ပြီးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာနဲ့ ပြည်တွင်းက သတင်းမီဒီယာ တစ်ချို့ဟာ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လွတ်လပ် တရားမျှတမှုကို ထိုးနှက်တိုက်ခိုက်ဖို့ ဆန္ဒမဲလက်မှတ်တွေမှာ ဖယောင်း သုတ်ထားတယ်ဆိုပြီး ပြည်သူကို သတင်းမှားနဲ့ လှည့်စားခဲ့ကြပါတယ်။ NLD အနေနဲ့လည်း ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေ တွေကို အသေအချာ သုံးသပ်လေ့လာခြင်းမရှိဘဲ မြှောက်စားပင့်စားတွေရဲ့ အလိုလိုက် အကြိုက်ဆောင်တဲ့ ကပ်ဖားရပ်ဖား စကားလုံးတွေကို တဖက်သတ်ဆွဲယူပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ ပြသနာ တစ်ခုဖြစ်လာခဲ့ရင် နားနှစ်ဖက်နဲ့ အသေအချာ နားထောင် မျက်လုံးနှစ်လုံးနဲ့ စေ့စေ့စပ်စပ် ကြည့်လို့ ကိုယ်ပိုင်အသိနဲ့ မှန်ကန်မျှတအောင် ဝေဖန်ပိုင်းခြားပြီး သေချာမှ တစ်ဖက်သားကို စွတ်စွဲ ပြောဆိုသင့်ပါတယ်။ ဒါပေမယ့် NLD အနေနဲ့ ဒီစွတ်စွဲ တိုင်ကြားချက်မှာ နှစ်ဖက်မျှတတဲ့ အမြင်နဲ့ မကြည့်ဘဲ ကိုယ်ဘက်ကိုယ် ကြည့်တက်တဲ့ အမြင်တစ်ခုတည်းနဲ့ ကြည့်ပြီး တစ်ဖက်ကန်းအမြင်နဲ့ ပုတ်ခတ်စွတ်စွဲခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖြစ်စဉ်ဖြစ်ပွားရာ ပုလဲ၊ မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ တောင်တွင်းကြီး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့် မရမ်းကုန်း၊ ဒဂုံ(ဆိပ်ကမ်း)နဲ့ ကလော(အောင်ပန်း) မြို့နယ်တွေကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ ပါတီများမှ မြို့နယ်အဆင့် ဥက္ကဌ/ အတွင်းရေးမှူးများ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ မဲရုံအသီးသီးရှိ မဲပေးပြီးသည့် ဆန္ဒမဲလက်မှတ်များကိုပါ ဖွင့်ဖောက် စစ်ဆေးပြသ စေခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိချက် ကတော့ တိုင်ကြားမှုဟာ အခြေအမြစ်မရှိတဲ့ သတင်းရင်းမြစ်ကို အခြေခံပြီး တိုင်ကြားထားတာကြောင့် မှန်မကန်စွတ်စွဲ တိုင်ကြားချက်သာ ဖြစ်ပါကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
NLD အနေနဲ့ မိမိနိုင်ငံရေး ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ ပြည်သူအကြားမှာ ဒီလိုထင်ယောင်ထင်မှား ဖြစ်စေတဲ့ လုပ်ရပ်မျိုး ပြုလုပ်ခြင်းဟာ ပြည်သူ သတင်းမှိုင်းတိုက် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကျမ်းသစ္စာ ကြိမ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုတောင် စစ်စစ်ပေါက်ပေါက် အရေးတယူရှိလှတဲ့ NLD ဟာ ဆန္ဒမဲလက်မှတ်မှာ ဖယောင်း သုတ်ထားပါတယ်ဆိုပြီး စွတ်စွဲပြောဆိုတာဟာ ဒီစွတ်စွဲချက်ရဲ့ အဓိပ္ပါယ် အတိမ်အနက် သက်ရောက်မှုကို မသိဘဲပြု လုပ်တာတော့ မဟုတ်လောက်ပါဘူး။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုတွေကို ဂယက်ရိုက်ခတ် သွားစေနိုင်ပြီး နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားတွေကိုလည်း NLD ရဲ့ ဒီလုပ်ရပ်ကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေနိုင်တယ်မို့  သိသိကြီးနဲ့ ဒီလိုမဟုတ်မမှန် စွတ်စွဲခဲ့တာဆိုရင်တော့ ပြည်သူအပေါ်ထားရှိတဲ့ NLDရဲ့သဘောထားအမှန်ကို ပြန်မေးကြည့် ရမလိုဖြစ်နေပါပြီ။
အချိန်အခါအရ အပြောင်းအလဲကို အရမ်းတပ်မက်နေခဲ့တဲ့ ပြည်သူလူထုရဲ့ မဲပေးမှုကြောင့် ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနေနဲ့ မဲဆန္ဒနယ် အများအပြားကို အနိုင်ရခဲ့တယ်ဆိုတာ ငြင်းမရတဲ့ အမှန်တရား ဖြစ်ပါတယ်။ ဘယ်ပါတီကပဲနိုင်နိုင် ပြည်သူလူထုက အမှန်တကယ် ရွေးကောက်တင်မြှောက် လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကို မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့တာမို့ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အနှစ်သာရကို တင်းပြည့် ကျပ်ပြည့် ဖော်ညွှန်းနိုင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်တာမို့ ဝမ်းသာမိပါတယ်။ သန့်ရှင်းစွာ ယှဉ်ပြိုင်ကြတဲ့ ဒီလိုအချိန်မှာ တစ်ဖက်သားကို မမှန်သတင်းနဲ့ အပုတ်ချဖို့ ကြိုးတာဟာ သိက္ခမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ပြည်သူ့ အကျိုးအတွက် နှစ်ရှည်လများ ရပ်တည်မယ့် ပါတီတစ်ခုအနေနဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ယုံကြည်မှုကို လိုရာဆွဲပြီး အမြတ်ထုတ်ဖို့ ကြိုးစားတာဟာ နိုင်ငံရေးသိက္ခာ လုံးဝမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ ပြည်တွင်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးတို့ အတွက် အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာ ဒီလိုထင်ယောင် ထင်မှားသတင်းနဲ့ တိုက်ခိုက်တာဟာ သဘောထားမမှန်တဲ့ မရိုးမသား လုပ်ရပ်တစ်ခု ဖြစ်တာကြောင့် တစ်ကယ်လို့များ ဒီကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်မရရှိခဲ့ရင် ဆိုတဲ့ အတွေးနဲ့များ ကြိုတင် စီမံထားတာများ ဖြစ်နေမလားလို့ ထင်ချင်စရာကြီး ဖြစ်နေပါတော့တယ်။ ဒါကြောင့် NLD ပါတီအနေနဲ့ နိုင်ငံအကျိုး ပြည်သူအကျိုးကို တကယ်သယ်ပိုးဖို့ ရည်ရွယ်ထားတယ်ဆိုရင် နောက်နောင် ရွေးကောက်ပွဲများမှာလည်း အရိုးသားဆုံး ယှဉ်ပြိုင်တက်အောင် သင်ယူဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
မျိုးချစ်မောင်




အိမ်ပြန်ချိန်တွေလည်း မသိခဲ့ ဘူး။နေ၀င်ခဲ့ တဲ့  နေရက်တွေက ဘာသက်ဝင်မှု့ မှကို မရှိခဲ့ တာပါ။ရင်ထဲမှာ ဟာတာတာနဲ့  အိမ်အလွမ်းဆိုတာတောင် သံစဉ်စားသားနဲ့  ငြီးဖို့  ကွန်ပျူတာလေး တလုံးလောက်လေးကို အဖော်ပြုပြီး တခြားတိုင်းတပါးမှာ နေ့ ရက်တွေကုန်ဆုံးခဲ့ တယ်။သဘာဝခြင်းမတူတဲ့  နေထိုင်ပုံ လူ့ စနစ်တွေနဲ့ ကြမ်းတမ်းတဲ့  ခ၇ီးလမ်း၊ကြုံတွေ့ ရတဲ့  ဒုက္ခပေါင်းမြောက်များစွာက အေ၇ာင်အသွေးစုံလို့ ပေါ့ ။ပင်ပန်းတိုင်း ၊အခဲအခက်တခု ကို ကြုံတွေ့ တိုင်း ၊သာတူညီမျှတဲ့  အိမ်လွမ်းခွင့် တွေ မရတိုင်း၊ဖက်လှဲသကင်း ဖေ့ ဖုတ်ပုံက မိသားစုပုံလေးတွေကို ပြေးပြေးသတိရမိတယ်။တကယ်ပါ…..။ခွင့် ကလေး ရတိုင်း၊ပိုက်ဆံရှိတိုင်း အပြေးကလေးသာ ပြန်လို့ ရရင် ရုရှားနိုင်ငံမှာ မြန်မာရဲ့ ဟန် မြန်မာ့  အလံသာ ကျန်ခဲ့ လိမ့် မယ်.................

တကိုယ်တည်း ပျော်မွေ့ ခဲ့ ကြတယ်....။ချစ်သူမပါဘူး။မိဘ မရှိဘူး။လွမ်းလိုက်တာလို့ ပြောမိတက်ယုံ လေးသာသာပါ..........။တခါတလေ စစ်ခွေးလို့ ပြောရင် နာမိယုံလေးနည်းနည်းပေါ့ .............။ဒါပေမဲ့  ငါ့ တို့ နေတက်ခဲ့ ပါတယ်....။ဘယ်သူပြောလဲ မီးဖို ချောင် အလုပ်က မိန်းကလေးအလုပ်လို့ ......။သေနတ်ကိုင်တဲ့ လက် ပေးအပ်ထားတဲ့  ရည်ရွယ်ချက်အတွက်လိုအပ်ရင် ငါတို့  လည်း ဟင်းချက်တက်တာ မမေ့ ပါနဲ့ ဟာ..................................


လူပဲလေ။ပြသနာ တွေ ကြုံတိုင်း မှီတွဲရာတခု အားထားရာတခု ကိုင်စွဲပြုတက်တာ သဘာဝပဲမဟုတ်လား။ခါးသက်တဲ့  မုန်းတိုင်းတွေနဲ့  မတူညီတဲ့  ပတ်ဝန်းကျင် တွေကြောင့်  ငါ တို့ တွေ မမှောက်မှားခဲ့ ကြဘူး။ကျလုလုဝမ်းနည်းတဲ့  စိတ်ဓါတ်တွေကို နှလုံးအိမ်ထဲမှာ သိမ်းဆည်းပြီးတော့  အိမ်အပြန်ရက်ကို လက်ချိုး ရည်တွက်နေခဲ့ ကြသလို ပေးအပ်တဲ့  တာဝန်ကိုလည်း ငါတို့  ကျေပွန်ခဲ့ ကြတယ်လေ။


သစ်တပင်မကောင်းရုံနဲ့  သစ်တော တခုလုံး ပြုတ်ပြုတ် ပြုန်းအောင် ၀ါဒမှိုင်းတွေတိုက် ၊လောင်မြိုက်တဲ့  အပုတ်ချမီးတွေကြားမှာ စစ်တပ်ဆိုတာ ချဉ်ဖက်ဖြစ်ရတော့ မှာလားဗျာ……….။ရဲဘော်မှ အသက်ပေးရတာမှမဟုတ်တာ စစ်ဗိုလ်က ရောသူ့ အသက် အာမခံထားတဲ့ သူမရှိပါဘူး။။မတရားဘူးလို့  ဟစ်ကြွေးချင်ပေမဲ့  ငါတို့  အတွက် ဘက်တော်သား မီဒီယာဆိုတာ မရှိခဲ့ ဘူး။အသက်ကို ပေးပြီးတိုင်းပြည်တာဝန်ထမ်းရွက် အများအတွက် ရယ်ပါလို့  သစ္စာစကားဆိုထားတဲ့  သူတွေ နှုတ်က စကား မုသာဝါဒတွေပဲ ဖြစ်ရော့ လား။မကျေနပ်ရင်လိုက်ကြည့် ဘယ်ရဲဘော်မှ ကိုယ်ပိုင်စီပွားရေး မလုပ်နိုင်ကြဘူး။မကြီးပွားလို့  ဆိုပြီး အခွင့် အရေးမတောင်းဆိုခဲ့ ကြဘူး။ဘယ်တောင်းဆိုမလဲ။တပ်မတော် အကြောင်းသူ တို့ ကောင်းကောင်းသိတယ်။အမေ နေမကောင်းပဲနဲ့ တော့  မုန့် ဖိုးမတောင်းဝံတာ သားလိမ္မာတွေမှာပဲ ရှိတဲ့  သိတက်မှု့ တွေပေါ့ ...................

ခိုက်ခိုက်တုန်အောင်ချမ်းတဲ့  ရုရှားနိုင်ငံရဲ့ ဆောင်းတွင်း......။နှင်းစက်တွေက ကျလို့  .....။
မနက်မိုးမလင်းသေးဘူး တကိုယ်လုံး လုံအောင်ခြုံ ပြီး မနက်စောစော ကျောင်းသွားနေရပြီ...။
ပြန်လာရင်လည်း တ၀မ်းတခါးအတွက် ချက်ပြုတ်ရပြန်တယ်.........။အမြဲတမ်းသွားလာနေရတဲ့ 
အဆောင်နဲ့ ကျောင်း ၊ကျောင်းနဲ့  အဆောင်မှာ ငါတို့ ရဲ့ ခြေရာတွေ ကမ္ဘာမြေ မပျောက်သရွေ့ တော့ ကျန်နေဦးမှာပါ.............

ဒီလိုနဲ့  မသိလိုက်ဘာသာ သိလိုက်ဘာသာနဲ့  တဖြုတ်ဖြုတ်နဲ့ ကြွေသွားလိုက်တာ များ...........။ ။မိုးလေဒဏ် ဥတုတွေကြားမှာ ဖျားခဲ့ ရင်တောင် ဆေးတိုက်မဲ့ သူမရှိခဲ့ ဘူး။။ခပ်တိုးတိုး ငြီးညူသံကြားမှာ မိဘတွေ စိတ်ပူမှာစိုးလို့  မြို ကာမှိတ် ကြိတ်မှတ်အိပ်ခဲ့ ဖူးတယ်။တကယ်ပါကွယ်…………….ဒါတွေကိုများ ရုရှားရောက် ဘယ်စစ်သားတွေက တံခွန်တိုင် မဏ္ဍပ်တက်ပြခဲ့ ဖူးသလဲ။
လက်ညိုးတချက် ကွေးပြီး လူသတ်ရမှာထက် ဘိလပ်မြေတအိတ်ထမ်းပြီး တိုင်းပြည်အတွက် ငါ ကတ္တရာ ခင်းပေးချင်ပါတယ်………….


ပြောစမ်းပါဦး လောကကြီးရယ်။ဒါတွေ အားလုံးကိုတော့  မင်းတို့ တွေ မသိချင်ယောင်ဆောင်သွားကြတယ်။စစ်ထဲဝင်ပါဆိုတော့  နှတ်ခေါင်းရှုံ့ ကြတယ်။ပေါ်တာဆွဲတယ်ဆိုတော့  ဂျာနယ်ပေါ်မှာ တသီတတန်းကြီး။မြန်မာနိုင်ငံ ရဲ့ နယ်မြေဒေသ အသီးသီးမှာ မြေသြဇာဖြစ်မို့  မင်းတို့  ငါ့ တို့ ကို ဆုတောင်းကြနေလေသလားကွာ….။ညွန်နေတဲ့  လက်ညိုးပေါင်းများစွာနဲ့ ၊ပြောနေတဲ့  သွေးထိုးသံစကားမှာ ပြည်သူနဲ့  စစ်တပ် ရင်ခြင်း အပ်သင့် တယ်ဆိုတာ ဘယ်ဂျာနယ်တွေက များ ဇောင်းပေးဖော်ပြခဲ့ ဖူးကြသလဲ။ကိုယ်ချင်းစာစိတ်လေးတော့  ထားပေါ့ ။အမှန်တရားဟာ အမှားတစ်ထောင်ထဲရောက်တော့  ငှက်ပျောက်သလို ပျောက်သွားလိုက်တာများ။သူတို့ ပြောနေတဲ့  အမှန်တရား မီဒီယာ သမားတွေက ဒါတွေကို ကျတော့  မှတ်တမ်းတင်ဖို့ မေ့ေ၇ာ့ နေလေသလားလို့  ကြုံရင်တော့ မေးလိုက်ချင်တာပေါ့ ………



ပြည်ထောင်စုကြီးဆိုတဲ့  ဒီမြန်မာပြည်ကြီး ကောင်းကင်ယံမှာ ထွန်းလင်းဖို့  အသက်တွေပေးဆပ်ရင်း မိသားစုဆိုတာတွေကို မျက်ကွယ်ပြုခဲ့ ကြတယ်…..။အသိုက်အမြုံဆိုတာတွေကိုတောင် နွေးထွေးခွင့် မပေးနိင်ရှာတဲ့  ရုရှားရောက် စစ်ဗိုလ်တွေ မနည်းမနောပဲ။သူတို့ ကိုချစ်တဲ့ သူတွေဆိုတာကလည်း အချိန်တွေပေးဆပ် ၊အရာရာကို နှင်းအပ်ပြီး ချစ်ခွင့် ပို ခဲ့ လို့ သာပေါ့ ........။တိုင်းပြည်ချစ်စိတ်နဲ့ အတူ အရာအားလုံးကို သူတို့ ပေးဆပ်တာတောင် မှ လူကြားကောင်းအောင် မာန်တက်မနေခဲ့ ကြဘူး။ပေးတဲ လစာနဲ့ နေ ၊ကျေပွန်အောင် ထမ်းရွက်ရမဲ့ တာဝန် ၊နာကျင်ခံရခက်တဲ့  ဝေဒနာ၊လှိုက်ငိုနေမဲ့  နှလုံးသား တွေထဲမှာ မင်းတို့  မမြင်နိုင်တဲ့  မျက်ရည် တွေ ရုရှားရောက်စစ်ဗိုလ်တွေမှာလည်း စိုလူးနေမှာ မလွဲဘူးကွာ………....................



တကယ်ပါ ငါတကယ် ဆုတောင်းတယ်……………။စိန်ခေါ်မှု့ တွေနဲ့ မုန်းတီးမှု့ တွေကြားမှာ ပြည်သူအတွက်နဲ့ တည်ဆောက်ထားတဲ့  တပ်မတော် ဘယ်တော့ မှ အရည်မပျော်စေရဘူး။မ တထောင် တကောင်ဘွား ၊ပြီးတော့  အမျိုးချစ်တဲ့ စိတ် သူတို့ တွေမှာ ကြောက်စိတ်မရှိခဲ့ ကြဘူး။ဒီလိုနဲ့  စစ်စိမ်းရောင် ကိုချစ် မြတ်နိုးပြီး အမုန်းတရားတွေကြား မှာ ခပ်ခါးခါး အပြစ်မြင်သံတွေကြားမှာ တိုင်းပြည်အတွက် ငါ့ တို့ ဝံကြွားခဲ့ ကြတယ်။

တနေ့ နေ့ ပေါ့ ဆိုတဲ့  အတွေး နဲ့  မခိုင်မလဲ ပဲ ယုံကြည်ချက်တွေနဲ့ တည်ဆောက် တပ်မတော်ဆိုတာ ဘယ်တော့ မှ အမျိုး သစ္စာမဖောက်ဘူးဆိုတာ တွေးရင် အများက ပစ်ပယ်ခြင်းနဲ့  စပ်ဆုပ် ရွံရှာခြင်းတွေကြားမှာ ကြွေလွင့် သွားတဲ့  ကြယ်တွေ သြော် အမိမြန်ပြည်မှာ မရေတွက်နိုင်တော့ ဘူးလေ………………….(မင်းသန့် )


ဖေ့ ဖုတ်မှ http://www.facebook.com/photo.php?fbid=186077914848067&set=a.119271444862048.17694.100003375792279&type=1&theater 


"မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ လုပ်နေတာ၊ ငါတို့ကဘာစောက်တစ်ပြားမှမရပဲ ထောင်ကျခံပြီးနိုင်ငံရေးလုပ်နေတာ၊ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကို ပြောလိုက်... ငါ -ိုး မ သားရဲ့" ဟု  

 

NLD ပါတီမှ ဒေါ်စု၏ ကိုယ်ရံတော် ဦးကျော်စိုးနိုင်(ခ)ဘောကြီးမှ သတင်းလာယူသော The Express Time ဂျာနယ်မှ သတင်းထောက်ကို ဆဲရေးတိုင်းထွာပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှု အပေါ် မီဒီယာသမားများမှ ၀ိုင်းဝန်းကန့်ကွက်ကြရာ ယခုအခါမှာ မီဒီယာ သတင်းထောက်များနှင့် ဖွဲ့စည်းတည်ထောင်ထားသော မြန်မာဂျာနယ်လစ် ကွန်ရက် (Myanmar Journalist Network) ကပါ NLD ၏လုပ်ရပ်အပေါ် သဘောမတူ လက်မခံဘဲ များစွာစိတ်ပျက်ရကြောင်း သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အပြည့်အစုံကို အောက်ကပုံမှာ ဖတ်နိုင်ပါတယ်။
Myanmar Journalist Network ရဲ့ NLD ပါတီ၏ 
လုပ်ရပ်အပေါ် ကန့်ကွက်စာ
 

 Golden Myanmar News

မေလ ၈ ရက်နေ့၌ ရန်ကုန် မြို့ရှိ စက်မှုကုန်သည် အသင်းချုပ် တွင် ပြုလုပ်သည့် မသန်စွမ်းသူများ နှစ်ပတ်လည်အခမ်းအနားတွင် ဒေါ် အောင်ဆန်းစုကြည်နှင့် ဦးမြတ်သူ ဝင်းတို့ နှုတ်ဆက်နေခြင်းကို မီဒီ ယာများ ဓာတ်ပုံရိုက်နေစဉ် အချင်း များခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်နှင့်ပတ် သက်၍ ဦးဝင်းတင်က တစုံတရာ ပြောကြား ခြင်းမရှိကြောင်းနှင့် နှစ်ဖက်စလုံးမှ လူငယ်များဖြစ်နေပြီး တာဝန်ကြီးကြီး လူကြီးတာဝန်များကို ထမ်းဆောင်နေရသူများဖြစ်၍ ယခုပြဿနာကို ပြည်ပအခြေစိုက် ဧရာဝတီ သတင်းဌာန ကို ပြောကြား ခဲ့သည်။

''တစ်ဦးနဲ့တစ်ဦး တွန်းထိုးတဲ့ အထိ ဖြစ်ရတာ မကောင်းပါဘူး။ အဲဒါအပြင် မီဒီယာသမားတွေကို နှိမ့် ချပြောသွားတာမကောင်းဘူး၊ တကယ်တမ်းပြောရင် ဒီလိုသိမ်းကြုံး ပြောတယ်ဆိုတာတွေဟာ မီဒီယာ သမားတွေကို စော်ကားသလိုပါပဲ။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင် ဖြေရှင်းသင့်တယ်'' ဟု အေပီသ တင်းဌာနမှ ဒေါ်အေးအေးဝင်းက ပြောသည်။

ပြဿနာဖြစ်ပွားမှုနှင့်ပတ်သက်၍ Express Times ဂျာနယ်သတင်းထောက် ဦးဟိန်းကိုစိုး ကိုThe Messenger ဂျာနယ်က မေးမြန်းရာ တွင် ဦးဟိန်းကိုစိုးက ''အိမ်သာထဲကို ခေါ်ပြီး ကျွန်တော့်ရင်ဘတ်ကို စောင့် တွန်းတယ်။ ပြီးတော့ မင်းကဘာကောင်လဲ၊ ငါတို့က နိုင်ငံရေးကို ထောင်ကျခံပြီးလုပ်တာ၊ မင်းတို့ ဂျာ နယ်လစ်တွေဆိုတာ ပိုက်ဆံရဖို့လုပ်နေတာ၊ မင်းတို့ အယ်ဒီတာချုပ်ကို ဒီအတိုင်းပြောလိုက်လို့ပြောပြီး ကျွန် တော့်ကို ဆဲဆိုကြိမ်းမောင်းဓာတ်ပုံ ရိုက်သွားတယ်'' ဟု ပြန်လည်ပြော ကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက် ၍ ဦးကျော်စိုးနိုင်က "မှန်တယ်လည်း မပြောဘူး၊ မှားတယ်လည်း မပြောဘူး၊ ကျွန်တော့်ကိစ္စ လည်းမဟုတ်ဘူး ဒီကိစ္စအပေါ် ကျွန်တော့် ထင်မြင်ချက် မပေးဘူး။ နာမည်ကြီးဖို့ လုပ်တာလည်း မဟုတ်ဘူး" ဟုပြည်ပ အခြေစိုက်ဧ ရာဝတီ သတင်းဌာန အား မောက်မာစွာ ပြော ခဲ့သည်။ ယင်းအပြင် ယခုကိစ္စကို NLD တာဝန်ရှိသူများ ကဖြေရှင်းပေး လိမ့်မည်ဖြစ်ကြောင်း လူကြီးများက သာ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါပြဿနာ ဖြစ်ပွားမှုနှင့်ပတ်သက်၍ The Messenger ဂျာနယ်မှပြင်း ထန်စွာ ကန့်ကွက်ရှုံ့ချခဲ့ပြီး မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက် နှင့် Yangon Press International (YPI) တို့မှ စိတ်မကောင်းဖြစ် မိကြောင်း သဘောထား ထုတ်ပြန်ချက် များထုတ်ပြန်ကြေညာခဲ့သည်။

ယခု ဖြစ်ပွားနေသည့် ပြဿနာ နှင့် ပတ်သက်၍ NLD ပါတီမှ တာ ဝန်ရှိသူ ဦးအုန်းကြိုင်က အမှန်တ ကယ်ဖြစ်ခဲ့ပါက နောင်တွင်မဖြစ်ရန် တာဝန်ယူပေးပါမည်ဟု ပြောကြားကြောင်း ယခုအပတ်ထုတ် The Voice Weekly သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

ပြည်တွင်း သတင်းမီဒီယာ သမားများသည် ကြားဖြတ်ရွေး ကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် လွှတ်တော်ကိုယ် စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံး မှုများကို နိုင်ငံအနှံ့လိုက်လံသတင်း ယူ၍ NLD ဖက် မှလိုက်ကာ ကောင်းကြောင်းများကို ပြည်သူလူထုသို့ ဖြန့်ဝေပေးခဲ့ ကြသည်။ ယင်းအတွက်ကြောင့်လည်း ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် အခကြေးငွေ သဘောမျိုးဖြင့် သတင်းမီဒီ ယာသမား များကို ဖိတ်ခေါ်၍ သူမ ၏နေအိမ်ခြံဝင်းတွင်ဧပြီလ ၁၁ ရက်နေ့က ညစာကျွေးမွေးဧည့်ခံခဲ့သည်။

Myanmar Express



          အမှတ်(၉၆၀)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲပိုင်မြေအတွင်းကျူကျော်နေထိုင်ခြင်းနှင့်ပတ်သတ်ပြီးဧပြီလ ၂၆ ရက်နေနေ့လည်က၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီရွှေပြည်သာမြို့နယ်တာဝန်ခံ ဒေါ်အေးအေးမာနှင့်အဖွဲ့ကိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
                                        
(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ဒေါ်အေးအေးမာ                                   ကျူးကျော်မိသားစုနေအိမ်များ
          တွေ့ဆုံရာမှာဒေါ်အေးအေးမာက တပ်ပိုင်မြေအတွင်း အုပ်လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လအထိငှားရမ်းထားပြီး ငှားရမ်းသတ်တမ်းပြည့်တဲ့အခါ အုပ်လုပ်ငန်းပြောင်းရွှေ့သွားပေမဲ့ ဦးတင်ဝင်းအပါအ၀င် မိသားစု()ဦးကဆက်လက်နေထိုင်ပါတယ်။ သက်ဆိုင်ရာ ရာအိမ်မှူးက ဖျက်သိမ်းခိုင်းပေမယ့် မဖျတ်ခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာတော့ကျူးကျော်အိမ်ထောင်စုများကဆက်လက်ပြီး အိမ်များဆောက်လုပ်နေထိုင်လာခဲ့တယ်လို့ပြော ပါတယ်။
          မေလ ရက်နေကစပြီး အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရက်ကွက်၊ စက်မှု()လမ်းမှာရှိတဲ့ အမှတ်(၉၆၀) အင်ဂျင်နီယာတပ်ခွဲပိုင်မြေမှ ကျူးကျော်မိသားစုတွေကို ပြောင်းရွှေ့ထွက်ခွာစေခဲ့ပါတယ်။ ကျူးကျော်သူများကိုတော့ ()ရက်အတွင်းပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အကြောင်းကြားခဲ့ပါတယ်။
          ကျူကျော်သူများဟာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ သံအင်းကျေးရွာ၊ ၀ါးတရာလမ်းမဘေး မှာရှိတဲ့ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနပိုင် မြို့နယ်လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ နေ့ကလေးထိန်းကျောင်းဖွင့်မယ့် အကျယ်()ဧကရှိတဲ့မြေကွက်ကို ပြောင်းရွှေနေပါတယ်။ ၈၈မျိုးဆက်ကျောင်းသားလူငယ်(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ ရွှေပြည်သာမြို့နယ် တာဝန်ခံဒေါ်အေးအေးမာဦးဆောင်ပြီး ကျူးကျော်ဒုက္ခသည်များထံ  ငွေငါးသောင်းဖြင့် ရောင်းချပေးကာ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့သိရပါတယ်။
          အမှတ်(၉၆၀)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက မော်တော်ယာဉ်များနဲ့သယ်ယူပို့ဆောင်ပေးပြီး အလုပ်သများ ငှားရမ်းပေးခဲ့တယ်လိုသိရပါတယ်။ ဒေါ်အေးအေးမာနှင့်အဖွဲ့ကတော့ ထမင်းထုတ်များကိုအလှူခံပြီး ကျူးကျော်သူများကို ထမင်းထုတ်များဝေငှပေးခြင်းဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်နေတယ်လိုသိရပါတယ်။ ထမင်းထုတ်မျာရရှိရေးအတွက် ဒေါ်အေးအေးမာနှင့်ဦးသန်းဆင့်တို့ ရွှေပြည်သာမြို့နယ် အမှတ်(//၁၁/၁၉/၂၀) ရပ်ကွက်တို့မှာအလှူခံခဲ့ပါတယ်။   
          မေ ရက်နေ့ ညနေပိုင်မှာ ပြည်မြန်မာဂျာနယ်မှ ဦးနေထက်ဝေ၊ ပေါ်ပြူလာဂျာနယ်မှ ဦးစိုင်းနောင်၊ ဦးစိုင်းလှမင်း၊ ရန်ကုန်တိုင်းဂျာနယ်မှ ဦးအောင်အောင်၊ The Voice ဂျာနယ်မှ ဦးစိုးကျော်ဝင်းတို့နှင့် ဂျာနယ်သတင်းထောက်များက ကျူကျော်နေထိုင်သူများကို စုံစမ်းမေးမြန်းဖို့သွားရောက်ရာ ဒေါ်အေးအေးမာနှင့် သန့်ဇော်ဝင်းတို့က လာရောက်စုံစမ်းတဲ့ ဂျာနယ်သတင်းထောက်များကို ဘယ်အဖွဲ့အစည်း၊ ဘယ်ဂျာနယ်ကမှ လာတာမကြိုက်ဘူးလို့ ပြောဆိုပြီး သတင်းထောက်များရဲ့မေးမြန်းချက်များကို ဘယ်လိုမှ ပြန်လည်းဖြေကြားခြင်းမရှိလို သတင်းထောက်များပြန်လာခဲ့ရတယ်လို့ သိရပါတယ်။    
NLDပါတီအပါအ၀င် အခြားပါတီများမှ ၀ိုင်းဝန်းကူညီမှုများ ပြုလုပ်ပေးတာကို ဒေါ်အေးအေးမာက လက်မခံဘဲ အတိုက်အခံဖြစ်စေမယ့်စကားများကိုသာပြောဆိုနေပါတယ်။ အခြားသောနိုင်ငံရေး ပါတီများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း လဲမရှိ/သတင်းမီးဒီယာများကိုလည်း ကောင်းမွန်စွာ ဖြေကြားခြင်းမရှိဘဲ အားလုံးနဲ့ဆန့်ကျင်ပြီးလုပ်နေတယ်လို့သိရပါတယ်။ ကျူးကျော်သူများရဲ့ စားသောက်ရေးအဆင်ပြေစေဖို့ ထမင်းထုတ်များအလှူခံကာဝေငှပေးပြီး မိမိတို့ ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီကို ၀င်ရောက်ပါက နေထိုင်ရန်မြေကွက်ပေးမယ်အိမ်များဆောက်လုပ်ပေးမယ်လို့စည်းရုံးနေပါတယ်။ ပါတီဝင်ခွင့်လျှောက်လွှာတစ်စောင်ကို ငွေ၂၀၀၀ကျပ် နှုန်းဖြင့် ရောင်းချကာ ပါတီနာမည်ရရှိရေးနှင့် ထောက်ခံမှုရရှိရေးအတွက် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားလုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။ ကျူးကျော်သူများအခုလိုဒုက္ခရောက်နေတာဟာလည်း ဒေါ်အေးအေးမာရဲ့ လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်ဆိုတာ သက်ဆိုင်ရာနဲ့ပြည်သူတွေသိရှိဖို့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ကျူကျော်သူများကို စုံစမ်းမေးမြန်းပြီး ဒေါ်အေးအေးမာရဲ့နည်းလမ်းမကျဆောင်ရွက်နေမှုကြောင့် ပြည်သူများဒုက္ခရောက်နေမှုကို မီဒီယာများက တစ်ဆင့် ဆက်သွယ်ထုတ်လွှင့်သွားမယ်လို့ မြို့နယ်NLDပါတီဥက္ကဌ ဒေါက်တာစိန်ဝင်းမှ စီစဉ်ဆောင်ရွက်နေတယ်လို သိရပါတယ်။