အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရရဲ့ အသုံးချ ခံရမှာကို မမှုကြောင်း ပြောဆိုအပြီးမှာ ဒီစကားနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ အထူးသဖြင့် အမေစု အမေစု ဆိုပြီး ထောက်ခံနေတဲ့ အတိုက်အခံအင်အားစုတွေနဲ့ ၊ တော်လှန်ရေးသမားတွေကပါ မကျေမနပ်ဖြစ်နေကြပါတယ်။ အရင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေက ရှေ့စကား နောက်စကား မညီတတ်တာကို အားလုံးကလည်း သတိထားမိပြီးသားလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရရဲ့ အသုံးချခံရမှာကို မကြောက်ဘူးဆိုရင် အရင်ကတည်းက အမျိုးသားညီလာခံကို တက်သင့်ကြောင်း၊ ရွေးကောက်ပွဲကို ဝင်သင့်ကြောင်း၊ အခုမှ သမ္မတ ဦးသိန်းစိန်နဲ့ နှစ်ယောက်တည်း စကားပြောခွင့်ရတာလေးနဲ့ ကြေနပ်နေခြင်းက အရင်တုန်းက လက်တွဲလုပ်ခဲ့သူတွေ၊ တော်လှန်ခဲ့သူတွေကို မထီမဲ့မြင် ပြုခြင်းဖြစ်ကြောင်းကို မြန်မာပြည်တွင်းက အမည်မဖော်လိုသူ မြေအောက် တော်လှန်ရေးသမားတစ်ဦးက ပြောပါတယ်

"အသုံးချခံရမှာ မကြောက်ရင်ဘာလို့ အမျိုးသားညီလာခံမတက်ဘဲ ထွက်သွားရတာလဲ .. အမေစုရဲ့ .. မဟာဗျူဟာလား လက်နက်ကိုင် လမ်းစဉ်လမ်း မကောင်း .. လူထုတိုက်ပွဲကလည်း confrontation .. ဦးသိန်းစိန်နဲ့တွေ့ပြီး စကားပြောရတာ ကျေနပ် တယ်တဲ့ .. တောင်လှန်ရေး အင်အားစုတွေအတွက် ဒေါ်စုစကားလုံးတွေက အားရစရာပါဘဲ .. လစ်လပ်သွားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ထောက်လှမ်းရေး စိတ်ဓာတ်စစ်ဆင်ရေး ကဏ္ဍကို အမေစုက voluntary တာဝန် ယူပေးထားတယ်နဲ့ တူတယ် .. ၈၈ နဲ့ ၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆုပ်ကိုင်ပြီး သေပွဲဝင်သွားတဲ့ ဘဘ ကြီးတွေ၊ ဖမ်းမှာကြောက်ပြီး နိုင်ငံခြားတွေမှာ ခိုလုံကျွန်ခံနေကြတဲ့ ကျောင်းသားတွေကို "ဘော"ပဲလို့ ပြောလိုက်တာလား .. ခုပဲ ငှက်ပျောသီး ... ခုပဲ ဦးသိန်းစိန် ...ီး"

ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်လာတာ လာမယ့် အင်္ဂါနေ့ ဆိုရင် ၁၀ လ ပြည့်တော့မှာဖြစ်ပြီး ခုချိန်ထိ ဘာမှ သိသိသာသာ အရည်ချင်းရှိရှိ လုပ်ပြနိုင်တာ မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ က အစိုးရ ဆန့်ကျင်ရေး တော်လှန်ရေးသမားတွေ အားလုံးက မကျေမနပ်ဖြစ်နေကြပါတယ်။ အထူးသဖြင့် ပြည်ပက အတိုက်အခံ အင်အားစုတွေ အတွက် ပိုပြီး အဆင်မပြေဖြစ်စေပါတယ်။

အရင်တုန်းက တော့ မြန်မာနိုင်ငံထဲက အန်တီစု လွတ်မြောက်ဖို့ နိုင်ငံခြားကနေ အော်ကြတယ်ပေါ့နော်... အန်တီစု လွတ်လာတော့လည်း... အစိုးရနဲ့ တွေ့ဖို့ အော်လို့ရသေးတယ်လေ... တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ပေါ့... ခုတော့ အစိုးရက အားလုံး လုပ်ပေးနေတော့ နောက်ထပ် ဘာအော်ရမှန်းမသိတော့ဘူး... ဆန္ဒပြစရာ ခေါင်းစဉ် ပြောက်တာပေါ့ဗျာ..."
ဆိုပြီး ဂျပန်ရောက် နိုင်ငံရေး ဘလော့ဂါ တစ်ဦး က ပြောပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေ စားဝတ်နေရေး ပြေလည်အောင် မလုပ်နိုင်တဲ့အပြင် နိုင်ငံခြားမှာ ဆန္ဒပြရင်း စားဝတ်နေရေးပြေလည်နေသူတွေကိုပါ ကြပ်တည်းအောင် လုပ်နေသလို ဖြစ်နေပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေတဲ့ လူထု ခေါင်းဆောင် ဆိုသူ များအားလုံးက အရည်အချင်း မရှိကြောင်း ကိုလည်း ဝေဖန်ထားတာတွေ့ရပါတယ်။

"အဲဒီ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတယ် ဆိုတဲ့လူတွေ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်း ရှိပါ့မလားဆိုတဲ့ မေးခွန်းကို မေးကြည့်ချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော့်မျက်စိရှေ့ မှာ လူထုခေါင်းဆောင်တွေ ပြည်သူကို စားဝတ်နေရေးပြေလည်အောင်၊ တိုင်းပြည်ကြီးပွားတိုးတက်အောင် ဘယ်သူမှလက်တွေ့ အကောင် အထည်မဖော်နိုင်သေးလို့ပါ။ ဒေါ်စု အခု ဘာလုပ်နေလဲ..။ ၁၀ လ အတွင်း လူ ၁၀ ယောက်ကို စားဝတ်နေရေး ပြေလည်အောင် လုပ်နိုင်ခဲ့သလား....။ နိုင်ငံရေးသမားတွေရဲ့ အရည်အချင်းကို ကျနော်တို့လက်တွေ့မမြင်ရသေးဘူး။ ဒီအထဲမှာ နာမည်ကြီးနေတဲ့ ဒေါ်စု၊ ကိုမင်းကိုနိုင် စတဲ့ လူတွေနဲ့ ပက်သက်ပြီး ဒီလိုတွေးမိတယ်...။ " လို့ အကျဉ်းကျခံဖူးသည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် ဟောင်း တစ်ဦး က ပြောပါတယ်။

ဒါ့အပြင် "ဒေါ်အောင်ဆန်းစုကြည် အသက်က ၆၆ နှစ် ရှိနေပြီ။ တပ်ထဲမှာလို ၆၀ ကျော်ရင် ပင်စင်ပေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ဒေါ်စုလည်းမကြာခင် ပင်စင်သွားခါနီးပြီ။ အကျယ်ချုပ်ခံနေရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေတယ်။ ဒါ့ကြောင့် ဒေါ်စုအာဏာရရင်တောင် တိုင်းပြည်ကို အုပ်ချုပ်နိုင်ပါ့မလားဆိုတဲ့မေးခွန်းမေးမိပါတယ်။ တခြားနိုင်ငံက ၊ နိုင်ငံရေးသမားတွေဟာ အကျယ်ချုပ်နဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။ တချို့  တော့ရှိမှာပေါ့လေ။

ကိုမင်းကိုနိုင် နဲ့ အခြားကျောင်းသားခေါင်းဆောင်တွေလည်းဒေါ်စုထက်အခြေအနေဆိုးတယ်။ ပညာက ရန်ကုန်တက္ကသိုလ်ကပေးတဲ့ ပညာတပိုင်းတစပဲရှိတယ်။ ထောင်ထဲမှာနှစ်ပေါင်းနှစ်ဆယ်နီးပါး အကျဉ်းကျခံနေရတယ်။ ထောင်ထဲက ပညာပဲရှိနိုင်တယ်။ အတွေ့အကြုံ လည်းမရှိ။ ပြည်ပအတွေ့အကြုံ။ တိုင်းပြည်အုပ်ချုပ်နိုင်တဲ့အရည်အချင်းရှိပါ့မလား။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာအရည်အသွေးတွေကော ပြည့်မှီရဲ့ လား။ ဆိုလိုတာက စိတ်ရောဂါလိုဟာမျိုးတွေပါ။ အဓိကပြသနာက ပြည်သူကို စားဝတ်နေရေး ကိစ္စတွေ ပူပန်စရာမရှိအောင် လုပ်ပေးနိုင်တဲ့အရည်အချင်း၊ တကယ်လုပ်ပေးတက်တဲ့အရည်အချင်း၊ ဒါတွေကို ယနေ့ခေတ်နိုင်ငံရေးသမားတွေ အာဏာရရင်တောင် လုပ်နိုင်စွမ်းရှိပါ့မလား။

ခုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်လေ.. သူ့ကိုယုံလို့ ရွေးကောက်ပွဲ မဝင်ခဲ့သူတွေ၊ မဲမထည့်ခဲ့သူတွေ၊ အခြေခံဥပဒေကို အမှားခြစ်ခဲ့သူတွေ၊ သမ္မတသစ်ကို အသိမှတ်မပြုပဲ ဆန္ဒပြသူတွေ ပြည်တွင်း ပြည်ပမှာ အများကြီးပဲ။ ဒါပေမယ့် ခု အဲဒီလူတွေ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ အဓိကကတော့ဗျာ.. ကျနော်တို့ဘ၀တွေကိုဘယ်သူကိုမှ ယုံပြီး ပုံမအပ်သင့် ကြောင်းပါ။ အထူးသဖြင့် အတိုက်အခံ အဖွဲ့အစည်း အားလုံး နဲ့ နိုင်ငံရေး သမား အားလုံးကို သံသယနဲ့စောင့်ကြည့်တာပဲကောင်းပါတယ်...။ "
လို့ သူက ဆက်ပြောပါတယ်။

အစိုးရဖက်က တစ်နေ့ပြီး တစ်နေ၊ တစ်လပြီး တစ်လ ဆိုသလို အရည်ချင်းရှိရှိ လုပ်ပြသွားတာတွေ အများကြီးရှိလာပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ အကျယ်ချုပ်က လွတ်မြောက်တာ ၁ နှစ်ပြည့်တော့မှာ ဖြစ်ပြီး ဘာမှ သိသာထင်ရှားတဲ့ ပြောင်းလဲ မှုတွေ လုပ်မပြနိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်မှာ ၆၇ နှစ်ထဲကို ရောက်နေပြီဖြစ်ပြီး နေ့စဉ်လုပ်ငန်းကတော့ ပြည်ပအခြေစိုက် သတင်းဌာနတွေရဲ့ အစိုးရဆန့်ကျင်ရေး သတင်းတွေ နားထောင်ခြင်းနဲ့ တစ်ပတ်တစ်ခါ အမေးအဖြေလုပ်ခြင်းကိုသာ အလုပ်ကြီး အကိုင်ကြီး အလုပ်တစ်ခု အသွင်နဲ့ လုပ်ဆောင်နေပါတယ်။


အတော် အိုနေပြီဖြစ်သော ဒေါ်စု

  • မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းဖို့ အမတ်တွေ အဆိုတင်မှာလား - ဘီဘီစီ click here
  • နာဂစ်ကြောင့် သေဆုံးသူ လူဦးရေ သုံးသိန်းနီးပါးရှိဟု စစ်အစိုးရ နံပါတ်နှစ် ခေါင်းဆောင်ပြောခဲ့ - မဇ္စျိမ click here
  • တပ်သစ်နှင့် နယ်စပ်စစ်ဆေးရေးဆင်းသည့် တြိဂံတိုင်းမှူး ကား ၁၀ စီးကျော် ချောဆွဲ - သျှမ်းသံတော်ဆင့် click here
  • မစ္စတာ မစ်ချဲလ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ - ဘီဘီစီ click here
  • အမေရိကန် ကိုယ်စားလှယ် အစိုးရအဖွဲ့ ၀င်တွေနဲ့ တွေ့ဆုံ - အာရ်အက်ဖ်အေ click here
  • အမေရိကန်အထူးကိုယ်စားလှယ် နေပြည်တော် ရောက်ရှိ - ဗွီအိုအေ click here
  • စစ်မှန်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ရန် အစိုးရကို တိုက်တွန်း - ဒီဗွီဘီ click here
  • UWSA နှင့် မိုင်းလားတပ်ကို နယ်ခြားစောင့်တပ်ဖွဲ့ရေး အစိုးရ မတောင်းဆိုတော့ - ဧရာဝတီ click here
  • အစိုးရသစ် ညှိနှိုင်းချက် မိုင်းလားနှင့်ဝ သဘောတူလက်မှတ်ထိုး - သျှမ်းသံတော်ဆင့် click here
  • အမေရိကန် အထူးကိုယ်စားလှယ်ခရီးစဉ် ဘာထူးခြားသလဲ - မေးမြန်းဆွေးနွေးချက် - ဒီဗွီဘီ click here
  • မူစယ်မြို့နယ်တါင် မြေသိမ်းပြီး ပြည်သူ့စစ်စခန်းဆောက် - သျှမ်းသံတော်ဆင့် click here
  • အသုံးချခံရမည်ကို ဒေါ်အောင်ဆန်းစုကြည် မမှု - ဧရာဝတီ click here
  • နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ဆန္ဒပြတောင်းဆို - ဧရာဝတီ click here
  • ဒီဗွီဘီသတင်းထောက် ၁၇ ဦး ပြန်လွှတ်ပေးရေး ဘန်ကောက်တွင် ဆန္ဒပြ - ဒီဗွီဘီ click here
  • သတင်းသမား၊ နိုင်ငံရေးသမားတွေကို လွှတ်ပါ - မိုးမခ click here
  • ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ - ဧရာဝတီဘလော့ဂ် click here
  • ဗွီဒီယိုသတင်းထောက်တွေ ပြန်လွှတ်ရေး တောင်းဆိုဆန္ဒပြ - ဘီဘီစီ click here
  • DVB သတင်းထောက်တွေ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုကြ - အာရ်အက်ဖ်အေ click here
  • သီးလေးသီးထဲက ပန်းသီး၊ ကြယ်သီးနဲ့ စကားလက်ဆုံ၊ သူတို့လည်း ပြန်ကြမှာလား - မိုးမခ click here
  • ပြည်တော်ပြန်မယ့် ဂေါ်ဇီလာ ပြီးတော့ ဂျွန်အိုကဲ နဲ့ ထူးခြားတဲ့ ပူဇော်ကန်တော့ပွဲ - မိုးမခ click here
  • ဘဏ်တိုးနှုန်း ၂ ရာခိုင်နှုန်းလျော့သွား၍ ချေးယူသူ အကျိုးရှိ - ဒီဗွီဘီ click here
  • ဘဏ်တိုးနှုန်း လျှော့သော်လည်း ဒေသတွင်း အမြင့်ဆုံး ဖြစ်ဆဲ - မဇ္စျိမ click here
  • လွှတ်တော်တွင် ဦးကျော်ဆန်း ဆဒ္ဒန်ဆင်မင်းဇာတ်ခင်း - မိုးမခ click here
  • ပြည်ထောင်စု လွှတ်တော်တွင် ဒီမိုကရေစီနေ့ စာတမ်းများ ဖတ်မည် - မဇ္စျိမ click here
  • ကရင်နီသမိုင်းထဲမှာ အရေးကြီးတဲ့ အာဇာနည်နေ့ - ကန္တာရဝတီတိုင်းမ် click here
  • ဆရာတော် ဦးဥတ္တမနေ့ ဦးခိုက် ပူဇော်ချီတက်ပွဲ - ဧရာဝတီဘလော့ဂ် click here
  • မဲဆောက်မြို့မှာ ကျင်းပတဲ့ ဦးဥတ္တမ နေ့ - ဧရာဝတီဘလော့ဂ် click here
  • ဦးဥတ္တမနေ့ အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်ရ - ဒီဗွီဘီ click here
  • ဦးဥတ္တမနေ့ အခမ်းအနား - အာရ်အက်ဖ်အေ click here
  • ဆရာတော် ဦးဥတ္တမနေ့ ပြည်တွင်းပြည်ပ ဂုဏ်ပြု - ဘီဘီစီ click here
  • ဦးဥတ္တမနေ့ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တွင် ကျင်းပ - မဇ္စျိမ click here
  • ဦးဥတ္တမနေ့ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပ - ဧရာဝတီ click here
  • နယူးဒေလီက ဦးဥတ္တမနေ့ - ဧရာဝတီဘလော့ဂ် click here
  • သွေးလှူဒါန်းရေးအဖွဲ့ သဘာဝ ဘေးအန္တရာယ် ဟောပြောပွဲ စီစဉ် - ဧရာဝတီ click here
  • တာချီလိတ်မြို့တွင် ကျပ်သိန်း သောင်းချီတန်ဖိုးရှိသည့် မူးယစ်ဆေးများ ဖမ်းဆီးရမိ - ဒီဗွီဘီ click here
  • နယ်မြေခံတပ်မှူးနှင့် အိန္ဒိယ ဘိန်းကုန်သည် တို့ မူးယစ်ဆေးရောင်း ၀ယ်ရေး ဆွေးနွေး - ခိုနူမ်းထုန် click here
  • တာချီလိတ် မြို့နယ်အတွင်း မူးယစ်ဆေး စက်ရုံ သိမ်းဆည်းမိ - သတင်းနှင့်မီဒီယာကွန်ယက် click here
  • မြန်မာဘက်သွင်းမည့် ကားအစီး ၅၀၀၀ ကျော် မဲဆောက်တွင် သောင်တင် - ဒီဗွီဘီ click here
  • ကျပ် သိန်း ၁၅၀ တန် နွား၄၅ ကောင်ဖိုး အမြတ်ငွေ ရှူံး - ခိုနူမ်းထုန် click here
  • ဘီးလင်းချောင်း ရေကာတာ စီမံကိန်းတွင် ကျေးရွာ ၂၀ရွာ ရေလွှမ်းမိုးခံရမည် - KIC click here
  • ဗိုလ်ချုပ်အောင်ပုံကို စစ်တပ်အသိုင်းအဝိုင်းက ဝယ်ယူ - ဒီဗွီဘီ click here
  • အမေရိကန်လွှတ်တော်ရောက် မြန်မာ ဆူရှီလုပ်ငန်းရှင် - ဗွီအိုအေ click here
  • Gmail ရောင်းရန် ရှိသည် - မဇ္စျိမ click here
  • မြန်မာ သရုပ်ဆောင်တွေရဲ့ The Lady (ရုပ်သံ) - မဇ္စျိမ click here
  • ပေးစာ - ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး - ဧရာဝတီဘလော့ဂ် click here
  • သူတို့အတွက်ဆည်းဆာ ကိုယ့်တို့အတွက်အရုဏ် - မိုးမခ click here
  • အာဏာသိမ်းမဲ့ အလားအလာက ကင်းလွတ်သွားပြီလား (ဆွေးနွေးဖလှယ်) - ဘီဘီစီ click here
  • ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၂) (တပ်မှူးတပ်သားပြောစကား) - ဗွီအိုအေ click here
  • နုကျန်နဲ့ သံလွင်ရေကာတာ ပြဿနာ (သတင်းသုံးသပ်ချက်) - ဗွီအိုအေ click here


တစ်နေ့သ၌ ကျွန်ုပ်ထံသို့ Voice Of Myanmar ဘလော့တွင် အက်ဒမင် တစ်ဦးအဖြစ် ကူညီဆောင်ရွက်ပေးနေသူ တူတော်မောင်တစ်ဦးရောက်ရှိလာလေသည် ၊ သူသည် ပြည်ပနိုင်ငံတစ်ခု တွင်နေထိုင်သော်လည်း မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာသည့်အခါတိုင်းတွင်မူ ကျွန်ုပ်ထံသို့ဦးစွာ လာရောက်လေ့ရှိလေသည် ။
သူရောက်လာသည့်အခါတိုင်းတွင် အွန်လိုင်းပေါ်တွင် ပြော၍ မ၀နိုင်သော မြန်မာ့နိုင်ငံရေးအကြောင်းများကို အားပါးတရဆိုသလို အမြင်ချင်းဖလှယ် ဆွေးနွေးလေ့ရှိလေသည် ။ ယခုတစ်ခေါက်တွင် လည်း မြန်မာ့နိုင်ငံရေးအကြောင်း အစိုးရအဖွဲ့အသစ်အကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အကြောင်းနှင့် ၄င်းတို့၏ သမိုင်းကြောင်းများကို အပြန်အလှန်ဆွေးနွေးကာ အမြင်ချင်း ဖလှယ် နေရာမှ မြန်မာ့နိုင်ငံရေး အတိုက်အခံများအကြောင်းသို့ ရောက်ရှိသွားသောအခါတွင်မူ ကျွန်ုပ်၏ တူတော်မောင်၏ မျက်နှာသည် တစ်မျိုးတမည်ပြောင်း၍ သွားလေသည် ။ တက်ကြွနေသော အရိပ်အရောင်များမှ စိတ်ပျက်သော အမူအရာသို့ တမဟုတ်ခြင်းပြောင်းလည်း သွားကာ အောက်ပါ တိုင်းပြောလေတော့သည်...
" ဆရာရယ်...ဒီအတိုက်အခံဆိုတဲ့လူတွေကို ကျွန်တော် တော်တော်စိတ်ပျက်မိတယ် ..အစိုးရဘာလုပ်လုပ်လိုက်ပြီးမကောင်းပြောနေတယ်ဆရာရယ် ဒီလူတွေကိုဘယ်လိုနားလည်ရမှန်း ကိုမသိတော့ပါဘူး.. အခုဆိုရင်အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲတော်တော်များများ လုပ်နေ တာတွေ တွေ့ရတယ်မဟုတ်လားဆရာ..ပင်စင်လစာတွေတိုးပေးတယ် ၊ စီးပွားရေးဆိုင်ရာပြောင်းလဲ မှုတွေ ဆက်တိုက်ဆိုသလိုလုပ်လာတယ်..၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုတာတွေလုပ်လာတယ် ၊ သတင်းလွတ် လပ်ခွင့်တွေအရင်ကထက်စာရင်မထင် ရလောက် အောင် တိုးတက်လာတယ် ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ဆုံမှုတွေဖြစ်လာတယ် ၊ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ပဏာမ ငြိမ်းချမ်းရေးရယူမှုတွေ ရလာတယ် ၊ ပြည်ပမှာအကြောင်းအမျိုးမျိုးနဲ့ရောက် ရှိနေတဲ့နိုင်ငံသားတွေကို သမ္မတကြီးကိုယ်တိုင်ပြန်လည်ဖိတ်ခေါ်နေ တယ် ထားပါတော့လေ..ခြုံပြောရရင် အကောင်းတွေဘက်ကိုပြောင်းလဲတိုးတက်မှုတွေအများကြီး သိသိသာသာ ရှိနေပါလျှက် မြင်နေရပါလျှက်နဲ့ အပျက်ဘက်ကနေပဲပြောနေကြ တုန်း ရေးနေကြတုန်းပဲဆရာ စိတ်ပျက်စရာပါပဲ "

တူတော်မောင်၏ စကားအဆုံးတွင် ကျွန်ုပ်သည် သူ၏မျက်နှာကိုစေ့စေ့ကြည့်ရင်း ပြုံးမိလေသည် ..တဆက်တည်းဆိုသလိုပင် သူက " ဘာပြုံးတာလဲဆရာ" ဟုမေးလာသဖြင့်....

" ဒါစိတ်ပျက်စရာမဟုတ်ဘူးကွ...ချဲလင့်(Challenge) လုပ်တာလို့ခေါ်တယ် ၊ မြန်မာ့နိုင်ငံရေးကိုချဲလင့် လုပ်နေတာ ၊ တစ်နည်းပြောရရင် စိန်ခေါ်နေတာပေါ့ကွာ...ဒီလိုချဲလင့်တွေရှိနေလို့လဲ အသက်မရှိတဲ့ တို့မြန်မာ့နိုင်ငံရေး ကြီးကအသက် ၀င်နေတာ....စိတ်ပျက်စရာမဟုတ်ဘူး ချဲလင့်.." ဟုပြောရလေသည် ။


 ကျွန်ုပ်စကားဆုံးသည်နှင့် တူတော်မောင်က ဆရာပြောတာကျွန်တော်သိပ်မရှင်းဘူးဆရာ.. အဖျက်လုပ်နေတာနဲ့ ချဲလင့် ကဘာဆိုင်လို့လဲ ဟု  မေးလာပြန်လေသည် ။

" မောင်ရင်ရှင်းအောင်ပုံပြင်လေးတစ်ခုပြောပြမယ် .. ဟိုးရှေးရှေးတုန်းက တရုတ်ပြည်မှာ ဂျုံစိုက်တဲ့လယ်သမားတစ်ဦနဲ့ တန်ခိုးရှင်တစ်ဦးဟာ မထင်မှတ်ပဲ မိတ်ဆွေတွေဖြစ်သွားကြတယ် ၊ ဒီတော့ ဂျုံစိုက်လယ်သမားကြီးက ခင်ဗျားဟာ တန်ခိုးရှင်သာဖြစ်နေတာ ဂျုံတော့စိုက်တတ်ဟန်မတူဘူး.. တကယ်လို့များ ကျုပ်ဂျုံစိုက်တဲ့ ကိစ္စတွေမှာ ခင်ဗျားတန်ခိုးနဲ့ပေါင်းလိုက်မယ်ဆိုရင် တော်တော်အကျိုး ရှိမယ်လို့ပြောလိုက်တယ် ။ ဒီတော့တန်ခိုးရှင်က ' ကောင်းပါပြီ ကျုပ်ခင်ဗျားကိုကူညီပါ့မယ်' လို့ပြန်ပြောလိုက်တယ် ။ အဲဒီနောက် လယ်သမားကြီးကတန်ခိုးရှင်ကို သူ့ဂျုံစိုက်ခင်းမှာ တစ်နှစ်လုံးခေါ်ထားပြီး မိုးလေးနည်းနည်းရွာတာနဲ့' ကဲ..တန်ခိုးရှင် ဒီမိုးတွေဆက်ရွာရင်ဂျုံခင်းတွေပျက်မယ် မိုးတိတ်အောင်လုပ်ပေး ' လို့ခိုင်းတော့တာပဲ ၊ တန်ခိုးရှင်က မိုးတိတ်အောင်လုပ်ပေးလိုက်တယ် ။ လေလေးနည်းနည်းတိုက်လာရင်လဲ ဒီလိုပဲ ' တန်ခိုးရှင်ကြီးလုပ်ပါဦး ဒီလေက ဂျုံအနှံတွေကို ပျက်စီးစေတယ် လေတိုက်တာရပ်အောင်လုပ်ပေးပါ ' လို့ ခိုင်းပြန်တယ် တန်ခိုးရှင်ကလဲလေမတိုက်အောင်လုပ်ပေးလိုက်ပြန်တယ် ၊ ဒီလိုပဲ လယ်သမားကြီးဟာ နေပူရင်အပင်ညှိုးမယ် မိုးအုံ့အောင်လုပ်ပေး ၊ ရေများရင်နည်းအောင်လုပ်ပေး ၊ စာကလေးတွေလာရင် မလာအောင်လုပ်ပေး ၊ မိုးခြိမ်းရင်လဲအသီးတွေဆုပ်ကုန်မယ် မခြိမ်းအာင်လုပ်ပေး ဆိုပြီးအမျိုးမျိုးခိုင်းတယ် တန်ခိုးရှင်ကလည်း အကုန်လုပ်ပေးတယ်  ၊ ဂျုံပင်ကြီးတွေကလဲ ဖွံ့ဖြိုးပြီးသိပ်ကောင်းလာတာပေါ့ ..အဲဒီအခါမှာ လယ်သမားကြီးက တန်ခိုးရှင်ကို ကဲတွေ့လားကျုပ်ရဲ့ဂျုံခင်းကြီးကိုကြည့်စမ်းပါဦး ကျုပ်ရဲ့ဂျုံစိုက်တဲ့ပညာနဲ့ ခင်ဗျားရဲ့တန်ခိုး ပေါင်းလိုက်တဲ့ အခါ ဘယ်လောက်ကောင်းလဲ လို့ပြောရှာတယ် ဒါပေမယ့် ဂျုံပင်တွေကိုရိတ်သိမ်းတဲ့အခါ ဂျုံအနှံတွေဟာ အဆံမပါဘူး ၊ ဟောင်းလောင်းတွေဖြစ်နေတယ် ၊ ဒီတော့မှ လယ်သမားဟာ အထိတ်တလန့်နဲ့ တန်ခိုးရှင်ကို ဘယ်လိုဖြစ်ကုန်တာလဲလို့မေးတယ် ၊ တန်ခိုးရှင်က ' ဒီလိုရှိတယ် မိတ်ဆွေရ မိုးတွေတအားရွာတာတို့ ၊ လေတိုက်တာတို့ ၊ မိုးခြိမ်းတာတို့ ၊ နေပူတာတို့ စာကလေးတွေလာတာတို့ဟာ သာမန်ကြည့်လိုက်ရင် ဂျုံပင်တွေအတွက် အနှောက်အယှက်တွေ ၊အဖျက်တွေလို့ထင်ရတယ် ၊ တကယ်တော့ နှောက်ယှက်နေတာမဟုတ်ဘူး ချဲလင့်လုပ်နေတာ ၊ စိန်ခေါ်နေတာ ၊ ဂျုံပင်ဟာ ဒီစိန်ခေါ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ကိုရုံးကန်ရင်းကနေ မြေကြီးထဲမှာရှိတဲ့ သြဇာဓါတ်တွေကို အနှံထဲရောက်အောင်လုပ်ပေးနေတာ၊ ဒီလိုရုန်းကန်နေရတာကိုက သူ့အလုပ်လေ..ဒါကိုမောင်ရင်က အကုန်အဆင်ပြေအောင်သွားလုပ်ပေးလိုက်တော့ ဂျုံပင်ဟာမရုန်းကန်ရတော့ဘူး ၊ ရုန်းလဲမရုန်းကန် တတ်တော့ဘူး ခွန်အားမရှိတဲ့လူ လေဖြတ်တဲ့လူလိုဖြစ်သွားပြီးခုလိုအနှံမအောင်ဖြစ်ရတာ လို့ ပြန်ရှင်းပြတယ်..ပုံပြင်လေးကတော့ပါပဲမောင်ရင်ရာ... "

" လောကကြီးမှာလဲဒီလိုပါပဲ အဖြူရောင်ဟာကောင်းတယ် အမဲရောင်ဟာမကောင်းဘူး ဆိုပါတော့ ကျောက်သင်ပုန်းမှာမြေဖြူနဲ့ရေးတဲ့ကိစ္စမှာတော့နောက်ခံကမဲနေမှအဆင်ပြေတယ် ဘာလို့လဲ ဆိုတော့ မြေဖြူရဲ့အဖြူရောင်ကို ကျောက်သင်ပုန်းရဲ့အမဲရောင်က ချဲလင့်လုပ်ထားတာ မဟုတ်လား..နိုင်ငံရေးမှာလဲ ဒီလိုပဲမောင်ရင်ရ အစိုးရကိုချဲလင့်လုပ်တဲ့သူတွေရှိမှ အစိုးရဟာ ရုန်းကန်ရပြီး သူ့ရဲ့စွမ်းအားတွေ ထွက်လာတယ် ၊ ရုန်းကန် ရတဲ့အလေ့အကျင့်ရလာတယ် ၊ရင့်ကျက်လာစေတယ် ၊ ခွန်အားကိုဖြစ်စေတယ် ဒီခွန်အားတွေဟာ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် အားဖြစ်စေတယ်... ဒီတော့ဒီလူတွေကို ကျေးဇူးမတင်ရင်တောင် အစိုးရကို ခွန်အားဖြစ်စေ အရည်အချင်း တက်စေတဲ့ မောင်းနှင်အားတွေအဖြစ်မြင်ရမယ်  "  ဟုရှည်လျားစွာရှင်းပြရလေသည် ။

တူတော်မောင်လည်း ကျွန်ုပ်ရှင်းပြသည်ကို နားလည်သဘောပေါက်ကြောင်းပြောဆိုကာ Marks & Spencer ဆိုင်မှ ၀ယ်လာသည်ဆိုသော ချည်ထည်အင်္ကျီလေးတစ်ထည်ဖြင့် ကန်တော့ပြီး ဆရာလည်း လူပျိုကြီးဘ၀က မြန်မြန်လွတ်ပါစေဟု ဘာမဆိုင်ညာမဆိုင်ဆုတောင်းကာ ပြန်လည် ထွက်ခွာ သွားလေတော့သတည်း ။

ဒေါက်တာဆိတ်ဖွား


မကြာသေးမီ ရက်ပိုင်းများက ဗြိတိန်တွင် အရပ်သားတစ်ယောက်အား ရဲများက သေနတ်နှင့်ပစ်ခတ် ဖမ်းဆီးရာမှ ရဲများ၏ အကြမ်းဖက်နှိမ်နှင်းမှုကို မကျေနပ်၍ မိမိတို့၏ ယုံကြည်ချက် ခံယူချက်ဖြင့် ဗြိတိန်ကျောင်းသား လူငယ်များက ဆန္ဒပြကြသည်။ ထိုဆန္ဒပြမှုတွင် လူ့အခွင့်အရေး အပြည့်အ၀ရရှိသော ဒီမိုကရေစီ နိုင်ငံဟု ကျော်ကြားသော အင်္ဂလန်နိုင်ငံအစိုးရသည် ပြည်သူလူထု၏ ယုံကြည်ချက်ခံယူချက်ကို အလေးမထားဘဲ အကြမ်းဖက်နှိမ်နင်းခဲ့ပြန်သည်။

ယခု ထိုကဲ့သို့အရွယ်ရောက်ပြီးသော လူငယ်လူရွယ်များကို လက်နက်ပြ အင်အားပြ၍ နှိမ်နင်းလို့ အားမရသေး ဖြူစင်ရိုးသားသော ကျောင်းသားကျောင်းသူ လူငယ်များကို အင်အားပြ အုပ်ချုပ်ဖို့ စာသင်ကျောင်းများတွင် စည်းကမ်းသေ၀ပ်မှုရှိစေဖို့ စစ်သားဟောင်းများကို ကျောင်းဆရာခန့်မည်တဲ့။ အဲတာဟာ ဒီမိုကရေစီဘိုးအေကြီးလို့ ထင်ရှားတဲ့ ဗြိတိန် နိုင်ငံမှာပါ။ ထိုကဲ့သို့ စည်းကမ်းပြည့်ဝသော လူအခွင့်အရေးကိုမျှမျှတတ ရရှိသည်ဆိုသော နိုင်ငံကြီးတွင်ပင် ငယ်ရွယ်နုနယ်သော ကျောင်းသူ ကျောင်းသားများကို စည်းကမ်းတကျ အုပ်ချုပ်နိုင်ရန် ဆိုပြီး စစ်သားများကိုပင် ကျောင်းဆရာခန့်အပ်ဖို့ စဉ်းစားတွေးတောလာနေကြသည်။ မြန်မာနိုင်ငံကဲ့သို့ ထစ်ခနဲရှိ ဆူမယ် ပူမယ်၊ ၈၈ တို့လို့ အရေးအခင်းတွေလုပ်မယ်၊ အတိုက်အခံတို့၏ အခေါ် ရွှေဝါရောင်ဆိုသော ဆူပူမှုတွေ ဖြစ်အောင် လုပ်ဆောင်နေကြသော စည်းမရှိ ကမ်းမရှိ လူတွေကို အုပ်ချုပ်ရန်အတွက် တပ်မတော်အစိုးရမှ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ လက်နက်ဖြင့် မတရား အုပ်ချုပ်သည်ဟု အပြစ်ပြော၍ ရမည်လော။ အရင်က မြန်မာနိုင်ငံသည် ယခုဗြိတိန်နိုင်ငံကဲ့သို့ ဒီမိုကရေစီ လမ်းကြောင်းပေါ် မလျှောက်လှမ်းသေး။ လမ်းပေါ်ကွမ်းတံထွေး မထွေးရဆိုလျှင် လူလစ်လျှင်ခိုးထွေးတတ်သော၊နောက်ဖေး လမ်းကြား အမှိုက်မပစ်ရ ဆိုလျှင် လူခြေတိတ်ချိန် ခိုးပစ်တတ်သော၊ စနစ်တကျ တန်းစီပြီး ဈေးဝယ်ပါဆိုလျှင် ၀ရုန်းသုန်းကားနှင့် တိုးဝှေ့နေတတ်ကြသော၊ ဓါတ်တိုင်ရှိ မီးသီးဆိုလျှင် အပျင်းပြေ ခဲဖြင့် လက်တည့်စမ်း၍ ပစ်တတ်သော၊ လမ်းဘေးရှိ လှူထားသော သောက်ရေအိုးရှိ ရေခွက်ကိုပင် ကြိုးဖြင့်ချည်ထားမှ သာ မပျောက်သော စသည်ဖြင့် စည်းကမ်းကို လစ်လျှင်လစ်သလို ချိုးဖောက်ကြသော မြန်မာလူမျိုးတို့ အတွက် ဗြိတိန် နိုင်ငံလို စည်းကမ်းသေ၀ပ်အောင်  စစ်သားဟောင်းများကို ကျောင်းဆရာခန့်သလို စည်းကမ်းသေ၀ပ်မှုအတွက် စစ်သားများ အုပ်ချုပ်ခဲ့ရသည်မှာ လွန်ပါမည်လော။ ဗြိတိန်လို ဒီမိုကရေစစ်သက်ရင့်မာနေသော နိုင်ငံပင်လျှင် သူတို့နိုင်ငံရှိ ငယ်ရွယ်နုနယ်သော ကျောင်းသားများကို စည်းကမ်းသေ၀ပ်မှုရှိစေရန် စစ်သားဟောင်းများကို ကျောင်းဆရာခန့်ဖို့ စီစဉ်နေသည်။ ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်လျှောက်လှမ်းရန် ပြင်ဆင်ခဲ့သော တပ်မတော်အစိုးရသည်လည်း သူတစ်လူငါတစ်မင်းဖြင့် စည်းမဲ့ကမ်းမဲ့ဖြစ်နေသော နိုင်ငံကို စည်းကမ်းသေ၀ပ်မှုရှိစေရန် ခဏတာ တာဝန်ယူ အုပ်ချုပ်ခဲ့ရသည်မှာ လွန်ပါမည်လော။ ဗြိတိန်ပင်လျှင် စည်းကမ်းအတွက် အုပ်ချုပ်မှုပြေပြစ်စေရန် စစ်သားများ၏ အင်အားကို ယူ၍ ကျောင်းသားလူငယ်များ အပေါ် အုပ်ချုပ်စေသေးသည်။  မြန်မာနိုင်ငံကဲ့သို့ လက်နက်ကိုင် သောင်းကျန်းမှု များဖြင့် ပြည့်နှက်နေခဲ့သော၊ လူအချင်းချင်း ခေါင်းဖြတ်သတ် ပြည်သူပိုင်ပစ္စည်းများကို စိတ်ထင်တိုင်း ဖျက်ဆီးနေခဲ့ကြသော လူမျိုးများအတွက် စည်းကမ်းသေ၀ပ်မှု ရှိစေရန် တပ်မတော်အစိုးရက ခဏ တာဝန်ယူ အုပ်ချုပ်ခဲ့ရသည်မှာ မှားပါ၏လော။

ထို့ကြောင့် ယခုကဲ့သို့ တစ်နိုင်ငံလုံး အေးအေးချမ်းချမ်းဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် သို့လျှောက်လှမ်း နိုင်အောင် တိုင်းပြည်၏ စည်းမဲ့ကမ်းမဲ့ အချိန်များတွင် တာဝန်ယူဖြေရှင်း၍ စည်းကမ်းသေ၀ပ်မှု ရှိအောင် ကူညီ ဆောင်ရွက် ခဲ့သော တပ်မတော်အစိုးရ ကို လက်ရှိ အတိုက်အခံဟု ဆိုသူများ ဗြိတိန်ဥပမာကို ကြည့်၍ ဖြစ်သင့်မဖြစ်သင့် စဉ်းစားတွေးတောသင့်ပေသည်။ တကယ်လိုမဖြစ်သင့်ဘူး ထင်လျှင် ဗြိတိန်နိုင်ငံသို့ သွား၍ စစ်သားဟောင်းများကို ကျောင်းဆရာခန့်မည့်ကိစ္စအား အတိုက်အခံတို့ မှ တက်ညီလက်ညီဖြင့် သွားရောက်ဆန္ဒပြကြပါ။ ဒါ့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ အားလုံးတက်ညီလက်ညီ ချီတက်နေစဉ်တွင် မြန်မာပြည်သူများ အနေဖြင့် စည်းကမ်းရှိရှိ ပါဝင်ကူညီ သွားရန် ရွှေမြန်မာမှ တိုက်တွန်းလိုက်ရပေသည်။

ဒါအပြစ်လားကွယ် ......?
 
ေ၇ွမြန်မာမှ  ကူးယူဖော်ပြပါသည်


ကမ္ဘာနှင့် အဝှမ်းမှာ စစ်ပွဲတွေတွေ သဘာဝဘေးတွေ ကပ်ရောဂါတွေ နေ့စဉ်နဲ့အမျှ နေရာအနှံ့က ကြားနေ ရပါတယ်။ စင်္ကြာဝဠာကြီး အနှံ့မှာ လူသားနဲ့ သက်ရှိတွေ နေထိုင်နိုင်ဖို့ ကမ္ဘာမြေကြီး အပြင် အခြားနောက်ထပ် ဂြိုလ်တစ်ခု ရှာမတွေ့ သေးပါဘူး။ ဒီတစ်ခု တည်းသော ကမ္ဘာကြီး ပေါ်မှာလည်း လူသားနဲ့ သက်ရှိတွေဟာ အသက်ရှင် နေထိုင်နိုင်ဖို့ အတွက် ရုန်းကန် လှုပ်ရှား နေကြရင်း ရပ်တည်မှုနဲ့ ရှင်သန်မှု အတွက် မုန်တိုင်း အန္တရာယ်၊ ငလျင် အန္တရာယ်၊ ရေကြီးတာ၊ မြေပြိုတာ၊ မိုးခေါင်တာ စတဲ့ ကမ္ဘာ့ ပြဿနာတွေကို နေ့စဉ်နဲ့အမျှ တိုက်ခိုက် နေရပါတယ်။ အဓိကကတော့ ဒီရှင်သန် ရပ်တည်ဖို့ အခွင့်အရေး အတွက် တစ်ခုတည်းသော ဒီကမ္ဘာမြေကြီး ပေါ်မှာလည်း ကျွန်တော်တို့ဟာ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်နေရ တယ်ဆိုတာ ပြောချင်တာပါပဲ။
ဒီလို လူသား ရပ်တည် ရှင်သန်မှု အတွက် ရင်ဆိုင် နေကြရတဲ့ စိန်ခေါ်မှု အမျိုးမျိုး တွေထဲကမှ ကျွန်တော်တို့ အနီးနားကို အသံတိတ်နဲ့ ချည်းကပ်နေပြီး ကျွန်တော်တို့ မသိလိုက်ခင်မှာ ကျွန်တော်တို့ လည်ပင်းကို ဖမ်းကိုင်ညှစ်မယ့် အရာတစ်ခု ရှိပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ စားလုံး မည်းကြီးတွေနဲ့ စားသောက်ကုန် ဈေးနှုန်းဆိုပြီး အထင်အရှား လူလုံး ထွက်ပြလာတဲ့ စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာပါ။ လွန်ခဲ့တဲ့ရာစုနှစ် ထက်ဝက် လောက်ကစပြီး စိုက်ပျိုးရေး နယ်ပယ်မှာ တိုးတက်မှုဟာ အမြဲတမ်း ဆက်လက် တိုးတက် နေမှာပဲလို့ ယူဆ လာခဲ့ကြတယ်။ ဒါပေမဲ့ ဒီလို မဟုတ်ပါဘူး။ သိပံ္ပပညာရဲ့ တွက်ချက်မှုတွေ သတိ မမူမိခင်မှာပဲ အပြောင်း အလဲတွေ ဖြစ်နေပါတယ်။
ဂျပန်နိုင်ငံမှာ ရာစုနှစ် တစ်ခုလောက် ကောက်ပဲသီးနှံ အထွက်နှုန်း တိုးတက်ခဲ့ပြီး တစ်ဧက စပါးအထွက် နှုန်း တိုးတက် မလာတာ ၁၆ နှစ် ကြာခဲ့ပြီ။ တရုတ်နိုင်ငံမှာလဲ မကြာမီ အထွက်နှုန်း ရပ်တန့်သွားနိုင် တယ်လို့ ဆိုထားပါတယ်။ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတွေမှာ ဂျုံအထွက် တိုးတက် မလာတော့ဘူးလို့လဲ သိရပါတယ်။ နောက်လည်း ထပ်တိုးလာဖို့ ဖြစ်နိုင်ခြေ နည်းနေပုံ ရပါတယ်။ ရှားပါးမှုတွေ အမျိုးမျိုးအနက် စားနပ်ရိက္ခာ ရှားပါးမှုက ကျွန်တော် တို့ ခန့်မှန်း တွက်ချက် ထားတာထက် အကြောင်း အမျိုမျိုးကြောင့် ပိုမို စောစီးစွာ ရောက်ရှိလာမယ့် ပုံပါပဲ။
၂ဝဝ၇ ခုနှစ်မှာ စတင်ပြီး လယ်သမား တွေက ကမ္ဘာ့သီးနှံ လိုအပ်ချက်ကို ပြည့်မီအောင် မထုတ်လုပ်နိုင်ဘဲ ဖြစ်လာခဲ့ ပြီး ၂ဝဝ၈ ခုနှစ်၊ နှစ်လယ်မှာ ကောက်ပဲသီးနှံဈေးတွေ သုံးဆ မြင့်တက်သွားတယ်။ ကောက်ပဲ သီးနှံတင်ပို့တဲ့ နိုင်ငံတွေအချို့ဟာ ပြည်တွင်း ဈေးနှုန်းမြင့်မား လာတာတွေကို ထိန်းသိမ်းဖို့ အတွက် နိုင်ငံခြား တင်ပို့မှုတွေကို ရပ်တန့်ပစ်ကြ ပြန်ပါတယ်။
ရုရှားနဲ့ အာဂျင်တီးနား နိုင်ငံတွေကလဲ ကောက်ပဲသီနှံ တင်ပို့မှုကို ရပ်တန့် ထားတယ်။ ဆန်စပါး တင်ပို့မှုမှာ ဒုတိယ အများဆုံး ဖြစ်တဲ့ ဗီယက်နမ် နိုင်ငံ ကလဲ ၂ဝဝ၈ ဦးပိုင်းမှာ ဆန်တင်ပို့ ရောင်းချမှုကို လအတော်ကြာ ရပ်နား ထားခဲ့တယ်။ အခြား ဆန်တင်ပို့နေတဲ့ နိုင်ငံငယ် တွေကလဲ ဆန်တင်ပို့မှုကို ရပ်ဆိုင်း ထားလိုက်ကြတယ်။ ဒီအချိန်ကျမှ ဆန်တို့၊ ဂျုံတို့ တင် သွင်းနေကြရတဲ့ နိုင်ငံတွေ မျက်ပြူးဆံပြာ ဖြစ်ကုန်တယ်။ စားသောက်ကုန် ဆိုတာကလည်း ခုပြည်တွင်းမှာ ခုစိုက် ခုစားရတာမျိုး လဲမဟုတ်ဘူး။ ဒါကြောင့် ဒီနိုင်ငံတွေဟာ တင်ပို့ ရောင်းချကြတဲ့ နိုင်ငံတွေနဲ့ ရေရှည် စာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်း လာကြပါတယ်။ ဖိလစ်ပိုင် နိုင်ငံဟာ ဗီယက်နမ် နိုင်ငံနဲ့ တစ်နှစ် ဆန်တန် ချိန် ၁.၅ သန်း သုံးနှစ် ဆက်တိုက် ဝယ် ယူဖို့ စာချုပ် ချုပ်ဆိုခဲ့တယ်။ ယီမင်က ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ သြစတြေးလျ နိုင်ငံ သွားရောက်ပြီး စာချုပ် ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ရောင်းသူဈေး ကွက် Seller's Market မှာ တင်ပို့ သူတွေဟာ ရေရှည် စာချုပ်တွေ မချုပ် ချင်ကြဘူး။ တင်သွင်းတဲ့ နိုင်ငံတွေဟာ သူ တို့ လိုချင်တဲ့ ကောက်ပဲသီးနှံတွေ စဉ်ဆက် မပြတ် ရရှိ ရေးအတွက် နောက်တစ်နည်း ကြိုးပမ်း အဖြေရှာဖို့ လိုလာပါတယ်။ မဟုတ်ရင် တစ်နိုင်ငံလုံး ဘယ်လောက်ပဲ စီးပွားအင်အား တောင့်တင်း နေပါစေ ထိုင်ငတ် နေကြရရုံပါပဲ။ နျုကလီးယားတို့ စွမ်းအင်တို့ ရွှေတို့ ဒေါ်လာတို့ ဆိုတာကလည်း စားလို့မှ မရတာ။
အဲဒီ အကျိုးဆက် အနေနဲ့ ၂ဝ၁၁ ခုနှစ်မှာ ကုလသမဂ္ဂ စားနပ်ရိက္ခာ ဈေးနှုန်း ညွှန်းကိန်းက မမြင့်မားစဖူး မြင့်မားလာတာ ပါပဲ။ စားနပ် ရိက္ခာရဲ့ ပထဝီ နိုင်ငံရေးဟာ မတည်မငြိမ် ဖြစ်လာတယ်။ အရင် အချိန်တွေက ဈေးကြီး မြင့်လာမှု တွေကို သိပ်ပြီး အရေး မထားခဲ့ကြဘူး။ ဈေးနှုန်းတွေရဲ့ သဘာဝက မြင့်တက် လာပြီးရင် ပြန်ကျဆင်းသွား တတ်တာမျိုးလို့ အရိုးစွဲ နေခဲ့ကြတယ်။ ၂ဝ ရာစု နှောင်းပိုင်း တောက်လျှောက် စားနပ်ရိက္ခာ ဈေးနှုန်း တည်ငြိမ်ခဲ့တယ်။ ကျဆင်းခဲ့တယ် လို့တောင် ဆိုပါတယ်။ ၂ဝ ရာစု အလယ်လောက်က စပြီး ၁၉၉၅ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စုမှာ စားနပ်ရိက္ခာ အလျှံအပယ် ရှိခဲ့တယ်။ ၁၉၆၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးခေါင်လို့ ငတ်မွတ်ခေါင်းပါးမှု ဘေးနဲ့ ကြုံတွေ့နေရချိန် တုန်းကတောင် အမေရိကန် နိုင်ငံက ဂျုံသီးနှံ အထွက်ရဲ့ ငါးပုံတစ်ပုံကို အိန္ဒိယကို တင်ပို့ပေးခဲ့ပြီး ပြဿနာဖြေ ရှင်းပေးခဲ့ ဖူးတယ်။ ခုချိန်ထိ အမေရိကန် စားသုံးသူတွေ အနေနဲ့ သီးနှံတွေကို ဈေးပေါပေါနဲ့ ဝယ်ယူ စားသုံးနေကြရ တုန်းပါပဲ။ ဒါပေမယ့် မကြာမီ ကာလမှာ ဒီပိုလျံမှုတွေဟာ နိဂုံး ချုပ်တော့မယ်။ တစ်ချိန် တည်းမှာပဲ ပိုမိုသိသာတာ တစ်ခုက ငတ်မွတ် ခေါင်းပါးမှုကို အကာအကွယ် ပေးနေတဲ့ အမေရိကန် စားနပ်ရိက္ခာ အထောက်အပံ့ ပေးရေး အစီအမံတွေ အတော်များများကို ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် -UN World Food Program - WFP က ပုခုံး ပြောင်းပြီး တာဝန် ယူနေရတယ်။ ဒါပေမယ့်လည်း WFP ရဲ့ စားနပ်ရိက္ခာ အစီအစဉ်ကို အဓိက ထောက်ကူ ပေးနေတဲ့ နိုင်ငံဟာ အမေရိကန် နိုင်ငံတော့ ဖြစ်နေဆဲပါ။
ကျွန်တော်တို့ဟာ ကမ္ဘာစစ်ကြီးနှစ်ခုနဲ့ ကမ္ဘာ့ စီးပွား ပျက်ကပ် ကြုံတွေ့ခဲ့ရပါတယ်။ နောက် ပိုင်းမှာတော့ လူသားတွေဟာ ပြဿနာတွေ ကို စုပေါင်း အဖြေရှာဖို့ ကြိုးပမ်း လာခဲ့ကြတယ်။ ဥပမာ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နဲ့ ငွေကြေးရန်ပုံငွေ အဖွဲ့တွေ ထူထောင် လာခဲ့တယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ ပြသနာ အတွက်လည်း စုပေါင်း ဖြေရှင်းဖို့ ကြိုးစားလာ ကြပါတယ်။ ဒါပေမယ့် ဒီလုပ် ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင် ပေးတယ် ဆိုသော်လည်း ထိရောက်မှု အားနည်း နေဆဲပါ။ ဒီကနေ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့- FAO ဟာ စားနပ် ရိက္ခာ အထောက်အပံ့တွေကို ကမ္ဘာ့ နိုင်ငံပေါင်း ၇ဝ လောက်မှာ ပေး ကမ်းဖြန့်ဝေ နေရတယ်ဆိုပေမဲ့ WFP ရဲ့ နှစ် စဉ်ဘတ်ဂျက်က အမေရိကန် ဒေါ်လာ လေး ဘီလီယံ လောက်ပဲ ရှိ တယ်။ အပြည်ပြည်ဆိုင်ရာရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ မရှိသလောက် ရှားပါတယ်။ နောက်တစ်ခုက FAO ဟာ ဂလိုဘယ် စိုက်ပျိုးရေးနဲ့ပတ် သက်တဲ့ အချက်အလက် တွေကို စုစည်းပြီး စိစစ် တာကိုဘဲ အဓိက ထား ဆောင်ရွက် နိုင်ခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှု သေချာ လုံလောက်အောင်ထိ စုပေါင်း ကြိုးပမ်း လုပ်ဆောင်နိုင်ခြင်း မရှိဘူး။ အနာဂတ် အတွက် ပြင်ဆင်မှု တွေလည်း လုပ်မပေးနိုင် သေးပါဘူး။
မကြာသေးသော ကာလအထိ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုတွေ အပေါ် အပြည်ပြည်ဆိုင်ရာ ဆွေးနွေး မှုတွေဟာ ဈေးကွက်ထဲ ဝင်ရောက် ရေး အတွက်လောက်ပဲ အာရုံစူးစိုက် ခဲ့ကြတယ်။ သို့ပေမယ့် ဒီရာစုနှစ်ရဲ့ ပထမ ဆယ်စုနှစ် အတွင်းမှာ ဆွေးနွေးမှုတွေ ဟာ စားနပ်ရိက္ခာ ဖြည့်ဆည်းရေး ဖြစ်လာတယ်။ နိုင်ငံတိုင်း ဟာ နှစ်စဉ် နှစ်တိုင်း ရာခိုင်နှုန်း အရရော၊ အရေအတွက် ပမာဏအရ ပါ တိုး တက်လာတဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ရဲ့ ခြိမ်းခြောက်မှုကို တစတစ ခံစား လာရပါတယ်။ စားနပ်ရိက္ခာ ပိုလျှံတဲ့ ခေတ်ကနေပြီး စားနပ်ရိက္ခာ ရှားပါးမှုရဲ့ နိုင်ငံရေး သစ်ဆီ ပိုမိုလျှင်မြန်တဲ့ အရှိန်နှုန်းနဲ့ ပြောင်း လဲလာတယ်။ ကျွန်တော်တို့ဟာ နှစ်စဉ် တိုးတက်လာတဲ့ လူဦးရေ သန်း ၈ဝ ကို ကျွေး မွေးဖို့ အတွက်လည်း လုပ်ဆောင်ကြရ ပါတော့မယ်။ တိုးတက်လာသူ အားလုံးနီးပါး ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နေထိုင်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၇ဝ ပြည့် နှစ်လောက်ကစပြီး ကမ္ဘာ့လူဦးရေ ဟာ နှစ်ဆလောက် တိုးပွားသွား တယ်။ ဒီရာစုနှစ် အလယ်လောက် မှာ ကမ္ဘာ့လူဦးရေဟာ ကိုးဘီလီယံ ဖြစ်လာတော့မယ်လို့ တွက်ချက် ထားပါတယ်။ စားသုံးသူဦးရေ ပိုမိုတိုးတက် လာတာပါပဲ။
ဖြစ်ချင်တော့ ဒီလိုအချိန်မှာ ကမ္ဘာ့ ရာသီဥတုကလဲ ဖောက်ပြန် လာတယ်။ ကသောင်းကနင်း ဖြစ်လာတယ်။ မြေဆီလွှာ ပျက်စီးတာတွေ သဲကန္တာရတွေ ပိုမိုကျယ်ပြန့် လာတာတွေ ရေခဲတောင်တွေ ပျော်ကျမှု မြင့်တက် လာတာတွေ ကမ္ဘာ့အပူချိန် မြင့်တက်လာတာတွေ စသဖြင့် ဂေဟစနစ်အတွက် အနှုတ်လက္ခဏာ အများအပြား ဖြစ်ပျက်ခဲ့ပါတယ်။ ဂေဟဗေဒ ပညာရှင်တွေရဲ့ အဆိုက သီးနှံစိုက်ပျိုးချိန်မှာ အပူချိန် တစ်ဒီဂရီ ဆဲလ်စီးယပ်- Celsius မြင့် တက်လာတိုင်း သီးနှံအထွက်က ၁ဝ ရာခိုင်နှုန်း ကျဆင်း သွားကြောင်း ဖော်ညွှန်းတယ်။ ၂ဝ၁ဝ ပြည့်နှစ်က ရုရှားမှာ အပူလှိုင်း ကျရောက်မှုကြောင့် သီးနှံအထွက် ၄ဝ ရာခိုင်နှုန်း ကျဆင်း သွားခဲ့တယ်။ တိုးတက်လာတဲ့ လူဦးရေကို ကျွန်တော်တို့ ဘယ်လို ကျွေးထားမှာလဲလို့ မမေးရဲစရာပါ။ တစ်ဧက ထွက်နှုန်းတိုးတက်ဖို့ မရှိတော့လို့ စိုက်ဧကတွေ ထပ်မံ တိုးချဲ့ပြီး သီးနှံ အထွက်နှုန်းတွေကို တိုးတက် ဖို့ကြိုးစားကြရမယ် ဆိုရင်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘယ်လောက်ထိ စိုက်ဧက တိုးချဲ့နိုင်မလဲ။
အိန္ဒိယ နိုင်ငံမှာ မြေအောက် ရေကို စုပ် တင် စိုက်ပျိုးမှုနဲ့ အိန္ဒိယ နိုင်ငံသား ၁၇၅ သန်းလောက်ကို ကျွေးမွေး နေ ရကြောင်းသိရှိရတယ်။ တရုတ် လူမျိုးသန်း ၁၃ဝ လောက် ကိုလည်း ဒီနည်းနဲ့ ကျွေးမွေးထားရတယ် ရုတ်နိုင်ငံမှာ ရေစုပ်တင် စိုက်ပျိုးမှုကို တရုတ်ပြည် မြောက်ပိုင်း လွင်ပြင်ဒေသမှာ အကြီးအကျယ်ပြုလုပ်တယ်။ ဒီကြားထဲမှာ မြေအောက် ရေပြင် လျော့နည်းကျဆင်း လာလို့ ရေတွင်းအချို့ ရေကုန်ခန်း သွားတယ်။ မြေအောက်ရေကို စုပ်တင်ပြီး စိုက်ပျိုးရေး လုပ်တာဟာ ရေတိုမှာ အထွက်နှုန်းတိုးဖို့ အထောက်အကူ ဖြစ်ပေမယ့် ရေရည်မှာ ရေအောင်းလွှာ အတွင်း ရေကုန်ခန်း သွားခဲ့ရင် ဘယ်လို လုပ်ကြမလဲ။ မြေအောက် ရေပြင်တွေ လျော့နည်း ကျဆင်းလာချိန်မှာ မြေဆီလွှာ တွေကလဲ လူသားတွေရဲ့ မထိန်းသိမ်း မပြုပြင် နိုင်မှုကြောင့် ယိုယွင်း ပျက်စီးပြီး သဲကန္တာရ အဖြစ် ပြောင်းလဲ လျက်ရှိတယ်။ တရုတ်ပြည်ရဲ့ အနောက်ပိုင်းနဲ့ မြောက်ပိုင်း၊ မွန်ဂို လီးယားရဲ့ အနောက်ပိုင်းနဲ့ အာဖရိ ကတိုက်ရဲ့ အလယ်ပိုင်း ဒေသတွေမှာ ဧရာမ သဲကန္တာရကြီးတွေ ဖြစ်ပေါ် လာနေတယ်။ တရုတ် သဲကန္တာရ ပညာရှင် Wang Tao က တရုတ် ပြည်မြောက်ပိုင်းမှာ နှစ်စဉ်နှစ်တိုင်း စတုရန်းမိုင် ၁၄ဝဝ လောက်ရှိတဲ့ ကုန်းမြေဟာ သဲကန္တာရအဖြစ် ပြောင်း လျက်ရှိတယ်လို့ ထောက်ပြခဲ့တယ်။ မွန်ဂိုလီးယားနဲ့ လီဆိုသို နိုင်ငံတွေမှာ သီးနှံအထွက် ထက်ဝက်လောက် ကျဆင်း သွားခဲ့ပြီဖြစ်တယ်။ မြောက်ကိုရီးယားနဲ့ ဟေတီနိုင်ငံ တွေမှာလည်း မြေဆီလွှာတွေ ဆုံးရှုံးလျက်ရှိတယ်။ အပြည်ပြည်ဆိုင်ရာ အကူအညီတွေသာ မရခဲ့ရင် ဒီနှစ်နိုင်ငံဟာ အငတ်ဘေးနဲ့ ကြုံတွေ့ နိုင်တယ်။ နောက် တစ်ကမ္ဘာလုံးလည်း အနှေးနဲ့ အမြန်ပါပဲ။
ဒါ့အပြင် နည်းပညာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ နိုင်ငံရဲ့ စွမ်းအင်လိုအပ် ချက်အတွက် ကောက်ပဲသီးနှံ စတာတွေကို ဇီဝလောင်စာ ပြောင်းလဲ ထုတ်လုပ်ဖို့ ကြိုးစား လာကြတယ်။ ၂ဝ၁ဝ ပြည့်နှစ်က အမေရိကန် ပြည်ထောင်စုမှာ ကောက်သိမ်းချိန် သီးနှံ အတွက် တန်ချိန် သန်း ၄ဝဝ နီးပါး ရှိခဲ့တယ်။ အဲဒီထဲက တန်ချိန် ၁၂၆ သန်းကို အီသနော အဖြစ် ပြောင်းလဲရာမှာ အသုံးပြုခဲ့တယ်။ ၂ဝဝဝ ပြည့်နှစ်က အီသနော အဖြစ် ပြောင်းလဲခဲ့တဲ့ ကောက်ပဲသီးနှံ တန်ချိန်ဟာ ၁၆ သန်းပဲ ရှိခဲ့တာဖြစ်ပါတယ်။ ရေနံ ဈေးနှုန်းမြင့် တက်လာရင် ကောက်ပဲသီးနှံ ဈေးနှုန်းတွေကလဲ မြင့်တက်သွားတယ်။ ကောက်ပဲသီးနှံဟာ ရေနံအတွက် အစားထိုး ကုန်စည်ဖြစ် သွားတယ်။ ကောက်ပဲသီးနှံတွေကို အခုလို ဇီဝလောင်စာအဖြစ် ပြောင်းလဲ ထုတ်လုပ်မှုကြောင့် ကောက်ပဲသီးနှံ ဈေးနှုန်းတွေဟာ ရေနံဈေးနှုန်းနဲ့ ချိတ်ဆက်သွားတယ်။ လောင်စာဈေး နှုန်းအတက်အကျ အပေါ်လိုက်ပြီး ကောက်ပဲသီးနှံ တွေလည်း ဈေးနှုန်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာရတယ်။
မကြာသေးမီက ပြင်သစ် သမ္မတ Nicolas Sarkozy က ကုန်စည် ဈေးကွက်တွေမှာ ဈေးကစား နေကြမှုကို ထိန်းချုပ် ဟန့် တားပြီး စားနပ်ရိက္ခာ ဈေးနှုန်းတွေ မြင့်တက်လာမှုကို တိုက်ဖျက်မယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒါက ရောဂါ လက္ခဏာကို တိုက်ဖျက်မှု လောက်ပဲ ဖြစ်ပြီး ရောဂါရဲ့ တကယ့် ဇာစ်မြစ်ကို ကုစားမှု မဟုတ် ပါဘူး။ ရောဂါရဲ့ တကယ့် ဇာစ်မြစ်တွေ ဖြစ်တဲ့ လူဦးရေ တိုးပွားမှု၊ ရာသီဥတု ပြောင်းလဲမှု၊ စွမ်းအင် နဲ့ ရေ သယံဇာတ ရှားပါးလာမှုတွေ ဖြေရှင်းဖို့ ကြိုးစားရမှာပါ။ ဒါမှသာ အကျိုးဆက်ဖြစ်တဲ့ စားနပ်ရိက္ခာ ရှားပါးမှုကို အမြစ်ကစပြီး ဆွဲနှုတ်ပစ်နိုင်မှာပါ။ နောက် အခြားသော ကမ္ဘာ့ပြဿနာ အတော်များများကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။
ဒီကနေ့ စားနပ်ရိက္ခာ လုံခြုံမှု အတွက် ဂလိုဘယ် အာဏာ ပါဝါလုပွဲမှာ လယ်ယာမြေ သိမ်းပိုက်မှု၊ ရေသယံဇာတ သိမ်းပိုက် မှု၊ စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့ နေ ကြတဲ့ နိုင်ငံတွေရဲ့ လယ်သမားတွေ ဆီက သီးနှံတွေ တိုက်ရိုက် ဝယ်ယူမှုအထိ တိုးတက် ဖြစ်ပေါ်နေတယ်။ အချို့နိုင်ငံတွေမှာ အရံရိက္ခာ ဖူလုံစွာ ရှိနေပေမယ့် အချို့နိုင်ငံတွေမှာ ငတ်ပြတ် မှုတွေကို ခံစားနေရတာ ကျွန်တော်တို့ တွေ့နေရပါတယ်။ အနာဂတ် ကာလမှာ ရေနံအတွက် တိုက်တဲ့ စစ်ပွဲကနေပြီး အစားအစာ အတွက် နိုင်ငံတွေဟာ စစ်ပြင်ကြမယ်လို့ အလန့်တကြား ဆိုသူတွေလည်း ဆိုကုန်ကြပါပြီ။ အရန် ရေနံမရှိလို့ ကမ္ဘာ့ ယဉ်ကျေးမှု မပျက်သုဉ်း နိုင်ပေမယ့် အရန်မြေဆီလွှာတွေ ကုန်ခန်း သွားလိုကတော့ ကမ္ဘာ့ ယဉ်ကျေးမှုဟာ မရှင်သန် မရပ်တည် နိုင်ဘူးလို့ ဆိုကြတယ်။ ဒါကြောင့် ကမ္ဘာတစ်လွှားမှာ အသံတိတ် တရိပ်ရိပ် ကြီးထွား လာနေတဲ့ စားသောက်ကုန် ဈေးနှုန်းနဲ့ ကမ္ဘာ့ရိက္ခာ ပြဿနာ ဟာ ကျွန်တော်တို့ လူသားတို့ ရပ်တည် ရှင်သန်မှုကို အလဲမထိုးနိုင်ခင် သတိထား ဖြေရှင်းနိုင်ဖို့ အတွက် ရှာဖွေ စုဆောင်းမိသမျှ တင်ပြလိုက်ရ ပါကြောင်း။
မျိုးချစ်မောင်

ဦးဥတ္တမနေ့ အခမ်းအနား click
- ဆရာတော် ဦးဥတ္တမနေ့ ပြည်တွင်းပြည်ပတွင် ဂုဏ်ပြု click
- ဦးဥတ္တမနေ့ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တွင် ကျင်းပ click
- ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဦးဥတ္တမ အခမ်းအနား ကျင်းပ click
- ကရင်နီသမိုင်းထဲမှာ အရေးကြီးတဲ့ အာဇာနည်နေ့ click
- မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းဖို့ အမတ်တွေ အဆိုတင်မှာလား click
- အမေရိကန် အထူးကိုယ်စားလှယ် နေပြည်တော် ရောက်ရှိ click
- အမေရိကန်ကိုယ်စားလှယ် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ click
- မစ္စတာမစ်ချဲလ် လွှတ်တော်ဥက္ကဌတွေနဲ့ တွေ့ click
- ပြည်ထောင်စုလွှတ်တော်တွင် ဒီမိုကရေစီနေ့ စာတမ်းများ ဖတ်မည် click
- လွှတ်တော်တွင် ဦးကျော်ဆန်း ဆဒ္ဒန်ဆင်မင်းဇာတ်ခင်း click
- RNDP အမတ် နှစ်ဦးနိုင်၊ တဦးရှုံး click
- သတင်းသမား၊ နိုင်ငံရေးသမားတွေကို လွှတ်ပါ click
- ဗွီဒီယိုသတင်းထောက်တွေ ပြန်လွှတ်ရေး တောင်းဆိုဆန္ဒပြ click
- DVB သတင်းထောက်တွေ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုကြ click
- ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၂) click


- ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး (ပေးစာ) click
- မြန်မာသရုပ်ဆောင်တွေရဲ့ The Lady (ရုပ်သံ) click
- အာဏာသိမ်းမယ့် အလားအလာက ကင်းလွတ်သွားပြီလား (ဆွေးနွေးဖလှယ်) click
- နုကျန်နဲ့ သံလွင်ရေကာတာ ပြဿနာ (သတင်းသုံးသပ်ချက်) click

  • မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကိစ္စ နိုင်ငံတကာခုံရုံးတွင် စစ်ဆေး - ဧရာဝတီ click here
  • သတင်းထောက်လွတ်မြောက်ရေး ဆန္ဒပြတောင်းဆို - ဧရာဝတီ click here
  • စစ်တွေတွင် သံဃာ့တော် အပါး ၃၀၀ ခန့် မေတ္တာသုတ်များ ရွတ်ဆိုပြီး ဦးဥတ္တမ ရုပ်ထုသို့ ချီတက် ဂါရ၀ပြု - နိရဉ္စရာ click here
  • ရေကြီးမှုကြောင့် ပုဂ္ဂလိက ငါးမွေးကန် ဧကထောင်ချီ ပျက်စီး - မဇ္ဈိမ click here
  • “ညီညီညွတ်ညွတ်နဲ့ ပြင်ဆင်ထားဖို့ အချိန်တန်လာပြီ” - မဇ္ဈိမ click here
  • ဦးဥတ္တမ ရုပ်ထုရှေ့ ပြည်သူများ ပန်းခွေချ - နိရဉ္စရာ click here
  • ဘန်ကောက်မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို - မွန်သတင်းအေဂျင်စီ click here
  • KIA-မြန်မာတပ် ခရိန်မူဒန် တွင် ပစ်ခတ်မှုဖြစ် - KNG click here
  • အစိုးရသစ် တာဝန်ရှိသူများ၏ လွှတ်တော်တွင်း ပြောဆိုချက်အပေါ် ဝေဖန် - ဒီဗွီဘီ click here
  • သန်းရွှေအလွန် (၃) - ဒီဗွီဘီ click here
  • ဝမိုင်းလားအဖွဲ့တို့နှင့် အစိုးရ အပစ်ရပ်ရေး ပဏာမ သဘောတူ - ဘီဘီစီ click here
  • အစိုးရတပ် ဂိတ်စခန်း ၃ခုကို DKBA တပြိုင်တည်း ၀င်တိုက် - KIC click here
  • မြဝတီ ကော့ကရိတ် ကားလမ်းပေါ်က နေရာသုံးခုမှာ တိုက်ပွဲဖြစ်ပွား - နေ့သစ် click here
  • ဒီကေဘီအေနှင့် အစိုးရ တိုက်ပွဲဖြစ် - ဒီဗွီဘီ click here
  • KNU လက်အောက် သို့ DKBA ပြန်လည် ပူးပေါင်းရန် အလားအလာရှိနေ - မိုးမခ click here
  • အပစ်ရပ်မှု ဆက်ထိန်းထားရန် ကြံ့ဖွံ့ကိုယ်စားလှယ်များ ဆွေးနွေး ဧရာဝတီ click here
  • ကျိုင်းတုံတွေ့ဆုံဆွေးနွေးပွဲ အလားအလာကောင်းဟု မိုင်းလားတပ်ဖွဲ့မျှော်လင့် - သျှမ်းသံတော်ဆင့် click here
  • “၀” နှင့် မိုင်းလားအဖွဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရန် အစိုးရ ကိုယ်စားလှယ်ပြော - သတင်းနှင့်မီဒီယာကွန်ယက် click here
  • ဝတပ်ဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ကို အစိုးရကိုယ်စားလှယ်နှစ်ဦး တွေ့ဆုံ - ဒီဗွီဘီ click here
  • မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် အဖွဲ့စုံတွေ့မည် - ဘီဘီစီ click here
  • မြန်မာအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား တင်ပြဖို့ HRW တောင်းဆို - ဗွီအိုအေ click here
  • မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပြင် အငြင်းပွားမှု ကြားနာစစ်ဆေး - ဘီဘီစီ click here
  • မြန်မာ၊ ဘင်္ဂလား ရေပြင်ပိုက်နက် အငြင်းပွားမှု နိုင်ငံတကာခုံရုံး ကြားနာမှု စတင် - နိရဉ္စရာ click here
  • လူ့အခွင့်အရေး ကော်မရှင် NLD ကြိုဆိုစောင့်ကြည့် - ဗွီအိုအေ click here
  • အဆောတလျင် ဖြေရှင်းရမည့် ပြဿနာတွေချည်းဟု သမ္မတ အကြံပေး ပြော - မဇ္စျိမ click here
  • ပုဂ္ဂလိက ကျောင်းထောင်ခွင့် ဥပဒေမူကြမ်း အထက်လွှတ်တော် အတည်ပြု - မဇ္စျိမ click here
  • လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့အသံ တကယ် မကြားရ - အာရ်အက်ဖ်အေ click here
  • သာဂရမြို့ဟောင်း မပျက်စီးအောင် ထိမ်းသိမ်းရေး လွတ်တော်အမတ်တွေ တင်ပြ - အာရ်အက်ဖ်အေ click here
  • မြန်မာ့လူ့အခွင့်အရေးကော်မရှင် ဘာတွေလုပ်နိုင် - ဗွီအိုအေ click here
  • တိုင်းပြည်အတွက် အသုံးချခံရမှာကို မနှစ်သက်စရာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား - အာရ်အက်ဖ်အေ click here
  • သမိုင်းပညာရှင် ဦးသန့်မြင့်ဦးအား ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံ - NLD click here
  • ဒေါ်အောင်ဆန်းစုကြည်ကို ဦးသန့်မြင့်ဦး သွားရောက်တွေ့ဆုံ - မဇ္စျိမ click here
  • ဒေါ်အောင်ဆန်းစုကြည် ဦးသန့် မြေးနဲ့ တွေ့ဆုံ - အာရ်အက်ဖ်အေ click here
  • ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် - မိုးမခ click here
  • ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံ ပြန်လည် ဖော်ပြခွင့်ရ - ဗွီအိုအေ click here
  • စာပေစိစစ်ရေး လိုအပ်ဆဲဟု ဝန်ကြီးဆို - မဇ္စျိမ click here
  • စာပေစိစစ်ရေး လိုအပ်ဆဲဟု ဦးကျော်ဆန်း ပြော - ဧရာဝတီ click here
  • မြန်မာနိုင်ငံ သတင်းစာ လွတ်လပ်ခွင့်နဲ့ မတန်သေးကြောင်း ပြန်ကြားရေး ၀န်ကြီး ချေပ - အာရ်အက်ဖ်အေ click here
  • မက်ဆင်ဂျာကို ကန့်သတ်အပြစ်ပေး - မဇ္စျိမ click here
  • မြန်မာပြည်မှာ တာလီဘန် အချိတ်အဆက် ရှိနေပြီလား - မိုးမခ click here
  • ပရဟိတအဖွဲ့က ဝန်ထမ်းတဦး ဝတပ်ဖွဲ့အတွက် ကလေးစစ်သားစုပေးခဲ့ - ဘီဘီစီ click here
  • အိုဘားမားရဲ့ အသေးစားလုပ်ငန်း မြှင့်တင်ရေးမှာ မြန်မာ ဆူရှီကုမ္ပဏီပိုင်ရှင် ဂုဏ်ပြုခံရ - အာရ်အက်ဖ်အေ click here
  • ထူးဟန်နဲ့ မွန်းတို့က စစ်တပ်၏ပါးကွက်သားများအဖြစ် လုပ်ကြံဖန်တီးပြီး ယူအန်၏ အိုင်စီစီလုပ်ငန်းစဉ် အားနည်းချက်ကို ထင်ရှားအောင် သက်သေပြခြင်းဖြစ် - မိုးမခ click here
  • ကြံ့ဖွံ့ပါတီမှ ကလိမ်ဥာဏ်ဆင်ပြီး ၎င်းတို့ပါတီဝင်ကို ကျေးရွာအုပ်ချူပ်ရေးမှူးအဖြစ် ရွေး - ခိုနူမ်းထုန် click here
  • ဒဂုံမြို့သစ် လယ်မြေဧက ၂၀၀ အသိမ်းခံရမည့် အရေး တိုင်ကြားစာတင် - သတင်းနှင့်မီဒီယာကွန်ယက် click here
  • ဧရာဝတီအကြောင်း စာရေးဆရာများ ဟောပြောမည် - ဧရာဝတီ click here
  • နို့ဖိုးဒုက္ခသည်စခန်းတွင် လူဦးရေစာရင်း ကောက်ခံခဲ့ - KIC click here
  • မိုးဗြဲဆည်ရေလွှတ်သဖြင့် လွိုင်ကော်အပါအဝင် ရွာအချို့ရေကြီး - ဒီဗွီဘီ click here
  • ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းရန် မြေယာသိမ်းဆည်းခံရပြီး ဒေသခံများ လျော်ကြေးအပြည့်အဝမရသည့် အခြေအနေကြုံနေရ - ရိုးမ-၃ click here
  • ဘိလပ်မြေစက်ရုံ ဆောက်ရန် မြေသိမ်း၊ လျော်ကြေးငွေပမာဏ အလွန်နည်း - မွန်သတင်းအေဂျင်စီ click here
  • စီမံကိန်းစိုက်ခင်းပျက်စီးမှု ရွာသားများ ထပ်မံဖမ်းဆီးခံရ - ဒီဗွီဘီ click here
  • တက္ကသိုလ်ကျောင်းသူအမှု လူအများ စိတ်ဝင်စား - ဒီဗွီဘီ click here
  • မွန်တော်လှန်ရေးသမားဟောင်းနိုင်မြသီး ဈာပနမီးသင်္ဂြီုလ်ပြီးစီး - မွန်သတင်းအေဂျင်စီ click here
  • ရခိုင်ပြည်နယ် အစိုးရ မြန်မာယဉ်ကျေးမူ အဆိုအက ပြိုင်ပွဲ လုပ်၍ ဆရာတော် ဦးဥတ္တမနေ့အား အာရုံပြောင်း - နိရဉ္စရာ click here
  • RNDP မှ ဆရာဦးဥတ္တမ စာစောင်များ ဖြန့်ဝေမူ နှောင့်ယှက်ဟန့်တားမူ မရှိ - နိရဉ္စရာ click here
  • ဦးဥတ္တမ ရုပ်ထုရှေ့ ပြည်သူများ ပန်းခွေချ - နိရဉ္စရာ click here
  • စစ်ထောက်လှမ်းရေးဟောင်းများ ထောင်မှပြန်လွှတ် - သျှမ်းသံတော်ဆင့် click here
  • တုပ်ကွေးဖြစ်ပွားနေသည့် ကိုယ်ထူကိုယ်ထကျောင်းမှ ကလေးငယ် ၄၀ကျော် ဆေးဝါးလိုအပ်နေ - KIC click here
  • ငွေလဲနှုန်း ပြုပြင်ရေးအပေါ် ကိုမိုးသီးဇွန် ရဲ့ အမြင် - နေ့သစ် click here
  • RFA က ဧရာဝတီ စကားဝိုင်း (စက်တင်ဘာ ၈၊ ၂၀၁၁) - ဧရာဝတီ click here
  • ဦးကျော်ဆန်း တကယ်ပဲ ဇာတ်ထောင်တော့မလား - ဧရာဝတီဘလော့ဂ် click here
  • အပြောနဲ့ အလုပ် - ဧရာဝတီဘလော့ဂ် click here
  • လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ (ဆောင်းပါး) - ဧရာဝတီ click here
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စာမူများ ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖော်ပြကြ (ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် - ဧရာဝတီဘလော့ဂ် click here
  • ရတနာ့ဂုဏ်ရည်ဓမ္မသင်တန်း ၃ နှစ်ပြည့် အခမ်းအနား၊ ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်းတွင် ကျင်းပ - မိုးမခ click here
  • သတ္တိရှိတဲ့ ဆရာမလေး ဒေါ်ရင်ရင်မြင့် - မိုးမခ click here
  • ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့်မြန်မာစာသင်တန်းဆင်းပွဲ - မိုးမခ click here
  • အမျှ ဘာကြောင့်ယူရတယ် - မိုးမခ click here
  • ကဗျာဆရာ တင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်းစာအုပ် မိုးမခအီးဘုတ်စာစဉ် ၂၁ အဖြစ်ထွက်ပြီ - မိုးမခ click here
  • ဦးကျော်ဆန်း ကိုယ်တိုင် သရုပ်ဆောင်တဲ့ "ဥ" (ရုပ်သံ) - ဧရာဝတီဘလော့ဂ် click here
  • စီယက်တဲလ်တွင် ကျင်းပတဲ့ ကရင်ရိုးရာ လက်ချည် မင်္ဂလာပွဲ (ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • ဓမ္မဂုဏ်ရည် မဟာစည် သာသနာ့ရိပ်သာ နိဗ္ဗာန်ဈေးရောင်းပွဲတော် (ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့အနီးက ဒေလီယာပန်းခင်း (ဓာတ်ပုံ) - ယနေ့မြန်မာ click here

စတော့ဈေးကွက်ဖြစ်ဖို့ ဘာတွေပြင်သင့်သလဲ click
- ဘဏ်တိုးနှုန်း လျှော့သော်လည်း ဒေသတွင်း အမြင့်ဆုံး ဖြစ်ဆဲ click
- ပြည်တော်ပြန်မယ့် ဂေါ်ဇီလာ ပြီးတော့ ဂျွန်အိုကဲနဲ့ ထူးခြားတဲ့ ပူဇော်ကန်တော့ပွဲ click
- မြန်မာအသင်း ပါဝင်သည့် နိုင်ငံတကာ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ (ဓာတ်ပုံသတင်း) click
- ကျွတ်ပွဲလွတ်ပွဲ စတော့မည် click
- Gmail ရောင်းရန် ရှိသည် click
- သူတို့အတွက်ဆည်းဆာ ကိုယ့်တို့အတွက်အရုဏ် (၀တ္ထုတို) click
- ကိုဖိုးတူ လူပျိုကြီးဖြစ်ရခြင်းအကြောင်း (၀တ္ထတို) click
- ဂဒါဖီရဲ့ခြေကုပ်စခန်းကို စတင် စစ်ဆင် click
- ကဒါဖီ ဆန့်ကျင်ရေးတပ်တွေ ဘာနီဝါလစ် ရောက် click
- ကိုင်ရို အစ္စရေးသံရုံး တိုက်ခိုက်ခံရ click
- ဂါဇာသွားသင်္ဘောတွေ တူရကီရေတပ် စောင့်ရှောက်မည် click
- နိုင်ငံတကာရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန် click
- နယူးယောက်မြို့ကို အကြမ်းဖက်တိုက်ခိုက်နိုင် click
- အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေ အမေရိကန် သတိပေး click
- 9-11 နှစ်ပတ်လည်မှာ တိုက်ခိုက်မယ့်သတင်း အမေရိကန် စုံစမ်း click
- စီးပွားရေးဆိုင်ရာ အထူးမိန့်ခွန်း လွှတ်တော်မှာ သမ္မတအိုဘားမား ပြောကြား click
- စက်တင်ဘာ ၉ ရက် နိုင်ငံတကာ သတင်းဗွီဒီယို click