နိုင်ငံငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်ဖို့နှင့် ပူးပေါင်းမပါဝင်ပါက ဆက်လက်ပြီးတိုက်ခိုက်ခံနေရအုံးမှာ ဖြစ်ကြောင်း ကို စစ်ပွဲများရပ်စဲရေး၊ လွတ်လပ်စွာ သဘောထားကွဲလွဲရေး နှင့် ဒီမိုကရေစီ အရေး ဆိုတဲ့ စကားတွေကို အမြဲပြောတတ်တဲ့ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သော အမေရိကန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တာလီဘန်တွေကို ပြောကြားလိုက်ပါတယ်။

ဟီလာရီကလင်တန်ဟာ သမ္မတအိုဘားမားရဲ့ အားအကိုးရဆုံး ဖြစ်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာကွဲလွဲခွင့်ရရေးနဲ့၊ ဒီမိုကရေစီအရေးအပြင် အစိုးရရဲ့ လက်နက်ကိုင်တိုက်ခိုက် မှုတွေကိုပါ အပြစ် တင်နေသူ ဖြစ်ပါတယ်။ တစ်ဖက်မှာ အမေရိကန်ရဲ့ သြဇာမခံတဲ့ အစိုးရတွေကို လက်နက်ကိုင်ပြီး အစိုးရဆန့်ကျင်သူတွေကို မတိုက်ခိုက်ဖို့ အပြစ်တင်နေချိန်မှာ တခြားတစ်ဖက်မှာတော့ အမေရိကန်နဲ့ အဆင်ပြေတဲ့ အစိုးရတွေဖက်ကလိုက်ပြီး အစိုးရဆန့်ကျင်သူတွေကို လက်နက်ချဖို့နဲ့ လက်နက်မချရင် ဆက်တိုက်မယ်ဖြစ်ကြောင်းတွေကို အာဏာရှင်ဆန်စွာ ပြောဆိုလျှက် ရှိပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ကုလသမ္မဂ္ဂနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စိုးရိမ်ကြောင်း မပြောခဲ့ကြပါဘူး။ ဘန်ကီမွန်း၊ ကင်တင်းနား၊ မစ်ရှဲ နဲ့ ဂျွန်မက်ကိန်းတို့လည်း စိုးရိမ်ဖို့ မေ့နေကြပါတယ်။


တစ်ချိန်က ဦးနေဝင်း ပြောခဲ့တဲ့ ဆူဆူပူပူလုပ်ရင် တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုချက်ကို မြန်မာအတိုက်အခံတွေက ဝေဖန်ခဲ့ကြပေမယ့် အခု ဟီလာရီကလင်တင်ပြောတဲ့ အစိုးရနဲ့မပူးပေါင်းရင် ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်မယ် ဆိုတဲ့စကားကိုတော့ မသိချင်ဟန်ဆောင်ပြီး အမေရိကန်ကို ဘုရားလို ကိုးကွယ်နေကြတုန်းပဲဖြစ်ပါတယ်။

မြန်မာအစိုးရကို ထိုးစစ်တွေရပ်ဖို့ ဆိုပြီး မြန်မာပြည်တွင်းက အစိုးရဆန့်ကျင်သူတွေရာ၊ ပြည်ပက အစိုးရ ဆန့်ကျင်သူ တွေအပြင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မကြာခဏ ပြောကြားခဲ့ပေမယ့်။ ဟီလာရီကလင်တန်ရဲ့ ထိုးစစ်တွေ ဆက်လုပ်ဖို့ ပြောကြားချက်ကိုတော့ အားပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ကုလသမ္မဂ္ဂအစည်းအဝေးမှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို အာဏာရှင်ဆန်မှု၊ နိုင်ငံငယ်တွေကို ရန်တိုက်ပေးမှု၊ ကမ္ဘာကြီးကို စစ်တွေဖြစ်အောင် လုပ်ဆောင်မှုတွေကြောင့် အပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာဖဂန်နစ္စတန်မှာ ရောက်နေပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က သမ္မတ ဟာမစ် ခါဇိုင်း ၊ တခြား အာဖဂန် အရာရှိ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အစိုးရအတိုက်အခံအဖွဲ့အစည်းတွေနဲ့ လူထုခေါင်းဆောင်တွေနဲ့တော့ တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။

အာဖဂန် နစ်စတန်မှာ အမေရိကန်တပ်တွေ ထားရှိပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဆယ်စုနှစ် တစ်ခု ကျော် ကြာမြင့်ပြီဖြစ်ပြီး ၂ဝ၁၅ ထိ အမေရိကန် တပ်တွေကို ထားရှိအုံးမှာ ဖြစ်ပါတယ်။ 
 

- မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆက်လုပ်ဖို့ ဂျပန် အားပေး click
- အာဏာပိုင်မှ ရွှေတူးဒေသခံများအား အတင်းပြောင်းရွှေ့ခိုင်းနေ click
- မောင်တောမြို့တွင် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ကို ငွေညှစ်စားရန် အသုံးပြု click
- ဂီရိ တနှစ်ပြည့် ဆုတောင်းပွဲအခမ်းအနား ထိုင်းနိုင်ငံတွင် ကျင်းပ click
- ပခုက္ကူရေကြီး နောက်ဆက်တွဲနဲ့ မြစ်သာမြစ် အခြေအနေ click
- ဟန်လေး၊ စောငိုနဲ့ ဦးဝင်းတင် click
- ဆရာမောင်စွမ်းရည်၏ ဟောပြောချက် - ကဗျာ့သံစဉ် (ရုပ်သံ) click
- နမ့်စွယ်ချောင်းမှသည် အပြည်ပြည်ဆိုင်ရာ ဒွန်မောင်းလေဆိပ်သို့ (၂) (ဆောင်းပါး) click
- မသိန်းရှင်ဆီ ပို့ပေးပါ (စာအုပ်ဝေဖန်ချက်) click
- ၂၀၁၁ အကုန် အီရတ်ရှိ အမေရိကန်တပ်အားလုံး ရုပ်သိမ်းမည် click
- ယီမင် အာဏာလွှဲပြောင်းရေးလုပ်ဖို့ လုံခြုံရေးကောင်စီ တိုက်တွန်း click
  • ပေါက်နဲ့ ဆိပ်ဖြူ တဝိုက် ရေကြီး - ဘီဘီစီ click here
  • မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆက်လုပ်ဖို့ ဂျပန်အားပေး - ဗွီအိုအေ click here
  • မြန်မာဝန်ကြီးကို ဖိတ်ကြားသဖြင့် ဂျပန်အစိုးရကို မြန်မာများ ကန့်ကွက်ဆန္ဒပြ - ဒီဗွီဘီ click here
  • စီမံကိန်းတွေကို ကတိအတိုင်း အကောင်အထည်ဖော်ဖို့ တရုတ်ဝန်ကြီးချုပ် ပြောဆို - အာရ်အက်ဖ်အေ click here
  • ကတိတည်ကြရန် တရုတ်က မြန်မာကို သတိပေး - မဇ္စျိမ click here
  • တရုတ်-မြန်မာ ပူးတွဲစီမံကိန်းများကို ကတိအတိုင်း အကောင်အထည်ဖော်ရန် တရုတ်ဝန်ကြီးချုပ် ပြော - ဒီဗွီဘီ click here
  • မြန်မာကတိတည်ဖို့ တရုတ်တိုက်တွန်း - ဗွီအိုအေ click here
  • AK ကုမ္ပဏီစခန်းတွင် လက်နက်ကိုင် အဖွဲ့တခု ဝင်ရောက် မီးရှို့ - KIC click here
  • ကရင်ပြည်နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေဆဲ - KIC click here
  • လွတ်ငြိမ်းခွင့် ထပ်မံတောင်းဆို - အာရ်အက်ဖ်အေ click here
  • နိုင်ငံရေးအကျဉ်းသားဟောင်းများကို အဖွဲ့ချုပ်ဂုဏ်ပြု - ဒီဗွီဘီ click here
  • ယုံကြည်ချက်အတိုင်း ဆက်လျှောက်ရန် ဒေါ်စုတိုက်တွန်း - မဇ္စျိမ click here
  • ယုံကြည်ချက် ခိုင်မာဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား - အာရ်အက်ဖ်အေ click here
  • လွတ်မြောက်နိုင်ငံရေးအကျဉ်းသား ဒေါ်စုကြိုဆို - ဗွီအိုအေ click here
  • ယုံကြည်ချက်အတိုင်း ရှေ့ဆက်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားဟောင်းများကို ပြောကြား - ဒီဗွီဘီ click here
  • NLD ရဲ့ ဂါရ၀ပြုပွဲ - ဧရာဝတီဘလော့ဂ် click here
  • ODA ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို တောင်းဆို - အာရ်အက်ဖ်အေ click here
  • လွတ်လာသူများ နိုင်ငံရေးဆက်လုပ်ရန် NLD တိုက်တွန်း - ဧရာဝတီ click here
  • ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ချင်းလူမျိုး ၂၀၀ ကျော် ဆွေးနွေး - ဒီဗွီဘီ click here
  • ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ဖျက်သိမ်းရန် ဒီငြိမ်းတိုင်ကြား - မဇ္စျိမ click here
  • တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဗုံးပေါက်ကွဲ - သျှမ်းသံတော်ဆင့် click here
  • ပခုက္ကူ ရွှေချောင်းရေကြီးမှု သေဆုံးသူ ၅၃ ဦးတွေ့ရှိ - ဧရာဝတီ click here
  • ပခုက္ကူ ရေဘေး ၅၈ ဦးသေ၊ ၃၂၀ ပျောက်ဆုံး - မဇ္စျိမ click here
  • ပခုက္ကူ ရွှေချောင်းရေလျှံ၊ လူ ၅၀ ကျော် သေဆုံး - ဘီဘီစီ click here
  • ပခုက္ကူတွင် ရေဘေးဒုက္ခသည် ၁၅၀၀ ၀န်းကျင်ရှိ၊ ၅၃ လောင်းဆယ်ယူ - ဧရာဝတီဘလော့ဂ် click here
  • ပခုက္ကူရေဘေး လူ ၁၀၀ ကျော်ပျောက်ဆုံး - ဗွီအိုအေ click here
  • ကလေးမြို့ ကြေညာစာတမ်း ဆက်လက် ရပ်ခံသွားမည် - မဇ္စျိမ click here
  • ကဒါဖီ ဇာတ်သိမ်းအပေါ် မြန်မာများ သံဝေဂယူ - ဧရာဝတီ click here
  • NLD ပန်းချီပြပွဲ ဖိတ်စာ - ဧရာဝတီဘလော့ဂ် click here
  • အဖွဲ့ချုပ်တွင် ပန်းချီပြပွဲကျင်းပမည် - ရဲရင့်ငယ် click here
  • မီဇိုရမ် နှင့် မြန်မာအစိုးရက ၎င်းတို့အလိုရှိသော ပုဂ္ဂိုလ်စာရင်း အပြန်အလှန်ပေးအပ် - ခိုနုမ်းထုန် click here
  • ဗိုလ်ချုပ်အောင်ဆန်းပုံကို ရုံးတွေမှာ ချိတ်လို့မရ - ဘီဘီစီ click here
  • ပြည်ပရောက်များနှင့် အင်တာဗျူးများ ပြည်တွင်းဂျာနယ်တွင် ဖော်ပြ - မဇ္ဈိမ click here
  • ကချင်ဒုက္ခသည်များ အအေးဒဏ်ပိ - ဧရာဝတီ click here
  • ရွှေတူးလို့ မြစ်ရေညစ်ညမ်းဆဲ - အာရ်အက်ဖ်အေ click here
  • AK ကုမ္ပဏီဝန်ထမ်းလေးဦး ပြန်ပေးဆွဲခံရ - မဇ္စျိမ click here
  • တတိယနိုင်ငံသည် အမျိုးသားရေရှည်တည်တံ့ရေးအတွက် မကောင်းဟု US ရောက် သျှမ်းတော်လှန်ရေး သမားဟောင်း တဦးပြော - သျှမ်းသံတော်ဆင့် click here
  • ရေဘေးကြောင့် အိမ်ပြန်သူများ အဓမ္မ ငွေတောင်းမှုနှင့်ကြုံ - ဧရာဝတီ click here
  • သာယာဝတီ အကျဉ်းထောင်မှာ ခြစားနေမှုက - မဇ္စျိမ click here
  • ဦးဟန်ညောင်ဝေ မြန်မာပြည်သွား - မဇ္စျိမ click here
  • ဥရောပ-မြန်မာရုံး တာဝန်ခံ ဦးဟန်ညောင်ဝေ ပြည်တော်ပြန် - ဘီဘီစီ click here
  • အိန္ဒိယ-မြန်မာ ကလတန်မြစ် စီမံကိန်း - ဗွီအိုအေ click here
  • ပြည်တော်ပြန်အငြိမ့်၊ ကလေးမွေးတဲ့ အိန္ဒြာကျော်ဇင်နဲ့ ဖိုးချစ်ရဲ့ခဲဖိုး - ဧရာဝတီ click here
  • ဆရာကြီး ဦးရွှေဇံ ကွယ်လွန်သွားခြင်းမှာ အစားထိုးမရသော ဆုံးရှုံးမူဖြစ်ကြောင်း ရခိုင်အမျိုးးသားများက ပြောကြား - နိရဉ္စရာ click here
  • အာရပ်နွေဦးနှင့် မြန်မာပြည် - ဒီဗွီဘီ click here
  • ချင်းတောင် သဘာဝ သင်္ကေတများ - ခိုနူမ်းထုန် click here
  • NLD met with freed PP - မိုးမခ click here
  • မွေးနေ့ရှင်မတက်နိုင်တဲ့ မွေးနေ့ပွဲ (ရုပ်သံ) - ဧရာဝတီဘလော့ဂ် click here

(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။)
ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေး စနစ် ဖြစ်တယ်ဗျာ။ ပြည်သူလူထု ဆိုတာ အားလုံး သိကြတဲ့ အတိုင်း လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ ဘာသာပေါင်းစုံ၊ ယုံကြည်ချက် ခံယူချက်ပေါင်းစုံ၊ ရည်ရွယ်ချက် မျှော်မှန်းချက် ပေါင်းစုံ၊ နောက်ခံ ကားပေါင်းစုံ ရှိကြတဲ့ လူတွေ ပါဝင်တယ်ဗျ။ အဲဒီလို လူပေါင်းစုံကို ကိုယ်စားပြု နိုင်ဖို့ ရည်ရွယ်တဲ့ ဒီမိုကရေစီစနစ်မှာ အဓိက ထားရှိရမယ့် စိတ်အခြေခံ (Mindset) ကတော့ စိတ်ရှည်သည်းခံမှု (Tolerance) ပဲ ဖြစ်တယ်ဗျ။ မိမိနဲ့ လူမျိုးချင်း၊ အယူဝါဒချင်း၊ ဘာသာ စကားချင်း၊ ယုံကြည်မှုချင်း မတူတဲ့ အခြားသူတွေ အပေါ် စိတ်ရှည် သည်းခံမှု မရှိဘူးဆိုရင် အဲဒီလိုလူမျိုးဟာ ဒီမိုကရေစီကို မြတ်နိုးပါတယ်လို့ ပါးစပ်က ဘယ်လောက်ပဲ ကျယ်ကျယ် လောင်လောင် အော်ဟစ် နေပါစေ။ ဒီမိုကရေစီရဲ့ ဆူးညှောင့် ခလုတ် အမှိုက် သရိုက်သာ ဖြစ်ပါတယ်ဗျာ။
တစ်ရောင်တည်းခြယ်မဟုတ်
သမိုင်း အဆက်ဆက် ပန်းချီ ဆရာကျော်ကြီးတွေရဲ့ သမိုင်း တင်လောက်တဲ့ ဘယ်ပန်းချီကားမှ ဆေးရောင် တစ်ရောင်တည်းနဲ့ ရေးဆွဲထားတာ မဟုတ်ဘူးဗျာ။ ထွေပြားစုံလင်တဲ့ ဆေးရောင်တွေကို အဖိအဖေါ့ အထူအပါး မှန်ကန်စွာ နေရာတကျ ထည့်သွင်းပေါင်းစပ် ဖွဲ့စည်းရေးဆွဲ ထားတာချည်း ဖြစ်တယ်ဗျ။ အဲသလိုပဲ ဒီမိုကရေစီ ဆိုတာလည်း 'မတူကွဲပြား ခြားနားမှုများရဲ့ ပေါင်းစည်းညီညွတ်မှု' (Unity of Diversities) ဖြစ်တယ်ဗျ။ 'ငါနဲ့မတူ ငါ့ရန်သူ' အတွေးအခေါ်ဟာ ဒီမိုကရေစီကို အခြေက တူးဖြို လှိုက်စားပစ်မယ့် အန္တရာယ် ဖြစ်ပါတယ်ဗျာ။ 'ပန်းပေါင်းတစ်ရာ ပွင့်ကြပါစေ။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ဆွေးနွေး ငြင်းခုံကြပါစေ' ဆိုတဲ့ အတွေးအခေါ်သာ ဒီမိုကရေစီနဲ့ ကိုက်ညီ ဆီလျော်တဲ့ အတွေးအခေါ် ဖြစ်တယ်ဗျ။
လေထဲဆောက်တဲ့အိမ်တွေ ပြိုကုန်ပြီ
ပန်းပေါင်းတစ်ရာ ပွင့်စရာ မလိုဘူး။ တစ်ပွင့်တည်းပွင့်ရင် လုံလောက်တယ်။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ရှိစရာ မလိုဘူး။ တစ်ဂိုဏ်းထဲရှိရင် လုံလောက်တယ်ဆိုတဲ့ အတွေးအခေါ်ပိုင်ရှင်တွေ တည်ဆောက်ခဲ့တဲ့ ကမ္ဘာလောကတွေ ဘာဖြစ်သွားခဲ့ကြသလဲ။ ကျွန်တော်တို့ နိုင်ငံမှာ ၁၉၆၂ နဲ့ ၁၉၈၈ အကြား တည်ရှိခဲ့တဲ့ အရှေ့ ဥရောပနဲ့ ဗဟိုအာရှ ဒေသမှာ ၁၉၁၇ နဲ့ ၁၉၉၁ အကြား တည်ရှိခဲ့တဲ့ တစ်သွေးတစ်သံတစ်မိန့် ကမ္ဘာလောကတွေ ဘယ်လို ဖြစ်သွားခဲ့ကြသလဲ။ ထာဝရ မပျက်စီး နိုင်တော့ဘူးလို့ တစ်ချိန်က ထင်မြင်ယူဆခြင်း ခံခဲ့ကြရတဲ့ အဲဒီ ကမ္ဘာလောကကြီးတွေ 'တိမ်တစ်ခဲနက် ရှုရင်းပျက်' ဆိုသလို တစ်မုဟုတ်ချင်း ပြိုကျပျက်စီး သွားခဲ့ကြတယ် မဟုတ်လား။ အခုဆိုရင် အာရပ်ကမ္ဘာမှာလည်း အဲဒီ လေထဲ ဆောက်ထားတဲ့ တိုက်အိမ်ကြီးတွေ တစ်ခုပြီးတစ်ခု ပြိုလဲနေကြပြီ မဟုတ်လား။
အဲဒီဖြစ်ရပ်တွေ အားလုံးက ကျွန်တော်တို့ လူသားတွေကို အယူအဆ မတူသူတွေအကြား တစ်ဦးပေါ်တစ်ဦး သည်းခံ စိတ်ရှည်တဲ့ အလေ့အထ ပြန့်ပွားထွန်းကား လာအောင် ဆုံးမသွန်သင် နေတယ်လို့ ကျွန်တော်တော့ ယူဆတယ်ဗျာ။
လက်သီးက သေနတ်ထက် တော်သေးတယ်
အယူအဆ မတူသူတွေ အကြား ငြင်းကြခုန်ကြ၊ အော်ကြ ဟစ်ကြ တာတွေ ရှိကြမှာ သဘာဝပဲဗျ။ အဲဒီလိုဖြစ်တာ တွေကို 'အကွဲအပြဲ ဇာတ်လမ်းတွေ' လို့ အမည်တပ်ချင် တပ်နိုင်ပေမယ့် အကွဲအပြဲ ဇာတ်လမ်းတိုင်းဟာ လူ့အဖွဲ့အစည်း အတွက် အနုတ် လက္ခဏာ ဆောင်တာတော့ မဟုတ်ဘူးဗျာ။ ဒီမိုကရေစီရဲ့ သဘာဝကိုက မတူကွဲပြား ခြားနားတာ ဖြစ်တယ် မဟုတ်လားဗျ။ ဂျပန်နိုင်ငံရဲ့ လွှတ်တော်မှာ အမတ်တွေ အချင်းချင်း မကြာခဏ ထိုးကြ ကြိတ်ကြတဲ့ သတင်းတွေ ကျွန်တော်တို့ အရင်က မကြာမကြာ ကြားခဲ့ကြရ တယ်ဗျာ။ တစ်လောတုန်းကပဲ အင်ဒိုလွှတ်တော်မှာလည်း အမတ်တွေ ထိုးကြကြိတ်ကြတဲ့ သတင်း ဖတ်လိုက်ရ သေးတယ်ဗျ။ ဒီလိုဖြစ်တာ တွေဟာ မသင့်တော်ဘူး ဆိုပေမယ့် လက်သီးချင်း ထိုးတာဟာ သေနတ်ချင်း ပစ်တာထက်တော့ တော်ပါသေးတယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေက သဘောထားနိုင်ဖို့ လိုတယ်ဗျ။ လွှတ်တော် အမတ်တွေ လက်သီးချင်း ထိုးရကောင်းလား ဆိုပြီး အာဏာပိုင်တွေက အမတ်တွေကိုဖမ်း၊ လွှတ်တော်ကို ဖျက်သိမ်း၊ ဒီမိုကရေစီ စနစ်ကို နိဂုံး ချုပ်လိုက်မယ် ဆိုရင် ရန်ပွဲတွေက ချုပ်ငြိမ်း သွားမှာတော့ မဟုတ်ဘူး။ စစ်မြေပြင်ဆီ ရွှေ့သွား ကြမှာပဲ ဖြစ်တယ်။ လက်သီးတွေ အစား ကျည်ဆန်တွေ အသုံးပြုလာကြမှာပဲ ဖြစ်တယ်ဗျာ။ ဒါမျိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံသားတွေ ဟာလည်း ဗဟုသုတ ရှိထားပြီး ဖြစ်ကြတယ်ဗျ။
အပြစ်အနာအဆာကို မြင်ဝံ့ ပြင်ဝံ့ရမယ်
အဲဒီတော့ ဒီမိုကရေစီ စနစ်မှာ အယူအဆ မတူကွဲပြား ခြားနားမှုတွေဟာ ဖိနှိပ် နှိပ်ကွပ်ပစ်ရမယ့် အရာတွေ မဟုတ်ဘူး။ ဟန့်တား ပိတ်ဆို့ရမယ့် အရာတွေ မဟုတ်ဘူး။ တိုက်တွန်း၊ အားပေးရမယ့် အရာအရာတွေ ဖြစ်တယ်ဗျ။ မိမိပါတီ အကျိုးထက် တိုင်းပြည်အကျိုးကို တကယ်ပဲ ဦးစားပေးတဲ့ ပါတီတစ်ခုအတွက် အားကောင်းတဲ့ အတိုက်အခံ ဆိုတာ ဆန့်ကျင် တွန်းဖယ်ရမယ့် အရာမဟုတ်ဘူး။ ကြိုဆို ထွေးပိုက်ရမယ့် အရာ ဖြစ်တယ်ဗျ။ မိမိ ခန္ဓာကိုယ်ပေါ်က အပြစ်အနာ အဆာတွေကို မြင်ဝံ့ပြင်ဝံ့သူ တစ်ယောက်ဟာ ပို၍ ပို၍ ကြည်လင်တဲ့ ကြေးမုံတစ်ချပ်ကို လိုလား တောင့်တသလိုပဲ ပေါ့ဗျာ။
မောင်ဝံသ

- နိုင်ငံရေးအကျဉ်းသားဟောင်းများကို အဖွဲ့ချုပ် ဂုဏ်ပြု click
- လွတ်လာသူများ နိုင်ငံရေးဆက်လုပ်ရန် NLD တိုက်တွန်း click
- ယုံကြည်ချက် ခိုင်မာဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- ယုံကြည်ချက်အတိုင်း ဆက်လျှောက်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ယုံကြည်ချက်အတိုင်း​ ​ရှေ့ဆက်​ဆောင်ရွက်ရန် ​ဒေါ်​အောင်ဆန်း​စုကြည်က နိုင်ငံရေး​အကျဉ်း​သား​ဟောင်း​များ​ကို ​ပြောကြား​ click
- ကလေးမြို့ ကြေညာစာတမ်း ဆက်လက် ရပ်ခံသွားမည် click
- ကဒါဖီ ဇာတ်သိမ်းအပေါ် မြန်မာများ သံဝေဂယူ click
- အာဏာရှင်တဦး​ရဲ့ နိဂုံး​က​နေ သင် ဘာ​သင်ခန်း​စာယူနိုင်မလဲ click
- ကဒါဖီ သေဆုံးခြင်း သတင်းကို သိရှိရပြီးနောက် ကိုကိုလေး ရေးတဲ့ စာ click
- အာရပ်​နွေဦး​နှင့်​ မြန်မာပြည် (ဆောင်းပါး) click
- မြန်မာ ကတိတည်ဖို့ တရုတ် တိုက်တွန်း click
- ကတိတည်ကြရန် တရုတ်က မြန်မာကို သတိပေး click
- တရုတ်-မြန်မာ ပူးတွဲစီမံကိန်းများကို ကတိအတိုင်း အကောင်အထည်ဖော်ရန် တရုတ်ဝန်ကြီးချုပ် ပြော click
- မြစ်ဆုံစီမံကိန်းအနီး ပုဂ္ဂလိက ရွှေတူးဖော်ရေးလုပ်ငန်းများ ပြောင်းရွှေ့ရန် အာဏာပိုင် ပြော click
- မြစ်ဆုံတွင် တိုးချဲ့ရွှေတူးရန် အစိုးရက ဒေသခံများကို နှင်ထုတ် click
- မြန်မာဝန်ကြီးကို ဖိတ်ကြားသဖြင့် ဂျပန်အစိုးရကို မြန်မာများ ကန့်ကွက်ဆန္ဒပြ click
- ODA ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို တောင်းဆို click
- မီဇိုရမ်နှင့် မြန်မာအစိုးရက ၎င်းတို့အလိုရှိသော ပုဂ္ဂိုလ်စာရင်း အပြန်အလှန် ပေးအပ် click
- ကရင်ပြည်နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေဆဲ click
- တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဗုံးပေါက်ကွဲ click
- မြန်မာအစိုးရ သစ္စာခံ ကချင်ပြည်သူ့စစ်များ ပြန်လှည့်လာရန် KIO ဖိတ်ခေါ် click
- ကချင်အမျိုးသမီးအား မြန်မာအစိုးရတပ်မှ အဓ္ဓမပြုကျင့် သတ်ဖြတ် click
- ကချင်ဒုက္ခသည်များ အအေးဒဏ်ပိ click
- တတိယနိုင်ငံသည် အမျိုးသားရေရှည်တည်တံ့ရေးအတွက် မကောင်းဟု US ရောက် သျှမ်းတော်လှန်ရေးသ မားဟောင်းတဦး ပြော click
- ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ဖျက်သိမ်းရန် ဒီငြိမ်း တိုင်ကြား click
- AK ကုမ္ပဏီ ဝန်ထမ်းလေးဦး ပြန်ပေးဆွဲခံရ click
- သာယာဝတီ အကျဉ်းထောင်မှာ ခြစားနေမှုက (ပေးစာ) click
- ဆရာကြီးဦးရွှေဇံ ကွယ်လွန်သွားခြင်းမှာ အစားထိုးမရသောဆုံးရှုံးမှုဖြစ်ကြောင်း ရခိုင်အမျိုးသားများက ပြော ကြား click
- ဦးဟန်ညောင်ဝေ မြန်မာပြည်သွား click
- ပြည်ပရောက်များနှင့် အင်တာဗျူးများ ပြည်တွင်းဂျာနယ်တွင် ဖော်ပြ click
- NLD ရဲ့ ဂါရ၀ပြုပွဲ click
- NLD ပန်းချီပြပွဲ ဖိတ်စာ click
- ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ချင်းလူမျိုး ၂၀၀ ကျော် ဆွေးနွေး click
- မြန်မာကိုရီးယား ဖက်စပ်မြို့ click
- ငွေလဲနှုန်း၊ IMF နှင့် မြန်မာ့စီးပွားရေး အရှုပ်ထုပ် (ဆောင်းပါး) click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး - ၆ (ဆောင်းပါး) click
- ချင်းတောင် သဘာဝ သင်္ကေတများ (ဆောင်းပါး) click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- ပခုက္ကူနှင့် မြိုင်တွင် ရေကြီး၍ အနည်းဆုံး လူ ၃၀ ကျော် သေဆုံး click
- ပခုက္ကူ ရွှေချောင်းရေကြီးမှု သေဆုံးသူ ၅၃ ဦး တွေ့ရှိ click
- ပခုက္ကူတွင် ရေဘေးဒုက္ခသည် ၁၅၀၀ ၀န်းကျင်ရှိ၊ ၅၃ လောင်းဆယ်ယူ click
- ဘန်ကောက်အနီးရှိ ထိုင်းမွန်ရွာများ ဆိုးရွားစွာ ရေဘေးသင့် click
- ရေဘေးကြောင့် အိမ်ပြန်သူများ အဓမ္မ ငွေတောင်းမှုနှင့် ကြုံ click
- သမ္မတသစ် ပိတ်ပင်ထားသော လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ် click
- ကော့သောင်း စည်ပင်အခွန်တိုးကောက်မှု ပျံကျဈေးသည်များ အခက်အခဲဖြစ် click
- ခေါင်းလျှော်ရည် အဝယ်ခိုင်းရာက ပျောက်ဆုံးနေသော ကလေး click
- ပြည်တော်ပြန်အငြိမ့်၊ ကလေးမွေးတဲ့ အိန္ဒြာကျော်ဇင်နဲ့ ဖိုးချစ်ရဲ့ခဲဖိုး click
- ဝေဖန်ရေးအလှရှာပုံတော် (စာအုပ်ဝေဖန်ရေး) click
- အိမ်အပြန် (၃) (၀တ္ထုရှည်) click
- ဟန်မရာ ည (ကဗျာ) click
- လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီ သေဆုံး click
- လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီး ကဒါဖီ သေဆုံး click
- ဘန်ကောက်မြို့အတွင်းပိုင်း ရေလွှမ်းမိုးတော့မည်ဟု ထိုင်းအစိုးရက သတိပေး click
- ဘန်ကောက်က ရေတံခါးတွေ ဖွင့်လိုက်ပြီ click
- ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်ရောက်ဖို့ အာစီယံဒေသမှာ စာဖတ်တဲ့ ယဉ်ကျေးမှု ရှိဖို့လို click

  မြန်မာနိုင်ငံကို စကားလုံးတွေ စာလုံးတွေနဲ့ချစ်တဲ့သူတွေတော့ တော်တော်ပေါတယ်ဗျ။ဆိုဒ်တွေထဲမှာ ဝင်လိုက်ရင်သူတို့လောက် မြန်မာနိုင်ငံကို ချစ်တဲ့သူတွေရှိမှာမဟုတ်တော့ဘူး။ကောင်းစားစေချင်လိုက်တာလာသူတို့အပြင်နှစ်ယောက်မရှိပါဘူး။ဒါပေမဲ့ စိတ်ထဲက တကယ်ပါလို့ပြောတာလား ? ညာစားကောင်းရုံ တက်အော်နေတာလား ? ဆိုတာတော့ သူတို့ကိုယ်တိုင်တောင် အခုတော့ ရေရေရာရာ သိပုံမပေါ်တော့ပါဘူး၊၊
 
       နိုင်ငံကိုချစ်တဲ့သူတို့တွေကတော့ နိုင်ငံထဲမှာမနေကြပါဘူး။နိုင်ငံမှာ ဟိုဟာဖြစ်ပြန်ပြီ၊ဒီဟာဖြစ်ပြန်ပြီ နဲ့ စကားလုံးနဲ့ပဲအလုပ်လုပ်နေကြတာပါ။သူများနိုင်ငံတွေ အကြောင်းကို အကောင်းပြော အမွှန်းတင်ပြီး  ကိုချစ်တဲ့နိုင်ငံ အကြောင်းကိုတော့  မဟုတ်တန်းတရားသတင်းတွေနဲ့ အပုပ်ချနေကြတာကို နိုင်ငံချစ်တယ်လို့ ခေါ်ရမလားပဲ။သူတို့ချစ်လှပါပြီဆိုတဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းကြီးပေါ့။မရပ်ရင်လဲ လဲသေရပါတော့မလိုလိုနဲ့ တစ်ကယ်တမ်းလက်မှတ်ကောက်တော့ သုံးရက်ပေါင်းအယောက် ၂၀၀  တောင်မပြည့်ပါ့လား။ပါးစပ်နဲ့ချစ်ကြတာပါ ။သူတို့အကောင်းပြောပြောနေတဲ့
 နိုင်ငံတွေ ဒီမိုကရေစီဘိုးအေ တို့ အင်အားကြီးနိုင်ငံ တို့ဆိုတာကဖြင့် ကြည့်လိုက်ရင် လူထုဆူပူလို့ ဆန္ဒပြလို့ငရုပ်ကောင်းရည်နဲ့ပက်လိုက်ပြန်ပြီ ရဲကပြည်သူကိုသေနတ်နဲ့ပစ်လိုက်ပြန်ပါပြီ ဆိုတဲ့သတင်းတွေမကြားချင်မှ အဆုံးပါပဲ။
      ဒါကျတော့ ရေငုံနှုတ်ပိတ်နေကြပါတယ်။မြန်မာနိုင်ငံမှာကျတော့ ဘာပဲဖြစ်ဖြစ်အစိုးရ မကောင်းလို့ပါ။လမ်းမှာခွေးချင်းခွေးချင်းကိုက်လဲ အစိုးရအုပ်ချုပ်တာမကောင်းလို့ ၊ အိမ်မှာဟင်းချက်လို့ ဆီပူလောင်ရင်တောင် အစိုးရကြောင့်ပါ။စကားပုံတခုရှိပါတယ်  မပြီးခင် ဗမာမမြင်စေနဲ့  တဲ့ ။ပြောချင်တာက မတရားဝေဖန် ထင်ရာမြင်ရာတွေပြောတတ်လွန်းလို့ပါ။ဒါပေမဲ့ အဲဒီစကားပုံထဲက အပြောခံရတဲ့သူတွေကတော့ ပြီးသွားတဲ့အချိန်မှာ ဘာမှပြောမှာမဟုတ်တော့ပါဘူး။
    ဒါပေမဲ့ ကျွန်တော်တို့ရဲ့   ပြည်ပနေထိုင်သူ နိုင်ငံအရမ်းချစ်တဲ့သူတွေကတော့ မပြီးခင်လဲ ပြောမှာပဲ ၊ ပြီးသွားလဲ ပြောဦးမှာပါ။သူများ ၈၈ ဆိုလိုက်ပြီး ၈၈ လို့အော်ပါတယ်။မင်းကိုနိုင်လို့ပြောရင် လိုက်ပြောပါတယ်။ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်မရှိကြတဲ့သူများပါ။အဲဒီလိုအော်နေတဲ့သူတွေထဲမှာ ၈၈ ကိုမှီတဲ့သူ ဘယ်နှစ်ယောက်ပါလဲ ? မင်းကိုနိုင်ကိုသိခဲ့တဲ့သူ ဘယ်နှစ်ယောက်ပါလဲ ? ၈၈ တုန်းက ဘာတွေများလုပ်ခဲ့လဲ ? မင်းကိုနိုင်က ဘာတွေလုပ်ခဲ့တာလဲ ? တိတိကျကျသိပါတယ်ဆိုတဲ့သူပြောဗျာ ၁၀၀ မှာ လက်ငါးချောင်းပြည့်အောင်မရှိပါဘူး။
   နောက်ပြီး ၈၈ မှာလမ်းပေါ်ထွက်ပြီး ဒို့အရေး ၊ ဒို့အရေး ဆိုပြီး အော်တာကို နိုင်ငံရေးလုပ်တယ်လို့ တယ်လာမပြောနဲ့ပေါ့။မင်းကိုနိုင်ဆိုတဲ့သူကတော့ ဆန္ဒပြတယ်ဆိုပြီး အလုပ်မရှိလို့ ထိုင်နေတဲ့ ဆိုက်ကားသမားတွေနဲ့ အထမ်းသမားတွေကို ထမင်းထုတ်တစ်ယောက်တစ်ထုတ်ဆီပေး၊ ပိုက်ဆံ ၁၅၀ ဆီ ပေးပြီး ခေါ်လာ ခေါင်းဆောင်ပြီး ဓာတ်တိုင်တွေ ဖျက်ဆီး၊ မီးပွိုင့်တွေ ရိုက်ခွဲ၊ ဂိုဒေါင်တွေ မီးရှို့ တွေပါ  လုပ်ပါတယ်။အဲတော့ သူရဲ့ ဆန္ဒအမှန်က အဲဒါတွေကိုပျက်စီးစေချင်တာပေါ့နော်။
       အဲတော့ ၈၈ ဆိုတာဘာမှန်းလဲမသိ ၊ မင်းကိုနိုင်ဆိုတာ ဘယ်လိုလူမှန်းမသိပဲ နဲ့သူများအော်လို့ လိုက်အော်နေတဲ့သူတို့ကို မြင်ရင်ကျွန်တော်တော့ ဟိုတစ်လောစာပေဟောပြောပွဲက ပြောသွားတဲ့ဥပမာလေးကို သွားသွားသတိရတယ်ဗျ။
       အခန်းနှစ်ခန်းရှိတယ်ဗျာ။ ဒီဘက်အခန်းမှာ မျောက်ငါးကောင် ထည့်ထားတယ်။ နောက်တခန်းမှာ မျောက်တစ်ကောင်ပဲရှိတယ် ။ နှစ်ခန်းလုံးရဲ့ အလယ်မှာ ငှက်ပျောသီးချိတ်ထားတယ်ပေါ့ဗျာ။အဲဒီကိုခုံပေါ်ကတက်ခုန်ရင်မှီတယ်ပေါ့။တစ်ကောင်ထဲရှိတဲ့ မျောက်ကတော့ ပြသနာမရှိဘူးလေ သူ့ဘာသာခုန်ယူပြီးစားလိုက်တယ်။ဒီဘက်မှကျတော့ မျောက်ကငါးကောင်လေ။အဲဒီတော့ အရင်ဆုံးခုန်ယူနိုင်တဲ့ကောင်ရတာပေါ့ ။အဲလိုတစ်ကောင်ကခုန်ပြီးလဲယူလိုက်ရော ကျန်တဲ့အကောင်တွေကို ရေနဲ့ပက်လိုက်တယ်ဗျာ။အဲတော့အောက်ကမျောက်တွေက ဟိုကောင်အဲဒီငှက်ပျောသီးကို ခုန်ယူလို့ငါတို့ ရေနဲ့အပက်ခံရတယ်ဆိုပြီး ဝိုင်းပြီးသမဲတယ်ဗျာ။အဲဒါနဲ့ အဲဒီမျောက်ငါးကောင်အခန်းထဲက ဝိုင်းပြီးသမဲတဲ့ လေးကောင်ထဲက တစ်ကောင်ကို အပြင်ထုတ် အစက တစ်ကောင်ထဲနေရတဲ့အကောင်းပေါင်းထည့် ငှက်ပျောသီး အသစ်ထပ်ချိတ်ပေးလိုက်တယ်။နောက်မှရောက်တဲ့အကောင်ကမသိဘူးလေ ဟိုဟက်အခန်းကလိုမှတ်လို့ ခုန်ယူမယ်လုပ်တာပေါ့။အဲဒီတော့ကျန်တဲ့ အကောင်တွေကဝိုင်းသမ သူလဲမယူရဲတော့ဘူးပေါ့ ။အဲဒါနဲ့ ပထမဆုံးသမဲလိုက်တဲ့ မျောက်တွေထဲကကျန်တဲ့သုံးကောင်ပေါ့ဗျာ အဲဒီထဲက တစ်ကောင်ထပ်ထုတ် မျောက်အသစ်တစ်ကောင် ထပ်ထည့် စောစောကအတိုင်းပဲဖြစ်။နောက်ဆုံးတော့ဗျာ ပထမဆုံး သမဲလိုက်တဲ့ မျောက်လေးကောင်မရှိတော့သလို သမဲခံရတဲ့ မျောက်လဲမရှိတော့ပါဘူး။ဒါပေမဲ့အခန်းထဲမှာလက်ရှိရှိနေတဲ့ မျောက်ငါးကောင်ကတော့ တစ်ကောင်က သာခုန်ပြီး ငှက်ပျောသီးကို ယူမယ်ဆိုရင် ဝိုင်းသမဲပါတယ်။ဘာလို့လဲ ဆိုတာကို တစ်ကောင်မှမသိပါဘူး။
        အဲလိုပါပဲ အခုလဲ " ၈၈ ၊ ၈၈  " " မင်းကိုနိုင် ၊ မင်းကိုနိုင် " လို့အော်နေတဲ့သူလဲ ဘာမှမသိပဲနဲ့ သူများအော်လို့အော်နေတာဆိုတော့ကာ  ဘာနဲ့တူသလဲဆိုတော့ စေ့စေ့တွေးရင် ရေးရေးတော့ပေါ် လာပါလိမ့်မယ်ခင်ဗျာ။

                                                                                                                                                                   သူရိယကိုကို 
 20.10.2011
    ဘုရားစူး  ကျနော် လမ်းပေါ်လေးပဲ ထွက်လျှောက်ခဲ့ တာပါ။
ကျနော်ဘ၀ကို မသနားတော့ ဘူးလားဗျာ။
မယုံမရှိနဲ့  ထောင်ကျရင်  မြန်မာနိုင်ငံမှာတော့  သူရဲ ကောင်းပဲ။