သတင်းတစ်ခုသည် အချက်အလက်မှန်ကန်ခိုင်မာရန်လိုအပ်သည်သာမက လူထုကိုအကျိုးပြုရန်လည်းအထူး အရေးကြီးလှပေသည် ၊ အောက်ပါသတင်းခေါင်းစဉ်များကို ကြည့်ပါ -

- မင်းမော်ကွန်း မုန့်ဟင်းခါးမကြိုက်ဟုဆို
- အိန္ဒြာကျော်ဇင် ကိုယ်ဝန် ၄ လရှိပြီ
- ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူးထွက်၊ သူမ၏သားခွေးတစ်ကောင်နှင့်အတူ ပုဂံသို့ ၁ ရက်ကြိုရောက် - ဒေါ်အောင်ဆန်းစုကြည် တမာပင်အောက်မှ နာမည်မရှိသော ထမင်းဆိုင်လေးတွင်ထမင်းစားလေပြီ
- ဒေါ်စု အင်ကြင်းပင်သွားကြည့် ၊ ယခုသတင်းတင်ချိန်တွင် အင်ကြင်းပင်အောက်ရောက်နေပြီ
- သောကြာနေ့ဒေါ်စု အဲမန္တလေးလေကြောင်းဖြင့်ရန်ကုန်ပြန်မည် ။ ခွေးနှင့်သားက ကားနှင့်ပြန်မည် ။
- ချမ်းချမ်း ချစ်သူနှင့်လမ်းခွဲပြီးမှ ပိုမိုလွတ်လပ်လာ
- ကော်ဖီကြော်ငြာဖြင့် နာမည်ကြီးလာသော်လည်း ကော်ဖီမကြိုက်သောမင်းသား

အထက်ပါသတင်းများသည် အချက်အလက်များ မှန်ကန်ကြပါသည် ဆိုသော်လည်း လူထုကိုသော်လည်းကောင်း တိုင်းပြည်ကိုသော်လည်းကောင်း မည်သို့ အကျိုးပြုပါသနည်း ။မည်သို့မျှအကျိုးပြုမည်ဟုမထင်ပါ..သို့ရာတွင်အဆိုပါသတင်းများသည် အကျိုးမပြုသော်လည်း ဒုက္ခမပေးသောသတင်းများသာဖြစ်ကြ၍တော်သေးသည်ဟုဆိုရပေမည် ။


မြန်မာမှုနယ်ပယ်များကို ဖျက်ဆီးကြသူများ

အဆိုးတကာ့အဆိုးဆုံး သတင်းများမှာ မည်သည့်ကောင်းကျိုးမှမပြုသည့် အပြင် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင် ဘာသာရေးအရ၄င်း ၊ ရှေးရိုးအစဉ်အလာများအရ၄င်း အခိုင်အမာ တည်ရှိပြီးသား မြန်မာမှု နယ်ပယ်များကို ဖျက်ဆီးပစ်လိုက်ကြသည့် သတင်းများ ၊ ပြောဆိုရေးသားမှုများဖြစ်သည် ။ ဥပမာဆိုရသော်-
- မိဘ ၊ ကျောင်းသား နှင့် ဆရာများအကြားဆက်ဆံရေးနယ်ပယ်
- ဆရာဝန်များနှင့် ပြည်သူလူထု လူနာများကြားဆက်ဆံရေး နယ်ပယ်
- တပ်မတော်သားများနှင့် ပြည်သူလူထုကြား ဆက်ဆံရေးနယ်ပယ်
- ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်
- တရားရေးဝန်ထမ်းများနှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်
- ရပ်ကွက် ၊ မြို့နယ် စသောအုပ်ချုပ်ရေး ဌာနအဆင့်ဆင့်နှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်

စသည်..စသည်တို့ဖြစ်ကြလေသသည် ၊ ယခုဖေါ်ပြခဲ့သည့် မြန်မာမှုနယ်ပယ်များမှာ ဥပမာမျှသာဖြစ်ပါသည် လူပြိန်းကြိုက်တို့၏ စောင်မမှုကြောင့် ပျက်စီးသွားကြကုန်သော အခြားမြန်မာမှုနယ်ပယ်များ များစွာကျန်ရှိပါသေးသည် ။


မိဘ ၊ ကျောင်းသား နှင့် ဆရာများအကြားဆက်ဆံရေးနယ်ပယ်

မြန်မာမှုနယ်ပယ်တွင် ဆရာသည် မိဘနှင့်တစ်ဂိုဏ်းတည်းထား လေးစားရိုသေကြရသော အနန္တောအနန္တ ငါးပါးဝင် ဖြစ်လေသည် ၊ ဆရာကလည်း ဆရာ့ဝတ် ၊ ကျောင်းသားကလည်း ကျောင်းသားဝတ်များဖြင့် တစ်ဦးပေါ် တစ်ဦး အပြန်အလှန်လေးစားယုံကြည်မှုများနှင့်ပြည့်နှက်ကာ ကြည်နူးဘွယ် ပီတိဖြစ်ဘွယ် ဆက်ဆံရေးဖြစ်လေသည်။



ဘာကြောင့်မိဘနှင့်တစ်ဂိုဏ်းထဲထားရတာလဲ
တိရိစ္ဆာန်များတွင်လည်း ပညာသင်ကြားရေးရှိလေသည် ၊ ထိုပညာသင်ကြားရေးကို မိဘများက ကိုယ်တိုင်တာဝန် ယူကြရလေသည် ၊ ကြောင်ကလေးများကို ကြောင်မကြီးက ကြွက်ခုတ်နည်း ၊ ကြွက်ချောင်းနည်း တိတ်တဆိတ် ချဉ်းကပ်နည်းစသည်တို့ကို ကိုယ်တိုင်သင်ကြားပေး၏ ၊ ထို့နည်းတူစွာပင် ဗျိုင်းကလေးများကို ဗျိုင်းမကြီးက ကတွတ်ပေါက်တွင်ငါးစောင့်နည်း ၊ ဖမ်းနည်းများကို ကိုယ်တိုင်သင်ပေး၏ ၊ စွန်ရဲတစ်ကောင်က သားကောင်ရှာဖွေနည်း ၊ ထိုးသုတ်နည်း ၊ တို့ကို ၄င်းတို့၏သားသမီးများအား ကိုယ်တိုင် သင်ကြားပေးကြရလေသည် ၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်သော လူတို့တွင်ကား ထိုသို့ မဟုတ် အပြောကျယ်လှသော လူမှုနယ်ပယ်အသီးသီးတွင် လူသားဆန်စွာ ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များအပြင် ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်သုံးသပ်ရပ်တည်နိုင်ရန် ပညာသင်ကြားခြင်းမှာ ကျယ်ဝန်းနက်ရှိုင်းလှသည် ဖြစ်ရာ ထိုတာဝန်ကို မိဘ နှစ်ဦးတည်းက တာဝန်ယူ၍ မဖြစ်နိုင်တော့သဖြင့် အရပ်ရပ်သောပညာတို့ကို သင်ကြားပေးရန်အတွက် ဆရာတို့သည် မိဘများကိုယ်စား တာဝန်ယူကြရလေသည် ၊ မိဘရဲ့တာဝန်တွေကို ကိုယ်စားဆောင်ရွက်ပေးနေရသူများဖြစ်တဲ့အတွက် မိဘနဲ့ တစ်ဂိုဏ်းထဲထားကာ ရိုသေ အလေးအမြတ်ထားနေကြခြင်းဖြစ်ပါသည်။

ဒီနေ့ခေတ်မှာရော ဆရာတွေဆရာစိတ်မရှိကြတော့ဘူးလား

ဤမေးခွန်း၏ အဖြေကို ပေါ်လွင်သွားစေရန် နိုင်ငံတော်အစိုးရမှ ၁၀တန်းအောင်သူတိုင်း ဆရာလုပ်ကြရမည် ဟု အမိန့်တပ်ရပ်ထုတ်ပြန်လိုက်စေလိုသည် ၊ ထိုသို့ထုတ်ပြန်လိုက်ပါက ဤမြန်မာပြည်တွင် ဆရာမလုပ်လိုသူ အမြောက်အများ ပေါ်ထွက်လာမည်ကို သင်တွေ့ရပါလိမ့်မည် ၊ "ကျွန်မသားလေးကိုမိဘ လက်ငုတ်စီးပွားရေးပဲလုပ်ခိုင်းမှာပေါ့ ဘာလို့ဆရာလုပ်ရမှာလည်း" ၊ " အောင်မလေး လစာလေးသုံးလေးသောင်းနဲ့ ငါ့ကလေးတွေကို ဆရာတော့မလုပ်ခိုင်းနိုင်ပါဘူး" ၊ " ထီးဖြူ ဘိနပ်ပါး အလုပ်ပါအေ...ဘာမှဖြစ်လာမှာမဟုတ်ပါဘူး " စသော စသော အသံတွေကို သင်သေချာပေါက် ကြားရပါလိမ့်မည် ၊ ဒီလိုဆိုရင် အခုလက်ရှိဆရာလုပ်နေသူများကို မလေးစားသင့်ပေဘူးလား ၊ သူများသားသမီးကို မိမိသားသမီးကဲ့သို့သဘောထား ပြုစုပျိုးထောင်ပေးရသော စေတနာ၊ အထူးစိတ်ရှည်ရသော သင်ကြားရေးကိုမှ စိတ်ဝင်စားသော ၀ါသနာ ၊ ဘာစီးပွားမှ မဖြစ်နိုင်မှန်းသိလျှက်နှင့် ဘ၀၏ အချိန်အမြောက်အများကို ပေးဆပ်နေရသော အနစ်နာခံမှုမျိုး ကို လွယ်သည်ဟုသင် ထင်ပါသလား ၊ ထိုသို့ပေးဆပ်ခဲ့သည့်အတွက် ပေးဆပ်နေကြဆဲဖြစ်သည့်အတွက် ဆရာများသည် ဘာများပြန်ရပါရဲ့လဲ ၊ မိမိပြုစုပျိုးထောင်ခဲ့သည့် ပန်းပွင့်လေးများ လောကအလယ်တွင် ဖူးပွင့်လာသောအခါတွင် ရသော ဥယျာဉ်မှူး ၏ ပိတိမျိုးမှ တစ်ပါး ဆရာတို့သည် ဘာများရနေသည်ဟု သင်ထင်ပါသလည်း ၊သေချာသည်မှာ ယခင်ခေတ် အဆက်ဆက်က ဆရာများမှသည် ယနေ့ခေတ်ဆရာဆရာမ များအထိ အားလုံးသောဆရာတို့သည် ထိုနာ ၃ နာနှင့် ပြည့်စုံကြသူများဖြစ်ကြလေသည် ။လေးစားထိုက်သူများဖြစ်ကြလေသည် ၊ ယနေ့ခေတ်တွင် နာမည်ကျော်ကျူရှင်ဆရာများ၏ ၀င်ငွေကောင်းမှုကို သင်ထောက်ပြကောင်းထောက်ပြပေလိမ့်မည် ၊ ထိုနာမည်ကျော်ဆရာများသည် မူလ နာ ၃ နာအပြင် သင်ကြားရေးတွင် ပါရမီထူးသူများဖြစ်ကြသည် ၊သို့ဖြစ်ခြင်းကြောင့် ထိုဆရာတို့ကို ကြည့်၍ မုဒိတာပွားနေခြင်းသည်သာ အမှန်ဆုံးဖြစ်ပေလိမ့်မည်ဟုသာ ဆိုချင်ပါသည် ။

ကျူရှင်သင်တာအပြစ်လား....

သင်ကြားရေးအလုပ်သည် ဆရာတစ်ယောက်၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည် ၊ ကျူရှင်သင်သည်ဆိုသည်မှာလည်း စာသင်သည့်အလုပ်ပင်ဖြစ်သည် ၊ သင်ကြားရေးအလုပ်ဖြင့် အသက်မွေးသူက စာသင်တာအပြစ်ဟု ဆိုကြပါမည်လား..ဆိုလျှင်ကော တရားပါမည်လား ၊ဆရာဝန်က ဆေးကုသည် ၊ အင်ဂျင်နီယာက တည်ဆောက်ရေးလုပ်သည် ၊ ဆရာကစာသင်သည် ဘာများ ဆန်းပါသလည်း ဘာမှမဆန်းပါ ၊ အထက်တန်းပြဆရာတစ်ယောက်၏လစာသည် ၄၀၀၀၀ ကျပ်မျှသာဖြစ်သည် ၊ ကျောင်းကိုအသွားအပြန်လုပ်ရသည့် ခရီးစရိတ်မျှသာရှိသည် ၊ ဆရာတို့ဘ၀စားဝတ်နေရေးအတွက် မလောက်ငှကြ ၊ ဒီတော့ကျောင်းချိန်ပြင်ပတွင် စာသင်ပြီး အပိုဝင်ငွေရှာကြရင်း ဘ၀ရပ်တည်ရေး ဆောင်ရွက်ကြရသည် ။ ကျူရှင်သင်သောဆရာသည် မနက် ၅နာရီမတိုင်ခင်အိပ်ယာမှထရသည် ၊ မနက် ၆နာရီမှ ၈ နာရီအထိ ကျူရှင်တွင်စာသင်ရသည် ၊ ၈ နာရီနှင့် ၉ နာရီအကြားတွင် ကျောင်းကို အပြေးသွားကြရသည် ၊ ကျောင်းတွင် ညနေ ၄နာရီအထိ စာသင်ကြရသည် ၊ ညနေ၅နာရီမှ ည ၈နာရီခန့်ထိကျူရှင်တွင်တစ်ဖန် စာသင်ကြရပြန်သည် ၊ အိမ်အရောက်တွင်မနားရသေး ကျောင်းမှကလေးများ၏ အိမ်စာများကို စစ်ရဆေးရပြန်သည် ၊ ၁၀နာရီကျော်မှနားရသည် ၊ မနက် ၅နာရီပြန်ထရသည် ၊စနေ၊ တနင်္ဂနွေဟူ၍ မရှိ သင်ကြားနေရသည် ၊ ထိုသို့နေ့မအိပ်ညမအိပ်ကြိုးစား ရုန်းကန်နေကြရသော ဆရာတို့ကို လူပြိန်းကြိုက် တို့က အသပြာဆရာ ဟု ကင်ပွန်းတပ် ရုပ်လုံးဖေါ်ရေးသားနေကြသည်မှာ တရားမျှတပါရဲ့လား ၊ တရားတော်နဲ့ရော ညီပါရဲ့လား ၊ဒီလိုလူပြိန်းကြိုက်စာများရေးပြီးရတဲ့ဝင်ငွေဖြင့် အသက်မွေးဝမ်းကျောင်း ပြုခြင်းကို သမ္မာအာဇီဝ ဟု ဆိုနိုင်ပါမည်လား ။

နိုင်ငံတော်အစိုးရက ဘာလို့ ကျောင်းဆရာတွေကျူရှင်မသင်ရဘူးလို့အမိန့်ထုတ်ရတာလည်း

ဤအမိန့်ထုတ်ပြန်ရခြင်းမှာလည်း ထိုလူပြိန်းကြိုက်မီဒီယာသမားများ၏ မစမှုသသည် အဓိက အခန်းမှပါဝင်လေသည် ။ထိုသူတို့သည် ဆရာတို့က ကျောင်းတွင်သေချာမသင် ၊ ကျူရှင်တွင်သာ သေချာသင်ကြသည် ၊ ကျူရှင်တက်သောကလေးကို အမှတ်ပိုပေးသည် ၊ မတက်သောခလေးကို အမှတ်လျော့သည် ၊ ထိုကြောင့် ထိုအသပြာဆရာများသည် မြန်မာ့ပညာရေးလောက ကိုအရုပ်ဆိုးအောင် လုပ်နေကြသူများဖြစ်နေသယောင်ယောင် ရေးသားကာ အမှားကိုထောက်ပြသလိုလိုနှင့် ဆရာနှင့်တပည့် ၊ ဆရာနှင့်မိဘအကြား ခလောက်ဆန်ကာ အမျိုးမျိုးရေးသားကြသည် ၊ ထိုသို့လုပ်သောနည်းဖြင့် သားသမီးများအား ကျုရှင်မထားနိုင်သူမိဘများ ၊ ထားနိုင်သော်လည်းမထားကြသူ မိဘများ ကဆရာများအပေါ် တဖြည်းဖြည်း အမြင် စောင်းလာသည် ကြာလာတော့ အထက်ဌာနများသို့ မကြာခဏဆိုသလို တိုင်ကြ တောကြ ဖြစ်လာသဖြင့် နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း ဆရာများကျူရှင်မသင်ရ ဟူသောအမိန့် ကိုထုတ်ပြန်ရသည်အထိ ဒုက္ခပေးခဲ့ကြသည် ။သို့သော်လည်း မိမိကလေးကို ထူးချွန်ထက်မြက်စေလိုသောမိဘများ၏ တောင်းဆိုမှုနှင့် ဆရာတို့၏၀င်ငွေမလောက်ငှမှု တို့ကြောင့် နောက်ဆုံးတွင် အနန္တဂိုဏ်းဝင် ဆရာများသည် မိမိတို့ ခင်မင်နီးစပ်ရာအိမ်များတွင် စာသင်သည့် အလုပ်ကိုပင် မူးယစ်ဆေးဝါးရောင်းဝယ်သကဲ့သို့ တိတ်တိတ်ပုန်း ခိုးလုပ်ရသော အဖြစ်သို့ ရောက်ရှိသွားလေတော့သည် ။

အထက်ပါဖြစ်ရပ်ကို ရိုးရိုးကလေးစဉ်းစားကြည့်လျင်ပင် အဖြေကရှင်းနေပါသည် စာတစ်ပုဒ်ကို ကျူရှင်မှာတစ်ခါသင် ကျောင်းမှာတစ်ခါသင် သောကလေးက ကျောင်းတွင် တစ်ခါသာသင်သောသူထက် ပို၍ တော်နေ ၊ ပို၍တတ်နေမည်မှာ ယေဘူယျ အမှန်တရားဖြစ်သည် ၊ ကျူရှင်သင်သောကလေးသည် အထက်တွင်ဆိုခဲ့သော ဆရာများနည်းတူ မနက် ၅ နာရီမှသည် ည ၁၀ နာရီကျော်ထိ သူတို့၏ ဘ၀ကို ပညာရေးတွင် မြှုတ်နှံထားရသည် ၊ ထိုသို့ပညာရေးကို အချိန်များစွာပေးထားသောကျောင်းသားကျောင်းသူ များသည် ၊ ကျောင်းသွားခါနီးမှအိပ်ယာထ အမေအဆင်သင့်လုပ်ထားသောထမင်းကိုစား ထမင်းချိုင့်ကိုဆွဲ ကျောင်းကိုသွား၊ ညနေကျောင်းဆင်းလျင် ဆော့ ၊ ညကြတော့မောပြီး အစောကြီးအိပ် သွားကြကုန်သော သူများထက် စာပေအရာတွင် အစစသာကြသည်မှာ ဘာများဆန်းပါသနည်း ၊ ထိုစာညံသောကျောင်းသား ကျောင်းသူများသည် လူငယ်သဘာဝ ညံ့သည်ဟု ၀န်မခံ ကြ ၊ အမေတို့ကသားတို့ကို ကျူရှင်မှမထားတာကိုး ...ကျူရှင်ထားရင်သားလဲတော်မှာပေါ့ ၊ ဆရာမက မေးခွန်းကို ကျူရှင်မှာသင်ထားတာနေမှပေါ့ စသောစကားများကို ခံတပ်သဖွယ်အသုံးပြုကာ မိဘတို့ကိုစိတ်ဆင်း ရဲအောင်လုပ်ရင်း မိမိတို့ အပြစ်ကို ဖုံးကွယ်ကြသည်မှာ ထိုစာညံ့ကြသူများ၏ လုပ်ရိုးလုပ်စဉ် အလုပ်မျိုးသာဖြစ်လေသည် ။ ထူးခြားချက်အနေဖြင့် တစ်ခါသင်ယုံမျှဖြင့်ပင် နှစ်ခါသင်ထားသူအချို့ထက် ပိုပြီးသိလွယ် တတ်လွယ်သော ကျောင်းသားမျိုးလဲရှိတတ်ပေရာ ဆရာတို့သည် ထိုကျောင်းသားမျိုးကို မိမိထံတွင်ကျုရှင်ယူသူများထက်ပင် ချီးမွမ်းခန်းထုတ်ကာ မိမိတို့ကျူရှင်သင်ရာနေရာ များသို့ ခေါ်ဆောင်သွားပြီး အခမဲ့သင်ကြားပေးရင်းမြေတောင်မြှောက်ပေး မှုကြောင့် အောင်မြင်ပေါက်မြောက်သွားကြသူများ မရေမတွက်နိုင်အောင်ပင် ရှိနေပြီဖြစ်ပါသည် ။ ဒီလို ရိုးရှင်းသော အဖြေမှန်တွေရှိနေပါလျှက် မိမိတို့သားသမီး ညံ့တိုင်း ဆရာများကို ပုံချ လက်ညိုးထိုးနေကြမည် ၊ အပြစ်ဆိုနေကြမည်ဆိုပါလျင် တရားနည်းလမ်း ကျနိုင်ပါမည်လား ဟုမေးစရာ ဖြစ်လာပါသည် ။



ဆုံးရှုံးမှုများစွာ

အထက်ပါဖြစ်စဉ်များကြောင့် မိဘများနှင့်ဆရာများကြား ကျောင်းသားများနှင့်ဆရာများကြား အခိုင်အမာတည်ရှိပြီးသား ဆက်ဆံရေးတွင် အက်ကြောင်းထင်လာပါသည် ။ နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်းဆရာများ ကျူရှင်မသင်ရဟု အမိန့်ထုတ်ပြန်လိုက်သဖြင့် ဥပဒေဘောင်အတွင်းနေထိုင်လိုသော အတွေ့အကြုံရှိ လုပ်သက်ရင့် ဆရာများ ဘ၀ရပ်တည်ရေးအတွက် မိမိတို့ချစ်ခင်လှစွာသော ကျောင်းစာသင်ခန်း များကို ကျောခိုင်း၍ အငြိမ်းစားယူကာ ပြင်ပစာသင်ခန်း များသို့ ရောက်သွားကုန်ကြပါသည် ၊ ယခင်ကအစိုးရစာသင်ကျောင်းများတွင် အခမဲ့ရနိုင်နေသော ဆရာတို့၏ သင်ကြားမှုကို ပြင်ပဘော်ဒါ စာသင်ခန်းများတွင် အခကြေးငွေများစွာပေးမှရနိုင်တော့သည့် အဖြစ်ကိုနေ့ချင်းညချင်း ရောက်သွားကြလေသည် ။ ဆရာများဘက် ၊ မိဘများဘက် ၊ ကျောင်းသားများဘက် စသည့်အဘက်ဘက်မှ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြပါသည် ။

ဤသို့ အဘက်ဘက်မှဆုံးရှုံးမှုများ ဖြစ်ပေါ်သွားခြင်းအပေါ်တွင် အသင် မီဒီယာလောကသားတို့ရော ပျော်နေနိုင်ပါ၏လော ၊ အောင်ပွဲရော ခံထိုက်ပါ၏လော ၊ ထိုသို့သူတပါးတို့ဆုံးရှုံးမှုအပေါ် မွေ့လျော်အာင်ပွဲခံနေကြသည့် အဖြစ်ကို အပြစ်ဟုဆိုပါလျင် ထိုအပြစ်တို့ ကို ပြင်ဆင်ရန်သည် အချိန်သည် နောက်ကျသည်ဟူ၍ ရှိမည်မထင်ပါကြောင်းတင်ပြအပ်ပါသည် ။

(ဆက်လက်ဖေါ်ပြပါမည်)

ဒေါက်တာဆိတ်ဖွားhttp://doctorsatephwar.blogspot.com/2011/07/blog-post_16.html#more

 


imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.comimagebam.comimagebam.com imagebam.com imagebam.com

Source: http://drchatgyi.blogspot.com/2011/07/blog-post_9453.html


(၂၀၁၁ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့ထုတ် ပြည်သူ့ ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွေ့အကြုံ ဖြစ်ပါတယ်။)
ဦးခက်ထိန်နန်ဟာ ကချင်ပြည်နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ပါတယ်။ ဒါတင်မက ဥပဒေကြမ်း ကော်မတီဝင် တစ်ဦလည်း ဖြစ်သလို ပြည်ခိုင်ဖြိုး ပါတီနဲ့ မဟာမိတ် ဖွဲ့ထားတဲ့ မြစ်ကြီးနား အခြေစိုက် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ၊ ကချင်ပြည်နယ် (စဒက) ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ လတ်တလော မြန်မာ့ တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေတို့ အကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ မြန်မာ အစိုးရဘက်က သွားရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ် အဖွဲ့မှာ ပါဝင် လိုက်ပါ သွားခဲ့သူလည်း ဖြစ်ပါတယ်။ ယခု အင်တာဗျူးမှာတော့ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ရရှိနိုင်ရေး ကိစ္စတွေကို မေးမြန်း တင်ပြထားပါတယ်။
မေး - လက်ရှိ မြန်မာ့ တပ်မတော်နဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကေအိုင်အေ ၊ ကေအိုင်အို ဆိုတာ ဘယ်တုန်းက ပေါ်ပေါက် လာလဲ၊ ဘယ်လို အဖွဲ့အစည်းမျိုးလည်း ရှင်းပြပေးပါလား။
ဖြေ - KIO (Kachin Independent Organization) ကချင် လွတ်မြောက်ရေး အဖွဲ့၊ KIA (Kachin Independent Army) ကချင် လွတ်လပ်ရေး တပ်မတော် ဆိုတာ ၁၉၆၁ ခုနှစ် ကတည်းက စရှိခဲ့တာ။ ဒီတစ်ခေါက် ပဋိပက္ခ ဖြစ်ရတာဟာ လူကြီးပိုင်းက ပုံမှန် အနေအထား ရှိနေတဲ့ အချိန် အောက်ခြေမှာ တစ်ယောက်နဲ့ တစ်ယောက် အထင်လွဲကြပြီး ပစ်ကြ ခတ်ကြရင်းနဲ့ ဖြစ်သွားတာ။ အရင်တုန်း ကတော့ သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး၊ ကိုယ့်ယုံကြည်ချက်၊ သူ့ယုံကြည်ချက်နဲ့ ပဋိက္ခ ဖြစ်ကြတာ။ အခုလို ပစ်တာ ခတ်တာဟာ အားလုံးကို ဒုက္ခ ဖြစ်စေတယ်၊ သေကြေ ပျက်စီးစေတယ်၊ အားလုံးလည်း အကျိုးမရှိဘူး ဆိုတာကို စစ်ပွဲဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာလာတော့ နှစ်ဖက်စလုံးက နားလည်ကြတယ်။ ကြားက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက ဦးဆောင်ပြီး ညှိနှိုင်းကြရင်းနဲ့ နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲပြီး ၁၉၉၄ မှာ ငြိမ်းချမ်းရေး ယူလိုက်ကြတာ။ အဲ့ဒီတုန်းကတော့ ဘုန်းတော်ကြီးတွေ ဖာသာကြီးတွေ သင်းအုပ် ဆရာကြီးတွေနဲ့ မြို့မိ မြို့ဖတွေက ဦးဆောင်ပြီး ဆောင်ရွက် ခဲ့ကြတာ။ ကချင် ပြည်နယ်ထဲမှာ စစချင်း တုန်းကတော့ KIO တစ်ဖွဲ့တည်းပဲ။ ဦးဆခုန်တိန့်ယိန်း ဦးဆောင်တဲ့ NDA (K) အဖွဲ့နဲ့ ရှမ်းပြည်နယ်ဘက်က ဦးမထုနော် အဖွဲ့ဆိုတာဟာ နဂိုမူလ ကေအိုင်အို ကနေ ကွဲထွက်လာတဲ့ အဖွဲ့တွေ။

မေး - ဒီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားခဲ့သူ ဆိုတော့ အဲဒီမှာ ဘာတွေများ ပြောဆိုခဲ့လဲ။
ဖြေ - ၁၉၆၁ ကစပြီး KIO, KIA ရှိလာကတည်းက ၁၉၉၄ အထိ နှစ်ပေါင်း ၃၀ ကျော် တောက်လျှောက် မြန်မာ့ တပ်မတော်နဲ့ စစ်ပွဲ ဖြစ်လာခဲ့တာ။ အဲ့ဒီတုန်းက ပြည်သူတွေက တစ်နေရာမှာ ဖြစ်ရင် တခြား တစ်နေရာကို ပြေးသွားလိုက်၊ နောက်တစ်နေရာ ဖြစ်ရင် တခြား တစ်နေရာကို ရှောင်သွား လိုက်နဲ့ပေါ့။ နှစ်ဖက်စလုံးက အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူပြီးတဲ့နောက် ဟိုအရင်တုန်းကနဲ့ ဘာမှ မဆိုင်တဲ့ အနေအထားမျိုး ရောက်လာတာ။ ၁၉၉၄ ကစပြီး အေးအေး ချမ်းချမ်း တည်တည် ငြိမ်ငြိမ် ဖြစ်သွားတာ။ ၁၉၉၄ မှာ တပ်မတော် အစိုးရက နေမယ့် ဧရိယာနဲ့ KIO က နေမယ့် ဧရိယာ ဆိုတာကို နှစ်ဦးနှစ်ဖက် သဘောတူပြီး နေရာလေးတွေ ခွဲထားတာကိုး။ အခုက အဲ့ဒီနေရာလေးတွေ ထိစပ်နေတော့ ဟိုဘက် ဝင်သွား လိုက် ဒီဘက် ဝင်သွားလိုက် လုပ်ရင်းကနေ သဘောထားလေးတွေ အထင်အမြင် လွဲမှားပြီး ပစ်ကြခတ်ကြ ဖြစ်သွားတာပေါ့။ အခု ပြည်သူတွေကလည်း ငြိမ်းငြိမ်း ချမ်းချမ်း နေချင်တယ်၊ ပြီးတော့ ပြည်သူတွေ ရွေးကောက်တဲ့ အစိုးရ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ သွားနေပြီး လွှတ်တော် အဆင့်ဆင့်လည်း ပေါ်ပေါက်နေပြီ ဆိုတော့ နိုင်ငံရေး အရ ဒါကို ဖြေရှင်းသွားရင် အဖြေကောင်း ရနိုင်တယ်။ ပစ်ကြ ခတ်ကြရင်းနဲ့ ဆိုရင်တော့ ပြည်သူပဲ ဒုက္ခရောက်မယ်။ ဘာမှ အဖြေမရနိုင်ဘူး။ ဒါ့ကြောင့် ပစ်ကြ ခတ်ကြတာကို နားပြီး နိုင်ငံရေး အရပဲ ဖြေရှင်းသွားဖို့ကို အဓိကထားပြီး ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ ကျွန်တော်က ပြောခဲ့တာပဲ။
မေး - လက်ရှိ ကေအိုင်အိုထဲက ခွဲထွက်ခဲ့တယ် ဆိုတဲ့ အဖွဲ့တွေရဲ့ အခြေအနေကရော ဘယ်လို ရှိပါသလဲ။
ဖြေ - KIO ထဲက ခွဲထွက်သွားတဲ့ ဦးစခုန်တိန့်ယိန်းလည်း နယ်ခြားစောင့်တပ်ကို လက်ခံပြီး လက်နက်နဲ့ ငြိမ်းချမ်းရေး ယူသွားပြီ၊ နောက်ပြီး ဦးမထုနော်လည်း ငြိမ်းချမ်းရေး ယူသွားပြီ။ နောက်ဆုံး ခွဲထွက်တဲ့ ဦးလဆန်အောင်ဝါ ပြည်သူ့စစ် အဖွဲ့ လည်း ငြိမ်းချမ်းရေး ယူသွားကြပြီ ဆိုတော့ ပင်မ KIO အဖွဲ့ပဲ ကျန်တော့တယ်။ ဒေသခံတွေကတော့ KIO အပေါ်မှာရော အခု ပြည်သူတွေ ရွေးတဲ့ အစိုးရ အဖွဲ့အပေါ်မှာရော နှစ်ဖက်စလုံး ထာဝရ ငြိမ်းချမ်းပြီးတော့ အားလုံး အတူတကွ လက်တွဲ ပြီး ကိုယ့်ဒေသ ကိုယ့်ပြည်နယ် ကျေးလက်ပါ မကျန် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ကြဖို့ အတွက် လိုလား နေကြတာပါ။ အခုစပြီး ဖြစ်ကာစမှာပဲ နှစ်ဖက်စလုံးက လူကြီးတွေက ငြိမ်းချမ်းရေးကို လိုလားတယ်။ နိုင်ငံရေး အရလည်း ဆွေးနွေးဖို့ သင့်တယ် ဆိုတာကို လူကြီးတွေက သူတို့ အတွေ့အကြုံ အရ ကနေ့ခေတ် အနေအထားအရ သဘောပေါက်ပြီး စဖြစ်ကာစမှာပဲ အပစ်အခတ်ကို ရပ်စဲအောင် နှစ်ဖက် ကြိုးစား လိုက်ကြတာပေါ့။ ရှေ့ဆက်ပြီး တည်တည် ငြိမ်ငြိမ် ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်ပြီး နောက်တစ်ဆင့်တွေမှာ ထပ်ပြီး ဆွေးနွေး သွားကြမယ်၊ လက်နက်နဲ့ အဖြေမရှာဘဲ နိုင်ငံရေးအရ အဖြေ ရှာသင့်တယ်၊ တစ်ဆင့်ပြီး တစ်ဆင့် ထပ်ဆွေးနွေး သွားသင့်တယ်လို့လည်း ထင်တယ်။
မေး - စစ်ပွဲတွေ ဖြစ်ခဲ့တုန်းက အခြေအနေကို ပြန်ပြောပြပေးပါလား။
ဖြေ - ဟိုးအရင် ဖြစ်တုန်းကတော့ မြို့က လူတွေ အပြင်ထွက်လို့ မရဘူး။ နယ်ကို သွားလို့ မရဘူး။ ကျေးလက်က လူတွေ မြို့လာလို့ မရဘူး။ KIA တွေ နေတဲ့ နေရာက လူတွေ ဒီဘက်ကို လာလို့ မရသလို ဒီဘက်က လူတွေလည်း ဟိုဘက်ကို သွားလို့ မရဘူး။ တွေ့တဲ့နေရာမှာ သူတို့လည်း တိုက်ကြခိုက်ကြ သေကြ ကျေကြ ရွာတွေ မီးလောင်ကြ ပြေးလိုက်လွှား လိုက်နဲ့ ပညာရေး ကျန်းမာရေးတွေက အစ အားလုံး ခက်ခဲပြီး လမ်းတံတားတွေ ကလည်း အားလုံး ပျက်စီး ကုန်တယ်လေ။ အခု စဖြစ်တာတောင် ဒုက္ခတွေ ဆင်းရဲမူတွေ ပျက်စီးမှုတွေ ဒီလောက်ဖြစ်ရင် ဟိုးလွန်ခဲ့တဲ့ အချိန်က နှစ် ၃၀ လောက် စစ်ဖြစ်ခဲ့တာကို စဉ်းစားကြည့်ရင် သိပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ကလည်း မြစ်ကြီးနားမြို့ကနေ ဟိုဘက်ကမ်းကို လည်း မသွားရဘူး။ ငြိမ်းချမ်းရေး ယူပြီးတော့ ညသန်းခေါင် အချိန် ဘယ်ကိုပဲ သွားသွား ဘယ်မြို့ပဲ သွားသွား နယ်စပ်ပဲ သွားသွား ဘယ်အချိန်ပဲ ထွက်ထွက် လွတ်လွတ် လပ်လပ် ဖြစ်သွားတာပေါ့။ အဲ့ဒါကတော့ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရ တန်ဖိုးပေါ့။ မြစ်ကြီးနားလည်း အများကြီး ဖွံ့ဖြိုးလာတယ်။ တိုးတက် လာတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေက အစ စီမံကိန်းကြီးတွေ မြောက်မြားစွာ ဖြစ်ပေါ်လာတဲ့ အချိန်မှာမှ တိုက်ကြ ခိုက်ကြမယ် အရင်လို အဖြစ်အပျက်မျိုး ပြန်ဖြစ်မယ် ဆိုရင်တော့ ပြည်သူတွေလည်း မလိုလားဘူး။ တကယ်တမ်း ဖြစ်ကြမယ် ဆိုရင် အစိုးရဘက်ကရော KIO ဘက်ကရော တကယ် စဉ်းစားတတ်တဲ့ လူတွေက မဖြစ်စေချင်ဘူး။ အခုက အရင်ခေတ်နဲ့လည်း မတူတော့ဘူးလေ။ အရင်ခေတ်က တော့ သူ့အခြေအနေ အရ တပ်တော်က ဦးဆောင်တာကိုး။ အခုက ပြည်သူတွေ ရွေးကောက်တဲ့ အစိုးရက ဦးဆောင်တယ် ဆိုတော့ ပြည်သူတွေကို ဦးစားပေးရမှာပေါ့။ အဲ့ဒါကြောင့် အခု အပစ်အခတ် ရပ်စဲပြီး ပါတီစုံ ဒီမိုကရေစီလည်း ဖြစ်လာပြီ ဆိုတော့ ဒါကို နိုင်ငံရေးနည်း အရ ဖြေရှင်း သွားမယ်လို့ ယုံကြည်တယ်။ ငြိမ်းချမ်းရေး ယူပြီးတော့ သူတို့လည်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ သူ့ဒေသ ကိုယ့်ဒေသနေရာ သတ်မှတ်ပြီး နေခဲ့ကြတယ်။ ဘိုးဘွား လက်ထက် ကတည်းက ဒီမြေမှာ နေထိုင်လာတဲ့ တိုင်းရင်းသား အချင်းချင်း ဖြစ်တဲ့ ကိစ္စဆိုတော့ ရန်ဖြစ်ကြတာ မောပြီ ဆိုတော့ သူ့နေရာ ကိုယ့်နေရာလေးမှာ အေးအေး ဆေးဆေး နေချင်ကြတယ်။
မေး - အခု တစ်ကြိမ် ပဋိပက္ခတွေ ပြန်ဖြစ်လာတော့ရော ဘယ်လို အကျိုးဆက်တွေ ရှိလာသလဲ။
ဖြေ - အခုလို ဖြစ်တယ်ဆိုတော့ သွားတာလာတာ လိုင်းကားက အစ အခက်အခဲ ဖြစ်သွားတယ်။ လူတွေကလည်း သွားတာ လာတာ အခက်အခဲ ဖြစ်တယ်။ စားကုန်သောက်ကုန်က အစ အလိုလိုနေရင်း သူ့ဟာနဲ့သူ ဈေးနှုန်းလေးတွေက တက်သွားတယ်။ လူတွေ ခရီးသွား တာလာတာ ခက်ခဲသွားတော့ ကုန်ပစ္စည်း တင်ပို့တာလည်း ခက်ခဲသွားတယ် ဆိုတော့ မြစ်ကြီးနား ဈေးထဲမှာ အရောင်း အဝယ်ကလည်း ပါးသွားတာပေါ့။ အဝတ်အထည်ဆိုင် အစား အသောက်ဆိုင်တွေမှာလည်း ပါးသွားတယ်။ ဒါတောင် ခဏလေး အဖြစ် အပျက်အတွင်းမှာ ဒီလောက် ဖြစ်သွားတာ ဆိုတော့ ရေရှည်မှာ ဆိုရင်တော့ စဉ်း စား ကြည့်တော့ပေါ့။ ဟိုးအရင်တုန်းက ဒုက္ခခံခဲ့ရတဲ့ လူတွေက အခု ပြန်ဖြစ်မယ် ဆိုတော့ လန့်ကုန်ကြတယ်။ လုံးဝကို မဖြစ်စေချင်ဘူး။ အခု လူတွေက တည်ငြိမ်တယ်။ ဖွံ့ဖြိုးတယ်၊ တိုးတက်တယ် ဆိုတာကို အတိုင်းအတာ တစ်ခု အထိ ခံစား သိရှိလာပြီ ဆိုတော့ ပြန်ပြီး ဖြစ်မှာကို ဘယ်သူမှ မလိုချင်ဘူး။ ဒီအစိုးရသစ် အနေနဲ့လည်း စစချင်း တိုက်ပွဲတွေကို ပြန်ပြီး ကိုင်တွယ်ရတယ် ဆိုတော့ လူကြီးတွေလည်း ဒါကို မဖြစ်စေချင်တဲ့ ဆန္ဒ အမှန်တကယ် ရှိမှာပဲ။ အဲ့ဒါကြောင့် အစိုးရနဲ့ KIO နဲ့ ဆွေးနွေးပွဲက အောင်မြင်မယ်လို့ ထင်ပါတယ်။ နှစ်ဖက်သော လူကြီးတွေကိုလည်း ယုံတယ်လေ။ ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး ရပြီးတဲ့နောက် အခုပြန်ပြီး တိုက်ကြ ခိုက်ကြဖို့ ဖြစ်လာတာမှာ တည်ငြိမ် အေးချမ်းရေး အတွက် ဆွေးနွေး ဆောင်ရွက်တာက အခု ပထမဦးဆုံးပဲ။
မေး - အခု ကိုယ်တိုင် သွားခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးခဲ့ပါသလဲ။
ဖြေ - ဆွေးနွေးပွဲမှာ နံပါတ် ၁က KIO ဘက်ကလည်း ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်တာကို လိုချင်တယ်။ နံပါတ် ၂ က ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်ဖို့အတွက် အပစ်အခတ် ရပ်စဲတာကို ခိုင်ခိုင်မာမာ ဖြစ်ချင်တယ်။ လွှတ်တော်မှာ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးသွားဖို့ KIO ဘက်ကလည်း အလေးအနက်ထားတယ်။ အားလုံးဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးချက် တွေပါပဲ။ ကျွန်တော်တို့ ဘက်တော့ အပစ်အခတ်ကို နားမယ်၊ ပြီးရင် KIO ကလည်း အရင်လို ဆက်ဆံရေးရုံးတွေ ပြန်ထိုင်မယ်။ ပြီးရင် နောက်တစ်ဆင့် ထပ်ဆွေးနွေးမယ်။ သူတို့ဘက်ကလည်း ပစ်တာ ခတ်တာ ရပ်နားတာကို ခိုင်ခိုင် မာမာ ဖြစ်ဖို့၊ လွှတ်တော်မှာ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးသွားဖို့ကို အလေးအနက် ထားတယ်။ စစချင်း တွေ့ဆုံတာ မှာတော့ တောင်းဆိုတာတွေ မပါသေးဘူး။ အတိုက်အခိုက်ကို ရပ်စဲပြီးမှ ဒုတိယအကြိမ် နောက်တစ်ဆင့် တက်ဆွေးနွေး တော့မှ တောင်းဆိုတာတွေ ပါလာမယ် ထင်တယ်။ ဒီဆွေးနွေးပွဲကတော့ အတိုက်အခိုက် ရပ်စဲပြီး ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်သွားပြီးရင် နောက်တစ်ကြိမ် ထပ်ဆွေးနွေးဖို့ကို အခြေခံထားတာပေါ့။ သူတို့ဘက် ကလည်း အစိုးရသစ်ကို အကောင်း မြင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘယ်လို ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့် နေကြဦးမှာပေါ့။ ပြည်သူတွေကလည်း ဒီလိုပဲပေါ့။ အခု ပြည်သူတွေ ရွေးတဲ့ အစိုးရ၊ ဒီမိုကရေစီနဲ့ သွားမယ့် ကျွန်တော်တို့ နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စဆွေးနွေးနေပြီလေ။ နောက် တစ်ဆင့်ပြီး တစ်ဆင့် နိုင်ငံရေးအရ ဆွေးနွေးသွားရင် ဒီစနစ်က အခု အစိုးရသစ်မှာ ပထမဦးဆုံး ဆောင်ရွက်တဲ့ ကျွန်တော်တို့ ပြည်နယ်ရဲ့ ကိစ္စထဲက တစ်ခု ဖြစ်တာပေါ့။
မေး - ကချင် ပြည်နယ်မှာ ငြိမ်းချမ်းရေးက ဘယ်လောက် အရေးကြီးပါသလဲ။
ဖြေ - ငြိမ်းချမ်းရေးကတော့ မရှိမဖြစ်ပဲ။ ငြိမ်းချမ်းရေး မရှိရင် ဘာအပင် စိုက်စိုက် ခက်ခဲတာပေါ့။ ငြိမ်းချမ်းရေး ရရှိပြီးမှပဲ အဲ့အပေါ်မှာ ပညာရေးလည်း ကောင်းနိုင်တယ်၊ ကျန်းမာရေးလည်း ကောင်းနိုင်တယ်၊ စီးပွားရေးလည်း ကောင်းနိုင်မယ်၊ အကုန်လုံးက အဲ့ဒီ ငြိမ်းချမ်းရေးကတော့ တစ်နိုင်ငံလုံး အတွက်ရော ကျွန်တော်တို့ ပြည်နယ် အတွက်ရော တည်ငြိမ် အေးချမ်းမှုက အရေးကြီးဆုံး ဖြစ်တယ်။ ဒီတည်ငြိမ် အေးချမ်းမှုက အမြဲတမ်း တည်တံ့ခိုင်မြဲမှပဲ ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ ပြည်နယ်လည်း သူများနဲ့ ရင်ပေါင်တန်းပြီး တိုးတက်နိုင်မယ်။ အပစ်အခတ် ရပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့နဲ့ နောက်တစ်ဆင့် ထပ်ဆွေးနွေးဖို့ ဆိုတာကိုတော့ နည်းနည်းလေးတော့ အချိန်ယူရဦးမယ်။ ဘာလို့ဆိုဒါက လူနှစ်ယောက် တည်း စကားများပြီး ရန်ဖြစ်ကြသလို ချက်ချင်းကြီး ဆွေးနွေးပြောင်းလဲနိုင်တာ မဟုတ်ဘူးလေ။ သမိုင်းနဲ့ ဖြစ်ပျက်လာ တာကို ဆွေးနွေးနိုင်ဖို့က တစ်ဆင့်ပြီး တစ်ဆင့်သွားရမှာ။

ဇင်မာဝင်း


အမေရိကန် နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်သည် ဟူသော အရှိန်ကို အခွင့်ကောင်းယူကာ ကမ္ဘာပေါ်တွင် စိတ်တိုင်းကျ ရပ်တည် လျက်ရှိပြီး အခြားနိုင်ငံများအား မိမိလောက်မှ အရေးမပါသော နိုင်ငံငယ်အဖြစ် နှိမ်ချ ဆက်ဆံခြင်းကို ဖြစ်ရပ်တစ်ခုက သက်သေ ပြလိုက်ပါသည်။ ဤသည်မှာ အမေရိကန် အောက်လွှတ်တော်မှ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ သက်တမ်းတိုးရန် အတည်ပြု လိုက်သည့် ကိစ္စရပ်ပင် ဖြစ်သည်။ အရေးယူ ပိတ်ဆို့မှုဟု ဆိုလျှင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံရေး ချိုးဖောက်မှု၊ အခြားနိုင်ငံများ အကြား ကြားဝင် ခလောက်ဆန်မှုများ ရှိခြင်းတို့ကြောင့် မဟုတ်။ တစ်ဖန် အမေရိကန် အနေဖြင့်ကလည်း အခြားနိုင်ငံအပေါ် အပြုသဘော ဆောင်ပြီး သမာသမတ် ကျစွာ ကြားဝင် ဆောင်ရွက်ခြင်း မဟုတ်သလို ၎င်းအား အရေးလုပ် ပူးပေါင်းလိုသူများ၏ စကားများကို နားထောင်ပြီး မြန်မာနိုင်ငံ အရေးကို အစ၊ အလယ်၊ အဆုံး သိနားလည်ခြင်း မရှိဘဲ ထင်ရာမြင်ရာ ဆောင်ရွက်ခြင်းပင် ဖြစ်သည်။
အမှန်စင်စစ် သားကောင်၏ အနံ့ရှိရာ နောက်သို့ ကောက်ကောက် ပါအောင် ပြေးလိုက်နေသော အမဲလိုက်ခွေး၏ လုပ်ဆောင်ချက် သည်ပင်လျှင် ပင်ကိုယ် အရည် အသွေးနှင့် ပြည့်စုံနေပေသည်။ သို့သော် အမေရိကန်မှာမူ မြန်မာနိုင်ငံ အကြောင်းကို ကိုယ်တိုင် အသေးစိတ် ရှင်းရှင်း လင်းလင်း စုံစမ်းကြည့်ခြင်း မရှိပါဘဲ နိုင်ငံသစ္စာဖောက် သွေးထိုး လောက်ကောင် များ၏ စကားကို ဆင်ခြင်တုံ တရားမရှိ လက်ခံကာ မြန်မာနိုင်ငံအား ရန်သူ တစ်ဦးသဖွယ် သတ်မှတ် ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အနေဖြင့် အမေရိကန်မှ လာရောက် လည်ပတ်သူများ အားလုံးကို အပြုသဘောဆောင်စွာ၊ လူကြီးလူကောင်း ပီသစွာ ကြိုဆို အသိအမှတ် ပြုပေးခဲ့ပါသည်။ ယင်းသို့ အသိအမှတ်ပြု ပေးခဲ့မှုများကို လျစ်လျူရှုပြီး ယခုကဲ့သို့ တစ်ဖက်သတ် အမြင်ဖြင့် ပိတ်ဆို့မှု ပြုလုပ် လိုက်ခြင်းသည် ဒီမိုကရေစီသို့ ရောက်ရှိရန် ဦးတည် ခြေလှမ်းနေသော မြန်မာနိုင်ငံ၏ လမ်းကြောင်းများကို ရပ်တန့်စေပါသည်။
အမေရိကန်သည် အခြား နိုင်ငံများအား ဒီမိုကရေစီ ရရှိရေးအတွက် အမျိုးမျိုး လှုံ့ဆော်တိုက်တွန်း တတ်သလို လက်တွေ့ ၎င်းတို့ လုပ်ဆောင် နေသည်များက ဒီမိုကရေစီ နည်းလမ်း ကျ/မကျကိုမူ စဉ်းစားဆင်ခြင် နိုင်စွမ်းမရှိပေ။ အာရပ် ကမ္ဘာရှိ အာဏာရှင် ပြုတ်ကျရေး ကိစ္စကိုမူ ထောက်ခံလျက် ရှိသော ထိပ်ဆုံးနိုင်ငံမှာ အမေရိကန် ဖြစ်ပြီး အခြားနိုင်ငံများ အကြား သူရဲကောင်း ဝင်လုပ်ကာ ကြားဝင်ဝေဖန်မှု ပေးပြီး ၎င်းနိုင်ငံများ အကြောင်း ဂဃဏန မသိပါဘဲ အရေးယူ ပိတ်ဆို့မှုဖြင့် ကိုင်တွယ် ချင်သည့် တစ်ခုတည်းသော နိုင်ငံမှာလည်း အမေရိကန်ပင် ဖြစ်သည်။ ထို့ကြောင့်လည်း ယင်းသို့ ၀င်ရောက် စွက်ဖက်ပါ များသောအခါ ကံကြမ္မာက မျက်နှာသာ မပေးတော့ဘဲ ကောင်းကောင်း ဝဋ်လည်ခဲ့မှု များလည်း ရှိပါသည်။ အမေရိကန်သည် ဆီးရီးယား အာဏာရှင်အား အရေး မပါတော့သော သူအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်သည့် အတွက် ဝဋ်လည်သည့် အနေဖြင့် ၎င်းသံရုံးမှာ ပြန်လည် အတိုက်ခံ ခဲ့ရသည့် ချွတ်ယွင်းချက်မျိုး ရှိခဲ့ဖူးပါသည်။ ထို့ကြောင့် အမေရိကန် အနေဖြင့် ကိုယ့်မျက်ချေးကို မမြင်ရှာဘဲ မူရင်း လုပ်ငန်းစဉ်အတိုင်း အရေးယူ ပိတ်ဆို့မှု၊ ကြားဝင် ခလောက်ဆန်မှု များကို ဆောင်ရွက်နေမည် ဆိုလျှင် အလှည့်ကျ မနွဲ့ရ ဟူသည့်အတိုင်း နောက်ပိုင်းတွင် မည်သည့် ဇာတ်သိမ်းခန်း မျိုးဖြင့် ဝဋ်လည်မည်ကို အများက ဖော်ထုတ်စဉ်းစား သုံးသပ်တတ်ရန် ယခုကဲ့သို့ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
ဖူးစုံထွေး


နှစ်ပေါင်း ၆ဝ ကျော် ကာလကပင် ချစ်ကြည် ရင်းနှီးခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ (The State Duma) ဒူးမား လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ် ကိုးဦး ပါဝင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ၂ဝ၁၁ ခုနှစ် ဇွန်လ၂၆ ရက် နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့နှင့် စိန့်ပီတာစ်ဘတ် မြို့များသို့ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ကြပါသည်။
ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ရှိရင်းစွဲ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမိုတိုးတက် ခိုင်မာစေရန်နှင့် နှစ်နိုင်ငံ လွှတ်တော်များ အကြား အပြန်အလှန် လေ့လာ၍ အမြင်ချင်း ဖလှယ်ရန်၊ ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် အသစ်ရေးဆွဲ ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ လွတ်လပ်၍ တရား မျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး လွှတ်တော် အဆင့်ဆင့် ပေါ်ပေါက်လာခဲ့မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို မှန်ကန်စွာ နားလည် သဘောပေါက်ပြီး ပါတီစုံ ဒီမိုကရေစီစနစ် အကောင်အထည် ဖော် ဆောင်ရွက်ရန် လွှတ်တော်များ ပေါ်ထွန်းလာမှုကို ဂုဏ်ပြုခဲ့သည့် နိုင်ငံများစာရင်းတွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံသည် လည်း မိတ်ဆွေနိုင်ငံ တစ်နိုင်ငံအနေဖြင့် ပါဝင်ခဲ့ပါသည်။ တစ်ချိန်တည်းလိုပင် နှစ်နိုင်ငံ လွှတ်တော်များ အကြား ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးကို ရှေးရှု၍ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား ရုရှားနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်ပြီး ပြည်ပသို့ ပထမအကြိမ် သွားရောက်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဖြစ်ရာ ပြည်သူ့လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ် ငါးဦး၊ အမျိုးသား လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ် လေးဦး ပါဝင်ကြပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဖြစ်ကြသော လွှတ်တော် ကော်မတီများတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ အဖြစ် တာဝန်ယူဆောင်ရွက် နေကြသူများ ဖြစ်ကြပါသည်။ ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးမှာ ကူးသန်းရောင်းဝယ်မှု၊ ကုန်သွယ်မှု ကဏ္ဍများတွင် အောင်မြင်နေသော စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြပါသည်။ လွှတ်တော်ကော်မတီ လုပ်ငန်းများ၊ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းများတွင် ကျွမ်းကျင်နှံ့စပ် သူများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့ ကိုယ်စားလှယ်အဖွဲ့ဖြစ်ရာ ချစ်ကြည်ရေး ခရီးသွားရောက်ရခြင်း၏ ရည်ရွယ်ချက် ပြည့်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်း ရှိကြသူများ ဖြစ်ကြပါသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံသည် နှစ်ကာလ ကြာမြင့်စွာကပင် အပြန်အလှန် နားလည် လေးစားမှုဖြင့် ချစ်ခင် ရင်းနှီးစွာ ဆက်ဆံ လာခဲ့ကြသည့် မိတ်ဆွေနိုင်ငံများ ဖြစ်ကြရာ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် သွားရောက် လေ့လာမှုများ ရှိခဲ့ပါသည်။ အဆင့်မြင့် နိုင်ငံ့ ခေါင်းဆောင်များ၏ ချစ်ကြည်ရေး ခရီးစဉ်များ အပါအဝင် နှစ်ပေါင်း (၄ဝ) ခန့်အတွင်း အကြိမ် (၃ဝ) ခန့်စီ အပြန်အလှန် လည်ပတ်မှုများ ရှိခဲ့ကြောင်း မှတ်တမ်းများ၌ တွေ့ရှိရပါသည်။
နှစ်နိုင်ငံ အကြား ချစ်ကြည်ရေး ခရီးများ အပြန်အလှန် သွားရောက် လည်ပတ်မှုတွင် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့များ လည်း အပါအဝင် ဖြစ်ပါသည်။ နောက်ဆုံး သွားရောက်ခဲ့သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ၁၉၇၅ ခုနှစ်က သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ရုရှားဒူးမား လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ၁၉၉၅ ခုနှစ်တွင် လည်းကောင်း၊ ရုရှား အထက်လွှတ်တော် (ဖက်ဒရေးရှင်း ကောင်စီ) ဒုတိယ ဥက္ကဋ္ဌသည် ၁၉၉၆ ခုနှစ်တွင် လည်းကောင်း မြန်မာနိုင်ငံသို့ လာရောက် ခဲ့ကြပါသည်။ နှစ်နိုင်ငံ လွှတ်တော်များ အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု၊ ဆက်သွယ်မှုကို ခေတ်သစ်၊ စနစ်သစ်နှင့် အညီ မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာသော လွှတ်တော် ကိုယ်စားပြု ပြည်သူ့ ကိုယ်စားလှယ်များ၏ ချစ်ကြည်ရေး ခရီးစဉ်ဖြင့် ထပ်လောင်း အားဖြည့် ပေးနိုင်ခဲ့ပါသည်။
ဆွေးနွေး၊ အမြင်ချင်းဖလှယ်မှု
၂ဝ၁၁ ခုနှစ် ဇွန်လ ၂ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် မော်စကိုမြို့ရှိ ဒူးမားလွှတ်တော်သို့ သွားရောက်၍ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ (H.E.Mr.Fryzlov) အား တွေ့ဆုံနှုတ်ဆက်ပြီး နှစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ် အဖွဲ့များအကြား ခင်မင်ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ဦးစွာ ဒူးမားလွှတ်တော် ဥက္ကဋ္ဌက ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ဒူးမားလွှတ်တော် ကိုယ်စား ၎င်း၏ ဖိတ်ကြားချက်ကို မဆိုင်းမတွ လက်ခံတုံ့ပြန်၍ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကိုယ်တိုင် ခေါင်းဆောင်ပြီး ချစ်ကြည်ရေး လာရောက်ခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုရပါကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်စွာ၊ အေးချမ်းစွာ စနစ်တကျ ကျင်းပနိုင်ခဲ့ပြီး ပထမအကြိမ် လွှတ်တော် အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံလွှတ်တော်များ အကြား အမြင်များ ဖလှယ်၍ ပူးပေါင်း ဆောင်ရွက်ရေးကို ရှေးရှုသည့် ခရီးစဉ်အဖြစ် ကြိုဆိုပါကြောင်း၊ သိရှိ ဆွေးနွေးလိုသည်များ အချိန်၊ နေရာမရွေး ဆွေးနွေးနိုင်ပါကြောင်း နွေးထွေးစွာ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း မိမိတို့ ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား၍ ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း ပြန်လည်ပြောကြား၍ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ချစ်ကြည်ရေးခရီး လာရောက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ပါသည်။ တစ်ချိန်တည်းတွင် အခွင့်အခါ သင့်ခိုက် မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ပြောင်းလဲ ဖြစ်ပေါ်မှု ဖြစ်စဉ်များကို မိတ်ဆွေများအား ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဒူးမား လွှတ်တော် ဥက္ကဋ္ဌက ၎င်းသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ လုံခြုံရေး ကောင်စီဝင် ဖြစ်သဖြင့် အစည်းအဝေးများတွင် မြန်မာ-ရုရှား ဆက်ဆံရေးကို အမြဲလိုပင် စောင့်ကြည့် သိရှိခွင့် ရရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ပြောင်းလဲ ဖြစ်ပေါ်မှုများ အတွက် ဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍ တိုးတက်အောင်မြင်မှု ရရှိစေရန် ဆန္ဒပြုပါကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ သေးငယ်သော်လည်း တိုးတက်မှုများ တွေ့ရှိနေရကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက်ရန် လိုအပ်သည်ဟု မြင်ပါကြောင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အရေးကြီးပါကြောင်း၊ ဘူမိဗေဒ လေ့လာရေး၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးနှင့် ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင် ပါကြောင်း၊ ဒူးမားလွှတ်တော် အနေဖြင့် ရုရှားဖက်ဒရေးရှင်း အစိုးရက နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်နိုင်ရန် တွန်းအားပေး ဆောင်ရွက်နိုင် ပါကြောင်း စသည်ဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကလည်း မြန်မာ-ရုရှား ကုန်သွယ်မှုမြှင့်တင်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးသည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ အဆွေတော်တို့ တာဝန်ယူစဉ် ပိုမိုတိုးတက်အောင် ကြိုးစား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ရေနံ သဘာဝဓာတ်ငွေ့၊ သတ္တုကဏ္ဍများတွင် စိတ်ဝင်စားမှု ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန် သီးနှံ၊ ရေထွက်ပစ္စည်း၊ သစ်တောထွက် ပစ္စည်း၊ ကျွန်းသစ် စသည်များ ရောင်းချပေးနိုင်ကြောင်း၊ ရော်ဘာစိမ်းနှင့် အထည်ချုပ် လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ ချက်ပြီးရေနံနှင့် ဓာတ်မြေသြဇာများ ဝယ်ယူ တင်သွင်းနိုင်ကြောင်း၊ ကမ္ဘာလှည့်ခရီ်းသွား လုပ်ငန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံသားများ စိတ်ဝင်စားမည့် သာယာလှပ သန့်ရှင်းသည့် ပင်လယ်ကမ်းခြေ အပန်းဖြေနေရာများ ရှိပါကြောင်း၊ ဖိတ်ခေါ် ကြိုဆိုပါကြောင်း၊ မိမိခရီးစဉ် အတွင်း ရုရှား ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း၏ ဖိတ်ကြားချက်များရှိ၍ တွေ့ဆုံဆွေးနွေး ရန်ရှိပါကြောင်း၊ ကိုယ်စားလှယ်အဖွဲ့တွင် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင်သဖြင့် ဆွေးနွေး နိုင်ပါကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွား၊ ပြည်သူများ၏ အကျိုး စီးပွားအတွက် နီးကပ်စွာ ပူးပေါင်း ဆက်သွယ် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အဆွေတော်တို့၏ အတွေ့အကြုံများကို ရယူ ဆောင်ရွက်နိုင်ပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ သိပံ္ပနှင့် နည်းပညာ ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်ရန် အတွေ့အကြုံများ ဖလှယ်နိုင်ပါကြောင်း၊ ယဉ်ကျေးမှုနှင့် အားကစား ကဏ္ဍတွင်လည်း ပူးပေါင်း ဆောင်ရွက်ရန် ရှိပါကြောင်း၊ အစိုးရ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြှင့်ရန် တိုက်တွန်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ဆွေးနွေး ပြောကြားချက်တွင် မြန်မာနိုင်ငံသည် ယခင်က ကျင့်သုံးခဲ့သော လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒကိုပင် ယခု အစိုးရသစ်က လက်ခံကျင့်သုံး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် မြန်မာ နိုင်ငံအရေးအတွက် ရုရှားဖက်ဒရေးရှင်း နိုင်ငံက မှန်ကန်စွာရပ်တည်ပေး သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကိစ္စများတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံက ဦးစီး ဦးဆောင်ပြု ဆောင်ရွက်နေမှုများ အတွက် ဂုဏ်ပြု ချီးကျူးလိုပါကြောင်း၊ မြန်မာနိုင်ငံက ကျင့်သုံးနေသော နိုင်ငံခြားရေး မူဝါဒ အရ မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာရေးရာ ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးတွင် ရိုးသားပွင့်လင်းစွာ ဆက်ဆံ ဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် နှစ်နိုင်ငံ လွှတ်တော်ရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ဒူးမားလွှတ်တော်(အောက်လွှတ်တော်)
ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၏ ဒူးမား လွှတ်တော်သည် ရုရှားဖက်ဒရယ် ညီလာခံ (Federal Assembly of Russia) တွင် ပါဝင်သော အောက်လွှတ်တော် ဖြစ်ပါသည်။ အထက်လွှတ်တော်ကို ရုရှားဖက်ဒရေးရှင်း ကောင်စီ (Fedration Council of Russia) ဟု ခေါ်ဝေါ်ပါသည်။ ဒူးမားလွှတ်တော်ကို ၁၉ဝ၆ ခုနှစ်က ပထမဆုံး ဖွဲ့စည်းခဲ့ပြီး ရုရှားနိုင်ငံ၏ ပထမဆုံး ရွေးကောက် တင်မြှောက် ခံရသည့် ပါလီမန် ဖြစ်ကြောင်း၊ ပထမ အကြိမ်မှ စတုတ္ထအကြိမ် အထိ ဒူးမားလွှတ်တော် အစည်း အဝေးများကို ၁၉ဝ၆ခုနှစ်မှ ၁၉၁၇ခုနှစ်အထိ ဖွဲ့စည်း ကျင်းပခဲ့ကြောင်း၊ ၁၉၁၇ ခုနှစ်တွင် ဇာဘုရင်ခေတ် ပြိုကွဲ ပျက်စီးခဲ့ ကြောင်း၊ နောက်ပိုင်းတွင် ပြည်ထောင်စု ဆိုဗီယက်နှင့် လူမျိုးစု ဆိုဗီယက်ခေါ် ဥပဒေပြု လွှတ်တော်နှစ်ရပ် ပါဝင်သော ဆူပရင်းဆိုဗီယက် (Superme Soviet) ကိုဖွဲ့စည်းခဲ့ရာ ဆိုဗီယက် ပြည်ထောင်စုတွင် အကြီးဆုံး အာဏာပိုင်အဖွဲ့၊ ဥပဒေပြုအဖွဲ့ ဖြစ်လာကြောင်း လေ့လာတွေ့ရှိရပါသည်။
၁၉၉၁ ခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးခဲ့ရာ သမ္မတ ဘောရစ်ရယ်ဆင်လက်ထက် ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ပေါ်ပေါက်ခဲ့ကြောင်း၊ ဆူပရင်းဆိုဗီယက်နေရာတွင် ယခင်က ပျောက်ကွယ်ခဲ့ရသည့် ဒူးမားလွှတ်တော်ကို ပဉ္စမအကြိမ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။ လက်ရှိဒူးမားလွှတ်တော်တွင် ရွေးကောက် တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ် (၄၅ဝ)ဦး ပါရှိပြီး (၅)နှစ် သက်တမ်းရှိပါသည်။ ရွေးကောက် တင်မြှောက်ခံရမှု အနေအထားမှာ မစ္စတာပူတင် ခေါင်းဆောင်သော (United Russia) ယူနိုက်တက်ရုရှားပါတီမှ (၃၁၅) နေရာ၊ ကွန်မြူနစ်ပါတီမှ (၅၇)နေရာ၊ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီမှ (၄ဝ)နေရာနှင့် (Fair Russia) ဖယ်ရားရုရှားပါတီ မှ (၃၈) နေရာ ဖြစ်ကြောင်း သိရှိရပါသည်။ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိ သူ ၁ဝ၉ သန်းအနက် သန်း ၇ဝ နီးပါးမဲပေးခဲ့ကြရာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၆၃ ဒသမ ၇၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရှိရပါသည်။ ရွေးကောက် တင်မြှောက်ပွဲတွင် (၁၁) ပါတီ ဝင်ရောက် ယှဉ်ပြိုင်ကြောင်း၊ ဆန္ဒမဲ ၇ ရာခိုင်နှုန်းအောက် ရရှိသော ပါတီများ ဆက်လက် ရပ်တည်ခွင့် မရှိဘဲ သင့်ရာပါတီသို့ ထည့်ပေါင်း ပေးရကြောင်း သိရှိရပါသည်။
ဒူးမားလွှတ်တော်တွင် ကော်မတီ (၃၂)ခု ဖွဲ့စည်းထားပြီး ဝန်ကြီးဌာနများ၏ လုပ်ငန်းများနှင့် ဆက်စပ်နေသော ကော်မတီ များ အပြင် လုပ်ငန်း ကော်မတီကဲ့သို့ သီးခြား လုပ်ငန်းဆိုင်ရာ ကော်မတီများလည်း ပါရှိပါသည်။ ဥပဒေပြုမှု၊ ဥပဒေများအား စိစစ်မှု၊ သက်ဆိုင်ရာကဏ္ဍ အလိုက် ဥပဒေကြမ်းပြုစုခြင်း၊ ဖြုတ်ပယ်၊ အစားထိုး၊ ပြင်ဆင်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများမှာ အဓိက ဖြစ်ကြောင်း သိရှိရပါသည်။
ဒူးမားလွှတ်တော်နှင့် ပတ်သက်၍ လေ့လာသိရှိရချက်များ အများအပြားရှိပါသည်။ မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ သည် ရသမျှ အချိန်တိုင်း ဆွေးနွေးလေ့လာ အမြင်ချင်း ဖလှယ်ရသည်မှာ ဒူးမားလွှတ် တော်တွင် ဆွေးနွေးချိန်သာမက လွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ နေ့လယ်စာစားပွဲတွင် အချိန်ထက်ဝက်မှာ ဆွေးနွေးခြင်းက အချိန်ယူခဲ့ပါသည်။ ၎င်းနေ့ လယ်စာစားပွဲသို့ မြန်မာ နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးလည်း တက်ရောက်ခဲ့ပြီး ပါဝင် ဆွေးနွေးခဲ့ပါသည်။
ရုရှားဖက်ဒရေးရှင်းကောင်စီ (အထက်လွှတ်တော်)
၂ဝ၁ဝ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ရုရှား ဖက်ဒရေးရှင်း ကောင်စီ (အထက်လွှတ်တော်)သို့ သွားရောက်ခဲ့ရာ အထက် လွှတ်တော် ဒုတိယဥက္ကဋ္ဌ (H.E.Mr.Shtyrov) မစ္စတာ ရှတီရောဗ်က ကြိုဆိုနှုတ်ဆက်ပြီး ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ (အထက် လွှတ်တော် ဥက္ကဋ္ဌ နေရာမှာ ယာယီ လစ်လပ်လျက် ရှိပါသည်။)
ရုရှား အထက်လွှတ်တော် ရုရှား ဖက်ဒရေးရှင်း ကောင်စီသည် ရုရှား ဖက်ဒရေးရှင်း ပါလီမန်ဖြစ်သော ရုရှားဖက်ဒရယ်ညီလာ ခံတွင် ဒူးမား လွှတ်တော်(အောက်လွှတ်တော်)နှင့် အတူပါဝင်သော အထက်လွှတ်တော် ဖြစ်ပါသည်။ ရုရှား တစ်နိုင်ငံလုံးကို ဖက်ဒရယ်ဒေသ (Federal Suvhect) (၈၃) ခု ခွဲခြားသတ်မှတ်ထားရာ ဖက်ဒရယ်ဒေသတစ်ခုစီမှ လွှတ်တော် ကိုယ်စား လှယ် (၂)ဦးစီ အညီအမျှ ရွေးချယ် တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ် (၁၆၆) ဦးဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ဖြစ်ပါသည်။ မြန်မာနိုင်ငံ အမျိုးသားလွှတ်တော်အား တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီမှ ကိုယ်စားလှယ် (၁၂) ဦးစီဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဖြစ်ပါသည်။
ရုရှား ဖက်ဒရေးရှင်း ကောင်စီသို့ အထက်လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်စေလွှတ်ရန် သတ်မှတ်ထားသည့် ဖက်ဒရယ် ဒေသ(၈၃) ခုမှာ ရီပတ်ဗလစ် (၂၁) ခု၊ အိုဗလပ် (၄၆) ခု၊ ကရိုင် (၉) ခု၊ ဖက်ဒရယ် မြို့တော် (၂) ခု (မော်စကိုနှင့် စိန့်ပီတာစ်ဘတ်)၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အိုကရပ် (၄) ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အိုဗလပ် (၁) ခုတို့ပါဝင် ပါသည်။ ဖက်ဒရယ် ဒေသများမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးစီ ရွေးချယ်ရာတွင် ဥပဒေပြုမှု အဖွဲ့အစည်းမှ တစ်ဦးနှင့် စီမံခန့်ခွဲမှု အဖွဲ့အစည်းမှ တစ်ဦးစီ ရွေးချယ် တင်မြှောက်ရန် သတ်မှတ်ထားကြောင်း သိရှိရပါသည်။
အထက်လွှတ်တော်တွင် ကော်မတီ (၁၆)ခုနှင့် ကော်မရှင် (၇)ခု ဖွဲ့စည်းထားပြီး အထက်လွှတ်တော်၏ လုပ်ငန်းတာဝန် အသွယ်သွယ်ကို အဆိုပါ ကော်မတီများနှင့် ကော်မရှင်များက ဆောင်ရွက်ရကြောင်း၊ အထက်လွှတ်တော်၏ လုပ်ငန်း တာဝန်များသည် အောက်လွှတ်တော် ဒူးမားကဲ့သို့ မများပြားကြောင်း၊ အောက်လွှတ်တော်ဒူးမားက အဆုံးအဖြတ်ပေး ရသည်က များပြားကြောင်း၊ အထက်လွှတ်တော်တွင် ပါတီကိုအခြေခံ၍ လှုပ်ရှားဆောင်ရွက်ခြင်း မပြုရန် သတ်မှတ်ထား ကြောင်း သိရှိရပါသည်။
မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း ကောင်စီ အထက် လွှတ်တော်၏ လုပ်ငန်းတာဝန် ဖွဲ့စည်းမှုများကို လေ့လာ ဆွေးနွေးရာ ဒူးမားလွှတ်တော်က သဘောတူထားသော ဥပဒေကြမ်း တစ်ခုကို အထက် လွှတ်တော်က သဘောမတူပါက အထက်၊ အောက်လွှတ်တော် နှစ်ရပ် ပူးပေါင်း ကော်မတီဖွဲ့၍ ဆွေးနွေးနိုင်ကြောင်း၊ လွှတ်တော် နှစ်ရပ်လုံးသို့ အသီးသီးတင်ပြ၍ မဲခွဲနိုင်ကြောင်း၊ အထက်လွှတ်တော်က သဘောတူညီချက် မပေးသည့် ဥပဒေကြမ်းကို အောက်လွှတ် တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက သဘောတူလျှင် အတည်ပြုနိုင်ကြောင်းကို လေ့လာ တွေ့ရှိရပါသည်။
စိန့်ပီတာစ်ဘတ်မြို့ ဒူးမားလွှတ်တော်
ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၏ ဖက်ဒရယ်ဒေသ တစ်ခုဖြစ်ပြီး မြို့တော်ဟောင်းလည်း ဖြစ်သည့် စိန့်ပီတာစ်ဘတ်မြို့သည် ခေတ်မီဖွံ့ဖြိုးသည့် စီးပွားရေး အချက်အချာမြို့လည်း ဖြစ်သည်။ အဆိုပါ စိန့်ပီတာစ်ဘတ်မြို့ ဒူးမား လွှတ်တော်သို့ မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ သွားရောက် လေ့လာခဲ့ ပါသည်။ စိန့်ပီတာစ်ဘတ်မြို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝဝ ကျော် (၁၇ဝ၃ ခုနှစ်)က ဇာဘုရင် ပီတာ-သ-ဂရိတ် အခြေပြု တည်ထောင်ခဲ့သော မြို့တော်ဖြစ်ပါသည်။ ဇာဘုရင်ခေတ် ကုန်ဆုံးပြီးချိန် ၁၉၁၇ ခုနှစ်လွန်မှ မြို့တော်ကို မော်စကိုသို့ ပြောင်းရွှေ့ခြင်း ဖြစ်ပါသည်။
စိန့်ပီတာစ်ဘတ်မြို့တော် ဒူးမားလွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.V.I.Tyulpanou က မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့အား ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ပြီး လွှတ်တော်များ အချင်းချင်း ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆွေးနွေးကြပါသည်။ အထူးသဖြင့် အဆင့်တူညီသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကဲ့သို့ အဖွဲ့ အစည်းမျိုးနှင့် ပိုမိုရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး အဆိုပြုချက်များ ပါဝင်ခဲ့ပါသည်။
စိန့်ပီတာစ်ဘတ်မြို့တော် ဒူးမားလွှတ်တော်တွင် မဲဆန္ဒနယ် ၅ဝ မှ ဒူးမားလွှတ်တော် ကိုယ်စားလှယ် (၅ဝ) ဦးပါဝင်ကြောင်း၊ မြို့တော်ဒေသတွင်း နယ်မြေ (၁၈) ခုတွင် ဒူးမားလွှတ်တော်ကိုယ်စားလှယ်များ၏ ရုံးခန်းများ ဖွင့်လှစ်ထားပြီး မဲဆန္ဒရှင် ပြည်သူများနှင့် အပတ်စဉ် ပုံမှန်တွေ့ဆုံခြင်း၊ ဆန္ဒရယူဆွေးနွေးခြင်း၊ တင်ပြချက်များကို ကြားနာခြင်းများ ပြုလုပ်ပြီး မြို့တော် ဒူးမားလွှတ်တော် အစည်းအဝေးများကို တင်ပြဆွေးနွေးသည့် အစဉ်အလာရှိကြောင်း လေ့လာမှတ်သားမိပါ သည်။ မိမိအားရွေးချယ် တင်မြှောက်လိုက်သည့် မဲဆန္ဒရှင်များနှင့် ပုံမှန်ထိတွေ့ဆောင်ရွက်မှုမှာ မှတ်သားဖွယ် ရာဖြစ်ပါ သည်။
ရုရှားနိုင်ငံ သမိုင်းတွင် အစဉ်အလာကြီးမားသော ဇာဘုရင်မင်းဆက်မှ ပီတာ-သ-ဂရိတ်ဘုရင်ကြီး ကက်သရင်း ဘုရင်မကြီး တို့ လက်ထက်က ဆောက်လုပ်ခဲ့သော နန်းတော်များ၊ အဆောက်အအုံများ၊ ပြတိုက်များဖြင့် ခမ်းနားထည်ဝါလှပစွာ တည်ရှိနေသော စိန့်ပီတာစ်ဘတ်မြို့တွင် ဥရောပတစ်ခွင်မှ ကမ္ဘာလှည့် ခရီးသွားများဖြင့် ပြည့်နေကြောင်း တွေ့ရှိရပါသည်။
စီးပွားကူးသန်း ကုန်သွယ်ရေးကိစ္စရပ်များ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အိမ်ရှင်နိုင်ငံ၏ အစီအစဉ်တွင် ပါရှိသည့်အတိုင်း နှစ်နိုင်ငံ စီးပွားကူးသန်း ကုန်သွယ်ရေး ကိစ္စရပ်များကိုလည်း ခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ မော်စကိုမြို့တွင် ရှိစဉ် ရုရှားကုန်သည်ကြီးများ အသင်းသို့ သွားရောက် ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံနှင့် ဆက်သွယ် ဆောင်ရွက်နေသော ရုရှား လုပ်ငန်းရှင် များလည်း တက်ရောက်ခဲ့ပါသည်။ မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးမှာ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ ဖြစ်ရာ ရုရှားဘက်မှ သိလို ဆွေးနွေးလိုသည်များကို ဆွေးနွေးနိုင်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးရာတွင် နှစ်နိုင်ငံ လေယာဉ်ခရီးစဉ် တိုက်ရိုက် ပျံသန်းမှု၊ ကမ္ဘာလှည့် ခရီးသည်များအတွက် ခရီးစဉ်များ ဖော်ထုတ်စီစဉ်မှု၊ သတ္တုကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရောင်းဝယ်မှု၊ လယ်ယာ ထွက်သီးနှံနှင့် သစ်တောထွက် ပစ္စည်းများ တင်ပို့ရေး၊ ရေထွက် ပစ္စည်းများတင်ပို့ရေး၊ အထည်ချုပ် လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု အစရှိသဖြင့် ကဏ္ဍပေါင်း စုံလင်ပါသည်။ အလားတူပင် ရုရှား လုပ်ငန်းရှင်အချို့က လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် သီးခြားချိန်းဆို ဆွေးနွေးမှုများလည်း ရှိပါသည်။ စိန့်ပီတာစ်ဘတ်မြို့တွင် ရုရှားစီးပွားရေး လုပ်ငန်းရှင်များက နီဗာမြစ်အတွင်း သင်္ဘောဖြင့် လှည့်လည်ပြသ ဆွေးနွေးရင်း ညစာအတူ သုံးဆောင်၍ စီးပွားကုန်သွယ်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပမာဏ မြှင့်တင်ရေးအတွက် အလားအလာကောင်းများ တွေ့ရှိရပါသည်။ ဖြေရှင်းပေးရမည့် အခက်အခဲများကိုလည်း ဖော်ထုတ် ဆွေးနွေးနိုင်ခဲ့ ပါသည်။ အထူးသဖြင့် ရုရှား နိုင်ငံသားများအကြား ခေတ်စားနေသော ကမ္ဘာလှည့် ခရီးသွားလာမှုတွင် ၎င်းတို့ စိတ်ဝင်စားသည့် ပင်လယ်ကမ်းခြေ အပန်းဖြေမှုအတွက် အလားအလာကောင်းများ၊ အခြေခံ အဆောက်အအုံများ အတန်အသင့် ရှိနေသော မြန်မာနိုင်ငံက ဆွဲဆောင်နိုင်ရေး ကြိုးပမ်းသင့်ကြောင်း နှစ်ဦးနှစ်ဖက် သဘောရရှိကြ ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ခေါင်းဆောင်သည့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့၏ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်သည် ရှိရင်းစွဲ မြန်မာ-ရုရှား ချစ်ကြည်ရေးကို တိုးမြှင့် အားဖြည့် ပေးနိုင်ခဲ့သည် သာမက ယခင်ကပင် အဆက်အသွယ်ရှိခဲ့သော နှစ်နိုင်ငံလွှတ်တော်များ အကြား အပြန်အလှန် ဆက်သွယ်မှု၊ အတွေ့အကြုံ အမြင်များ ဖလှယ်မှုကို ဖော်ဆောင် ပေးနိုင်ခဲ့ပါသည်။ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင် ရေးဟူသည့် နိုင်ငံတော်၏ အာဏာ ခက်မသုံးဖြာကို ဟန်ချက်ညီညီ၊ အပေးအယူ မျှတ၊ ညီညွတ်စွာ ကျင့်သုံးနေသော အတွေ့အကြုံမှာလည်း တန်ဖိုးရှိလှပါသည်။ ထို့အပြင် လွှတ်တော်များရှိ ပြည်သူ ကိုယ်စားလှယ်များ ထမ်းဆောင်နေရသည့် လုပ်ငန်းတာဝန်များ၊ မဲဆန္ဒရှင် ပြည်သူများ အပေါ် ပြည်သူ ကိုယ်စားလှယ်များက ထိတွေ့ဆက်ဆံ၊ တာဝန်ယူရမှု၊ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှု စသည်များကို လေ့လာခွင့် ရရှိခဲ့ပါသည်။ လွှတ်တော် လုပ်ငန်းများတွင် အဓိကကျသော လွှတ်တော် ကော်မတီများနှင့် လွှတ်တော် ရုံးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက် နေမှုများကိုလည်း လေ့လာခွင့် ရရှိခဲ့ပါသည်။ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို၍ခိုင်မာ စေသော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမို တိုးမြှင့်ရေးအတွက် အလားအလာများကိုလည်း ဆွေးနွေးနိုင်ခဲ့ရာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
(၂၀၁၁ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၈) မှ ဆောင်းပါးရှင် မောင်သံငြိမ်း၏ ဆောင်းပါးအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)


ဒေါ်စုကြည်တစ်ယောက် အကျယ်ချုပ်ကလွတ်လာတာ (၈) လ တင်းတင်းပြည့်ခဲ့ပါပြီ။ ကာရာအိုကေပြိုင်ပွဲတက်လိုက်၊ ဓာတ်ပုံပြပွဲတက်လိုက်၊ ဈေးရောင်းပွဲသွားလိုက် နဲ့ပဲ ရက်ပေါင်း ၂၀၀ ကျော်ကို မြန်မာပြည်သူတစ်ဦးတစ်ယောက်မှ အကျိုးမရှိစွာဖြင့်ပဲ အံ့သြောဖွယ် အသုံးချလိုက်ပါတယ်။

အစိုးရအဖွဲ့ကတော့ လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပင်စင်လစာ တိုးမြင့်ရေးအပါအဝင် မြန်မာပြည်သူပေါင်းများစွာရဲ့ အခြား မျှော်လင့်ချက်ရောင်ခြည်များကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။

သို့သော်လည်းပဲ လူပြောမသန် လူသန်မပြောဆိုသည့်အတိုင်း ဒေါ်စုကြည်က "ရက်(၁၀၀) ဆိုတာ သိပ်ကြာလှတဲ့ ကာလ မဟုတ်ပေမည့် တကယ် လုပ်ချင်ရင်တော့ သိသာအောင်လို့ လုပ်နိုင်တာတွေ ရှိပါတယ်" လို့တောင် သူခိုးက လူပြန်ဟစ်ပြနေပါသေးတယ်။

လူထုခေါင်းဆောင် ဆိုသူကြီးကို ပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော်လည်း မေးပါရစေ

၁။ ဒေါ်စုကြည်ကရော ရက် (၂၀၀) ကျော် မှာ ဘာတွေ သိသောအောင် လုပ်နိုင်ခဲ့ပါလဲ??

၂။ ဒေါ်စုကြည်ရဲ့ "မဲထည့်စရာ NLD ပါတီမရှိရင် မထည့်နဲ့ပေါ့" ဆိုတဲ့စကားကြောင့် မဲမထည့်လိုက်တဲ့သူတွေအတွက် (၈) လကြာနေပြီ ဘာတွေ ပြန်လုပ်ပေးခဲ့ပါလဲ??

၃။ အခြေခံဥပဒေကို ကြက်ခြေခတ်ခဲ့တဲ့လူတွေအတွက် (၈) လ အတွင်းမှာ ဘာတွေ လုပ်ပေးခဲ့ပြီးပါပြီလဲ??

၎။ ဒုတိယပင်လုံညီလာခံဆိုလို့ လိုက်ပြီး ညီလာခံလိုက်ကြရသူတွေအတွက် ရက်ပေါင်း (၂၀၀) ကြာချိန်ထိ ညီလာခံဘယ်အဆင့်ထိ ပြီးအောင် ဘာတွေလုပ်ပေးခဲ့ပြီးပါပြီလဲ??

၅။ ဒေါ်အောင်ဆန်းစုကြည်က Burma ဆိုလို့ Myanmar လို့တောင်မပြောနိုင်တော့ပဲ Burma လို့ အော်နေကြသူတွေအတွက် ဘာတွေရပ်တည်ပေးခဲ့ပါသလဲ??

၆။ ပြည်ပကနေ အန်တီစု လုပ်သမျှ အကုန်မှန်တယ် ဆိုပြီး မျက်စိစုံမိတ်ထောက်ခံနေကြတဲ့ ပညာမဲ့ အစွန်းရောက်တွေအတွက် ဘာအာမခံချက်တစ်ခုရအောင် (၈) လ အတွင်းမှာ ဘာတွေ လုပ်ပေးပြီးပြီလဲ??

၇။ အစိုးရဝန်ထမ်းပင်စင်စား သက်ကြီးတွေ အတွက် ရက် (၁၀၀) အတွင်းမှာ အစိုးရက ပင်စင်လစာတိုးပေးခဲ့ပေမယ့် ကမ္ဘာ့အသက်အကြီးဆုံးအဘိုးကြီးများ စုဝေးရာ NLD က အဘိုးကြီးတွေအတွက် နောက်ဆံမတင်းရအောင် ရက် (၂၀၀) အတွင်းမှာ ဘာတွေ စီမံပေးပြီးပြီလဲ??


အဘတို့ကိုလည်း တိုးပေးပါအုံး၊
ပင်စင်မတိုးချင်နေပါ အသက်လေး တိုးပေးပါအုံး သိပ်မကျန်တော့လို့


၈။ ဝီကီလိခ်က NLD နဲ့ အဖိုးကြီးတွေ ကို ဝေဖန်ထားတာကို သူတို့ဖက်က ဘယ်လိုများရပ်တည်ပြီး ဘာတွေများ တုန့်ပြန် ပြောခဲ့လို့လဲ??


၉။ ဈေးရာင်းဆိုလို့ ရောင်းခဲ့ရသူတွေ၊ ခွေးကျောင်းဆိုလို့ ကျောင်းခဲ့ရသူတွေနဲ့ ကင်မ်အဲရစ်ကို ဝိုင်းကြီးပက်ပက်လုပ်ပြီး လက်ဆန့်ကာကွယ်ခဲ့ရသူတွေအတွက် အနာဂါတ် ခိုင်မာအောင် ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ??

ဈေးရောင်းရင်းဖြင့် ဒီမိုကရေစီနိုင်ငံကြီး ထူထောင်ကြပါစို့


NLD ပါတီဝင်တို့၏ ခွေးကျောင်းခြင်းပညာဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ကြပါစို့


လက်တွဲညီညီ ကမ်င်အဲရစ်စီ
(အဲ..မှားလို့) ဒီမိုကရေစီ


၁၀။ နယ်စပ်ဒေသက တိုက်ပွဲတွေအတွက် ငြိမ်းချမ်းအောင် ဘာတွေလုပ်နိုင်ခဲ့လို့လဲ??

၁၁။ ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ်ရေးပြေလည်ပါတယ် ဆိုတဲ့ ဒေါ်စုကြည်အနေနဲ့ ပြည်ပမှာ ကျောင်းတတ် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် (၈) လ အတွင်းမှာ ဘာတွေ အခွင့်အရေးပိုရအောင် လုပ်ပေးပြီးပြီလဲ??

၁၂။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံစဉ်က လွတ်မြောက်ဖို့ ပိုက်ဆံပျက်တိုင်း ဆန္ဒပြခဲ့ရသူတွေအတွက် လွတ်ပြီး (၈) လ အတွင်းမှာ ဘာတွေပြန်လုပ်ပေးပြီးပြီလဲ?? ဒေါ်အောင်ဆန်းစုကြည် ပါတဲ့အိကျီကိုဝတ်ပြီး တီဗွီကို ကုန်းနန်းခဲ့ရသူတွေအတွက် ဘာမျှော်လင့်ချက်တွေ ပေးနိုင်ခဲ့ပြီးပြီလဲ??

လွတ်ရင်တော့ ထူးမှာသေချာတယ် အခွင့်အရေးပိုရအောင် အိုဗာတင်းလိုက်အုံးမှ

၁၃။ ဒေါ်အောင်ဆန်းစုကြည်ပုံကို ဘုရားဘေးမှာထားပြီး ထိခြင်းငါးပါးနဲ့ ဦးချခဲ့ကြရတဲ့ ဘုန်းကြီးတွေအတွက် ရက်ပေါင်း (၂၀၀) ကျော်အတွင်းမှာ ဘာများ လုပ်ပေးခဲ့ပြီးပြီးလဲ??



၁၄။ NLD LA မလေးရှားရဲ့ ကဒ်အတုလုပ်တာတွေ၊ အချင်းချင်းဂုတ်သွေးစုတ်တာတွေ၊ ဖျက်သိမ်းဖို့ တောင်းဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာတွေများ ပြေလည်အောင် ဖြေရှင်းပေးခဲ့လို့လဲ??

၁၅။ ဒေါ်စုကြည်ရဲ့ ပါတီမှတ်ပုံမတင်ခိုင်းလို့ မှတ်ပုံမတင်လိုက်ရတဲ့ NLD ပါတီ အတွက် မပျက်အောင် ဘာတွေလုပ်နိုင်ခဲ့လို့လဲ?? ပါတီကို ကယ်ဖို့နေနေသာသာ ကိုယ်တိုင်တောင် သတိပေးခံရလို့ မေတ္တာရပ်ခံနေရပြီမဟုတ်လား??

ကိုယ့်မျက်ချေးကိုယ် မြင်အောင်ကြည့်တတ်ဖို့လိုပြီ

လက်ငါးချောင်း ထောင်ထားပါတယ်။ ၅ နှစ်ကြာရင်တော့ ထူးခြားပါမယ်ရှင်။

http://myanmarexpress.blogspot.com/2011/07/blog-post_8621.html




www.nyinaymin.org ဆိုဒ်ကို နည်းပညာလေ့လာနေကြတဲ့ လူတိုင်း သိကြမယ်လို့မိုးထင်ပါတယ်။ အဲဆိုဒ်မှာ နည်းပညာနဲ့ပတ်သက်တာတွေ တော်တော်များများတင်ထားပါတယ်။ softwareတွေလဲစုံပါတယ်။ မိမိလိုချင်တဲ့ software ဒါမှမဟုတ် နားမလည်တာရှိရင်လဲ အချိန်မရွေးမေးလို့ရတဲ့ ဆိုဒ်ပါ။ ကိုညီနေမင်းက သူတတ်ထားတဲ့ပညာတွေကို မြန်မာလူငယ်တွေ နည်းပညာတိုးတက်စေချင်တဲ့ စေတနာတစ်ခုထဲနဲ့ အချိန်ကုန်၊ လူပင်ပန်းခံပြီး ထောင်ထားတဲ့ဆိုဒ်ပါ။ ဒီဆိုဒ်ကို Blink Hucker Group မှ ဖျက်ဆီးလိုက်ပြီလေ။

ဘာကြောင့်လဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး တိုးတက်စေချင်တဲ့ စေတာနာကို မိုးတို့က ဆိုဒ်ရေးသူကို ကျေးဇူးတောင်တင်ရအုံးမယ်။ မိုးတို့က မြန်မာလူမျိုးတွေလို့တောင်ပြောရမှာရှက်လာတယ်။ အများအတွက်ကိုယ်မလုပ်ပေးနိုင်ရင်တောင်မှ သူများလုပ်ပေးတာကို ပီတိဖြစ်ရမှာမဟုတ်ဘူးလား။ မိုးတို့လဲလိုအပ်တဲ့software ရှိရင် အဲဆိုဒ်ကနေပဲ download လုပ်တာပါ။
ဘာကြောင့်ဖျက်ဆီးပစ်ရတာလဲ။ ဘာကြောင့်လဲ။ ဒီစာကို Blink Hucker Group မှတစ်စုံတစ်ယောက် ဖတ်မိခဲ့သည်ရှိသော်။ ဆိုဒ်ကို အရင်အတိုင်း ပြန်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ Blink Hucker Group ကိုမိုးမစော်ကားဘူးနော်။ ဒါပေမယ့် မိမိတတ်တဲ့ပညာကို ကောင်းတဲ့လမ်းကနေအသုံးချပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကောင်းစားဖို့ အတွက် လမ်းမှန်ကိုလျှောက်စေချင်ပါတယ်ရှင်။

မိုးပြောတာတစ်စုံတစ်ရာမှားယွင်းခဲ့ရင်လဲတောင်းပန်ပါတယ်။ ဒီစာကိုဖတ်မိတဲ့သူငယ်ချင်းများလဲ အခြားဆိုဒ်များသို့ တင်ပေးစေချင်ပါတယ်နော်။ မိုးတို့ www.nyinaymin.org ကိုပြန်လည်ရရှိအောင် စုပေါင်းပြီး ကြိုးစားကြရအောင်နော်။
Blink Hucker Group အဖွဲ့ဝင်များလဲ ပညာတွေဒီထက်မကတိုးတက်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းနိုင်ပါစေနော်။


မိုး
http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A307842&xgs=1&xg_source=msg_share_post


Tawwat Wat
Tawwat Wat ဘယ်တပ်ကလဲ

Moethee Zun
Moethee Zun ခလရ ၃၆ ပေါ့

Tawwat Wat
Tawwat Wat ရန်ကုန်ကလား
ဦးနေ၀င်းတပ်ကလား

Moethee Zun
Moethee Zun ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတော့ ကိုယ်အဖေက တပ်ကြပ်ဖြစ်နေပြီ။

Tawwat Wat
Tawwat Wat ကိုသန်းဝင်းတို့ြေ့ပာတာက ဘီအီးကလို့ ဆိုတယ်

Moethee Zun
Moethee Zun ဆောက်ရူးတွေပြောတာ

Tawwat Wat
Tawwat Wat ဟား

Moethee Zun
Moethee Zun သူအဖေမပြောနဲ့ သူအဖေ ပထွေးတောင်စစ်ထဲမရောက်သေးဘူး။

Tawwat Wat
Tawwat Wat စိတ်မတိုနဲ့အုံး

Moethee Zun
Moethee Zun ကိုယ်အဖေစစ်ထဲတုံးက.... ခွေးသူတောင်းစားတွေနာမည်ကြားရင်တော့တို သကွ။

Tawwat Wat
Monday
Tawwat Wat ထားပါဗျာ
ကိုယ်က ခေါင်းဆောင်ပဲဟာ

Moethee Zun
Moethee Zun ဒို့ အဖေစစ်ထဲက ဂျပန်ကို ချတော့ စောမောင်တောင်စစ်ထဲမရောက်သေးဘူး လေ

Tawwat Wat
Tawwat Wat တိုရင် ကိုယ်ပဲ ခံရတယ်.

Tawwat Wat
Tawwat Wat အော်
ဒီလိုလား
ဒါ့ကြောင့် ကိုမိုးသီးက စွာတာကိုး။

Moethee Zun
Moethee Zun ဒို အဖေရဲ့ တပ်ရင်းမှုးတွေက ဗိုလ်မှုး မြလှိုင်
ဗိုလ်မှုး - တင်ဝင်းညို
( မြနောင်းညိုအဖေ)
မစွာပါဘူးကွာ

Tawwat Wat
Tawwat Wat ကျနော်တော့ ကိုမိုးသီးကို သဘောကြပါတယ်

Moethee Zun
Moethee Zun ဒို့ ဖါးသားကြီးကသူရဲကောင်းဆုရဘူးတယ်
သူကို ဦးနေ၀င်းကိုယ်တိုင် ဆုချထားတာ။

Tawwat Wat
Tawwat Wat ဘာသူရဲကောင်းလဲ

Moethee Zun
Moethee Zun ဒီတုံးက ဦးနေ၀င်းက ဘီအိုင်အေမှာ
စစ်ရုံးချုပ် -ရုံးအဖွဲ့ မှုးပေါ့
ဗိုလ်မှုးကြီးနေ၀င်း ဆိုပြီး မှတ်တမ်းမှာလက်မှတ်ထိုးထားသကွ။

Tawwat Wat
Tawwat Wat အဖိုးကြီး စစ်တိုက်ကျွမ်းတယ်ပေါ့။

Moethee Zun
Moethee Zun ကျွမ်းတယ်
သူဒါပဲသိတယ်
စစ်ထဲက ထွက်တော့ ၆၄ နစ်မှာ
စစ်မှုထမ်း သက် ၂၂- နှစ်ကျော်တယ်

Tawwat Wat
Tawwat Wat ကောင်းတယ်
ထွက်တာ ကြာပီလား

Moethee Zun
Moethee Zun ၆၄ ခုနစ်ထဲက ထွက်တာလေ

Tawwat Wat
Tawwat Wat အာ
ကျနော်တောင် မမွေးသေးဘူး

Moethee Zun
Moethee Zun အေး

Tawwat Wat
Tawwat Wat ကိုမိုးသီးက အကြီးဆုံးလားဗျ

Moethee Zun
Moethee Zun ကိုယ်တောင် ၂ နစ်လား ၃ နစ်လားရှိသေးတာ
ဒို့ အထက်မှာ ၄ ယောက်ရှိတယ်

Tawwat Wat
Tawwat Wat ဒါဆိုရင်
အငယ်ဆုံးပေါ့

Moethee Zun
Moethee Zun အောက်မှာလဲ ၂- ယောက်

Tawwat Wat
Tawwat Wat အားပါး

Moethee Zun
Moethee Zun အဖိုးကြီး တော်တော်ဆော်ပုံ ရတယ်။

Tawwat Wat
Tawwat Wat တကယ်များပါလား
ဟား

Moethee Zun
Moethee Zun ငတုတ်ကြီးပဲ ထင်ပါတယ်။

Tawwat Wat
Tawwat Wat မောင်နှစ်မတွေ ဘာတွေလုပ်နေလဲ။

Moethee Zun
Moethee Zun ခုတော့သေရှာပြီ။
အေဘီ နှစ်ဖွဲ့ ကွဲတဲ့နေကသေတာ။
သေတော့ငယ်သေးသကွ။

Tawwat Wat
Tawwat Wat အေဘီကွဲတာနဲ့ သူသေတာ ဘာဆိုင်လို့လဲ

Moethee Zun
Moethee Zun ၆၆ နစ် ပဲရှိသေးတယ်
သူဘာသာသူသေတာပါ။ တိုက်ဆိုင်မှုပါ။
သူက အသက်မပြည့်သေးပဲ ဘီအိုင်အေထဲကိုဝင်ခဲ့တာ
ကလေးစစ်သား အစ မိုးသီး အဖိုးကြီးက လို့ ပြောလို့ ရသပေါ့။

Tawwat Wat
Tawwat Wat ဟား
ကိုမိုးသီးလဲ လူပြောင်ပဲ
ပေါက်ကရပြောတယ်

Moethee Zun
Moethee Zun ဗိုလ်ချုပ်ပါအမှုပတ် မှာစိုးလို့  ငြိမ်နေတာ
၁၅ နစ်လောက်နဲ့ ဝင်တာတဲ့။
ငကြွ တွေထင်ပါတယ်။
ဖျာပုံသားလေ
သူတို့ ဖျာပုံသား ဗိုလ်လက်ယာ လူကြီးဖြစ်လို့  သူတို့ လဲ အားကျပြီးဝင်တာ။

Tawwat Wat
Tawwat Wat အော်
ဒုက္ခ

Moethee Zun
Moethee Zun မျိုးချစ်စိတ်တွေဘာတွေ ရှိလို့ မဟုတ်ပါဘူး။
ဘော်ဒါကဏ တွေထင်ပါတယ်။

Tawwat Wat
Tawwat Wat ဖြစ်မယ်

Tawwat Wat
Tawwat Wat ဟဲ

Moethee Zun
Moethee Zun ဖွန်ကလည်းကြောင်ပုံရတယ်

Tawwat Wat
Tawwat Wat ကြွတက်လို့
ဟား
ကိုမိုးသီးလို စော်ကြည်တယ်ပေါ့

Moethee Zun
Moethee Zun ဗိုလ်ချုပ် တို့ ကျဆုံးတော့ ဂျူဗလီဟော မှာ ဈာပနကိုထားတယ် သူက လုံခြုံရေး တာဝန်ကျတယ်
တပ်ကြပ်ဖြစ်နေပြီ။
ီဒီမှာ အလေးလာပြုတဲ့  ကလေးမ တယောက်ကို ဖွန်ကြောင်နေပုံရတယ်။
ဈာပနပြီးတော့ယူလိုက်တယ်။
ကလေးမက ၁၇ နှစ်ပဲရှိသေးတယ်။ ကလေးမက ဒို့ အမေဖြစ်လာတယ်။
Child abuse ပေါ့
အိုကေ