အခုတစ်လော မြစ်ဆုံကိစ္စနည်းနည်းငြိမ်သွားပြန်တော့BHGသတင်းကိုနည်းနည်းပြောချင်တယ်ဗျာ။
အရင်ကတည်းက ပြောမယ်ပြောမယ်နဲ့မပြောဖြစ်ခဲ့ဘူး။လူကြားလို့မှမကောင်းဗျာ..ညမင်းသားဆိုတဲ့18+ဆိုဒ်ကိုသွား
 ဟက်တယ်တဲ့ ဘယ်လိုဟက်ကာတွေပါလိမ့်           ကမာ့္ဘဟက်ကာလောကတော့ နာမည်ပျက်ရပါပြီ။
        အက်ဒမင် လုပ်ခွင့်နဲ့ ကောင်မလေးတောင်းတာမရလို့တဲ့ ။လူကြားလို့မှမကောင်းဗျာ..မြန်မာတွေဆိုတာ အဲလိုလား နိုင်ငံခြားသားတွေသိရင်ဘယ်လောက်ရှက်ဖို့ကောင်းမလဲ?နောက်ပြီးအဖွဲ့စပေါ်လာကစတုန်း
ကတော့ " မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့်ရရှိရေးနှင့် နည်းပညာထောက်ပံ့ရေး"
 ဆိုပြီး အော်ခဲ့တယ်။ အခု အဖွဲ့ပျက်တော့လည်း "ယခုအခါတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းနေခြင်းကြောင့်လည်းကောင်း၊ ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပြန်လည် ဖွင့်ပေးခြင်းကြောင့်လည်းကောင်း၊ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံ၍ လုပ်ဆောင်နေခြင်းတို့ကြောင့် လည်းကောင်း စသည်တို့ကြောင့် BHG-Blink Hacker Group အား ဖျက်သိမ်းတော့မည်ဖြစ်ပါသည် " ဆိုပြီး အရှက်ပြေ အော်ပြန်တယ်။
             ဒါပေမဲ့ သေသေချာချာစဉ်းစားကြည့်မယ် ဆိုရင် ရှေ့ တစ်မျိုးနောက်တစ်မျိုး ဆိုတာအသိ
သာကြီးပါ။ဘာလို့လဲဆိုတာ့ နည်းပညာထောက်ပံရေး ရည်ရွယ်ချက်ပါလို့ နာမည်ကောင်းတပ် နေ
တဲ့ အဖွဲ့ ကြီးက ဟက်လိုက်တဲ့ဆိုဒ်တွေကတော့ တကယ်နည်းပညာထောက်ပံရေး ကိုအကူအညီပေး
နေတဲ့ ကိုညီနေမင်း ဆိုဒ်တောင်အလွတ်မပေးပါဘူး။ ဆိုဒ်တစ်ခု ဖြစ်လာဖို့ ဆိုတာမလွယ်ပါဘူး။
အွန်လိုင်းမှာရှိတဲ့ သူတွေ ဘလော့ဂါတွေသိကြပါတယ်။အချိန်အကုန်ခံ အပင်ပန်းခံပြီးတော့မှ ဖြစ်
လာရတာပါ။နောက်ပြီး အခုလိုနည်းပညာတွေကို အပင်ပန်းခံပြီးတော့ ရှာဖွေစုစောင်းပေးရတယ်
ဆိုတာ မလွယ်ပါဘူး။တော်ရုံဝါသနာ စေတနာနဲ့ လည်းမရပါဘူး ။အဲလိုဆိုဒ်တွေ တော်တော်နည်းပါတယ်။
            သူတို့ကပြောတာတော့ " ပြသနာအကြောင်းအရင်းက Chatting က စတာ ကောင်မလေးတစ်ယောက်
 အဲနည်းပညာတော်တော်လေးရင်းနှီင်္းတဲ့ကောင်မလေးပေါ့အဲကာင်မလေးနဲ့BHGကညီလေးစကားပြောနေရင်း
 BHG က ညီလေးက သူက ညီနေမင်းထက်ပိုတော်တယ်ပေါ့ အဲဒါကို ကောင်မလေးက ညီနေမင်းက ပိုတော်ပါတယ်  ဆိုပြီးပြောတော့ သူတော်တယ်ဆိုရင် ညီလေးက ငယ်သေးတော့ ကလေးစိတ်လိုပေါ့ အနိုင်လိုချင်စိတ်နဲ့ ထလုပ်ထည့်လိုက်တာအဲဒါနဲ့ ညီနေမင်းဆိုဒ်အဟက်ခံရပါလေရောအဲကောင်ညီနေမင်းကို ကျွန်တော် သတိပေးပါတယ် သိနေတယ်လေ လုပ်တော့မယ်ဆိုတာ ဒီကောင်ညီနေမင်းက ဘာ လုပ်နေတယ် မသိဘူးသတိပေးတာတောင်စကားတစ်ခွန်းမှ ပြန်မပြောဘူး သောက်ရေးလုပ်ဖို့မလိုဘူးဆိုတဲ့သဘော ဖြစ်
မှာပေါ့လေ အစကတည်းက ညီလေးက ပြသနာ ရှာဖို့ မုန်းလို့လုပ်တာမှ မဟုတ်ပဲ လူငယ် သဘာဝ အနိုင်လိုချင်စိတ်နဲ့ လုပ်ဖြစ်သွားတာ " တဲ့ သေသေချာချာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်နဲ့ဘာမဟုတ်တဲ့ ကြောင်းအရာတစ်ခုကို ပြိုင်ငြင်းပြီးအခုလိုလုပ်တာတော်တော်
အောက်တန်းကျတယ်ဗျာ။တကယ်တော့ သူတို့ ဟက်ခဲ့တဲ့ အိမ်လွမ်းသူ ဖိုရမ်၊ အဖြူရောင်သံဇဉ် ရေဒီယို၊ ဧဒင်ဥယာဉ် နဲ့ ရတနာပုံ FC တို့ ဆိုတာတွေက  ဒိုမိန်းဝယ်ထားတဲ့သူတွေပါ။အဲ့လို ဟာမျိုးတွေကိုသာဟက်
နိုင်တာပါ။တကယ်အရည်အချင်းရှိရင်သတ္တိရင်ရဲရဲဝံ့ဝံ့စိန်ခေါ်ပြီးယှဉ်ပြိုင်ပါလား။ဒါတောင်ပညာရပ်အတွက်
ပြိုင်သောယှဉ်ပြိုင်ခြင်းမျိုးပဲဖြစ်သင့်ပါတယ်။မိန်းကလေးတစ်ယောက်ရဲ့စကားတစ်ခွန်းကိုတွက်ကပ်ပြီး
ပြိုင်တယ်ဆိုရင်တော့လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါပဲ။
ကိုညီနေမင်း ဆိုက် ကို ဖျက်ဆီးစဉ်က
                နောက်ပြီး ကိုညီနေမင်းဆိုဒ်ကို အဲလိုကြောင့် ဟက်ခဲ့တယ်ဆိုရင် အခြားနည်းပညာကို ထောက်
ပံ့နေတဲ့  IT mg mg ၊ Chindwin Teach ၊ နဲ့ Myanmar Engineer ဖိုရမ်တွေ ဆိုက်တွေကို ဖျက်ဆီးတာကြ
ရောဘယ်လိုပြောမလဲ?သူ့ဘာသူနေတဲ့GTI ကျောင်းသားတွေစုပြီးလုပ်ထားတဲ့ဆိုက်တွေနဲ့ ဆေးကျောင်း
သားတွေစုပြီးလုပ်ထားတဲ့ဆိုဒ်တွေကရောဘာအကြောင်းပြချက်နဲ့ဖျက်ရတာတုန်း?မိန်းကလေးအတွက်လား?
နည်းပညာတိုးတက်ရေးအတွက်လား?ဒါမှမဟုတ် အွန်လိုင်းမှာ နာမည်ကြီးချင်လို့လား?
                ဘာပဲဖြစ်ဖြစ် နာမည်ကြီးချင်တာဆိုရင်တော့ Famous နဲ့မဟုတ်ပဲ Notorious နဲ့ကျော်
စောသွားပါကြောင်း နည်းပညာထောက်ပံရေးအတွက် လို့ခေါင်းစဉ်တပ်ထားတဲ့ BHG အဖွဲ့ ကိုပြောချင်ပါ
တယ်။
                                                                                                                                   သူရိယကိုကို
                      တိုးတက်ပြောင်းလဲမှု့ များစွာနဲ့ အစစအရာရာ  ပြောင်းလဲလာပြီဖြစ်တဲ့  မြန်မာနိုင်ငံကိုမပြောင်းလဲပါဘူးလို့ ပြောကြတဲ့   သူတွေကလဲဒုနဲ့ ဒေးပါ။ဖင်ပိတ်ပြီးငြင်းတယ်ဆိုတာဒါမျိုးပေါ့။အပြုသဘောထက်အပျက်သဘောကို
ဆောင်နေတဲ့    ဒီအဖွဲ့  အစည်းတွေကို  ကြာလာတော့  စိတ်ပျက်စပြုလာရပြီ။ငြိမ်းချမ်းရေးဆိုတဲ့    စကားကို    ငဘေ၇ှ့  မပြော မိစေနဲ့ ။ဘာလဲ။တခါလာပြီးငြိမ်းချမ်းရေး   ကမ်းလှမ်းတိုင်း   လိုချင်တာကို  ဘမ်းပြတောင်းတာ    သူတို့ ပြောတဲ့    စစ်မှန်တဲ့    ငြိမ်းချမ်းရေးတဲ့ လား။
ကမ်းလှမ်းတဲ့ စာချုပ်တိုင်းပြန်ကြည့် ။ခတ်အဆက်ဆက်ကစာချုပ်တိုင်းမှာသူတို့ တောင်းသမျှနိုင်ငံတော်က
ပေးပြီး၊ကြည်ဖြူလိုက်လျောနေတာကိုမှမထောက်။လုပ်ချုင်တိုင်းလုပ်ရအောင်   မြန်မာနိုင်ငံက   ကျောက်ရုပ်
နိုင်ငံတနိုင်ငံမဟုတ်သလိုအုပ်ချူပ်သူတွေကလည်းစက်၇ုပ်မဟုတ်ဘူးဆိုတာသိစေ၇ုံလေးတချက်တည်းသာ
။ငြိမ်းချမ်းေ၇းဆိုတာ  သူတို့ တောင်းတဲ့  ကားလိုင်စင်။ဘာလုပ်ခွင့် ၊ညာလုပ်ခွင့် ၊ဆန်ဘယ်လောက်ပေးရမယ်
ဆိုတာ တွေက  နောင်တချိန်သမိုင်းတခုတော့   တွင်ပေဦးတော့ မယ်။
စစ်မှန်တဲ့   ငြိမ်းချမ်းရေးမှာ  ဒါတွေလိုသလားဆိုတာတော့ .................။
အစစအရာရာပြောင်းလဲ  နေတယ်   ဆိုတာ ကို   သတိပြုရမယ်။အစိုးရအနေနဲ့   ပြည်သူဆန္ဒတွေကို   အလေးထားနေတယ်၊ဆိုတာကို   လက်သင့် ခံ၇မယ်။ပြည်သူမျက်နှာနဲ့   မိတ်ဆွေ  ပေါက်ဖော်ခြင်း  မျက်နှာ  အပျက်ခံတဲ့    သမ္မတ  လုပ်ရပ်ကို  ချီးကျူးရမယ်။ဘာနဲ့ တူသလဲဆိုတော့ သားသမီးကြောင့် ပတ်ဝန်းကျင်ကို   ရင်သွေးငယ်ထက်  ပိုဂရုစိုက်ပြခဲ့တဲ့   ပုံစံမျိုးလေး။
ဒါကိုဥပမာကြည့် ရင်   ဒေါ်အောင်ဆန်းစုကြည်တ၇ားစခန်းဝင်သလိုမျိုး။အသက်(၆၅)နှစ်ပတ်ဝန်းကျင်။
တရား၇ိပ်မှာ  နေသင့် နေတဲ့  အချိန်။လုပ်ချင်တိုင်း ၊ဖြစ်ချင်တိုင်း  ကို   အပြောနဲ့  မညီ။အလုပ်နဲ့  သက်သေမပြနိုင်တော့   ထောက်ခံမှု့  ပါဝါ supply  က လျော့ ကျ၇ိပ်သန်းနေပြီ။KIA  ကပြည်သူ့ အ
လူထုခေါင်းဆောင်   လို့  ကိုကို ယ်ကိုယုံကြည်ရင်  တကယ်ဆို  မြန်မာနိုင်ငံမှာဖြစ်ပျက်
နေတဲ့   စစ်ပွဲတွေကို  တားဆီးပေးနိုင်စွမ်းရှိ၇မယ်။ဒါမှသူပြောတဲ့   တိုင်းရင်းသာတွေအပေါ်မှာ  လွမ်းမိုးမှု့  သြဇာ၇ှိတယ်ဆိုတာ ယုံကြည်နိုင်စွမ်း၇ှိမယ်။တဘက်ကလည်း  ရရှိထားတဲ့   ငြိမ်းချမ်းရေး  နိုဘလ်ဆုမျက်နာ  ပြ၀ံသလို  ဖြစ်သွားမယ်။
 ဒါတောင်  ဘာမှ  ဖြစ်မြောက်အောင်  အလုပ်တခု  မလုပ်ရ
သေးဘူး။ဒုတိယအတွက်တောင်  လျာထားခြင်းခံရတာတဲ့။ပြောမယုံကြံဖူးမှသိမယ်ဆိုတာ    ဒီလိုနေရာများမှာ  အသုံးတဲ့  သွားပြီ။
မြန်မာနိုင်ငံမှာ  ဒီလိုပြောင်းလဲနေပြီ။ ခေတ်အဆက်ဆက်  ရုပ်ရှင်ေ၇စီးကြောင်းမှာ  လူကြမ်းဖြစ်ခဲ့ တဲ့  ၇ုပ်ရှင်
သရုပ်ဆောင်တဦး။ဥပမာ   ငဘအသက်အရွယ် တလျောက် ဒေါ်အောင်ဆန်းစုကြည်  တရားစခန်းဝင်တာ
ကြားမိတဲ့   ကာလမျိုးလေး။အဘက်ဘက်က  ပြောင်းလဲနေတဲ့   မြန်မာနိုင်ငံ ကြီးကို   အကောင်းမြင်ဝါဒလေး
တွေနဲ့   ကြိုးဆိုလက်ကမ်းလိုက်ကြပါစို့ ။
                                                                                                                           ငဘ
ချက်ချင်းဝဋ်လည်သည့် ဗြိတိန်နိုင်ငံ
၁။ မကြာသေးမီက ကမ်္ဘာတစ်ဝန်း ဒီမိုကရေစီဘိုးအေဟု အမည်ပေးခံထားရသည့် ဗြိတိန်နိုင်ငံရှိ လန်ဒန် မြို့တော်မြောက်ပိုင်း၌ အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ ကမ္ဘာတစ်ဝန်း အကြီးအကျယ်တအံ့တသြဖြစ်ခဲ့ကြပါသည်။ အသက် ၂၉ နှစ်အရွယ်ရှိ မာ့ခ်ဒက်ဂန်ဆိုသူကို လန်ဒန်ရဲက သေနတ်နှင့်ပစ်ခတ်ရာက စတင်ခဲ့ခြင်းဖြစ် ပါသည်။ ထိုကဲ့သို့သော ဒီမိုကရေစီနိုင်ငံကြီးတွင် ရဲက ပြည်သူကို သေနတ်နှင့်ပစ်ခတ်သည်ဟူသည့်အချက်သည် မအံ့သြဘဲမနေနိုင်လောက်သည့် အချက်ပင်ဖြစ်ပါသည်။ ၎င်းင်းအချက်ကိုအခြေတည်၍ အဓိကရုဏ်းများစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အဓိကရုဏ်းဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ပြဿနာကြီးထွားမှု၊ ဆင်းရဲချမ်းသာကွာဟမှုတို့ကြောင့်ဖြစ်ပါသည်။
၂။ ဘာမင်ဂန်၊ လစ်ဗာပူးလ်၊ နော်တင်ဟမ်၊ ဘရစ်စတန်နှင့် မစ်ဒ်ဝေးဒေသတို့တွင် လုယက်မှု၊ အကြမ်းဖက်မှု နှင့် မီးရှို့မှုများ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့ပါသည်။ အဓိကရုဏ်းစတင်ချိန်မှစ၍ လူပေါင်း ၅၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး သြဂုတ်လ(၉)ရက်နေ့ ညတွင် ရဲက ဆန်္ဒပြသမားများကို နံပါတ်တုတ်များဖြင့် ရိုက်နှက်နှိမ်နင်းခဲ့ပါသည်။ ရဲတပ်ဖွဲ့၏အဆိုပါလုပ်ရပ်များအပေါ် ဘီဘီစီလေသံဖြင့်ပြောရလျှင် ““အဆိုပါဖမ်းဆီးမှု၊ ပစ်ခတ်ရိုက်နှက်မှုတွေ အပေါ် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်ရပါတယ်””လို့ပြောရမည်ဖြစ်ပါသည်။ အလားတူပင် ဘီဘီစီလေသံအတိုင်း ““အကြမ်းဖက်မှုတွေနဲ့ဖမ်းဆီးထားတဲ့အကျဉ်းသားတွေကိုလွှတ်ပေးပါ””ဟု မေတ္တာရပ်ခံရမည့်အနေအထားရှိ ပါသည်။ ထိုကဲ့သို့သော အဓိကရုဏ်းမျိုး ဗြိတိန်တွင် ၁၉၈၅ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်တို့တွင်လည်း ဖြစ်ပွားခဲ့ဖူးပါသည်။ ၁၉၉၅ ခုနှစ် ဘရစ်စတန်အဓိကရုဏ်း၌ လန်ဒန်မြို့နေရာအနှံ့တွင် မီးလောင်မှုများဖြစ်ပွားခဲ့ရပါသည်။
ယုံကြည်ချက်ကြောင့် ဆန္ဒပြသူများကို ဒီမိုကရေစီနိုင်ငံကြီးမှ ရဲများက ရိုက်နှပ်ဖမ်းဆီးစဉ်
၃။ လန်ဒန်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်း၏ အကြောင်းအရင်းမှာ ““ဒက်ဂန်””အားရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှု၊ အလုပ်လက်မဲ့ပြဿနာကြီးထွားလာမှုနှင့် လူမှုဖူလုံရေးအစီအစဉ်များဖြတ်တောက်မှု၊ ဆင်းရဲချမ်းသာ ကွာဟချက်ကြီးမားလာမှု၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူမှုရေးဆောင်ရွက်ပေးမှု နိမ့်ကျနေမှု၊ ရာဇ၀တ်မှုများ ပိုမိုဖြစ်ပွား လာမှု၊ အဓိကရုဏ်းများဖန်တီးလုပ်ဆောင်မှု၊ ဘာမင်ဂန်ရှိဆူပူဆန်္ဒပြမှုများသည် ဒေါသကြောင့်မဟုတ်ဘဲ အလိုရမက်လောဘဇောကြောင့် လုယက်ယူငင်လိုသော စရိုက်လက္ခဏာများရှိမှု စသည့်အချက်များပါဝင်ကြောင်း သတင်းဌာနများက ထုတ်ပြန်ကြေညာခဲ့ပါသည်။
၎။ ဆန်္ဒပြသမားများသည် ရဲကားများ၊ ဘတ်စ်ကားများကိုလည်း တိုက်ခိုက်ခဲ့ပါသည်။ တော့ပ်တင်ဟမ်ဒေသရှိ ဈေးဆိုင်များ၊ နေအိမ်များနှင့် စတိုးဆိုင်တံခါးများကို ဖျက်ပြီးလုယက်ခဲ့ကြပါသည်။ ရဲတပ်ဖွဲ့ဝင် ၁၁၁ ဦးဒဏ်ရာရရှိခဲ့ ပါသည်။ ထိုကဲ့သို့ ဥပဒေမဲ့ဖြစ်စဉ်များဖြစ်ပွားနေချိန်အတွင်း မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းရန်အလွန်ခက်ခဲ ခဲ့ပါသည်။
၅။ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သြဂုတ်လ(၁၀)ရက်နေ့တွင် လန်ဒန်မြို့၌ လုံခြုံရေးတပ်ဖွဲ့ ၁၆,၀၀၀ အထိချထားခဲ့၍ အဓိကရုဏ်းမဖြစ်ပွားခဲ့သော်လည်း တတိယအကြီးဆုံးမြို့ဖြစ်သည့် မန်ချက်စတာမြို့တော်တွင် လုယက်မှုနှင့် မီးရှို့မှုများဖြစ်ပွားခဲ့ရပါသည်။ သေဆုံးသူဦးရေ ၃၀ ခန့်မြင့်တက်လာကြောင်း ဗြိတိသျှအစိုးရက သတင်းထုတ်ပြန်ခဲ့ပါသည်။
၆။ အဓိကရုဏ်းနှင့်ပတ်သက်၍ အီရန်သမ်္မတ မာမွတ်အာမက်ဒီနီဂျက်က ပြစ်တင်ဝေဖန်ခဲ့ပြီး အရေးယူ ဆောင်ရွက်ပေးရန် ကုလသမဂ်္ဂအဖွဲ့ထံ တောင်းဆိုခဲ့ပါသည်။ ဗြိတိသျှရဲတပ်ဖွဲ့က ပြည်သူများကို ယခုကဲ့သို့ ကြမ်းတမ်းစွာနှိမ်နင်းခြင်းသည် လက်ခံဖွယ်မရှိကြောင်း၊ အစိုးရအဖွဲ့သည် ရေနံကိုရလိုမှုဖြင့် အီရတ်၊ အာဖဂန် နစ်္စတန်၊ လစ်ဗျားနိုင်ငံတို့အားကျူးကျော်တိုက်ခိုက်မည့်အစား ပြည်သူများ၏ တောင်းဆိုချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးသင့်ကြောင်းနှင့် အီရန်နိုင်ငံသားများအနေဖြင့် ဗြိတိန်နိုင်ငံသို့သွားရောက်ခြင်းကို ရှောင်ရှားသင့် ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
၇။ ဆူပူအကြမ်းဖက်သူများသည် jewelling shops နှင့် Wood Green, London တို့ရှိ လက်ဝတ်ရတနာ ဆိုင်များသို့ ၀င်ရောက်လုယက်ယူငင်ရန် ကြိုးပမ်းမှုလည်း ဖြစ်ပွားခဲ့ပါသည်။ ဗြိတိန်နိုင်ငံကြီးသားများသည်လည်း အလျှိုအချောင်လုပ်တတ်သည့်စရိုက်ကြီးမားသည်ကို ထင်ထင်ရှားရှားတွေ့ရပါသည်။
နိုင်ငံကြီးသားများက ခိုးယူ လုယက်ကြစဉ်
၈။ ၎င်းင်းဆူပူလုယက်မှုသတင်းများကို သတင်းလွတ်လပ်ခွင့်အရဆုံးဖြစ်သည့် ဘီဘီစီက မည်သို့လျော့လျော့ ပေါ့ပေါ့ထုတ်လွှင့်နေသည်ဆိုသည်ကို တွက်ဆကြည့်ရန်လိုပါသည်။ သတင်းလွတ်လပ်ပါသည်ဆိုသည့် ဘီဘီစီသည် ““ တော်ဝင်မိသားစု””သတင်းကို ခွင့်ပြုချက်ရမှထုတ်လွှင့်ရသည်ဖြစ်ရာ ဤဆူပူလုယက်မှုသတင်းသည် တော်ဝင်မိသားစုသတင်းမျိုးနဲ့ တန်းတူအခွင့်အရေးရနိုင်သည့် အနေအထားရှိပါသည်။ ဘီဘီသည်““ ကိုယ့်မျက်ချေး တော့ကိုယ်မြင်ဟန်”” မရှိပါ။ သူများအကြောင်းဆိုရင် ရေသောက်ပြီး အိမ်ပေါက်စေ့လှည့်လည်ပြောတတ်သည့်အမွှာ ညီနောင်အသံလွှင့်ဌာန များဖြစ်သည့် BBC, VOA, RFA နှင့် DVB တို့သည် တက်ညီလက်ညီရှိကြပါသည်။
ဗြိတိန်ဘုရင်မကြီး အိုင်ယာလန် ရောက်စဉ်က
၉။ ဘီဘီစီအသံလွှင့်ဌာန၏ အုပ်ချုပ်ရေးအဖွဲ့ကို ဗြိတိသျှအစိုးရကရွေးချယ်ပြီး ဘုရင်မကြီးက အတည်ပြု ခန့်ထားပါသည်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၂ ဦးရှိပြီး ညွှန်ကြားရေးမှူးချုပ်တစ်ဦးခန့်အပ်ထားပါသည်။ ညွှန်ကြားရေးမှူးချုပ်သည် ဘီဘီစီစီမံခန့်ခွဲရေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်ပါသည်။ ၎င်းင်းလက်အောက်တွင် အမှုဆောင်ညွှန်ကြားရေးမှူးကိုခန့်ထားပါသည်။ ဘီဘီစီ၏အသုံးစရိတ်ကို ဗြိတိသျှပါလီမန်က နှစ်စဉ်ခွင့်ပြု ပေးထားရာ ပင်လယ်ရပ်ခြားအသံလွှင့်အစီအစဉ်များအတွက် ပါလီမန်က နှစ်စဉ်စတာလင်ပေါင် ၁၅ သန်းခန့် ခွင့်ပြုထားပါသည်။ ၎င်းအချက်များကြောင့် ဘီဘီစီသည် အစိုးရနှင့်မဆိုင်၊ သီးခြားအသံလွှင့်ဌာနဟု ကြေညာခြင်းသည် ဗြောင်လိမ်ဗြောင်စားလုပ်ခြင်းသာဖြစ်ပါသည်။ အလားတူပင် ဗြိတိန်အစိုးရသည် နိုင်ငံတကာ တွင် မငြိမ်မသက်ဖြစ်စေရေး ၀င်ရောက်စွက်ဖက်လျက်ရှိခြင်းကြောင့် ယခုအဓိကရုဏ်းဖြစ်စဉ်သည် ချက်ချင်း ၀ဋ်လည်ခြင်းဖြစ်သည်ဟု အတိအကျမှတ်ယူနိုင်ပါသည်။
ဖော်လံဖား BBC ကိုချို
Recently, at the northern part of London city of Britain given the name “ the grandpa of democracy all over the world”, an occurrence of riot made astonishment all over the world. The London police shot a 29 year old man Mark Duggan and it started riot. It can't help wondering this point that the police shot the civilian in democractic nation like that. After depending on this point, the riots started to occur because of poverty gap and increasing problems of unemployment.
In Birmingham, Liverpool, Nottingham and Bristol regions, robberies, violences and arsons occured terribly. 525 People were captured at that time and on the night of 9th August, the policemen vanquished by using bludgeons. By BBC pronouncing words (accent) on that incident of the police force, "These captures and violences make anxiety to international community. Similarly it was in the position to request that "release the captured prisoners by violence". Likewise, in 1985 and 1995, it had occured in Britain. In 1995, the arsons of Bristol, riots were being scattering in London.
Gunshot to Duggan from police force, increasing the problem of unemployment, cut out of the measure of social welfare, large gap between richness and poorness, lowliness in social undertaking (performance)of developed nations, more occurance of the cirme, fabrication the riots and demonstration violence in Birmingham were not for anger. The Newsagencies proclaimed that it was for the characters of robery avarice.
Protesters fought the police cars and buses. They destroyed the doors of the stores, the shops and the residences and robbed. 111 members of police force injured. During unlawful incident, members of Fire Brigade were very difficult to extinguish.
On 10th August in London, Prime Minister David Cameroon deployed 16,000 security forces. So, the riot did not occur. But, in Manchester city, third largest town, robbery and arsons occured. British Government broadcast a news that the dead toll became raised about 30.
Concening with the riot, Iran Presidant Mahmoud Ahmadinejad censured and claimed to the United Nations to take action seriously. On 10th August, Iran Foreign Ministry issued the news that not to accept the vanquishing to the civilians from British police force, like that the government should undertake in full the claim of the civilians in stead of invation to Iraq, Afghanistan, Libya by acquisition of petroleum and to avoid going to Britain for Iran citizens. The protesters made effort to interfere and rob into jewelling shops in Enfield and Wood Green, London. The so-called Britishmen can be seen clearly.
It needs to guess that BBC, getting chance to broadcast free news is broadcasting the robbery news less. BBC has to announce just only permission of the Royal family. It is in the position on a par with the news of the Royal family. The fault can not be seen itself for BBC with VOA, RFA and DVB broadcasting agencies, BBC is in hamony by talking about the gossips of others.
The British government selected the members for administration and the Queen ratified the appointment. Administrative members and Director General were appointed. DG is a chairman of the board of the management of BBC. Under that position, there is an Executive Director. The expenditure of BBC is permitted by the British perliament annually. For overseas broadcasting programme perliament permits about £15,000,000 annually. The declaration that BBC does not concern with government and private broadcasting station, is a lie. Similarly British Government is interfering on the unrest of international countries. The process of this riot was regarded definitely as retribution immediately.
နှစ်နိုင်ငံခြင်း ချစ်ချစ်ခင်ခင်
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင့်လတ်ရှင်နာဝတ် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ မစ္စရင့်လတ်ရှင်နာဝတ် ဟာ သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး လှမင်း အစရှိသည့် တာဝန်ရှိသူ အများအပြားနှင့်တွေ့ဆုံခြင်းများ၊ ဆွေးနွေးခြင်းများနှင့် ညစာ အတူ စားသုံးခြင်းများ ကို အခမ်းအနားဖြင့် စည်းကားစွာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲများနှင့် ညစာ စားပွဲများ အပြီးမှာ ဝန်ကြီးချုပ် ရင့်လတ်ရှင်နာဝတ် အတွက် အချိန် ပိုနေသေးလို့ နေပြည်တော်တွင်းမှာ လှည့်လည် လျှောက်ပတ် ကြည့်ရှုခဲ့ပါတယ်။ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သို့ ဘုရားဖူး ထွက်ခဲ့တဲ့ အပြင် ဆင်ဖြူတော်ကိုပါ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သွားရောက် တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။ ရင့်လတ်ရှင်နာဝတ် မလာခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ် ဆိုပြီး ကောလဟာလတွေ ထွက်လာခဲ့ပေမယ့် တကယ်တမ်းကျတော့ မတွေ့ခဲ့ပါဘူး။ "ရင့်လတ်ရှင်နာဝတ် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အချိန်မရှိဘူး" လို့ အတူလိုက်ပါသွားတဲ့  ထိုင်းအစိုးရ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အမျိုးသမီး မစ္စ တီတီမာ ချိုင်စမ်းက RFA ကို ပြောခဲ့ပါတယ်။
ရင့်လတ်အနေနဲ့ ဒေါ်စုနဲ့တွေ့ဖို့ အချိန်မရှိဘူး လို့ ပြောဆိုခြင်းဟာ ဒေါ်စုကို လူရာမသွင်းတာဖြစ်ကြောင်းနဲ့ ဒေါ်စုကိုတော့ မတွေ့နိုင်ပဲ ဆင် ကိုတော့ တွေ့နိုင်ခြင်းက မဖြစ်သင့်ကြောင်းကို ဝါရင့် နိုင်ငံရေး အကဲခက် တစ်ဦးက အခုလိုပြောပါတယ်
"ခင်များနဲ့တွေ့ဖို့ ကျွန်တော့် မှာ အချိန် မရှိဘူး.... လို့ ပြောတာက တစ်ဖက်လူကို အသုံးမကျတဲ့လူလို့ ပြောတာနဲ့ အတူတူပဲဗျ... ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ပညာရှိနည်းနဲ့ ဆုံးမ သွားတာပဲလို့ ကျွန်တော်ထင်တယ်... တိရိစ္ဆာန် ဆင်ကိုတော့ သွားတွေ့တယ်လေ... ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မတွေ့ဘူး ဆိုတော့ လူရာမသွင်းယုံတင်မကတော့ ဘူး တိရိစ္ဆာရာပါ မသွင်းသလို ဖြစ်မနေဘူးလား..." လို့ ပြောပါတယ်။
ရင့်လတ်ရှင်နာဝတ် ရွေးကောက်ပွဲ အနိုင်ရစဉ်က ဒေါ်အောင်ဆန်းစုကြည်က မျက်နှာလို အားရဖြင့် ဝမ်းမြောက်ကြောင်း သဝံလွှာ တစ်စောင် ပို့ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ မျက်နှာလေးကို ထောက်ပြီး အားနာ ပါးနာ တောင် မတွေ့သွားပါဘူး။
ဆင် နဲ့တွေ့ဖို့ အချိန်ပေးနိုင်တယ်၊ ဒေါ်စုနဲ့တွေ့ဖို့ အချိန်မပေးနိုင် ဆိုသည့် ရင့်လတ်
အခုခရီးစဉ်မှာ ထိုင်းမြန်မာ နှစ်နိုင်ငံကြား အရေးကြီးတဲ့ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး၊ စီးပွားကူးသန်း မှု ပိုမိုကောင်းမွန်ရေး လုပ်ငန်းများကို အောင်မြင်စွာဆွေးနွေးနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၁၄ မှာ မြန်မာနိုင်ငံ မှ အာဆီဥက္ကဌ ဖြစ်ရေးအတွက် အပြည့်အဝ ထောက်ခံထားပါတယ်။
၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အလို့ငှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်း၍ ၄င်းကော်မရှင်ရုံးကို ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်း အမှတ်(၂၇)တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။
၂။ နိုင်ငံသားတစ်ဦးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ဖောက်ဖျက်ခံရပါက အောက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံစွာ ဖော်ပြလျက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်တန်းနိုင်ပါသည်-
(က)
တိုင်တန်းသူ၏အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ (ဖုန်း၊ ဖက်စ်နှင့် e-mail တို့ ရှိပါလျှင် ထည့်သွင်း ဖော်ပြပါရန်)၊
(ခ)
တိုင်တန်းသူသည် မည်ကဲ့သို့ မူလအခွင့်အရေး ဖောက်ဖျက်ခံရသည်ကို အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရန်၊
(ဂ)
တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာ ရေးသားဖော်ပြခြင်း ဖြစ်ကြောင်း ၀န်ခံချက်ပြု၍ လက်မှတ် ရေးထိုးရန်။
၃။ တိုင်တန်းချက်ကို တိုင်တန်းသူ၏ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ပူးတွဲလျက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အမှတ်(၂၇) ပြည်လမ်း လှိုင်မြို့နယ် ရန်ကုန်မြို့သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့် ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လာရောက်၍ ဖြစ်စေ ပေးပို့နိုင်ပါသည်။
၎။ ကော်မရှင် အနေဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် အထက်ဖော်ပြပါ အပိုဒ် ၂(က)၊ (ခ)နှင့် (ဂ)တို့တွင် ဖော်ပြပါရှိသည့် အချက်များကို ပြည့်စုံစွာ ဖော်ပြရန် လိုအပ်ပါသည်။
၅။ တရားရုံး တစ်ရပ်ရပ်သို့ အမှုဖွင့် တိုင်တန်းထားပြီး အမှုများ၊ တရားရုံး တစ်ရပ်ရပ်က စစ်ဆေးဆဲ အမှုများနှင့် တရားရုံး တစ်ရပ်ရပ်က ဆုံးဖြတ်ချက် ချမှတ်ထားပြီးသော အမှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ် များသည် ဤကြော်ငြာစာတွင် အကျုံးဝင်ခြင်း မရှိပါ။
၆။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လက်ခံရရှိသော တိုင်တန်းချက်များကို စိစစ်ရာတွင် လိုအပ်ပါက တိုင်တန်းသူအား ခေါ်ယူတွေ့ဆုံ မေးမြန်းမည်ဖြစ်ပါသည်။
၇။ နိုင်ငံသား တစ်ဦးသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး ဖောက်ဖျက် ခံရသည်မှာ မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါက ကော်မရှင် အနေဖြင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေး အတွက် ကော်မရှင်၏ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်
မစ်ဆုံအရေး ဆွေးနွေးရန် ဦးတင်အောင်မြင့်ဦး တရုတ်ပြည် သွားမည် click
- မြစ်ဆုံ​ရေကာတာ ခဏရပ်၊​ ​ပေါက်ကွဲ​တော့​မယ့်​ ဗုံး​တလုံး​ ​ကော်​ဇောနီနဲ့ ဖုံးလိုက်တော့​ (သုံးသပ်ချက်) click
- မြစ်ဆုံမှသည် ငြိမ်းချမ်းရေးသို့ ... (အယ်ဒီတာ့အာဘော်) click
- ဤခရီး မဝေးတော့ (အယ်ဒီတာ့အာဘော်) click
- ကယားပြည်နယ် ရေကာတာစီမံကိန်း အနီးသွားလာခွင့်ပိတ်၊ ဒေသခံများ အခက်တွေ့ click
- အစိုးရသတင်းပေးတဦးအား ဒေသခံများ ရိုက်နှိက်၊ ပြင်းထန်စွာ ဒဏ်ရာရ click
- ၀ နှင့် မိုင်းလားတပ်ဖွဲ့အား သပ်လျှိုဖြိုခွဲမှု အစိုးရသစ် စတင် click
- စစ်ဆင်ရေးနယ်မြေများသို့ အကျဉ်းသားများ ပို့ဆောင် click
- ရွာသားများအား စစ်တပ်လမ်းပြအဖြစ် ခေါ်ယူအသုံးပြုနေ click
- ရှေ့တန်းမလိုက်လို၍ ဟန်ဆောင် ဗုံးဖောက်ခွဲ click
- စစ်ဗျူဟာမှူး လိုက်ပါလာသည့် ယာဉ်တန်းကို KIA တိုက်ခိုက် click
- မုန်းကိုတွင် မြန်မာစစ်သား ၂ ဦး ကျ၊ ၁ ဦး ဒဏ်ရာရ click
- အစိုး​ရတပ်နှင့်​ ​ကေအိုင်​အေတိုက်ပွဲ​ကြောင့်​ မန်စီ​ဒေသခံများ​ စိုး​ရိမ်ထိတ်လန့်နေ click
- ကချင်စစ်​ပြေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ အိုး​အိမ်မဲ့​ဖြစ် click
- မြန်မာ့အရေးအား နိုင်ငံတကာ စောင်ကြည့်နေမှုက လူ့အခွင့်အရေးကျူးလွန်ရန် မီးစိမ်းပေးနေ click
- သမ္မတ ဦးသိန်းစိန် မကြာမီ အိန္ဒိယ သွားမည် click
- မြန်မာအစိုးရ ဆီးရီးယားနှင့် မတူ၊ သဘောထားကြီးဟု အမေရိကန် ပြော click
- တပတ်အတွင်း​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ထုတ်ပြန်မည်ဆိုသည့်​ ​ကောလာဟလ ပြန့် click
- ရွှေဝါ​ရောင်​တော်လှန်​ရေး​၌ ပါဝင်ခဲ့​သည့်​ သံဃာနှင့်​ အရပ်သား​ ​ထောင်မှ လွတ်မြောက် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် CRPP တွေ့ဆုံဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည် တရားစခန်းဝင်မည် click
- နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​က နိုင်ငံ​ရေး​ခေါင်း​ဆောင်များ​ကို ကန်​တော့​ပွဲ ကျင်း​ပမည် click
- ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ဆွေးနွေး click
- ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် မွန်ပြည်သစ်ပါတီ ပဏာမ ဆွေးနွေးခဲ့ click
- မွန်ပြည်သစ်ပါတီက တပ်​ပေါင်း​စုနှင့်​ ​ဆွေး​နွေးမည့်​သ​ဘောထား​ ပြည်နယ်အစိုးရကို ​ပြော click
- မွန်၊ ကရင်ပြည်နယ် ငြိမ်းချမ်းရေး တ၀ဲလည်လည် click
- တနင်္သာရီ ၀န်ကြီးချုပ် ပြင်းထန်စွာ သတိပေးခံရ click
- ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ လျှော့ပေါ့ပြင်ဆင်ရန် တင်သွင်း click
- လူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းနိုင်ပြီ click
- လူ့အခွင့်​အ​ရေး​ကော်မရှင်က ပညာ​ပေး​လုပ်ငန်း​ ဦး​စား​ပေး​ဆောင်ရွက်မည်ဟုဆို click
- လယ်သမား​ဆွေး​နွေးပွဲများ​ လွတ်လွတ်လပ်လပ် လုပ်ခွင့်​ရလာ click
- စိုက်ပျိုး​စရိတ်​ချေး​ငွေကိစ္စ တိုင်တန်း​သူများ​ ခြိမ်း​ခြောက်ခံရ click
- နယ်စပ်မူးယစ်ဆေးဝါးကိစ္စ အိန္ဒိယ-မြန်မာ ပူပေါင်းတိုက်ဖျက်မည် click
- ဒေါ်မာမာအေး ပြည်တော်မပြန်သေး click
ဉာဏ်နဲ့ ကြည့်၊ သတိနဲ့ ရံ (ဆောင်းပါး) click
- ရလျှင်ရ မရလျှင်ချ - အပိုင်း (၂) (ဆောင်းပါး) click
- သန်း​ရွှေအလွန် အပိုင်း​ (၆) (ဆောင်းပါး) click
- MSF ထိုင်းမှ ထွက်၊ မြန်မာများ အခက်တွေ့နိုင် click
- မန္တလေး အစာအဆိပ်သင့်မှု လူ ၄၀၀ ခန့် ဆေးရုံရောက် click
- မလေးရှားတွင် မြန်မာ ၇၇ ဦး အဖမ်းခံရ click
- လူရွှင်တော်ဇာဂနာ လွတ်လာရင် မြပုဏ္ဏမာ အငြိမ့်တပွဲလောက် ပြန်ကချင်သတဲ့ click
- ဘုရားစူး လမ်း click
- နှစ် ၂၀ ထဲ ကွာတာပါ ... click
- ဘာသိချင်သလဲ click
- နယူးဒေလီမြို့က မြန်မာဒုက္ခသည် ဆေးကုခန်း (ရုပ်သံ) click
- အိမ်ကလေး ၈ (၀တ္ထုတို) click
- အမျိုးသမီး​သုံး​ဦး​ နိုဘယ်လ်ဆု ချီး​မြှင့်​ခံရ click
- ကမ္ဘာ့ဈေးအချိုဆုံး Tablet Computer click
How pretty your dancing at the front view !
At the back side , everybody knows that she can’t take her shame. Like that, today in the world, without finding self weak-point and shame, there are many countries which see someone’s weak-points intensively. They don't cover their shame. They pointed a finger at the other's shame and guilt. They shouted about human rights, the causes of democracy, terrorist activities, violence and various causes.Then they made pressure and influences and bossed around the internal affairs of other countries. They invaded other countries if those countries did not agree their policy. They were doing such kind of nonsense but they shouted from radio, television that they were right.
In starting to dug out the hiding phenomenon and making the fabricated story, Britain may be a high boss but they could not make peace their internal affairs . In spite of improving technology, arms and ammunition, the terrorist activities were occuring. The poverty gap, the segregation of races, the segregation of colours and the relationships could not be made conveniently. It was the terrible recklessness a student killed a person by shooting. The sudden demonstrations could not be controlled. If it occured, it spreaded through all over the world . This nation is Britain which is shouting itself as a large democratic nation.
As you all know, on 6 August 2011, at Tottenham , northern part of London, Britain, the riot started to occur terribly. It could be thought as an anarchy. That incident started last 4 August.
Two hundred people started procession and protests. Then protesters were becoming more and more up to terrorist riot. To Birmingham, Liverpool, Nottingham, Bristol region, the riot spreaded through and protests, robberies and violences appeared. The police force suppressed the protesters by using bludgeons. The violence and demonstration were gradually worse. The protesters made the terrorist activities, such as destroying the police vehicles, ignition the department stores, and making robberies . They used petrol buckets, in the city the arsons consecutively occured. It was known all over the world.
As a matter of fact, in England, it is not strange incidents like this riot. In the previous days, this kind of incident had occured too. In 1985, Broadwater Farm riot had been known all over the world that it was very, serious and terrible. In the Daily Telegraph newspaper, it described that the London riot was only making the crimes and it was the unlawful undertaking. The reporters who went to the incident to get the news from BBC, were beaten. It was proved that the dwellers living in their residential town did not trust and like the BBC reporters who were always made advantages and instigation.
Was it to be said as the retribution or was it the demonstration of the fault done by the so-called the big democrative country? The riot and disturbance were really terrible and frightful. It was the shameful deed among the international communities because of the blind to see own’s fault. As for them, they were not able to control their internal affairs and they encountered the problems and hardships around them. This is just like a pea-hen which mearly knew dancing but did not know its own shame. England, the pea-hen, you are very beautiful really in dancing but the shame(anus) can be seen. This is what I would like to say.
ဒေါင်းမလေး လှပရဲ့ ဒါပေမယ့်ကွယ်......
၁။ ဒေါင်းမလေးကနေတာ ရှေ့ကကြည့်ရင်တော့ လှနေပါရဲ့၊ နောက်ကကြည့်ရင်တော့ သူ့အရှက်တရားက မဖုံးနိုင်၊ မဖိနိုင်လုံးလုံးလျားလျားပေါ်နေတာကို လူတိုင်းသိကြမှာပဲ။ အဲဒီလိုပဲ ယနေ့ကမ္ဘာကြီးပေါ်မှာလည်း ကိုယ့်ဟာကွက်၊ ကိုယ့်အရှက်ကိုမတွေ့ဘဲ သူတစ်ပါးရဲ့ဟာကွက်ကိုပဲ မရမကရှာကြည့်တတ်နေတဲ့နိုင်ငံတွေ ရှိတယ်။ ကိုယ့်အရှက်ကိုလုံအောင်မဖုံးနိုင်ဘဲ သူတစ်ပါးရဲ့အရှက်ကိုလက်ညိုးထိုးအပြစ်ပြောတတ်ကြတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အကြမ်းဖက်အရေး၊ ဆူပူမှုအရေး၊ ပြီးတော့ ဘာအရေး ညာအရေး စုံတကာ့ စုံအောင်ဟစ်အော်ပြီး သူတစ်ပါးပြည်တွင်းရေး၊ နိုင်ငံရေးတွေမှာ ဆရာကြီးဝင်လုပ်ကြ၊ သြဇာပေး၊ ဖိအားတွေ ပေးလေရဲ့။ မထင်ရင်မထင်သလို စစ်ရေးနဲ့ကျူးကျော်တတ်ကြတယ်။ အဲဒီလိုမဟုတ်တာကို လုပ်နေပါလျက် သူတို့လုပ်ရပ်ကပဲ လုပ်ရပ်မှန်နေကြောင်း ရေဒီယို၊ ရုပ်မြင်သံကြားတွေကနေ ဟစ်ကြွေးကြပြန်တယ်။
၂။ ငုတ်နေတာကိုပေါ်လာအောင် အစပျိုးတဲ့နေရာမှာ၊ မဟုတ်တာကို ဟုတ်သယောင်ထင်ရအောင် ကလိမ်စေ့ဉဏ်တတ်တဲ့နေရာမှာ ဆရာကြီးတစ်ဆူဖြစ်ပေမယ့်လည်း ကိုယ့်ပြည်တွင်းရေးတော့ ငြိမ်သက်အောင် မလုပ်နိုင်ရှာဘူး။ နည်းပညာ၊ လက်နက်ကိရိယာ၊ အတတ်ပညာတိုးတက်နေပါလျက် အကြမ်းဖက်တိုက်ခိုက်မှု တွေ့ကိုခံနေရတယ်။ ဆင်းရဲချမ်းသာကွာဟမှု၊ လူမျိုးရေးခွဲခြားမှု၊ အသားရောင်ခွဲခြားဆက်ဆံမှုတွေကို ပြေလည်အောင်မလုပ်နိုင်ရှာဘူး။ ရမ်းကားလိုက်တာကလည်း ကျောင်းသားလေးကသေနတ်နဲ့လူသတ်တဲ့ အထိပါပဲ။ ထစ်ကနဲ ထထပြီး ဆန်္ဒပြဆူပူမှုတွေကို မထိန်းချုပ်နိုင်ကြဘူး။ ဖြစ်လိုက်ရင်လည်း ကမ္ဘာကျော်။ ဒီနိုင်ငံကတော့ သူ့ကိုယ်သူ ဒီမိုကရေစီနိုင်ငံကြီးပါလို့ ကြွေးကြော်နေတဲ့ ဗြိတိန်နိုင်ငံပါပဲ။
၃။ အားလုံးသိကြမှာပဲ ဗြိတိန်နိုင်ငံရဲ့ လန်ဒန်မြို့မြောက်ပိုင်း၊ တော့တင်ဟမ်းမှာ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့မှစပြီးဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းက ကြောက်ခန်းမလိလိ၊ မင်းမဲ့တိုင်းပြည်လားတောင် ထင်ရမလောက်ပဲ။ ဖြစ်စဉ်က ပြီးခဲ့တဲ့ သြဂုတ်လ(၄)ရက်နေ့မှာစတယ်။ လူ ၂၀၀ ခန့်ပါဝင်တဲ့ လမ်းလျှောက်ဆန်္ဒပြမှုတစ်ခုကို စတင်လိုက်တာ ဆန်္ဒပြသူတွေပိုမိုများပြားလာပြီး နောက်ပိုင်းမှာအကြမ်းဖက်တဲ့ အဓိကရုဏ်းအထိဖြစ်ပွားခဲ့တယ်။ ဘာမင်ဂမ်၊ လီဗာပူးလ်၊ နော်တင်ဟမ်၊ ဘရစ်္စတန် စတဲ့ဒေသတွေကိုပါကူးစက်ခဲ့ပြီး ဆန္ဒပြမှုများနှင့်အတူ လုယက်မှု၊ အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက နံပါတ်တုတ်တွေအသုံးပြုပြီးနှိမ်နင်း ခဲ့တယ်။ ဆန္ဒပြမှုနှင့်အကြမ်းဖက်မှုတွေဟာ တဖြည်းဖြည်းပိုဆိုးလာခဲ့တယ်။ ဆန္ဒပြသူတွေက ရဲကားတွေကို ဖျက်ဆီးခြင်း၊ ကုန်တိုက်တွေကိုမီးရှို့ခြင်း၊ ပစ္စည်းလုယက်ခြင်း စတဲ့အကြမ်းဖက်မှုတွေကိုပြုလုပ်ခဲ့ကြတယ်။ ဓာတ်ဆီပုံးများအသုံးပြုပြီး မီးရှို့ဖျက်ဆီးခဲ့ကြလို့ မြို့တော်အတွင်းမှာ မီးလောင်မှုများဆက်တိုက်ဖြစ်ပွားခဲ့ရတယ် ဆိုတာ ကမ္ဘာတစ်ဝန်းလုံးအသိပဲဖြစ်တယ်။
၎။ တကယ်တော့ အင်္ဂလန်နိုင်ငံမှာ ယခုလိုအဓိကရုဏ်းဖြစ်တာတွေဟာ မဆန်းတော့တဲ့ဖြစ်ရပ်တွေလို့ဆိုလို့ ရပါတယ်။ ယခင့် ယခင်တွေကလည်းဖြစ်ပွားခဲ့ဖူးပါတယ်။ ၁၉၈၅ ခုနှစ်က Broadwater အဓိကရုဏ်း တစ်ခု ကလည်း ကမ္ဘာကျော်ဖြစ်ခဲ့ပြီး ကြောက်ခန်းလိလိဆိုတာ အားလုံးအသိပဲဖြစ်တယ်။ Daily Telegraph သတင်းစာကလည်း လန်ဒန်အဓိကရုဏ်းသည် ရာဇ၀တ်မှုများကိုပြုလုပ်နေခြင်းသာဖြစ်ပြီး ဥပဒေနှင့်ကျူးလွန်နေ ကြသောလုပ်ရပ်များဖြစ်ကြောင်း ရေးသားဖော်ပြသည်ကိုတွေ့ရပြန်တယ်။ သတင်းဌာနဆိုလို့ အဲဒီအဓိကရုဏ်း သတင်းကိုရယူဖို့သွားတဲ့ ဘီဘီစီသတင်းဌာနက သတင်းထောက်တွေ ရိုက်နှက်တိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ ဆိုပါသည်။ နေရာတကာဖွဖို့၊ ပွဖို့ပဲကြိုးစားနေတဲ့ ဘီဘီစီသတင်းသမားတွေကို သူတို့ဒေသခံတွေကတောင် မယုံဘူး၊ မကြိုက်ဘူးဆိုတာကို သာဓကပြလိုသလိုပါပဲ။
၅။ ဒါဟာ ကာလ၀ိတ်ဘတ်နောက်ပိုးတက်တယ်ပဲပြောရမလား၊ ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ အမှားသရုပ်ပြ လို့ပဲဆိုရမလား။ အကြမ်းဖက်မှုအဓိကရုဏ်းက ကြောက်စရာကောင်းလှပါဘိ။ သူများမျက်ချေးသာမြင်ပြီး ကိုယ့်မျက်ချေးကိုယ်မမြင်နိုင်တော့ လူပုံအလယ်မှာ အရှက်ကွဲရပြန်တယ်။ ကိုယ့်ပြည်တွင်းရေး ကိုယ်တိုင်မထိန်း နိုင်တော့ အရူးမီးဝိုင်းခံရသလိုဖြစ်ခဲ့တယ်။
၆။ ကဖို့သာသိပြီး ကိုယ့်အရှက်ကိုလုံခြုံအောင်မဖုံးနိုင်ရှာတဲ့ ဒေါင်းမလေးလိုဖြစ်ခဲ့ပြန်တယ်။ အင်္ဂလန်ဆိုတဲ့ ဒေါင်းမလေးရေ လှတော့လှပါရဲ့ ဒါပေမယ့် ဟိုအ၀ှာပေါ်နေတယ်လို့သာ ဆိုလိုက်ချင်ပါတော့တယ်။
က်ထိအာမခံတယ်။သိတယ်မလားခုဆိုကျူပ်တို့ လုပ်ရပ်တွေကို  ပြည်သူတွေနည်းနည်းလောက်တော့
သဘော  ပေါက်လာကြပြီ။မပေါက်လို့ လဲမရဘူး လေ။ဘယ်ပြောကောင်းမလဲ ။ပြည်သူတွေရဲ့ လို အင်ဆန္ဒမှန်သမျှကို  ကျုပ်တို့  တွေလောက်ဘယ်သူတွေသိဦးမှာလဲ။ဖြည့် ဆည်းပေးရပေါင်းလည်းများပြီ။
မြစ်ကြီးနားကြည့် မလား။ကရင်ကြည့် မလား။ရှမ်းကြည့် မလား။ဟဲဟဲသိတယ်မလား။ကျူပ်တို့ ကမပိုင်ရင်
ခြင်တောင် မ၇ိုက်ဘူး။ပိုင်မှ။ခုလည်း  နည်းနည်းလေးလူ၇ှိန်အောင်  လုပ်ထားတယ် ။ကြားဖူးတယ်မလား ။  UNFC  လေ။  မကြားဖူး၇င် တောင်  ခု ကြားဖူးပြီး၇င်  မှတ်ထားဖို့ တော့  လိုမယ်။ကျူပ်တို့ တပ်ဖွဲ့ ၇ဲ့  နာ
မည် အရှည်ကောက်ကို သိလား။KIA  ကချင်လွတ်မြောက်ေ၇းတပ်မတော်လေး  ။ဒါတောင် ကျုပ်တို့ နဲ့  မိုက်ဖော်မိုက်ဖက်   တောင်လိုလို ၊မြောက်လိုလို  နဲ့ အဖွဲ့ တွေ၇ှိသေးတယ်။
နည်းနည်းလေးပြောပြဦးမယ်။ကျူပ်တို့ ရဲ့ လမ်းစဉ်လေးကို။ကချင်ပြည်နယ်ကောင်းစားဖို့ ဆို၇င်အသက်ပေး
ရပေးရ။အဆိုးဆုံးဗျာ။မြန်မာနိုင်ငံကောင်းစားဖို့ ဆို၇င်လက်နက်ကိုင်ပြီးသောင်းကျန်းဖို့ လည်းဝန်မလေးဘူး။
သိတယ်မလား ။ငြိမ်းချမ်းေ၇းဆို ပြီးလုပ်စားလာတာ  ပြည်နယ်က  လည်း  ကုန်သလောက်၇ှိနေပြီ။ခုတောင်  အစိုးရလုပ်ပေးထားတဲ့ တံတားတွေ၊မီးရထားသံလမ်းတွေဖျက်၇တာကိုအလုပ်တခုလို ဖြစ်နေတာ။ဗျာ။ကျူပ်တို့ က မလုပ်ရဲဘူးဟုတ်လား။ဟာဗျာ။ကြည့် စမ်းပါဦး။ဒေါ်အောင်ဆန်းစုကြည်မလွတ်ခင်ကခင်ဗျာတို့ ဂျာနယ်တွေ
  ဒေါ်အောင်ဆန်းစုကြည်လွတ်ဖို့ေ၇းဖို့ သတင်း၇ှိသေးတယ်မဟုတ်လား။လွတ်တော့ လည်းေ၇းလို့  ၇သေးတယ်လေ။ပြီးတော့ ဧရာဝတီလေ။ခုသမ္မတကြီးကရပ်လိုက်တော့ ခင်ဗျာတို့ ပြောစ၇ာသတင်း၇ှိသေး
လို့ လား။ခုကျုပ်တို့ လုပ်လို့  နေရာ အနှံက  မိုင်းကွဲတာကို  သတင်းဆိုပြီးေ၇းလို့ ၇တာ မဟုတ်လား။
ကြည့် စမ်းပါဦး ။အစိုးရတပ်တွေ ။မူဆယ် လာရှိုးကားလမ်းမှာ  လုံခြုံေ၇းယူပေးနေရတယ်။အဟက်  သိတယ်မလား။ကျူပ်တို့   မိုက်ရိုင်းချက်ကတော့ သူတို့ ကို အလုပ်ပေးထားတယ်။ကျူပ်တို့  မိုင်းခွဲ တော့  သူတို့ ပြင်တယ်လေ။လာ၇ှိုး(၅၀၇)ေ၇ှ့ တန်းတက်တော့ ကျူပ်တို့ က  နောက်တန်းဝင်တိုက်တယ်အေးရော။အဲ
လို  ယောက်ျားစိတ်ရှိရှိနဲ့ လုပ်တာ ။သိတယ်မလား ။ကြိုက်တဲ့  သတင်းဖတ်  ။အစိုးရဘက် က  သုံးတဲ့  လက်နက်တွေကို  ကြီးကြီးသေးသေး  လူသားချင်းမစာနာဘူးဆိုပြီး တိုက်တယ်လို့  သတင်းလွင့် မယ်။ဖြစ်တဲ့  တိုက်ပွဲတိုင်းကိုကြည့်   ကျူပ်တို့   ဘက်က  ဒဏ်၇ာလေးတောင် မရဘူး။မဟုတ်၇င် ပါး၇ိုက်။သိတယ်မလား။
မိုက်ဖော်မိုက်ဖက်DVBVOABBCတို့ ရှိနေသေးတယ်။ဟိဟိ။ဟိုဘက်ကပစ်တာကလေးကစားစ၇ာမှမ
ဟုတ်တာ ။သိတယ်မလား။ဒါလည်း  ဒဏ်ရာမရအောင်  အဲလို  မြုပ်ကွက်လေးတွေရှိတယ်။ပြီးတော့  အစိုး၇ဘက်  (၄၀)တို့  ပြောလိုက်အေးေ၇ာ။မဟုတ်နည်းလား။ဟိုတလောကတောင်  ကလေးတွေပြောတာ
ကြားသေးတယ်။KIAKIOတို့ ကဒုတ်ပြီးဓါးပြီးလားတဲ့ ။ဟိဟိ။အဲလိုကိုမျက်စေ့ လည်အောင်လုပ်ထားတာ။
တကယ်ဘု၇ားစူးပါ။ကချင်ပြည်ကြီးလည်းတိုးတက်စေချင်ပါတယ်။ကချင်ပြည်သူတွေကိုလည်းချစ်ပါတယ်။ (:P  :D  :)  )*အဆုံးအစမရှိ။
ဗုံးခွဲတာက  ဘု၇ားစူးပါ။တိုက်ပွဲသတင်းကတော့    မြန်မာဇတ်ကားကြည့် သလို  နည်းနည်းလေး  ဖြည့် တွေးပေး  ။မဟုတ်ရင် ရယ်မိမှာစိုးလို့ ။
ကချင်ပြည်နယ်၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား
ဓါတ်ငွေ့ပိုက်လိုင်း နေရာများတွင် အစိုးရနှင့် KIA တိုက်ပွဲ ပြင်းထန်၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ
KIA ၀င်ေ၇ာက်ပစ်ခက်မှု့ ကြောင့် လာရှိုးပြည်သူများအထိတ်တလန့် ဖြစ်
ကချင်တောင်ပိုင်းတွင် မြန်မာအစိုးရတပ်သား ၁ ဦးသေ ၃ ဦးဒဏ်ရာရ
ကချင်ပြည်နယ် အလယ်ပိုင်း စစ်ပွဲတွင် မြန်မာစစ်သား ၄၀ ကျ
KIA ပစ်ခတ်မှုတွင် မြန်မာစစ်တပ် စရဖ တဦး ကျ
မုန်းကို KIA တိုက်ခိုက်မှုတွင် မြန်မာစစ်သား ၄ ဦးကျ၊ ၅ ဦး ဒဏ်ရာရ
army2
KIA ဗဟိုဌာနချုပ် လိုင်ဇာအ၀င်ပေါက် လဂျားယန်ရွာအနီး နေရာယူထားသော KIA စစ်သားတစ်ဦး။
ဒီလိုလေ့ ကျင့် တာ တိုက်သမျှ ဒဏ်ရာတောင်မရဘူး။ရတယ်လို့ 
ဖော်ပြရဲတဲ့   သတင်းဌာနဖော်ပြကြည့် ။အဟက်ဟက်။
ကျူပ်တို့ လုပ်သမျှကို ဒီလို အားပေးတယ်။
ကျူပ်တို့ ဖျက်စီးသမျှကို လိုက်ပြင်ပေးနေ၊ကျူပ်တို့ သောင်းကျန်းသမျှကို  ကာကွယ်ပေးနေတဲ့ အဖွဲ့ အစည်း
ကတော့ 
ရန်သူအပေါ်ပြူကျင့် ရမည့်  ကျင့် ဝတ်(၅)ပါး
၁ ။   စစ်မြေမြင်တွင် ရန်သူကို နေလို ၊မီးလို ကျင့် ပါ။
၂။    ရန်သူကို ရန်သူလို သဘောထားပါ။
၃။    ရန်သူက   အညံ့ ခံလျင်   မိမိက  ခွင့် လွတ်သည် စိတ်ဖြင့်   ပြူမှုဆက်ဆံပါ.။
၎။    ရန်သူကို အထင်လည်းမကြီး ၊အထင်လည်းမသေးမိစေရန်  သတိပြူပါ။
၅။    လွတ်လပ်ရေးနှင်  အချူပ်အခြာ  အာဏာတည့် တံခိုင်မြဲ  ရေးအတွက်  ရန်သူကို မတိုင်လျင်  မဖြစ်ရ်ျသာ
       တိုက်နေရကြောင်းနားလည်ပါစေ။
တဲ့  ဟိဟိ။
ကျူပ်တို့ ကတော့  နားမလည်ဘူး။
  ဒီလို ရှိသေးတယ်။
တကယ်ပါ  ဘု၇ားစူးပါ။ကချင်ပြည်နယ်ကောင်းစားဖို့   ဗုံးထောင်နေရတာပါ။ပြန်ကြည့် ကြည့် ပါ။ကျူပ်တို့ လုပ်ခဲ့ တဲ့  လုပ်ရပ်တွေပေါ့။မြစ်ကြီးနားမှာ ကျုပ်တို့ ခြေ၊ကျူပ်တို့ လက်ပဲ ။
ဘု၇ားစူး ကချင်ပြည်ကိုသိပ်ချစ်တယ်