• လူ့အခွင့်အရေးချိုးဖောက်မှုများ အမြန်ဆုံးဖြေရှင်းရန် ကင်တားနားတောင်းဆို - ဧရာဝတီ click here
  • လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား - ဧရာဝတီ click here
  • ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွှတ်ပေးဖို့ ကင်တာနားပြော - ဘီဘီစီ click here
  • လူ့အခွင့်အရေး ချိုးဖောက်မှု စိုးရိမ်ရဆဲဟု ကုလသမဂ္ဂပြော - ဧရာဝတီ click here
  • မြန်မာ လက်နက် မှောင်ခို ၁၇ ဦး တရုတ်ရဲ ဖမ်းမိ - ဧရာဝတီ click here
  • နိုင်ငံရေး အကျဉ်းသား ထပ်လွှတ်ဖွယ်ရှိ - ဧရာဝတီ click here
  • မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် မြန်မာလုပ်ငန်းအဖွဲ့ စေလွှတ်မည် - ဒီဗွီဘီ click here
  • ကေအိုင်အိုဌာနချုပ်ကို အစိုးရတပ် ၁၆ ရင်း ချဉ်းကပ်နေ - ဒီဗွီဘီ click here
  • မကွေးတိုင်း ဆိပ်ဖြူမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း သုံးဆယ်ကျော် ရေမြုပ် - ဒီဗွီဘီ click here
  • ငါးပွက်ရာ ငါးစားချတဲ့ လုပ်ရပ်တွေဖြစ်တယ် - ဒီဗွီဘီ click here
  • ချွေတာရေး ဥပဒေ မူကြမ်း လွှတ်တော်က ကနဦး အတည်ပြုချက်ပေး - ဘီဘီစီ click here
  • ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေ ထပ်လွှပ်ပေးမယ် - ဘီဘီစီ click here
  • အာဆီယံ ဥက္ကဌ ရာထူး ကိစ္စ ဆိုင်းငံ့ထားသင့်ကြောင်း AIPMC တိုက်တွန်း - အာရ်အက်ဖ်အေ click here
  • သမ္မတ အနေနဲ့နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ရှိ - အာရ်အက်ဖ်အေ click here
  • သစ်ပင်ကျိုး၊ ရေတက်ရုံမှလွဲပြီး မုန်တိုင်းကြောင့် ရခိုင်တွင် အထိအခိုက် အပျက်အစီး မရှိ - နိရဉ္စရာ click here
  • ဂြိုဟ်တု စလောင်း လိုင်စင်အသစ်များ ပြန်ပေးတော့မည် - ဧရာဝတီ click here
  • မုန်းတိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် မိုးကောင်းဦးမည် - ဒီဗွီဘီ click here
  • ရခိုင်ပြည်နယ် အစိုးရ၏ ပထဆုံး သတင်းဂျာနယ် ထုတ်ဝေဖြန့်ချီ - နိရဉ္စရာ click here
  • အငြိမ်းစားဝန်းထမ်းများကို အဓမ္မအိမ်ပြောင်းရွှေ့ခိုင်းနေ - ဒီဗွီဘီ click here
  • စစ်ကြောင်းများတိုးချဲ့၍ ဒေသခံရွာသားများ သွားလာရေးကန့်သတ်မှုရှိလာ - ကန္တာရဝတီတိုင်းမ် click here
  • ဝန်ကြီးများရုံး ဟိုတယ်လုပ်ရန် ဦးခင်ရွှေ ကမ်းလှမ်း - မဇ္ဈိမ click here
  • မြန်မာနိုင်ငံ လူ့အခွင့်အရေး စိုးရိမ်ရဆဲ - ဗွီအိုအေ click here
  • အစိုးရသစ်လက်ထက် သျှမ်းပြည်မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှုများလာ - KIC click here
  • ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကင်တားနား တောင်းဆို - အာရ်အက်ဖ်အေ click here
  • IMF နှင့် မြန်မာနိုင်ငံ - ဗွီအိုအေ click here
  • မလေးရှား-မြန်မာ အထိန်းသိမ်းခံ လဲလှယ်ရာမှာ ဒုက္ခသည် မပါ - မဇ္ဈိမ click here
  • မြန်မာ မလေးရှား အကျဉ်းသား အစီအစဉ် လူ့အခွင့်အရေးအဖွဲ့ ဝေဖန် - အာရ်အက်ဖ်အေ click here
  • မျက်စိနာရောဂါကြောင့် ကရင်နီဒုက္ခသည်များ တတိယနိုင်ငံခရီးစဉ် ခေတ္တရပ်ဆိုင်းထား - ကန္တာရဝတီတိုင်းမ် click here
  • မြန်မာတပ် အချင်းချင်းမှာ ပစ် ၆ ယောက်ထက်မနည်းသေ - သျှမ်းသံတော်ဆင့် click here
  • မြန်မာဘက်က တိဘက်ကို လက်နက်မှောင်ခို တင်သွင်းသူ တရုတ် ဖမ်းဆီး - အာရ်အက်ဖ်အေ click here
  • မူးယစ်ဆေးသယ်လာသည့် မြန်မာနှစ်ဦး အဖမ်းခံရ - ဧရာဝတီ click here
  • ဒုတိယ တွေ့ဆုံပွဲမှ ရခဲ့သော မြန်မာအစိုးရသစ် လက်ဆောင်အပေါ် မိုင်းလားတပ်ဖွဲ့ သံသယရှိ - သျှမ်းသံတော်ဆင့် click here
  • မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးပြောင်းရွေ့ - သျှမ်းသံတော်ဆင့် click here
  • ကရင်နီပြည်ရေလွမ်းမိုးမှု၌ သူခိုးများ အခွင့်ကောင်းယူ - ကန္တာရဝတီတိုင်းမ် click here
  • ကချင်အရပ်သားများကို အနိုင်မကျင့်ရန် HRW တောင်းဆို - ဧရာဝတီ click here
  • မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းတဲ့ အပေါ် ကုလကိုယ်စားလှယ် ကြိုဆိုချက် တရုတ် မကျေနပ် - အာရ်အက်ဖ်အေ click here
  • လူ့အခွင့်အရေး ဟောပြောလို့ ထောင်ကျခံရသူ - မဇ္ဈိမ click here
  • စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တဲ့ သင်းထောက်ဆရာ - မဇ္ဈိမ click here
  • ဒေါ်အောင်ဆန်းစုကြည် ဦးလွင်ထံ သွားရောက် - ဧရာဝတီ click here
  • စိုင်းအောင်ထီးခမ်းရဲ့ စန်းတက်ချိန် - ဧရာဝတီ click here
  • ဒေါ်အောင်ဆန်းစုကြည်က နော်ဝေနိုင်ငံ ဒု နိုင်ငံခြားရေးဝန်ကြီးအား လက်ခံ တွေ့ဆုံ(ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • သံဃာ့လှုပ်ရှားမှု လေးနှစ်မြောက် အခမ်းအနား (အုန်းဖြန် ဒုက္ခသည်စခန်း၊ ထိုင်းနိုင်ငံ)(ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • ဗုဒ္ဓေါဝါဒကျောင်း ဒုတိယအကြိမ်မြောက် သီတင်းကျွတ် မီးထွန်းပွဲ(ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • ရက် ၂၀၀ မှ ရက် ၃၀၀ အတွင်း ဖြစ်နိုင်ခြေရှုခင်းများ (မောင်ဝံသ) - ဧရာဝတီဘလော့ဂ် click here
  • ဘန်ကောက်ရောက်မြန်မာတဦး လည်ပင်း ဓားနဲ့လှီးခံရ(ရုပ်သံသတင်း) - ဧရာဝတီဘလော့ဂ် click here
  • ဦးနေ၀င်း၊ သင်္ခါရ နဲ့ ကုန်းဘောင်ဆက်(အချက်အလက်) - ဧရာဝတီဘလော့ဂ် click here
  • မြန်မာသံဃာတော်များရဲ့ ထိုင်းရေဘေးအလှူ(ဓာက်ပုံ) - ဧရာဝတီဘလော့ဂ် click here
  • NDAA အတွက် ခေါင်းတလားနဲ့ ရွှေရည်စိမ်လက်စွပ်(သတင်း) - ဧရာဝတီဘလော့ဂ် click here
  • နိုင်ငံရေးအကျဉ်းသား ကိုဇော်ရဲဝင်းနဲ့ စကားပြောခြင်း(အသံဖိုင်) - ယနေ့မြန်မာ click here
  • စတိဗ် ဂျော့ဘ်အား အမှတ်ရ လွမ်းဆွတ်ခြင်း (အက်ပဲလ်စတိုး၊ နယူးယောက်)(ဓာတ်ပုံ) - ယနေ့မြန်မာ click

   နော်ဝေနိုင်ငံရောက် မြန်မာအချို့ကို Social က ကျွေးထားတာ အေးအေးဆေးဆေးစားဖို့ အတွက် http://mabaydar88.blogspot.com/ ဘလော့ကို ရေးတဲ့ မဗေဒါ (ခေါ်) မအေးအေးခိုင်ရဲ့ သမီး မေကိုလတ် (ခေါ်) ဒီဇင်ဘာက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ပြောဆိုချိန်မှာ ဒေါသ ထွက်နေဟန်ရှိပြီး နော်ဝေကိုတောင် သောက်နော်ဝေ လို့ သုံးနှုံးထားတာ တွေ့ရပါတယ်။ နော်ဝေက မြန်မာတွေကို Stupid People တွေလို့ ပြောဆိုထားပြီး နော်ဝေမှာ မနေသင့်ကြတာကြောင့် မြန်မာနိုင်ငံပြန်ကြဖို့လည်း တိုက်တွန်းထားပါတယ်။


မေကိုလတ်ရဲ့ သတိပေးချက်

မေကိုလတ် (ခေါ်) ဒီဇင်ဘာ ဟာ အစိုးရအတိုက်အခံဘလော့ရေးနေတဲ့ မဗေဒါရဲ့ သမီး ဖြစ်ပြီး http://nge-naing.blogspot.com ကို ရေးသားသူ မငယ်နိုင်ရဲ့ သွန်သင် အုပ်ထိန်းမှု အောက်မှာ ကြီးပျင်းလာရသူဖြစ်ပါတယ်။ မဗေဒါက ယောင်္ကျားနှစ်ယောက် ယူခဲ့တဲ့ အပြင် မငယ်နိုင်ကပါ မိုးသွေးငယ်နဲ့ ဖောက်ပြန်မှုတွေကြောင့် တစ်ယောက်တည်းနေကာ စိတ်ထင်တိုင်း ကျဲပြီး လုပ်ချင်တိုင်းလုပ်နေသူ တစ်ယောက်ဖြစ်ပါတယ်။


ဒုက္ခသည်မလေး မေကိုလတ်
မေကိုလတ်ဟာ အသက် ၁၇ နှစ် မပြည့်ခင်မှာ ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး အစိုးရစစ်တပ်က စစ်ဗိုလ် တစ်ဦးနဲ့ အတူ အိပ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မဗေဒါတို့၊ မငယ်နိုင်တို့ ခြေရာကို နင်းကာအစိုးရအတိုက်အခံတို့ ထုံးစံအတိုင်း နောက်တစ်ယောက် မက နဲ့ အတူနေခဲ့သူဖြစ်ပါတယ်။

မေကိုလတ်အကြောင်း အစုံအလင်ကို သွန်သင်ထိန်းကျောင်းလာတဲ့ မငယ်နိုင်က သူ့ဘလော့မှာ အခုလို ရေးထားပါတယ်။

" ဒီဇင်ဘာ (ခ) မေကိုလတ် ကို ကျွန်မ စပြီး တွေ့ဖူးတာ ကတုံးဆံပင်လေးနဲ့ စကားပြောသင်ခါစ၊ လမ်းလျှောက်သင်ခါစ တနှစ်တောင် မပြည့်သေးပါဘူး။ ၁၉၉၃ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းလတွေမှာ ABSDF ဗဟိုက ဖွင့်လှစ်ထားတဲ့ Rehabilitation Centre မှာ ယူနီဖေါင်းချုပ်ရာမှာ နှစ်ပတ်ခန့် သွားဝိုင်းလုပ်ဖို့ ကျွန်မနဲ့ အတူတာဝန်ကျတဲ့ သူ့အမေနဲ့ ပါလာရာမှ ရင်းနှီးခဲ့ပါတယ်။ အဲဒီမှာ လုပ်အားသွားပေးရတာ သူတို့အမေနဲ့ ကျွန်မကလွဲရင် အကုန်ုလုံးက အမျိုးသားတပ်ဖွဲ့ဝင်တွေပဲ ဆိုတော့ သူတို့သားအမိနဲ့ ကျွန်မနဲ့ အရင်ကမသိပေမဲ့ အဲဒီမှာ တော်တော်လေး ရင်းနှီးသွားပါတယ်။ အဲဒီမှာ နှစ်ပတ်ခန့် သွားဝိုင်းလုပ်ပြီး သူတို့သားအမိကလည်း မိသားစုရွာဖြစ်တဲ့ သံလွင်မြစ်ရဲ့ ထိုင်းဘက်ကမ်းအနည်းငယ် ၀င်ရတဲ့ နေရာမှာ ဆောက်ထားတဲ့ ရောင်နေဦးကိုပြန် ကျွန်မလည်း ဗဟိုဌာနချုပ် ဒေါင်းဂွင်ကို ပြန်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ သူ့အမေက ပြန်ကြားရေးတာဝန်နဲ့ ဒေါင်းဂွင် စတူဒီယိုမှာ DVB အတွက် အသံလာသွင်းဖို့ ဗဟိုကို ရောက်လာတိုင်း ဒီဇင်ဘာကို ကျွန်မပဲ တချိန်လုံး ခေါ်ထားတာ များပါတယ်။ ဒီဇင်ဘာကလည်း ကျွန်မနဲ့ဆို တနေကုန်နေပါတယ်။ ဒီဇင်ဘာဟာ အငိုသိပ်သန်ပေမဲ့ ကျွန်မလက်ထဲမှာ တနေကုန်နေလည်း ဘယ်တော့မှ မငိုတတ်ဘူး။ ဒါပေမဲ့ အဆောင်က တခြားမိန်းကဘေးတွေက လိုက်စရင် ဗြဲကနဲ အသံကုန်ဟစ်ပြီး အော်ငိုတတ်ပါတယ်။ ဒါကြောင့် ငိုစရာမဟုတ်ပဲ ငိုလွန်းလို့ဆိုပြီး သူ့အမေက ဒီဇင်ဘာ မငိုတဲ့နေ့များ တနေ့တလေ ရှိခဲ့ရင် အဲဒီနေ့မှာ သမီးကိုမေမေ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ် လို့ ဒီဇင်ဘာ ၁ နှစ် မပြည့်ခင်ကနေ ပြောလာခဲ့တာ ၄ နှစ်ခန့်အရွယ်ထိ ကြားရဆဲပဲ။ ဒီဇင်ဘာနဲ့ ရင်းနှီးပြီး နောက်ပိုင်းမှာ သူတို့နေတဲ့ ရောင်နီဦးကို သွားဖြစ်တိုင်း သူတို့အိမ်မှာပဲ တည်းဖြစ်ပါတယ်။


သနားစရာလေး ဒီဇင်ဘာ


တခါတော့ ကျွန်မ ရောင်နီဦးသွားတော့ သူ့အမေက ရောင်နီဦးမှာ ငှက်ဖျားတွေ တက်ပြီး အပူတွေ သိပ်များနေတယ်။ ကျွန်မတို့ ပြန်ခါနီးကျတော့ ဒီဇင်ဘာကလည်း ထုံးစံအတိုင်း ခါတိုင်းလိုပဲ ကျွန်မနောက်ကို အသည်းအသန် ငိုလိုက်နေတော့ ကျွန်မလည်း သူ့အမေဖျားနေတာကို ကူညီရာလည်း ရောက်အောင် ဗဟိုကို ခေါ်လာလိုက်တယ်။ သူ့အမေကလည်း ဆေးဒဏ်ရော အဖျားဒဏ်ရော အလူးအလဲ ခံနေရတော့ ငိုလိုက်နေတဲ့ ဒီဇင်ဘာကို ထချော့လို့ မနိုင် ဖြစ်နေတာနဲ့ ကြည်ကြည်ဖြူဖြူပဲ ကျွန်မနဲ့ ထည့်လိုက်ပါတယ်။ ဗဟိုရောက်လို့ အိပ်ချိန်မရောက်ခင်ထိတော့ ဒီဇင်ဘာက ပျော်နေလို့ ဘာပြဿနာမှကို မရှိခဲ့ပေမဲ့ အိပ်ချိန် ရောက်တဲ့အချိန်ကစပြီး အိမ်ပြန်မယ်၊ မေဂျီကြားမယ် (အမေဆီသွားမယ်) ဆိုတာပဲ ထပ်ခါတလဲလဲ ဟစ်အော်ပြီးငိုတာ အဆောင်သူတွေ တယောက်မှ မအိပ်ရလို့ ကျွန်မကို ဘာလုပ်ဖို့ ခေါ်လာရတာလဲလို့ ၀ိုင်းအပြစ်တင်ကြတယ်။ လသာတဲ့ည ဖြစ်တော့ အဆောင်အောက်ကို ဆင်းပြီး အဆောင်ရှေ့မှာ လကိုသွားပြကာ လမ်းလျှောက်ရင်း သူ့ကိုချီသိမ့်တာ ပုခုံးပေါ်မှာ ခဏတော့ အိပ်ပျော်ပါတယ်။ အိပ်ပျော်ပြီဆိုပြီး အိပ်ရာမှာ သွားသိပ်ချလိုက်တာနဲ့ နိုးလာပြီး ငိုတော့တာပဲ အဲဒါနဲ့ အိမ်အောက်ကိုဆင်း ပြန်ချီသိမ့်ရပြန်တယ်။ ဒီလိုနဲ့ ကျွန်မ အဲဒီညက တညလုံးနီးပါး မအိပ်ခဲ့ရဘူး မနက်မိုးလင်းတော့ ရောင်နီဦးသွားတဲ့ လှေနဲ့ လိုက်သွားပြီး သူ့ကို ပြန်ပို့ခဲ့ရပါတယ်။ အဲဒီအချိန် သူ့အမေလည်း အဖျားကျပြီး တော်တော် သက်သာနေပြီ။ အဲဒီပြီးနောက်ပိုင်းမှာတော့ ကျွန်မနောက်ကို အမြဲငိုလိုက်တတ်တဲ့ ဒီဇင်ဘာဟာ သူ့အမေနဲ့ သူ့ကို ကျွန်မက ခွဲတယ်လို့ အစွဲဖြစ်သွားပုံရပါတယ် ကျွန်မကို တွေ့တာနဲ့ သူ့အမေကို အသေဖက်ထားတော့တာပဲ။ အဲဒီတုန်းက ကျွန်မစိတ်ထဲမှာတော့ ရည်စားကွဲလို့ အသည်းကွဲတယ်ဆိုတာ ဒါမျိုးလားမသိဘူးလို့ ထင်ရလောက်အောင် မချိမဆန့် ခံစားလိုက်ရပါတယ်။ ဒီဇင်ဘာဟာ ကျွန်မကို တော်တော်ကြာတဲ့အထိ စိမ်းသွားပြီး နောက်ပိုင်း အဲဒီအဖြစ်အပျက်ကို သူမေ့သွားတဲ့အချိန်မှ ကျွန်မ ပြန်ချီလို့ရတော့တယ်။ ကျွန်မလည်း အဲဒီအချိန်ကစပြီး ဒီဇင်ဘာကို ညအိပ်ညနေ သူ့အမေမပါဘဲ ဘယ်တော့မှ မခေါ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။


အသက် ၁၇ နှစ် မပြည့်ခင် ရုရှားမှ စစ်ဗိုလ်တစ်ဦးထံ အတူသွားအိပ်စဉ်က



ကျွန်မ ဒီဇင်ဘာကို ပြန်ချီလို့ ရသွားတော့လည်း ဒီဇင်ဘာဟာ ဒုံရင်းဒုံရင်းပါပဲ ကျွန်မကို ပြန်ချစ်ရှာတယ်။ စကားပြောတတ်လာတဲ့အချိန်မှာတော့ သူဟာ အရွယ်နဲ့ မလိုက်အောင် စကားတတ်ပြီး လူကြီးတွေ ပြောတဲ့စကား သူ့ပါးစပ်ထဲ အကုန်ရောက်တယ်။ သူ့အရွယ် တခြားကလေးတွေက ကျွန်မကို အန်တီငယ်လို့ ခေါ်ပေမဲ့ သူက ကျွန်မကို တခြားကလေးတွေနဲ့ မတူအောင် ငယ်ငယ် လို့ပဲခေါ်ပါတယ်။ ရန်သူထိုးစစ်ကြောင့် ဒေါင်းဂွင်ကျပြီး ABSDF ဗဟိုကို ကရင်နီမှာ သွားအခြေစိုက်တော့ ဒီဇင်ဘာ့ အမေဟာ ဗဟိုပြန်ကြားရေးဌာနမှာ အရင်ကလို တခါတလေမှ တာဝန်ကျတာမျိုး မဟုတ်တော့ဘဲ အမြဲတမ်းအဖွဲ့ဝင်ဝင်အဖြစ် တာဝန်အပေးခံရပြီး သူတို့သားအမိဟာ ဗဟိုသွားရာ ကရင်နီကို လိုက်လာရပြီး မိသားစုရပ်ကွက်မှာ အိမ်ဆောက်နေစရာ မလိုတော့ဘဲ ကျွန်မတို့ အပျိုဆောင်မှာပဲ လာနေရပြီး ဒီဇင်ဘာလည်း အဆောင်သူ တယောက်ဖြစ်လာခဲ့ပါတယ်။ အဆောင်သူ ဖြစ်သွားတော့ ဒီဇင်ဘာဟာ သူ့အမေပြောတဲ့စကားအပါဝင် အဆောင်က တခြား အပျိုတွေ ဘာပဲပြောပြော ဒီဇင်ဘာက အကုန်လုံး လိုက်ပြောတော့တာပဲ။ ဗဟိုက လူကြီးယောက်ယောက်က ကိစ္စရှိလို့ ရောက်နေရင်ဖြစ်စေ၊ အဆောင်မှာ မီးပြင်တာတို့ တခုခုအတွက် လိုအပ်လို့ ရဲဘော်တယောက်ယောက်က လာကူညီလုပ်ပေးတာဖြစ်စေ အဆောင်ထဲမှာ အမျိုးသားတဦးဦးကို တွေ့ရင် အမျိုးသမီးအဆောင်ထဲကို အမျိုးသားမ၀င်ရဘူးလို့ ပြောပြီး လူကြီးလေသံနဲ့ မှောင်းထုတ်တတ်ပါတယ်။ နောက်တော့ ကိစ္စရှိလို့ တာဝန်နဲ့ ၀င်ရင် ရတယ် အဲဒီလို မပြောရဘူးလို့ သူ့ကို ပြောပြထားတော့ ကျွန်မက ဘဏ္ဍာရေး ဌာနအဖွဲ့ဝင်ဆိုတော့ ကျွန်မဆီမှာ ပိုက်ဆံထုတ်ဖို့ ဖြစ်စေ၊ တခြားရဲမေတွ ဆီမှာ တခုခု လာယူတာပဲဖြစ်စေ ရဲဘော်တယောက်ယောက်က အဆောင် ခြံစည်းရိုးအပြင်ကနေပြီး အဆောင်သူ တယောက်ယောက်ကို လှမ်းခေါ်ရင် သူက သမီးအ၀တ်လဲနေတယ်.. ရေချိုးနေတယ် အဆောင်ထဲ အရမ်းမ၀င်လာနဲ့လို့ ပြောလေ့ရှိတယ်။



ဘုရားစူး ဒုက္ခသည်ပါ

ကရင်နီမှာ ကျွန်မတို့ စခန်းချထားတဲ့ ဗဟိုက ဒေါင်းဂွင်လို လှေစီးပြီး ဇိမ်နဲ့ သွားလို့ ရောက်တဲ့ နေရာမဟုတ်ဘဲ အဲဒီကို ရောက်အောင် တောင်အောက်မှာ ရှိတဲ့ တပ်ရင်း (၃၀၃) ရုံးရှိရာ ထိုင်းရွာကနေ သုံးလေးနာရီ တောင်တက်မှ ရောက်ပါတယ်။ အဲဒီမှာ ဗဟိုစခန်းဆောက်လို့ ပြီးချိန်မှာ မိုးရာသီအတွက် တမိုးစာ ရိက္ခာဆန်ကို တောင်ခြေရွာမှာ ရှိတဲ့ တပ်ရင်း (၃၀၃) ဆန်ဂိုဒေါင်ကနေ တောင်ပေါ် ရောက်အောင် တယောက်ကို ဆန် သံပုံးနဲ့ ငါးပုံး တပ်ဖွဲ့ဝင်တိုင်း သယ်ရပါတယ်။ သန်မာတဲ့ အမျိုးသားတွေကတော့ ငါးပုံးစာကို သုံးခေါက်နဲ့ ပြီးရင်လည်း ပြီးနိုင်တယ်။ ကျွန်မတို့ကတော့ အနည်းဆုံးတော့ ငါးခေါက်သယ်ရပါတယ်။ တခေါက်သယ်ပြီးတိုင်း ထောက်ပံ့ရေးဌာနက ချိန်တွယ်ထားပြီး ဘယ်သူက ဘယ်လောက် သယ်ထားပြီးပြီဆိုတာ စာရင်းမှတ်ထားပါတယ်။



နော်ဝေမှာ နောက်တစ်ယောက်နဲ့ အတူနေပြန်တဲ့ ဒီဇင်ဘာ

တခါတော့ သူတို့သားအမိနဲ့ ကျွန်မနဲ့ ဆန်သယ်ပြီး တောင်ပေါ်ပြန်အတက်မှာ သူ့အမေက အရှေ့ဆုံးမှာ နှစ်နှစ်သမီး ဒီဇင်ဘာက အလယ်မှာ သူ့မုန့်ထုပ်လေးကို ကြွပ်ကြွပ်အိပ်လေးနဲ့ ဆွဲလျက် ကျွန်မက နောက်ဆုံးကနေ လျှောက်ပြီး တောင်ကိုတက်လာတယ်။ ကလေးလည်းပါတယ် ခေါင်းပေါ်က ဆန်အိတ်ကြီးကလည်း လေးတယ်ဆိုတော့ ခဏတက်လိုက် နားလိုက်နဲ့ ဖြေးဖြေးပဲ တက်လာကြတယ်။ ဒီဇင်ဘာ့အမေက စာရေးစာဖတ် သိပ်ဝါသနာပါပြီး ရသစာလေးတွေ ဒေါင်းအိုးဝေစာစောင်တို့ အဖွဲ့အစည်းမှာ တခါတလေ ပြုလုပ်တဲ့ နံရံကပ်စာစောင်တို့မှာ ရေးပြီး ဆုရတာတွေ ရှိဖူးပါတယ်။ ဒါကြောင့် သူက စကားပြောရင်လည်း စာသံပေသံတွေနဲ့ ပြောတတ်ပါတယ် (အခုထိ ဒီအတိုင်းပါပဲ)။ အဲဒီနေ့ကလည်း ဆန်အိတ်ကြီးကိုရွက်ပြီး တောင်တက်လျက် စကားလုံး ကြီးကြီးတွေနဲ့ သူ့သမီးလေးကို တော်လှန်ရေး အကြောင်း Lecture ရိုက်လာတယ်။ သူကတော့ မိခင်မေတ္တာနဲ့ နဖူးမှချွေး ခြေမအထိ စီးဆင်းနေတာတောင်မှ မောရမှန်းမသိ သမီးကို တော်လှန်ရေး တရားတွေ တလမ်းလုံး ဟောပြီး လာနေချိန်မှာ ကျွန်မကတော့ မောလို့ ဘာမှကို မပြောနိုင်ခဲ့ဘဲ ခြေလှမ်း ကိုတလှမ်းချင်း လေးလေးပင်ပင်ဆွဲပြီး တောင်ကိုတက်နေရတယ်။ သူ့အမေကလည်း ဆက်ပြောနေတယ် ”သမီးရေ တော်လှန်ရေးဆိုတာ ခရီးကြမ်းတယ်၊ ငတ်မယ်၊ ပြတ်မယ် အမေတို့ ဒီလမ်းကိုလျှောက်မှ ဒီစခန်းကို ရောက်မယ်..သမီးတို့ မေမေတို့လျှောက်ရမယ့် လမ်းက ဒီလမ်းကွဲ့” ဆိုပြီး ပန်းခင်းတဲ့လမ်းမဟုတ်ဘူး ဆူးခင်းတဲ့လမ်း ဖြစ်တယ် ဆိုတာကိုပဲ ဆက်ပြောမလား မသိဘူး သူ့အမေက ဆက်ပြောမယ့်စကားကို ပါးစပ်ဟရုံပဲ ရှိသေးတယ် ဒီဇင်ဘာက ”မေမေ ဒါဆိုရင် ဟိုဘက်လမ်းက ဘယ်သူလျှောက်တဲ့ လမ်းလဲ” လို့ လမ်းခွဲလေးတခုကို လက်ညိုးထိုးပြီး မေးလိုက်တော့ သူ့အမေ ဘာဆက်ပြောရမှန်း မသိတော့ဘဲ ”ဟဲ..ဒီကောင်မလေးနော် အမေက စကားကောင်းပြောနေတာကို အလေးမထားဘူး” ဆိုပြီး စကားစခဏ ပြတ်သွားတယ်။ ကျွန်မကတော့ မောရတဲ့ကြားထဲ သူတို့သားအမိရဲ့ စကားကို နားထောင်ပြီး ”ကလေးကို ဒါတွေ ပြောနေလို့ ကလေးက ဘာနားလည်မလဲ” ဆိုတာ တခွန်းပဲ ပြောပြီး ရီရလွန်းလို့ အူကိုနှိပ်နေရတယ်။


တောထဲမှာ ဒီလို ကြီးပြင်းခဲ့ရတာများလား

သူ့အမေ ဒီဇင်ဘာကို ပေးနေတဲ့ Lecture က တော်တော်နဲ့ မပြီးသွားဘူး။ ဆက်လျှောက်လာတော့ တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းတာကို ထပ်ပြောနေသေးတယ်။ ”သမီးလေးလည်း အခုလို မေမေတို့ လူကြီးတွေနဲ့ လျှောက်လိုက်နေရတာ တော်တော်မောနေမှာပဲ” လို့ပြောပြီးတော့ သူ့သမီးရှိတဲ့ အနောက်ကို ပြန်လှည့်ကြည့်ပြီး ”မေမေလေ.. သမီးကို ကြည့်ပြီး သနားမှသနားပဲ” လို့ ပြောလိုက်တယ်။ ဒီဇင်ဘာကလည်း သူ့အမေနဲ့ တပုံစံတည်း ထပ်တူကျအောင် တုကာ ကျွန်မရှိနေတဲ့ အနောက်ကို ပြန်လှည့်ကြည့်ပြီး ”သမီးလည်းလေ ငယ်ငယ့်ကို ကြည့်ပြီး သနားမှသနားပဲ” ဆိုပြီး ပြန်ပြောလိုက်တော့တယ်။ ဒါနဲ့ သူ့အမေက ချက်ချင်းပဲ ”ဟောတော် အမေကိုတော့ မသနားဘဲနဲ့ ဘယ်လိုဖြစ်ပြီး ငယ်ငယ်ကို သွားသနားရလဲ” ဆိုပြီး မျက်နှာ ပျက်နေအချိန်မှာ ကျွန်မလည်း သူတို့သားအမိရဲ့ စကားဝိုင်းကို အူနှိပ်ရလွန်းလို့ သီးမခံနိုင်လောက်အောင် ဖြစ်နေပြီဆိုတော့ ”တော်ပြီ တော်ပြီ သီးမခံနိုင်တော့ဘူး တထောက်နားမှ ဖြစ်တော့မယ်၊ ခေါင်းပေါ်က ဆန်အိတ်က လေးရတဲ့ကြားထဲ မဗေဒါတို့ သားအမိလုပ်တာ ဒီတနေ့ တောင်ပေါ် နေရာက်နိုင်တော့မှာ မဟုတ်ဘူး” လို့ ပြောပြီး ဒီဇင်ဘာ့အမေရဲ့ ဒီဇင်ဘာကို ပေးနေတဲ့ တော်လှန်ရေး Lecture ကို တောင်းပန်ပြီး ရပ်ခိုင်းလိုက်ရတယ်။ ကျွန်မလည်း တောင်ပေါ်ရောက်တော့ အဆောင်မှာရှိတဲ့ သူတွေကို တောင်တက်တလမ်းလုံး ပြောလာတဲ့ ဒီဇင်ဘာတို့သားအမိ အကြောင်း အဆောင်မှာ အကုန်လုံးကို ပြောပြတော့တယ်။ ဗဟိုမှာလည်း သူ့အမေ ဆန်အိတ်ကြီးရွက်ကာ အမောခံပြီး တတွတ်တွတ် သူ့ကို Lecture ရိုက်လာတာတောင် သူ့အမေကို မသနားဘဲ ကျွန်မကို သနားတယ်လို့ ဒီဇင်ဘာက ပြောတဲ့အကြောင်း ဗဟိုမှာ ပြောစမှတ် ဖြစ်သွားတယ်။




ကျွန်မတို့ အဆောင်က ရင်ကွဲအဆောင်လို ဖြစ်ပေမဲ့ ထိပ်မှာ အပိတ်ရှိတော့ ဂငယ်ပုံသဏ္ဍန် အဆောင်ဖြစ်ပါတယ်။ အထဲဝင်လိုက်ရင် ဘေးတဘက်တချက်မှာ အခန်းတွေဖွဲ့ထားပြီး နံရံတွေခြားထားကာ အခန်းတွေ ဖွဲ့ထားပေမဲ့ ထိပ်မှာတော့ နံရံခြားထားတာ မရှိဘဲ ဘယ်ဘက်ထိပ်ထောင့်မှာ ကျွန်မအိပ်ရာ ရှိပြီး ညာဘက်ထောင့်မှာက သူတို့သားအမိ အိပ်ရာရှိပါတယ်။ ကြားမှာနံရံမရှိတော့ နေရာအကျယ်ကြီး ဖြစ်နေပြီး အဆောင်မှာ လူစုပြီး တခုခု လုပ်ရင် ဒီမှာပဲ လုပ်ကြပါတယ်။ တခါတော့ မိုးသီးထန်စွာရွာတဲ့ ညတညမှာ ဒီဇင်ဘာ့ အမေအပါအ၀င် အဆောင်က ရဲမေတွေက ပျင်းပျင်းရှိတာနဲ့ ကက်ဆစ်ကို အကျယ်ကြီးဖွင့်ပြီး ကကြ၊ ခုန်ကြ သီချင်းဆိုကြ စကားတွေဝိုင်းဖွဲ့ပြီး အပြောင်အရွှတ်တွေ ပြောကြနဲ့ ဆူညံနေခဲ့တယ်။ ကျွန်မတယောက်ပဲ ၀င်မပါဘဲ ပွဲကြည့်ပရိတ်သတ်လို နေတော့ ဒီဇင်ဘာက ကျွန်မရင်ခွင်ထဲမှာ လာထိုင်ပြီး တခြားသူတွေ တယောက်စီ လုပ်တာကို သေသေချာချာ ကြည့်ထားတယ်။ နောက်နေ့ နေ့လည်ကျတော့ ဗဟိုရုံးနဲ့ ရဲဘော်တွေကြားထဲမှာ ကျွန်မတို့ အဆောင်မှာ ညက ဘယ်သူက ဘယ်လိုကတယ်၊ ဘယ်လိုသီချင်းဆိုပြီး ဘာတွေ ပြောကြတယ်ဆိုတာ တိတိကျကျကို သိနေပြီး အပြင်မှာပြန့်နေတယ်။ မိုးသီးထန်စွာ ရွာနေတော့ တယောက်ယောက် လာချောင်းကြည့်လို့ သိတာလည်း မဖြစ်နိုင်ဘူး၊ ဘယ်လိုသိလဲဆိုတာ စုံစမ်းကြည့်တော့ တရားခံက ဒီဇင်ဘာ ဖြစ်နေတယ်။ ဒီဇင်ဘာ ရုံးမှာသွားပြောတာက ညက အဆောင်မှာ ငယ်ငယ်ကလွဲရင် ကျန်တဲ့သူတွေ အားလုံး အရူးတွေလိုပဲလို့ အစချီလိုက်တယ်တဲ့။ ရဲဘော်တွေက ဘယ်လိုဖြစ်လို့လဲ မေးတော့ တယောက်စီက ဘယ်လိုဆိုတယ် ဘယ်လိုကတယ် ဘာတွေ ပြောတယ်ဆိုတာကို လုပ်တဲ့သူရဲ့ အမူအယာနဲ့ အသံပါ တူအောင်တုပြီး လုပ်ပြတယ်လို့ ပြန်သိရတယ်။ နောက်နေ့ညကျတော့ အဆောင်က ရဲမေတွက သူ့ကို ”နင်နောက်တခါ ရဲဘော်တွေကြားမှာ ငါတို့အကြောင်း အဲဒီလို သွားပြောရင် နင့်ကိုရိုက်မယ်” လို့ ၀ိုင်းပြောကြတော့ သူက အသံဗြဲကြီးနဲ့ အော်ငိုလို့ ၀ိုင်းပြီး ပြန်ချော့ရပြန်တယ်။ ဒါကိုလည်း သူက အပြင်မှာ ပြန်သွားပြောသေးတယ်၊ သူအဆောင်ကအကြောင်း နောက်ဆိုဘာမှ ပြောတော့မှာ မဟုတ်တဲ့အကြောင်း၊ ပြောရင် သူ့ကို ရိုက်မယ်လို့ အဆောင်က အန်တီတွေက ပြောတဲ့အကြောင်းကို ရဲဘော်တွေကို ပြန်သွားပြောသေးတယ်။


ရုရှားနိုင်ငံ မော်စကိုမြို့မှာ မိုးမမြင်လေမမြင်ဖြစ်နေတဲ့ ဒီဇင်ဘာ
တခါတော့ ကျွန်မတို့ အဆောင်မှာ အသက်အငယ်ဆုံး ဖြစ်တဲ့ ဆေးအဖွဲ့က ကောင်မလေးတယောက်က အကြီးတွေကို တိုင်ပင်စရာ ရှိတယ်ဆိုပြီး အဆောင်မှာ လူစုံတော့ နောက်နေ့ကျရင် သူ့တပ်ရင်းမှာ ရဲမေနှစ်ဦး မင်္ဂလာဆောင်ရာမှာ သူ့ကောင်လေးနဲ့ သူလည်း လူသိရှင်ကြား ဖြစ်အောင် လက်မှတ်ထိုးထားချင်တဲ့ အကြောင်း လာတိုင်ပင်ပါတယ်။ ကျွန်မတို့ကလည်း လက်မှတ်ထိုးပြီးရင် လင်မယားဖြစ်သွားကြပြီ ဆိုတာနဲ့ တပ်ရင်းက မိန်းကလေးနှစ်ဦးကိုက အရင်တုန်းကတောင် အစီစဉ်လုပ်ထားလို့ မင်္ဂလာဆောင်ပေးတာ ဖြစ်တယ်၊ ဗဟိုက ရဲမေတဦးအနေနဲ့ စစ်ပူနေတဲ့ကာလမှာ ယောက်ျား မယူသင့်သေးကြာင်း၊ ပြီးတော့ အစီစဉ်မရှိ ဗြုန်းစားကြီးဆိုတော့ ရုံးကလည်း လုပ်ပေးနိုင်လိမ့်မှာ မထင်ကြောင်း၊ အခြေအနေ အေးအေးဆေးဆေး ဖြစ်မှ အသေအချာ လက်ထပ်ခွင့် စာတင်ပြီး မင်္ဂလာဆောင်ကြဖို့ကို ခြံဝမှာ စောင့်နေတဲ့ သူ့ကောင်လေးကိုပါ နားလည်အောင် အသေအချာ ရှင်းပြလိုက်တယ်။ အဲဒီအကြောင်းကို အကြောင်းပြုပြီး လက်မှတ်ထိုးမယ်ဆိုတာကို ဒီဇင်ဘာက ခေါင်းထဲမှာ ကောင်းကောင်းစွဲနေပြီး နောက်နေ့ ညဘက်ရောက်တော့ သူ့အမေကို ”မေမေ သမီးလက်မှတ်ထိုးချင်တယ်” လို့ ပြောတော့တာပဲ။ အဲဒါနဲ့ သူ့အမေက အံ့သြပြီး ”ဒီဇင်ဘာ ဘာပြောတယ်.. နင့်အရွယ်က လက်မှတ်ထိုးတဲ့ အရွယ်လား၊ လက်မှတ်ထိုးတာ ဘာလုပ်တယ်ဆိုတာ နင်သိလား၊ ဘုရား ဘုရား အတုမြင်အတတ်သင်ဆိုတာ ဒါပဲလားမသိဘူး မနေ့ညက ဒီလိုချိန်မှာ (--) က လက်မှတ်ထိုးဖို့ ပြောတာကို အခု ဒီစကားက ဒီဇင်ဘာပါးစပ်ထဲကို ရောက်သွားပြီ ” ဆိုပြီး တခြားသူတွေကိုပါ ကြားအောင် ပြောလိုက်တယ်။ အဆောင်မှာရှိတဲ့ သူတွေအားလုံးကလည်း အံ့သြနေကြတယ်။ ဒီဇင်ဘာက မျက်နှာငယ်လေးနဲ့ ဖြစ်နေပြီး ကျွန်မဆီကို ရောက်လာပြီး ကျွန်မရင်ခွင်ထဲမှာ လာထိုင်လိုက်တယ်။ ဒီဇင်ဘာက သူ့အမေဆူပြီးရင် ဖြစ်စေ၊ အကြောင်းတခုခုကြောင့် ငိုပြီးရင် ဖြစ်စေ ကျွန်မရင်ခွင်ထဲမှာ လာထိုင်တတ်ပါတယ်။ အခုလည်း ဒီလိုပဲ လာထိုင်ပြီး ”လက်မှတ်ထိုးတဲ့သူတွေကို ငယ်ငယ်က ပိုက်ဆံပေးလို့ သမီးက ပိုက်ဆံရအောင် ပြောတာကို မေမေက ဆူတယ်” ဆိုပြီး ကျွန်မကို လာပြောလို့ ကျွန်မလည်း ဒီဇင်ဘာ ဘာကိုဆိုလိုတယ် ဆိုတာ သဘောပေါက်သွားတယ်။




အိပ်ယာထဲမှာလဲ မှောက်လျှက်
ကျွန်မက ဘဏ္ဍာရေးမှာ လုပ်တော့ ပိုက်ဆံထုတ်တဲ့သူတွေက ဗဟိုဦးဆောင်ကော်မီတီဝင် တယောက်ယောက်ရဲ့ ခွင့်ပြုချက် လက်မှတ်ပါတဲ့ ငွေပမာဏ ရေးပြီးသား ငွေထုတ်ပြေစာ တခုယူလာပြီး ကျွန်မဆီမှာ လာထုတ်ရပါတယ်။ ပြေစာမှာ ခွင့်ပြုသူရော ထုတ်ယူသူပါ လက်မှတ်ရှိရမှာ ဖြစ်လို့ ကျွန်မက ထုတ်ယူသူ လက်မှတ်တိုးရမယ့် နေရာမှာ လာထုတ်သူကို လက်မှတ်ထိုးခိုင်းပြီးမှ ပိုက်ဆံကို ထုတ်ပေးပါတယ်။ ဒီဇင်ဘာက ဒါကို အမြဲမြင်တွေ့နေရတော့ လက်မှတ်ထိုးရင် ပိုက်ဆံရမယ် ဆိုတာပဲ သူသိနေတယ်။ ဒီဇင်ဘာ လက်မှတ်ထိုးချင်တဲ့ အကြောင်းအရင်းကို သဘောပေါက်သွားတော့ ကျွန်မက ဒီဇင်ဘာ ပြောတာ ယောက်ျားယူရင် ထိုးတဲ့လက်မှတ်ကို ပြောတာမဟုတ်ဘူး ပိုက်ဆံထုတ်ရင် ထိုးတဲ့လက်မှတ်ကို ပြောတာလို့ ပြန်ရှင်းပြမှ သူ့အမေလည်း စိတ်အေးရပြီး ကျန်တဲ့သူတွေလည်း ရီရတော့တယ်။ ဒီဇင်ဘာက သူ့ကို သူ့အမေ ဆူတာဖြစ်စေ၊ ဆုံးမတာဖြစ်စေ သူ့အမေရဲ့ စကားလုံး ကြီးကြီးတွေကို အဓိပ္ပါယ်သာ နားမလည်ပေမဲ့ စကားလုံးတွေကိုတော့ တလုံးမကျန် အကုန်မှတ်မိနေပြီး သူ့ကို သူ့အမေ တခုခု ပြောပြီးတိုင်း ဗဟိုလာလည်တဲ့ နိုင်ငံခြားသူတယောက် ၀ယ်လာပေးထားတဲ့ ဗိုလ်မရုပ်လေးကို အရှေ့မှာထားကာ သူက အမေနေရာကနေပြီး သူ့အမေလေသံနဲ့ သူ့အမေ သူ့ကိုပြောတဲ့ အသံနဲ့ အမူအယာအတိုင်း တူအောင် တုကာ တခွန်းမကျန် အရုပ်ကို အကုန် Lecture ပြန်ရိုက်တော့တယ်။ ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကတော့ ပြောမယ်ဆို ကျွန်မမှာ အများကြီး ရှိပါတယ်။


ဒါက နော်ဝေက တစ်ယောက်နဲ့


ဒါကတော့ ငယ်နိုင်နဲ့


တောထဲတုန်းက ဒီလိုနေခဲ့ရတာ တဲ့.. မထင်ရဘူးနော်


    • Ma Bay Dar အော် ငယ်ငယ်တုန်းက အင်မတန်ကို ချစ်စရာကောင်းခဲ့ပါလားးးးးးးးးးးးးးးးးးးးးးး..... အင်း ...အခုတော့လည်း ...အင်း.... ချစ်စရာကောင်းပါတယ်...
      19 December 2010 at 16:38 · 1 personLoading...
    • Mayco Latt အမေ... အဲ့ဒါတွေကြောင့် အမေ့ကို သမီး delete ထားတာ. . မခံစားနိုင်ဘူး. . ကျေးဇူးတင်ပါတယ်. .
      19 December 2010 at 17:02

    • Htay Thanhtwaykyu အော် သမီးက အမေကိုတောင်ဒီလိလုပ်ထားတယ်ဆိုပါလား အန်တီကိုလုပ်ထားတာကိုလည်း ခံစားနိုင်ရမှာပေါ့။ ဘာဖြစ်ဖြစ်သမီးရယ် အဲဒီတုန်းကအတူဖြတ်သန်းခဲ့ဖူးသူတွေ သမီးကို အဲဒီတုန်းကလိုပဲ ချစ်တုန်းပါပဲ။ စပရိုက်ဘူးခွံအစိမ်းလေးတစ်လုံးကို ပိုက်ပြီး အမီးရဲ့ အမီးလေးဆိုပြီး အမေသမီးကိုဆူတဲ့လေသံအတိုင်းလုပ်ပြီး အဲဒီပုလင်းလေးကို မျက်နှာထိမျက်နှာထားနဲ့ ဆူဆူနေတတ်တဲ့သမီးငယ်ဘ၀လေးကို အန်တီတွေးတိုင်းမျက်ရည်ဝဲတယ်သိလား။ သမီး ၁၈ နှစ်မြောက်မွေးနေ့မှသည် အသက်ရှင်သရွေ့ကာလပတ်လုံး ကိုယ့်ခြေပေါ်ကိုယ်မားမားရပ်တည်လို့ မိဘကျေးဇူးသိတတ်တဲ့သမီးရတနာဖြစ်ပါစေ အန်တီဆုတောင်းပေးလိုက်ပါတယ်
      19 December 2010 at 18:00
    • Mayco Latt
      ဟုတ် အန်တီ..ကျေးဇူးများကြီးတင်၏ .
      ဟုတ်ဘူး..အမေလေ..သမီးတင်တဲ့ပုံတွေက နည်းနည်း တိုနေတော့ ..သူရှက်တယ်လေ..အဲ့ဒါ သမီးလဲ အမေ့အသိတွေရှိနေရင် အမေမျက်နှာပျက်မှာဆိုးလို့ ..အမေ့အသိ..သမီးအကုန်ဖျက်ထားတာ အန်တီငယ်ကတော့ ရပါတယ်ဆိုလို့ သမီးလဲ. . မဖျက်ပဲနေတာပ...ါ. .
      thank u so much aunty!..;)
      See more
      19 December 2010 at 18:07

    • Zaw Lin Htwe မငယ်ရေးတင်ပြမှု့ တအားကောင်းတယ်။ ဟုတ်တယ် ဒီဇင်္ဘာက စကားတတ်တယ်ဆိုတာ ယုံပါတယ်။ မငယ် တင်ပြမှု့ကလည်းကောင်းတော့ ABSDF အကြောင်းလေး လွှမ်းမောဖွယ်လေးတွေတော့ ဖြစ်ကုန်တယ် ။ အခုလဲ ဒီဇင်္ဘာက လိမ္မာပါတယ်။ ကျန်တော်တို့ မဗေဒါတို့ နိုင်ငံချင်း နီးတော့ သွားသွားလာလာ ရှိကြတယ်လေ။ အခုတော့ ဒီဇင်္ဘာက အရင်ကထက်တောင် ပိုတော်လာပါတယ်။ ဦးကျော်နိုင်ကြီးကိုလည်း သတိရပါတယ်လို့
    • Htay Thanhtwaykyu ကိုအောင်ဖြေအေးရေးလိုက်မှပဲ ပိုပြီးသတိရစေတယ် အဲဒီတုန်းက ဒီဇင်ဘာအမေကို ပိုးကြပန်းကြသူတွေမနည်းဘူးပဲ ကိုစိန်ဝင်းကြီးထီပေါက်သွားတယ် ဟိဟိ ကျမအချစ်ဆုံးသူငယ်ချင်းကြီး တစ်ယောက်တောင်ပါလိုက်သေး
      20 December 2010 at 00:59
    • Nge Naing
      Aung Khaing Myint- ဒီပို့စ်ကို ဘလော့ဂ်မှာ တင်ထားတာ ရှိပါတယ်။ ဘလော့ဂ်မှာ ပြန်တင်ရင် ဘလော့ဂ်က တိုက်ရိုက်ပြန်ကူးယူတာက ပိုကောင်းလိမ့်မယ်။ http://nge-naing.blogspot.com/ မှာ သွားကြည့်လိုက်ပါနော့်။ သမီး ဒီဇင်ဘာ အမေကို block လုပ်ထားတာ ပြန်ဖိတ်သင်...့ပါတယ်။ သမီးသူ့ကို ပိတ်ထားတော့ သမီး No Vote တုန်းကရော အခုလက်ပါ ဒီမိုကရေစီရေးမှာပါ Face Book ကနေပြီး နအဖ စစ်အုပ်စု ဘက်တော်သားတွေကို အချက်ကျကျ ဘယ်လိုပြန်ငြင်းပြီး ပါဝင် တိုက်ပွဲဝင်နေတယ်ဆိုတာ အမေမသိလိုက်ဘူး။ အခုဒီမှာ သမီးကို မှတ်ချက် လာရေးထားတဲ့ မောင်စန်းမောင် အပါအ၀င် ငယ်နိုင်ဘလော့ဂ်နဲ့ Face book မှာ ပြည်တွင်းပြည်ပက လူငယ်တွေ ရောက်လာပြီး သူတို့မသိသေးတာတွေ သိရဆတယ်လို့ ကျေးဇူးတင်စကား ဆိုလာသူတွေဟာ ဒီဇင်ဘာဆီက လာတဲ့ ပရိတ်သတ်တွေ အတော်များပါတယ်။ သူငယ်ချင်း မဗေဒါ သမီးက အမေခြေရာကို နင်းပါတယ်။ အန်တီဝင်း ၀တ်မှုံကို ကျွန်မလည်း အမြဲသတိရနေပါတယ်။ သူ့မှာ Facebook ရှိရင် ကျွန်မ လိုချင်ပါတယ်။ ဌေးငယ် ဒီဇင်ဘာကို ပြန်ဖိတ်လိုက်လို့ ရတာပဲ။ ဦးမျိုးသိန်းကလည်း အချင်းချင်း မြှောက်နေပြန်ပြီ။ မောင်စန်းမောင်နဲ့ ကိုအောင်သာငယ် ကျေးဇူးပဲ သမီးမွေးနေ့အမှတ်တရပို့စ်မှာ အမှတ်တရ လာရေးပေးသွားတာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ကစပြီး ဒီဇင်ဘာက ကလေးမဟုတ်တော့ပါဘူး။ လူကြီး ဖြစ်သွားပါပြီ...See more
      20 December 2010 at 05:12
    • May Sue Pwint မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဒီဇင်ဘာ။ သမီးအိမ်သာတက်ရင်း အမေကိုအတင်းပြောတဲ့အကြောင်းလေး အန်တီလည်း ရေးလိုက်ရမလား။
      20 December 2010 at 06:06
    • Mayco Latt သမီးအကြောင်းကလဲ အမျိုးမျိုးပါပဲလားနော်. . ဟဲဟဲ..
      20 December 2010 at 14:13
    • Ma Bay Dar အော် ငါငယ်ငယ်တုန်းက ငါ့အကြောင်းနဲ့ သမီးအကြောင်း ...အင်းးးးးးးးးးးး.... ရင်တုန်စေပါ၏................
      အမှတ်တရပါပဲဗျာ။ ဒီဇင်ဘာလို ကလေးငယ်တွေ အခုလဲ အများကြီးရှိနေသေးတယ်ဗျာ။ ခေတ်ရဲ့ရေစီးကြောင်းတွေ ပြောင်းလဲနေပေမဲ့...မပြောင်းလဲနိုင်တဲ့ အခြေအနေတွေ ဆက်ရှိနေတုန်းပါပဲ။

      စကားမစပ်..။ မငယ် ကျွန်တော်တို့လို ငယ်ကျိုးငယ်နာတွေရေးလို့ရပါတယ်ဗျ။ဟဲ..ဟဲ ကိုကိုဆူမှာစိုးလို့လား။

      ခင်မင်စွာဖြင့်
      မောင်မိုး
လာဖတ်သွားတယ် အစ်မရေ ညီမလည်း ကလေးအရမ်းချစ်တတ်တယ် အစ်မ အသည်းကွဲသလို ခံစားရတယ်ဆိုတဲ့အပိုဒ်လေးမှာ စိတ်မကောင်းဘူး...

1 Feb 10, 11:58
kiki: ဒီဇင်ဘာလေး လာကြည့်သွားပါတယ် မငယ်နိုင် ရေ..

1 Feb 10, 12:24
Nee: လာလည်ပါတယ် ဒီဇင်ဘာအကြောင်းဖတ်သွားပါတယ်။

1 Feb 10, 19:30
မြေကြီး: မငယ်..ဒီဇဘာင်္ရဲ့ပုံရိပ်ကိုခံစားသွားပါတယ်။သူလဲတော်လှန်ရေးရဲမေအဖြစ်အသိမှတ်ပြုပါတယ်

1 Feb 10, 20:00
ဒီဇင်လာ: အော်. . .သမီးငယ်ငယ်တုန်းကတော်တော်စကားတတ်တာပဲ . . .ဟဲဟဲ အခုလဲ တတ်တုန်းပဲ. .၁၇ နှစ်နဲ့ မလိုက်အောင်ပြောလွန်းလို့ အကိုကြီးတွေဆိုသိပ်ကြည့်မရဘူး အမေနဲ့ လဲခဏခဏရန်ဖြစ်ရတယ်. . အန်တီငယ်ကိုလဲကျေးဇူးတင်ပါတယ်. .

2 Feb 10, 08:05
Aye Aye Lwin: မငယ်ရေ-အလည်တခေါက်ရောက်ခဲ့ပါတယ်၊ ဒီဇင်ဘာအကြောင်းဖတ်ရင်း ကုန်လွန်ခဲ့တဲ့အချိန်တွေကို ပြန်တွေးမိပါရဲ့၊

2 Feb 10, 16:07
nn: မငယ်နိုင် အရေးကောင်းးး ဒီဇင်ဘာဆိုတဲ့ ကလေးကို ဖဘ မှာ ရှာကြည့်ဦးမှ.. ဘယ်လောက်ချစ်ဖို့ ကောင်းလဲလို့ 

(ဒီဇင်ဘာ ကိုယ်တိုင်နဲ့ စာလာဖတ်သူတွေရဲ့ စာဖတ်ပြီး C-Box မှာ ထားခဲ့တဲ့ မှတ်ချက်တွေကို သိမ်းထားချင်လို့ ကော်ပီကူးထည့်ထားလိုက်ပါတယ်။)





သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်ကနေ သူများထက်စောပြီး လွတ်လာတဲ့ လူပျက်ဇာဂနာ တစ်ယောက်ဟာ SSA ကဗိုလ်ချုပ်ဆေထင်လို လွတ်လွတ်ချင်း ကျန်းမာရေး ဆေးစစ်ချက် ခံယူသင့်ပါတယ်။ ဇာဂနာအနေနဲ့ ဆေးစစ်သင့်တာကတော့ သူရဲ့ စိတ်ရောဂါ ကျန်းမာရေးကိုပါပဲ။ ဘာလို့လဲ ဆိုတော့ ထောင်ကထွက်လာလာချင်း သူ့ကိုလွှတ်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးကို ကျေးဇူးတင် စကားမပြောဘဲ အဖွဲ့အစည်းပေါင်းစုံက မေးသမျှ ဟာတွေကို စိတ်လွတ်ကိုယ်လွတ် ပေါက်ကရ လျှောက်ပြောခဲ့လို့ပါပဲ။

အောက်က မေးခွန်းလေးတွေနဲ့ ပုံတွေကို ကြည့်ကြည့်ရင် ရှေ့နောက် အပြောမညီစွာနဲ့ စိတ်လွတ် ကိုယ်လွတ်ဖြစ်နေတဲ့ ဇာဂနာရဲ့ စိတ်အခြေအနေကို သိရှိနိုင်ပါလိမ့်မယ်။
 

၁။မြန်မာပြည်ပြောင်းလဲနေပြီဆိုတဲ့ မေးခွန်းကို "မယုံဘူး" ဖြေလိုက်၊"ယုံကြည်ပါတယ်" လို့ဖြေလိုက်နဲ့ အမျိုးမျိုး ဖြေနေတဲ့ ဇာဂနာက စိတ်ပုံမှန်မဟုတ်တော့လို့ ဒီလို အမျိုးမျိုးပြောနေတာလား။


၂။ပြည်ပရောက်ဖူးတဲ့ သီးနှစ်သီးနဲ့ ဂေါ်ဇီလာတို့က ပြည်ပကအတိုက်အခံ အဖွဲ့အစည်းတွေ မကောင်းကြောင်း ကိုယ်တွေ့ကြုံလာရလို့ ပြောဆို ဝေဖန်တာကို ပြည်ပကို လုံးဝမရောက်ဖူးတဲ့ ဇာဂနာက ပြည်ပကအတိုက်အခံတွေ ကောင်း၊မကောင်းကို ကိုယ်တွေ့ကြုံလာရတဲ့ ဂေါ်ဇီလာတို့ထက် ဘယ်လိုလုပ်ပိုပြီး သိနေတာလဲ။ အကြားအမြင်ရတာလား။ စိတ်ပုံမှန်မဟုတ်လို့ လျှောက်ပြောတာလား။


၃။ထောင်ကထွက်လာလာချင်း Facebook သုံးတဲ့ဇာဂနာက သူပြောခဲ့သလို မသုံးဖူးလို့ သုံးတာလား၊ ဒေါ်အောင်ဆန်းစုကြည် လို အကျယ်ချုပ်က လွတ်လာလာချင်း ပေါ်ပြူလာဖြစ်အောင် Social Network ကို သုံးမယ်ဆိုပြီး သုံးတာလား။ ဒါမှမဟုတ် တခြားအတိုက်အခံတွေလို အစိုးရမကောင်းကြောင်း Facebook ကနေ ကီးဘုတ်ပွဲဝင်မလို့လား။


၎။ထောင်ကျနေတဲ့ အကျဉ်းသားတွေကို ဒီနှစ်မကုန်လွတ်အောင်လုပ်ပေးမယ်လို့ ပြောရအောင် ဇာဂနာက လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ နိုင်ငံတော်သမ္မတလား။ ဒါမှမဟုတ် သမ္မတရူးရူးနေလို့ မိမိကိုယ်ကို သမ္မတထင်ပြီး ဒီလိုပြောတာလား။

အထက်ပါပုံတွေထဲက စကားတွေကတော့ ဇာဂနာ ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့တာတွေပါပဲ။ သူပြောခဲ့တာတွေဟာ ရှေ့နောက်ညီမညီ၊ ကျိုးကြောင်းဆီလျော်မှုရှိမရှိ ကိုတော့ အသိဉာဏ်ရှိတဲ့ ရွှေမြန်မာများအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ စဉ်းစားစေချင်ပါတယ်။ ရွှေမြန်မာကတော့ ဇာဂနာ ပြောခဲ့တာတွေဟာ ရှေ့နောက်မညီ တလွဲတွေဖြစ်နေတယ်လို့  ယူဆလို့ အထက်ပါမေးခွန်းတွေနဲ့ ဇာဂနာကို ရွှေမြန်မာက မေးလိုက်ရပါတယ်။
 

- မုန်တိုင်း​ ရခိုင်ကမ်း​ရိုး​တန်း​တဝက်ကို တိုက်ခတ်​နေပြီ click
- ရခိုင်ကို မုန်တိုင်းငယ်တခု ၀င်ရောက်နေ click
- ရခိုင်ပြည်တွင် မုန်တိုင်း သတိပေး နှိုးဆော်နေ click
- နိုင်ငံရေးအကျဉ်းသား ထပ်မံလွှတ်ပေးရန် မွန်ခေါင်းဆောင်များ တိုက်တွန်း click
- နိုင်ငံရေးဘ၀တွေ ပြန်လည်ထူထောင်ကြဖို့ အချိန်ရောက်ပြီ (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- လူ့အခွင့်အရေး ဟောပြောလို့ ထောင်ကျခံရသူ (အင်တာဗျူး) click
- စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တဲ့ သင်းထောက်ဆရာ (အင်တာဗျူး) click
- ရန်ကုန်မှာ ကျင်းပပြုလုပ်တဲ့ ကိုမင်းကိုနိုင် မွေးနေ့ပွဲ (ရုပ်သံ) click
- မွေးနေ့ရှင် မတက်နိုင်တဲ့ မွေးနေ့ပွဲ (ဆောင်းပါး) click
- ရုက္ခစိုးမှာလည်း ယုံကြည်ချက်နဲ့ပါ (ထွေရာလေးပါး) click
- မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ပြောင်းရွှေ့ click
- ဒုတိယတွေ့ဆုံပွဲမှ ရခဲ့သော မြန်မာအစိုးရသစ် လက်ဆောင်အပေါ် မိုင်းလားတပ်ဖွဲ့ သံသယရှိ click
- မြန်မာတပ်အချင်းချင်း မှားပစ်၊ ၆ ယောက်ထက်မနည်းသေ click
- မိုင်းစစ်ဆင်ရေးကြောင့် အစိုးရတပ်ကြပ်ကြီး ၁ ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာရရှိ click
- ၀ိုင်းမော်ဆေးရုံမှ လူနာနှင့် အစောင့် ၅ ဦးအား မြန်မာစစ်တပ် စရဖမှ ဖမ်းဆီး click
- တနှစ်ခွဲ ကချင်ကလေးငယ်အား မြန်မာအစိုးရတပ်မှ ပစ်သတ် click
- မော်ချီးမြို့တွင် အစိုးရစစ်တပ်၏ မြေမြှုပ်မိုင်းကို နင်းမိ၍ ပြည်သူပိုင် ကျွဲနွားများ သေဆုံး click
- ကချင်စစ်ပြေးဒုက္ခသည်များအတွက် အလှုငွေ စတင်ကောက်ခံနေပြီ click
- ကချင်အရပ်သားများကို အနိုင်မကျင့်ရန် HRW တောင်းဆို click
- ရွှေပိုက်လိုင်းစီမံကိန်း လူ့အခွင့်အရေးချိုးဖောက်ဟုဆို (ရုပ်သံ) click
- ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ပိုများလာ click
- အစိုးရသစ်လက်ထက် သျှမ်းပြည်မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှု များလာ click
- မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေးဆွေးနွေးပွဲ လေကြောင်းပျံသန်းရေး အဓိက ဆွေးနွေး click
- IMF နှင့် မြန်မာနိုင်ငံ click
- ဂြိုဟ်တုစ​လောင်း​လိုင်စင် ပြန်လုပ်​ပေး​တော့​မည် click
- ထိုင်း​ရေ​ဘေး​ဒုက္ခသည် မြန်မာအလုပ်သမား​များ​ကို မြန်မာအချင်း​ချင်း​ ကူညီ click
- ထိုင်းရေဘေးကြုံ မြန်မာများအား သံဃာတော်နှင့် စေတနာရှင်များ သွားရောက်ကူညီ click
- မြန်မာအလုပ်သမား​များ​ကို ကာကွယ်​စောင့်​ရှောက်နိုင်ရန် မြန်မာလုပ်ငန်း​အဖွဲ့ စေလွှတ်မည် click
- အငြိမ်း​စား​ဝန်ထမ်း​များ​ကို အဓမ္မ အိမ်​ပြောင်း​ရွှေ့ခိုင်း​နေ click
- မူးယစ်ဆေး သယ်လာသည့် မြန်မာနှစ်ဦး အဖမ်းခံရ click
- စိုင်းအောင်ထီးခမ်းရဲ့ စန်းတက်ချိန် (အင်တာဗျူး) click
- အိမ်အပြန် (၁) (၀တ္ထုရှည်) click
- သတိ (ကဗျာ) click
- ကမ္ဘာတလွှား ၉၉ ရာခိုင်နှုန်း ဆန္ဒပြပွဲမှာ ပါဝင်ကြမလား click
- ထိုင်းရေဘေး အတိုက်အခံများပါ ပူးပေါင်းကာကွယ်ဖို့ လိုအပ် click
- အိန္ဒိယနိုင်ငံသား​ ဆွီဒင်ဟိုတယ်ပိုင်ရှင် သူ​ဌေး​ကြီးclick
- အဆမတန်ကြီးနေသော ဒုက္ခ click



ကိုမင်းကိုနိုင်ရေ... ဒီနေ့ဆိုရင် ခင်များလည်း ၄၉ နှစ်ပြည့်ပြီ... ၄၉ နှစ်ဆိုတာ မိုက်မဲမှုမှာ ကျေနပ်နေရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာ သတိရဖို့လိုပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို ၈၈ မှာ လမ်းကြုံလို့ မြန်မာ့နိုင်ငံရေးလောကထဲ ပါလာသူလို့ ပြောကြတယ်.. တကယ်တော့ အဲလိုမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ၈၈ ကျောင်းသား အားလုံးက လမ်းကြုံလို့ မြန်မာ့နိုင်ငံရေးလောကမှာ ပါလာတာပါ။


၈၈ တုန်းက ကျောင်းသားတွေက အရင်တုန်းက နိုင်ငံရေးဆိုတာလည်း စိတ်မဝင်စားဘူး၊ နိုင်ငံရေးဗဟုသုတလည်း မရှိကြဘူးဆိုတာ ကိုမင်းကိုနိုင်တို့ ကိုယ်တိုင် အသိဆုံးဖြစ်ပါတယ်။ နိုင်ငံရေး အတွေးအခေါ်ဆိုတာ အဝေးကြီးပါ၊ နိုင်ငံ့သမိုင်းတောင်း ကောင်းကောင်းသိကြတဲ့ ကျောင်းသားအရေအတွက်တောင် အရမ်းနည်းခဲ့ပါတယ်။

၈၈ တုန်းက ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေထဲမှာ အမှတ်ကောင်းပြီး ထူးချွန်တဲ့ ဆေးတက္ကသိုလ်က ကျောင်းသားတွေက အနည်းဆုံးဖြစ်ပြီး၊ ဒုတိယ အနည်းဆုံးက ဥပဒေ သမားတွေနဲ့ သမိုင်း မေဂျာတွေ ဆိုတာကို ကိုမင်းကိုနိုင်တို့ မှတ်မိအုံးမယ်ထင်ပါတယ်။

စာဖတ်အားကောင်းပြီး ထူးချွန်တဲ့ ဆေးကျောင်းက ကျောင်းသားတွေက ကိုမင်းကိုနိုင်တို့ လို ဆန္ဒ မပြလို့ဆိုပြီး ကိုမင်းကိုနိုင် ကိုယ်တိုင် ဆေးကျောင်းသားတွေ ဆီကို ထမီထုတ်တွေ သွားပစ်ခိုင်းခဲ့တယ်လေ။

ခုပြန်စဉ်းစားကြည့်ရင်တော့ လူကြီးလူကောင်းမဆန်ပဲ လုပ်ခဲ့တာတွေအတွက် စိတ်ပျက်မိတယ်ဗျာ။

စာဖတ်အားကောင်းပြီး ထူးချွန်တဲ့ ဆောင်းကျောင်းသားတွေမပါ၊ ဥပဒေ ကျောင်းသားနဲ့ သမိုင်း ကျောင်းသားတွေ မရှိတဲ့ ကျောင်းသား အဖွဲ့တွေက နိုင်ငံရေးလုပ်မယ်ဆိုတော့ အချင်းချင်း မယုံမကြည်စိတ်တွေ ဖြစ်ခဲ့ကြတာကို မမေ့လောက်သေးဘူးထင်ပါတယ်။

ဒါတွေ ထားလိုက်ပါတော့။ နောက်ကြောင်းတွေကို ပြန်မပြောတော့ပါဘူး။ နိုင်ငံရေးမှာ ၈၈ ကျောင်းသားတွေ ပါလာတယ်ဆိုတာ ၈၈ ကျောင်းသားတွေက နိုင်ငံတော်နဲ့ လူထုအတွက် ဘာတွေလုပ်ခဲ့လို့လဲ၊ ဘာဥပဒေတွေ ပြဌာန်းနိုင်ခဲ့လို့လဲ၊ နိုင်ငံတော်ရဲ့ ဘယ်တာဝန်တွေ ယူခဲ့ရလို့လည်းလို့ ဒီနေ့လူငယ်တွေက မေးရင် ဖြေစရာမရှိဘူးဖြစ်နေတယ်။ ဘာလုပ်ခဲ့လို့လည်းဆိုတော့ ဘာမှမှမလုပ်ခဲ့တာပဲ။

လမ်းပေါ်ထွက် ဆန္ဒပြတာက နိုင်ငံရေး လုပ်တာလို့ ဒီနေ့အထိ အသက် ၅၀ ဝန်းကျင် ကျောင်းသားဟောင်းတွေ ထင်နေကြတာ စိတ်မကောင်းဖြစ်မိပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြဖို့ ၈၈ ကျောင်းသားမှ မဟုတ်ဘူး လူတိုင်းလုပ်နိုင်ပါတယ်။ ဘာဥပဒေမှ နားမလည်၊ ဘာသမိုင်းကြောင်းမှ မသိတဲ့ ၈၈ ကျောင်းသားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြလို့ အဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ကိုမင်းကိုနိုင်လည်း အသိပါ။

အဲဒီနေ့က လက်ဘက်ရည်ဆိုင်ထဲကို ကိုမင်းကိုနိုင် ထမင်းထုတ်တွေ လက်နှစ်ဖက်က ဆွဲပြီး လွယ်အိပ်တစ်လုံးနဲ့ ဝင်ခဲ့တယ်။ ပြီးတော့ အလုပ်မရှိလို့ ထိုင်နေတဲ့ ဆိုက်ကားသမားတွေနဲ့ အထမ်းသမားတွေကို ထမင်းထုတ်တစ်ယောက်တစ်ထုတ်ဆီပေး၊ ပိုက်ဆံ ၁၅၀ ဆီ ပေးပြီး ဆန္ဒပြဖို့ ကိုမင်းကိုနိုင် လာခေါ်တယ်လေ။

နောက်တော့ ဆန္ဒပြရုံတင်မကတော့ဘူး ဓာတ်တိုင်တွေ ဖျက်ဆီး၊ မီးပွိုင့်တွေ ရိုက်ခွဲ၊ ဂိုဒေါင်တွေ မီးရှို့ တွေပါ လုပ်လာကြပြန်တယ်။ ၈၈ ကျောင်းသားတွေ နိုင်ငံရေး လုပ်တယ်ဆိုတာ ဒါတွေပါပဲ။

နောက်ဆုံးတော့ ကိုမင်းကိုနိုင်လည်း အပြစ်တွေ ဆေးကြောဖို့ အဖမ်းခံရတယ်၊ ကျန်တဲ့ ကျောင်းသားတချို့လဲ ဖမ်းမှာ ကြောက်ပြီး ခွေးပြေးဝက်ပြေးနဲ့ နယ်စပ်ကို ပြေးကြတယ်။ ခုတော့ ကောင်းစားနေကြပါပြီ။ ၁၉၈၈ ဆိုတာ မြန်မာ့ နိုင်ငံရေးအတွက် အချိန်းအပြောင်း ဟုတ်မဟုတ် တော့ မသိဘူး။ ၈၈ ကျောင်းသားတွေ ဘဝ ကိုတော့ တကယ် ချိန်းပြောင်းပေးခဲ့တာ အမှန်ပါပဲ။ အခုဆိုရင် အမေရိကား၊ နော်ဝေ၊ အင်္ဂလန်၊ ဂျပန်၊ သြောစတြေးလျ နိုင်ငံဆုံမှာ ၈၈ ကျောင်းသားဟောင်းတွေ ကြွယ်ဝချမ်းသာပြီး ကောင်းစားနေကြပါပြီ။

ကိုမင်းကိုနိုင်တို့ကိုလည်း " ပြေးလို့ရတာ မပြေးပဲ... -င်ယားပြီး အဖမ်းခံတဲ့ကောင်တွေ နည်းတောင်နည်းသေတယ်" လို့ ကျိန်ဆဲ နေကြသူတွေ အများကြီး ရှိကုန်ပြီ။ လက်ရှိအစိုးရဲ့ သဘောထားပျော့ပြောင်းမှု ကြောင့် ကိုမင်းကိုနိုင်လည်း မကြာခင်မှာ လွတ်လာနိုင်ပါတယ်။ အသက် ၄၉ နှစ်ဆိုတာ ငယ်တော့တဲ့ အရွယ်မဟုတ်ပါဘူး။ လိမ်လိမ်မာမာနေပြီး ရိုးရိုးသားသား လုပ်စားရင် နောက်မကျသေးပါဘူး။

နိုဘယ်ဆုကြီးလည်းရ၊ တခြား ဆုတွေကလည်း တစ်လကို နှစ်ဆုလောက် အလိုလိုနေရင် ရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် "မတာရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုတာ ကနေ "အသုံးချခံရရင်လည်း ကျေနပ်တယ်" ဆိုတဲ့ လေသံပြောင်း လိုက်ရတဲ့ အချိန် ဖြစ်နေတာကို သတိပြုပါ။ ထောင်ကထွက်လာရင် ဘာကြီးဖြစ်မယ် ညာကြီးဖြစ်မယ်လို့တော့ ကြိုပြီး မျှော်လင့်မထားပါနဲ့။ နိုင်ငံတကာနဲ့ အဆင်ပြေပါတယ်၊ ဆုတွေ တစ်အိမ်လုံး ပြည့်နေပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် ဘာမှ မဖြစ်တာ အားလုံးအသိပါ။ လွှတ်တော်တွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွေနဲ့ အလုပ်လုပ်နေတဲ့ ဒီနေ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်မှာ ၈၈ တုန်းက လမ်းပေါ် ထွက် ဆန္ဒပြဖူးရုံလောက်ကို ဒီခေတ်ကြီးမှာ နိုင်ငံရေးသမားလို့ ခေါ်လို့မရတော့ဘူး။

နိဂုံးချုပ်ပြောရရင်တော့ ထောင်ထဲမှာ လိမ်လိမ်မာမာနေပါဗျာ။ အလုပ်မရှိရင်လည်း ကိုဇာဂနာလို ကြောင်ရေချိုးပေးပါ။ ကိုဇာကနာကတော့ ထောင်ထဲမှာ တရားထိုင်တာ၊ အသိပညာရမယ့် စာတွေ ဖတ်တာ မလုပ်ပဲ ကြောင်တစ်ကောင်မွေးပြီး အလုပ်မရှိ ကြောင်ရေချိုးပေးခဲ့တယ်ပြောပါတယ်။ တချို့တွေကတော့ အချုပ်ကထွက်မှ ဘုန်းကြီးကျောင်း ခဏခဏ သွားဖြစ်ကြတယ်။ ကိုမင်းကိုနိုင်လည်း တစ်ခုခုကို အာယုံစိုက်ပါ။ ဟင်းတွေ ယူမလာနဲ့ လို့ အော်နေပြီး ၉၆ ပါး ရောဂါ ဖြစ်ပြနေပြန်ရင်လည်း မကောင်းပါဘူး။ ပြည်သူ့အတွက် လုပ်တာ ခံရဲတယ် ဆိုတဲ့ စိတ်မျိုး မွေးပြီး ထောင်ဝင်စာလည်း မတွေ့ခိုင်းပဲ၊ ဘာမှလည်း မမျှော်လင့်ပဲနေနိုင်အောင်နေပါ။ ယုတ်စွအဆုံး အစိုးရက လွတ်ရက်မစေ့ပဲ လွှတ်ရင်တောင် အစိုးရကို ဆန့်ကျင်သောအားဖြင့် ထောင်ကမထွက်ဘဲ ဆက်နေပါ။

ခေါင်းဆောင်ကောင်း ဥပဒိရုပ် မဟုတ်


မွေးနေ့မှာ အဓိကဆုတောင်းပေးချင်တာကတော့ ကိုမင်းကိုနိုင်ရဲ့ ရှေးဘဝက အကုသိုလ်တွေ များခဲ့လို့ ဒီဘဝမှာ ထောင်ချခံနေရတဲ့အတွက် အဲဒီ အကုသိုလ်တွေ အမြန်ကျေပါစေလို့ စုတောင်းပေးပါတယ်။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတာလည်း ကိုမင်းကိုနိုင် ကြားဖူးမှာပါ။ အခု ဖမ်းဆီးချုပ်နှောင် ခံနေရတာဟာ အရင်ဘဝတွေက၊ ဒါမှ မဟုတ် ငယ်ငယ်တုန်းက သူတပါးကို ချုပ်နှောင်ဖို့၊ အဖော်မဲ့အောင် လုပ်ဖို့နဲ့ အခြား စိတ်ပုတ်စိတ်ယုတ် တွေ ထားခဲ့၊ လုပ်ခဲ့လို့ ခုချိန်မှာ ပြန်ခံရတာပါ။ ကိုမင်းကိုနိုင်လည်း ဘာသာရေး အားနည်းသူမဟုတ်တော့ ဒီသဘောတရားကို နားလည်မယ် ထင်ပါတယ်။ ဒါကြောင့် အခုချိန်က စ ပြီး စိတ်ကောင်းကောင်းလေးထားပါ။ ၈၈ တုန်းက လမ်းပေါ်ထွက် ကြ သူချင်းအချင်းချင်း မိုးသီးဇွန်း တို့ကတော့ သက်တောင့်သက်သာ ချမ်းသာနေပြီး၊ ကိုမင်းကိုနိုင်ကျတော့ သံတိုင်ကြားမှာ ရောက်နေရတာဟာ ကိုမင်းကိုနိုင်လုပ်ခဲ့တဲ့ အကုသိုလ်တွေ သိပ်များနေလို့ ဖြစ်ရတာပါ။ ကိုမင်းကိုနိုင် အပါအဝင် တခြား ထောင်ကျနေသူတွေအားလုံးရဲ့ အကုသိုလ်တွေ အမြန်ကျေဖို့ ဆုတောင်းပွဲတွေ လုပ်ပေးပါအုံးမယ်။


ဒေါက်တာလှိုင်မြင့် (မုံရွာ)

မူရင်းလင့်