ဒါလေးက အပြစ်တင်ရှုတ်ချတာလဲမဟုတ်သလို မကောင်းမြင်တာလဲမဟုတ်ပါဘူး။
ကျွန်တော့် အမြင်လေး ဖြစ်တဲ့ဖြစ်တဲ့အတွက်
မှားယွင်းနိုင်ပါတယ်။ မှားတယ်ဆိုရင်လည်း ကျွန်တော်မရင့်ကျက်လို့ ဆိုပြီးနားလည်ပေးစေချင်ပါတယ်။
စေတနာအမှားလေးပေါ့..
ယနေ့မြန်မာနိုင်ငံမှာ လူငယ်တွေရဲ့    အံသြစရာကောင်းတဲ့အချက်က  နိုင်ငံရေးကိုတော်တော်လေးစိတ်ပါဝင်စားကြတာပါပဲ။
ဒါဟာကောင်းလားလို့မေးတဲ့အချိန်မှာ တချို့  ကတော့ကောင်းတယ်လို့ ဖြေမှာပဲ ၊ တချို့ ကတော့မကောင်းဘူးလို့ ဖြေမှာပါ။
ကျွန်တော်ကတော့ လုံးဝမကောင်းဘူးလို့ ပဲဖြေချင်ပါတယ်။ လူငယ်တိုင်းဟာမိမိနိုင်ငံ အကြောင်း မိမိတိုင်းပြည်အကြောင်းကို
ဘာမဆိုသိရမယ် အဲဒါမှန်ပါတယ်။ဒါပေမဲ့နိုင်ငံရေးကိုစိတ်ဝင်စားသွားရင်မကောင်းတော့ပါဘူး။
ယနေ့ကျွန်တော်တို့ကြုံတွေ့ နေရတာတွေကတော့  လူငယ်တော်တော်များများဟာ အင်တာနက်စာမျက်နှာပေါမှာရော
တခြားသောနေရာမျိုးစုံမှာပါ မိမိတို့နိုင်ငံတိုးတက်ရေးဆိုပြီးတော့ ဒီမိုကရေစီ စသည်ဖြင့်ပေါ့ အမျိုးမျိုးဝေဖန်မှုတွေလုပ်
နိုင်ငံတော်အစိုးရဘယ်သူဖြစ်ဖြစ် မကောင်းပြောရမယ်ဆိုတဲ့သဘောမျိုးရောက်အောင်ကိုဝေဖန်နေတာတွေကို စိတ်မကောင်းစရာတွေ့ ရပါတယ်။
နိုင်ငံတခုတိုးတက်ဖို့ဆိုတာ တစ်ဦးထဲတစ်ယောက်ထဲ   တသီးပုဂ္ဂလနဲ့လုပ်လို့မရပါဘူး။ကျွန်တော်တို့သိထားရမှာက  အားလုံး...ဆိုလိုတာက
တစ်နိုင်ငံလုံး ပြည်သူတွေပါ    ကြိုးစားမှ တိုးတက်မှာပါ။ နိုင်ငံတော်ဆင်းရဲတာဟာတာဝန်ရှိတာ အစိုးရမှန်ပါတယ်။
ဒါပေမဲ့ တာဝန်အရှိဆုံးကိုပြပါဆိုရင်တော့ မိမိကိုယ်တိုင်ပါပဲ ။ မိမိရဲ့ တိုင်းပြည်တစ်ကယ်တိုးတက်ချင်တယ်ဆိုရင် မိမကြိုးစားရပါမယ်။
ကြိုးစားတယ်ဆိုတာဟာ ဘယ်အစိုးရတက်တက်ကွာ... ဘာတွေလုပ်မှန်းမသိဘူး... အသုံးကိုမကျဘူး.... စသည်ဖြင့်ဝေဖန်နေတာတွေကိုမဆိုလိုပါဘူး။
မိမိရဲ့ တာဝန်ကို မိမိကျေပွန်ဖို့ပြောချင်တာပါ။
မိမိတာဝန်ဆိုတဲ့နေရာမှာ လူတိုင်းမှာ တိုင်းပြည်နဲ့ပတ်သတ်ပြီး တာဝန်ရှိတယ်။ အဲဒါက ယခုမိမိလုပ်နေတဲ့အလုပ်ကို ကြိုးစားလုပ်ဖို့ပါ။
ကျောင်းသားကလည်း ကျောင်းစာကိုကြိုးစားရမယ် ၊ ဆရာဝန်ကလည်းဆေးကုတာကို စေတနာတရားထက်သန်စွာနဲ့လုပ်ရမယ်၊
အင်ဂျင်နီယာကလည်းမိမိနိုင်ငံအတွက် ဘယ်လိုနည်းပညာတွေဘယ်လိုလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးပေါ့။
အိမ်ထောင်တခုမှာဆိုလည်း စီးပွားရှာတဲ့သူက မိမိအိမ်စီးပွားရေးကို  အောင်မြင်အောင်လုပ်မယ်ဆိုတာမျိုး မိမိရဲ့ တာဝန်ကို မိမိကျေပွန်ရမှာပါ။
နိုင်ငံဆင်းရဲတယ်ဆိုတဲ့အချက်ထဲမှာ ကျွန်တော်တို့နိုင်ငံဟာ အင်မတန်မှ လူဝေဖန်မှာကို ကြောက်ကြသလို လူတိုင်းကလည်း
ဝေဖန်တာကိုအင်မတန်ကြိုက်ကြပါတယ်။ တခြားနိုင်ငံတွေချမ်းသာတာကိုသွားမကြည့်ပါနဲ့သူတို့က အိမ်တအိမ်မှာ မိသားစု လေးယောက်ရှိရင်
18 နှစ်ပြည့်ပြီးသူတိုင်းလေးယောက်လုံးအလုပ်လုပ်တယ် ကျွန်တော်တို့ နိုင်ငံမှာ  အဲလိုမဟုတ်ပါဘူး။
အိမ်ထောင်တခု ရဲ့  တာဝန်ဟာ ခင်ပွန်းတယောက်ပဲ အရေးကြီးတယ်လို့တွက်တယ် ကျန်တဲ့သူက အိမ်မှာပဲနေထိုင်စားတယ်
(အားလုံးကိုဆိုလိုချင်တာမဟုတ်ပါ) မိန်းကလေးများကို ရည်ရွယ်တာလည်းမဟုတ်ပါ ။ တချို့  ဆိုအဖေက အသက်လေးဆယ်ကျော်အလုပ်လုပ်လို့
သားကအသက်နှစ်ဆယ်ဘာအလုပ်မှမလုပ်ဘူးစသည်ဖြင့်ပြောတာပါ။ တခြားနိုင်ငံတွေမှာကိုယ်လုပ်မှ ကိုယ်စားရတာပါ။
ဒီနေရာမှာပြောစရာရှိတာက အလုပ်အကိုင်အခွင့်အလမ်းပေါ့နော်။ အလုပ်လုပ်ချင်တယ် အစိုးရကဘာမှလုပ်မပေးနိုင်လို့
လုပ်စရာမရှိဘူးဆိုပြီး ပြောကြပါတယ်။ ဒါမှန်သင့်သလောက်မှန်ပါတယ် ကျွန်တော်တို့လူမျိုးဟာအင်မတန်မှလူအထင်သေးမှာကို ကြောက်ပါတယ်။
အလုပ်ရှာပြီဆိုရင် အလွန်ရွေးပါတယ် (စားပွဲထိုးတို့ တခြားစရင်းကိုင်လောက်) ဘာ ညာ ဆိုမလုပ်ချင်တော့ဘူး သူများကဲ့ရဲ့ မှာစိုးပါတယ် ။
ရှက်ကြပါတယ် ။နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေရှိပါတယ်သူတို့ ဆီမှာ အဲလိုအလုပ်လုပ်လို့ ကဲ့ရဲ့ လားမေးကြည့်ပါ။
အလုပ်လုပ်တာရှက်စရာမဟုတ်ပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ် အလုပ်ကိုယ်ပိုင်ရှိတဲ့သူဟာ ဘာပဲဖြစ်ဖြစ်လေးစားစရာကောင်းပါတယ် ။
မြန်မာ လူမျိုးတွေ ဟာရှက်သင့်တာကိုမရှက်ပဲ မရှက်သင့်တာကိုတော့ကိုတော့ရှက်ကြပါတယ်။
တိုင်းပြည်တိုးတက်ချင်တယ်ဆိုရင် ကိုယ်တိုင်ပြင်ရပါ့မယ်။ အိမ်က အဖေ အမေကအလုပ်လုပ်ပြီး ကိုယ်ကထိုင်စားနေတာကိုမရှက်ပဲနဲ့
တခြားနေရာတွေမှာ သွားရှက်နေတတ်ပါတယ်။ကျွန်တော်အကြံပြုချင်တာကအလုပ်ဟူသမျှ ကောင်းပါတယ်၊ လုပ်ပါ သမာအာဇီဝနဲ့ရတာ ရှက်စရာမလိုပါဘူး ။
လူတိုင်းသာအားလုံးအဲလိုလုပ်ကြည့်ပါ။ နိုင်ငံချမ်းသာလာမှာပါ။ ဒါကအခြေခံကျတဲ့အချက်တချက်ပါ။ တခြားအများကြီးရှိပါသေးတယ် ။
ကျောင်းသားလူငယ်တွေအနေနဲ့လည်းနိုင်ငံရေးကိုစိတ်ဝင်စားတာ လက်ခံပါတယ်။ ဒါပေမဲ့ မိမိကျောင်းသားတာဝန်ကိုဘယ်လောက်ကျေပြီလဲ...
ပြန်တွေးကြည့်ပါ အဆင်မပြေတာတွေကိုဝေဖန်ပြောဆိုနေတာထက်စာရင် ငါဘယ်လို လုပ်မလဲဆိုတာ မျိုးအတွေးနဲ့ကြိုးစားသင့်ပါတယ်။
ကျောင်းတွေမှာအဆင်မပြေတာတွေရှိမှာပါ။  ဒါတွေကိုတွေးပြီး ဆဲဆိုနေတာထက်စာရင် မိမိကိုယ်တိုင် လမ်းကြောင်းရှာကြိုးစားသင့်ပါတယ် ။
ဒါတွေကိုတိုင်းပြည်အတွက် လို့မတွေး ပါနဲ့ ဦးမိမိအတွက်ဆိုပြီးကြိုးစားကြည့်ပါ ။ကျောင်းတွေမှာ တွေ့ ရတတ်တာက အခန်းလိုက်မှာ roll 1
ရအာင်ပြိုင်တဲ့သူတွေ တဦးနှစ်ဦးပါပဲ။ အားလုံးက ရေလိုက်ငါးလိုက်ဖြစ်နေတယ် အားလုံးကသာအဲနေရာ ကိုရအောင်အပြိုင်အဆိုင်
ကြိုးစားကြမယ်ဆိုရင် ကျောင်းသားအားလုံးဟာအရမ်း ကိုအားရစရာကောင်းလာမှာပါ  ဒီ roll 1 ဘာလုပ်လို့ရလဲ ဆိုတော့
ဘာမှလုပ်လို့မရပါဘူး။ ဒါပေမဲ့ ဒါက ကိုယ့်ရဲ့  ability ဘယ်လောက်ရှိလဲဆိုတာကို စမ်းသပ်တဲ့ test လေးပါပဲ။
အဲလိုသာ ကျောင်းသားတိုင်းကြိုးစားမယ်ဆိုရင် မြန်မာနိုင်ငံပညာရေးစနစ်လဲမြင့်မားလာမှာပါ။ စာကြိုးစားတဲ့ သူကိုတော့
ဘယ်ပညာရေးစနစ်ကမှ မကြိုးစားနဲ့လို့မပြောပါဘူး။ ဒါပေမဲ့ ပညာရေးစနစ်မှာ လိုအပ်ချက်တွေ မှားယွင်းနေတာ တွေရှိမှာပါ။
ဒါတွေကိုစိတ်ပျက်နေမဲ့အစား မိမိဘာသာမိမိနည်းလမ်းရှာ ကြိုးစားကြည့်ရင်အားလုံးအောင်မြင်မှာပါ။
ဒီလို စာကိုကြိုးစားတာဟာ ဒီမိုကရေစီ ဒီမိုကရေစီ ဆိုအော်ပြီး နိုင်ငံတော်အတွက်လုပ်နေတာထက်စာရင် ခုလိုကြိုးစား။
 ဒါဟာ ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့ကို အထောက်အကူပိုပြုနိုင်မှာပါ။ တချို့ နိုင်ငံရေးသမားတွေဟာ ကျောင်းသားတွေကို
တည်ကျက်အဖြစ်သုံးလာတယ်။ အဲဒါက မြန်မာနိုင်ငံ ကိုချောက်ထဲကိုဆွဲချနေတာပါ။ ကျောင်းသားတွေနိုင်ငံရေးလုပ်ပြီ
ဆိုကတည်းက နိုင်ငံဆင်းရဲတွင်းနက်ပြီးရင်နက်လာမှာပါ။ တကယ်ဝမ်းနည်းဖို့ကောင်းပါတယ်။ အဲလို ဟောပြောတာတွေကြားရတိုင်း
တိုင်းပြည်ခွေးဖြစ်မှာပဲလို့။  ခင်ဗျားတို့ လူငယ်ကျောင်းသားတွေသာ မိမိရဲ့ ကျောင်းစာကို မလုပ်ပဲ အားလုံးသာနိုင်ငံ ရေးလုပ်ကြည့်ပါ။
ဘယ်ဒီမိုကရေစီပဲရရ ၊ ဘယ်အစိုးရပဲတက်တက်၊ နိုင်ငံဟာမွဲနေမှာပါ။ တိုင်းပြည်ကို လည်းရောင်းစားရာကြပါတယ်။
နိုင်ငံရဲ့ ဆင်းရဲတဲ့အချက်ထဲမှာ အရေးကြီးဆုံးကတော့နည်းပညာမရှိတာပါ။ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်လောက် သယံဇာတပေါပေါ
နည်းပညာမရှိတော့ ကုန်ကြမ်းအဖြစ်သာရောင်းလို့ရတယ်။တခြားနိုင်ငံက နည်းပညာနဲ့ အဲဒီကုန်ကြမ်းတွေကို ပြုပြင်ပြီး
ပြန်လည်ရောင်းစားရတာခံရပါတယ်။အင်မတန်မှဝမ်းနည်းစရာ ကောင်းပါတယ်။ တကယ်သာနိုင်ငံကိုတိုးတက်ချင်တယ်ဆိုရင်ဒီမိုကရေစီ
အော်နေစရာမလိုပါဘူး။ နိုင်ငံရေးသမားတွေအော်မှာပါ မိမိက မိမိတာဝန်ကိုကျေဖို့သာလိုပါတယ်။
နည်းပညာဆိုတဲ့နေရာမှာ... ဥပမာ ဗျာ ကျွန်တော်တနိုင်ငံဘိန်းမုန့် လုပ်တယ်ဆိုတာရှိတယ်။ အဲလို လုပ်တဲ့အခါမှာ
မိမိအလုပ်ကို အခုပိုက်ဆံရဖို့ပဲတွေးတယ်ဗျာ။ဘယ်လိုတိုးတက်လာအောင်လုပ်မလဲမတွေးပါဘူး ။
ဘိန်းမုန့်လုပ်တဲ့အိုးလေးတွေဆိုတာနှစ်ဘယ်လောက်ကြာကြာ ဒီဇိုင်းကဒီတမျိုးပဲ။  တခြား နိုင်ငံတွေမှာ လည်းအဲလိုဘိန်းမှန့်လိုမျိုးလေးတွေရှိပါတယ်။
သူတို့ကအဲဒီဘိန်းမုန့်ကိုပဲ စားချင်စရာလေးဖြစ်လာအောင်အမျိုးမျိုး လေးတွေလုပ်ကြတယ်။ အိုးလှလှလေးတွေနဲ့လုပ်တယ်။
ပုံလေးတွေလှလှလေးတွေထွက်လာတဲ့ အချိန် ဈေးကပိုရတယ် စသည်ဖြင့်ပေါ့...ဘယ်နေရမှာမဆို နည်းပညာအင်မတန်အရေးကြီးပါတယ်။
အတွေးအခေါ် အင်မတန်မှလိုအပ်ပါတယ်။ ဒါတွေကိုပြုပြင် ဖို့ဆိုရင် ကျောင်းသားလူငယ်တွေကပဲလုပ်နိုင်ပါတယ်။
ကျောင်းသားလူငယ်တွေဟာ ဒါမျိုးနိုင်ငံတိုးတက်မဲ့နည်းပညာမျိုးတွေ အတွေးအခေါ်မျိုးတွေမှာပဲစိတ်ဝင်စားသင့်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတာလေးတခု ပြောပြချင်ပါတယ်။ ကျောင်းသားတွေဆယ်တန်းအောင်တဲ့အချိန်မှာ ကျောင်းသားလေးတွေဟာ
အရမ်းဟာနပျိုတက်ကြွပြီး ကြိုးစားချင်စိတ်အပြည့်ရှိနေတဲ့အချိန်မှာ ကျောင်းတွေ university တွေရောက်လာတဲ့အချိန်မှာ
သူတို့ရဲ့ စိတ်ဟာ တမျိုးပြောင်းသွားတယ်။ university ဆိုတာအင်မတန်မှ ပျော်စရာကောင်းတဲ့နေရာကြီးတခုအဖြစ်မြင်လာတယ်။
အချိန်တန်ကျောင်းလေးမတက်တချက်တက်တချက်လုပ်လိုက် လက်ဘက်ရည်ဆိုင်လေးထိုင်လိုက် ဆေးလိပ်လေးသောက်လိုက်
တနေကုန်သူငယ်ချင်းတွေနဲ့ စကားထိုင်ပြောလိုက် ညနေပိုင်းဘီယာလေးပြေးဆွဲလိုက် အတွဲလေးနဲ့သွားလိုက် ညပိုင်းကောင်မလေးတွေအဆောင်ရှေ့ မှာ
ဂစ်တာလေး တီးလိုက်နဲ့  အမတန်စိတ်ချမ်းသာစရာ နေရာအဖြစ်မြင်လာပါတယ်။ ကျောင်းစာတွေကိုငါဘယ်လိုလုပ်မယ်ဆိုတဲ့အတွေးမျိုး မရှိတော့ပါဘူး။
အချိန်တန်အောင်မှာပဲဆိုပြီးတော့ပေါ့။ဒါတွေဟာနိုင်ငံတော်ကို ချောက်ထဲဆွဲချနေတာပါ။ ကျောင်းသားဘဝ မပျော်ရဘူးမပြောပါဘူး။
ဒါပေမဲ့ မိမိအဓိကတာဝန်ဖြစ်တဲ့ ကျောင်းစာကိုကြိုးစားရမှာကိုတော့လုံးဝမေ့ထားလို့မရပါဘူး။
မြန်မာနိုင်ငံမှာ တခြားနိုင်ငံကျောင်းသားတွေအားကျစရာကောင်းတဲ့အချက်ကကိုယ်တိုင် အလုပ်လုပ်ပြီးကျောင်းတက်စရာမလိုတာပါ။
မိဘပေးသောပိုက်ဆံကို ထိုင်သုံးပြီးကျောင်းတက်ရုံသာ ဖြစ်ပါသည်။ တခြားနိုင်ငံတွေမှာ ကျောင်းသားတွေဟာအလုပ်မျိုးစုံလုပ်ရင်း
ကျောင်းတက်ကြရပါတယ်။ကျောင်းတွေမှာပဲ သန့်ရှင်းရေးပြန်လုပ်တာ ရှိတယ်။ ပြီးတော့တခြား စားပွဲထိုးတွေ ပါဆယ်ပို့တဲ့သူတွေ
လက်မှတ်ဝေတဲ့သူတွေ စသည်ဖြင့်ပေါ့ဘာမှမရှက်မကြောက်အလုပ်လုပ်ရင်းကျောင်းတက်ကြတယ်။ကျွန်တော်တို့နိုငံမှာ ဘာအလုပ်မလုပ်စရာမလိုပဲ
စာတခုပဲလုပ်စရာရှိတာတောင်မလုပ်ကြပါဘူး ။ ဒါကပညာရေးစနစ်ကြောင့်လည်းပါပါတယ်။ဒါပေမဲ့ အဓိက က မိမိကိုယ်တိုင်ပါပဲ မိမိခံယူချက်ကိုမိမိပုံသွင်းပါတယ် ။
ဒါတွေကိုငြင်းပယ်လို့မရဘူး အခက်အခဲ ဘယ်လောက်ရှိရှိ ဘယ်သူလုပ်လုပ်မလုပ်လုပ်ငါလုပ်တယ်ဆိုပြီး ကြိုးစားဖို့လိုပါတယ် ။
လူငယ်တိုင်းသာ အဲလိုအတွေး အခေါ်မျိုးနဲ့ကြိုးစားရင်တိုင်းပြည်တိုးတက်မှာပါ။လူငယ်ဟာ တိုင်းပြည်ရဲ့ အနာဂါတ်ပါ။
လူငယ်တွေကောင်းမှတိုင်းပြည်ကောင်းမှာပါ ။ကောင်းတယ်ဆိုတဲ့နေရမှာ အဲလိုထိုင်ပြီး ဝေဖန်ရေးလုပ် ဒီမိုကရေစီအော်နေတာထက် မိမိတာဝန်ကိုကျေပွန်ဖို့ပါ။
တခြားနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကိုကြည့်ပြီးအားကျမိပါတယ်။ သူများနိုင်ငံမှာ ကြိုးစားနိုင်လို့ ။ ဒါပေမဲ့ကျွန်တော်တို့လူငယ်အမြင်တွေက မှားနေကြတယ် ။
သူတို့လဲ တိုင်းပြည်ကို တိုးတက်ချင်တဲ့ စေတနာနဲ့ ဝေဖန်တာတွေလုပ် ဆဲဆိုနေတာ တွေတွေ့ နေရပါတယ်။ ဒါတွေဟာ တိုင်းပြည်ကိုတိုးတက်ဖို့မဟုတ်ပဲ
ချောက်ထဲဆွဲချနေသလိုပါပဲ။ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ သူတွေဟာအင်မတန်မှအရေးပါပါတယ် တိုင်းပြည်အတွက် ပေါ့။တို့တိုင်းပြည်မှာနည်းပညာမရှိဘူး။
သူများတွေ တိုင်းပြည်လို တိုးတက်စေချင်တယ်ဆိုရင် ဘာမှ ဒီမိုကရေစီလည်းအော်မနေပါနဲ့။ ဘာမှလည်းဆဲဆိုဝေဖန်မနေပါနဲ့။
မိမိ အလုပ် ကိုမိမိအောင်မြင်အောင်ကြိုးစားပါ။ တချိန်ကျရင် မိမိတိုင်းပြည်ကိုပြန်လာပြီးအလုပ်အကျွေးပြုပါ ။ အုပ်ချုပ်တဲ့ အစိုးရမည်သူဖြစ်ပါစေ
မိမိရဲ့ အကျင့် တဦးတယောက်ချင်းစီရဲ့ စိတ်ဓာတ်မကောင်းရင်တိုင်းပြည်ဆင်းရဲနေမှာပါ။ တခြားတိုင်းပြည်တွေကိုကြည့်ကြည့်ပါ။
မိမိတိုင်းပြည်ရဲ့ ကောင်းကြောင်းကိုပဲပြောတယ် မကောင်းကြောင်းကို မပြောပါဘူး။ တခြားနိုင်ငံသားက မိမိနိုင်ငံအပေါ်မှာ အထင်သေးမှာကို
အစိုးရကိုမုန်းတယ်ဆိုတဲ့စိတ်တခုတည်းနဲ့ တိုင်းပြည်ကိုမြောင်းထဲရောက်အောင်မပြောသင့်ပါဘူး။ အစိုးရဆိုတာဟာ အင်မတန်မှ လေးစားစရာကောင်းပါတယ်။
ဘယ်အစိုးရပဲဖြစ်ဖြစ်သူတို့ရဲ့ အချိန်တွေကိုပေးပြီးလုပ်နေရတာ သူတို့လည်းကို့လို အေးအေးလူလူနေချင်ရှာမှာပါပဲ။ တာဝန်နဲ့  ယှာဉ်လာရင်
သူတို့ အတွက်အခွင့်အရေးလေးတော့ပါလာမှာပေါ့။နားလည်ပေးလိုက်ပါ။စကားပုံတောင်ရှိတယ်မလား ရာထူးဂုဏ်ဝါ အခွင့်အရေးပါ တာဝန်ပါမြဲရှောင်မလွဲ တဲ့ ။
တကယ်နိုင်ငံတိုးတက်စေချင်တယ်ဆိုရင် မကောင်းထိုင်ပြောတာတွေလုပ်နေမဲ့အစား မိမိက မိမိတာဝန်ကို ကျေအောင် လုပ်ပေးရပါလိမ့်မယ် ။
တိုင်းပြည်အတွက်လုပ်တယ်ပြောပြီးလမ်းပေါ်မှာအမှိုက်လေးကျနေတာတောင် ကောက်ပြီးထည့်တတ်တဲ့စိတ်လေးမရှိရင် ဘာမှလုပ်လို့မရပါဘူး။
ဒီမိုကရေစီဆိုတာ လည်းနိုင်ငံရေးစနစ်တခုပါ။ ဒါပေမဲ့အားလုံးအခြေခံဟာ လူတိုင်းစည်းကမ်းရှိဖို့ပါ။ကျွန်တော်တို့နိုင်ငံလောက်လွတ်လပ်တဲ့နိုင်ငံမရှိပါဘူး။
လမ်းပေါ် တွေ့ တဲ့နေရာ အမှိုက်ပစ်တယ် ဆေးလိပ်သောက်တယ် ကွမ်းထွေးတယ် ။ ဒါတွေကို ကိုယ်တိုင်တဦးချင်းပြင်မှ တိုင်းပြည်လည်းတိုးတက်မှာပါ ။
လူငယ်တွေ နိုင်ငံရေးအော်ပြီး ဒီမိုကရေစီလုပ်နေလည်းတိုးတက်မလာပါဘူး။ ဒီမိုကရေစစ်အရမ်းအောင်မြင်လို့လည်းလူတိုင်းကို အိမ်မှာ
ကားတစီး တိုက်တလုံး စားစရာကြက်သားတုန်းလာမပေးပါဘူး ။အားလုံး ကကိုယ့်ကြိုးစားမှုနဲ့သာရယူနိုင်ပါ့လိမ့်မယ်။
ဝမ်းနည်းစရာကောင်းတဲ့ အချက်တချက်ကို ကြားလိုက်ရပါတယ်။ ကျောင်းသားဟောင်းနိုင်ငံရေးသမားတွေဟာ ကျောင်းသားတွေကိုပါ နိုင်ငံရေးထဲဆွဲသွင်းချင်တဲ့
ဟောပြောမှုမျိုး ဒါတွေဟာ တိုင်းပြည်ကိုချစ်ရာမကြပဲ နှစ်ရာကြပါတယ်။ အဲလူတွေ နိုင်ငံရေးရာထူးကြီးကြီးတွေရလာရင် တိုင်းပြည်လည်း ဗိုလ်ချုပ်ပြောခဲ့သလို
ဖာနိုင်ငံဖြစ်သွားပါလိမ့်မယ်။ လူငယ်တွေဟာ နိုင်ငံရဲ့  တကယ့်ကို အသက်သွေးကြောဖြစ်ပါတယ်။ အဲလူငယ်တွေသာ နိုင်ငံတိုးတက်ရေးကို
မှားယွင်းစွာနဲ့ လုပ်နေမယ်ဆိုရင် တိုင်းပြည်မှာ မည်သူပင်အုပ်ချုပ်ပါစေ ဆင်းရဲမြဲဆင်းရဲမှာပါ။နောက်ဆုံးအနေနဲ့အကြံပြုလိုသည်မှာ
လူငယ်များအနေနဲ့ဒီမိုကရေစီအော်ပြီး ဝေဖန်ရေးတွေလုပ် နိုင်ငံရေးကို စိတ်ဝင်တစားလုပ်နေတာထက်စာရင် တကယ်တိုင်းပြည်တိုးတက်ချင်တယ်ချစ်တယ်ဆိုရင်
ယခုမိမိလုပ် နေသော အလုပ်ကိုပဲ အခက်အခဲဘယ်လောက်ရှိရှိ တာဝန်ကျေကျေလုပ်တာက တိုင်းပြည်ကိုပိုချစ်တာဖြစ်ပါတယ်။
ဒါမှလည်းနောင်ဒီလိုအသိဥာဏ်မြင့်မားတဲ့လူငယ်တွေလက်ထက်ကြရင် တိုင်းပြည်ဟာ တခြားတိုင်းပြည်တွေထက်သာသွားမှာပါ ။
အားလုံးကိုတိုက်တွန်းလိုသည်မှာ မိမိသည်မိမိသာဖြစ်သည် မိမိအလုပ်တွင်မိမိကြိုးစားခြင်းသည် မိမိအတွက်သာမက တိုင်းပြည်နိုင်ငံ အတွက်ပါဖြစ်သည်
ဆိုတာကိုတိုက်တွန်းလိုပါသည်။  အမှားများရှိခဲ့လျှင်စေတနာအမှားသာဖြစ်ပါသဖြင့် အားလုံးပဲနားလည် ပေးနိုင်မည်ဟမျှော်လင့်ပါသည်။
ပြည့်ဖြိုး
    ရှရှားနိုင်ငံ က   ကျနော်ညီငယ်လေးပေးပို့ လာတာလေး ကို  ဒီနေ့   တင်ပေးလိုက်တာပါ။တကယ် ရွံရှာဖို့ 
ကောင်းတဲ့  စိတ်ဓါတ်၊အောက်တန်းကျတဲ့  အတွေး အခေါ်ပါ။ကျနော်  ညီလို  ပဲ  အရမ်းချစ်ခင်ရတဲ့  မင်းသန့် 
က   စာပေတော်တော်လေးထုံ သူပါ။စာပေမှာပဲ ပျော်မွေ့ သူပါ။သူ ရေးထားတဲ့   အရေးအသားတွေကို 
ဆက်မျော်လင့် ဖို့ တောင်းဆိုနေတုန်းမှာပဲ  လက် ကို  ဓါးနဲ့ ဖြတ်သလို ဖြစ်အောင်   ဘမ်းထုတ်လိုက်ကြတယ်
                                                                                                                    ငဘ
     ဖေ့ ဘုတ်  ဆိုတာ   တကယ်တော့  ကိုယ်ခံစားချက်တွေကို   သွန်းထုပ်တဲ့ နေရာ ၊တနည်းအားဖြင့်     ဗဟုသုတတွေ  မျှဝေပေးတဲ့  နေရာ၊ သူငယ်ချင်းတွေ   ဆုံတွေ့ နိုင်တဲ့ နေရာ  ၊ချစ်သူစုံတွဲ တွေ   အတွက် ကြည်နုးဖွယ်ပိုစ် စကဒ်တွေ   မျှဝေတဲ့ နေရာ ၊ကယ်ဆယ်ရေးတွေအတွက် ချက်ခြင်း သိနိုင်ဖို့  ကူညီနိုင်ဖို့   အတွက် အသုံးပြုလို့  ရတဲ့ နေရာ  လို့   ကျနော်ရိုးရိုးသားသားခံယူထားတာပါ။
      ကျနော် လည်းပဲ   ကျနော်ခံစားချက်တွေကို  သီးသန့် ဖော်ပြယုံအတွက်  သက်သက်ပဲ  ကျနော်ရင်ဖွင့် ခဲ့ 
တာပါ။ကျနော်  ကွန့် မန့် တွေမှာ  မည်သူကို မျှ  ပုတ်ခတ်စော်ကားခြင်းမရှိခဲ့ ပါဘူး ။အကျိုးကြောင်း ဆီလျှော်
စွာနဲ့  တင်ပြပေး ၊ထောက်ပြပေးယုံသက်သက်  သာ ကျနော်ရေးသားခဲ့ မိတာပါ။ဆိုရှယ်နက်ဝက် လို့ ခေတ်ကြီး
ထဲ မှာ  ကျနော် တခဏခြင်းပဲ  နောက်ထပ်အကောင့် တခု  ထပ်လုပ် လို့ ရနိုင်ပါတယ်။ဒါပေမဲ့  ကျနော် မြတ်
မြတ်နိုးနိုး  နဲ့    ဖြစ်တည် ခဲ့ တဲ့  ဘ၀တခု ဆုံး၇ှုံးသွားသလို ခံစားရတယ်။ရင်ထဲမှာ လည်း  စိတ်မကောင်းခြင်း
များစွာဖြစ်မိခဲ့ တယ်  ။ကျနော်  ကဗျာ၊ကျနော်  ရင်တွင်းခံစားချက်၊ကဗျာ တိုလေး  တွေနဲ့  သာ  ကျနော်
ရှင်သန် ခဲ့ တာပါ..........................။
    ကျနော် အကောင့် လေးမှာ   သူငယ်ချင်းဆိုလို့ လည်း  လူပေါင်း  ၇၀၀  မပြည့် တပြည့် လေးပါ။အရင်က
ခေါက်တာကိုတောင်  ကျနော်ကြည်ကြည်ဖြူဖြူ လက်ခံ  ပြီး တခါးဖွင့် ပေးခဲ့ မိတယ်။အမြင်ခြင်းများ ဖလှယ်
နိုင်မလား  ဆိုပြီး   လူကြီးဆန်တဲ့    အတွေးမျိုးလေနဲ့ ပါ။နိုင်ငံရေး ကိုစိတ်ဝင်စားတာကလွဲပြီး တစိုက်မတ်မတ်
ဝေဖန်လာတဲ့  နိုင်ငံရေး   သမားစင်စစ်လည်းမဟုတ်ပါဘူး  ။ကျနော် တို့  စစ်သားဘ၀ကို ပြည် သူပြည်သား
တွေ  နားလည်နိုင်ပါစေဆိုတဲ့  အတွေးမျိုး နဲ့  ပို့ စ်လေးတွေတင်ခဲ့ ဖူးတယ်။နှလုံးသားချင်းဝေးကွာနေတဲ့ သူ
တွေ အတွက်  ဘ၀ခြင်း နီးအောင်ကဗျာ လေးတွေ  စပ်ဆိုခဲ့ တယ်။ဒါဆို ကျနော်လွန်သလားဗျာ။
      လွတ်လပ်စွာ   ပြောဆိုခွင့် ၊လမ်းလျှောက်ခွင့်  ဆိုပြီး   လက်တီးလက်မောင်းတမ်း  အော်နေကြတဲ့ သူတွေ
အထဲ မှာ  ဒီလိုမိန်းမ ဆန်ဆန်  ကျနော် အကောင့် လေးကို    REPORT  အများကြီးတင်ပြီး   ဘမ်းထုတ်လိုက်
တာတော့    မကောင်းဘူးပေါ့။။ယောင်္ကျားမှန်ရင်  ဆွေးနွေးလို့ ရပါတယ်  ။စကားနိုင်ခြင်ရင် စာဖတ်ရပါမယ်။
စစ်နိင်ခြင်ရင်  စစ်ပြင်ဆင်ရပါ မယ်။တရားသောနည်းလမ်းလေးနဲ့ ကျနော်ကို  တိုက်ခိုက်လို့ ရပါတယ်။ကျ
နော်  အသာတကြည့် လက်ခံမှာပေါ့။ ဖေဖုတ်မှာ  ကျနော်ကို ညီအကိုရင်းလို  ချစ်ကြတဲ့  သူငယ်ချင်းတွေ၊
မောင်နှစ်မလို့  ချစ်ခင်ကြတဲ့   အမတွေ ၊ပြောမနာဆိုမနာ သူငယ်ချင်းတွေ  အားလုံး ကပြန်ပြောပြီး ကျနော်
ဆီက   REPLY  တခု  မြှ ပန် မထွက်တဲ့  အခါ   စိတ်ထဲ မှာမကောင်းဘူးပေါ့။ကျနော်က ပဲ   ပြန်မပြောသလို
နဲ့   ဖြစ်နေတော့   ကျတော့   ဖေဖုတ်ကို ကျနော်ဖွင့် ရမှာတောင်  ကျနော်အားငယ်နေမိတယ်။
      ကျနော်တောင်းပန်တာပါ။ဖေ့ ဖုတ်တခု ပျက်ရုံနဲ့   ဘ၀ကြီးပျက်သွားတာမဟုတ်ပါဘူး။သော မက် အက်ဒီ
စင်  ပြောသလို ဆိုရင် ပို ကောင်းဖို့  အတွက်လို့ ကျနော်ယူဆပါတယ်။ဒါပေမဲ့   မလုပ်ကောင်းဘူးပေါ့ဗျာ။
ဒါဟာ  အင်မတန် အောက်တန်းကျတဲ့  စိတ်ဓါတ်ဆိုတာ   ကို  ကိုယ်ကိုကိုယ်သိရင်  အချိန်မှီပြင်နိုင်အောင် 
ကျနော်   လေးလေးနက်နက် တိုက်တွန်းပါတယ်။ကျနော်ကတော့   ကျနော် စိတ်ဆန္ဒ အတိုင်း  စာတွေရေးနေ
မိဦးမှာ  ။မဖတ်ချင် ရင်  ကျော်သွားပါ။မခေါ်ချင်ရင် ရှောင်သွားလို့ ရပါတယ်။မပြောချင်လည်းနှုတ်ဆိတ်လိုက်
 ပေါ့။  မိန်မသားဆန်ဆန်   လုပ်တာတော့  ကျနော် တကယ်မုန်း မိပါတယ်ဗျာ......
                            SITHUMAUNGMAUNG   MAUNG  (မင်းသန့် )
နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ ခေတ်မီဖို့ ဆိုတာဟာ လျှပ်စစ်စွမ်းအင်ရဲ့ အခန်းကဏ္ဍဟာ အဓိကကျ အရေးပါလှတယ်ဆိုတာ ငြင်းစရာမရှိပါဘူး ၊ ဒါကြောင့် မြန်မာနိုင်ငံခေတ်မီချင်ရင် လုံလောက်တဲ့ လျှပ်စစ်ရှိရမယ်ဆိုတာ သေချာနေပါပြီ ၊ ဒါဆိုရင် နိုင်ငံမှာလျှပ်စစ်လုံလောက်အောင် ဘယ်လို လုပ်ကြမလဲ မစဉ်းစားခင် တစ်ကမ္ဘာလုံးမှာလျှပ်စစ်စွမ်းအင်ကို ဘယ်လို ထုတ်ကြသလဲ အရင် လေ့လာကြည့်ရအောင်ပါ ....
 Data from the BP Statistical Review 
ဒီပုံကိုကြည့်လိုက်ရင် ကမ္ဘာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအများဆုံးဟာ ကျောက်မီးသွေးကဖြစ်ပြီး တစ်ကမ္ဘာလုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုရဲ့ ၄၁ % ဖြစ်တယ်ဆိုတာတွေ့ရမှာပါ သူ့နောက်မှာမှ သဘာဝဓါတ်ငွေ့က ၂၁% နဲ့ ဒုတိယ ၊ ရေအားက ၁၆ % နဲ့ တတိယ ၊ ညူကလီးယားက ၁၄ %းနဲ့ စတုတ္ထ အသီးသီး ရပ်တည်နေတာကို တွေ့ရမှာပါ ။
အကြောင်းအရာတစ်ခုကို စဉ်းစားရင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကို စံထားပြီး နှိုင်းယှဉ်ချိန်ထိုးလေ့ရှိကြပါတယ် ။ ဒါဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအခြေအနေကို လေ့လာကြည့်ရအောင်ပါ ....
 Source: International Energy Agency 2011
ဒါကတော့ အမေရိကန်ပြည်ထောင်စုရဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအခြေအနေပါ ၂၀၁၀ ခုနှစ် စာရင်းအရ သူလည်း ကျောက်မီးသွေးကနေထုတ်လုပ်မှုဟာ ၄၅%နဲ့ အများဆုံးဖြစ်ပြီး သဘာဝဓါတ်ငွေ့ကနေ ၂၄% ၊ ညူကလီးယားကနေ ၁၉% ၊ ရေအားကနေ ၆% အစရှိသဖြင့် ထုတ်လုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ် ။
အိမ်နီးချင်းနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း တရုတ်နိုင်ငံဟာ တစ်နိုင်ငံလုံးလျှပ်စစ်ထုတ်လုပ်မှု ရဲ့ ၇၉% ကို ကျောက်မီးသွေးကထုတ်ပါတယ် ။အိန္ဒိယနိုင်ငံကတော့ တစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုပမာဏရဲ့ ၆၉% ကို ကျောက်မီးသွေးကနေထုတ်ပါတယ် ။
 Source: International Energy Agency 2011
ဒီဇယားကတော့ ကမ္ဘာ့ကျောက်မီးသွေးထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံတွေရဲ့ စာရင်းဖြစ်ပါတယ် တန်(သန်းပေါင်း) နဲ့ စာရင်းကိုပြထားပါတယ် ။ ဒီနိုင်ငံတွေဟာ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီးတွေ ဖြစ်သလို ကမ္ဘာပေါ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အရေးတယူလုပ်တဲ့ နိုင်ငံတွေ ပါနေတာကို တွေ့ရမှာပါ ။  
 Coal Consumption by Country
ဒါကတော့ ကမ္ဘာ့ကျောက်မီးသွေး အသုံးအပြုဆုံး (၁၀) နိုင်ငံစာရင်းပါ ၊ ဒီစာရင်းအရဆိုရင် မြန်မာနိုင်ငံဟာ အဆင့် ၈၀ မှာရှိပါတယ် ၊ ဒီကမ္ဘာ့ကျောက်မီးသွေးအသုံးဆုံးပါဆိုတဲ့တိုင်းပြည်တွေကိုကြည့်ရင် ဒီမိုကရေစီစံနစ်အထွန်းကားဆုံးနိုင်ငံတွေ ၊ စီးပွားရေးအရ အတိုးတက်ဆုံးနိုင်ငံတွေ ၊ စက်မှုနည်းပညာအဆင့်မြင့်ထွန်းကားတဲ့နိုင်ငံတွေဖြစ်ကြလို့ ဒီနိုင်ငံတွေကို အုပ်ချုပ်နေတဲ့အစိုးရတွေနဲ့ အဲဒီမှာနေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေဟာ သဘာဝပတ်ဝန်းကျင်ကို အလေးမထားပဲ နေမှာမဟုတ်ပါဘူး ၊ တစ်ချိန်တည်းမှာပဲ အမျိုးသားအကျိုးစီးပွားကိုလဲ လက်လွှတ်ပြီး စဉ်းစားကြမှာမဟုတ်ပါဘူး ဒီနှစ်ခုကိုအဘက်ဘက်က နှိုင်းယှဉ် ချိန်ထိုးပြီး  လုပ်သင့်တဲ့ဘက် ၊ အလေးသာတဲ့ဘက်၊ ကောင်းကျိုးပိုတဲ့ဘက် ကိုလုပ်နေတယ်လို့ပဲ မှတ်ယူရမှာဖြစ်ပါတယ် ။
ဒါဆိုရင် မြန်မာနိုင်ငံမှာကော ?????????
ဒေါက်တာဆိတ်ဖွား
( တကယ်တောင်းဆိုသင့်တာက ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်တဲ့ နည်းစဉ်အမျိုးမျိုးထဲက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး နည်းစဉ်ကို သုံးပြီး ထုတ်လုပ်ဘို့ တောင်းဆိုသင့်တယ် )
၂၀၁၁ ခုနှစ်အတွက် Person of the Year အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အား Weekly Eleven News Journal  မှ ရွေးချယ် ဖော်ပြအပ်ပါသည်။
uts
၂၀၁၁ ခုနှစ်အတွက် Person of the Year အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အား Weekly Eleven News Journal  မှ ရွေးချယ် ဖော်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့မှ စတင်ပြီး နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့ကာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြည်သူ့အသံကို နားထောင်ခဲ့သူ၊ မြစ်ဆုံစီမံကိန်း ကဲ့သို့ စီမံကိန်းကြီး တစ်ခုအား ပြည် သူလူထု၏ ဆန္ဒအတွက် ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သူဖြစ်၍ ၂၀၁၁ ခုနှစ် အတွက် ထင်ရှားသော လုပ်ဆောင်မှု များရှိခဲ့သူ  Person of the Year အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။ အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။
ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊ ၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊ ၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊ အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊ ၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။
“၈၈ အရေးအခင်းပြီးတော့ ကျွန်တော့်သား အိမ်ကနေ ရုတ်တရက် ပျောက်သွားပါတယ်။ နယ်စပ်ဘက်ကို ရှောင်ပြေးသွားတာ။ တစ်ပတ်၊ နှစ်ပတ်လောက် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သုံး၊ လေးပတ် လောက်နေမှ စုံစမ်းလို့ရတယ်။ အိန္ဒိယနယ်စပ် ကလေးမှာရှိတဲ့ တပ် ရင်းတစ်ရင်းက ထွက်ပြေးသွားတဲ့ ဆေးကျောင်းသားတွေကို ဖမ်းမိထားတယ်လို့ သတင်းရတယ်။ အဲဒါနဲ့ ကျွန်တော် မော်လိုက်ကနေ ကလေး ကိုလိုက်သွားပြီး ကျွန်တော့်သားများ ပါမလားလို့ အဲဒီတပ်ရင်းမှူးနဲ့ သွား တွေ့တယ်။ တပ်ရင်းမှူးက ဖက်လဲ တကင်းနဲ့ နှုတ်ဆက်တယ်။ ကလေး တွေကို တားဆီးထားကြောင်း ပြောပါတယ်။ တကယ်ကတော့ ကလေးတွေက ပြန်ဝင်လာတာ မဟုတ်ဘူး။ ထွက်ပြေးပြီးတော့ လက်နက်ကိုင်ဖို့ သွားတဲ့သူတွေဖြစ်လို့ ကြိုက်တာ လုပ်လို့ရတဲ့ အနေအထားပါ။ ဒါပေမယ့် တကယ့်ကိုဖက်လဲတကင်းနဲ့ ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတယ်။ ပြီးတော့ ရပ်မိရပ်ဖတွေက တစ်ဆင့် ကျွန်တော့်သား အပါအ၀င် တခြား ဆေးကျောင်းသားတွေကိုပါ အပ်နှံလိုက်တယ်။ ကျွန်တော်တို့ ခေါင်းမီး တောက်တာကို ပြေပျောက်စေခဲ့ တယ်။ အဲဒီတပ်ရင်းမှူးက အရမ်း သဘောကောင်းတယ်။ ဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိတယ်။ မောက်မာမှု မရှိဘူး။ ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ။ အခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါ။ ဒီကြားထဲမှာ သူနဲ့ လည်း ထပ်မတွေ့တော့ပါဘူး။ ကျွန်တော်သိတဲ့ သမ္မတကြီးဟာ ဒီလိုလူမျိုးဆိုတာ ပြောပြတာပါ”ဟု ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း) က ပြော ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့သစ်ကို ဦးဆောင် တာဝန်ယူခဲ့ပြီးချိန် နောက်ပိုင်းကာလ တစ်လျှောက်လုပ်ဆောင်ခဲ့သည်များ မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အစရှိသည့် နိုင်ငံရေးအကျဉ်း သားများကို ဆက်လက် ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍မူ ဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။
ဒီနေ့  လွတ်လပ်ရေး နေ့ ဖြစ်ပါတယ် ။မြန်မာအစိုးရ မကောင်းကြောင်း ကို  လက်မောင်းတန်းပြောပြ၊ဖော်ပြတဲ့ 
သတင်းဌာတွေကို လည်း အွန်လိုင်း  မှာတော်တော်များများတွေ့ ဖူးကြမှာပါ။ဒါပေမဲ့  ဒါဟာတကယ်တော့ 
သူတို့  သတင်းဌာန  နာမည်ကြီးဖို့ ၊သူတို့  ကို လူတွေသတိပြုမိဖို့  အတွက်သီးသန့်  ကိုယ်ပိုင်ခံစားချက်သာဖြစ်
ပါတယ်  ။
အောက်ပါပုံတွေကို ကြည့် ပါ ။အတ္တတရားကို  လက်ကိုင်ထားတာ တွေ့ ရပါလိမ့် မယ်။လွတ်လပ်ရေးနေ့ မှာပြု
လုပ်တဲ့  နိုင်ငံတ၀န်းက  အခမ်းအနားပုံတွေ က သတင်းအဖြစ်တက်လာခြင်းမရှိသေးတာကတော့  ဒါလား  သ
တင်း မီဒီယာလောက  ၊ချစ်မြတ်နိုးလှတဲ့  နိုင်ငံ ချစ်စိတ်လားဆိုတာ ပြောရမလိုဖြစ်နေပါပြီ...။
ဒါကတော့   ဒီမိုကရက်တစ်ဖြစ်ပါတယ် ။လွတ်လပ်ရေးနေ့ မှာ  လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပတ်သတ်ပြီး   ဝေဖန်နေကြတာပါ။လွတ်လပ်ရေးနေ့ အကြောင်းကိုမပြောပဲ  သူများ  လုပ်တဲ့   အလုပ်ကို ဝေဖန်နေကြတာကရော  မျိုးချစ်စိတ်ဟုတ်ပါသတဲ့ လား  ။   
                    ငဘ