ရိုးရိုးသားသားပြောရရင် တော့  ကျနော်တောသားတစ်ယောက်ပါ။
ဆည်ကန်သင်းတောင်မရှိတဲ့  လယ်တွင်းကိုးခရိုင်ထဲမှာ ငယ်ငယ်ကဆို လက်ယက်တွင်းလေးမှာ ကျောင်းတက်ချိန်တိုင်ထိ စောင့် ပြီးရေခက်ခဲ့ ဖူးသူပေါ့....။
သိပ်ခက်ခဲ့ လွန်းခဲ့ ပါတယ်။ဆင်းရဲတဲ့  ဘ၀တွေမှာ အနေခက်အစားခက်နဲ့  နေခဲ့ ရတဲ့ ချို့ တဲ့ လွန်းတဲ့  အတိတ်နေစွဲလေးတွေက ဘ၀မှာဘယ်တော့ မှဖျောက်ဖြတ်မရနိုင်တဲ့  အမာရွတ်တခုဖြစ်ခဲ့ ပြီမဟုတ်လား။

မိဘတွေနောင်အရေး အတွက်ကြည့် ပြီး ကျောင်းမှန်မှန်တက် စာပေပညာတက်ရမယ်လို့  ကျနော်ဦးနှောက်ထဲ အသိစွဲခဲ့ တယ်..။အရွယ်လေးရောက်လာတော့  စာတိုက်စာရေးဘ၀နဲ့ ကျင်လည်ခဲ့ ရပြန်ရော။အဲဒီခေတ်အခါ က စာတိုက်စာရေးဘ၀က ချောင်လည်တယ်မဆိုသာပေမဲ့  အဆင်ပြေပြေလေးတော့ နေထိုင်နိုင်ခဲ့ ပါတယ်လေ..။

ဒါပေမဲ့ မျိုးရိုးမစွမ်းပေမဲ့  လူငယ်ပီပီ စစ်သွေးစမ်းကြည့် ချင်လာတယ်။အဲဒီခေတ်အခါက တိုက်ပွဲတိုင်းမှာ နိုင်တဲ့  စွမ်းရည်မြှင့်  တပ်မတော်အရာရှိကြီးတွေကလည်း လူတိုင်းကအထင်ကြီးလေးစား အားကျနေရတဲ့  အချိန်ကာလလေ။ဒီလိုနဲ့  လူမသိသူမသိအခြေအနေဘ၀ နိမ့် ပါးလွန်းခဲ့ တဲ့  သုည က စခဲ့ တယ်...။
တကယ်ပါပဲ။အဲဒီအချိန်တုန်းက တခါပင်ပန်းမူ့ နဲ့ ကြုံတိုင်း သက်ပြင်းတခါ မချနိုင်ခဲ့ ဘူး။
ဆင်းရဲ ဇာတာ ရှည်မှာစိုးလို့ ပေါ့..။

တပ်မတော်ရဲ့ သာမာန်ရဲဘော်ဘ၀ကနေ တဆင့် ပြီးတဆင့်  တိုင်းပြည်တာဝန်ကို ကျနော်ထမ်းဆောင်ဖြစ်ခဲ့ တယ်..။နောက်တပ်မ(၈၈)မှာ တဆင့် တိုးတာဝန်နဲ့  ထမ်းဆောင်ချိန်မှာ
နိုင်ငံရဲ့  အဆိုးရွားဆုံးအဖြစ်အပျက်တစ်ခု ကို ရင်ဆိုင်လာခဲ့ ရတော့ တယ်။
တိုင်းပြည်က ကိုယ်တမင်းကိုယ်ချင်းနဲ့  ကာကွယ်သူမဲ့ နေချိန်ပေါ့။နေရာအသီးသီးမှာလည်း သူခိုးဓါးပြရန်တွေနဲ့  လမ်းလယ်ခေါင် ခေါင်းဖြတ်သတ် တဲ့  ရက်စက်တဲ့  အာရုံတွေ အပြီးမှာ အဖွဲ့ အစည်းတွေက လည်း အသီးသီးကွဲပြဲခဲ့ ကြတယ်။အလံဖြူ၊အလံနီ၊ကွန်မြူနစ်နဲ့  ရန်ကုန်ဆိုတဲ့ နယ်နိမိတ်က အင်းစိန်သာသာ ပဲရှိနေနိုင်တော့ တဲ့  အချိန်လေ။
၁၉၉၈ ခုနှစ် အပြီးမှာ မလွဲမရှောင်သာ အာဏာရယူခဲ့ ပြီးတော့  ကျနော်စီနီယာဖြစ်သူ ကိုနေ၀င်းရဲ့ စီမံမူ့ အောက်မှာ န၀တ ကို စတင်ဖွဲ့ စည်းခဲ့ ဖြစ်ကြတယ်။

ကိုနေ၀င်းစကားလို ပါပဲ ။အချိန်တန်ရင် စစ်တပ်ဆိုတာ စစ်တန်းလျားကို ပြန်သွားရမှာ သဘာဝပဲမဟုတ်လား။ဒါပေမဲ့  အဲဒီအချိန်မှာပဲ မြန်မာနိုင်ငံရဲ့  အခြေအနေက ငြိမ်သက်လာခြင်း မရှိပဲ တနေ့ ထက်တနေ့  ဆိုးရွားလာခဲ့ တယ်။တဖက်ကလည်းပြည်သူတွေအလိုရှိတဲ့  ပါတီစုံဒီမိုကရေစီအတွက် ကျင်းပပေးနေချိန်မှာ တဖက်ကလည်း တိုင်းပြည် အေးချမ်းရေးအတွက် ၀ါးခသစ်၊တိုက်ပွဲ စီစီဝန်တာပန်တိုက်ပွဲတို့ ကိုလည်း စီမံအုပ်ချူပ်နေရတဲ့  အချိန်ပေါ့ ..။ကျနော်အပို မပြောတော့ ပါဘူးလေ။ဒီလိုတိုက်ပွဲတွေမှာ ပြည်သူတွေက အစ ထမင်းထုတ်တွေနဲ့  ကူညီပြီး အောင်ပန်းယူနိုင်ခဲ့ တာကိုပေါ့။တချိန်တည်းမှာပဲ တပ်မတော်သားပေါင်းများစွာ အသက်သွေးခြွေးပေးဆပ်ခဲ့ ကြတယ်.။တဆက်တည်းဆိုသလို မျက်စေ့ အောက်မှာပဲ သမ္မတစန်းယုနဲ့  ဒေါက်တာမောင်မောင်တို့  တက်လာခဲ့ ပေမဲ့  တိုင်းပြည်တည်ငြိမ်နိုင်အောင်တော့  မစွမ်းသာနိုင်ခဲ့ ကြဘူးလေ။

ကိုနေ၀င်းလက်ထပ်က န၀တကို ကျနော်လက်ထပ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီဆိုပြီး ဖွဲ့ စည်းကာ အားအင်းကျစ်လစ်စွာဖြင့် တိုင်းပြည် ကို တည်ဆောက်ခဲ့ သည်။

ကျနော်သမိုင်းအတွက် အဆုံးအဖြတ် ဖြစ်မည့် နေသည့်  သာသနာနှင့် ပတ်သတ်လာမည်ဟုသာကြိုသိပါလျှင် ............။
ပထမတရက် မသိသာလှသေး။ကျနော် အဖွဲ့ အစည်းတစ်ယောက်မှမပါပဲ စောင့် ကြည့် ယုံသာ ကျနော် စေခိုင်းဖြစ်ခဲ သည်။နောက်ပိုင်းတွင် သံဃာ အတုနှင့် အစစ်ခွဲ မရအောင်ပင် နိုင်ငံရေးလှည့် စားသူများအောက် မျက်ဝါးထင်ထင် ကျရောက်ခဲ့ ရသည်။တချိန်တည်းဆိုသလို ရန်ကုန်မြို့ နေလူတန်းစားအလွှာအသီးသီးတို့ မှ ပါဝင်မူ သည်ကလည်း မထိန်းသိမ်းနိုင်လျှင် ဟူသေ အသိစိတ်ဖြစ်ပေါ်လာစေသည်။တပြိုင်နက်တည်းဆိုသလို ရန်ကုန်တွင်သာမက မန္တလေး မုံ၇ွာ ပြင်ဦးလွင် အစရှိသော နေရာများတွင်ပါ သံဃာ လှူပ်ရှားမူ့ ကကြီးထွားလာခဲ့ သည်။သံဃာ အစစ် ဘုရားသားတော်များအနေဖြင့်  မေတ္တသုတ်ရွတ်ဖတ်ပူဇော်ခြင်းကို မတားမြစ်လိုပါသော်လည်း လူထုအံကြွမူ့ ကို အခြေခံ သည့်  ဘာသာရေး ခုတုံးလုပ်မူ့ သည် နိုင်ငံရေး ကစားသူများအတွက် အမြတ်ဖြစ်သွားခဲ့ တော့ သည်.။

ကျနော်မကြောက်ပါဘူးလေ။အလုပ်မလုပ်သူသာ ဝေဖန်လို့  မရတဲ့  သူတစ်ယောက်အဖြစ်ရပ်တည်နေနိုင်မှာမဟုတ်လား။ဒီအဖြတ်အပျက်အတွက် ဝေဖန်သံတွေ နားကျည်းသံတွေ ဖြစ်နေနိုင်သော်လည်း လူနည်းစုထက်တိုင်းပြည်အရေးကို ကျနော်ပိုကြည့် ဖြစ်ခဲ့ သည်။ကိစ္စမရှိ။အလုပ်လုပ်သူအတွက် အမှားဆိုသည်မှာ လုပ်ရင်းပေါ်လာမြဲပင်။သို့ မှသာပြင်လို့ ကောင်းနိုင်မည် မဟုတ်ပါလား။ကျနော် လက်ထပ်မှာ (၈၈)လိုမျိုး မင်းမဲ့ စရိုက်ဆန်ဆန်နောက်တချိန်ပြန်ဖြစ်လာမှာကို အစိုးရိမ်ဆုံးပင်။(၈၈)မှယခု တိုင်အောင် နှစ်ပေါင်း(၁၇)ကြာချိန်အထိ အေးချမ်းပြီးကာမှ ၂၀၀၇ အရေးအခင်းသည် တိုင်းပြည် အရင်ကဲ့ သို့  ဖြစ်သွားမည့်  အရေး ကျနော်ကြိုတွေးမိသည်။

ကျနော် ၂၀၀၇ မှ မယုတ်မာခဲ့ ပါဘူး
သမိုင်းမှာတော့ ရက်စက်သူအဖြစ် ပြည်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံခဲ ရတယ်..။

တချိန်တည်းမှာပဲ နိုင်ငံတကာရဲ့ ဖိအားပေးမူ့ တွေနဲ့  စီးပွားရေးပိတ်ဆို့ မူ့ တွေကြားမှာ ကျနော်နိင်ငံကို ရှင်သန်နိုင်အောင် အဖက်ဖက်က ကျနော်ကြိုပြင်ခဲ့ တယ်။အနည်းဆုံးတော့  ခုချိန်ထိ စီးပွားရေးလမ်းကြောင်းပွင့် လင်းမလာနိုင်သည့် တိုင် (၁၀)ကြာနီးပါးပိတ်ပင်ထားခဲ့ တဲ့  အနောက်နိုင်ငံတွေရဲ့  ပိတ်ဆို့ မူ့ က အရာမထင်ခဲ့ ဘူးမလား။ကျနော်မစိုးရိမ်ပါဘူး။ကမ္ဘာမှာ ဆန်ပို့ မူ့  အဆင့် (၁၀)အတွင်းဝင်နေတဲ့  ဧရာဝတီတိုင်းကြီး ကျနော်နိုင်ငံမှာရှိနေတယ်လေ

ကျနော် အလုံးစုံသော ပညာတွေမတက်ခဲ့ ဘူး
ပညာတက်သူတွေကို တော့  စီမံအုပ်ချူပ်နိုင်ခဲ့ တယ်။
အနောက်နိုင်ငံနည်းတူ ဘို လို တော့စကားမပြောနိုင်ခဲ့ ဘူး
ဘို လိုပြောတဲ့  အနောက်နိုင်ငံ အများစုကို တော့ ကျနော်ထိန်းချူပ်နိုင်ခဲ့ တယ်.....။

ငယ်ငယ်ကတည်းက စစ်တုရင်မှာထုံမွေ့ တဲ့ ကျနော်။မြန်မာနိုင်ငံရဲ့  အနာဂတ်ကို လှမ်းမျှော်ကြည့် မိတယ်။တဆက်တည်းဆိုသလို ကျနော်တို့  ရေးဆွဲထားတဲ့  လမ်းပြမြေပုံကလည်း ပြီးလုပါပဲလေ။သေချာပါတယ် တချိန်ချိန်မှာ မဖြစ်မနေ ပါတီစုံရွေးကောက်ပွဲ နဲ့  ပြည်သူတွေလိုအပ်တဲ့  ဒီမိုကရေစီကို ကျနော်အုပ်မြစ်ချပေးနိုင်လောက်မယ်ထင်ပါတယ်။ဒီလိုနဲ့ လူ မူ့ ရေးအသင်းအဖွဲ့ လိုလို ပြည်ခိုင်ဖြိုးအသင်းကို စတင်ဖွဲ့ စည်းစေခဲ့ တယ်။လမ်းပြမြေပုံအပြီးမှာ ကျနော် ဖွဲ့ စည်းခဲ့ တဲ့ ပြည်ခိုင်ဖြိုးအင်အားက ကြီးထွားနေလိမ့် မယ်ဆိုတာ ကျနော် ယုံကြည်မူ့ ရှိသလို ၊ဒီပြည်ခိုင်းဖြိုး အဖွဲ့ ကို ပါတီဖြစ်လာလိမ့် မယ်လို့ ရော ဘယ်အသိပညာရှင်တွေကမှ ခန့် မှန်းနိုင်ခဲ့ မယ်မထင်ဘူး..

ကျနော်အတွက် ထောက်ခံသူနည်းခံပါတယ်
ဒါပေမဲ့  တိုင်းပြည်အတွက်တော့  စနစ်တကျနဲ့  စီမံကိန်းတွေ ချပေးဖြစ်ခဲ့ တယ်.......။

ကျနော် ဖော်ဆောင်နေတဲ့  လမ်းပြမြေပုံအတိုင်းဖွဲ့  စည်းပုံညီလာခံ ကျင်းပခါနီးမှာ
ဧရာဝတီက ပြည်သူတွေ နာဂစ်မုန်းတိုင်းဖြစ်တာခံရတယ်.။တနိုင်ငံလုံးကျင်းပဖို့  အသင့် ဖြစ်နေပြီးတော့  နိုင်ငံတကာရဲ့  စောင့် ကြည့် မူ့ အခြေအနေကြားမှာ ဧရာဝတီ တိုင်းက နေ၇ာဒေသတစ်ခုအတွက်နဲ့  ညီလာခံကို ဆိုင်းငံဖို့  မဖြစ်နိုင်တော့ တဲ့  အခြေအနေမှာ ညီလာခံကိုဆက်လက်ကျင်းပဖြစ်ခဲ့ တယ်။ဒါပေမဲ့ တိုင်းပြည်ဘယ်လောက်အရေးကြီးကြီး ဦးခင်ညွန်နဲ့ သာလွှဲထားတက်တဲ့  ကျနော် ကျန်းမားရေး ကို ပိုဂရုစိုက်ရမဲ့  အခြေအနေတွင်းကိုပဲ ဧရာဝတီကိုကိုယ်တိုင်သွားပြီး ပြည်သူတွေကို အားပေးစကားပြောဖြစ်ခဲ့ တယ်.

ကျနော် ဘ၀အတွက် တတိယမြှောက်စိန်ခေါ်မူ့ ကို နာဂစ်မှာထပ်ကြုံခဲ့ ရပြန်တယ်.။
နိုင်ငံတကာရဲ့  ကူညီအသင်းတွေနဲ့  အမေရိကန်ရဲ့  တပ်မတော်သားတွေ ပေးပို့ ချင်လို ကြောင်းအကြောင်းကြားချက်ကို ကျနော်ရဲ့ ငြင်းပယ်မူ့ အပြီးမှာပေါ့။ကျနော်သိနေပါတယ်။မြန်မာနိုင်ငံဆိုတာ အချက်အခြာနဲ့ မဟာဗျူဟာမြောက်နေတဲ့  နယ်မြေဒေသဆိုတာကိုပေါ့။တရုတ်နိုင်ငံရဲ့ တခုတည်းတော့ ထွက်ပေါက် ကျနော်နိုင်ငံမှာ အမေရိကန်စစ်စခန်းတည်ဆောက်ချင်နေတာ အပြစ်တစ်ခုတော့ မဆိုသာပါဘူးလေ.။နိုင်ငံတကာရဲ့  ၀ိုင်းဝန်းပိတ်ဆို့ မူ့ ကြားမှာ တရုတ်ကသာ ကျနော်နိုင်ငံအတွက်မားမားမပ်မပ်ရပ်တည်ပေးခဲ့ တာမဟုတ်လား။ထာဝရမိတ်ဆွေကောင်းလို့  မဆိုနိုင်သော်လည်း အားနည်းနေချိန်တွင်တော့  တရုတ်က တိုင်းပြည်အတွက်ကောက်ရိုးတမျှင်ဖြစ်ခဲ့ တာကတော့ အမှန်ပင်မဟုတ်လား။ကျနော်သာ အမေရိကန်တွေကို ခြေချခွင့် ပြုခဲ့ ရင် ပြည်သူတွေ အကူအညီရမှာထက်နောင်တချိန်ပြန်နှင်ထုတ်ဖို့  အခက်ကြုံလာနိုင်တယ်ဆိုတာ ဘယ်သူမှ ကြိုမတွေးခဲ့ တာလားဆိုတာ ကျနော်မတွေးတက်ခဲ့ တော့ ပါဘူး။ကျနော်လည်းပြောခဲ့ ပါတယ်။စစ်မှန်တဲ့ ကူညီမူ့ သာမှန်ရင် ထိုင်းကနေ တဆင့် ကူညီပေးပါလို့ ဆိုပြီးတော့ ပေါ့။တဆက်တည်းဆိုသလို အမေရိကန်တွေရဲ့ ရေတပ် က ၇န်ကုန်မြစ်ဆိပ်ပိုင်နက်အနီးနား ရောက်ရှိလာခဲ့ တာကို သတိပြုမိပြီ နောင်တချိန် အမြှောက်လက်နက်တကမ်းသာ ရှိတဲ့  မြို့ တော်ရန်ကုန်အစား
အလယ်ပိုင်းဒေသ ပျင်းမနားကို မြို့ တော်အဖြစ်ရွေ့ စေဖို့  ကျနော် သတိပြုခဲ့ မိတော့ တယ်။
နောင်တချိန်မှာ ယခုလက်ရှိမှာတော့  ကျနော်ရဲ့ ကြံစည်တွေးတေားမူ့ ကြောင့် 
နေပြည်တော်ကလည်း စိုပြေလန်းစိမ်းလန်းလာခဲ့ သလို ၊အဆောက်အဦး တွေ၊ခေတ်မှီ ပါလီမန်အဆောက်အဦးတွေကလည်း ၂၀၁၀မှာကျင်းပခဲ့  ပြည်လုံးကျွတ်ဆန္ဒဖော်ထုတ်ပြီး တက်လာမဲ့  လွှတ်တော်အမတ်များအတွက် အဆင်ပြေစေနိင်ခဲ့ တယ်မဟုတ်လား။

ကျနော်အတွက် နာမည်ဆိုးတွင်ကောင်းတွင်နိုင်ပါတယ်
နိုင်ငံအရေးကို အလေးထားပြီးတော့  ပြည်ထောင်စုဆိုတဲ့  ဝေါဟာရကို ကျနော်ပိုင်ဆိုင်တဲ့ ဂုဏ်သိက္ခာထက် ကာကွယ်ခဲ့ ပါတယ်လေ......။

ကျနော်နိုင်ငံရဲ့  အကြီးအကဲဖြစ်ချိန်မှာ အလကားလည်းမနေခဲ့ ပါဘူး။ပြည်သူတွေအကြောင်းသိချင်ရာက
ပြည်သူအရပ်သားတစ်ဦးလို နေထိုင်ပြူမူ ခဲ့ လို့ လည်း တာမွေ ၀ိုင်းလမ်းဆုံမှာ လမ်းကြောမှားယူမိတဲ့  ဒရိုက်ဘာကြောင့်  အမြန်ယာဉ်ငယ်ပေါ်က ဆဲဆိုခြင်းလည်းခံခဲ့ ဖူးပါတယ်။
ရုပ်၇ှင်အရေးမှာလည်း တချိန်တခါက ကြော်ကြားခဲ့ တဲ့  Combat /we wrer soliders /saving private ryan ဇတ်လမ်းကားတွေကိုလည်း နှစ်ချိုက်သူတစ်ဦးဖြစ်ခဲ့ ပါတယ်
အားကစားမှာဆိုလည်း ၉၄ ကမ္ဘာဖလားက အီတလီအသင်းရဲ့  ဘက်ဂီယို ပင်နယ်တီလွဲချော်မူ့ က ဘရာဇီးကို ရှုံးပြီး ဒုတိယ ရသွားတာကိုလည်း ရင်ခုန်နေတုန်းပါပဲ.။

နောက်ဆုံး မှာ ကျနော်အတွက်ဘယ်လို ဆိုးဝါးတဲ့  ဂုဏ်ပုဒ်တွေပဲ တပ်တပ် ကျနော်ရဲ့ စီမံကွပ်ကဲမူ့ အောက်မှာ
သေနတ်သံ တချက်မှ မဖောက်ရပဲ ပြည်သူတွေ ဒီမိုကရေစီအတွက်လျှောက်လှမ်းနေခဲ့ ရပြီမဟုတ်လား

ဘာပဲဖြစ်ဖြစ် ကျနော်ရွေ့ ကွက်အတိုင်းမှာ ကျန်သူတွေက ပွန်းရုပ်သာသာဖြစ်ခဲ့ တယ်မဟုတ်လား။ရွေ့ လိုက်တဲ့  အကွက်တိုင်းမှာ နှောင်းလူတွေ ပညာယူတက်ပါစေ။

နိုင်ငံ ရေး သမားလုပ်ချင်ရင် စကာကို ဟိုလိုလိုဒီလိုလို ကွယ်ဝှက်ပြောနိုင်ရမယ်ဆိုပေမဲ့  ခေါင်းဆောင်တစ်ဦးလုပ်ချင်ရင် ပျက်သားစိတ်နဲ့  တာဝန်ယူပါ

ဆိုတဲ့ ဗိုလ်ချူပ်စကားအတိုင်း စကားနည်းနည်းပြောပြီး ကျနော် အလုပ်များများလုပ်ခဲ့ တယ်။
ကျနော် အများကြီး တော်တဲ့ သူ ၊အသိပညာတွေအများကြီးတက်တဲ့ သူမဟုတ်ခဲ့ ပေမဲ့  အဲဒီလူတွေကို ဘယ်လိုထိန်းချူပ်ရမလဲဆိုတာ ကျနော်ကောင်းကောင်းသဘောပေါက်ခဲ့ တယ်။စစ်အာဏာ၇ှင်မကောင်းဘူးဆိုပေမဲ့  မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၀)ကျော် အေးအေးသာသာ ကျနော်အုပ်ချူပ်နိုင်ခဲ့ တယ်။အုပ်ချုပ်လို့  အပြီးမှာလည်း တိုင်းပြည်ကို အေးအေးလူလူ ဒီမိုကရေစီပြောင်းနိုင်အောင် လမ်းကြောင်းခင်းထိန်းချူပ်နိုင်ခဲ့ တယ်...။

သေချာပါတယ်။နာကျည်းချက်တချို့ တွေကြောင့် 
ကျနော်ကို လူကောင်းတစ်ယောက်လို့  မထင်မြင်နိုင်ပေမဲ့ 
ပြိုင်ဘက်တွေအပေါ်မှာရော။နိုင်ငံတကာရဲ့ ဖိအားပေးမူ့  တွေအားလုံးကို တွန်းလှန်နိုင်ခဲ့ သူတစ်ယောက်အနေနဲ့ ရော.၊ ကျနော်က လူတော်တစ်ယောက်ပါ လို့  နှုတ်က ထုတ်ဖော် မချီးကျူးရင်တောင် စိတ်ထဲမှာ အမြဲ တွေးနေမိနေလိမ့် မယ်။

ဒါပေမဲ့ လည်းလေ.......။

ကျနော်တိုင်းပြည်အတွက်ပေးဆပ်ထားခဲ့ တဲ့  နှစ်ပေါင်းများစွာက ၂၀၀၇ က အရေးအခင်းတစ်ခု နဲ့  သင်းပုန်းခြေခြင်းသက်သက်သာဆိုရင်..........
ကျနော်အတွက် ကျနော်ဖန်တီးပေးခဲ့ သမျှနဲ့ တော့  တန်မယ်မထင်ပါဘူး.........။ဒါပေမဲ့ လည်းလေး စစ်သားတစ်ဦးဖြစ်ခဲ့ ဖူးတဲ့  ကျနော်က တိုင်းပြည်အတွက် အရာရာစွန့် လွတ်နေပြီးမှတော့  နာမည်ဂုဏ်ပုဒ်တစ်ခုကို မြတ်နိုးတွယ်တာနေမှာမဟုတ်တော့ ပါဘူးဆိုတာကတော့  အမှန်တရားပဲဆိုတာကျနော်ကိုယ်ကျနော်အသိဆုံးပါလေ



မှတ်ချတ်...ချစ်ဦးညိုမှ အလင်္ကာဒီပ ချစ်သူ စာအုပ်တွင် မင်းဒသကို မင်းသားဖြစ်အောင်အနုစိတ်ရေးဖွဲ့ သွားသကဲ့ သို့  ကျနော်ကိုယ်ကျနော် စာရေးမူ့  လက်သွေးခြင်းသက်သက်သာဖြစ်ပါသည်။
ကျနော်သမိုင်းသုသေတီမဟုတ်ပါ။နိုင်ငံရေးသမားလည်းမဟုတ်ပါ။စာဖတ်ခြင်းမှ မှတ်သားမိသော အချို့  တ၀က်ကို မှီငြမ်းရေးသားထားပါသည်။တချို့  အကြောင်းအရာများမှာ လွဲကောင်းလွဲနေနိုင်ပါသည်။သို့ သော် ၀တ္တုကဲ့ သို့  ဖတ်ပါ။ခံစားပါ။ ဝေဖန်နိုင်ပါသည်။မိုက်ရိုင်းသော အသုံးအနှန်ုးများပါလာပါက အကောင့် ကို ချက်ခြင်း block ပါမည်။

လေးစားစွာဖြင့်  ..........(မင်းသန့် )
 

1 ဦးကဆွေးနွေးသွားပါတယ်..

Burman Managers,Engineers and Scientists комментирует... @ 23 марта 2014 г. в 20:23

ဘန်၈ါလီတချို့ ဟာ ဗမာတွေရဲ့ ဘိုးဘေး တွေ ဖြစ်ခဲ့တာကို သိလား။ စောင်းကောက်ကို ဘန်ဂါလီ ဘိုးတော် တွေ ယူခဲ့တာ သိလား။ မသိသေးရင် ဒီမှာ လာဖတ်ပါ။
http://wunzinminraja.blogspot.sg/

Отправить комментарий