ အခက်အခဲ ၊ လူနေမှုဘ၀နိမ့်ကျနေခဲ့ ရသည့် ဒုက္ခဆိုးများအား အနည်းငယ်မျှပင် စောင်းငဲ့မကြည့်ဘဲ ငြိမ်းချမ်းရေးလိုလားသယောင်ပြုလုပ်နေပြီး မိမိတို့၏အတ္တများကိုသာ ဦးစားပေးနေသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)၏ လုပ်ရပ်များသည် ကချင် ပြည်နယ်သားများအပေါ် ငဲ့ညှာမှုမရှိသည်မှာ ပေါ်လွင်နေပါသည်။ ၄င်းတို့၏ အကျိုးစီးပွားအတွက် အာဏာ ယစ်မူးကာ လက်နက်ကိုင်အုပ်ချုပ်မှုအား မစွန့်လွှတ်ချင်သော အဖွဲ့အစည်းတစ်ခုသာဖြစ်ကြောင်း ကျိန်းသေ သတ်မှတ်ရတော့မည်ပင်ဖြစ်ပါသည်။ ကချင်ပြည်သူ/ပြည်သားများအနေဖြင့် ငြိမ်းချမ်းရေးအား အမှန်တကယ် ရရှိရန် ၀မ်းသာအားရကြိုဆိုနေချိန်တွင် KIA ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးကိုအယောင်ပြပြီး ကိုယ်ကျိုး စီးပွားကို ရသမျှယူနေဦးမည်ဆိုသည်ကို ကချင်ပြည်သူ/ပြည်သားများ အားလုံးကို သိစေချင်ပါသည်။

ငြိမ်းချမ်းစွာနေလိုသော ကချင်ပြည်သူလူထုကိုယ်စား ( ကချင်တိုင်းရင်းသားတစ်ဦး )
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့။