ရှရှားနိုင်ငံ က   ကျနော်ညီငယ်လေးပေးပို့ လာတာလေး ကို  ဒီနေ့   တင်ပေးလိုက်တာပါ။တကယ် ရွံရှာဖို့ 
ကောင်းတဲ့  စိတ်ဓါတ်၊အောက်တန်းကျတဲ့  အတွေး အခေါ်ပါ။ကျနော်  ညီလို  ပဲ  အရမ်းချစ်ခင်ရတဲ့  မင်းသန့် 
က   စာပေတော်တော်လေးထုံ သူပါ။စာပေမှာပဲ ပျော်မွေ့ သူပါ။သူ ရေးထားတဲ့   အရေးအသားတွေကို 
ဆက်မျော်လင့် ဖို့ တောင်းဆိုနေတုန်းမှာပဲ  လက် ကို  ဓါးနဲ့ ဖြတ်သလို ဖြစ်အောင်   ဘမ်းထုတ်လိုက်ကြတယ်
                                                                                                                    ငဘ
     ဖေ့ ဘုတ်  ဆိုတာ   တကယ်တော့  ကိုယ်ခံစားချက်တွေကို   သွန်းထုပ်တဲ့ နေရာ ၊တနည်းအားဖြင့်     ဗဟုသုတတွေ  မျှဝေပေးတဲ့  နေရာ၊ သူငယ်ချင်းတွေ   ဆုံတွေ့ နိုင်တဲ့ နေရာ  ၊ချစ်သူစုံတွဲ တွေ   အတွက် ကြည်နုးဖွယ်ပိုစ် စကဒ်တွေ   မျှဝေတဲ့ နေရာ ၊ကယ်ဆယ်ရေးတွေအတွက် ချက်ခြင်း သိနိုင်ဖို့  ကူညီနိုင်ဖို့   အတွက် အသုံးပြုလို့  ရတဲ့ နေရာ  လို့   ကျနော်ရိုးရိုးသားသားခံယူထားတာပါ။
      ကျနော် လည်းပဲ   ကျနော်ခံစားချက်တွေကို  သီးသန့် ဖော်ပြယုံအတွက်  သက်သက်ပဲ  ကျနော်ရင်ဖွင့် ခဲ့ 
တာပါ။ကျနော်  ကွန့် မန့် တွေမှာ  မည်သူကို မျှ  ပုတ်ခတ်စော်ကားခြင်းမရှိခဲ့ ပါဘူး ။အကျိုးကြောင်း ဆီလျှော်
စွာနဲ့  တင်ပြပေး ၊ထောက်ပြပေးယုံသက်သက်  သာ ကျနော်ရေးသားခဲ့ မိတာပါ။ဆိုရှယ်နက်ဝက် လို့ ခေတ်ကြီး
ထဲ မှာ  ကျနော် တခဏခြင်းပဲ  နောက်ထပ်အကောင့် တခု  ထပ်လုပ် လို့ ရနိုင်ပါတယ်။ဒါပေမဲ့  ကျနော် မြတ်
မြတ်နိုးနိုး  နဲ့    ဖြစ်တည် ခဲ့ တဲ့  ဘ၀တခု ဆုံး၇ှုံးသွားသလို ခံစားရတယ်။ရင်ထဲမှာ လည်း  စိတ်မကောင်းခြင်း
များစွာဖြစ်မိခဲ့ တယ်  ။ကျနော်  ကဗျာ၊ကျနော်  ရင်တွင်းခံစားချက်၊ကဗျာ တိုလေး  တွေနဲ့  သာ  ကျနော်
ရှင်သန် ခဲ့ တာပါ..........................။
    ကျနော် အကောင့် လေးမှာ   သူငယ်ချင်းဆိုလို့ လည်း  လူပေါင်း  ၇၀၀  မပြည့် တပြည့် လေးပါ။အရင်က
ခေါက်တာကိုတောင်  ကျနော်ကြည်ကြည်ဖြူဖြူ လက်ခံ  ပြီး တခါးဖွင့် ပေးခဲ့ မိတယ်။အမြင်ခြင်းများ ဖလှယ်
နိုင်မလား  ဆိုပြီး   လူကြီးဆန်တဲ့    အတွေးမျိုးလေနဲ့ ပါ။နိုင်ငံရေး ကိုစိတ်ဝင်စားတာကလွဲပြီး တစိုက်မတ်မတ်
ဝေဖန်လာတဲ့  နိုင်ငံရေး   သမားစင်စစ်လည်းမဟုတ်ပါဘူး  ။ကျနော် တို့  စစ်သားဘ၀ကို ပြည် သူပြည်သား
တွေ  နားလည်နိုင်ပါစေဆိုတဲ့  အတွေးမျိုး နဲ့  ပို့ စ်လေးတွေတင်ခဲ့ ဖူးတယ်။နှလုံးသားချင်းဝေးကွာနေတဲ့ သူ
တွေ အတွက်  ဘ၀ခြင်း နီးအောင်ကဗျာ လေးတွေ  စပ်ဆိုခဲ့ တယ်။ဒါဆို ကျနော်လွန်သလားဗျာ။
      လွတ်လပ်စွာ   ပြောဆိုခွင့် ၊လမ်းလျှောက်ခွင့်  ဆိုပြီး   လက်တီးလက်မောင်းတမ်း  အော်နေကြတဲ့ သူတွေ
အထဲ မှာ  ဒီလိုမိန်းမ ဆန်ဆန်  ကျနော် အကောင့် လေးကို    REPORT  အများကြီးတင်ပြီး   ဘမ်းထုတ်လိုက်
တာတော့    မကောင်းဘူးပေါ့။။ယောင်္ကျားမှန်ရင်  ဆွေးနွေးလို့ ရပါတယ်  ။စကားနိုင်ခြင်ရင် စာဖတ်ရပါမယ်။
စစ်နိင်ခြင်ရင်  စစ်ပြင်ဆင်ရပါ မယ်။တရားသောနည်းလမ်းလေးနဲ့ ကျနော်ကို  တိုက်ခိုက်လို့ ရပါတယ်။ကျ
နော်  အသာတကြည့် လက်ခံမှာပေါ့။ ဖေဖုတ်မှာ  ကျနော်ကို ညီအကိုရင်းလို  ချစ်ကြတဲ့  သူငယ်ချင်းတွေ၊
မောင်နှစ်မလို့  ချစ်ခင်ကြတဲ့   အမတွေ ၊ပြောမနာဆိုမနာ သူငယ်ချင်းတွေ  အားလုံး ကပြန်ပြောပြီး ကျနော်
ဆီက   REPLY  တခု  မြှ ပန် မထွက်တဲ့  အခါ   စိတ်ထဲ မှာမကောင်းဘူးပေါ့။ကျနော်က ပဲ   ပြန်မပြောသလို
နဲ့   ဖြစ်နေတော့   ကျတော့   ဖေဖုတ်ကို ကျနော်ဖွင့် ရမှာတောင်  ကျနော်အားငယ်နေမိတယ်။
      ကျနော်တောင်းပန်တာပါ။ဖေ့ ဖုတ်တခု ပျက်ရုံနဲ့   ဘ၀ကြီးပျက်သွားတာမဟုတ်ပါဘူး။သော မက် အက်ဒီ
စင်  ပြောသလို ဆိုရင် ပို ကောင်းဖို့  အတွက်လို့ ကျနော်ယူဆပါတယ်။ဒါပေမဲ့   မလုပ်ကောင်းဘူးပေါ့ဗျာ။
ဒါဟာ  အင်မတန် အောက်တန်းကျတဲ့  စိတ်ဓါတ်ဆိုတာ   ကို  ကိုယ်ကိုကိုယ်သိရင်  အချိန်မှီပြင်နိုင်အောင် 
ကျနော်   လေးလေးနက်နက် တိုက်တွန်းပါတယ်။ကျနော်ကတော့   ကျနော် စိတ်ဆန္ဒ အတိုင်း  စာတွေရေးနေ
မိဦးမှာ  ။မဖတ်ချင် ရင်  ကျော်သွားပါ။မခေါ်ချင်ရင် ရှောင်သွားလို့ ရပါတယ်။မပြောချင်လည်းနှုတ်ဆိတ်လိုက်
 ပေါ့။  မိန်မသားဆန်ဆန်   လုပ်တာတော့  ကျနော် တကယ်မုန်း မိပါတယ်ဗျာ......
                            SITHUMAUNGMAUNG   MAUNG  (မင်းသန့် )