(( ဗွီအိုအေ အယ်ဒီတာ သန်းလွင်ထွန်း(ခ) ၈၈မျိုးဆက်ကျောင်းသားဟောင်း ကိုအောင်နိုင် ကို မြန်မာနိုင်ငံနှင့်ရခိုင်လူမျိုးတွေ ကိုယ်စား၊
 ပြန်လည်တောင်းပန်တဲ့ အင်တာဗျူးတခု ပြန်လုပ်ပေးပါ..လို့ ဒီနေရာကနေ တောင်းဆိုပါတယ်။ ))

ယခင် မူဂျာဟစ် အကြမ်းဖက်သမားဟောင်း ARNO ဥက္ကဌ Nural Islum တို့၏ မူဂျာဟစ် အကြမ်းဖက်အဖွဲ့နဲ့ ရိုဟင်ဂျာ ဟု ပြောဆိုနေသော ”ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော ဘင်္ဂါလီများ ပတ်သက်မှုရှိနေတယ်ဆိုတာ ..ဟုတ်-မဟုတ် ..”
(အမေရိကန် ရိုဟင်ဂျာအသင်း ဥက္ကဌ    ဒေါက်တာဝါကာအူဒင်းကို
 မေးခွန်း လုံးဝ မထုတ်ခဲ့တဲ့-)
 http://www.voanews.com/burmese/video/
ဗွီအိုအေ တီဗွီသတင်းလွှာ ၀၄-၂၂-၂၀၁၂ မှာ
”ရိုဟင်ဂျာ”ဟု တွင်တွင်ခေါ်ကာ -အင်တာဗျူးလုပ်ခဲ့တဲ့ -ဘင်္ဂါလီ ဘက်တော်သား= ဗွီအိုအေ အယ်ဒီတာ သန်းလွင်ထွန်း(ခ) ၈၈မျိုးဆက်ကျောင်းသားဟောင်း ကိုအောင်နိုင် ကို မြန်မာနိုင်ငံနှင့်ရခိုင်လူမျိုးတွေ ကိုယ်စား၊
 ပြန်လည်တောင်းပန်တဲ့ အင်တာဗျူးတခု ပြန်လုပ်ပေးပါ..လို့ ဒီနေရာကနေ တောင်းဆိုပါတယ်။
((အားလုံးလည်း ၀ိုင်းဝန်းတောင်းဆိုခြင်းပြုကြပါ။ ))

((ဗွီအိုအေ အယ်ဒီတာ သန်းလွင်ထွန်းက မီဒီယာမှ တရားဝင် ပြန် မတောင်းပန်လျှင် -
voa ကို boa=(bingali of america)ဟု ခေါ်တွင်စေရမည်။

ဘီဘီစီကို ဆန္ဒပြသလို -
ဗွီအိုအေကိုလည်း ဆန္ဒပြကြရပါမည်။))း(






by  -ဖေ့ဘုတ်

မန္တလေး- မြစ်ကြီးနား ရထားလမ်းအား KIA က မိုင်းထောင်ဖျက်ဆီးသဖြင့် ပြည်သူများဒဏ်ရာရ၊ သွားလာရေး ခက်ခဲလျက်ရှိ
          အစိုးရက လမ်းအသစ်တွေဖောက် တံတားအသစ်တွေဆောက် ပြီး နိုင်ငံတိုးတက်အောင်တော့ သူတို့ တတ်အား သလောက် ဆောင်ရွက်နေတာတွေ့မြင်နေရ ပါတယ်။ အရင် ၁နှစ်လောက်အထိ ကျွန်တော်တို့ ကချင်ပြည်နယ်လေး က အေးအေးချမ်းချမ်းနဲ့ရောင်းဝယ်ဖောက်ကားလို့ကောင်းတဲ့ ရေခံမြေခံတွေ သဘာဝ အရင်းအမြစ်တွေနဲ့ပြည့်နှက်နေပါတယ်။ ဒါပေမယ့် ဇွန်လလောက်ကတည်းက တံတားတွေကို မိုင်းတွေခွဲ စစ်ဘက်နဲ့မဆိုင်တဲ့နေရာတွေကို ဖျက်ဆီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ် မိန်းမတွေကိုလည်းအဓမ္မပြုကျင့် ငယ်ရွယ်သေးသော စာသင်အရွယ်ကလေးငယ်များအားလည်း စစ်သားသစ်စုပြီး အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်ခိုင်းနေပါတယ်။ 
  KIA အကြမ်းဖက်သောင်းကျန်သူများမိုင်ထောင်ဖျက်စီးသွားသော ရထားလမ်းပျက်စီးမှုများ
 
          ဦးသိန်းစိန် အစိုးရကတော့ သဘောထားကြီးစွာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေပေမယ့်လဲ ကျွန်တော်တို့ ကချင်ပြည်နယ်က အခုချိန်ထိ မိုင်းကွဲသံတွေက ကြားနေရပြီး ပြည်သူတွေကတော့ ကျီးလန့်စာစားနေရ တုန်းပါဘဲ။ အခုလဲ မန္တလေး မြစ်ကြီးနား အမှတ်(၃၃)အဆန် အိပ်စင်ရထားကို မိုင်းခွဲဖျက်ဆီးလိုက်ပြန်ပါပြီး။ ဧပြီ၂၉ရက်နေ့မနက်၁နာရီလောက်မှာ မော်ဟန်ဘူတာနားမှာ ရထားလာတဲ့အချိန်ကို ကိုချိန်ကိုက်မိုင်း နဲ့ ဖောက်ခွဲခဲ့တာကြောင့် သံလမ်းတွေ ၄ခု ၅ခု လောက်ပျက်ဆီးသွားခဲ့ပါတယ်။ ရထားတွဲ ၈တွဲလည်း လမ်းချော်ခဲ့ ရတယ်။ ညဘက်ကြီးဖြစ်တာကြောင့် ရထားနဲ့ပါလာတဲ့ ကျွန်တော်အပါအ၀င်ခရီးသည်တွေတော်တော်များများ ဒုက္ခရောက်ရပါတယ်။ ခရီးသည်အမျိုးသားတစ်ဦးနဲ့ သံဃာတော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ် ဒဏ်ရာရတဲ့သူတွေကို မိုးညှင်းဆေးရုံသို့တာဝန်ရှိတဲ့သူတွေကပို့ပေးခဲ့ပါတယ်။
          ခရီးသည်တွေကို မြစ်ကြီးနားဘက်မော်ဟန်ဘူတာ သို့ နေ့လည်လောက်မှရထားတစ်စင်းနဲ့ ခရီးသည် တွေကိုလာခေါ်ပါတယ်။ ဖားကန့်ကိုသွားမဲ့သူတွေကိုတော့ မှန်လုံကား၂စီး ဗင်ကား ၄စီးနဲ့လာကြို ပါတယ်။ မြစ်ကြီးနားသွားမယ့် လူတွေကိုတော့ မှန်လုံကားတစ်စီးလာကြိုပါတယ် ကျန်တဲ့သူတွေကတော့ ကိုယ့်အစီအစဉ် နဲ့ သွားကြပါတယ်။ အခုတော့ ရထားမှာတော့ ခရီးသည်တွေတော့ မရှိတော့ပါဘူး ဒါပေမယ့် ရထားလမ်း ကပျက်စီး နေတာကြောင့် ကျန်တဲ့နေရာကိုသွားဖို့လာဖို့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ သွားလာမှုခက်ခဲ တာကြောင့် ကုန်ဈေးနှုန်းတွေကလည်းမြင့်တက်လာမှာဘဲ။           KIAခေါင်းဆောင်များက ကချင် လူမျိုး အတွက် ဆိုပြီး လုပ်နေတယ် လို့အသံကောင်းဟစ် နေပေမယ့်လည်း လုပ်ဆောင်ချက်တွေက အကြမ်းဖက်လုပ်ရပ်တွေဖြစ် နေတယ်။ 
  KIA အကြမ်းဖက်သောင်းကျန်သူများ ရထားလမ်းမိုင်းထောင်ဖျက်ဆီးမှုကြောင့် ဒဏ်ရာရရှိခဲ့သော အပြစ်မဲ့ပြည်သူများ
          KIA က အခုဆိုရင်လမ်းတံတားတွေကိုဖျက်ဆီးနေတာ တံတားအစင်းပေါင်း ၁၁၇စင်းရှိနေပါပြီ။ ကချင် လူမျိုး ကောင်းစားရေးအတွက် ဆိုပြီးလုပ်ဆောင်နေတဲ့ KIA ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေက ကချင်လူမျိုးတွေ မကောင်းစားဘဲ ပျက်စီးဆုတ်ယုတ်မှုတွေဖြစ်ပေါ်နေတာပါ။ ဦးသိန်းစိန်အစိုးရအဖွဲ့က တော့ သဘောထားကြီးစွာ လုပ်ဆောင်နေမယ့်အစား ကျွန်တော်တို့ ကချင်လူမျိုးတွေအေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် KIA ခေါင်းဆောင်တွေ ကို နှိမ်နှင်းပေးသင့် ပါတယ်လို့ ကချင်လူမျိုး တစ်ယောက်အနေနဲ့ တောင်းဆိုအပ် ပါတယ်။


ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲ လုပီကျေးရွာ အနီးတည်ရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် အမှတ်(၁ဝဝ၂) နယ်ခြားစောင့်တပ် ဌာနချုပ်အား ကေအိုင်အေ (ကချင်) လက်နက်ကိုင်အဖွဲ့သည် ယင်းတို့၏ ကျဆင်းနေသော စစ်ရေးသိက္ခာ မြှင့်တင်နိုင်ရေး၊ နယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့နယ်ခွဲအား သိမ်းပိုက်နိုင်ရေး၊ ကေအိုင်အေ အမာခံနယ်မြေ ဖြစ်စေရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ သိမ်းပိုက်ချဲ့ထွင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဧပြီ ၂၇ ရက်မှစ၍ အင်အား အလုံးအရင်းဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အဆိုပါ ကေအိုင်အေ (ကချင်) လက်နက်ကိုင် အင်အားစုများအား အမှတ် (၁ဝဝ၂) နယ်ခြားစောင့်တပ်မှ တပ်မှူးနှင့်တကွ အရာရှိ/စစ်သည် မိသားစုများက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံ တိုက်ခိုက် ကြသကဲ့သို့ လှုပ်ရှား တပ်မတော် စစ်ကြောင်းများကလည်း ဧပြီ ၂၇ ရက်တွင်ပင် စစ်ကူပစ်ကူ အချိန်မီရောက်ရှိပြီး နယ်ခြားစောင့်တပ်နှင့် ပူးပေါင်း တိုက်ပွဲဝင်ခဲ့ရာ ဧပြီ ၂၉ ရက်တွင် တပ်မတော် စစ်ကြောင်းများ၏ တန်ပြန်တိုက်ခိုက် မှုအပါအဝင် တိုက်ပွဲကြီးငယ် (၁၁) ကြိမ်ဖြစ်ခဲ့ပြီးနောက် ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့များသည် အထိအခိုက် အကျအရှုံးများစွာဖြင့် အမှတ် (၁ဝဝ၂) နယ်ခြားစောင့်တပ် ဌာနချုပ်၏ တောင်ဘက်နှင့် အနောက်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားကြသည်။
ဆုတ်ခွာ ထွက်ပြေးသွားသည့် ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့များနောက်သို့ တပ်မတော် စစ်ကြောင်း များက ထက်ကြပ် လိုက်လံ ရှင်းလင်းလျက်ရှိရာ မေ ၃ ရက်အထိ ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့ဘက်မှ လက်နက် ၁၄ လက်၊ အလောင်း ၂၉ လောင်း၊ အရှင် ဖမ်းဆီးရမိတစ်ဦး၊ ခဲယမ်းနှင့်မိုင်း အမြောက်အမြား သိမ်းဆည်း ရမိကာ တပ်မတော်ဘက်မှ စစ်သည်နှစ်ဦး တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရပြီး အရာရှိသုံးဦးနှင့် စစ်သည် ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် တိုက်ပွဲကြောင့် အမှတ် (၁ဝဝ၂) နယ်ခြားစောင့်တပ် ဌာနချုပ်ရှိ ရိက္ခာဂိုဒေါင် အဟောင်းတစ်လုံး မီးလောင်ပျက်စီးပြီး စစ်သည် နေအိမ် အဆောက်အအုံများ လက်နက်ကြီး/ လက်နက်ငယ် ကျည်များ ထိမှန်ကာ အနည်းငယ်စီ ပျက်စီးခဲ့သည်။ အဆိုပါ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့များသည် လမ်းခရီးတစ်လျှောက် ဒေသခံ တိုင်းရင်းသား များအား စစ်ဆင်ရေး အထမ်းသမား များအဖြစ် ကျေးရွာပေါင်း ၂၃ ရွာမှ ရွာသူရွာသား ၃၄၅ ဦးအား အဓမ္မဖမ်းဆီး ခေါ်ဆောင် အသုံးပြုခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက် လာကြသည့် အထမ်းသမားနှစ်ဦးက ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
( ၂၀၁၂ ခုနှစ်၊ မေလ(၄)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၈)မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ )
ဒီသတင်းကို ဖတ်လိုက်ရတော့ ကချင်ပြည်နယ်မှာ ဘာကြောင့် စစ်ပွဲတွေ ဖြစ်နေရသလဲဆိုတာ အဖြေက ပိုရှင်းသွားတယ်။ နိုင်ငံတာ် သမ္မတကြီးက အမိန့်ထုတ်ထားတဲ့ အတိုင်း တပ်မတော် စစ်ကြောင်းတွေက ထိုးစစ်ဆင်ခြင်း မပြုဘဲ ခုခံစစ်အနေနဲ့သာ တိုက်ခိုက်နေခြင်းသာ ဖြစ်တယ်။ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာမှာလည်း KIA ခေါင်းဆောင်ပိုင်းရဲ့ တစ်ဖက်သတ် တောင်းဆိုချက် တွေကြောင့် အောင်မြင်ခြင်း မရှိခဲ့ဘူး။ တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် KIA ခေါင်းဆောင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိရတဲ့ အကြောင်းအရင်းကို ထင်သာမြင်သာ ဖြစ် စေတယ်။ ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ အစိုးရငြိမ်းချမ်းရေး မလုပ်လို့၊ တပ်မတော်က တစ်ဖက်သတ် ထိုးစစ်ဆင်လို့ မဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်။
ကျေးစေတမန်





ကော့သောင်းမလိဝမ်ရေတံခွန်တွင် လက်စွမ်းပြရိုက်ကူးထားသော ပန်းချီဆရာပြည်စိုးထွန်းရဲ့ရိုက်ချက်များ