ငဘလည်း ခုတလောလုပ်ငန်းပိုင်းလေးနဲ့ ဆိုတော့  မအားဘူးဗျာ။မအားပေမဲ့  သတင်းကတော့  မဖတ်ပဲလည်းမနေနိုင်။မကြားလို့ လဲမရ၊မြင်ရတွေ့ ရတော့ စာတိုပေစလေးက ရေးချင်လာပြန်ေ၇ာ။နည်းနည်း မြန်မာနိုင်ငံမှာ ဟော့ ဖြစ်ခဲ့ တဲ့  ဧရာဝတီသတင်းကို နိုင်ငံတော်သမ္မတ ရဲ့ သတင်းထုတ်ပြန်မှု့ အပြီးမှာ အင်တာနက်လောကမှာရော ၊ဒီအတွက် လက်မှတ်လိုက်စုနေရတဲ့ သူတွေရော ဘာပဲပြောပြောပါးစပ်လေးတော့  ပိတ်သွားတန်ကောင်းပါရဲ့ နော်။ဒါက နိုင်ငံတော်သမ္မတကိုယ်တိုင် ကျမ်းကျိမ်ကတည်းက သန့် ရှင်းအစိုးရ၇ယ်၊ပြည်သူကေ၇ွးကောက်တဲ့ သမ္မတလို ပြုမှု့ နေထိုင်ကျင့်ကြံပြီးတိုင်းပြည် အရေးဆောင်ရွက်မယ်လို့ ကတိစကားအတိုင်းပဲပေါ့။ဒါဟာမင်းမှာကတိလူမှာသစ္စာဆိုတဲ့  ရှေးအဆက်ဆက် အသုံးပြုခဲ့ တဲ့  မြန်မာဝေါဟာရလေးတခုကို အမှတ်ရစေ၊သတိရစေတာပေါ့ဗျာ။
ဒါပေမဲ့  နိုင်ငံတော်တိုးတက်ဖို့  အစိုးရက အဖက်ဖက်က လိုက်လျောကြည်ဖြုနေပါရက်နဲ့  ချွန်တက်လာတဲ့  သူတွေကလည်း၇ှိချင်ပြန်ရော။ဒါကဘာလဲဆိုတော့  ငဘတို့ ကြားဖူးတဲ့  စကားလေးတခုလို ပေါ့။သနားလို့  @#$%ကိုင်တာ %^& ရန်လာမရှာပါနဲ့ ဆိုတာလေးပါ။ဧရာဝတီ အရေး အပြီးမှာ ဘာလိုအကြောင်းပြချက်လေးတွေနဲ့  ထမင်းတလုပ်စားဖို့  ၇ုန်းကန်ကျမလဲ၊ပြည်ပမှာရော ဘယ်လို ဆိုင်းပုဒ်လေးတွေနဲ့ တောင်းရမ်းစားသောက်ကျမလဲဆိုတာ ငဘ တွေးကြည့် မိပြန်ရဲ့ ။ဒေါ်အောင်ဆန်းစုကြည်မလွတ်ခင်က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွတ်ပေးပါပေါ့။ဘာညာ၊ကွိကွပေါ့ဗျာ။ဘယ်သူအတွက်လဲဒါတွေက။ပြည်သူအတွက်လား။ငဘအထင်တော့ ဒေါ်အောင်ဆန်းစုကြည်
အတွက်ပါပဲ။တိုင်းပြည်အတွက် ဆွေးနွေးပွဲလေးတက်လိုက်၇ုံ၊ဘောလုံးပွဲလေးကြည့် လိုက်၇ုံနဲ့  ခုလည်း ဂုဏ်ထူးဆောင်ဘွဲ့ ဆိုပြီး အာဖ၇ိကကပေးလိုက်ပြန်ပါပြီ။ပြည်သူပေးတဲ့  ဆုတဆုလောက်ပဲ ရဦး။ဒါကမှ ပြည်သူချစ်တဲ့  သမီးကောင်းဖြစ်မှာပါ။
မူအားဖြင့် ရော၊ဥပဒေအားဖြင့် ရော အစစအရာရာလိုက်လျောနေပါရက် နဲ့ တောင် ဆန့် ကျင့် သူတွေကအများသားလား။ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတော့ လည်း အကုန်လုံးကို မဆွေးနွေးလို့ ဆိုပဲ။ဒါကစစ်မှန်တဲ့  အလင်းကို ၀င်ေ၇ာက်ခြင်းမဟုတ်ပဲ နိုင်ငံတော်ထောက်ပံမဲ့ အရားများ
အပေါ်မှာ မက်မောနေခြင်းသာဖြစ်ပါလိမ့် မယ်။မြန်မာနိုင်ငံပိုင်နက်နယ်မြေဖြစ်ပါ၇က်နဲ့  ၀ ထိန်းချုပ်ရေးနယ်မြေကို အစိုး၇ ၀န်ထမ်းလွတ်ပေးေ၇းကို ချင့် ချိန်နေ၇တာကတော့  ဘယ်လိုမှ လက်သင့် မခံနိုင်တဲ့  အရာတွေပါ။မိတ်ဆွေတို့ မိသားစုမှာ သားသမီးတွေက ကိုယ်မင်းကိုယ်ချင်
းနဲ့  ငါမင်းတလူ ဖြစ်နေ၇င် မိတ်ဆွေတို့  ဘယ်လိုများနေပါမလဲ။မဖြစ်နိုင်တဲ့  အကြောင်းအရာတခု ကို(ပင်လုံစာချုပ်)ဗိုလ်ချူပ်ချူပ်ဆိုခဲ့ တဲ့ စာချုပ်၊ဗိုလ်ချုပ်လုပ်ခဲ့ တဲ့  သမိုင်း ရာဇ၀င်ရိုင်းရလေအောင် နာမည်ကြီးချင်၇ုံနဲ့ တော့  ဒေါ်စုရယ်နောက်တခါ ဒုတိယပင်လုံဆိုပြီးမလုပ်ပါနဲ့ ။အနာဂတ်မြန်မာနိုင်ငံသမိုင်းးမှာဖအေရေးတဲ့ စာသမီးခြေနဲ့ ဖျက်ဆိုပြီး ပြန်ပြင်

နေ၇မှာစိုးလို့ ပါ။
လုပ်စမ်းပါဗျာ။နိုင်ငံတကာက ပေးထားတဲ့  ဆုတွေ ဘယ်နားသွားထားမလဲ။ရပ်၇ွာတွေမှာ အုပ်ချူပ်ရေးမှုးလုပ်ချင်နေတဲ့ သူတွေအများမြန်မာနိုင်ငံမှာအများကြီး ။ဘာလိုလဲဆိုတော့  သူတို့ ရလာမဲ့  ရာထူးကနေ သူတို့ အုပ်ချူပ်မဲ့  နေရာဒေသမှာ သူတို့ ရဲ့ စွမ်းဆောင်မှု့ ကိုပြချင်လို့ ။ဒေါ်စုယူထားတဲ့  ဆုတံဆိပ်ကို အားနာ၇င် မြန်မာနိုင်ငံအကျိုးသယ်ပိုးသင့် နေပါပြီ။တကယ် ကို မြန်မာနိုင်ငံတိုးတက်မှု့ ကို မြင်တွေ့ စေချင်ရင်ပြောလိုက်စမ်းပါ ။ပိတ်ဆို့ မှု့ တွေ ၇ုပ်ပေးပါ။ဒေါ်စုပြောတဲ့  ပြည်သူချစ်တယ်ဆိုတာ စာရွက်ပေါ်မှာ ရေးးပြနေတဲ့  စာချုပ်တွေ ။အချက်အလက်တွေက နည်းနည်းတော့ သွယ်ဖယ်မနေ ဘူးလား။နိုင်ငံတကာနဲ့  ဒီလောက်ရင်းနှိးမှု့ ရနေတာ။နိုင်ငံရေး ပါဝါ၇ှိနေပါရက်နဲ့  ဘာလို့ မြန်မာနိုင်ငံရဲ့  အာဆီယံ ဥက္ကဌ နေရာကို ထောက်ခံမှု့ မပေးနိုင်တာလဲ။ဒါကလည်း မြန်မာနိုင်ငံ တိုးတက်ရေးအတွက် တနည်းတဖုံ ကူညီပေးချင်မဟုတ်ဘူးလား။
ကွတ်ခိုင်မှာဖြစ်ပွားခဲ့ တဲ့  ရဲစခန်းဖောက်ပြီးအချုပ်သားလွတ်ပေးခဲ့ တဲ့  ကိစ္စကရော လက်ခံသင့် ပါရဲ့ လား။မြန်မာနိုင်ငံမှာ တရားဝင်ကျင့် သုံးနေတဲ့  ဥပဒေဆိုတာ ပေါက်လွတ်ပဲစားမှ မဟုတ်တာ။မင်းမဲ့ တိုင်းပြည်လည်းမဟုတ်။ဘာပဲဖြစ်ဖြစ် ငဘကတော့ 
သနားလို့  @#$%ကိုင်တာ %^& ရန်လာမရှာပါနဲ့ ဆိုတာလေးပဲ ပြောလိုက်ချင်တာဗျာ။
ငဘ