စက်ဆန်းမှာဖြစ်တဲ့မီးလောင် ပေါက်ကွဲမှုမှာ မီးသတ်တွေရောက်လာပြီး မိနစ် ၂၀ လောက်မှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး မီးသတ်တွေအပါအ၀င် ပြည်သူတွေ သေကြေ ထိခိုက်ဒဏ်ရာရခဲ့ကြတယ် ၊ ဒါအားလုံးသိပြီးသားပါ ထူးခြားတာက အဲဒီပေါက်ကွဲမှုကြောင့်ဒဏ်ရာ ရသွားတဲ့အထဲမှာ ရန်ကုန်တိုင်းမီးသတ်က တိုင်းမှူး ဦးကြည်ဝင်းပါနေတယ်ဆိုတာပါဘဲ ဒါဆိုရင် ဒီမီးသတ်တိုင်းမှူးဟာ မီးလောင်လောင်ချင်း သူ့တပည့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးလောင်တဲ့နေရာကို ချက်ချင်းဆိုသလို ရောက်နေတယ်ဆိုတာ ထင်ရှားပါတယ် ၊ နောက်ပြီးမီးလောင်တဲ့ အချိန်က နေ့ခင်းရုံးချိန်ဆိုရင် သိပ်မထူးခြားပါဘူး ခုဟာက ညသန်းခေါင်ကျော် ကြီးမှာလောင်တာ ဆိုတော့ သိပ်ကို ထူးခြားသွားပါပြီ ။

မီးလောင်တယ်လို့ မီးသတ်က သတင်းရရချင်း သူ့ကိုအကြောင်းကြား ၊ သူကအိပ်ယာကချက်ချင်းထ ၊ မျက်နှာသစ် ယူနီဖေါင်းဝတ် ပြီးတာနဲ့ ကိုယ့်ကားကို ကိုယ်မောင်းသွားရင်တောင် ဒီလောက်အချိန်တိုလေးအတွင်းမှာ အခင်းဖြစ်တဲ့နေရာကို မရောက်နိုင်ပါဘူး ၊ ပြည်သူတွေ အိပ်နေချိန်မှာ မီးလောင်ရင် တော့ဒုက္ခပါဘဲ ငါစောင့်နေမယ် မအိပ်ဘူးဆိုတဲ့ စိတ်ထားမျိုးရှိတဲ့ တိုင်းဦးစီးမှူးကြီးပါဘဲ ၊ တိုင်းပြည်အတွက် အားထားရတဲ့ နိုင်ငံ့ဝန်ထမ်းကြီးပါဘဲ ၊ လူထုအပေါ်သိပ်ကိုတာဝန်ကျေတဲ့ ပြည်သူ့ သားကောင်းကြီးပါဘဲ ။ ဦးကြည်ဝင်းသာ ကျန်းမာရေးအရ တာဝန်ဆက်ပြီးထမ်းဆောင်နိုင်ဘို့ အခြေအနေပေးလို့ သူသာ ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူးကြီး ဆက်ဖြစ်နေဦးမယ်ဆိုရင် ရန်ကုန်တိုင်းက ပြည်သူတွေဟာ မီးလောင်ရင် တို့ဦးကြည်ဝင်းရှိတယ်ကွ ဆိုပြီး အားကိုးလောက်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါဘဲ ၊ မချီးကျူးပဲ နေကို မနေနိုင်ဘူးဗျာ ....။

မီးလောင်ပြီး ၂ရက်လောက်နေမှရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သတင်းတွေမှာဝေေ၀ဆာဆာ ဖေါ်ပြကြတယ် ၊ ကောင်းပါတယ် ထင်ရှားတဲ့ခေါင်းဆောင်တစ်ယောက်ပေဘဲ ...ဖေါ်ပြရမှာပေါ့ ၊ အနုပညာရှင်တွေလာတဲ့သတင်းတွေကို အများအပြားဖေါ်ပြကြတယ် ၊ ကောင်းတာပါဘဲ ပြည်သူချစ်သော အနုပညာရှင်တွေကိုး....၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး ဦးကြည်ဝင်းအကြောင်းကိုတော့ ချန်မထားကောင်းဘူးထင်တယ်ဗျာ ၊ ကံသီလို့ အသက်ဘေးက လွတ်ခဲ့ပေမယ့် သူနားတွေ ကောင်းကောင်း မကြားရတော့ဘူး ၊ သူ့လက်တွေခြေထောက်တွေ မှာ ဒဏ်ရာတွေအပြည့်နဲ့ဖြစ်သွားပြီ စိတ်မကောင်းဘူးဗျာ...

ဘယ်သတင်းမီဒီယာမှမရေးတဲ့ ဦးကြည်ဝင်းအကြောင်းကို လူငယ်တစ်ဦးဖြစ်တဲ့ ချမ်းငြိမ်းဝင်းကတော့ ရေးတယ်ဗျာ .. သူ့ရေးသားချက်တွေမှာ ဦးကြည်ဝင်းရဲ့ ခေါင်းဆောင်မှုတွေ ၊စွန့်လွှတ်အနစ်နာခံမှုတွေ ပါနေပါတယ် ... ကိုချမ်းငြိမ်းဝင်းရဲ့ ဖေါ်ပြချက် အပြည့်အစုံကို ဖေါ်ပြလိုက်ပါတယ် .....။

ဒေါက်တာဆိတ်ဖွား

မီးငြီးမ်းသွားပြီလား မိုးလင်းသွားပြီလားတဲ့။ သူအဲဒီလိုအော်နေတဲ့အချိန်မှာ ကျွန်တော်သူ့ဘေးမှာ ရှိနေတယ်။ ကယောင်ကတမ်းအော်တာနဲ့မတူပဲ သူ့အသံဟာ စေတနာအပြည့်တာဝန်ယူမှု အပြည့်နဲ့လို့ခံစားရတယ်ဗျာ။ အရမ်းကိုထိခိုက်ကြေကွဲရပါတယ်။ ဒါဏ်ရာရတဲ့အထဲမှာ ရန်ကုန်မီးသတ် တိုင်းမှုးဉီးကြည်ဝင်းလည်းပါတယ်။ နားစည်တစ်ဖက်ပေါက်သွားတယ်။ လက်တွှေခြေထောက်တွေမှာလည်း ဒါဏ်ရာတွေအပြည့်။ သူ့ရဲ့ခေါင်းဆောင်စိတ်ဓာတ်ကအင်မတန်လေးစားဖို့ကောင်းပါတယ်။ဒါဏ်ရာ ရရချင်း သူ့တပည့်တွေကစိုးရိမ်ပြီး ဆေးရုံပို့ဖို့စီစဉ်ပေးခဲ့တယ်။ဒါပေမယ့်ကား မလောက်လို့ သူငြင်းခဲ့တယ်။ အဲဒီအချိန်မှာသူ့မိသားစုကသတင်းရလို့ဆေးရုံရောက်နှင့်နေပြီ။သူက သူ့တပည့်တွေ အကုန် ဉီးစားပေးပြီး ဆေးရုံရောက်အောင်စီစဉ်ပေးတယ်။ သူကျတော့နောက်ဆုံးကားနဲ့မှလိုက်ခဲ့တယ်။ ကားပေါ်တက်တဲ့အထိ ကျန်ခဲ့ တဲ့မီးသတ်တွေကို စနစ်တကျညွှန်ကြားပြီး မီးငြိမ်းသတ်နိုင်ဖို့ အားပေးစကားတွေပြောခဲ့တယ်။သူ့တပည့်တွေကသူ့ကိုကြည့်ပြီးမျက်ရည်တွေဝဲလို့။အဲဒီလိုအနစ်နာခံ တတ်တဲ့ခေါင်းဆောင်တွေ ကျွန်တော်တို့တိုင်းပြည်မှာရှိပါတယ်ဗျာ။ သူ့အကြောင်းကိုဘယ်သူမှ မရေးကြသေးလို့ အားလုံးသိအောင်ဝေမျှလိုက်ပါတယ်ခင်ဗျာ။

http://doctorsatephwar.blogspot.com/2011/12/blog-post_30.html မှ ကူးယူဖော်ပြပါကြောင်း



အခုတလော ကြားနေရတဲ့ နားခါးသလိုလို စကားက စစ်ခွေး
ငါရင်နာတယ်သူငယ်ချင်း..ငါတို့ ရည်ရွယ်ချက်တခုနဲ့ စစ်ထဲဝင်လာတယ်..ငါတို့ လက်တွေ သွေးတွေစွန်းခဲ့တယ်..ဗိုလ်လောင်းတုန်းက ငါတို့ ကဗျာစာအုပ်တွေစုပြီးလုပ်ခဲ့ကြတုန်းက တယောက်
ရေးခဲ့တဲ့ ကဗျာအပိုင်းအစလေးလိုပဲ ငါတို့လက်တွေသွေးတွေစွန်းနေတာ ချိုးဖြူငှက်တွေကိုလေထဲလွတ်ပေးနိုင်ဖို့ ပဲ ဆိုတာကို ငါအရမ်းသဘောကျခဲ့တယ်..။
အရင်တုန်းကတော့ ပြောကြပါစေဆိုပြီး ငါမပြောပဲနေလာတာ..။အခုတော့မပြောပဲမနေနိုင်ဘူး..။
သူငယ်ချင်း ငါတို့ရဲ့ငယ်သူငယ်ချင်း ကျော်အောင်(အမည်ပြောင်းထားသည်)ကို သိတယ်မလား..။ငါတို့  OTT တောင် အတူတူဖြေခဲ့ကြတယ်လေ..မင်းရယ်ငါရယ်ကျော်အောင်ရယ်ပေါ့ကွာ..။မင်းရယ်ငါရယ်ပဲရွေးခံရင်္ပြီးသူ အရွေးမခံရဘူးလေ..။ငါ လွန်ခဲံတဲ့လက တာဝန်တခုသွားရင်း လမ်းကြုံလို့ အိမ်ခနဝင်တယ်..။သူငယ်ချင်းတွေလိုက်နူတ်ဆတ်တဲံအခါ ကျော်အောင်နဲ့ တွေ့တယ်..။ငါ့ကို ခေါ်တယ်ကွာ..။ ဟေ့ကောင် စစ်ခွေး --ပါဏာတိပါတာ ဘယ်လောက်စုမိလဲ..တဲ့.။ငါရင်နင့်ခဲံတယ် သူငယ်ချင်း.။င်္ဒီကောင် ငါ့အပေါ်ကြည့်တဲံအကြည့်တွေ ဟာ စိမ်းတယ်.လေသံတွေအေးတယ်ကွာ.။
ငါအကြောင်းအရင်းကို သေသေချာချာတွေးမိတယ်..။ငါတို့ မြို့မှာ အင်တာနက်ဆိုင်  ၅ ဆိုင်လောက်ရှိတယ်..မင်းစဉ်းစားလို့ရနေပြီမလား..။ဒီကောင် အင်တာနက်သုံးတတ်တယ်ကွာ
အေး-ငါလည်း အဲလိုတွေးမိတယ်။။ဒီကောင် အင်တာနက်တွေ သုံးတဲ့အချိန်မှာ ပဲ ဒီစကားလုံးကိုသင်ယူတတ်မြောက်ခဲ့တယ် လို့ ငါယူဆတယ်.။
မင်းလည်းသိပါတယ်..ငါတို့ကို စစ်ခွေးလို့ ခေါ်တဲံအသုံးဆိုတာ ဘယ်ကနေပေါ်လာခဲံ့လဲဆိုတာ .။
ဗဗာပြည်ကွန်မြုနစ်ပါတီတွေ စသုံးခဲ့တယ်ဆိုတာ ငါတို့ဦးလေးတွေပြောလို့သိခဲ့ရတယ်..။အခုဘယ်လိုလုပ် အဲစကားက လူတွေပါးစပ်ဖျားပေါ်ရောက်လာရတာလဲ..။အင်တာနက်က နေ ပြန့်တာပဲ သူငယ်ချင်း..။ပြည်ပြေးတွေ အတိုက်အခံတွေ သတင်းဌာနတွေ ကနေ သုံးလာတာပဲကွာ..။သူတို့ တွေလုပ်ရပ်တွေက မကောင်းဘူးကွာ ။
ကွန်မြူနစ်ပြည်ပြေးတွေရဲ့ ဝါဒမှိုင်းကို ရိုက်သွင်းခံရတာကွာ.ဥပမာ BBC မှာလုပ်နေတာတွေက ကွန်မြုနစ်ဟောင်းတွေများနေတယ်မလား..ဒီလိုပေါ့သူငယ်ချင်းရာ..။
MEG ဆိုဒ်မှာပြောသလိုပေါ့။ နိုင်ငံမှာ ဘာမှထိထိရောက်ရောက်မလုပ်နိုင်တဲ့ ဘေးထိုင်ဘုပြော အလကား လေပစ်နေတဲံ အတိုက်အခံတွေက အရင်အစိုးရကို မနိုင်နိုင်တဲံအချိန်မှာ နှတ်ခမ်းမွေးမြင်တိုင်း သူ့ အဖေ ထင်တတ်တဲ့ သူတို့ မွေးရာပါ ဝတီအတိုင်း ဘာမဆိုင်ညာမဆိုင် ရုရှားမှာရောက်နေတဲ့ အရာရှိငယ်တွေဘက်မြှားဦးလှည့်တော့တာပဲကွာ..။ငါတို့ ရုရှားမှာ မာစတာတတ်တုန်းက အဲဒီဒါဏ်တွေခံရတာပဲကွာ.ငါတို့က ပြန်ထောက်ပြရင် အုံနဲ့ကျင်းနဲ့ ၀ိုင်းဆဲတာမင်းလည်းအသိ.တခါတခါ ဖေ့ဘုတ်မှာတောင် ရီပို့ဒ် ၀ိုင်းလုပ်ကြသကိုးကွ..အခုတော့ မြန်မာနိုင်ငံကလူတွေလည်း သူတို့ဘာဆိုတာသိသလောက်တော့ရှိနေပါပြီ.ဒါပေမဲ့ ငါလေ့လာကြည့်သလောက် အဲလိုလေသံဖမ်းပြောနေတဲ့လူ ၂မျိုးရှိတယ်ကွာ.ပထမက အဲလိုပြည်ပြေးအတိုက်အခံတွေ.နောက်တမျိုးက ရပ်ကွက်ထဲက အသက်၂၀ နီးပါး လူငယ်တွေ မိဘလုပ်စာလက်ဖြန့်တောင်း ပြီး ချက်တင်ဝင်နေတဲ့လူတွေပေါ့ကွာ.သူတို့မှာသိတာ အင်တာနက်ပေါ်က
အဲဒီအတိုက်အခံတွေရဲ့ ပြောတာတွေကို အမှန်လို့ထင်နေတာချည်းပဲ..။သူတို့အင်တာနက်ကို ဘယ်လိုသုံးနေလဲ.အင်တာနက်မကောင်းတာကထားတော့ကွာ.အနည်းဆုံးတော့ Wikipedia မှာတောင် ကိုမသိတဲ့ ဟာကိုရှာဖူးလားမသိဘူး..Google Search မှာဗမာလို ‘လ’ နဲ့ ‘ေ’နဲ့’စ’ကို အင်တာနက်ဆိုင်တွေမှာ ရှာကြည့်.ဘာထွက်လာလဲလို့ .။တကယ်တော့ အဲလိုလုပ်တဲ့လူတွေရဲ့အဆင့်အတန်းက ဘာဆိုတာ ပြောစရာမလိုအောင်သိပါတယ်.နိုင်ငံရေးယောင်ယောင်တွေကလည်း အင်တာနက်ကို လူမသိသူမသိ သွေးထိုးလာနိုင်တဲ့အချိန်ဆိုတော့လည်း လူငယ်တွေယောင်ကုန်တာ မဆန်းပါဘူး...သူတို့ကသာနိုင်ငံကိုတကယ်ချစ်တာလုပ်တာကိုးကွ.
ဒါပေမဲ့ ခေတ်ချင်းကွာပြိလေ.ငါတို့လို တာဝန်ကြီးထမ်းနေတဲ့လူငယ်တွေ နဲ့စာရင်တောင် သူတို့အသိညာဏ်တွေက သူတို့ပြည်ပြေးတုန်းက အရွယ်တုန်းက အသိထက်တောင်မြင့်နေသေးတယ်.သူတို့အသက်တွေသာကြီးလာတယ်.အသိဥာဏ်က တန့် နေတယ်လေ.။စကားချင်းယှဉ် လုပ်ရပ်ချင်းယှဉ်တဲံအခါ မနိုင်တော့ ကလေးလေးတွေရန်ဖြစ်သလို စကားနာတွေထိုးတော့တာပဲ.။
မနာ နာအောင်ပေါ့။ 
။မြန်မာနိုင်ငံမှာ နာမည်ကြီးချင်လား
အစိုးရမကောင်းကြောင်း ပြော-ဒါမှမဟုတ် အောက်ပိုင်းဟာသနဲ့သရုပ်ဆောင် လူရွင်တော်လုပ်.နာမည်ကြီးတယ်..။မဟုတ်ဘူးလား သူငယ်ချင်း
အခုလည်းအစိုးရသစ်ကိုကူညီဖို့နေနေသာသာ.ဟာကွက်တွေ့ရင်ထောက်ပြမယ်.ဆဲမယ်.ဝေဖန်မယ်ဆိုတာာကြီးပဲ.ကောင်းတာတိုးတက်တာများလုပ်မိရင် မပြောဘူး.ဘာလို့လည်းပြောရင် လုပ်သင့်တာပဲလေ.တဲ့.ပြောတော့မှန်သလိုလိုနဲ့.အဲလိုကောင်တွေသွားကြည့်.တစ်ယောက်မှ တန်ဖို့းရှိတဲ့လူတွေမဟုတ်ဘူး..အမှန်ဆို လူုထုစိန်ဝင်းလို လူစားတွေရှိသင့်တယ်..ဆိုးရင်လည်း ပက်ပက်စက်စက်ပြောတယ်.ဝေဖန်တယ်..ကောင်းရင်လည်း အားပါတရထောက်ခံတယ်..း
ဒါပဲပေါ့..ကောင်းတာလုပ်တဲ့လူကို ချီူးကျူးရင် ဆက်လုပ်ချင်စိတ်တွေရှိလာမယ်လေ..ေxx-ာက်ပြစ်ပဲထိုင်ပြောနေရင် ဘယ်သူက လုပ်ချင်တော့မှာလဲကွာ
လူတစ်ယောက်ကို ဆုပေးတယ်ဆိုတာ သူကိုဒီတစ်ပွဲအတွက်ဂုဏ်ပြုတဲ့အပြင်နောက်နောင်လည်း ဒီစံချိန် ဒီအလုပ်မျိုး ဆက်လုပ်နိုင်ဖို့တွန်းအားပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို လူတွေမသိကြဘူး.
ထားပါတော့.ငါတို့ ကိစ္စပြန်ပြောကြမယ်
အကိုကြီးတစ်ယောက်ပြောဖူးတဲံ စကားကို သူငယ်ချင်းမှတ်မိလား ။ပြည့်ဝတဲ့သူ အလုပ်လုပ်တဲ့လူဆိုတာ ကိုယ့်ကိုဘယ်လောက်ဝေဖန်ဝေဖန် ဘယ်လောက်ခြေထိုးထိုး အဲဒီဒဏ်ကိုခံနိုင်တဲံသူ ဖြစ်ရမယ် တဲ့လေ။အထူးသဖြင့် ညီတို့ဟာ စစ်သား.ပိုခံရမယ်.ငါ့ညီတို့ ဝေဖန်မှုဆိုတာ မင်းတို့မှမခံနိုင်ရင် ငါတို့ နိုင်ငံ သွားပြီ.လို့ ပြောခဲ့တယ်လေ.။မပြီးခင်ဗမာမမြင်စေနဲံ ဆိုတာ ငါတို့နိုင်ငံရဲ့ တခုတည်းသော ဘယ်နိုင်ငံမှာမှ ပုံတူမျိုးကွဲမရှိတဲ့ စကားလေကွာ…။
ဒါပေမဲ့ကွာ ဗကပနဲံ့တိုက်တုန်းက စစ်သားကြီးတွေတောင် အဲစကားကို ခံနိုင်ပြီး ပြုံးပြုံးလေး အနိုင်ယူခဲ့သေးတာပဲ.ငါတို့ က မခံနိုင်စရာ ဘာရှိလဲကွာ.။
စစ်ခွေးတဲ့…..
အေးပေါ့ကွာ..လူသားတစ်ယောက်အနေနဲ့  ကို့ ကို ခွေးတစ်ကောင်လို ပြောတာတော့ ဘယ်သူမဆို သည်းခံနိုင်မယ်မထင်ဘူးပေါ့။ဒါပေမယ့် ငါတို့  အတတ်နိုင်ဆုံး သည်းခံပြီး ပြုံးပေးခဲ့တယ် ။ ကိုယ့်အကြောင်းကိုပဲ နားလည်တာကိုးကွ။ပြောသူဟာ ပြောတဲ့စကားရဲ့အသုံးပေါ်မူတည်ပြီး သူအဆင့်အတန်းကိုဖန်တီးတယ် ဆိုတာ ပညာတတ် မင်းတို့ ငါတို့ သိကြတယ်မလား။ငယ်ငယ်တုန်းကရန်ဖြစ်ရင် ငါတို့တွေ စကားနိုင်လုပြောခဲ့ကြတဲ့စကားလေးကိုမှတ်မိနိုင်ကောင်းပါရဲ့…
ခွေးသားလို့ ပြောတော့ငါတို့ ဘာပြောလဲ
.အေးခွေးလိုတွေး ခွေးလိုကြည့်ရင်ခွေးလိုမြင်မှာပဲ လို့ပြန်ပြောခဲ့ကြတယ်မလား..အခုလည်းကလေးစကားနဲ့ငါပြောချင်တယ်ကွာ..လူလူချင်းကတော့ လူလိုတွေးလူလိုမြင်ရင် ဒီစကားပေါ်လာစရာမှမရှိတာကိုးကွ..
ငါတို့ကတော့ စစ်ခွေးလို့ ငါ့တို့ကို ပြောတဲ့လူတွေကို ကျေးဇူးတောင်တင် သလိုလိုရှိသား.ငါတို့လည်း လူတွေလေကွာ..တခါတခါ အမှားတော့ရှိမှာပဲ.နောက်ပြိးငါတို့ လည်း လူငယ်ကွာ.။တာဝန်ကြီးတွေက
ပုခုံးပေါ်မှာငယ်ငယ်ရွယ်ရွယ်နဲ့ မလိုက်အောင် ထမ်းရတဲံအချိန်မှာ လူငယ်စိတ်နဲံတခါတခါ မာန်တွေမာနတွေသုံးမိတဲ့အခါရှိမှာပဲ..အဲအခါကျရင် စစ်ခွေးလို့  အပြောခံရချိန်မှာ ငါတွေဝေခဲ့ဖူးတယ်.ခဏလေးပါ.ချက်ချင်းပဲ
အော်..ငါဟာ စစ်သား တစ်ယောက်ပါလားဆိုပြီးတော့..
စစ်သားတစ်ယောက်ရဲ့ တာဝန်.ခံယူချက်နဲ့  လမ်းမှန်ကို ငါသွားနိုင်ခဲ့တယ်..ငါ အဲလိုအခေါ်ခံရချိန်တိုင်း
ရင်ကိုဖွင့် လည်ကိုမော့လို စစ်သားတစ်ယောက်လို လမ်းလျှောက်ခဲ့ဖူးတယ်..နှိမ်ချတာလည်းမဟုတ်ဘူး
မသိလို့ပြောတဲ့ ညီတစ်ယောက်ကို အစ်ကိုတစ်ယောက်က နားမလည်တဲ့အချိန်မှာ ဘာမှ မဖြေရှင်းပဲ ပြုံုးံ့ရုံတင်ပြုံးပြသလိုမျိုးပေါ့ သူငယ်ချင်းရာ…။
ပြောစမ်းပါစေ.ငါတို့ အလုပ်ကို ငါတို့ပြီးဆုံးအောင်လုပ်တယ်လေ..အဲအတွက် ငါတို့ဘာရလဲ.ငါတို့အောင်ပွဲတွေမှာ ဘာတွေရလဲ..အလောင်းတွေ ပြာတွေ ယမ်းခိုးသင့်မြေကြီးတွေပဲရတယ်မလား..အဲဒါတွေရဲ့နောက်ကွယ်က ပြန်လည်ပြင်ဆင်တိုးတတ်မှု ဆိုတာကို ပုံဖော်ပြီး ငါတို့ ပီတိတွေရခဲ့တယ်လေ.ဒီပီတိက ငါတို့ ဆုလာဒ်ပဲကွ..။
မင်း ကျိုင်းတုံက သစ်တပင်ကုန်းသိတယ်မလား..အရင်တုန်းက တိုက်ပွဲနယ်မြေကြီး.သောင်းဝေဦးစာအုပ်တွေထဲမှာဖတ်ကြည့်ရင်ကွင်းခနဲ့ကွက်ခနဲံပေါ်လာမယ်..အရင်တုန်းက တိုက်ပွဲ အဓိကနယ်မြေကြီး..ဟော အခုတော့ ကျိုင်းတုံမြို့ လယ်ဖြစ်နေပြီ.အဲအချိန်က ပါခဲံတဲ့ စစ်သားဟောင်းကြီးတွေ အဲဒီကို ရောက်ရင် မြင်ရင် မျက်ရည်ဝေပြီး ပြုံးပျော်နေကြတာ ငါတို့ အသိ ငါတို့အမြင်ပဲမလား..။အဲအချိန်ကတည်းက စစ်ခွေးလို့ ခေါ်ခံရလို့ သွေးတွေကြွ မခံမရပ်နိုင်ဖြစ်ပြိး ဝုန်းခနဲ့ထတိုက်ရင် အားလုံး သေကုန်မှာပေါ့..အဲလိုမဖြစ်ခဲံ့လို့  အခု လို မြို့လယ်ကြီးဖြစ်ပြီးစည်ကားနေတာပေါ့ကွာ..ဒါငါတို့ သင်ခန်းစာ ယူရမယ်..
ငါတို့တွေ သည်းခံမှုကို အလုပ်နဲ့ သက်သေပြရမယ်..ခေါ်စမ်းပါစေကွာ..မသိတတ်လို့ မမြင်တတ်လို့  ရှင်းရှင်းနဲ့ ရိုးရိုးပြောရရင် နိုင်ငံသားမပီသလို့ လူလိုမတွေးလို့  ခွေးလိုတွေး ခွေးအမြင်နဲ့ပြောနေတာကို ငါတို့လို လူပီပီသသ စစ်သားပီပီသသ ယောကျာင်္းကောင်းတွေက မခံနိုင်ရင် ငါတို့  ခေါင်းပေါ်က နိုင်ငံတော် တံဆိပ်က ငါတို့ ကျိန်စာ တိုက်လိမ့်မယ် သူငယ်ချင်းး..။
နောက်တခု..ငါလည်း နိုင်ငံတချို့ သွားဖူးပါတယ်..ဂျာမာန်ဆိုကွာ အဆိုးဆုံး SS တပ်ဖွဲ့ ကြီးကို တောင် စစ်ခွေးလို့ မခေါ်ဖူးဘူး..ကဲ..နောက်ငါပြောအုံးမယ်.ငါတို့ကို သင်တဲ့ဆရာတစ်ယောက်လေ.စစ်အတွင်းက ဗိုလ်ချုပ်ရာထူးနဲ့ဆရာလေ..မင်းတို့က ဘယ်အဆင့်လဲဆိုတော့ ဗိုလ်၊ဗိုလ်ကြိး ဆိုတော့ ရီတယ်လေ.ငယ်ငယ်နဲ့ဘယ်လိုထမ်းဆောင်ပါ့မလဲပေါ့ကွာ..။နောက်မှ မင်းတို့အောက်မှာ ဘယ်နှစ်ယောက်ရှိလဲ.ဘယ်လိုတပ်ဖွဲတွေကိုကွပ်ကဲရလဲ.တိုက်ပွဲအတွေ့အကြုံတွေ ဘယ်လိုလည်းဆိုတော့ ငါတို့တွေရှင်းပြပြောပြမှ..မင်းတို့ တွေကိုလေးစားပါတယ်ဆိုပြီး စာသင်ခန်းထဲမှာ အလေးပြူခဲ့တာ မှတ်မိသေးလား..။
စစ်ခွေးဆိုတာ ဘယ်လောက်အမိန့် နာခံလဲ..မိုင်းရှာတာတို့ ရန်သူနောက်လိုက်တာတို့ ကင်းထောက်တာတို့  စာပို့ခိုင်းတာတို့  ဘယ်လောက်အသုံးဝင်လဲ.ခွေးပေမဲ့သူဥာဏ်နဲ့သူလုပ်ဆောင်တတ်တယ်.အမိန့် ကြားထဲမှာလေ..တခါတခါမိုင်းကိုအနံခံမိချိန် သူရဲ့စစ်သည်ကိုတောင်မစောင့်ပဲ သူဘာသာနှုတ်သီးးနဲ့ထိုးဖေိာပြီး အသေခံတဲ့ခွေးတွေ.စခန်းတခုနဲ့တခုကြားမှာ စာပို့ရင်း ခြေထောက်နှစ်ချောင်းပြတ်တာတောင်ရောက်အောင်ပို့တာတွေလို စစ်သားတစ်ယောက်လို သူလုပ်ဆောင်ခဲ့တယ်.
အနောက်နိုင်ငံစစ်သင်တန်းတွေမှာ အဲလို တုံးတိုက်တိုက်ကျားကိုက်ကိုက် စစ်သားကို သူတို့အချင်းချင်း စစ်ခွေးကြီးတို့ စစ်မြင်းကြီးတို့ဆိုပြီး NICKNAME ပေးတတ်ကြသေးတယ်လေ.
အမိန့်နာခံခြင်းဟာ စစ်သားတစ်ယောက်ရဲ့ကောင်းမြတ်ခြင်းပဲ..ငါတို့တွေ ဘာကိုမက်မောကြလဲ.စစ်မှုထမ်းကောင်းတံဆိပ်ကိုမက်မော ခဲ့ကြတယ်မလား.သူတို့ပြောသလို ငါတို့ဟာစက်ရုပ်တွေလို အမိန့်ပေးတိုင်းလုပ်နေကြတာမှမဟုတ်ဘူးဆိုတာ သူတို့မသိကြဘူး..။စဉ်းစားဥာဏ် နဲ့ပိုင်းခြားမှုလည်းရှိမှ စစ်သားပီသမှကိုးကွ..။အထက်အရာရှိကတစ်ခါတစ်လေ ဇောနဲ့ချီတတ်ခိုင်းပေမဲ့ကိုယ့်လက်အောင်စစ်သည်တွေပင်ပန်းနေရင် ငါတို့ တွေ မျက်နှာပူပူနဲ့ တည့်ပြောရလို့ အထက်အရာရှိလည်းနားလည် အောက်လည်းအဆင်ပြေတဲ့ ကိစ္စတွေရှိတာပဲ..။
တကယ်တော့ စစ်ခွေးလို့ မင်းတို့ ငါတို့ ကိုပြောတဲ့ လူတွေကို ငါတုံပြန်ပြောရမယ်ဆိုရင်(ရန်ဖြစ်သလို စကားနိုင်လုသလိုပြောရမယ်ဆိုရင်)အဲလိုပြောတဲ့လူတွေက စစ်ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိ အသိမရှိတဲ့လူတွေပဲကွာ..အင်တာနက်မှာပြန့်နေတဲ့အခေါ်အဝေါ်ဆိုတော့ ပြောရအုံးမှာပေါ့.ရှာကြည့်စမ်းပါလို့ စစ်ခွေးတစ်ကောင်တန်ဖိုးနဲ့အသုံးဝင်မှုကို အခုငါတို့ကို စစ်ခွေးလို့ဆဲဆိုနေတဲ့ လူတွေ မှီပါရဲ့လားလို့လေ.။
စစ်တပ်ဆိုတာ လူအမျိုးမျိုး စိတ်အထွေထွေလေကွာ.အုပ်ချူပ်ရတာ ဘယ်လောက်ခက်လဲ.ဖောက်တဲ့လူလည်းရှီမှာပဲ.ဆွမ်းဆန်ထဲလည်းကြွက်ချီးပါမှာပဲ..ကြွက်ချီးကိုပဲမြင်ပြီးဒီဆန်ဗန်းကြီးမကောင်းဘူးလို့ ပြောနေတဲ့လူတွေရဲ့အသိဥာဏ်နဲ့သူတို့ တသက်တာ စားလာခဲ့တဲ့ အစားအစာတန်ဖိုးတွေ.ကမ္ဘာကြီးသူတို့ ကိုထမ်းလာတဲ့နှစ်တွေကို နှမြောမိတယ်..
ပြောလိုက်စမ်းပါကွာ..
သူတို့ ငါတို့ကို စစ်ခွေးလို့ခေါ်တိုင်းမှာ ငါတို့ဟာ စစ်သားတွေပါလား ဆိုတဲ့အသိနဲ့ ငါတို့မှန်မှန်ကန်ကန် အလုပ်တွေလုပ်ခဲ့ဖူးတယ်..။နောက်ထပ်အခေါ်မခံချင်လို့ အလုပ်နဲ့သက်သေပြတာလည်းပါတာပေါ့.။
အမိန့် ၊ ခံယူချက် ၊ တာဝန် တွေကို ငါတို့ ကောင်းကောင်းမွန်မွန် ပီပီသသ လုပ်ပြမိတယ်..။
ရာဗင်ဒြာနတ်တဂိုး ရဲ့ကဗျာ ကိုတောင် ငါသတိရတယ်..။
အောင်မြင်မှုအတွက် သင့်ရဲ့ချီးကျူးထောပနာမူကို ခံယူလိုသောသူ မဖြစ်လို

ရှူံးနိမ့်ချိန်မှာ သင့်ရဲ့ လက်ဖဝါးကို နွေးထွေးစွာ ကိုင်ခွင့်ရလိုသူ သာ ဖြစ်ရပါလို၏.
ဆိုတာလေကွာ..
ငါတို့ အောင်မြင်မှုကို ဝမ်းပမ်းတသာ မကြိုဆိုရင်နေပါစေ…ငါတို့ တွေရဲ့ အားနည်းချိန်မှာအားပေးသူရှိရင်
တကယ်ပါ(လူငယ်အတွေးနဲ့ပြောတာပါ)ကမ္ဘာအပြင်ထွက်ပြီး ဟစ်တလာ လို မိုက်ပြရပါစေ.မိုက်ရဲတယ်သူငယ်ချင်း..။
ငါတို့ကတော့ ငါ့တို့ကို စစ်ခွေးလို့ သူတို့သုံးနူံးပါစေ.ခေါ်ကြပါစေ..ငါ့တို့တာဝန်တွေကျေပွန်မှုကို ငါတို့ကျေနပ်တယ်..။ငါတို့ အားငယ်မှုတွေချက်ချင်းပျောက်ပြီး စစ်ရေးပြလျှောက်တဲ့စစ်သည်လို ငါတို့ကြွားကြွားဝံ့ဝံ့ လျှောက်ပြရဲတယ်.(သူတို့ တွေပြောသလို အခွင့်ထူးခံလူတန်းစားမဟုတ်ရပါဘူး.သူတို့တွေပြောမှ ငါတို့အဲစကားလုံးကြားဖူးတာပါကွာ)..။
စစ်သားဖြစ်မှတော့ကွာ..
ငါတို့ ဗိုလ်လောင်းသင်တန်ူးတုန်းက ဆရာတစ်ယောက်ပြောသလို ရှေ့ မှာလှံစွပ်.ခေါင်းမှာ ဗုံး.အောက်မှာမိုင်း.နောက်မှာ အမြောက်ကျည်(ရန်သူဘက်ကပစ်လို့ငါတို့ဆုတ်သွားနိုင်မဲ့.စစ်ကူလာမဲ့လမ်းကိုပိတ်ပစ်တဲ့ကျည်)
တွေဝိုင်းနေချိန်မှာတောင် ငါတို့အေးအေးဆေးဆေး အမိန့် ပေးကွပ်ကဲနိုင်ခဲ့သေးတာပဲ.လေနဲ့ပြောတာများကတော့ကွာ ပြောစမ်းပါစေ.အချိန်တန်ရင် လျှာဆိုတာလည်းလူခန္ဒာအဖွဲအစည်းတစ်ခုပဲလေ.ငြောင်းသွာမှာပေါ့..။
ငါတို့ ဟာ လူသား ..စစ်သားး  ။ ဒါကြောင့် လူလိုတွေး လူလိုသတ္တိရှိရှိ စစ်သားတစ်ယောက်ရဲ့ရဲရင့်မှု
ဒဏ်ခံနိုင်မှုနဲ့  ငါတို့ ရည်မှန်းချက်တွေ ငါတို့ ခံယူချက်နဲ့ ပြည်ချစ်စိတ်တွေနဲ့ပဲ ကာကွယ်နေချိန်မှာ
လူလိုမတွေး လူလိုမမြင်တဲ့လူတစ်စုရဲ့ စကားကြောင့် မင်းတို့ စိုးရိမ်ပူပန်နေမယ်.ခံစားနေမယ်ဆိုရင်
သူငယ်ချင်းရေ..မင်း မြန်မာနိုင်ငံကို ကာကွယ်မယ့် မြန်မာ့စစ်သည်တော် မလုပ်ပါနဲ့..
လို့ ငါပြောပါရစေလားကွာ....။
                                                    
                                                                မောင်ကျောက်ခဲ (မြန်မာပြည်)


လူဆိုတာ ကောင်းတာလုပ်ရင် ကောင်းတယ်လို့ချီးကျူးရဲရသလို မကောင်းတာလုပ်ရင်လည်း ဒါမကောင်းဘူးလို့ ပြောဆိုရဲရမှာပါ။ ချီးကျူး ကဲ့ရဲ့ ဝေဖန်တဲ့ အခါမှာလည်း တဖက်စောင်းနင်း မျက်နှာလိုက်ပြီး ဟိုလူကျတော့ တမျိုး ဒီလူကျတော့တမျိုး မလုပ်ဖို့လိုပါတယ်။ ဒါမှလည်း သမာသမတ်ကျတဲ့ လူဖြစ်မှာပါ။

ယနေ့ ပုဇွန်တောင်မှာ ရှိတဲ့ မီးဘေးဒုက္ခသည်တွေဆီကို လုပ်ငန်းရှင်တွေ၊ ပြည်သူတွေ၊ အသင်းအဖွဲ့တွေ၊ အနုပညာရှင်တွေ သွားရောက် အားပေးစကားပြောကြားပြီး လိုအပ်တဲ့ပစ္စည်းတွေ ငွေတွေ လှူဒါန်းကြ ပါတယ်။ ဒေါ်စုတစ်ယောက်လည်း လာပြီးလှူတာတွေ့ရပါတယ်။ အဲဒီမှာပဲ အထက်က ပြောသလို ဝေဖန်စရာရှိ မျှမျှ တတပြောဆို ဝေဖန်မယ်မရှိ ဒေါ်စုလုပ်သမျှ အကောင်း၊ ကျန်တဲ့သူလုပ် အမှားဆိုပြီး တဖက်စောင်းနင်း မြင်ကြတဲ့ အသိဉာဏ်မဲ့ ပြောဆိုဝေဖန်မှု တွေကိုတွေ့ရပါတယ်။ ဗိုလ်ချုပ်သမီးဆိုတာနဲ့ ဒေါ်စုအပေါ် အဆိုးမမြင်နိုင်ဘဲ အကောင်းမြင်နေတာဟာ သူ့အဖေ ကျောင်းဆရာဆိုတာနဲ့ သူ့သမီးကျောင်းဆရာမဆိုပြီး ဦးဏှောက်မဲ့ ထင်မြင်ကြတဲ့ သူတွေရဲ့ အတွေးအခေါ်မရှိတဲ့ အမြင်ကျဉ်းမြောင်းမှုပါ။ လာလှူတာခြင်း အတူတူ ဒေါ်စု ကမှ လာလှူတာ ဒေါ်စုကမှ စိတ်ရင်းအမှန်နဲ့ လာတာ ဆိုပြီး ကျန်တဲ့လာလှူတဲ့လူတွေအပေါ်ကျ မကောင်းမြင်ပြောဆိုနေကြတာဟာ အပေါ်က ပြောခဲ့သလို သမာသမတ်မကျတဲ့သူ၊ ဦးဏှောက်မရှိတဲ့ သူတွေပဲ ဖြစ်ပါလိမ့်မယ်။ အောက်မှာ ဘယ်လိုတဖက်စောင်းနင်းပြောဆိုထားကြလဲဆိုတာကို Facebook ကနေရလာတဲ့ အထောက်အထား ဓာတ်ပုံတွေနဲ့ တင်ပြထားပါတယ်။

 ကျန်တဲ့ သူတွေ ပြုံးတော့ မကောင်းပြော၊ ဒေါ်စုပြုံးတော့ very nice တဲ့

 သူများကျ ဘုန်းကြီးကျောင်းမှာ ဖိနပ်စီးလို့တဲ့၊ ဒေါ်စုစီးတာကျ ဝေဖန်သံမထွက်

 မြန်မာပြည်မှာ ထိုကဲ့သို့လူတွေများလာရင် သေချာပါတယ် မြန်မာပြည်ကြီး တန်ခိုးရှင် တစ်ယောက် ယောက် လာအုပ်ချုပ်တောင် တိုးတက်မှာမဟုတ်ပါဘူး။ ယနေ့ခေတ် နိုင်ငံရေးအကြောင်း နကန်း တစ်လုံးမှမသိ အများကဒေါ်စု ဆိုတာနဲ့ အမေစုလိုက်လုပ်၊ အန်တီစု လိုက်လုပ်နဲ့ ဒေါ်စုတစ်ယောက်ပဲ မြန်မာပြည်အတွက် ကယ်တင်ရှင်ကြီးထင်၊ ဒေါ်စုမှပဲ မြန်မာပြည်တိုးတက်အောင် လုပ်နိုင်မယ်ထင်။ ဒေါ်စုလုပ်ရင်အကောင်း ကျန်တဲ့သူလုပ်ရင် မကောင်းဆိုတဲ့ အတွေးအခေါ်ညံ့ညံ့ လူတွေကြောင့် မြန်မာနိုင်ငံတိုးတက်ဖို့ အနှောင့်အယှက်ဖြစ်နေရတာပါ။ ဗိုလ်ချူပ်သမီးဒေါ်စုမှ မဟုတ်ပါဘူး၊ သာမန်မိသားစုကပေါက်ဖွားလာတဲ့ လူလည်း ခေါင်းဆောင်မှု အရည်အချင်းနဲ့ပြည့်စုံစွာနဲ့ နိုင်ငံနဲ့ လူမျိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် မြန်မာတွေရဲ့ ပုဂ္ဂိုလ်စွဲနဲ့ ယုံကြည်မှု၊ ထင်မြင်မှုတွေကို ရပ်တန်းကရပ်ပြီး မျှတတဲ့ အမြင် သမာသမတ်ကျတဲ့ ဝေဖန်၊ ချီးကျူးမှုမျိုးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီ သွားရာလမ်းမှာ လက်တွဲညီညီ ပူးပေါင်းပါဝင်ကြဖို့ ရွှေမြန်မာက တိုက်တွန်းလိုက်ရပါတယ်။  

သူတို့လိုဆို ရွှေမြန်မာလည်း ဝေဖန်တတ်ပါတယ်။ သူများတွေပူဆွေးနေတဲ့အချိန်မှာတောင် ပန်းပန်မပျက် အလှကြိုက် ပန်းကြိုက်တဲ့ ပန်းမမ ဒေါ်စုဆိုပြီး။



ရန်ကုန်မြို့ လူစည်ကားသော နေရာသုံးခုတွင် တစ်ပြိုင်နက်တည်း ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူနှင့် သက်သေခံပစ္စည်း လက်ဝယ်တွေ့သူ အမျိုးသားနှစ်ဦးကို ဒီဇင်ဘာလ ၂၁ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ဗုံးပေါက်ကွဲခဲ့ပြီးသော လှည်း တန်းလမ်းဆုံ နေရာအပါအဝင်၊ သမိုင်းလမ်းဆုံ၊ စော်ဘွားကြီးကုန်း လမ်းဆုံ စသည့် လမ်းဆုံ ၃ ခု တွင် ဗုံးထောင်ရန် ကြံစည်သူဟု ယူဆ ရသော အမျိုးသား ၃ ဦး အနက် ညီအစ်ကိုနှစ်ဦးဖြစ်သူ စိုင်းတင်မင်းကိုနှင့် စိုင်းတင်မင်းထွန်း တို့ကို အဆိုပါနေ့ရက်က ပဲခူး တိုင်းဒေသကြီး သုံးဆယ်မြို့နှင့် ရန်ကုန်တိုင်း   ဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တို့မှ သက်သေခံ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ လက်ရ ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဖမ်းဆီးရမိထားသူ နှစ်ဦး အနက် စိုင်းတင်မင်းကိုမှာ KIA အဖွဲ့သို့ ဝင်ရောက်ခဲ့ကာ ဖောက်ခွဲ ရေးသင်တန်း၊ စစ်သင်တန်းများ တက်ရောက်ခဲ့ဖူးပြီး မြန်မာနိုင်ငံ တွင်းသို့   ပြန်လည်ဝင်ရောက်လာ ပြီးနောက် ဖောက်ခွဲရေး ကိစ္စများ ပြုလုပ်ရန် တာဝန်ပေးခြင်း ခံရ သော်လည်း မပြုလုပ်လို၍ အစ်ကိုဖြစ်သူ စိုင်းတင်မင်းထွန်း၏  နေအိမ်သို့   ရောက်ရှိလာပြီး ၄င်းနှင့် အတူပါလာသော ဖောက်ခွဲရေး ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ထွက်ချက်ပေးခဲ့ကြသည်ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။ ရန်ကုန်မြို့ သုံးနေရာကို ဗုံးခွဲရန် တာဝန်ပေးခံရသူ သုံးဦးရှိပြီး ၄င်းတို့အနက် စိုင်းတင်မင်းကိုမှာ တစ်ဦးအပါအဝင် ဖြစ်သော်လည်း အခြား နှစ်ဦးကို မသိသေးကြောင်း ၄င်းက ဆိုသည်။

လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ သည့် လှည်းတန်းလမ်းဆုံး ဗုံးခွဲမှု တွင် အဓိကတရားခံဟု ယူဆထား ရသည့် အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၏ပုံတူပန်းချီကို ရန်ကုန်မြို့ လူစည်ကားရာ နေရာ များတွင် ချိတ်ဆွဲကြေညာထားပြီး သတင်းပေးပါက ဆုငွေကျပ်ငါး သိန်းပေးမည်ဟု ဖော်ပြထားသည်။  ယင်းသို့တောင်းဆိုမှုများနှင့် ဆက်စပ်သော တာဝန်ပေးစေခိုင်းသည့် အဖွဲ့အစည်းကို တရားဝင် ကြေညာခြင်း မပြုသေးသကဲ့သို့ အထက်ပါ သတင်းတွင် ပါဝင် သည့် KIA အဖွဲ့အစည်းကလည်း ၄င်းတို့ လက်ချက်ဖြစ်ကြောင်း ပြောဆိုထားခြင်း မရှိသေးပေ။
ရန်ကုန် ဒီဇင်ဘာ ၂၆ (ပေါ်ပြူလာသတင်းဂျာနယ် )


လူပျက်ဇာဂနာဟာ မြစ်ကြီးနားအကျဉ်းထောင်မှာ အကျဉ်းကျခံရစဉ်က သူဟာ ဘာသာပြောင်းတော့မှာဖြစ်ကြောင်း ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ဘုန်းကြီးဆွမ်းကပ်ရင် ဖမ်းလို့ဖြစ်ကြောင်း တစ်ခြားဘာသာမှာ ဒါမျိုးမရှိကြောင်း ပြောဆိုချက်ကို ကိုးကားပြီးတော့  DVB အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့ပါတယ် ဒါကိုအားလုံးမှတ်မိကြဦးမှာဖြစ်ပါတယ် ။

ခုအခါမှာတော့ ဇာဂနာက သူဟာ ၂၀၀၇ သံဃာ့အရေးအခင်းမှာ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်စည်းရုံးပြီး တဖြည်းဖြည်းပါလာအောင် လုပ်ကာ နောက်ဆုံးမှာ သပိတ်စခန်းဖွင့်သည်အထိ ဆောင်ရွက်ရန်ကြံစည် ခဲ့ကြောင်း DVB သတင်းဌာနကို ၀န်ခံပြောကြားလိုက်ပါတယ် ။ ဆိုလိုတာကတော့ ၂၀၀၇ ခုနှစ်မှာသူ အဖမ်းခံရတာဟာ အစိုးရအတိုက်အခံတွေပြောနေသလို ဘုန်းကြီးတွေကို ရိုးရိုးဆွမ်းကပ်လို့မဟုတ်ဘဲ သံဃာတော်တွေကို နိုင်ငံရေးအရ အသုံးချဘို့ ဆောင်ရွက်ခဲ့လို့ သက်ဆိုင်ရာက တားဆီးခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း ၀န်ခံလိုက်တာလည်းဖြစ်ပါတယ် ။