ခုဒေါ်အောင်ဆန်းစုကြည်အိမ်မှာ အမေရိကန်က ၀တ်စုံပြည့်နဲ့လုံခြုံရေး ယူထားတယ်... ဒါဂုဏ်ယူစရာမဟုတ်ဘူး ... ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာကို စော်ကားတာ ... ရှင်းရှင်းပြောရရင် မြန်မာ့မြေပေါ်က အစိတ်အပိုင်းလေးတစ်ခုကို အမေရိကန်က ခေတ္တသိမ်းပိုက် သွားတာပါဘဲ.. ခုမြန်မာ့မြေကို မြန်မာတွေဝင်ချင်တိုင်းဝင်လို့မရတော့ဘူး အမေရိကန်ခွင့်ပြုမှ ၀င်ရတော့မယ်  မြန်မာပြည်ကိုချစ်လှပါတယ်ဆိုတဲ့ ဒေါ်စုကြည်ကတော့ ဘာမှမပြောဘူး ပြောလဲမပြောရဲဘူး ကဲဘယ်မီဒီယာပြောရဲလဲ ... လုပ်ပါဦးဗျ အိမ်ကျယ်စတုတ္ထမဏ္ဍိုင်တွေ...

ဒေါက်တာဆိတ်ဖွား


စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ် 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ပါလာတဲ့ မီဒီယာတွေက သူတို့လူကြီးကို ဘယ်လိုဂုဏ်ရှိအာင်လုပ်မလဲ ၊ ဘယ်လိုသတင်းဓါတ်ပုံကောင်းတွေသုံးပြီး နိုင်ငံရေးအရ အသာစီးရအောင် လုပ်မလဲ ကြိုးစားနေချိန်မှာ ကိုယ့်ပြည်တွင်းက မီဒီယာတွေက ကိုယ့်လူကြီးဘာမှားမလဲ ဆိုတာစောင့်ကြည့်နေကြတယ် အားလုံးကိုတော့မဆိုလိုပါဘူး ဒါပေမယ့်ပုဆိန်ရိုးမီဒီယာတွေက မြန်မာ့မီဒီယာလောကမှာရှေ့ရောက်နေတယ် ကိုယ့်နိုင်ငံသားတွေအချင်းချင်းမစည်းလုံးသ၍ ဘယ်အစိုးရတက်တက် ဘယ်လမ်းစဉ် ကျင့်ကျင့် ခွေးဖြစ်နေဦးမှာပါဘဲ....

ဒေါက်တာဆိတ်ဖွား

 
လွှတ်တော်အ၀င်မှာ မြန်မာ မြန်မာချင်း ၊ လူလူချင်း စစ်လားဆေးလားလုပ်တုန်းက အသံအင်မတန်ထွက်ခဲ့တဲ့မီဒီယာတွေ  အမေရိကန်ကခွေးနဲ့ရှာတော့ ဂုဏ်ယူပြီး သတင်းတွေဘာတွေတောင်ရေးလိုက်သေးတယ် ...ကဲဒီတိုင်းပြည်ခွေးမဖြစ်ရင် ဘယ်တိုင်းပြည်ခွေးဖြစ်မလဲဗျာ... ကြည့်စမ်းပါဦး ရှိတာလေးတွေအကုန်ချပြီး လက်ကလေးတွေပိုက် ငြိမ်နေလိုက်ကြတာ... ကျပ်ကျပ်လုပ်မောင်တို့ နောက်တစ်ခါ ဘောင်းဘီချွတ်ခိုင်းလိမ့်မယ် ။


နိုဝင်ဘာ ၂၅ ရက်နေ့က အွန်လိုင်းကခင်တဲ့သူငယ်ချင်းတယောက်က လက်တို့ ပေးလို့ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်..လက်နက်အကြောင်းနည်းနည်းပါးပါး သိထားသူ
များအတွက်တော့ ဟာသတစ်ပုဒ်...။

ဗန်းမော်ခရိုင် မိုးမောက် မြို့ နယ် ဖကော်န် ဒေသတိုက်ပွဲများမှာ မြန်မာအစိုးရစစ်တပ်က ဓါတုလက်နက်
နဲ့ ပစ်ခတ်ခဲ့တဲ့လို့ ရေးထားတာတွေ့လိုက်တော့ တော်တော်လေး ခေါင်းစား သွားတယ်.။လာပြန်ပြီကောလ
ဟာလတစ်ခုဆိုတာလည်း သိလိုက်တယ်..။
အော် --- သူတို့ကိုယ်သူတို့  လက်နက်ကိုင်တွေထဲမှာ အင်အားအတောင့်ဆုံး စည်းကမ်းအရှိဆုံး တိုက်ရည်အတော်ဆုံး တပ်မဟာတွေပိုင်ဆိုင်တဲ့ တပ်ဖွဲ့ကြီးက ဒီလို ကလေးကလား အလုပ်တွေ တအားလုပ်တာ
ပါပဲလားဗျာ..။အများယုံအောင်လည်း ပုံတွေနဲံတကွတင်ပြတယ်ပေါ့လေ..။
အဲမှာ အရှက်ကွဲတော့တာပဲ..။
ရှင်းရှင်းလေးတွေးကြည့်ပေးပါ.ဓါတုလက်နက် ဆိုတာ လက်ထဲထားရင်တောင် နူကလီးယား လက်နက်ထက်တောင် အန္တရာယ်ရှိတယ်..။မြန်မာနိုင်ငံမှာ နူကလီးယားခြေလှမ်းစမယ်ဟေ့ လို့
ဆိုရင်တောင်နှစ်ပေါင်းများစွာလိုက်ယူရအုံးမှာပါ..။ဓါတုလက်နက် ထိမ်းသိမ်းမှု ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ကျနော်တို့ နိုင်ငံရဲ့လက်ဝယ်နည်းပညာ မဆိုနဲ့  ဝယ်မယ်ဆိုရင်တောင် တော်တော်လေး ထိမ်းရသိမ်းရခက်တဲ့
အနေအထားပါ..။ဘယ်လိုမှ ၁၀၀ % မဖြစ်နိုင်ပါဘူး..။ဓါတုလက်နက် နဲ့ပတ်သတ်လို့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေရှိနေတယ် ဆိုတာကို မူတည်ပြီး ကိုယ်ထင်ရာတွေးယူနေကြတာက အမှားဆုံးပါပဲ..။စစ်လက်နက်ဆိုတဲံနေရာမှာ ဘက်မျှစွာတပ်ဆင်မှု ဆိုတာကို စဉ်းစားပြီးမှ တပ်ဆင်ရတာပါ..။
ဥပမာ-နူကလီးယားပိုင်ဆိုင်လာပြီဆိုရင် သူများကိုမတိုက်ခင် ကိုယ့်လက်နက်ကို ကာကွယ်ရမှာ ဦးစားပေး-၁
ပါပဲ..။အဲဒါကို မထိဖို့အတွက် လေကြောင်းစနစ်လိုအပ်လာပြီ..ပြီးရင်ရေပြင်စနစ်လိုအပ်လာပြီ..။နောက်အများ
ကြီးပေါ့ဗျာ...။ကျနော်တို့ နိုင်ငံ စစ်တပ် အကြောင်း ပြောဆိုနေကြတယ်.။ဒါပေမဲ့ကျနော်တို့ လက်နက်တွေဆိုတာ တခြားနိုင်ငံတွေလို ဒေသတွင်း ခြိမ်းခြောက်ဖို့ မဟုတ်ဘူး.နယ်စပ်ဒေသပြဿနာမှာ မသုံးဘူး..။
အခုလက်ရှိဖြစ်နေတာကို ပြည်တွင်းစစ်ရယ်လို့  ဘယ်သူလက်ဆော့ခဲံ့လဲမသိဘူး..။အားလုံး ဒီစကားလုံးသုံးနေကြတယ်..။တကယ်တော့ နယ်စပ်ဒေသပြဿနာ ပါ..။ပြည်တွင်းစစ်မဟုတ်ပါဘူး..။
ကျနော်တို့ တွေ အသိခေါက်ခက် အဝင်နက်နေကြတယ်..။ပြည်တွင်းစစ်ဆိုတာ ဘာလဲဆိုတာ ကြုံရတဲ့ သက်ကြီးပိုင်းတွေ သိကြတယ်..။သမိုင်းပြန်လန်ပြောနေရင် ရှည်နေပါ့မယ်..။လွပ်လပ်ရေးရပြီးနောက်ပိုင်းကာ
လတွေ ကိုပြန်ကြည့်ပါ..။တကယ့်ပြည်တွင်းစစ်ပါ..။
KIA တွေနဲ့ ကျနော်တို့ တိုက်ပွဲတွေကြားမှာ ကြားညှပ်နေတဲ့ ပြည်သူတွေရှိတယ်..။
အဲဒါတွေကို ကျနော်တို့ ညှာတာနေရတယ်..ဒီတော့ လက်နက်တွေဆိုရင်တောင် မာနယ်ပလော/ဝါခသစ် တိုက်ပွဲ
တွေ တိုက်တုန်းကလောက်တောင် အိုဗာလုတ်(overload)တွေ မသုံးဘူး..။
ကျနော်တို့ ကချင်ဒေသတိုက်ပွဲစဉ်တွေမှာ တကယ်တမ်းသုံးရမယ်ဆိုရင် 155 ဟောင်ဝစ်ဇာ တွေ အစုံလောက် အတန်းလိုက်တောင် ပြိုင်ပြီးပစ်လို့ ရအောင် အခြေအနေတွေရှိနေပါလျက်နဲ့ မသုံးခဲ့ဘူး
သာမာန်တပ်ခွဲအကုပစ်တွေလောက်ပဲ များများသုံးပြီး တိုက်တာများတယ်..။မလိုအပ်တဲ့ ဆုံးရှူံးမှုတွေ
မရစေချင်လို့ပါ..။တိုက်ပွဲစတွေချိန်တုန်းက  ကြားလိုက်ရပါသေးတယ်..။တိုက်ပွဲက အင်တာနက်ပေါ်ရောက်မလာလို့  လူသိတာမရှိခဲံပါဘူး.ကျနော်တို့ လည်း တချို့ အကြောင်းတွေ အတိအကျ
မပြောနိုင်ပါဘူး..။စစ်တပ်ရဲ့အင်အား ၁၀ယောက်ကျော်နဲ့ KIA အင်အား ၄၀နီးပါးတို့ တိုက်ပွဲဖြစ်တယ်..။
လက်နက်ကြီးပစ်ကုယူမယ်ကြံတော့ ရွှာနဲ့နီးတဲံအတွက် စစ်သည် ၂ ယောက်အကျခံပြီး ၃ ယောက် ဒဏ်ရာရနဲ့ အတင်းတက်တိုက်ခဲ့ရတယ်..။တကယ်ဆိုလက်နက်ကြီးပစ်ကူယူရင် ၃လုံးလောက်ဆို ကောင်းကောင်း ထိန်းနိုင်တဲ့အနေအထားပါ..။ဒါကို သိပေမဲ့ ရွာကိုငဲ့ပြီး တမင်အသေခံတိုက်ခဲ့ရတယ်.။
ကောင်းပါပြီ..။
ဓါတုလက်နက်အကြောင်းဆက်ပြောပါ့မယ်..။
အရင်တုန်းကလည်း ဓါတုမိုးရေလို့ဆိုပါတယ်..အဝါရောင်အပြောက်တွေလည်းဟင်းရွှက်တွေပေါ်ကျနေပါတယ်လို့ အော်ခဲ့ပါသေးတယ်..တကယ်တမ်းလေ့လာကြည့်တော့ ရာသီပြောင်းငှက်တွေရဲ့ ချီးတွေပဲဖြစ်နေပါတယ်..
အခုတစ်ခါလည်း ပုံနဲံတကွ ဓါတုလက်နက်လို့ တင်ထားပါတယ်..။
ဟာသပါ..။ပုံမှာတော့ ဟိတ်ကြီးဟန်ကြီးနဲ့ ဓါတ်ခွဲစစ်တယ်ပေါ့ဗျာ..။
ဟုတ်ကဲ့..ကျနော် ဓါတ်ခွဲမစစ်ပါဘူး..
တထိုင်တည်း ပုံကြည့်ပြီး ပြောပြသွားပါ့မယ်..။
 (လွပ်လပ်တဲ့သတင်းဌာနကြီးတွေတောင် သူများပုံခွင့်ပြုချက်မယူပဲတင်ကြသေးတာပဲ.ကျနော်လည်း
ဒီလောက်ယူသုံးတာ ပြောအုံးမှာလားခင်ဗျာ..)
        ROCKET က နှစ်မျိုးရှိနိုင်ပါတယ်..။
    ပထမ တစ်မျိုးက 84mm ထဲထည့်ပစ်တဲ့ ဒုံးပါပဲ..
ကျနော်တို့ စီစီဝမ်တာပန်တိုက်ပွဲကြီးမှာတောင် တခါသုံးဖူးပါတယ်..အရမ်းကြီးလည်း အိုဗာမဖြစ်ပါဘူး..ပတ်ဝန်းကျင်အတွက်ပေါ့နော်..။တိုက်ပွဲပေါ်မှာတော့ အတော်လေးထိရောက်ပါတယ်..။
ပစ်တဲ့ဒုံးအများကြီးရှိပါတယ်..။အဲင်္ဒီအထဲကမှ ခွင်းဒုံး (ဒါမှမဟုတ်) လေကွဲကျည် ဖြစ်ပါတယ်..။
လေကွဲကျည်ဆိုတာက အပေါ်ကပုံမှပြထားတာမဟုတ်ပါဘူး..သူက အဲထက်နည်းနည်းကြီးတယ်..။
ကျနော်တို့ လိုချင်တဲံနေရာကိုတိုက်ရိုက်ပစ်တယ်ပေါ့နော်.RPG ပုံစံပါပဲ..ဒါပေမဲ့ သူက အရာဝတ္ထုကို တိုက်ရီုက်မထိပါဘူး.ပစ်တဲံနေရာကနေ ပေါက်ကွဲချင်တဲ့ အကွာဝေးမှာ ဒုံးကို သတ်မှတ်ပေးလိုက်တယ်.ပစ်ပြီးတဲ့နောက်မှာ ဒုံးက အဖြူတန်းကြီး နဲ့အတူထွက်သွားပြီး ပေါက်ကွဲချိန်မှာ မီးပွင့်ကာ မီးခိုး အဖြုနဲ့အမည်း ထွက်လာပါတယ်..လေပေါ်မှာတင်ကွဲသွားတာပေါ့ဗျာ..
ရှင်းအောင်ပြောရရင် ဟိုဘက်တောင်ပေါ်မှာ အပေါ်ပိုင်းအကာကွယ်မဲံ့နေတဲ့ ရန်သူရှိတယ်.အဲဒါကို ဒီဘက်တောင်ကနေ သူတို့ ထိုင်နေ-မတ်တပ်ရပ်နေတဲ့ နေရာကိုတွက်ချက်ပြီး အဲဒီနေရာ ရန်သူတွေရဲ့ခေါင်းပေါ်လူ၂ရပ်၃ရပ်စာလောက်ကို ချိန်ပစ်လိုက်တာပါ.ဒုံးက ရန်သူအပေါ်လည်းရောက်ရော.ဒုံးကွဲပြီး အပေါ်ပိုင်း အကာကွယ်မဲံတဲံရန်သူတွေ ကိုထိခိုက်စေတာပါ..
အခုမှမဟုတ်ပါဘူး..ဒုတိယကမ္ဘာစစ်မှာတောင်သုံးခဲံတယ်..ကျနော်တို့ နိုင်ငံမှာဆိုလည်း စိစိဝမ်တာပန်တိုက်ပွဲကြီးမှာသုံးခဲံတယ်..မူရင်းထုတ်တာက ဆွစ်ဇာလန်ကပါ..။အောက်ကပုံကိုကြည့်ပါ.
84 mm အရင်ပုံဟောင်းပါ.အခုမသုံးတော့ပါဘူး.ဆင်တူတာလေးဖော်ပြလိုက်တာပါ-ဆွစ်-ထုတ်ပါ



ဖြစ်နိုင်ခြေရှိတဲ့ လက်နက်ပါ.မျိုးဆက်သစ်ပါပဲ.
         ဒါကိုမမြင်ဘူးတဲ့ မသိတဲ့ အတွေ့အကြုံ ဗဟုသုတ မရှိတဲ့ KIA က သူရဲ့ ရဲဘော်တွေကိုရော ကချင်လူထုကိုရော လှည့်စားဖို့  ကောလဟာလတွေလျှောက် လုပ်နေတာပါ..။
ကေအိုင်အေပြောတဲ့ဓါတုလက်နက်တဲ့.တကမ္ဘာလုံးရီအောင်လုပ်တဲ့တော်တော်နောက်တဲ့ကေအိုင်အေ
အပေါ်မှာပြထားတဲ့ သူတို့တွေရထားတဲ့ဆိုတဲ့ဟာက သာမာန်ဒုံးပါပဲ..။
သူတို့ပြတဲ့ဒီပုံကတော့ ၈၄ မျိုးဆက်(သို့မဟုတ်)နောက်ပွင့်ရိုင်ဖယ်မျိုးဆက်သစ်တွေထဲက နောက်မှ ပုံစံပြောင်းထားတဲ့ တင့်ဖျက်နဲ့  ဘန်ကာဖြို ဒုံးပါ
ဒါကလည်း မီးခိုး အဖြူနဲ့မည်းပေါင်းထွက်ပါတယ်..ပြောပြီးသလို ဘန်ကာဖြိုတာပါ..ပစ်မှတ်(ဒါမှမဟုတ်)မြေပြင်.သစ်ပင် လို့ မာကျောတဲ့ အရာကို ထိမှ ပေါက်ကွဲတာပါ.။
တိုက်ရိုက်ဝါးလုံးထိုးပြေးသလို.သာမာန်အမြောက်ကျည်လို ၄၅ ဒီဂရီထောင်တတ်ပြီးမှ အောက်ပြန်စိုက်တဲ့ပုံစံနဲ့ ၂ မျိုး သွားပါတယ်..။
ဘာဓါတုလက်နက်မဟုတ်ပါဘူး..။
တိုက်ပွဲထဲမှာဗျာ ဗုံးငွေ့ ရှူရုံနဲ့ မူးတယ် အော့အန်တယ်.သတိလစ်တယ်ဆိုတာ ကတော့ စစ်တိုက်ဖူးသူတိုင်း ကြုံဖူးပါတယ်..ကျည်ကျတဲံနေရာမပြောနဲ့ အမြောက်-/-RPG ပစ်တဲ့ လူတောင် ကိုယ့်လက်နက်က ထွက်တဲ့
ယမ်းငွေ့နဲ့ကိုယ် မူးတတ်ပါတယ်..ခန္ဒာကိုယ်အားနည်းတဲ့ လူဆိုမူးပြီးမေ့လဲတတ်ပါတယ်..။သင်တန်းကျောင်းတွေမှာ လက်နက်ကြီးပစ်ခတ်လေ့ကျင်းခန်းတွေမှာဆိုရင် အားနည်းနေတဲ့သင်တန်းသားတွေတောင် အငွေ့ရှူပါများလာရင် မူးတတ် နုံးချိတတ် အန်တတ်ပါတယ်..။ဒါသဘာဝပါ..။
ပစ်တဲ့လူတောင် ဒီလိုဖြစ်တယ်ဆိုရင် ကျည်ကျနေရာက လူဆို စဉ်းစားပေါ့ဗျာ..ဒါက ယမ်းပေါက်ကွဲမှု ရဲ့ အကျိုးသက်ရောက်မှု နည်းနည်းလေးပါပဲ..။ရုရှားနိုင်ငံမှာ ဓါတုဗေဒနဲ့ ပညာတော်သင်တတ်နေတဲံ အရာရှိတစ်ယောက် ပြောတာကတော့ ရှင်းပါတယ်..ယမ်းမူန့် တထုပ်လောက်မီးရှိ့ပြီး ရှူကြည့်ပါလားတဲ့.။

ပုံနဲ့ပြရင်ပိုရှင်းမလားလို့ အရှင်းဆုံးဆွဲပြလိုက်ပါတယ်.


တကယ်တော့ KIA ဆိုတာ ဘာမှ ဟုတ်္တိပတ္တိ မဟုတ်ပါဘူး..ငြိမ်းချမ်းရေးလုပ်နေတုန်းကာလမှ မှောင်ခိုငွေတွေနဲ့  လက်နက်ခိုးဝယ်ပြီး အင်အားပြလူစု ထားတာလောက်ပဲရှိတာ..တကယ့်တကယ်ကျတော့ဘာမှ ပြောပလောက်အောင် စာတင်လောက်အောင် ဇ ရှိတာမဟုတ်ဘူးလို့ လည်း တပ်မ ၈၈ က တပ်ကြပ်ကြီးတစ်ယောက်ကလည်း ပြောပါတယ်..။
အစိုးရပြောသလို ၁ ရက်ထဲနဲ့တောင် တိုက်လို့ ရနိုင်ပါတယ် လို့ လည်းပြောပါသေးတယ်..။သူတို့ ကတော့ လိုင်ဇာကိုတောင် သိမ်းပိုက်ဖို့  အသင့်ဖြစ်နေပြီး အမိန့် ကိုစောင့်နေကြတယ်လို့ ထပ်ပြောပါသေးတယ်..။
ဒီလောက်တပ်ခွဲအကုပစ်(တိုက်ရိုက်ချိန်-အနီးကပ်ပစ်)တဲ့လက်နက်ကြီးတောင် မခံနိုင်-မြင်လည်းမမြင်ဘူး.ကြောက်လန့်တကြားအော်နေတဲ့ KIA ကိုသာ တကယ့်စခန်းသိမ်းတိုက်ပွဲကြီးများလို OVERLOAD များနဲ့တိုက်ရင် အသံနဲံတင် လက်နက်ချ သွားလောက်ပါတယ်..
သို့ သော် အစိုးရမှလည်း မိမိတိုင်းရင်းသား အချင်းချင်း နှိပ်ကွပ်တယ်ဟူသော အပြောမျိုး မခံချင်လို သောကြောင့် ၄င်းတို့ ဘက်မှ အင်အားများများမသုံးပဲ ရင်ဆိုင်တပ်အင်အားနဲ့စိုးမိုးအင်အားလောက်သာ သုံးနေခြင်းဖြစ်ပါတယ်..။
တကယ်တော့ ဓါတုလက်နက် ဆိုတာ KIA တို့ရဲ့မျက်ကလူးဆန်ပြာ အော်ခြင်းနှင့်  ကချင်လူထုကိုအယုံသွင်း ဝါဒမိုင်းတိုက်နေခြင်းသာဖြစ်ပါကြောင်း ဤနေရာကနေဖြေရှင်းပေးလိုက်ပါတယ်..။

                                                                                                                               မောင်မောင်ဒိန်
မူရင်း(mgkyautkhae.blogspot.com)

ဒေါ်စုရဲ့ NLD ပါတီအနေနဲ့ ပါတီဝင် ၁၀ သိန်းဖြစ်အောင် ဘယ်လိုလူမျိုးမဆို၊ ပညာအရည်အချင်းရှိမရှိ လက်ခံမယ်လို့ သိရပါတယ်။ လူဆိုး၊လူမိုက် ပညာတတ်တာ မတတ်တာ အပထား ၁၀ သိန်းပြည့်အောင် ပါတီအင်အားရှိအောင် ရသမျှလူ လျှောက်သမျှလူ အကုန် ပါတီဝင်အဖြစ် လက်ခံမယ့်ပုံပါပဲ။ ပါတီဝင်လက်ခံမယ့် ကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်ကဒီလိုပြောခဲ့ပါတယ်။ "ပါတီဝင်ဖြစ်ဖို့ သတ်မှတ်ထားတဲ့အရည်အချင်းတော့မရှိဘူး။ ဒီမိုကရေစီ အရေးတက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆို လုံလောက်ပြီ" တဲ့။ မှန်ပါတယ် ပညာတတ်တဲ့သူ ဖြစ်စေ၊ မတတ်တဲ့သူဖြစ်စေ အများကောင်းကျိုး ပြည်ကောင်းကျိုးကို ဆောင်ရွက်နိုင်တဲ့သူ ဆို ဒီလူဟာ လူတော်ပါပဲ။

သူပြောတဲ့စကားကြားတော့ အရင်က အတိုက်အခံတွေ ပြောခဲ့တဲ့ စကားကို သတိရမိပါတယ်။ ၃ ယောက်ပေါင်းမှ ၇ တန်းမအောင်ဘူးတို့ ၄ ယောက်ပေါင်းမှ ၁၀ တန်းမအောင်ဘူးတို့ စသည်ဖြင့် နိုင်ငံတော် အေးချမ်းဖို့ အရေး တိုးတက်ဖို့အရေး အသက်ပေး တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို ပညာမတတ် ပညာမဲ့တဲ့ အသွင် ဝေဖန် ကဲ့ရဲ့ကြတာပါ။ အမျိုးမျိုးပြောတတ်တဲ့ အတိုက်အခံပါးစပ်ပါပဲ။ လူတစ်ယောက်ရဲ့ အရည်အချင်းကို တိုင်းတာရာမှာ အတန်းပညာတစ်ခုတည်းနဲ့တင် လုံလောက် ပြည့်စုံတာမဟုတ်ပါဘူး။ ဆရာ၊ဆရာမတွေက စာညံ့တယ် ဉာဏ်မကောင်းဘူးလို့ သတ်မှတ်ခံရတဲ့ အက်ဒီဆင် ကမ္ဘာ့ပထမဆုံး မီးသီးကို တီထွင်နိုင်ခဲ့တယ်။ အဲတာဟာ အတန်းပညာညံ့တယ်ဆိုတဲ့ လူရဲ့ ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်ကို အများအတွက် အကျိုးရှိအောင် လုပ်ပေးနိုင်ခဲ့တာပါ။ အတိုက်အခံတွေဟာ ကိုယ်မလုပ်နိုင်တဲ့ အခါ တဖက်လူကို အမျိုးမျိုးကဲ့ရဲ့ ပုတ်ခတ်စော်ကားဖို့ပဲ တတ်ကြတာပါ။ ကိုယ်နဲ့အမြင်မတူ ရန်သူဆိုတဲ့ အတွေးအခေါ်ဟာ အတိုက်အခံတော်တော်များများရဲ့ စိတ်ထဲမှာ အရိုးစွဲနေကြပါတယ်။ 
(ref  ဖေ့ ဘုတ်  )

ခုလို ဒေါ်စုပါတီ လူ ၁၀ သိန်း ပြည့်ဖို့ ပညာအရည်အချင်းမလို သတ်မှတ်ထားတာမရှိ မည်သူမဆို လက်ခံနိုင်တယ် ဆိုတဲ့အပေါ်ကျတော့ အတိုက်အခံသမားတို့ ဘယ်လိုဝေဖန်သုံးသပ်ကြမလဲ။ NLD ပါတီဝင်ဟာ ၄ ယောက်ပေါင်းမှ ၁၀ တန်းမအောင်ဘူးဆိုတဲ့ ဝေဖန်ကဲ့ရဲ့မှုမျိုးတွေ လုပ်ကြမှာလား။ တပ်မတော်သားတွေရဲ့ တိုင်းပြည်အတွက် အသက်ပေးထားတဲ့ မွန်မြတ်တဲ့ စိတ်ကို ဥပေက္ခာပြုပြီး စော်ကားမော်ကား ပြောခဲ့သလို NLD ပါတီဝင်ဖြစ်လာကြမယ့် အတန်းပညာမတတ် တိုင်းပြည်အတွက် အသက်လည်းမပေးထားတဲ့ လူတွေကို ၄ယောက်ပေါင်း ၅ တန်းအောင်တွေလို့ ဝေဖန်ကြမှာလား။ တပ်မတော်သားတွေကမှ တပ်မတော်ထဲဝင်ရင် ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် သန္နိဋ္ဌာန် ပြုပါ၏ လို့ သစ္စာဆိုရင်း တိုင်းပြည်အတွက် အသက်ကိုပါပေးဆပ်ကြသေးတယ်။ NLD ပါတီဝင်တွေကရော အဲလို သန္နိဋ္ဌာန် ပြုကြမယ်လို့လည်း မထင်ပါဘူး။ ပါတီဝင်တွေဟာ ပညာတတ်ကြဖို့လိုတယ် ပညာမတတ်ကြရင် လက်မခံပါနဲ့လို့ ဝေဖန် ကဲ့ရဲ့ကြပါတော့လား။ မဝေဖန်ဘူးဆိုရင် အတိုက်အခံတို့ တပ်မတော်သားတွေအပေါ် ဝေဖန်ကဲ့ရဲ့မှု တွေဟာ  တဖက်သားကို စော်ကားမော်ကားပြောချင်ယုံ သပ်သပ်ဆိုတာ ထင်ရှားနေပါတယ်။

တကယ်တော့ အတန်းပညာမတတ်တဲ့ သူတိုင်းလည်း နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး မဆောင်ရွက်  နိုင် ကြတာ မဟုတ်ပါဘူး။ လူဆိုတာ သူ့ပညာနဲ့သူ သူတတ်ထားတဲ့ အတတ်ပညာတစ်ခုခုနဲ့ တိုင်းပြည် အကျိုးကို ဆောင်ရွက်နိုင်ရင် သူ့ဟာ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ လူတော်လူကောင်းပါပဲ။ အတိုက်အခံတို့ အနေနဲ့ မိမိနဲ့ အမြင်မတူတာနဲ့ တဖက်သားကို ပုတ်ခတ်ဝေဖန် စော်ကားတတ်တဲ့ အကျင့်ကို ပြင်ဆင်သင့်ပါပြီ။ ပညာမတတ်တာ တခုတည်းနဲ့တင် အများအကျိုးမဆောင်ရွက် နိုင်ဘူးလို့ အယူအဆ ရှိရင် NLD က သတ်မှတ်ထားတဲ့ ပါတီဝင်ဖြစ်ဖို့ အရည်အချင်း မလိုဘူးဆိုတဲ့ သတ်မှတ်ချက်ကို ပြင်ဆင်ပေးဖို့ ဒေါ်စုဆီမှာ ကန့်ကွက်လွှာတင်ပြီး ဆန္ဒပြကြပါလို့ ရွှေမြန်မာမှ အဆိုးမြင် အတိုက်အခံ သမားတွေကို တိုက်တွန်းလိုက်ရပါတယ်။

Gmail, Gtalk ဘယ်အစိုးရကမှ ကြားကနေ ဖောက်မဖတ်နိုင်ဘူးဗျို့........
Gmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း အmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်..... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်... ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်....

မြန်မာပြည်က အင်တာနက်ကော်နက်ရှင်အများစုဟာ National Gateway ကနေဖြတ်ရတာလည်း ဟုတ်ပါတယ်။ အဲ့ဒိမှာ အင်တာနက်ကို သုံးဖို့အတွက် Proxy ဆာဗာတွေကို ဖြတ်ရပါတယ်။ MPT Connection မှာ Proxy Server ခံရပြီး Yatanarpon Connection မှာ Proxy မထည့်ရပဲ Auto နဲ့ သုံးရပါတယ်။ Technical အခေါ်အဝေါ်အနေနဲ့ကတော့ WPAD (Web Proxy Auto Discovery) ဖြစ်ပါတယ်။ Proxy Server များခံရခြင်းရဲ့ အဓိကကတော့ ဖွင့်ပေးခြင်တဲ့ Website တွေ ပိတ်ခြင်တဲ့ Website တွေကို ထိမ်းချုပ်ရန်အတွက် အဓိကဖြစ်ပါတယ်။ အဲ့ဒိမှာ Gmail နဲ့ Gtalk သုံးတဲ့ စနစ်ကို ကြည့်လျင် https ဆိုတာကို တွေ့ရမှာပါ။ https ဆိုတာ Secure Channel ဖြစ်ပါတယ်။ SSL Certificate ဆိုတဲ့ Encryption တစ်မျိုးနဲ့ ဒေတာတွေကို အပို့အယူ လုပ်ပါတယ်။ Encryption ဆိုတာဟာ a လို့ရိုက်လိုက်တဲ့စာကို Encrypt လုပ်လိုက်တဲ့အချိန်မှာ Method ပေါ်မူတည်ပြီး 019275&6%#%@*! ဆိုတဲ့ စာတွေအဖြစ်ကို ပြောင်းသွားပါတယ်။ ဟိုဘက်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ Decrypt လုပ်ဖို့ ကုဒ်နဲ့ ပြန်ဖြည်မှ မူလစာ a ကိုမြင်ရတာဖြစ်ပါတယ်။ ဒီပုံထဲက SSL Encryption အလုပ်လုပ်ပုံကိုကြည့်ရင်သိနိုင်ပါတယ်။



ပုံမှန် ကျွန်တော်တို့ www.google.com လို့ရိုက်ထည့်လိုက်ရင် http://www.google.com/ နဲ့ပြောင်းသွားပါတယ်။ ဒါဟာ Pure HTML ပါ၊ ကြားကနေ ဖြတ်ယူကြည့်လို့ရပါတယ်။ အဲ့ဒိအချိန်မှာ mail.google.com ဆိုပီး ရိုက်ထည့်လိုက်ရင် https://mail.google.com/ ဆိုပီးပြောင်းသွားတာကို တွေ့ရပါမယ်။ အဲ့ဒါဟာ ပုံထဲမှာဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာကနေ ဂျီမေးလ်ဆာဗာကို Secure Channel သုံးဖို့ Request လုပ်လိုက်ပါတယ်။ အဲ့ဒိအချိန်မှာ Gmail Server ဟာ Encryption လုပ်မဲ့ အဓိက Certificate ကိုထုတ်ပေးလိုက်ပါတယ်။ အဲ့ဒိအခါမှာ အသုံးပြုမယ့်သူက အပြန်အလှန် Encrypt/Decrypt လုပ်မဲ့ Key ကိုပေးလိုက်ပါတယ်။ နှစ်ဖက် သဘောတူညီမှု ရသွားတဲ့အချိန်မှာ Encrypted လုပ်ထားတဲ့ စာတွေကိုပဲ အပို့/အယူ လုပ်ပါတော့တယ်။ Encrypt လုပ်ထားတဲ့ စာတွေကို ပြန်ဖြည်တာကတော့ ခုဏက ပို့ထားတဲ့ Key နဲ့ပဲ ပြန်ဖြည်ရပါတယ်။ အဲ့ဒိ Key ဟာ မူလထုတ်ပေးတဲ့ Certificate ကနေလည်း အခြေခံပါတယ်၊ သုံးတဲ့သူရဲ့ ကွန်ပျူတာက နာမည်၊ အချိန်၊ နာရီ စတာတွေကိုလည်း ယူပါတယ်။ အဲ့ဒါကြောင့် Encrypt လုပ်တဲ့ကီးဟာ တစ်ကြိမ်နဲ့ တစ်ကြိမ်မတူပါဘူး။

အဲ့ဒိအတွက် https သုံးထားတဲ့ ဆိုဒ်တွေဟာ ကြားကဖြတ်ယူလို့ရပေမဲ့ မူလစာတွေကို အဓိပ္ပါယ်ပေါ်အောင် လုပ်လို့မရပါဘူး။ ဆိုလိုချင်တာကတော့ ကြားကဖြတ်ခိုးလို့မရပါဘူး။ ဘယ် ISP (Internet Service Provider) မှလည်း ဖြတ်ခိုးလို့ မရပါဘူး။ အဲ့ဒါတွေကြောင့် မူရင်းဆာဗာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီး Hack လုပ်ကြတာဖြစ်ပါတယ်။ မူရင်း Server Hack လုပ်ခံရမှ အဲ့ Server ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို ခိုးယူလို့ရမှာ ဖြစ်ပါတယ်။ https သုံးထားတဲ့ Connection ကို ကြားကဖြတ်ခိုးလို့မရပါဘူး။ အထူးသဖြင့် Google ကဟာက ပိုဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ Google's https နဲ့ အခြားသော Business Application တွေကိုပါ Provide လုပ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ Google Business Application တွေကိုသုံးထားတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေကတော့ Motorola, Konica/Minolta, Land Rover, Virgin America, EPS, Brown University, National Geographic, တို့ဖြစ်ပါတယ်။ အတိအကျစာရင်းကို http://www.google.com/apps/intl/en/customers/ မှာသွားကြည့်နိုင်ပါတယ်။ အဲ့ဒိအတွက် Google ရဲ့ https ဟာ စိတ်မချရလျင် အဆိုပါအဖွဲ့အစည်းများ တရားစွဲတာနဲ့တင် Google ဟာ နာမည်ပျက်သွားမှာ ဖြစ်ပါတယ်။

https ရဲ့ Security Algorithm တွေကို ဖြည်ဖို့က တော်တော့ကို ခဲယင်းပါတယ်။ Super Computer တွေနဲ့ ဖြည်ထုတ်ရမှာပါ.... ဖတ်ဖူးတဲ့ စာစုတစ်ခုအရ အနည်းဆုံး နှစ် ၁၀၀ ကျော် အချိန်ပေးရမယ်လို့ ဆိုပါတယ်... အဲ့ဒါကြောင့် CA ကုမ္ပဏီတွေဟာ ယပ်ခတ်ပီး နေနိုင်ပါတယ်.... အဲ့လိုပဲ Certificate တွေမှာလည်း သက်တန်းရှိပါတယ်... သက်တန်း ကြာတဲ့ Certificate တွေကတော့ ဖောက်ဖို့ လွယ်ပါတယ်.... အခု Google Certificate ကတော့ ၂ နှစ်တစ်ခါ လဲတာကို သတိထားမိပါတယ်...

https ကိုပိတ်လို့မရတဲ့အတွက်ကြောင့် နိုင်ငံရေး တစ်ခုခု လှုပ်လှုပ် လှုပ်လှုပ် ဖြစ်ခဲ့ရင် အရင် အစိုးရဟာ https ကို ထိမ်းချုပ်ဖို့ ကြိုးစားပါတယ်... မရလျင် လုံးဝကို ပိတ်ပစ်လိုက်ပါတယ်... မြန်မာပြည်တွင်းက အင်တာနက်သုံးသူတွေ အကုန်ခဏခဏ ကြုံဖူးမှာပါ.... အင်တာနက်သုံးလို့ရပီး ဂျီမေးလ် ဂျီတော့ သုံးမရဘူးဆိုတာ https ကို ပိတ်ထားတဲ့ အတွက်ပါ.... အဲ့ဒါကြောင့် ကျော်ခွသုံးရပါတယ်... အခု Facebook ဟာ Login အတွက်ကိုပဲ https သုံးပီး ကျန်တာတွေကို Encryption မပါတဲ့ http သုံးတဲ့အတွက် သူတို့ နည်းပေါင်းစုံနဲ့ ကလိဖို့ ကြိုးစားနေပါတယ်.... အခုလက်ရှိ MPT ဟာ သူတို့ရဲ့ Primary DNS Server ကို 203.81.64.18 ဆိုပီး ထပ်တိုးပါတယ်.... DNS ဆိုတာ Naming Resolution (ဥပမာ www.google.com လို့ရိုက်ရင် google ကိုသွားရှာရန်) အတွက် သုံးတာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လိပ်စာတွေကို Resolve လုပ်နိုင်ရမှာ ဖြစ်ပါတယ်... ဒါပေမဲ့ အဲ့ဒိ Primary DNS Server မှာ Record ဖျက်ထားတဲ့အတွက် www.facebook.com လို့ရှာလိုက်ရင် Record Not Found ဆိုပီး ဖြစ်နေလို့ ပြည်တွင်းမှာ ခုရက်ပိုင်း Facebook သုံးတာ အဆင်မပြေဖြစ်တာပါ... အရင်တုန်းကတော့ mail.google.com ဆိုပီးရှာလိုက်ရင် Record Not Found ဖြစ်တယ်။ တစ်ခါတစ်လေမှာ www.google.com ကိုခေါ်ကြည့်ရင်ကို Access Denied ဖြစ်တာတွေ ပြည်တွင်းက အင်တာနက်သုံးသူများ အထူးအဆန်းမဟုတ်တော့ပါဘူး။

စာထဲမှာ ရေးထားတဲ့ DNS Poisoning နဲ့ အစိုးရက ခိုးတယ်လို့ ရေးထားပါတယ်။ အဲ့ဒါလည်း တက်တက်စင်အောင် လွဲပါတယ်။ DNS Poisoning ဆိုတာ တကယ့် Record အစစ်အမှန်တွေနေရာမှာ အတုအယောင်တွေနဲ့ အစားထိုးတာပါ။ မျက်စိထဲမှာ ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မောင်ဖြူနေရာမှာ မောင်နီကို အစားထိုးလိုက်တာပါ။ အောက်ကပုံကိုကြည့်ရင် DNS Poisoning အလုပ်လုပ်ပုံကို တွေ့ရမှာ ဖြစ်ပါတယ်။



အသုံးပြုသူဟာ www.nicebank.com ကိုခေါ်လိုက်တဲ့အချိန်မှာ Poisoning အလုပ်ခံရတဲ့ DNS Server ဟာ တကယ့်နာမည်အစစ်ဖြစ်တဲ့ www.nicebank.com ကိုပေးမဲ့အစား www.n1cebank.com ကိုပြောင်းပလိုက်ပါတယ်။ အဲ့ဒိ www.n1cebank.com မှာမှ အသုံးပြုသူ User ရဲ့ပါစ၀ါ့တွေကို ခိုးဖို့ Fake Form တွေ အဆင်သင့်စောင့်နေပါတယ်။ ဖောင်တွေကို ဖြည့်ပီး Submit လုပ်လိုက်ချိန်မှာတော့ ကိုယ့်အကောင့်ဟာ ပါသွားပီဖြစ်ပါတယ်။ ပြန်ယူချင်လို့ မရတော့ပါဘူး။ ဘဏ့်အကောင့်ဆို ငွေအကုန်၊ အီးမေးလ်အကောင့်ဆို ပါ့စ၀ါ့ကိုအပြောင်းခံလိုက်ရပီး Account Hijacked ဖြစ်သွားပါပီ။ ဒါဟာ DNS Poisoning နဲ့ Fake Website ကိုအသုံးပြုပြီး ခိုးတာဖြစ်ပါတယ်။ ကိုယ် Login ၀င်နေတာ Google ရဲ့ Website ဟုတ်မဟုတ်ကို Internet Browser ရဲ့ Address Bar ကနေ စစ်ကြည့်လို့ရပါတယ်။

အဲ့ဒိမှာ သူပြထားတဲ့ ပုံထဲက ဆာဗာတစ်လုံးဟာ Checking and Capturing the Login Credential ဆိုပြီးပြထားပါတယ် မှားပါတယ်။ https နဲ့သွားတဲ့ Login Credential တွေကို ဖြတ်ပီးခိုးဖမ်းဖို့ မဖြစ်နိုင်ပါဘူး။ အခုလက်ရှိ အစိုးရမှ သုံးထားတာတွေဟာ Proxy Server တွေဖြစ်ပြီး Website အဖွင့်အပိတ်ကို ပြုလုပ်ရန်၊ တနည်းအားဖြင့် URL Filtering အတွက်ဖြစ်ပါတယ်။ သူတို့ ပေါ်လစီနဲ့ ညိရင် ပိတ်ထားပါတယ်၊ တနည်းအားဖြင့် ဘန်းတယ်ပေါ့။ အဲ့ဒါကြောင့် မြန်မာတွေ ကျော်ခွသုံးတာကို ဘန်းကျော်တယ်လို့ သုံးကြပါတယ်။ User သွားကြည့်တဲ့ Website တွေကိုတော့ Trace လိုက်လို့ရပါတယ်။ ဒါကလည်း သူသုံးတဲ့ အင်တာနက် Service ပေါ်မူတည်ပြီး ချပေးထားတဲ့ IP Address ကိုနောက်ယောင်ခံ လိုက်ကြည့်တာပါ။ အဲ့ဒါလည်း ဘယ် Website ကိုသွားတာပဲ သိရတာဖြစ်ပါတယ်။ အဲ့ဒိ Website ဟာ https သုံးထားလျင် အထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ တနည်းအားဖြင့် သူတို့ဟာ ဒီလူ ဒီအဆောက်အဦးထဲ ၀င်သွားတာကို သိပါတယ်။ အဆောက်အဦးထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဓိက Decrypt လုပ်ရန် Key မရှိခြင်းကြောင့် ဖြစ်ပါတယ်။

အဲ့ဒိလို သွားကြည့်တဲ့ Website တွေကို Trace လိုက်တယ်ဆိုတဲ့နေရာမှာလည်း Proxy Bypass Software တွေသုံးထားရင် လိုက်စစ်လို့ မရပြန်ပါဘူး။ ထို့အတူ Proxy Bypass Site တွေကနေ တစ်ဆင့်သွားလျင်လည်း မသိနိုင်ပါဘူး။ လူသိများကြတဲ့ Proxy Bypass Software တွေကတော့ Your Freedom, Freegate, Ultrasurf, Hopster အစရှိသဖြင့် အများကြီး ရှိပါတယ်။ ဥာဏ်ရှိသလို သုံးနိုင်ပါတယ်။ နိုင်ငံတကာကို သွားဖို့ Ports တွေကတော့ အကုန်ပိတ်ထားပြီး ဖွင့်တာဆိုလို့ http, https ပဲရှိတယ်၊ ဘယ်ဝက်ဆိုဒ်တွေတော့ ပေးကြည့်မယ် ဘယ်ဟာတော့ ပိတ်မယ်ဆိုတာ URL Filtering ပါ၊ DNS Poisoning တောင်မလုပ်ဘူး NS Record ကို ဖျက်ပစ်တဲ့ အလုပ်မျိုးကိုပဲ လုပ်ကြတယ်။ အဲ့ဒိဆောင်းပါးပါ အချက်အလက်တွေ တော်တော်လေးလွဲနေပါတယ်။ DNS Port ကိုတော့ ဖွင့်ပေးထားပေမဲ့ MPT Connection ဟာ Proxy နဲ့ ထိမ်းထားတာ ဖြစ်တဲ့အတွက် သူ့ Proxy Server ဟာ သူ့ရဲ့ DNS ကိုပဲ သွားစစ်တာဖြစ်တဲ့အတွက် ကိုယ်ပိုင် DNS Server သုံးပီး ကျော်ခွလည်း မရပါဘူး။

FTP Port ကတော့ စိတ်ကူးပေါက်ရင် ဖွင့်ပါတယ်၊ တစ်ခါတစ်လေမှာ ပိတ်ပါတယ်၊ တစ်ချို့ အဖွဲ့အစည်းတွေကတော့ သူတို့ နိုင်ငံခြားမှာ ရှိတဲ့ ဆာဗာတွေကိုသုံးဖို့အတွက်တော့ Port Request တင်ရပါတယ်။ Messaging Port တွေဖြစ်တဲ့ (POP, SMTP, IMAP, Exchange) တွေကိုတော့ လုံးဝပေးမဖွင့်ပါလို့ အရင်ကတရားဝင် ပြောပါတယ်။ အဲ့လိုပဲ VPN ကိုလည်း လုံးဝပေးသုံးပါလို့ အရင်က ပြောပါတယ်။ Port Request မှာ Source IP ပေးရပါတယ်၊ Target URL & Target Port ကိုပေးရပါတယ်။ ဖွင့်မပေးခင်း နည်းလမ်းပေါင်းစုံ စစ်ပါတယ် ဒါက အရင်ကပါ။ (အခုတော့ မသိဘူး ကျွန်တော့လာမမေးနဲ့ သူတို့သွားမေး.... :D)

လက်ရှိ မြန်မာပြည်က ရတာနာပုံ ကသုံးထားတဲ့ Proxy Server တွေဟာ Blue Coat System ဖြစ်ပါတယ်။ Blue Coat က ကမ္ဘာ့အကောင်းဆုံးလို့တော့ ပြောကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက လုပ်ချင်တဲ့ System နဲ့ Control လုပ်ချင်တဲ့ပုံစံက တကယ့်ကို တလွဲပါ။ ကမ္ဘာမှာလည်း မရှိပါဘူး.... အဲ့ဒါကြောင့် သူတို့တွေ Proxy ကို တစ်မျိုးပြီး တစ်မျိုးပြောင်းသုံးနေပေမဲ့လည်း ခုထိသူတို့ လိုချင်တဲ့ပုံစံနဲ့ ထိမ်းချုပ်မရသေးတဲ့အတွက် နည်းပညာပိုင်း မနိုင်သေးတဲ့အတွက် ကမောက်ကမ ဖြစ်တာ များခဲ့ပါတယ်။ ဒီနေရာမှာ Proxy Server တွေဟာ https အတုတွေကို ကြားဖြတ် ဖျက်ချဖို့ System တွေပါဝင်လာပါတယ်။ ကျွန်တော် Blue Coat နဲ့ အကျွမ်းတ၀င်မရှိတဲ့အတွက် Microsoft TMG နဲ့ပဲ နှိုင်းယှဉ်ရေးပြပါ့မယ်။ သဘောတရားခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ (Co-operate Proxy & Firewall မှာတော့ Microsoft TMG ဟာ နာမည်ကြီးပါတယ်။ Blue Coat ကတော့ ISP တွေ အကြိုက်ဖြစ်ပါတယ်။)

Microsoft TMG မှာအဲ့ဒိ စနစ်ကို SSL Inspection လို့ ခေါ်ပါတယ်။ Fake SSL Certificate တွေကို သုံးမှာကို တားတာပါ။ ဒါပေမဲ့ Technology အရ Un-trusted Certificate တွေနဲ့ Fake Certificate တွေကို သုံးထားတဲ့ Website တွေကို Users တွေ Access လုပ်မိခြင်းမှ ကာကွယ်ရန် ဖြစ်သလို၊ Proxy Bypass သုံးတဲ့ Software တွေရဲ့ Fake Certificate နဲ့ ကျော်ခွခြင်းကို ကာကွယ်ရန်ဖြစ်ပါတယ်။ ဒါပေမဲ့ Public ISP လိုမျိုးတွေမှာ အဲ့ဒိ Function ဟာ သုံးလို့မရပဲ Co-operate တွေမှာပဲ သုံးရတာ အဆင်ပြေပါတယ်။ Public မှာသွားသုံးလိုက်ရင် Client Authentication မှာတင် အဆင်မပြေဖြစ်ပီး https ကို Access လုပ်မရပဲ ဒေါင်းကုန်လို့ဖြစ်ပါတယ်။

ယခင် အစိုးရက အင်တာနက်ကို ကြားက ဖြတ်စစ်လို့ မရမှန်းသိလာတော့ သိတ်ပေးမသုံးချင်ခဲ့ဘူး။ ဒါပေမဲ့လည်း အင်တာနက် အခွင့်အရေး အပြည့်အ၀ ပေးထားတယ်ဆိုတာ ပြချင်တော့ ပေးသုံးတယ်၊ သို့သော် သူတို့ အခုလက်ရှိ လုပ်ထားတာ Bandwidth Control ဖြစ်ပါတယ်။ ပြောရရင်တော့ နှေးအောင်လုပ်ထားတာပေါ့ဗျာ။ အဲ့ဒါကြောင့် တစ်ခုခုဖြစ်လို့ မသင်္ကာရင် သတင်းတပ်ဖွဲ့က ကွန်ပျူတာကို အကုန်စစ်တာဖြစ်ပါတယ်။ ကိုဇာဂနာကြီးရဲ့ ဘာ့ကြောင့်ထောင်ကြသလဲ အင်တာဗျူးတွေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတကာမှာ၊ အထူးသဖြင့် အမေရိကန်မှာ တစ်ခုခု National Security နဲ့ပါတ်သက်လို့ သိချင်လာလျင် Public Server တွေကို ဖွင့်ပီး စစ်ဆေးပိုင်ခွင့် အမိန့်ဒီကရီကို တရားရုံးမှာတောင်းပါတယ်။ ဒီကရီ ရတာနဲ့ သက်ဆိုင်တဲ့ Server တွေက ဒေတာတွေကို မွှေပါတော့တယ်။ ဟိုတလောလေးကပဲ အမတ်တစ်ယောက်ကို Wikileak နဲ့ အဆက်အသွယ်ရှိလို့ဆိုပီး သူ့ရဲ့ Twitter အကောင့်အပါဝင် တော်တော်များများကို ၀င်မွှေခွင့်ပေးလိုက်ပါတယ်။ အဲ့ဒိနေရာမှာသတိထားကြည့်ပါ၊ ISP ကိုမမွှေပဲ မူရင်း Source ကိုပဲ မွှေတာကို တွေ့မှာပါ။ ISP ကနေ စစ်လို့ရလျင် CIA ဟာ လူသိရှင်ကြားတောင် လုပ်မနေပါဘူး တိတ်တိတ်ဖြတ်ခိုးနေမှာပါ။

ဂျီမေးလ်အကောင့်အသစ် ဖွင့်ပီး မြန်မာပြည်တွင်းမှာ (မြန်မာပြည်ရဲ့ IP နဲ့ဆို ပိုမှန်ပါတယ်..) သုံးရင် သိတ်မကြာဘူး လော့ကျသွားပီး ဖုန်းနံပါတ်နဲ့ ဖြည်ရပါတယ်.... ဘာ့ကြောင့်လည်းဆိုတော့ မြန်မာပြည်ကို အကောင့်အသစ်ဖွင့်ခွင့် ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်.... အဲ့ဒိ လော့ကျသွားတဲ့ အကောင့်ကို ဖုန်းနံပါတ်ထည့်ပြီး ပြန်ဖွင့်လို့ရပါတယ်.... အစိုးရ လုပ်တာမဟုတ်ပါဘူး... Google ရဲ့ Restriction တစ်ခုပါ.... ဒါတွေကိုဖတ်ကြည့်ရင်တော့ အဖြေရှင်းလောက်ပီ ထင်ပါတယ်။ အဲ့ဒိဆောင်းပါးပါတဲ့ အချက်တွေဟာ တော်တော်လေးကို လွဲမှားနေပါတယ်။ အဲ့ဒိအထဲက ကွန်ပျူတာ ပညာရှင်ဆိုတာ လူရွှင်တော်လား မသိပါဘူး။ ကွန်ပျူတာ ပညာကို သေသေခြာခြာ တတ်တဲ့သူတိုင်း၊ https ရဲ့ အလုပ်လုပ်ပုံကို သိသူတိုင်းဟာ ဘယ်လိုမှ https ကိုကြားကနေ ဖြတ်ခိုးယူလို့ မရဘူးဆိုတာ အလိုလို သဘောပေါက်နားလည်ပီးသား ဖြစ်ပါတယ်။ အဲ့ဒိအတွက် ဘာမှ စိုးရိမ်စရာမလိုပဲ https နဲ့ စစ်မှန်တဲ့ URL (DNS Poisoning) လုပ်ထားတဲ့ လိပ်စာမဟုတ်ရင် စိတ်ချ လက်ချ သုံးနိုင်တာကို အာမခံပါတယ်။ အဲ တစ်ခုပဲ ရှိတယ် Cyber Cafe မှာသွားသုံးလို့ Key Logger နဲ့ ခိုးခံရရင်တော့ မပြောတတ်ဘူးဗျိုး.....