စည်းကမ်းသေ၀ပ်သော ပတ်ဝန်းကျင် ရှိနေစေရန်အတွက် ဗြိတိန်စာသင်ကျောင်းများတွင် လုပ်ပိုင်ခွင့်များကို ပိုမိုရရှိတော့မည်။ ကျောင်းသားများနှင့် ဆက်ဆံရာတွင် ဆရာများအနေဖြင့် ကာယအင်အားကို အသုံးပြုခွင့်ပေးမည်ဟု ဆိုပါသည်။
ကာယအင်အားကို ကျောင်းများတွင် အသုံးပြုခွင့် စည်းကမ်းမှာ စာသင်ခန်းများအတွင်း “လူကြီးများ၏ အခွင့်အာဏာကို ပြည်လည်တည်ဆောက်ရန်” ကြိုးပမ်းမှုဖြစ်သည်ဟူ၏။
ဆိုးသွမ်းကျောင်းသားကို ဘယ်လိုထိန်းသလဲ
ဆိုးသွမ်းကျောင်းသားကို ဘယ်လိုထိန်းသလဲ
ကျောင်းသားများ၏ လက်ကိုင်ဖုန်းများထဲရှိ မက်ဆေ့ခ်ျစာသားများကို ဆရာများက ဖတ်ရှုခွင့်ရရှိမည်ဖြစ်ပြီး ရုန့်ရင်းသော မက်ဆေ့ခ်ျများ၊ ဓါတ်ပုံများနှင့် ဗွီဒီယိုတို့ကို ဖျက်ခွင့်လည်းရှိနေသည်။ “သင့်တင့်သော အင်အား” အသုံးပြုခွင့်ကို တရားဥပဒေနှင့် လုပ်ဆောင်နိုင်ရန်လည်း ထားရှိသည်။ ဥပမာအားဖြင့် စည်းကမ်းဖေါက်ဖျက်သော ကျောင်းသားကို စာသင်ခန်းက ထုတ်ပယ်ခြင်းမျိုး။
ကျောင်းပြင်ပတွင်လည်း အပြုအမူ လွဲမှားစွာ ပြုမူလုပ်ဆောင်ကြသော ကျောင်းသားများကို စည်းကမ်းအရ အရေးယူရန် ကျောင်းအုပ်များအား လုပ်ဆောင်ခွင့် ပေးထားသည်။ ဆရာဆရာမများနှင့် ကျောင်းဝန်ထမ်းများ အပေါ်တွင် လွဲမှားစွာ စွပ်စွဲ ပြောဆိုသော ကျောင်းသားများကို ကျောင်းထုတ် ပစ်ခွင့်ကိုလည်း ပေးထားသည်။
ပညာရေး ၀န်ကြီး မိုက်ကယ်ဂို့က ယခု လက်ရှိနည်းပဒေများမှာ ဆရာများ၏ ဆုံးဖြတ်ပိုင်ခွင့်ကို တားမြစ်ထားကြောင်း ပြောပြခဲ့သည်။
ကလေးများအပေါ်တွင် “အခွင့်အာဏာပိုင်သော ယောက်ျားဟန်ပန်” ပုံရိပ် ရှိနေစေရန် အမျိုးသား ကျောင်းဆရာများကို ပိုမို လေ့ကျင့် မွေးထုတ်ဖို့ လိုအပ်ကြောင်း ၀န်ကြီး ဂို့က ဆို၏။
အကြောင်းပြချက် မလိုအပ်ဘဲ ဆိုးသွမ်း ကျောင်းသားများကို “ကျောင်းတွင်း ဖမ်းဆီး ထိန်းသိမ်းခွင့်” no-notice detention အကြောင်းလည်း ၀န်ကြီးက တင်ပြထားပြီးဖြစ်သည်။ ပိတ်ပင်ထားသော ပစ္စည်းများ ရှာဖွေခွင့်အတွက်လည်း ဆရာများအား အာဏာပိုမို ပေးအပ်ထားသည်။ စော်ကားသည်ဟု စွပ်စွဲ ပြောဆိုခံရသော ဆရာများကိုလည်း နာမည် မဖေါ်ဘဲ ထားရမည်။
ပညာရေး အတွင်းဝန်က အစိုးရ အနေဖြင့် လာမည့် နွေဦးရာသီတွင် စစ်သားဟောင်းများကို စာသင်ကြားရေး တာဝန်များ ထမ်းဆောင်ကြရန် တိုက်တွန်းသည့် အစီအစဉ်တစ်ရပ်ကိုလည်း စတင်မည်ဟု ဆိုသည်။ “ယောက်ျား ပုံရိပ်” များ လွှမ်းမိုးနေစေရန်အတွက် အဓိက စီမံချက်လည်းဖြစ်သည်။
တောင်ပိုင်း လန်ဒန်မြို့ရှိ ဒူရန်းအကယ်ဒမီကျောင်းတွင် မိန့်ခွန်းပြောကြားရာဝယ် မျှော်လင့်ချက် နိမ့်နိမ့် ထားရှိသည့် ယဉ်ကျေးမှု စံနှုန်းတို့ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲရန် အတွက် ဖြစ်ကြောင်း ဂို့က တိုက်တွန်းခဲ့သည်။
“သူတို့လေးတွေ (ကလေးများ) ဟာ ၀ိဥာဉ် ပျောက်ဆုံးနေကြပြီ။ ကျနော်တို့ ကျောင်းပညာရေးဟာ ကျဆုံးနေပြီ။ လူသစ်တွေ ရှာဖွေနေကြတဲ့ လူဆိုးဂိုဏ်းတွေ၊ အောက်တန်းစားတွေကြောင့် ဒီလို ဖြစ်ရတာပါ။ ငယ်ရွယ်တဲ့ ပြစ်မှု ကျူးလွန်သူတွေ ထောင်ကျခံရတဲ့အခါ ထောင်တိုက်ခန်းတွေမှာ လူဆိုးဂိုဏ်းတွေနဲ့ တွေ့ကြရတယ်လေ။”
“ကျနော် ရှင်းရှင်းလင်းလင်း ထပ်ပြောမယ်။ မိဘတွေက ဒီလိုမျိုး ထပ်ပြီးတော့  ကြားရတဲ့အခါ - ဆောရီးပါ။ ကျမတို့ ကျောင်းက ဆရာဆရာမများဟာ ကလေးတွေကို လက်ဖျားနဲ့တောင် မထိရဘူး -ဆိုတာမျိုး၊ အဲဒီကျောင်းဟာ အကြီးအကျယ် လွဲမှားနေပြီ ဖြစ်တယ်။ လုံးဝကို ကျောင်းဟာ လွဲနေပြီ။ ကစားနည်း စည်းမျဉ်း ပြောင်းသွားပါပြီ။” ၀န်ကြီး ဂို့က ထပ်လောင်းပြောပြခဲ့သည်။
“စာသင်ကြားနေတာကို အလေးမထားကြတော့ဘူး၊ လူနည်းစုလေး လောက်ကနေ အလှည့်အပြောင်း လုပ်ရုံနဲ့တင် ဒီလို ဖြစ်ရတာ။ အဲဒီ ကျောင်းသား နည်းနည်းပါးပါးကို မှတ်လောက်သားလောက် ပညာပေးရတော့မယ်။ စာသင်ကျောင်းနဲ့ စာသင်ခန်းထဲမှာ ဘယ်သူက ဘော့စ်လဲ။” ၀န်ကြီး ပြောပြခဲ့သည်။
မောက္ခနိုင်ငံတကာ ပညာရေးသတင်း
Source: indo-india news agency/ IANS
Britain prepares to discipline school children



ကျွန်တော်တို့ ကျေးစေတမန်က အစဉ်တစိုက် ရေးလာခဲ့တဲ့ ပြည်ပမှာ ရောက်ပြီး မြန်မာနိုင်ငံအပေါ် ချစ်သယောင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် စေတနာ ထားသယောင် ဟန်တလုံး ပန်တလုံးနဲ့ နိုင်ငံရေး လုပ်စားနေသူတွေကို ပြည်ပမှာ တကယ်တမ်း နိုင်ငံရေးကို လေ့လာပြီး ခံစားချက်တွေနဲ့ ရေးပြ ဖော်ပြထားတဲ့ စိတ်ခံစားချက်လေးကို facebook ကနေ ကူးယူပြီ အခုလို ဖော်ပြပေးတာ ဖြစ်ပါတယ်။ ဒွါေဟာ တကယ့် ဖြစ်ရပ်တွေပါ။ အားလုံး သေသေချာချာ သိအောင် ကျေးစေတမန်က မျှဝေ ပေးလိုက်ပါတယ်။
ဦးနုယယ်အစ္စလမ် (ညာဘက်ဒုတိယလူ) အာရခန်နီရိုဟင်ဂျာ (UK) ဥက္ကဌ ၊ အဖွဲ့ကလူ နှစ်ယောက်နဲ့ တစ်ပိုင်းပါ။ ဒါပေမယ့် ငွေမျက်နှာကြောင့် Burma Campign UK ဘာပွဲဘဲလုပ်လုပ် တလေးတစားနဲ့ ဖိတ်ခေါ်စကားပြောခြင်းခံရသူ
ကျွန်တော် ဒီဆောင်းပါးကို ရေးချင်နေတာ ကြာပါပြီ။ ရေးသင့်၊ မရေးသင့် အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး စဉ်းစား ချင့်ချိန်မိလို့ အနည်းငယ် နှောင့်နှေးသွားရတာပါ။ အခုတော့ မရေးမဖြစ်လို့ ရေးရတော့မယ်။ ဘယ်နယ့်ဗျာ မြန်မာပြည်တွင်းမှာ ပြည်သူ လူထုကြီးက ဒီလောက် အတိဒုက္ခ ရောက်နေကြတာ ပြည်တွင်းက လူထု ခေါင်းဆောင် တွေ၊ 88 မျိုးဆက် ကျောင်းသားတွေက ပြည်တွင်းမှာ ဒုက္ခခံ၊ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ တိုင်းပြည်အတွက်၊ မြန်မာလူမျိုးတွေ အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ဆောင်ရွက် နေကြတယ်။ ဒီအချိန်မှာ ပြည်ပရောက် မြန်မာ လူမျိုးတွေ အနေနဲ့ မိမိတို့ တတ်စွမ်းသရွှေ့ မြန်မာပြည် ငြိမ်းချမ်းအောင် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်း ကျိုးပမ်း လုပ်ဆောင်ကြရမယ်။ အဲဒီလို ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ ပြည်တွင်းက လူထူ ခေါင်းဆောင်တွေ၊ 88 မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်ပြီး အချိန်ကိုက် လူပ်ရှားရမယ်။ အဲဒီ့လို ဟန်ချက်ညီညီ အချိန်ကိုက် လူပ်ရှားမှသာ မြန်မာပြည်မှာ အမြန်ဆုံး ငြိမ်းချမ်းရေးရပြီး၊ အတိဒုက္ခ ရောက်နေကြတဲ့ ပြည်သူလူထုတွေ အတွက် ကြိုးပမ်းမူဟာ ထိရောက် အောင်မြင်မှာပါ။
ဒီဆောင်းပါးဟာ ဘယ်သူတွေက ပြည်ပကနေ မြန်မာပြည်က ပြည်သူလူထုတွေ ဘယ်သူသေသေ ငတေမာရင် ပြီးရော၊ မြန်မာပြည်မှာ တော်လှန်ရေးကြီး အချိန်ကာလ ရှည်ကြာနေမှသာ ထောက်ပံကြေးတွေ၊ လုပ်စားဂွင်တွေ ဆက်ရနေပြီး ငါတကော ကောနေကြတဲ့ တစ်ကိုယ်ကောင်းဆန် အတုအယောင် လုပ်စားတွေကြောင့် တိုင်းပြည် ဘယ်လောက် နစ်နာလည်း၊ ပြည်သူလူထုတွေ ဘယ်လောက် ဆင်းရဲတွင်း နက်နေတာကို လှစ်လှူုရှူ ခဲ့ကြလည်း၊ ပြည်တွင်းက လူထူ ခေါင်းဆောင်တွေလည်း သူတို့ကြောင့် ဘယ်လိုမျိုး သွယ်ဝိုက်သောနည်းနဲ့ ဘေးကျပ် နံကျပ်ဖြစ်ခဲ့ ရလည်း ဆိုတာတွေကို မီးမောင်း ထိုးပြမှာ ဖြစ်ပါတယ်။
တစ်ကယ်တော့ မျိုးချစ်စိတ်ရှိပြီး မြန်မာနိုင်ငံရေးကို လုပ်ဆောင်နေတဲ့သူ ပြည်ပရောက် မြန်မာအများစုဟာ ပြည်တွင်း က လူတွေထင်သလိုမျိုး သက်တောင့် သက်သာ ဘဝမျိုးတွေ မရှိကြပါဘူး။ အမြဲတမ်း ကြိုးစား ရုံးကန်မှ တော်ရာကြတဲ့ သူတွေချည်းပါဘဲ။ အဲ ကြိုးစားခွင့်၊ လုပ်ဆောင်ခွင့်၊ လွတ်လပ်ခွင့် တော့ပိုရတာပေါ့ဗျာ။ ဆိုတော့ကာ ပြည်ပမှ မြန်မာနိုင်ငံရေးကို လက်ညိုးထိုး၍ ရောင်းစားနေသူ အများစုဟာ နိုင်ငံခြားသားတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေပါ။ သူတို့ဟာ မြန်မာနိုင်ငံရေးကို ဗမ်းပြပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ရရှိအောင် ဝိုင်းအော် ချင်ယောင် ဆောင်ပြီးတော့ သူတို့ရေရှည် ရည်မှန်းချက်ကတော့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ မြန်မာနိုင်ငံရေးကို အကြောင်းပြပြီးတော့ ငွေများများနဲ့ ကြာကြာ ရအောင် ရေရှည် စီမံကိန်းချပြီးတော့ လုပ်ဆောင် နေကြတာပါ။ ငွေရရှိရေး အဓိကသာဖြစ်လို့ မြန်မာပြည်အတွက် ဆိုးကျိုးဖြစ်စေမယ့် အရာတွေလည်း သူတို့ဂရူ မစိုက်ကြပါဘူး။ တစ်ကယ်တမ်း မြန်မာပြည်ကိုချစ်ရင် မြန်မာပြည်သူ လူထုတွေ ဘယ်လောက်ဆင်းရဲ ဒုက္ခရောက် နေကျလည်း၊ ဘယ်လောက် နာကျင်ခံစား နေရလည်း ဆိုတာကို ပထမဦးစားပေး စဉ်းစားရမှာလေ။
အင်း နိုင်ငံခြားသားတွေ မြန်မာပြည်ကို ချစ်တယ်လို့ပြောရင် မြန်မာလူမျိုးတွေက ရီတာပေါ့ဗျာ။ သူတို့အတွက် အကျိုးအမြတ်မရှိရင် ဘာမှမလုပ်တာ မြန်မာပြည် စစ်ကျွန်ဘဝရောက် စစ်ဝဋ်တွေကို ခံစားနေရတာ ဆယ်စုနစ်ပေါင်း များစွာ ဘယ်သူတွေက ဘာတွေများ ထိထိရောက်ရောက် ကူညီကြလို့လဲ။ မြန်မာပြည်မှာ ရေနံကမထွက်တော့လည်း ဝေးဝေးက လေနဲ့ ကူညီတာပေါ့ဗျာ။
အဲဒီတော့ဗျာ မြန်မာပြည်မှာ အမြန်ငြိမ်းချမ်းရေး ရပြီးမြန်မာလူမျိုး သန်း၆၀ ရဲ့အကျိုး၊ အဲ့ဒီ့အကျိုးကိုဘဲ ပထမဦးစားပေး လုပ်ဆောင် မယ်ဆိုရင် မိမိတို့ဖာသာ မိမိတို့အားကိုး ရမယ်ဆိုတာကို မြန်မာလူမျိုး အားလုံးစွဲမြဲ ယုံကြည်စေချင်တယ်။ ဟုတ်ပြီ ဒီလိုမျိုး ကိုယ်ကို ကိုယ်သာအားကိုး ရမယ်ဆိုရင် ဘယ်လိုမျိုးနည်းလမ်း နဲ့ကြိုးပမ်းမလဲ လက်ရှိ အစိုးရကို အမာနည်းလမ်းဖြစ်တဲ့ ထိပ်တိုက်ရင်ဆိုင် စစ်တပ်ချင်း တိုက်မလား။ ဒီနည်းလည်း ဟန်နိုင်ဘူး တစ်သက်လုံး တိုက်လာတာ နိုင်မှ မနိုင်တာဗျာ။ ဘယ်မှာလည်း တူတူတန်တန် အတိုက်အခံဘက်က စစ်အင်အား ။ ဟုတ်ပြီ ဒါဆိုရင် လူထုအုံကြွမူနဲ့ ဖြိုချမလား။ ဒါလဲမဟန်နိုင်ပါဘူး။ မြန်မာပြည်မှာ လူထုအုံကြွမူတွေ အများကြီး ပေါ်ပေါက်ခဲ့တယ်၊ ပြည်သူ လူထုတွေလည်း အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတစ်ကာက လူထုအုံကြွမူတွေ အောင်မြင်တယ် ဆိုတာ နောက်က နိုင်ငံတကာရဲ့ စစ်တပ်တွေက အမြဲပါတယ်။ ဒါကြောင့် အောင်မြင်တာပါ။ မြန်မာပြည်မှာ လူထုအုံကြွမူတွေဖြစ်ရင် ဘယ်နိုင်ငံ တကာရဲ့စစ်တပ်ကမှ ဝင်မပါဘူး၊ ဒါကြောင့် မဟန်နိုင်ပါဘူး။ လူထု ခေါင်းဆောင်တွေရယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေရယ်၊ လက်ရှိဦးသိန်းစိန်အစိုးရ ရယ် သုံးပွင့်ဆိုင် တွေ့စုံ၊ ညှိနှိုင်းမှသာလျှင် အမြန်ငြိမ်းချမ်းရေး ရပြီး ပြည်သူလူထုရဲ့ နာကျင် ခံစားနေရတာတွေ ကိုရပ်တန့်နိုင်မှာ ဖြစ်တယ်။
ဟန်ညောင်ဝေတို့ (OIC) မှာလုပ်စားကွင်
လူထု ခေါင်းဆောင်တွေဘက်မှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ထောက်ခံမူရှိတယ်၊ လက်ရှိ ဦးသိန်းစိန် အစိုးရမှာ အာဏာရှိတယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေဘက်မှာ ကိုယ်စားပြုထားတဲ့ တိုင်းရင်းသား လူမျိုးစုတွေရှိတယ်။ အတိတ်ကပြီးခဲ့တဲ့ အကြောင်းအရာတွေထက် လက်ရှိမှာ မြန်မာပြည်သူလူထု သန်း၆၀ရဲ့ အနာဂတ် ဘဝကို ရှေးရှူပြီး ပထမဦးစား ပေးပြီးတော့ သန်း၆၀ရဲ့ မျက်နာတွေကို ငဲ့ကွက်ရမယ်။ ဒါဟာ ပထမဦးဆုံး ထိပ်တန်း အမျိုးသားရေးပါဘဲ။ အခုယနေ့ အချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ ဦးသိန်းစိန် အစိုးရရယ် စတင် တွေ့ဆုံ ဆွေးနွေးနေပြီ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နှစ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမူ စကားဝိုင်းပေါ်ကို ရောက်အောင် ကြိုးပမ်းလာခဲ့ ရတာတွေ သမိုင်းအသိပါဘဲ။ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးနေတာကို အားလုံးက မြန်မာပြည်သူလူထု သန်း၆၀ရဲ့ အနာဂတ်ဘဝကို ရှေးရှူပြီး ကြိုဆိုရမယ်၊ ပုဂ္ဂိုလ်ရေး မုန်းတီးမူတွေ၊ အကျိုးအမြတ်တွေထက် သန်း၆၀ရဲ့ မျက်နာတွေကို ငဲ့ကွက်ရမယ်။ ဒီနေရာမှာ အပြုသဘောကြတဲ့ ဝေဖန်မူတွေကို ကြိုဆိုရမှာပါ။ သို့သော် ပြည်တွင်းကလူထုခေါင်းဆောင်တွေ လက်နဲ့ရေးနေတာကို ခြေနဲ့မှားမဖျက်မိဖို့လိုတယ်။ အထူးသဖြင့် ပြည်ပက မြန်မာနိုင်ငံကောင်းကျိုးကို ဆောင်ရွပ်နေတဲ့ မြန်မာလူမျိုးတွေ သတိတစ်ရားနဲ့ ဘယ်သူဟာ တစ်ကယ် မြန်မာလူထု ကောင်းစားရေးကို ဆောင်ရွက်နေတယ်၊ ဘယ်သူကတော့ တော်လှန်ရေးကြီး အဓွန့်ရှည်ကြာမြင့် နေမှ ရေရှည်စား ပေါက်ချောင် မယ့်ပြော ပေါက်တွေလည်း ဆိုတာကို ကိုယ်ပိုင်ညဏ်နဲ့ စဉ်းစားဆင်ခြင် ကြဖို့လိုပါပြီ။
ကျွန်တော်တို့မှာ အမှန်တစ်ကယ် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး မြန်မာပြည်သူ လူထု ကောင်းစားရေးကို ဆောင်ရွက်နေတဲ့ ပြည်တွင်းက လူထုခေါင်းဆောင်ကောင်းတွေ ရှိနေပါတယ်။ အဲဒီ့ ခေါင်းဆောင်ကောင်းတွေရဲ့ လမ်းစဉ်တွေကို တတ်စွမ်း သရွှေ့ ပံပိုး ကူညီဆောင် ရွက်ရင်း လိုက်လံ လုပ်ဆောင်ရမှာက ကျွန်တော်တို့ရဲ့ အလုပ်ပါ။
စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ (COI)
အခုတလော ပြည်ပမှာ အသံနဲနဲ ထွက်လာတာကတော့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ (COI) ပါဘဲ။ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ (COI) ဖွဲ့ဖို့ ထောက်ခံမဲတွေ ပေးပြီး လုပ်ဆောင်နေရတာကို မြင်နေရတော့၊ ပြည်ပရောက် မြန်မာအများစု သူများအော်လို့ လိုက်အော်တာထက် အဲဒီ့စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ (COI) ဆိုတာဘာလည်း၊ မြန်မာလူမျိုးတွေအတွက် ဘာတွေများပို အကျိုးရှိမှာလဲလို့အရင်တွေးစေချင်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်မူ တွေကို စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ (COI) ၊ ဖွဲ့ပြီးတော့ ကမ္ဘာ့ခုံရုံးကို တင်မယ် ဒီလောက်ဘဲ အများစုက ထင်ကြမှာပါ။ တစ်ကယ်တော့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ (COI) ဖွဲ့ဖြစ်လို့ စုံစမ်းမူတွေမှာ စစ်အာဏာရှင်တွေ အပြင်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေလဲ အကုန်လုံး ပါမှာဖြစ်တယ်။ အကုန်လုံး ဒီစုံစမ်းရေး မှာပါဝင် ပတ်သက်ပါတယ်။ အဖွဲ့ ဖွဲ့ပြီးတော့လည်း အားလုံးကို စုံစမ်းစစ်ဆေးဖို့ အနစ်၄၀လောက်ကြာမြင့် အုံးမယ်။
Burma Campign UK လဲငွေရဖို့ ရိုဟင်ဂျာအရေး ရှေ့တန်းမှတက်တက်ကြွကြွ ပါဝင်ခဲ့ နောက်ဆုံးမှ Mark Farmanar၊ ရှေဆုံး ဝဲ မှ ယာ ဘွားဘွားဖန် (ဇိုရာဖန် ရဲ့ အမ)၊ ဇိုရာဖန်၊ ထွန်းခင်၊ ဝေနှင်းပွင့်သုံ၊ ဂျက်ကီဆံ၊ အန်နာ ရောဘတ်
ဒီ စုံစမ်းရေး ကော်မရှင်ဖွဲ့ (COI) ဖွဲ့လို့ မြန်မာပြည်သူလူထု အတွက် ဘာမှ အကျိုးမရှိပါဘူး။ တစ်ကယ် တရားစီရင်မူ အပိုင်းကို ရောက်ရင် စစ်အာဏာရှင်ခေါင်းဆောင်တွေ သန်းရွှေတို့၊ မောင်အေးတို့တွေ လူ့ပြည်မှာမရှိကြတော့ပါဘူး။ ဒါကြောင့်မိုလို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကအဲဒီ ဟာတွေ စုံစမ်းစစ်ဆေးဖို့ထက် ပြည်တွင်းက ကွန်ရက်လူပ်ရှားမူတွေရဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွတ်ဖို့ တောင်းဆိုမူတွေ၊ မြန်မာပြည်ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ တိုက်တွန်းမူတွေ၊ မြန်မာပြည်က အကြောင်း အမျိုးမျိုးနဲ့ စွန့်ခွာသွားရတဲ့ နယ်စပ်ဒေသက စစ်ပြေးမိသားစုတွေကို အားပေးကူညီမူတွေ လုပ်ဆောင်ဖို့ လူထုနဲ့အမေးအဖြေ ကဏ္ဍကနေ ပြည်ပမှကူညီ လုပ်ဆောင်ကြဖို့ ပြောကြားပြီးသားပါ။ ဟုတ်ပြီ ဒီလိုမျိုး မြန်မာလူမျိုးတွေအတွက် အကျိုးမရှိရင် ဘယ်သူတွေ အတွက်အကျိုးရှိမလဲ၊ ရှင်းပါတယ် နိုင်ငံခြားသားတွေနဲ့ သူတို့ဦးဆောင်တဲ့ အဖွဲ့အစည်းတွေဘဲ နှစ်ပေါင်းများစွာ ငွေတွေဆက်ရပြီး အလုပ်ဖြစ်အုံးမှာပါ။ ဒါဆိုရင် ဒီလိုမျိုးအကျိုးအမြတ်တွေရဖို့ ဘယ်သူတွေက ဦးဆောင်ပြီးတော့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ (COI) ဖွဲ့ဖို့ ပြည်ပကနေကြိုးစားနေကြတာလဲ။
လူထုခေါင်းဆောင် အကျယ်ချုပ်ခံနေရတဲ့ အချိန်၊ ကျောင်းသား ခေါင်းဆောင်တွေ ထောင်နန်းစံ နေရတဲ့ ၁၅နှစ်ကျော် ကာလမှာ ပြည်ပက စိတ်ဓာတ်မခိုင်မာတဲ့ လုပ်စားနိုင်ငံရေး သမားတွေဟာလဲ နိုင်ငံခြားသားတွေ ဦးဆောင်တဲ့ အဖွဲ့အစည်း တွေက ပေးတဲ့ အရိုးအရင်းလေးတွေ ကိုက်ပြီး သခင်အားရအောင်များ အူနေလိုက်ရတာ ရှေ့မကြည့် နောက်မကြည့်ပါဘဲ။ အရိုးကျေးဇူး ကကြီးတော့ မဲမဲမြင်ရာ ဟောင်ကုန်တော့တာဘဲ၊ နောက်ဆုံး ပြည်တွင်းက ဒုက္ခခံပြည်သူလူထုနဲ့ ထောင်နန်း စံနေရတဲ့ နိုင်ငံရေးအကျဉ်း သားတွေရဲ့ ကျေးဇူးကြောင့် ပြည်ပမှာနေထိုင်ခွင့် လေးရကြ တာကို မေ့ပလိုက်ကြရောဗျာ။
Burma Campaign UK ( သို့ ) မြန်မာပြည် ဒီမိုကရေစီ ကြိုးပမ်းမှု၏ ဆူးညှောင့်ခုလုတ်
ဒီအဖွဲ့ဟာ လန်ဒန်အခြေစိုက်ပါ။ တည်ထောင်လာတာ ၁၇နှစ်ခန့်ရှိပါပြီ။ အပေါ်ယံကကြည့်ရင် မြန်မာပြည် ဒီမိုကရေစီ ရအောင် ဝိုင်းဝန်းကြိုးပမ်းပေးနေသလိုလိုနဲ့ တစ်ကယ်တော့ မြန်မာပြည်ရဲ့နိုင်ငံရေးကို အကြောင်း ပြပြီးတော့ ညာဝါး လုပ်စား နေတာကြာပါပြီ။ Director က Mark Farmanar အင်္ဂလိပ်လူမျိုးပါ။ ဒီအဖွဲ့ဟာ ထူထောင်လာတဲ့ အချိန်လည်း ကြာမြင့်ပြီး ထောက်ပံကြေး နှစ်စဉ်ရထားလို့ အတော် ငွေကြေးခိုင်ပါတယ်။ ဒါပေမယ့် ရေရှည်ညားဝါး စီမံကိန်းကြောင့် ၁၇နှစ်ခန့် ကာလအတွင်းမှာ လူများစုဗမာတိုင်းရင်းသားနဲ့ အနည်းစုအခြားတိုင်းရင်းသား တွေကြားမှာ သွေးခွဲမူ၊ ရေရှည်စားပေါက် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ဦးဆောင် ကြိုးပမ်းမူ၊ ဆော်ဒီအာရေဗျနိုင်ငံ အခြေစိုက် မွတ်ဆလင် အဖွဲ့များနဲ့ Organization of the Islamic Conference (OIC) အဖွဲ့တို့က ငွေကြေးရယူပြီးတော့ မြန်မာပြည်မှာ ကျူးကျော် ဝင်ရောက် နေထိုင်နေတဲ့ ဘင်္ဂလီ မျိုးနွယ်ဖွားတွေကို ရိုဟင်ဂျာ ခေါင်းစဉ်တပ်ပြီးတော့ မြန်မာပြည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနယ်မြေနဲ့ နေထိုင်ခွင့်ရအောင် UN ကနေတစ်ဆင့် ဝိုင်းအော်ပေးနေမူ၊ နယ်စပ် ဒေသက စစ်ပြေး ဒုက္ခသည်တွေကို ငွေကြေး အမြတ်ထုတ်မှုတွေက သူတို့ရဲ့ လုပ်ရပ်တွေက သက်သေခံ နေပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေအတွက် ဓာတ်ပုံနဲ့၊ စာရွက်စာတမ်းတွေ သက်သေအထောက်အထား ခိုင်ခိုင် လုံလုံ ရှိနေပါတယ်။
ဆက်ရန်........
ဒီမိုကရေစီ ဘက်တော်သား
http://kyeesaytaman.blogspot.com/2011/09/blog-post_09.html မှ ကူးယူဖော်ပြပါကြောင်း



ဒဏ်ရာ၇နေတဲ့ မောင်ဘရန်

စက်တင်ဘာ (၂)ရက် မွန်းလွဲ တနာရီခန့်က ၀ိုင်းမော် မြို့နယ် ရွေညောင်ပင် ရပ်ကွက်နေ မောင်ဘရန်မိုင် နှင့် မောင်
လွမ်းဇယ် တို့ကျွဲပျောက်ရှာရန်အတွက် ဘီပရာရွာ တဖက်ကမ်းကို ရောက်ရှိစဉ် KIA ထောင်ထားသော မိုင်းအား မောင်လွမ်းဇယ်က နင်းမိသွားပြီး နေရာတွင် သေဆုံးသွားကာ မောင်ဘရန်မှာ ရင်ဘက် နှင့် ဝဲဘက် မျက်လုံး ဒဏ်ရာ ရရှိခဲ့သည်၊၊
မိုင်းဒဏ်ရာကြောင့် မောင်ဘရန်မိုင် ဝဲဘက်မျက်လုံးများ မစိုးရိမ်ရသော်လည်း ယာမျက်လုံးမှာ ချို့ယွင်းပြီး ရင်ဘက်
တခုလုံး မိုင်း အစနများ ဝင်ရောက်ခဲ့သည်၊။ ယခု ဝိုင်းမော် ပြည်သူ့ဆေးရုံကြီးမှ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်သို့ ပြောင်းရွေ့ ကုသမှု့ ယူနေရပါသည်..

ဒီအကြောင်းတွေကို မြင်ရခြင်းဖြင့် KIA က ပြည်သူများတွက် ဆိုပြီး အသံကုန်အော် ဟစ်နေပြီး ပြည်သူများသေကြေ
ဒဏ်ရာ ရအောင် ပြုလုပ် လျှက်ရှိတာကို အားလုံးပဲ သိနေကြပြီ ဖြစ်ပါတယ်။

Credit : http://open-resources88.blogspot.com/


ဒီနေ့ညနေ ခြောက်နာရီ အစိုးရ ရုပ်မြင်သံကြား သတင်းမှာ ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိုယ်စားလှယ် အဖွဲ့နဲ့ ၀ အထူးဒေသ ကိုယ်စားလှယ်အဖွဲ့၊ မိုင်းလား အထူးဒေသ ကိုယ်စားလှယ် အဖွဲ့တို့ စက်တင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ကျိုင်းတုံမြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး ပဏာမ ငြိမ်းချမ်းရေး သဘော တူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ကြေညာ သွားပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့မှာ အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြေညာချက် ထုတ်ပြန် ဖိတ်ခေါ် ပြီးတဲ့နောက်မှာ ၀ ၊ မိုင်းလား အဖွဲ့တို့နဲ့ ပထမဆုံး ပဏာမ ငြိမ်းချမ်းရေး သဘော တူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။ သဘော တူညီချက် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ အစိုးရရဲ့ ကြေညာချက် မှာတော့ ပြည်နယ် အစိုးရနဲ့ ပဏာမအဆင့် သဘော တူညီချက် ရပြီးရင် ပြည်ထောင်စု အစိုးရနဲ့ ဆက်လက် ဆွေးနွေးဖို့ ဖော်ပြထားပါတယ်။
ဒီသတင်း မထုတ်ပြန်ခင်တုံးကတော့ ဧရာဝတီ မဂ္ဂဇင်း ၀က်ဘ်ဆိုက်မှာ ၀ နဲ့ အစိုးရကြား တွေ့ဆုံ ဆွေးနွေးတဲ့ သတင်းကို ဖော်ပြ ထားပေမယ့် အစိုးရ၏ ကမ်းလှမ်းစာတွင် "စိတ်ပျက်စရာ" အချက်များ ပါဝင်နေသဖြင့် နှစ်ဘက် ကွာဟချက် ပိုမို ကြီးမားစေမည်ဟု UWSA က ယူဆကြောင်း ၀ တပ်ဖွဲ့ ခေါင်းဆောင်တို့နှင့် နီးစပ်သူ တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သဘော တူညီချက် မရနိုင်တဲ့ အခြေအနေကို ရေးထားခဲ့ပါတယ်။

- တိုင်းပြည်အတွက် အသုံးချခံရမှာကို မနှစ်သက်စရာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- အမေရိကန်ပိတ်ဆို့မှု “ခရိုနီ” များ ကြောက်ရွံ့ဟု ဝီကီလိခ် ဆို click
- အစိုးရတပ် ဂိတ်စခန်း ၃ ခုကို DKBA တပြိုင်တည်း ၀င်တိုက် click
- အဆောတလျင် ဖြေရှင်းရမည့် ပြဿနာတွေချည်းဟု သမ္မတ အကြံပေး ပြော click
- မြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့်နဲ့ မတန်သေးကြောင်း ပြန်ကြားရေးဝန်ကြီး ချေပ click
- စာပေစိစစ်ရေး လိုအပ်ဆဲဟု ဝန်ကြီးဆို click
- လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့အသံ တကယ် မကြားရ click
- ပုဂ္ဂလိကကျောင်းထောင်ခွင့် ဥပဒေမူကြမ်း အထက်လွှတ်တော် အတည်ပြု click
- သာဂရမြို့ဟောင်း မပျက်စီးအောင် ထိန်းသိမ်းရေး လွတ်တော်အမတ်တွေ တင်ပြ click
- ၀၊ မိုင်းလားတပ်ဖွဲ့တို့နှင့် အစိုးရ အပစ်ရပ်ရေး ပဏာမ သဘောတူ click
- ပရဟိတအဖွဲ့က ၀န်ထမ်းတဦး ၀ တပ်ဖွဲ့အတွက် ကလေးစစ်သား စုပေးခဲ့ click
- မြန်မာပြည်မှာ တာလီဘန် အချိတ်အဆက်ရှိနေပြီလား click
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် အဖွဲ့စုံတွေ့မည် click
- မြန်မာအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား တင်ပြဖို့ HRW တောင်းဆို click
- လူ့အခွင့်အရေးကော်မရှင် NLD ကြိုဆိုစောင့်ကြည့် click
- မြန်မာ့လူ့အခွင့်အရေးကော်မရှင် ဘာတွေလုပ်နိုင် (သုံးသပ်ချက်) click
- သုံးရောင်ခြယ် မိန့်ခွန်း click
- ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် click
- မြန်မာ-ဘင်္ဂလား ရေပြင်ပိုက်နက်အငြင်းပွားမှု နိုင်ငံတကာခုံရုံး ကြားနာမှု စတင် click
- မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ကြားနာစစ်ဆေး click
- မွန်တော်လှန်ရေးသမားဟောင်း နိုင်မြသီး ဈာပန မီးသင်္ဂြိုဟ်ပြီးစီး click
- ကျောင်းသားသမဂ္ဂအဆောက်အဦးပုံ ပြန်လည်ဖော်ပြခွင့်ရ click
- ဒေါ်အောင်ဆန်းစုကြည် ဦးသန့် မြေးနဲ့ တွေ့ဆုံ click
- ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် (အင်တာဗျူး) click
- မင်းတို့မယားတွေ မုဆိုးမဖြစ်ကုန်မယ် - အပိုင်း (၂) (ဆောင်းပါး) click

- ငွေလဲနှုန်းပြုပြင်ရေးအပေါ် ကိုမိုးသီးဇွန်ရဲ့အမြင် (အင်တာဗျူး) click
- အိုဘားမားရဲ့အသေးစားလုပ်ငန်း မြှင့်တင်ရေးမှာ မြန်မာဆူရှီကုမ္ပဏီပိုင်ရှင် ဂုဏ်ပြုခံရ click
- ကျောင်းကုန်းမြို့နယ်မှာ မြစ်ရေကြီးပြီး လယ်တွေ ပျက် click
- နို့ဖိုးဒုက္ခသည်စခန်းတွင် လူဦးရေစာရင်း ကောက်ခံခဲ့ click
- တုပ်ကွေးဖြစ်ပွားနေသည့် ကိုယ်ထူကိုယ်ထကျောင်းမှ ကလေးငယ် ၄၀ ကျော် ဆေးဝါးလိုအပ်နေ click
- သီချင်းများ စီးပွားဖြစ် ကူးယူပေးမှု တားမြစ် click
- ရတနာ့ဂုဏ်ရည် ဓမ္မသင်တန်း ၃ နှစ်ပြည့် အခမ်းအနား၊ ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်းတွင် ကျင်းပ click
- စီယက်တဲလ်တွင် ကျင်းပတဲ့ ကရင်ရိုးရာလက်ချည် မင်္ဂလာပွဲ (ဓာတ်ပုံ) click
- အမျှ ဘာကြောင့်ယူရတယ် (ဆောင်းပါး) click
- သတ္တိရှိတဲ့ ဆရာမလေး ဒေါ်ရင်ရင်မြင့် (ဆောင်းပါး) click
- ဒေါင်းနွယ်ဆွေ (သို့) နောက်ဆုံးထွက်သက်အထိ ကဗျာများ ရေးဖွဲ့သွားသော စာဆိုရှင် (ဆောင်းပါး) click
- ကျွန်သေတွေနေတဲ့ မြို့ (ကဗျာ) click
- အချိန်သိပ်မနှောင်းခင် ဆီးရီးယား ပြုပြင်ဖို့ ဘန်ကီမွန်း တိုက်တွန်း click
- လစ်ဗျားမှာ ရှိနေဆဲဟု ဂဒါဖီ ကြေညာ click
- စီးပွားရေးအစီအစဉ် အမြန်ဆုံး အတည်ပြုပေးဖို့ သမ္မတ အိုဘားမား လွှတ်တော်ကို တိုက်တွန်း click
- အိုဘားမားရဲ့ အလုပ်သမားဥပဒေ click
- စက်တင်ဘာ ၁၁ ရက် နောက်ဆုံးချိန် ကြားရချက် click
- ဘာတန်ကာလီရွာ လူသတ်မှု click
- Baha Mousa အမှု ဗြိတိသျှစစ်တပ် ပြစ်တင်ခံရ click
- ထပ်စင် အိမ်ပြန်ဖို့ ပူရာချိုင်း တောင်းဆို click
- ဇာတ်နိမ့်​ ဇာတ်မြင့်​ မခွဲခြား​တဲ့​ အိန္ဒိယချစ်သူများ​အဖွဲ့ click
- လူသား စပေါ်ထွန်းလာတဲ့ နေရာ click
- Cholesterol အဆီလျှော့ချနည်း click
- စီးပွားရေးကြီးထွားနေသော တရုတ်ပြည်၏ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများ - အပိုင်း (၂) click
- စစ်ထောက်လှမ်းရေးဟောင်းများ ထောင်မှ ပြန်လွှတ် click
- ၆ ရက်အတွင်း မြန်မာအစိုးရစစ်သား ၂၅ ဦးကျော် ကျ click
- မြန်မာအစိုးရမှ ကေအိုင်အိုအား လုပ်ကြံတိုက်ခိုက်သတင်း click
- ဒီကေဘီအေနှင့် အစိုးရ တိုက်ပွဲဖြစ် click
- မြဝတီ-ကော့ကရိတ် ကားလမ်းပေါ်က နေရာသုံးခုမှာ တိုက်ပွဲဖြစ်ပွား click
- ကြံ့ဖွံ့ခေါင်းဆောင်များ ၀တပ်ဖွဲ့နှင့် တွေ့ click
- ဝတပ်ဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ကို အစိုးရကိုယ်စားလှယ်နှစ်ဦး တွေ့ဆုံ click
- အပစ်ရပ်မှု ဆက်ထိန်းထားရန် ကြံ့ဖွံ့ကိုယ်စားလှယ်များ ဆွေးနွေး click
- ၀ နှင့် မိုင်းလားအဖွဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရန် အစိုးရကိုယ်စားလှယ် ပြော click
- ကျိုင်းတုံ တွေ့ဆုံဆွေးနွေးပွဲ အလားအလာကောင်းဟု မိုင်းလားတပ်ဖွဲ့ မျှော်လင့် click
- အစိုးရစစ်တပ်က ရှမ်းရွာသားများကို ပေါ်တာဆွဲ click
- ဒေါ်အောင်ဆန်းစုကြည်ဘဝ မှတ်တမ်းရုပ်ရှင်ကားသစ် ဘန်ကောက်မှာ ပြသ click
- ဒေါ်အောင်ဆန်းစုကြည်ကို ဦးသန့်မြင့်ဦး သွားရောက်တွေ့ဆုံ click
- ရွှေဝါရောင် နှစ်ပတ်လည်နေ့ ဖိတ်စာများ click
- ကြံ့ဖွံ့ပါတီမှ ကလိန်ဉာဏ်ဆင်ပြီး ၎င်းတို့ပါတီဝင်ကို ကျေးရွာအုပ်ချူပ်ရေးမှူးအဖြစ် ရွေး click
- လွှတ်တော်တွင် ဆန္ဒမဲ ဗြောင်ပေးစနစ် ကျင့်သုံးတော့မည် click
- ဆဒ္ဒန်ဆင်မင်းဇာတ်ခင်း၍ မီဒီယာလွတ်လပ်ခွင့် မပေးနိုင်သေးကြောင်း ဝန်ကြီး ပြော click
- ဦးကျော်ဆန်း တကယ်ပဲ ဇာတ်ထောင်တော့မလား click
- စာပေစိစစ်ရေး လိုအပ်ဆဲဟု ဦးကျော်ဆန်း ပြော click
- မက်ဆင်ဂျာကို ကန့်သတ်အပြစ်ပေး click
- အပြောနဲ့ အလုပ် click
- ဧရာဝတီအကြောင်း စာရေးဆရာများ ဟောပြောမည် click
- မိုင်ချယ်ရီဇာဟောင်း - Chin Person of the Year click
- ထူးဟန်နဲ့ မွန်းတို့က စစ်တပ်၏ ပါးကွက်သားများအဖြစ် လုပ်ကြံဖန်တီးပြီး ယူအန်၏ အိုင်စီစီလုပ်ငန်းစဉ် အားနည်းချက်ကို ထင်ရှားအောင် သက်သေပြခြင်းဖြစ် click
- ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေးဝန်ကြီး ရေပိုင်နက်အငြင်းပွားမူ ဖြေရှင်းရန် ဂျာမဏီနိုင်ငံသို့ ထွက်ခွာ click
- ဘင်္ဂလာဒေခ်ျ့၌ မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံရ click
- RNDP မှ ဆရာဦးဥတ္တမ စာစောင်များ ဖြန့်ဝေမှု နှောင့်ယှက်ဟန့်တားမှုမရှိ click
- ဆရာတော် ဦးဥတ္တမ ကြေးရုပ်တွင် ပန်းခွေချ ပူဇော်မည့်အစီအစဉ် ခွင့်ပြုချက်မရသေး click
- ရခိုင်ပြည်နယ်အစိုးရ မြန်မာယဉ်ကျေးမှု အဆိုအကပြိုင်ပွဲ လုပ်၍ ဦးဥတ္တမနေ့အား အာရုံပြောင်း click
- လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ (ဆောင်းပါး) click
- အမေရိကန် အထူးကိုယ်စားလှယ်ခရီးစဉ် ဘာထူးခြားသလဲ (မေးမြန်းဆွေးနွေးချက်) click
- ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေးကို တကယ်လိုလားရဲ့လား (သုံးသပ်ချက်) click
- RFA က ဧရာဝတီ စကားဝိုင်း (စက်တင်ဘာ ၈၊ ၂၀၁၁) click
- တက္ကသိုလ်ကျောင်းသူအမှု လူအများ စိတ်ဝင်စား click
- ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရန် မြေယာသိမ်းဆည်းခံရပြီး ဒေသခံများ လျော်ကြေးအပြည့်အဝမရသည့် အ ခြေအနေကြုံနေရ click
- ဘိလပ်မြေစက်ရုံ ဆောက်ရန် မြေသိမ်း၊ လျော်ကြေးငွေပမာဏ အလွန်နည်း click
- ဒဂုံမြို့သစ် လယ်မြေဧက ၂၀၀ အသိမ်းခံရမည့်အရေး တိုင်ကြားစာတင် click
- မိုးဗြဲဆည် ရေလွှတ်သဖြင့် လွိုင်ကော် အပါအ၀င် ရွာအချို့ ရေကြီး click
- စီမံကိန်းစိုက်ခင်း ပျက်စီးမှု ရွာသားများ ထပ်မံဖမ်းဆီးခံရ click
- တပတ်ရစ်ကား သွင်းခွင့် နယ်စပ်တွင် ပိတ် click
- အမျိုးအမည်မသိ အရက်သောက်မိသဖြင့် ဆေးရုံရောက် လူနာတဦး ထပ်မံသေဆုံး click
- ကဗျာဆရာတင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်းစာအုပ် မိုးမခအီးဘုတ်စာစဉ် ၂၁ အဖြစ် ထွက်ပြီ click
- ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ရောက် အာဖရိက စစ်သားများ (ရုပ်သံ) click
- ကဒါဖီ ၀င်လာမှပဲ ခိုလှုံခွင့်ပေးမလား ဆုံးဖြတ်မယ် click
- စက်တင်ဘာ ၇ ရက် တမိနစ် သတင်းဗွီဒီယို click
- စင်္ကာပူတွင် အမေရိကန်-အင်္ဂလိပ် ဘာသာစကားကို သင်ကြားရန် လီကွမ်ယု တိုက်တွန်း click
- စာသင်ခန်းအတွင်း စည်းကမ်းသေ၀ပ်မှု ရရှိစေရန် စစ်သားဟောင်းများကို ကျောင်းဆရာ ခန့်အပ်မည် click