အခုတစ်လော မြစ်ဆုံကိစ္စနည်းနည်းငြိမ်သွားပြန်တော့BHGသတင်းကိုနည်းနည်းပြောချင်တယ်ဗျာ။
အရင်ကတည်းက ပြောမယ်ပြောမယ်နဲ့မပြောဖြစ်ခဲ့ဘူး။လူကြားလို့မှမကောင်းဗျာ..ညမင်းသားဆိုတဲ့18+ဆိုဒ်ကိုသွား
 ဟက်တယ်တဲ့ ဘယ်လိုဟက်ကာတွေပါလိမ့်           ကမာ့္ဘဟက်ကာလောကတော့ နာမည်ပျက်ရပါပြီ။
           
        အက်ဒမင် လုပ်ခွင့်နဲ့ ကောင်မလေးတောင်းတာမရလို့တဲ့ ။လူကြားလို့မှမကောင်းဗျာ..မြန်မာတွေဆိုတာ အဲလိုလား နိုင်ငံခြားသားတွေသိရင်ဘယ်လောက်ရှက်ဖို့ကောင်းမလဲ?နောက်ပြီးအဖွဲ့စပေါ်လာကစတုန်း
ကတော့ " မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့်ရရှိရေးနှင့် နည်းပညာထောက်ပံ့ရေး"
 ဆိုပြီး အော်ခဲ့တယ်။ အခု အဖွဲ့ပျက်တော့လည်း "ယခုအခါတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းနေခြင်းကြောင့်လည်းကောင်း၊ ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပြန်လည် ဖွင့်ပေးခြင်းကြောင့်လည်းကောင်း၊ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံ၍ လုပ်ဆောင်နေခြင်းတို့ကြောင့် လည်းကောင်း စသည်တို့ကြောင့် BHG-Blink Hacker Group အား ဖျက်သိမ်းတော့မည်ဖြစ်ပါသည် " ဆိုပြီး အရှက်ပြေ အော်ပြန်တယ်။

             ဒါပေမဲ့ သေသေချာချာစဉ်းစားကြည့်မယ် ဆိုရင် ရှေ့ တစ်မျိုးနောက်တစ်မျိုး ဆိုတာအသိ
သာကြီးပါ။ဘာလို့လဲဆိုတာ့ နည်းပညာထောက်ပံရေး ရည်ရွယ်ချက်ပါလို့ နာမည်ကောင်းတပ် နေ
တဲ့ အဖွဲ့ ကြီးက ဟက်လိုက်တဲ့ဆိုဒ်တွေကတော့ တကယ်နည်းပညာထောက်ပံရေး ကိုအကူအညီပေး
နေတဲ့ ကိုညီနေမင်း ဆိုဒ်တောင်အလွတ်မပေးပါဘူး။ ဆိုဒ်တစ်ခု ဖြစ်လာဖို့ ဆိုတာမလွယ်ပါဘူး။
အွန်လိုင်းမှာရှိတဲ့ သူတွေ ဘလော့ဂါတွေသိကြပါတယ်။အချိန်အကုန်ခံ အပင်ပန်းခံပြီးတော့မှ ဖြစ်
လာရတာပါ။နောက်ပြီး အခုလိုနည်းပညာတွေကို အပင်ပန်းခံပြီးတော့ ရှာဖွေစုစောင်းပေးရတယ်
ဆိုတာ မလွယ်ပါဘူး။တော်ရုံဝါသနာ စေတနာနဲ့ လည်းမရပါဘူး ။အဲလိုဆိုဒ်တွေ တော်တော်နည်းပါတယ်။
             
            သူတို့ကပြောတာတော့ " ပြသနာအကြောင်းအရင်းက Chatting က စတာ ကောင်မလေးတစ်ယောက်
 အဲနည်းပညာတော်တော်လေးရင်းနှီင်္းတဲ့ကောင်မလေးပေါ့အဲကာင်မလေးနဲ့BHGကညီလေးစကားပြောနေရင်း
 BHG က ညီလေးက သူက ညီနေမင်းထက်ပိုတော်တယ်ပေါ့ အဲဒါကို ကောင်မလေးက ညီနေမင်းက ပိုတော်ပါတယ်  ဆိုပြီးပြောတော့ သူတော်တယ်ဆိုရင် ညီလေးက ငယ်သေးတော့ ကလေးစိတ်လိုပေါ့ အနိုင်လိုချင်စိတ်နဲ့ ထလုပ်ထည့်လိုက်တာအဲဒါနဲ့ ညီနေမင်းဆိုဒ်အဟက်ခံရပါလေရောအဲကောင်ညီနေမင်းကို ကျွန်တော် သတိပေးပါတယ် သိနေတယ်လေ လုပ်တော့မယ်ဆိုတာ ဒီကောင်ညီနေမင်းက ဘာ လုပ်နေတယ် မသိဘူးသတိပေးတာတောင်စကားတစ်ခွန်းမှ ပြန်မပြောဘူး သောက်ရေးလုပ်ဖို့မလိုဘူးဆိုတဲ့သဘော ဖြစ်
မှာပေါ့လေ အစကတည်းက ညီလေးက ပြသနာ ရှာဖို့ မုန်းလို့လုပ်တာမှ မဟုတ်ပဲ လူငယ် သဘာဝ အနိုင်လိုချင်စိတ်နဲ့ လုပ်ဖြစ်သွားတာ " တဲ့ သေသေချာချာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။
              
မိန်းကလေးတစ်ယောက်နဲ့ဘာမဟုတ်တဲ့ ကြောင်းအရာတစ်ခုကို ပြိုင်ငြင်းပြီးအခုလိုလုပ်တာတော်တော်
အောက်တန်းကျတယ်ဗျာ။တကယ်တော့ သူတို့ ဟက်ခဲ့တဲ့ အိမ်လွမ်းသူ ဖိုရမ်၊ အဖြူရောင်သံဇဉ် ရေဒီယို၊ ဧဒင်ဥယာဉ် နဲ့ ရတနာပုံ FC တို့ ဆိုတာတွေက  ဒိုမိန်းဝယ်ထားတဲ့သူတွေပါ။အဲ့လို ဟာမျိုးတွေကိုသာဟက်
နိုင်တာပါ။တကယ်အရည်အချင်းရှိရင်သတ္တိရင်ရဲရဲဝံ့ဝံ့စိန်ခေါ်ပြီးယှဉ်ပြိုင်ပါလား။ဒါတောင်ပညာရပ်အတွက်
ပြိုင်သောယှဉ်ပြိုင်ခြင်းမျိုးပဲဖြစ်သင့်ပါတယ်။မိန်းကလေးတစ်ယောက်ရဲ့စကားတစ်ခွန်းကိုတွက်ကပ်ပြီး
ပြိုင်တယ်ဆိုရင်တော့လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါပဲ။

ကိုညီနေမင်း ဆိုက် ကို ဖျက်ဆီးစဉ်က



                နောက်ပြီး ကိုညီနေမင်းဆိုဒ်ကို အဲလိုကြောင့် ဟက်ခဲ့တယ်ဆိုရင် အခြားနည်းပညာကို ထောက်
ပံ့နေတဲ့  IT mg mg ၊ Chindwin Teach ၊ နဲ့ Myanmar Engineer ဖိုရမ်တွေ ဆိုက်တွေကို ဖျက်ဆီးတာကြ
ရောဘယ်လိုပြောမလဲ?သူ့ဘာသူနေတဲ့GTI ကျောင်းသားတွေစုပြီးလုပ်ထားတဲ့ဆိုက်တွေနဲ့ ဆေးကျောင်း
သားတွေစုပြီးလုပ်ထားတဲ့ဆိုဒ်တွေကရောဘာအကြောင်းပြချက်နဲ့ဖျက်ရတာတုန်း?မိန်းကလေးအတွက်လား?
နည်းပညာတိုးတက်ရေးအတွက်လား?ဒါမှမဟုတ် အွန်လိုင်းမှာ နာမည်ကြီးချင်လို့လား?
               
                ဘာပဲဖြစ်ဖြစ် နာမည်ကြီးချင်တာဆိုရင်တော့ Famous နဲ့မဟုတ်ပဲ Notorious နဲ့ကျော်
စောသွားပါကြောင်း နည်းပညာထောက်ပံရေးအတွက် လို့ခေါင်းစဉ်တပ်ထားတဲ့ BHG အဖွဲ့ ကိုပြောချင်ပါ
တယ်။
                                                                                                                                   သူရိယကိုကို

      

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий