မြန်မာမြေပေါ်တွင် နေထိုင်ပြီး၊ မြန်မာပြည် မကောင်းကြောင်း သွားပုတ်လေလွင့် ပြောဆိုနေသည့် ပြည်ပြေး သစ္စာဖောက်များ အကြောင်းမှာ နော်ဝေ သတင်း မီဒီယာများတွင် ရေပန်းစား နေလျက်ရှိသည်။ မိမိ ကိုယ်ကိုမိမိ အထင်ကြီး၊ သွေးနားထင် ရောက်နေသည့် လူစားများ တော်တော်များများ ရှိနေပါ သေးလားဟု စာရေးသူ သုံးသပ်မိပါသည်။ သြစတြေးလျတွင် နိုင်ငံရေး ဒုက္ခသည်ဟု ခိုလှုံနေသော ထူးထူးဟန်နှင့် မွန်ရှား ဆိုသူတို့သည် မြန်မာစစ်အစိုးရ၏ လက်ကိုင်တုတ် အဖြစ် ဆောင်ရွက်ခဲ့ပြီး ကရင် တိုင်းရင်းသားများကို သတ်ဖြတ်ခဲ့သည်ဟု ပြောဆို ထားပါသည်။ တစ်ပါးနိုင်ငံကို အထင်ကြီးပြီး၊ အဆိုပါ နိုင်ငံသား အဖြစ် ခံယူလို ပါကလည်း အေးအေးချမ်းချမ်း ခံယူ သွားနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလက ထောက်လှမ်းရေး အရာရှိအဖြစ် ဆောင်ရွက် ခဲ့စဉ်တွင် ကျောင်းသား ခေါင်းဆောင်အဖြစ် ဟန်ဆောင်ကာ သူလျှိုလုပ်၊ တန်ပြန်သပိတ် ဖြိုခွဲရေးများ လုပ်ဆောင် ခဲ့ရုံသာမက ဒီမိုကရေစီ လှုပ်ရှားသူ (၁၀၀) ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ထူးထူးဟန်က ဆိုထားပါသည်။
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ပရမ်းပတာ သတ်ဖြတ်မှုမျိုး ဘယ်သော အခါကမျှ လုပ်ဆောင်ခဲ့ဘူးခြင်း မရှိခဲ့ပေ။ တရားဥပဒေ စိုးမိုးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့် အညီ မညှာမတာ သတ်ဖြတ်မှုမျိုး ရှိလာပါကလည်း ချမှတ်ထားသည့် စည်းမျဉ်း ဥပဒေများဖြင့် တရားစွဲဆို အရေးယူမှုများကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ပရမ်းပတာ ပြောဆိုသော ထူးထူးဟန်၏ ဦးနှောက်မရှိ လုပ်ဆောင်ချက်များ အပေါ် သြစတြေးလျ တရားသူကြီးချုပ် Robert McCelland က စစ်ဆေးစုံစမ်း သွားမည် ဖြစ်ကြောင်း မီဒီယာ တစ်ခုမှ ဖတ်ရှုခဲ့ရပါသည်။ အရူးချီးပန်း ပြောနေသော ပြောဆိုမှုကို အရူးချီးပန်း စိတ်ဓာတ်ဖြင့် ဖြေရှင်းဆောင်ရွက် ချင်နေသလား မပြောတက်။ ယခုကဲ့သို့ စစ်ဆေးမှုများ သည်လည်း ထူးထူးဟန်လို အရူးတစ်ယောက် အပေါ် အရူးဘုံမြှောက် ပေးသကဲ့သို့ အချီးအနှီး လုပ်ဆောင်မှုပင် ဖြစ်မည်ဟု စာရေးသူ ပြောလိုသည်။ မည်ကဲ့သို့ပင် စစ်ဆေးမှုများ လုပ်ဆောင်ပါစေ။ မှန်ကန်မှုများကို အရင်းတည်ပြီး၊ ပြည်သူများ ကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့သော မြန်မာအစိုးရများ အနေဖြင့် စိုးရိမ်ထိတ်လန့် နေမည် မဟုတ်ပေ။ ထူးထူးဟန်နှင့် မွန်ရှား ဆိုသူတို့မှာ တစ်ပါးနိုင်ငံက ငွေကြေးပေး၍ ၀ယ်ယူခြင်း ခံထားရသော ခေတ်သစ် ကျွန်သားပေါက်များ ဟူ၍ပင် စာရေးသူ ထင်မြင်မိပါသည်။
အေးချမ်းတည်ငြိမ်ပြီး ဒီမိုကရေစီ လမ်းကြောင်းမှန်သို့ ဦးတည်သွားနေသည့် မြန်မာနိုင်ငံအား မတည်မငြိမ် ဖြစ်အောင် မည်သည့် နည်းလမ်းကို သုံးသုံး မှုတော့မည် မဟုတ်။ ခိုင်မာ မှန်ကန်သည့် အတိတ် လုပ်ရပ်များနှင့် ပစ္စုပ္ပန် လုပ်ဆောင်ချက် များကို ပူးပေါင်းကာ အေးချမ်း သာယာမှုရှိသည့် အနာဂတ် ဒီမိုကရေစီ လမ်းကြောင်းသို့ ဆက်လက် လှမ်းတက် သွားမည် ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။
စောရန်နိုင်

မြန်မာ စစ်ထရပ်ကား











မြန်မာတပ်မတော် စစ်ထရပ်ကားများ



ဗိုလ်ချူပ်ပြောတဲ့ တပ်မတော်  ဖြစ်ဖို့   ကြိုးစားနေသော်ငြားလည်း   လွန်ခဲ့  တဲ့   ၇က်အနည်းငယ်အတွင်းမှာ
ပဲ   မူဆယ်ဘက်မှာ  မိုင်းမိပါတယ်။ဘယ်လောက်တောင်  ဆိုး၇ွားတဲ့  အပြု အမူပါလိမ့် ။ဒါတွေက ပြည်သူ
အသက်ကို  ကာကွယ်ပေးမဲ့   အဖွဲ့ အစည်းပါ။တိုင်းပြည်တခုခုဖြစ်၇င်   ငါတို့   SSA.KIO  ဆိုပြီး ပြည်သူတွေ  ကို ကယ်ဖူးတာ  ၇ှိပါသလား။ဒီတပ်မတော်ပါပဲ။ငြိမ်းချမ်းေ၇း  ယူပြီးနောက်ပိုင်း  တကယ်
ေ၇ာ   အေးအေးချမ်းချမ်းနေခဲ့ ပါသလား။  တခါ  ငြိမ်းချမ်းေ၇းယူပြီး  အဖွဲ့ အစည်းကို ကောင်းအောင်လုပ်
၊ပြီး၇င်  ပြန်တောခို   ဆို၇င်တော့   အလုပ်မဟုတ်တော့ ပါဘူး။ကိုယ်အဖွဲ့ အစည်းနဲ့   တလူမျိုး စနစ်ကို သာ
ကြည့် ကျတယ်  ဆိုတာ   ဒီတိုက်ပွဲ တွေကို  ကြည့် ၇င်မြင်သာပါတယ်။ဒါပေမဲ့   ဘယ် ဗမာလူမျိုးမှ  ဗမာဆို
ပြီး  ကြီးကြီးကျယ်ကျယ်မပြောပါဘူး။ နယ်စပ်တွေမှာ   ဗမာပြည်ထဲ  သွားတော့မယ်၊ဗမာပြည်က  ပြန်လာ
တာလို့  ပြောတာကြားတိုင်း  ၀မ်းနည်းမိတယ်။တကယ်တော့  ဒီဒေသတွေက   မြန်မာပိုင်နက်နယ်မြေ၊နယ်
စပ်တွေမှာပါ။ဘယ်လောက်တောင်  ၀မ်းနည်းဖို့ ကောင်းပါသလဲဆိုတာ.......



မြန်မာ့နိုင်ငံရေးစာမျက်နှာတွင် အစိုးရနှင့်ဒေါ်စုကြည်အကြား ဆက်ဆံရေးဝန်ကြီး အဖြစ်တာဝန်ယူဆောင် ရွက်နေသော ဦးအောင်ကြည် သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သူတစ်ဦး ဖြစ်လေသည်။ ထိုဦးအောင်ကြည်၏ ဘ၀တစ်လျှောက်ဖြတ်သန်းဆောင်ရွက်ခဲ့သော ဘ၀အဖုံဖုံကို သိရှိနိုင်ပါရန် ဖေါ်ပြ အပ်ပါသည် ။

ရန်ကုန်သားဦးအောင်ကြည်

ဦးအောင်ကြည်ကို အဘ ဦးဘကြည် ၊ အမိဒေါ်ကြည် တို့မှ ၁.၁၁.၁၉၄၆ ခုနှစ်တွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ဖဆပလ တွင် မွေးဖွားခဲ့ပြီး ဗုဒ္ဒဘာသာဝင်ဗမာလူမျိုးတစ်ဦး ဖြစ်ပါသည် ။

ကျောင်းဆရာဦးအောင်ကြည်

အခြေခံပညာရေးကို ရန်ကုန်မြို့ စိန်ပေါ ကျောင်းနှင့် စိန့်အန်ထော်နီကျောင်းတို့တွင် သင်ကြားအောင်မြင်ခဲ့ပြီး ၁-၄-၆၄ နေ့မှစတင်၍ စိန့်အန်ထော်နီကျောင်း (ယခု အထက ၄ ၊ မင်္ဂလာတောင်ညွန့်) တွင်မူလတန်းပြ ဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် ။ ၁၉၆၇ တွင်လုပ်သားများကောလိပ်မှ သိပ္ပံဘွဲ့ ရရှိခဲ့ပြီး ထိုနှစ်နိုဝင်ဘာလမှ ၁၉၆၉ ခုနှစ် စက်တင်ဘာလထိ အထက (၁) တာမွေတွင် အထက်တန်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။

ဗိုလ်ချုပ်အောင်ကြည်

 
ဦးအောင်ကြည်သည် ၁၉၆၉ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၄၀) သို့တက်ရောက်အောင်မြင်ခဲ့ ပြီး တပ်မတော်တွင် တပ်စုမှူး ၊ တပ်ခွဲမှူး ၊ တပ်ရင်းမှူး ၊စစ်ဗျူဟာမှူး ၊ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ၊ တိုက်ခိုက်ရေးကျောင်းအုပ်ကြီး ၊ လေ့ကျင့်ရေးညွှန်ကြားရေးမှူး ၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် တာဝန်များဖြင့် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည် ။


အထက်တန်းရှေ့နေ ၊ သူရဲကောင်းမှတ်တမ်းဝင် ဦးအောင်ကြည်

တပ်မတော်တွင်တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲ ကိုအောင်မြင်သည် ၊ ၁၉၈၄ ခုနှစ်တွင် နိုင်ငံတော်မှ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ချီးမြှင့်ခြင်း ခံခဲ့ရသည် ၁၉၈၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ Fort Benning တွင်ဖွင့်လှစ်ခဲ့သော ခြေလျင်အရာရှိတန်းမြင့်သင်တန်း (IOAC) ကို တက်ရောက်အောင်မြင်ပြီး ဒီပလိုမာလက်မှတ်ရရှိခဲ့သည် ။
 
တပ်မတော်အစိုးရလက်ထက် ၀န်ကြီး ဦးအောင်ကြည် 
၂၀၀၆ခု မေလမှ နိုဝင်ဘာလအထိ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း ၂၀၀၆ နိုဝင်ဘာလမှ ၂၀၀၇ အောက်တိုဘာလအထိ အလုပ်သမားဝန်ကြီး အဖြစ်လည်းကောင်း ၂၀၀၇ ခုနှစ်အောက်တိုဘာလမှ စတင်၍ အလုပ်သမားဝန်ကြီးတာဝန်များအပြင် ဆက်ဆံရေးဝန်ကြီးတာဝန်များကိုပါ ပူးတွဲ၍ ၃၀.၃.၂၀၁၁ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးသုဝေကို အနိုင်ယူခဲ့သည့် ဦးအောင်ကြည်

ဦးအောင်ကြည်သည် ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဓိကပြိုင်ဘက်ဖြစ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ နာမည်ကြီး ဦးသုဝေကိုအနိုင်ရခဲ့သည် ။


လက်ရှိအစိုးရသစ်၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်

ဦးအောင်ကြည်သည် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန နှစ်ခု၏ ပြည်ထောင်စု ၀န်ကြီးတာဝန်များကိုထမ်းဆောင်လျက်ရှိသည် ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ အဆိုကိုထောက်ခံခဲ့သည့် ဦးအောင်ကြည်

၂၀၁၁ခု မတ်လ ၁၆ ရက်နေ့တွင်ကျင်းပသော ပထမအကြိမ်ပြည်သူ့လွှတ်တော်ပုံမှန်အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ၊မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပွင့်ဆန်း၏ " နိုင်ငံတကာအဆင့်မီလူမှုဖူလုံရေးဥပဒေတစ်ရပ်မူကြမ်းရေးဆွဲပြုစုပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တင်သွင်းနိုင်ရေးအတွက် လိုအပ်သောအစီစဉ်များပြုလုပ်ပေးရေး " အဆိုကို ၀န်ကြီးဦးအောင်ကြည်က ထောက်ခံဆွေးနွေးခဲ့သဖြင့် ယင်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြု ချက်ရယူခဲ့ရာမှာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဦးပွင့်ဆန်း၏ အဆိုကိုလွှတ်တော်က အတည်ပြုဆောင်ရွက်ခဲ့ပါသည် ။
စာပေသမားဦးအောင်ကြည် 

ဦးအောင်ကြည်သည် ဗိုလ်ချုပ်အောင်ကြည် ၊ မင်းဗထူး ကလောင်အမည်များဖြင့် စစ်ဘက် ၊ နယ်ဘက် ဆောင်းပါး တစ်ရာကျော် နှင့် စာအုပ်များကိုရေးသားထုတ်ဝေခဲ့သည် ။သူ၏ထင်ရှားသောစာအုပ်များမှာ....

၁။ ခေါင်းဆောင်များအတွက် ဆုံးဖြတ်ချက်                ၁၉၉၈ ခုနှစ်
    (မြ၀တီစာပေတိုက်)
၂။ ခေါင်းဆောင်များအတွက် စစ်ဆေးရန်အချက်များ     ၁၉၉၉ ခုနှစ်
    (ပညာရွှေတောင်စာပေ)
၃။ ခေါင်းဆောင်များအတွက် စီမံခန့်ခွဲမှုအယူအဆများ   ၂၀၀၅ ခုနှစ်
    (မြဝတီစာပေတိုက်)
၎။ ခေါင်းဆောင်များအတွက် မိမိကိုယ်မိမိ စီမံခန့်ခွဲမှု     ၂၀၀၆ ခုနှစ်
    (ရဲအောင်စာပေ)
၅။ ဘဝကိုပြောင်းလဲစေသောအရာများ                    ၂၀၀၉ ခုနှစ်
    (တူဒေးစာအုပ်တိုက်)
၆။ အကျပ်အတည်းအတွင်းခေါင်းဆောင်ခြင်း             ၂၀၁၀ ခုနှစ်
    (တူဒေးစာအုပ်တိုက်)
၇။ ပြောင်းလဲခြင်းဖြင့် တိုးတက်စေ                         ၂၀၁၀ ခုနှစ်
    (တူဒေးစာအုပ်တိုက်)
၈။ စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ                     ၂၀၁၁ ခုနှစ်
    (တူဒေးစာအုပ်တိုက်)

တို့ဖြစ်ပါသည် ဦးအောင်ကြည်သည် ယခုတိုင် တူဒေးစာအုပ်တိုက် CEO မဂ္ဂဇင်းတွင် ပင်တိုင်စာရေးဆရာ
အဖြစ် စာပေများကိုရေးသားလျက်ရှိကြောင်း သိရှိရပါသည် ။



ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအနေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အစဉ် ထာဝရ အလေးထား ဆောင်ရွက်နေတယ်ဆိုတာ အပြော မဟုတ် အလုပ်နဲ့ အစဉ်အမြဲ သက်သေပြလျက်ရှိပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ တိုင်းပြည်ရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံသူ နိုင်ငံသားများ အေးချမ်းစွာ အသက်မွေး ၀မ်းကြောင်းပြုနိုင်ရေးကို ဘက်စုံ ဒေါင့်စုံကနေ ကြည့်မြင် သုံးသပ် ဆုံးဖြတ် လုပ်ကိုင်လျက်ရှိပါတယ်။
ပြောင်းလဲလာတဲ့ ခေတ် စနစ်တွေနဲ့ အညီ တိုင်းပြည်ရဲ့ အုပ်ချုပ်ပုံ စနစ် အစိုးရရဲ့ နိုင်ငံသားတွေ အပေါ် စေတနာထားမှုတွေဟာ လက်တွေ့ကျပြီး မဆိုင်းမတွ ဖြေရှင်း ဆောင်ရွက်နေတာလည်း အားလုံး မျက်မြင် ကိုယ်တွေ့ ဖြစ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်ကြရာမှာ အမြဲတမ်း ဖြောင့်ဖြူးသာယာတဲ့ ပန်းခင်းလမ်းကို ချောချော မွေ့မွေ့ လျောက်လှမ်း ရသလိုမျိုးတော့ လွယ်ကူလှတာ မဟုတ်ပါဘူး။ ဥုံဖွဆိုပြီး ဘာဖြစ်စေ ညာဖြစ်စေ ဆိုတဲ့ အတွေးမျိုးတွေနဲ့ ချက်ချင်းလက်ငင်း တဲပေါ်ကနေ တိုက်ပေါ်ရောက် လူမှုဘ၀တွေ ခုန်ပျံကျော်လွှား မြင့်တက် သွားအောင် လုပ်ဖို့ဆိုတာ နိုင်ငံတော် အစိုးရရဲ့ တာဝန်ချည်းပဲလည်း မဟုတ်ဘူးဆိုတာ အားလုံးသော ပြည်သူတွေနဲ့ အကြောင်းအမျိုးမျိုးပြပြီး အစိုးရကို စွပ်စွဲ ပုတ်ခတ် ပြောဆိုနေတဲ့ နိုင်ငံရေး Hero ကြီးတွေလည်း သိဖို့ အထူးလိုအပ် လှပါတယ်။
ပြောင်းလဲလာတဲ့ အခြေအနေတွေကို အပြုသဘောဆောင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ တိုင်းပြည်ကို မေတ္တာ စေတနာလေးတွေထားပြီး စစ်မှန်တဲ့ လူသာဓုခေါ် နတ်သာဓုခေါ် လုပ်ရပ်မျိုးတွေနဲ့ ပြည်သူနဲ့ နိုင်ငံတော်ကို အလုပ်အကျွေးပြုတာဟာ တကယ့်ကို နိုင်ငံချစ်စိတ် မျိုးချစ်စိတ်နဲ့ မြန်မာနိုင်ငံသား ပီသသူအဖြစ် ရပ်တည် နေထိုင်ခြင်းမျိုးလို့ ဆိုရမှာ ဖြစ်ပါတယ်။
မွှေးပျံတဲ့ လှပတဲ့ ပန်းတစ်ပွင့်ရဖို့ဆိုရင် ကိုယ်တိုင် စိုက်ပျိုးယုယပြီးမှ ဖြစ်လာ ပွင့်လန်းလာတဲ့ ပန်းလေးကို ကြည့်ရှု ခံစားတာ၊ ဘုရားတင်လှူ ကုသိုလ်ပြုရတာထက် ကြည်နူးစရာကောင်းတဲ့ ခံစားချက် ပီတိမျိုးကို ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာနိုင်ငံသားများပီပီ ခံယူတတ်ကြဖို့ လိုတဲ့ အချိန်ကို ရောက်နေပါပြီ။ အမြဲတမ်း ခါချဉ်အုံ တုတ်နဲ့ ထိုးပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပါမှ မတည်မငြိမ် ဖြစ်ပါမှ အပြောင်းအလဲ ရမယ်လို့ ယူဆတဲ့ လမ်းဟောင် လမ်းအို အတွေးအခေါ် ခပ်နွမ်းနွမ်းတွေကို ခ၀ါချသင့်တဲ့ အချိန်လည်း ရောက်နေပါပြီ။ ဆူပူကြ သေကြေကြ ပျက်ဆီးကြ မတည်မငြိမ် ဖြစ်ကြ ကျီးလန့်စာစား နေကြရ အချင်းချင်း မယုံမကြည် ဖြစ်ကြရတဲ့ အခြေအနေတွေဟာ ဒီမိုကရေစီရဲ့ စံနှုန်းတွေ အသီးအပွင့်တွေ မဟုတ်ပါဘူး။
အချင်းချင်း တိုင်ပင်ကြ နှီးနှောကြ ဖြေရှင်းကြခြင်းသာလျင် ဒီမိုကရေစီရဲ့ ကနဦးအစ ခြေလှမ်းပဲ ဖြစ်ပါတယ်။ ပြဿနာရပ်တိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီ အဖြေကို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ပျော့ပြောင်း ညင်သာမှုတွေကို လက်ကိုင်ပြုလို့ တစ်ဆင့်ခြင်း ပြောင်းလဲ ပြင်ဆင်သွားခြင်းဖြင့် ပေးသူ ယူသူ စိတ်ကြည်ဖြူရမယ့် အလုပ်မျိုးကို အားလုံးက မျှော်လင့်ထားပြီးသားပါ။ သွေးခွဲတယ်၊ သပ်လျှိုတယ် ဆိုတာလည်း အကြောင်းအရာ တစ်ရပ်အပေါ်မှာ ထောက်ပြပြီး မြှောက်ထိုးပင့်ကော် လုပ်နေသူတွေ သူတို့ အကျိုးစီးပွားအတွက် ဘေးတီးနေသူ တွေရဲ့ သမရိုးကျ မဟာဗျူဟာ တစ်ခုပါ။ အဲဒီ ဗျူဟာကို သိသိရက်နဲ့ ကျွန်တော်တို့ ကျွန်မတို့ အသုံးချခံ အဖြစ် စတေးပေးကြရတာ တကယ်ကို မတန်လှပါဘူး။
သွားချင်တဲ့ ခရီးပန်းတိုင်က အတူတူပါ။ ဒီမိုကရေစီ လိုလားတာ၊ ပြည်သူတွေရဲ့ လူမှုစီးပွား ဘ၀ အမြန်ဆုံး ဖွံ့ဖြိုး တိုးတက်စေလိုတာ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်လိုတာတွေဟာ အားလုံး တူညီတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေပါ။ ဒါကြောင့် အမြင်မှန် အတွေးမှန်တွေနဲ့ မွှေးပျံလန်းဆန်း လှပသော ပန်းလေးတွေ ပွင့်လန်းလာဖို့ မာန၊ အတ္တတွေကို လျှော့ကြလို့ အပင်ကို အသေအချာ နည်းမှန်လမ်းမှန် ပျိုးထောင် ပြုစုကြပါစို့လို့ တိုက်တွန်းတင်ပြလိုက်ရပါတယ်။ မျိုးချစ်မောင်


အနောက်အုပ်စု အသံလွှင့်ဌာနများကို ကပ်ယက် စားလိုသောစိတ်ဖြင့် ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ် လူထူထူတွင် အသံကုန်ဟစ်ကာ လူအရေးစိုက်ခံချင်သည့် ဒုတိယ ထူးထူးဟန်အဖြစ် ပေါ်ပေါက်လာ ခဲ့ပြန်ပါသည်။ ဆန့်ကျင်ဘက် မီဒီယာများ အကြိုက် မဟုတ်တာကို အဟုတ်လုပ်ကာ ပြည်သူလူထုကို ယုန်ထင် ကြောင်ထင် အမြင်မှားစေရန် မိမိတို့ ကျူးလွန်ခဲ့သမျှ ဖွင့်ဟ ဝန်ခံသယောင်နှင့် နိုင်ငံတကာ မီဒီယာ လောကမှာ နာမည်ကြီးအောင် မွန်ရှား ဆိုသူက ၁၉၈၈ ခုနှစ် အရေးအခင်း ကာလအတွင်း မိမိလက်ချက်ဖြင့် လူ ၅၀ လောက်သေကြေ ပျက်စီးခဲ့ကြောင်း မီဒီယာများသို့ သတင်း ရောင်းစားခဲ့သည်။ တပ်မတော်၏ အကြပ်ကိုင် စေခိုင်းမှုများကြောင့် ပြုမူရကြောင်း အပစ်ပုံချကာ သွားပုတ်လေလွင့် သတင်း ဖြစ်ပြီးရော ဟူသည့် သဘောဖြင့် လုပ်ကြံ သတင်းများ လွှင့်ကာ ညာဝါးဖို့ ကြံစည် နေကြပြန်ပါသည်။
ထူးထူးဟန်နှင့် မွန်ရှား တို့၏ မဟုတ်မမှန် လုပ်ကြံ ပြောဆိုမှုများနှင့် ပတ်သက်၍ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလ ရက်စက် ကြမ်းကြုတ်မှု ဖြစ်ရပ်မှန်များ ဟူသောစာအုပ် စာမျက်နှာ ၉၃ ကုန်သွယ်ရေး ဝန်ကြီးရုံး အရေးအခင်း (၁၇- ၉-၈၈) ရက်နေ့ ဖြစ်ရပ်များ ဟူသော ဆောင်းပါးတွင် ကိုယ်တွေ့ကြုံသူ ရှေ့နေတစ်ဦး၏ ၈၈ ခုနှစ် အရေးအခင်း ကာလ အဖြစ်အပျက်တစ်ခု ဖြစ်သော ကုန်သွယ်ရေး ဝန်ကြီးရုံး ကမ်းနားလမ်းတွင် အခြေစိုက် လုံခြုံရေးယူ ခဲ့ရသည့် ဗိုလ်ကြီး ခင်မောင်ချို ဦးဆောင်သည့် တပ်စု တစ်စု အကြောင်း ရေးသား ထားမှုကို တင်ပြလိုပါသည်။
ထိုဆောင်းပါတွင် လက်နက် အပြည့်အစုံဖြင့် တိုက်ပွဲဝင် အဆင့် ရှိသော ဗိုလ်ကြီး ခင်မောင်ချို၏ တပ်စုသည် ကုန်သွယ်ရေး ဝန်ကြီးရုံး ကမ်းနားလမ်းတွင် အခိုင်အမာ နေရာယူထာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စိုးသိမ်း ခေါ် စစ်ကိုနိုင်၊ မိုးသီးဇွန်စသည် တို့၏ သွေးထိုး လှုံ့ဆော်မှုကြောင့် မသိ နားမလည်သော လူထုကို သွေးထိုး မြှောက်ပင့်ပေးကာ ဆူပူအုံကြွ လျှက်ရှိပေသည်။ ဆူပူ အုံကြွနေသော လူထုက စိုးသိမ်း ခေါ် စစ်ကိုနိုင် နှင့် မိုးသီးဇွန်တို့၏ မှိုင်းတိုက်မှုကြောင့် ကုန်သွယ်ရေး ဝန်ကြီးရုံးကို ဝိုင်းရံပိတ်ဆို့ကာ ဂျင်ကလိ စသည်များဖြင့် ပစ်ခတ်နေပြီး ရုံးကို မီးရှို့မည် ပြုနေကြသည်။
ထိုအချိန်တွင် ဝင်ရောက်ညှိနိုင်းသူ တစ်ဦးက “ဘာ့ကြောင့် ဗိုလ်ကြီးတို့ ဒီလူအုပ်ကို ထပ်မံ၍ ပစ်ခတ်နှိမ်နင်းခြင်း မပြုပါရသလဲ၊ နေရာယူမှု အနေအထား ကလဲကောင်း၊ အင်အားနှင့် လက်နက်ကြီး လက်နက်ငယ်များလဲ ရှိသားရှိသားနဲ့ဟု မေးရာ ၎င်းက အထက်မှ လုံးဝ ပစ်မိန့်မပေးတော့၍ လည်းကောင်း အထက်မှ တိုက်ရိုက် ညွှန်ကြားထား၍ လည်းကောင်း မပစ်ရကြောင်း” ရေးသားထားလေသည်။ ထို့ပြင် “ ဤမျှလောက်ဆို၍ ဂျင်ကလိ၊ တုတ်၊ ဓားဖြင့် ပစ်ပေါက် အော်ဟစ်နေသူများကို ပြန်လည် မပစ်ခတ်ရန် ထိန်းသိမ်းထားနိုင်မှု ၎င်း၏ ငယ်သားများမှာ လူငယ်ဖြစ်ပြီး လက်နက်များ အပြည့်အစုံ ကိုင်ထား၍ လူငယ်စိတ်များပီပီ ဒေါသမွှန်ကာ ပစ်ခတ်နိုင် ပါသော်လည်း မပစ်ခတ်ဘဲထိုင်၍ နေကာ ၎င်းတို့ကို အုပ်ချုပ်သော ဗိုလ်၏စကားကို နားထောင်နိုင်ခြင်းကို အထူးပင် အံ့သြချီးကျူး မိရပါသည် ” ဟု ဆက်လက် ရေးသားထားရာ တပ်မတော်၏ စည်းကမ်း သေဝပ်မှု လူထုအပေါ် ငဲ့ညှာမှုများ သဘောထား ကြီးမှုများကို သိရှိနိုင် ပါသည်။
ဖရိုဖရဲဖြစ်နေသော နိုင်ငံရေး အခြေအနေ၊ ထိမ်းသိမ်းရ ခက်ခဲလှသော ပြည်သူလူထု၏ ဆူပူ အုံကြွမှုများကြောင့် ထိုခေတ် ထိုအချိန်က မြန်မာနိုင်ငံ၏ အခြေအနေများကို မည်သည့်အဖွဲ့ အစည်းကမှ ထိမ်းသိမ်းနိုင်စွမ်း မရှိတော့သည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဤသို့သော အခြေအနေတွင် တပ်မတော်၏ ဝင်ရောက် ထိန်းသိမ်းမှု ကြောင့်သာ လူသတ် ခေါင်းဖြတ် မီးရှို့ ဂိုထောင်ဖောက် စသည့် ရမ်းကားမှုများ ငြိမ်ဝပ်ပိပြားကာ အေးချမ်း သာယာခဲ့ရ ပေသည်။
ထူးထူးဟန် အနေဖြင့် အထက်မှ မပစ်ရ ဟူသည့် ညွှန်ကြားချက်များ ရှိနေပါသော်လည်း မိမိကိုယ်တိုင် လက်လွတ်စပယ် လူသတ်ကာ မိမိ လက်အောက် ငယ်သားများအား လူသတ်မိန့် ပေးခဲ့ခြင်းများ ပြုလုပ်ခဲ့သည်မှာ တပ်မတော်မှ ညွှန်ကြားထားသော အမိန့်ကို မိမိသဘောနှင့် မိမိလွန်ဆန်ကာ ပေးအပ်ထားသော ရာထူးနှင့် အာဏာကို အလွဲသုံးခြင်းသာ ဖြစ်ပါသည်။ မိမိကိုယ်တိုင် သွေးဆာလူသတ် ခဲ့ခြင်းများကို တပ်မတော်အပေါ် လွှဲချကာ သက်သာရာ ရကြောင်း ရှာကြံသည့် သစ္စာဖောက် လုပ်ရပ်သာ ဖြစ်ပါသည်။
စိတ်ကျရောဂါ ဖောက်၍ ကယောင်ကတမ်းနှင့် မိမိလုပ်သမျှကို လိပ်ပြာမလုံ ပြောမိပြောရာ ပြောသော ထူးထူးဟန်နှင့် အနေအစားချောင်ရန် မဟုတ်မမှန် လုပ်ကြံ သတင်းရောင်းစားသော မွန်ရှား တို့၏ လုပ်ရပ်များမှာ မြန်မာ့တပ်မတော် ဂုဏ်သတင်း ညှိုးနွမ်းစေရန် တမင်လုပ်ကြံ၍ မီဒီယာ လောကတွင် စတန့်ထွင် သတင်းမှိုင်း တိုက်ခြင်းသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ရွှေကလောင်သစ်