ဝိုင်းမော်- ချီဖွေကားလမ်းမှရှိတဲ့ ဒွန်ဘန်ချောင်းကူးတံတားကို မနေ့မနက် ၂နာရီခွဲလောက်တုန်းက KIA မှ လာရောက်
မိုင်းခွဲခဲ့သဖြင့် ကြမ်းခင်းမှာ ၅ပေ ပတ်လည်ပျက်စီးသွားခဲ့ပါတယ်။ တံတားမိုင်းပေါက်ကွဲသံကို နယ်ခြားစောင့်အဖွဲ့မှ
ကြားပြီး လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် တံတားကိုလာရောက် မိုင်းဖောက်ခွဲတဲ့ KIA အဖွဲ့မှ သူတွေက ထွက်ပြေးခဲ့တယ်
လို့သိရပါတယ်။

KIA အဖွဲ့ဟာ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ အဓိကလမ်းကြောင်းတွေမှာရှိတဲ့ တံတားတွေကိုဖောက်ခွဲမှုတွေပြုလုပ်
နေတာဟာ အခုဆိုရင် တံတားပေါင်း ၂၀၀ ကျော်နေပြီးဖြစ်ပါတယ်။ အဲဒီလိုဖောက်ခွဲခဲ့တဲ့အတွက် ဒေသခံတွေရဲ့စားဝတ်
နေရေးကို လုံးဝအခက်အခဲတွေကိုဖြစ်ပေါ်မှုတွေဖြစ်စေတဲ့အပြင် ဒုက္ခတွေကိုဖြစ်ပေါ်စေပါတယ်။ လမ်းကြောင်းတေကွို
ပိတ်ပင်မှုတွေ ဖျက်ဆီးမှုတွေကြောင့် ဒေသအတွင်းမှာ ကုန်စည်စီးဆင်းမှုမရှိသလောက်ဖြစ်ခဲ့ပြီး ကုန်ဈေးနှုန်းတွေမြင့်
တက်ပြီး ဒေသခံတွေဒုက္ခရောက်နေကြရတယို့ ၀ိုင်းမော်မြို့မှ ဒေသခံတစ်ဦးမှ KDN သတင်းဌာနသို့ သတင်းပေးပို့
ထားပါတယ်။