အမှန်ကို အမှန်အတိုင်းမြင်ပြီးပြောရဲတာ သတ္တိရှိတဲ့လူပဲ။ လူမိုက်မဖြစ်နိုင်ဘူး။
အိမ်ထောင်တခုမှာပဲဖြစ်ဖြစ် ယောက်ျားလုပ်သူက domestic violence
(အိမ်တွင်းလူပါးဝမှု) သိပ်များလာရင်တော့ ဘယ်မိသားစုဝင်မှ
အတူနေချင်မှာမဟုတ်တော့ဘူး။ ရှင်းရှင်းလေးမြင်အောင်ပြောတာ။ ဆက်အတူနေလို့လဲ
စိတ်ချမ်းသာမှုရမှာမဟုတ်ဘူး။ အလားအလာမကောင်းတဲ့အပြင် တိုးတက်မှုဆုတ်ယုတ်မှာပဲ။
လူဆိုတာ အသိဥာဏ်ရှိတယ်။ ဒါဟာခိုင်းတာလုပ်၊ ပြောတာနားထောင်ဖို့မဟုတ်ဘူး။
ဆင်ခြင်ဖို့သာဖြစ်တယ်။ အများစုဖြစ်နေတဲ့ မဟာဗမာတွေရဲ့ စည်းရုံးရေး အတူနေရေးကို
အော်ပြပြီး၊ လူပါးဝမှုတွေကို အမြဲဆက်ခံနေဖို့ မဟုတ်ဘူး။ တိုင်းရင်းသားတွေဟာ
သမိုင်းအစဥ့်အလာနဲ့ နေလာခဲ့တာ။ သူတို့နိုင်ငံ၊ ကိုယ်ပိုင် စာပေ
ယဉ်ကျေးမှုနဲ့နေလာတဲ့ လူမျိုးတွေ။ ဒီတိုင်းရင်းသားပြည်နယ်တွေထဲမှာ
ရှိတဲ့လူမျိုးစုတွေကိစ္စကို ဗမာတွေ ဘာမှပူနေစရာမလိုဘူး။ သူတို့အရေးကိစ္စကို
သူတို့နဲ့သာဆိုင်တယ်။ ဟို ရှေးခေတ်အဆက်ဆက်မှာလည်း ဒီလိုပဲနေလာခဲ့တာပါပဲ။ အဓိကက
နိုင်ငံတရပ် ထူတောင်နိုင်တဲ့အခြေအနေ လက္ခဏာ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့
တိုင်ရင်းသားနယ်မြေတွေဟာ ဗမာတွေ လူပါးဝ ကလိန်ကျနေမှုတွေကို ဆက်မခံဖို့ပဲ။
လောကပါလတရားကို လူတိုင်းတောင့်တတယ်။ ကိုယ့် အိမ်တွင်းရေးကို တခြားအိမ်တအိမ်က
လာပြီး လူးပါးဝ လွှမ်းမိုးတာ ဘယ်လူမှမလိုချင်တာ အရှိတရားပဲ။ ဗမာအိမ်က
လာပြီးလူပါးဝနေတာကို မောင်းချကြဖို့ မဖြစ်မနေလိုအပ်နေပြီ။ ဒါဟာ ဗမာကို
မုန်းတာမဟုတ်ဘူး။ သိပ်သနားစရာ ချစ်မြတ်နိုးစရာကောင်းတဲ့ ဗမာတွေ သိပ်များပါတယ်။
ဒါပေမဲ့ လူပါးဝလွမ်းနေတာက ဗမာတွေဖြစ်နေလို့ပါပဲ။
အာဏာရှင်စနစ်ဆိုးကို လက်ရှိလူတိုင်းခံစားနေရတာကို လက်ခံတယ်။ ဒီစနစ်ဆိုးကို
အသက်သွင်းပေးတာ ဘယ်သူလဲ။ ကိုလိုနီစနစ်ဆိုးအောက်ကို ရောက်ရတာကော
ဘယ်သူတွေကြောင့်လဲ။ လွတ်လပ်ရေးရပြီး စစ်အာဏာရှင်စနစ်အောက် ရောက်သွားရတာ
ဘယ်သူတွေကြောင့်လဲ။ ဦးနေ၀င်းအာဏာမသိမ်းခင် ကာကွယ်လို့ရတဲ့ အချိန်ရှိတာပဲ။
ဦးနုနဲ့ ဗမာခေါင်းဆောင်တွေ ဘာရိုးသားတာရှိခဲ့လို့လဲ။
တိုင်းရင်းသားတွေ သူ့နယ်မြေ လွတ်လပ်ရေးရဖို့တော်လှန်နေတာ နှစ်ပေါင်း ၂
ရာကျော်နေပြီ။ တနေ့ကမှ မဟုတ်ဘူး။ လွတ်လပ်ရေးရတော့လည်း လွတ်လပ်ရေးနဲ့အတူ
ပြည်တွင်းစစ်ဖြစ်ရတာ ဘာကြောင့်လဲ ဘယ်လူတွေရဲ့ မရိုးသားမှုတွေကြောင့်လဲ။ အဖြေတွေက
ရှင်းနေပြီးသားပဲ။
ပကတိအမှန်တရားကို ရိုးရိုးဖြောင့်ဖြောင့်ပြောဖို့
လိုတယ်။ အာဏာရှင်စနစ်ကြောင့် လက်ရှိ ဗမာအပါအ၀င် လူတိုင်းခံစားနေရတာက
ခလေးတောင်နားလည်တယ်။ သွေးချောင်းက စီးလာတာကြာပီ ခုမှမဟုတ်ဘူး။
ဘ၀တွေပျက်တာလည်းရေတွက်လို့ပင်မရတော့ဘူးပဲ။ ကိုယ့်အိမ်ကိုယ်ခြံဘောင်ခတ်ပြီးနေရင်
ရေရှည်မှာ ငြိမ်းအေးမှု တိုးတက်မှု စိတ်ချမ်းသာမှုရမှာ သေချာတယ်။ ဗမာနဲ့
တအိုးတည်းစားနေလို့ မ၀ရေစာပဲစားနေရတာ ၀မ်းမ၀ ခါးမလှတာကြာနေပြီပဲ။ ရှိတာလေးတောင်
၈ ပုံ ပုံပြီး ဗမာက ၇-ပုံလူပါးဝထားတာပဲ။ ဗမာတွေဟာ လူပါးဆက်ဝနေရတော့ ဗမာတွေဖက်က
ဆက်ပြီးအတူနေချင်တာဟာ ဆက်လူပါးဝချင်လို့ပါပဲ။ လူတိုင်းနားလည်အောင်
ရိုးရိုးရှင်းရှင်းပြောတာပါပဲ။
လက်ရှိအနေအထားတွေထက်ပဲ ဆိုးအုံ့မှာရှိသေးလား။ ခုလည်းရစရာမရှိအောင်
ဒုက္ခရောက်နေကြတာပဲ။ အတူမနေပဲ ခွဲနေရင် လူမျိုးစုတွေအတွက်လည်း
တိုးတက်သာယာမှုဖြစ်ထွန်းလာနိုင်သလို ဗမာတွေအတွက်လည်းတိုးတက်သာယာလာမှာပဲ။
ဘာဖြစ်လို့ဆိုရင် ပြည်တွင်းစစ်တို့ တိုင်းရင်းသား ပြသနာတို့ မရှိတော့ဘူး
မလို့ပဲ။
ဒီမိုကရေစီရလို့ အတူနေတယ်ဆိုပါစို့ ဗမာအတိုက်အခံခေါင်းဆောင်ဆိုသူတွေကိုကော
ဘယ်လောက်ယုံကြည်ရလို့လဲ။ သူတို့တွေရဲ့ လုပ်ရပ်တွေ လုပ်နေတာတွေက သက်သေပဲ။
လွတ်လပ်ရေးရပြီးတော့လည်း ပါလီမန်ဒီမိုကရေစီဆိုပြီး ရှိခဲ့တာပဲ။ ဘယ်လူတွေက
မရိုးသားခဲ့လို့ ခုလိုကြမာဆိုးကို ပြည်သူတွေ ခံစားနေရတာလဲ။ ကောင်းခဲ့တဲ့
ခေါတ်ကလည်း ဘယ်သူတွေက မရိုးသားခဲ့လို့ ပျက်စီးသွားရတာလဲ။ ရှင်းနေတာပဲ။ ပကတိ
အနေအထားသာ အရှိတရားပဲ။ ဆက်နေနေရင် လူမျိုးစုအရေး ပြည်တွင်စစ်ပြသနာနဲ့
တိုးတက်သင့်သလောက်မတိုးတက်ပဲ ဘယ်တော့မှ နာလန်ထူနိုင်တော့မှာ မဟုတ်ဘူး။
တကယ် လေးစားလောက်တဲ့ ဗမာခေါင်းဆောင်ဆိုလို့ ဗိုလ်ချုပ်အောင်းဆန်းတယောက်ပဲ
ရှိတာ။ ခု ဒေါ်စုကတော့ ပြည်သူတွေရဲ့ ယုံကြည်မှုရနေပါရဲ့။ ဒါပေမဲ့ သတိနဲ့
စောင့်ကြည့်နေရတာဆိုတော့ အကြွင်းမဲ့ဆိုတာ မဖြစ်နိုင်ဘူး။ ဗိုလ်ချုပ်သင်္ခန်းစာကို
မြင်ဖို့ပြောတာ။ ဒီတော့ ကိုယ့်ကြံမာအတွက်ကိုယ်သာ ဖန်တီးရမှာပါပဲ။ ဒါကြောင့်
ကိုယ့်အနာကတ်ကို ဗမာတွေလက်ကို ပုံအပ်နေစရာမလိုတော့ဘူး။ လူမျိုးစုပြည်နယ်တွေဟာ
ခွဲထွက်နေထိုင်ရေးအတွက် ကြိုးပမ်းဖို့ လိုအပ်တာ ပကတိအမှန်တရားပါပဲ။
ကျေးဇူးတင်လျှက်
လင်းမြတ်သော်တာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းစဉ်အရ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အာရုံစိုက် လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဇူလိုင် ၂၅ ရက်က ဒေါ်အောင်ဆန်း စုကြည်နှင့် နှစ်ဦးနှစ်ဖက် အပြုသဘော ဆောင်သော တွေ့ဆုံ ဆွေးနွေးမှုကို ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ဖွံဖြိုးတိုးတက်ရေး အခြေခံကောင်းများကို ဖော်ဆောင်လာနိုင်ခဲ့ပြီး ယခုတလောတွင် ဆင်းရဲမွဲတေမှု လျော့ကျရေး၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး စသည်တို့ကို အာရုံစိုက် လုပ်ကိုင်ပြီး တစ်ဖက် တစ်လမ်းတွင်လည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မှတဆင့် ဒီမိုကရေစီ ဦးတည်သွားရန်နှင့် အခြားနိုင်ငံများနှင့်လည်း သံတမန် ဆက်ဆံရေးများ တိုးမြှင့်ရန် ဘက်ပေါင်းစုံမျှ မပျက်ကွက်အောင် အချိန်နှင့် တပြေးညီ ဖော်ဆောင်နိုင်ခဲ့ပါသည်။ ထိုသို့ အစိုးရမှ အပြောမဟုတ်ဘဲ လက်တွေ့ ဖော်ဆောင်နိုင်ခဲ့သော အကျိုးရလဒ် ကောင်းများကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြားနိုင်ငံရေး ပါတီများ၊ မြန်မာနိုင်ငံ ပြည်သူ ပြည်သားများနှင့် အခြားနိုင်ငံမှ လာရောက် လည်ပတ်ကြသော ဧည့်သည်တော်များလည်း မျက်မြင် တွေ့ရှိရမည် ဖြစ်သည်။
သို့သော်လည်း အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို ပါဝင်ကူညီခြင်း မရှိသည့်အပြင် ယုံကြည် လက်ခံခြင်း မရှိဘဲ ၀င်ရောက် နှောင့်ယှက်သော ပြည်တွင်း အစွန်းရောက် သမားများလည်း ရှိပေသည်။ ထိုသူများက ၎င်းတို့ချည်း အစွန်းရောက် သွေးရှိပြီး မြန်မာနိုင်ငံတော် အစိုးရအား အတိုက်အခံ လုပ်နေခြင်း မဟုတ်ဘဲ ကိုယ့်နိုင်ငံတွင် စိတ်အေးချမ်းသာစွာ လုပ်ကိုင် စားသောက် နေကြသော ပြည်သူများကိုလည်း လိုက်လံ စည်းရုံးခြင်း၊ မဟုတ်မမှန် သတင်းဆိုးများ လွှင့်ခြင်းတို့ကို လုပ်ဆောင်လျက် ရှိသည်။ ထိုသို့ ရည်ရွယ်ချက် လမ်းစဉ် တိတိပပ မရှိဘဲ မိမိ ကိုယ်တိုင်လည်း တိုင်းပြည်အပေါ် တာဝန်ကျေအောင် ကြိုးပမ်းနိုင်စွမ်း မရှိသည့်အပြင် ဦးဆောင် လမ်းပြနိုင်သူကိုလည်း အထင်မကြီးသော ဟိုမရောက် သည်မရောက် လူတန်းစားများ၏ လုပ်ဆောင်ချက်ကို ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ခြင်းဟု ခေါ်ဆိုနိုင် ပါသလား။
အမှန်စင်စစ် အမိမြန်မာနိုင်ငံတော် အတွင်းတွင် တစ်ဦး၊ တစ်ဖွဲ့၊ တစ်ယောက်တည်း ခွဲထွက် မနေသင့်ဘဲ စည်းလုံး ညီညွတ်စွာ နေထိုင်ခြင်းဖြင့် တိုင်းပြည်နှင့် ပြည်သူ အတွက်လည်း အကျိုးရှိ၊ မိမိ၏ လုပ်ဆောင်ချက်လည်း အရာထင်စေမည့် ဆောင်ရွက်ချက်များကို လုပ်ဆောင် နိုင်မှသာလျှင် ငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဖြစ်သည်။ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံ ဆွေးနွေးမှုသည် ထိုသို့ မြန်မာနိုင်ငံ အတွင်း သွေးကွဲနေမှုများကို ပြန်လည် ပေါင်းစည်းပေးပြီး ငြိမ်းချမ်းရေးသို့ ဦးတည်သည့် အတွက် ‘အမျိုးသား ပြန်လည် သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲ’ ဟု သတ်မှတ် နိုင်ပါသည်။ အကယ်၍သာ ဒေါ်စုကြည်နှင့် သူမ၏ ပါတီတို့က ဆွေးနွေးပွဲ ရည်ရွယ်ချက် အပေါ် အကောင်း မြင်သော ၀ါဒဖြင့် ရှုမြင် သုံးသပ်တတ်ပြီး စဉ်းစား ချင့်ချိန်တတ်မည် ဆိုလျှင် အားလုံးမျှော်လင့် စောင့်စားနေကြသော အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကို မဖော်ဆောင်နိုင်စရာ အကြောင်းမရှိကြောင်း တိုက်တွန်း တင်ပြလိုက်ရပါသည်။
ဖူးစုံထွေး
သိကြတဲ့ အတိုင်း VOA ရဲ့ အပုပ်ရည်ဖြန့်ဝေခြင်းသမိုင်းက အမေးအဖြေ ကဏ္ဍကို ဘေးအိမ်က လုပ်စရာ မရှိလို့ ကလိလိုက်တယ် ထင်ပါရဲ့။ နားထဲကို စောစောစီးစီး အလျှံငြီးငြီး ဝင်လာပြန်ပါရောဗျား။ စလိုက်ပုံက ယဉ်သကို ဆိုသလို ဒီတစ်ခါတော့ ရှားရှား ပါးပါး ကျောက်မဲ အကျဉ်းသားဆိုသူက ထိုင်းနိုင်ငံ ဥပမာနဲ့ လူ့ဂွစာ ထန်းပလပ်ခြောက်ကို ပြေးစရာ မြေမရှိအောင် ချောင်ပိတ် မေးလိုက်တာလေး ပါလာပါရောဗျား။ ကြားရတာ ကောင်းလွန်းတော့ တိုးလိုးတန်းလန်း ပစ္စည်းကို အောင့်အီးရင်း အသံရှင်းရှင်း လင်းလင်းကြားရဖို့ အရေး အိမ်သာထဲကကို အပြေးထွက်လာလို့ ဝရံတာမှာ နေရာယူ မိတယ်ဗျ။ ဒီတစ်ခါတော့ ထန်းပလပ်ခြောက် ဘယ်လို ကလိန်စေ့ငြမ်း ဆင်ဦးမလဲ မေးခွန်းတွေကလည်း အတွေးထဲမှာ ဝဲလည်လို့ ပေါ့လေ။
အဲဒီမှာတွင် ထန်းပလပ်ခြောက်ရဲ့ ကမ္ဘာ့အဖိုးအနဂ္ဂ အထိုက်တန်ဆုံး အဖြေကို ကြားလိုက်ရတော့ အိမ်သာထဲမှာ ကိစ္စမပြီးခင် အပြေးကလေး နားသောတ လာဆင်မိတဲ့ ကိုယ့်ကိုကိုယ်တောင် သနားစရာ သတ္တဝါ တစ်ကောင်လို တွေးမိရင်း ဝမ်းပျဉ်းခါအောင် ရယ်မိရပါရောဗျား။ ကောင်းလိုက်တဲ့ အဖြေ၊ “တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူပါဘူး” တဲ့လေ။ နှာခေါင်းကို ဖြုတ်ကိုက်ခံရတဲ့ Feeling ကြီးနဲ့ ပြန်ဖြေလိုက်တယ် ဆိုတာ သဘောပေါက်လိုက်ပါရဲ့။ ကျုပ်ပြောသား၊ ဒါကြီးကဖွတ်ကျား ပါလို့။ သူ့မှာ ရေရေရာရာ ဘာမှ အတွေးအခေါ်က မရှိတော့ ကျည်ပစ် မေးခွန်းလို့ ခေါ်တဲ့ surprise question တွေနဲ့တွေ့ရင် စဥ့်အိုးဖင် ပေါလစ်တင်သလိုမျိုး အရည်မရ အဖတ်မရ အဖြေတွေ ထွက်ထွက်လာ တတ်တာ မကြာခဏပါဗျ။ ပြန်တွေးကြည့် ကြပေါ့လေ။
တစ်ခါ မကွေးက လယ်ယားရွာသား ဖဲသမား ငထွေရူး ဝင်းထူးဆိုတဲ့ ငနာကတော့ သူ့ရွာက တရုတ်ကုန်စုံဆိုင်ကို အကြွေး မဆပ်နိုင်တာကြောင့် ဆောင့်ကြီး အောင့်ကြီးနဲ့ တရုတ်တွေ စီးပွားဖြစ်တာကို အပြစ်တင်ရင်း နိုင်ငံမတိုးတက်ခြင်း ဘာညာနဲ့ မတန်မရာတွေ ပြောပြန်တယ်။ ထန်းပလပ်ခြောက်ကလည်း ရွာမှာဟောနေကျ ဘုန်းကြီးတရားလိုပဲ ပြောနေကျ အလုံးတွေနဲ့ ဖယောင်းတိုင်တွေ၊ မီးလျှံတွေ၊ အန္တရာယ်တွေ ထည့်ပြောပြန်ရော။ အဲဒီတော့ ကျုပ်က ကိုထွန်းရွှေရဲ့ “မီးဘေး ရှောင် မလောင်ခင်တား”သီချင်းကို သတိရသွားပြီး တေးသွားလေးတောင် ငြီးမိပါပေါ့ဗျား။ ရာသီနဲ့ မကိုက်တာလေး တစ်ခုပဲ ဆိုးတာ။ အောင်မာ---ပြောသေး။ စိတ်ဓာတ်ကျရင် ရုံးကိုလာခဲ့တဲ့။ အားဖြည့်ပေးမတဲ့။ ဟဲ့---သောက်ခွေး။ ကျုပ်ဖြင့် ရှက် သွားလိုက်တာ ကြက်သီးတွေတောင် ထရောဗျား။ စိတ်ထဲမှာလည်း တွေးမိတယ်။ “ဒဂယ်လားဟင်” ဆိုပြီးတော့ ပေါ့လေ။
နောက်တစ်ယောက် ကတော့ မြန်မာပြည်မြေပုံမှာ ဧရာဝတီမြစ်ရဲ့တည်နေရာကိုတောင် ရှာဖို့ အလျဉ်း အဖြစ်မရှိတဲ့ နှင်းနှင်းဆိုတဲ့ ကပ်တီးကပ်ဖဲ့ တစ်ကောင်ပါပဲဗျို့။ သူ့အပြော ဧရာဝတီမြစ်ကြီး ပျက်စီးသွားတယ် ဆိုလို့ ခါးပဲကျိုးသွား သလား။ ပင်နယံပဲကြွေသွား သလား၊ မြစ်ရေတွေ အားလုံး လိမ္မော်ရည် ဖြစ်သွားသလား အတွေးတွေ ပွားရတော့သဗျား။ ထန်းပလပ် ခြောက်ကလည်း ထုံးစံအတိုင်း ဖြီးရှာ ဖြန်းရှာပါတယ်။ သူ့ခမျာ ပြီးခဲ့တဲ့ လတုန်းကလည်း ပုဂံသွားရင်း ဘုရားတွေ မော့ကြည့်ရင်း နားမလည် ပါးမလည်နဲ့ ဘုရားပြင်တာ ဘယ်လိုလုပ်ရင် ကောင်းမလေး၊ ညာလို လုပ်ရင်ကောင်းမလေး။ အာနဲ့ လုပ်အား ပေးခဲ့သေးသကိုး။ ကျုပ်တို့ အစိုးရက သူအင်္ဂလန်မှာ ဘုရားမေ့ တရားမေ့ အဲရစ်ကြီးနဲ့တွေ့နေတုန်းကတည်းက ရှေးမူမပျက်ရ အောင် ဘုရားတွေကို ပြောင်ပြောင် မြောက်မြောက် ပြုပြင်နေခဲ့တာ ကြာပါရော။ ပြီးတော့ လုပ်သေး၊ သူသာ ခေါင်းဆောင်း (ခေါင်းဆောင်တော့ ဖြစ်စရာမရှိ) ဖြစ်ရင်တဲ့။ ထန်းလျက်ဖိုတွေကို ထင်းမသုံးဘဲ နျူးကလီးယားပါဝါနဲ့ ချက်ခိုင်းမှာတဲ့ဗျား။ ဟိုက်ရှားဘားစ်----ဘယ်လောက်အားထားရတဲ့ အတွေးအခေါ် လဲဆိုတာ။ ကျုပ်တို့တော့ နျူးကလီးယား ထန်းလျက်နဲ့ မိတ်ဆက်ရဦး တော့မှာလားမသိ။
ဘယ့်နှယ်ဗျာ။ ဒင်းတို့တွေ လွန့်လွန်လွန်း။ လိုချင်ပြန်တော့ လျှပ်စစ်။ လျှပ်စစ်မရလို့ ဘဝတွေပဲ ပျက်နေတော့ သလိုလို။ ဒါကြောင့် လောင်စာရဖို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်တော့ သဘာဝပတ်ဝန်းကျင် ပျက်တယ်တဲ့။ ရေအားလျှပ်စစ် အတွက် ဆည်တမံ တည်တော့လည်း သဘာဝ ပတ်ဝန်းကျင်ပဲ ဆွဲထည့်ကြ ပြန်တယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေလို ဓာတ်ပေါင်းဖို တည်မယ် ကြံပြန်တော့ နှုတ်ဆော့ကြ ပြန်ရော။ နိုင်ငံကို မပျက်ပျက်အောင် ခပ်ကြောင်ကြောင် လုပ်နေတာ တော့ အသေအချာဗျ။ ဟိုနားမလည် ပါးမလည် ထန်းပလပ်ခြောက် ကလည်း ဉာဏ်ရူး ကမြူးလို့ ပန်ကြားလွှာ ခပ်ထူးထူးတွေ ထုတ်ဦးမတဲ့လေ။ တကယ်တော့ သူဟာ ဧရာဝတီကို ပစ်ပယ်လို့ ကုလားဖြူနဲ့ နွယ်ခဲ့တာ၊ မျိုးချစ်စိတ် ရှိပါတယ်ဆိုတဲ့ သူတွေ အားလုံး သိသိကြီးပါ။ ဒင်းကို ထောက်ခံတာတွေ မထောက်ခံတာတွေ ပြောမလို့လား။ ဟားဟား---ဒီနေ့ US သာ အကောင် သေးသေးကလေး ဖြစ်သွားရင်၊ US ကသာ ထန်းပလပ်ခြောက်ကို neglect လုပ်လိုက်မယ်ဆိုရင်------အင်း---အနာဂတ်ကို မြင်ကြည့်ချင်တယ်ဗျို့။ ဘယ့်နှယ်--ဒင်းက အခုမှလာပြီး ကြီးကြီး ကျယ်ကျယ် ဧရာဝတီကို လာနွယ်နေတာ ရယ်စရာပါ ။
ခြင်တစ်ကောင် ကိုက်ရင် ရိုက်လိုက်ပါတဲ့။ အဲ---အကောင်တစ်ရာ ကိုက်ရင်တော့ အကိုက်ခံပြီးမှ ဆေးလိမ်းလိုက်ပါတဲ့။ ကိုက်လို့ ကျေနပ်ရင် ပျံသွားကြမှာမို့ အလုပ်ရှုပ် မခံပါနဲ့တော့တဲ့။
(အောင်ဘု)
အပစ်ရပ်စဲ​ရေး​ပြုလုပ်ဖို့​ ပြည်နယ်အစိုး​ရဖက်က ကမ်းလှမ်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သော်လည်း KIA ခေါ် ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် က ထင်ရာစိုင်းကာ ဥပက္ခာပြုပြီး လမ်း​၊​ တံတား​တွေ ဖျက်ဆီး​လိုက်၊ စစ်ပွဲတွေ ဖန်တီးလိုက် ပြုလုပ်နေခဲ့တာ (၂) လ နီးပါး ကြာမြင့်နေပြီဖြစ်သည်။ နိုင်ငံအဝှမ်း လျှပ်စစ်မီးရဖို့ အစိုးရက ရေအားလျှပ်စစ်စက်ရုံတွေတည်ထောင်ချိန်တွင်၊ ကိုယ့်အိမ်ကိုယ်တောင် မီးလင်းအောင် မလုပ်နိုင်တဲ့ KIA က လျှပ်စစ်ဓာတ်အားပေးစက်ရုံလုပ်ငန်းတွေကို နှောက်ယှက်သည်။ နိုင်ငံအဝှမ်း ဆက်သွယ်ရေးကောင်းအောင်နှင့် ဖုန်းကိုင်ဆောင်နိုင်သူ အရေအတွက် သိသိသာသာများလာအောင် အစိုးရက စီမံကိန်းချ အကောင်ထည် ဖော်ချိန်တွင် KIA က ဆက်သွယ်ရေးရုံးများကို ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ခဲ့သည်။ နိုင်ငံအဝှမ်း လမ်းပန်းဆက်သွယ်ရေးကောင်းအောင် အစိုးရက လမ်းနှင့် တံတားများ ဖောက်လုပ်နေချိန်တွင် မြေနီလမ်း တစ်လမ်းတောင် မဖောက်ဖူးသည့် KIA က တံတားပေါင်း ၁၅ စင်းကျော်ကို ဗုံးဖောက် ဖျက်ဆီး ပစ်ခဲ့သည်။ အစိုးရကို ဦးတည်သည့် ရထားလမ်း၊ ကားလမ်း၊ မြို့ပေါ် မိုင်းထောင်၊ မိုင်းခွဲတဲ့ တိုက်ခိုက်မှုမျိုးများသည် ပြည်သူများကိုသာ ထိခိုက်လျှက် ရှိပေသည်။
KIA အနေဖြင့် ကချင်ပြည်သူများ၏ အကျိုးအတွက် ဘာတစ်ခုမှ မလုပ်ခဲ့သလို ယခုတွင်လည်း ဘာတစ်ခုမှ မလုပ်နေပါ။ ငြိမ်းချမ်းရေးယူနေစဉ်ကာလတွင် ကချင်ပြည်နယ် တစ်ခုလုံးရှိ သစ်တောများက တန်ချိန် သိန်း နှင့်ချီပြီး ထုတ်ယူရောင်းစားခဲ့သည်။ သစ်တောများသာမက အခြားသော တွင်းထွက်များကိုလည်း စိတ်ကြိုက် ထုတ်ယူခဲ့သည်။ ထိုထုတ်ယုရရှိသမျှ ငွေကြေးများကို ကချင်လူထုအတွက် အသုံးမပြုခဲ့ပါ။ KIA ဌာနချုပ် နှင့် လိုင်ဇာ ရှိ KIA ပိုင် အဆောက်အအုံများ၊ စစ်လက်နက်ပစ္စည်း တပ်ဆင်မှုများအတွက်သာ အသုံးပြုခဲ့သည်။ ယုခုမခါတွင် KIA က ထုတ်ယူသုံးစွဲမှုကြောင့် ကချင်ပြည်တွင်းမှ သစ်တောများ ကုန်သလောက်နီးပါး ရှိနေပြီဖြစ်သလို ယင်းမှရရှိသော ငွေကြေးများဖြင့် ကချင်လူထုအတွက်မသုံးသည့်အပြင် ယင်းမှရရှိထားသော လက်နက်များဖြင့် ကချင်လူထုသွားလာနေသည့် တံတား ၁၅ စင်းကျော်ကို ဖျက်ဆီးခဲ့သည်။ တာပိန်ရေအားလျှပ်စစ်စီမံကိန်းကို KIA ဒွန်ဘုံ စခန်းမှနေ၍ လက်နက်ကြီးများဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်း၊ တာပိန် ရေအား လျှပ်စစ် စီမံကိန်းနှင့် ၄င်းသို့ ဆက်သွယ်သည့် လမ်းကြောင်းအား ခြိမ်းခြောက်ခြင်း၊ ရေအား လျှပ်စစ် စီမံကိန်းမှ ဗန်းမော်ခရိုင်သို့ သွယ်တန်း ထားသော တာဝါတိုင်များအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်းများကို လည်း ဖျက်ဆီးလိုစိတ် သက်သက်ဖြင့် လုပ်ဆောင်ခဲ့သည်။ တံတားဆောက်သူက မှန်လား၊ တံတားဖျက်သူက မှန်လား ဆိုသည်ကိုတော့ လူတိုင်း သတိပြုနိုင်သည်။
မြစ်ကြီးနားမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလေဂျွန်ငန်ဆိုင်း၊ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးရားဝမ်းဂျုံ တို့ဖက်မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ကချင်ပြည်သူတို့ဘဝ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ၊ တာဝန်ရှိသူများဖြင့် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့သော်လည်း KIA ဖက်မှ ဘာကိုမှလက်မခံပဲ စစ်ကိုသာ လိုလားလျှက်ရှိနေသည်။ အခြေအနေအရပ်ရပ်အတွက် ခါးစည်းခံနေရသော ကချင်ပြည်သူများက KIA ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ကာ ရှုံ့ချပွဲများကို မြစ်ကြီးနားမြို့မှ စပြီး လုပ်ဆောင်လာကြတော့သည်။ ကချင်ပြည်နယ်ဝန်ကြီးများ ဦးစီးခဲ့ကြပြီး တက်ရောက်လာသူ အားလုံးက KIA ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ကြောင်းနှင့် KIA ၏ အဖျက်သဘော လုပ်ရပ်များကို ရှုံ့ချကြောင်း ကို တခဲနက် ထောက်ခံခဲ့ကြသည်။ အစည်းအဝေးများတွင် စည်း​လုံး​ညီညွတ်​ရေး​နှင့်​ ဒီမိုက​ရေစီပါတီ၊​ ပြည်ထောင်စု ကြံ့​ခိုင်​ရေးနှင့် ဖွံ့ဖြိုးရေး ​ပါတီတို့​မှ စည်း​ရုံး​ရေး​မှူး​များ၊​ အစိုး​ရဌာနဆိုင်ရာမှ အရာရှိ​များ တက်​ရောက်ခဲ့​ကြ​ကြောင်း​ မြစ်ကြီး​နား​မြို့ခံများက တဆင့် သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၇ဲ့  ဒီကနေ့  အိပ်ဖွင့် ပေးစာကို  ဖတ်မိတော့   ငဘဘာတွေး မိသလဲ ဆို၇င်  ငဘတို့ 
အိမ်ဘေးနားက     မိသားစုလေးကို  သွားတွေးမိသဗျ။
အမှန်တော့   အဲ ဒီအိမ်က  အကြောင်းအမျိုးမျိုးကြောင့် ပေါ့။မိသားစုထဲ မှာ  ၇န်တွေ ဖြစ်နေကြတာ။ဒါကို  ၇ပ်
၇ွာတကာ  နာမည်ကျော်တဲ့   ၊စပ်စုဒေါ်ပုမ  က  ဘာပြောသလဲ ဆို၇င်
အမလေး ဟယ်   မိဘတွေက   ငါ့ လောက် သာ  တက်သိ၇င်  ၇န်ဖြစ်စ၇ာမ၇ှိပါဘူးအေ။
ဘယ်နှယ်အေ   ဒါလေးတော့   ဒေါ်ပုမတို့  ပိုင်ပါတယ်ဆိုလား  ။
အထင်ကြီးမလို့   ဒေါ်ပုမကို  ကြည့် တော့   သူမကိုယ်တိုင်က  ၇ပ်၇ွာက  အော်ကြော်လန်။
သူကြီးတွေက  မသက်သာလို့ လွတ်ထားတာ။သိတယ်မလား။သတင်းတခု  ဆို  ဒေါ်ပုမ က အ၇င်သိတယ်
လေ။ဒါကို ပဲ  သူမ  က  ဘ၀င်လေဟပ်နေ၇ှာတယ်။
ဒါကိုတွေးမိတော့   ငဘတွေးမိတာက  သြော်    နှမ်းဖြူးပြန်ပြီလို့ ...........။
၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်
အိတ်ဖွင့်ပေးစာ
(၁)
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
(၂)
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)
(၃)
ကရင်အမျိုးသားအစည်းအရုံး(KNU)
(၄)
မွန်ပြည်သစ်ပါတီ(NMSP)
(၅)
ရှမ်းပြည်တပ်မတော်(SSA)
ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၂၈) ရက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစုများနှင့် ပေါင်းစပ်ဖွဲ့စည်း ထားသော နိုင်ငံ ဖြစ်ပါသည်။ ယင်းတိုင်းရင်းသား အားလုံးသည် နှစ်ပရိစ္ဆေဒ များစွာကပင် တမြေတည်းနေ တရေတည်းသောက် အတူနေထိုင် ခဲ့ကြသော ညီအစ်ကို မောင်နှမများ ဖြစ်ကြပါသည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးစုများ အားလုံး ချစ်ကြည်ရင်းနှီး သွေးစည်း ညီညွတ်ရေးသည် အလွန် အရေးကြီးပါသည်။
ယခုအခါ ကချင်၊ ရှမ်း၊ ကရင် နှင့် မွန် စသည့် ပြည်နယ်များတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိကြောင်း ကြားသိ နေရပါသည်။ ယင်း ပဋိပက္ခ များကြောင့် သေကြေဆုံးရှုံး ပျက်စီးမှုများ ဝမ်းနည်းဘွယ်ရာ ဖြစ်ပွားလျက် ရှိသည့်အပြင် တန်ဖိုး ကြီးမားသည့် နိုင်ငံပိုင် အဆောက်အဦများ၊ စီမံကိန်း လုပ်ငန်းများ၊ ယိုယွင်း ပျက်စီးမှုများ ကြုံတွေ့နေရ ပါသည်။ ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေကြ သည့်အပြင် အိမ်နီးချင်း နိုင်ငံများကိုပါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ် ရှိနေပါသည်။
ယင်းပဋိပက္ခများနှင့် ပြဿနာများကို အင်အားသုံး၍ ဖြေရှင်းကြမည် ဆိုလျှင် နှစ်ဦးနှစ်ဘက် အကျိုးဆုတ်ယုတ် မှုများသာ ဖြစ်ပေါ်ပါမည်။ အမျိုးသား ရင်ကြားစေ့ရေးကို စစ်ရေးနည်းများဖြင့် တည်ဆောက်၍ မရနိုင်ပါ။ နိုင်ငံရေး နည်းလမ်း ဖြစ်သော ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက် သွားကြရမည် ဖြစ်ပါသည်။ နိုင်ငံရေး အရ ညှိနှိုင်း ဖြေရှင်း နိုင်ကြမှသာလျှင် ပြည်ထောင်စုကြီး အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသာ သွေးစည်းညီညွတ်မှုကို ရရှိမည် ဖြစ်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေး ပြေလည်မှု မရရှိလျှင် ပြည်တွင်းစစ်မီး ဟူသည် ကျယ်ပြန့် သွားနိုင်သည့် အန္တရာယ် ရှိတတ်ပါသည်။
ပြည်ထောင်စုသား အချင်းချင်း အကြား ဖြစ်ပေါ်နေသော ပြဿနာများကို တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်လေးစားမှု တို့ဖြင့် ဖြေရှင်းကြမည် ဆိုလျှင် ပြေလည်မှု ရရှိကြပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်း တည်ငြိမ်မည် ဖြစ်ပါသည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်း တည်ငြိမ်မှသာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
သို့ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ အားလုံး၏ အကျိုးစီးပွား များကို ရှေးရှု၍ ယခု ဖြစ်ပွားနေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်း ကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ပါသည်။
အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင် ကြိုးပမ်းပေးရန် အသင့်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်
အနှစ် ၂၀ ကျော် အော်လာတာ ဘာလို့ခုထိ မအောင်မြင်ရတာလဲ ဆိုတာကတော့.. အော်နေရင်းအိပ်ပျော်သွားလို့ပါ... ခုလည်း နောင်လာနောက်သားတွေ ဆက်ပြီး အော်လိုက် အိပ်လိုက် လုပ်နေကြတုန်းပါပဲ....
ဇုလိုင်လ ၂၅ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်စုကြည်နှင့်တို့ ဆွေးနွေးပွဲ အပြီးတွင် နှစ်ဘက်စလုံးက အပြုသဘော ရှုမြင်ပြီး ကျေနပ် အားရမှု ရှိကြောင်း၊ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြထားတာကို တွေ့ရှိရတဲ့ အတွက် နိုင်ငံသား တစ်ယောက် အနေဖြင့် မှန်ကန်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဖော်ဆောင် နိုင်ရေးကို မျှော်တွေးလို့ လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ သို့သော်လည်း အချို့သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်း တစ်ချို့က မလိုလား မနှစ်မြို့သော အသံများဖြင့် ပြောဆို ဝေဖန်နေမှုများ၊ အပျက်သဘော ဆောင်သည့် ပြောဆိုနေမှုများ ရှိသည်ကိုလည်း တွေ့ရှိရသဖြင့် နိုင်ငံရေးကို ခုတုံးလုပ် ကိုယ်ကျိုးရှာ လိုသူတွေ ရှိနေသေးတာကို တွေ့ရပြန်ပါသည်။
နိုင်ငံတော်ဘက်က သဘောထား ကြီးစွာဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပေးခြင်းကို ဒေါ်စုကြည် ဘက်က မှန်မှန်ကန်ကန် တွေးခေါ်တတ်ပြီး မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ပြီး သူမနှင့် သူုမ၏ ပါတီအတွက် ခိုင်မာသည့် ရပ်တည်မှု တစ်ခုကို တရားဥပဒေနှင့် အညီ လုပ်ဆောင် သွားမည်ဟု ဆုံးဖြတ်နိုင်မည် ဆိုလျှင် နိုင်ငံတော်က ဖော်ဆောင်နေသည့် ဒီမိုကရေစီ လမ်းစဉ်တွင် ပူးပေါင်းပါဝင် လာမည့် လမ်းစပေါ် ရောက်ရှိ လာနိုင်သည်ဟု သုံးသပ်နိုင် သော်လည်း နည်းမှန်လမ်းမှန် မစဉ်းစား မသုံးသပ်ပဲ အတ္တကိုသာရှေ့တန်းတင်ပြီး ထိပ်တိုက်ရင်ဆိုင်ရေးကိုသာ ဆက်လက် စွဲကိုင်ထားမည် ဆိုပါက ဒေါ်စုကြည်နှင့် NLD တို့အတွက် စစ်မှန်သည့် ဒီမိုကရေစီတို့မှာ ပိုပြီးဝေးကွာ သွားနိုင်ပါသည်။
ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးမှုကသာ ဒေါ်စုကြည် အစဉ်အမြဲ ပြောဆိုနေသည့် အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်နိုင်မှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ယခုကဲ့သို့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု လုပ်ငန်းတွေကို အင်တိုက် အားတိုက် ဆောင်ရွက် နေချိန်မှာ အမျိုးသား အကျိုးစီးပွားကို လိုလားသူတိုင်းဟာ မိမိတို့ နိုင်ငံနဲ့ လူမျိုးအပေါ် ထားတဲ့ စေတနာမှန်ကို လုပ်ဆောင်မှုနဲ့ သက်သေပြဖို့ အကောင်းဆုံးသော အချိန် ဖြစ်ပါသည်။ ဒီလို သက်သေပြဖို့ ဆိုတာကလည်း နှုတ်ကနေ ပြောနေရုံ၊ စကားလုံး တွေနဲ့ အချိန်ကုန်နေရုံနဲ့ မပြီးပါဘူး။ ဒီမိုကရေစီ နည်းလမ်းကျကျ လက်တွေ့ လုပ်ဆောင်မှုတွေ၊ ဒီမိုကရေစီ လမ်းစဉ် ပိုမို ထိရောက် အောင်မြင်အောင် ပူးပေါင်းပါဝင် လုပ်ဆောင်မှုတွေနဲ့ သက်သေ ပြကြရမှာ ဖြစ်ပါသည်။
နိုင်ငံရေးပါတီ တော်တော် များများဟာ သူတို့တွေရဲ့ စိတ်ရင်းတွေကို နိုင်ငံနဲ့ လူမျိုးရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှု တွေမှာ ပူးပေါင်း လုပ်ဆောင်မှုတွေနဲ့ သက်သေ ပြခဲ့ကြပြီး ဖြစ်လို့ ကျန်ရှိနေသေးတဲ့ နိုင်ငံတော်အပေါ် စေတနာမှန်တဲ့ အခြားသော ပါတီတွေ အင်အားစုတွေ အနေနဲ့ ကလည်း နိုင်ငံနဲ့ လူမျိုးရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုတွေမှာ ပူးပေါင်း ပါဝင်လာဖို့ နိုင်ငံတော် ကလည်း အစဉ်အမြဲ လမ်းဖွင့်ထားပြီး ဖြစ်ပါသည်။
နိုင်ငံတော်ရဲ့ ရှင်းလင်း ပြတ်သားတဲ့ သဘောထားတွေကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ်ရဲ့ သမ္မတကြီး နိုင်ငံတော် တာဝန်ကို စတင် တာဝန်ယူပြီး ပထမဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာလည်း “အထူးသဖြင့် မြန်မာ့ နိုင်ငံရေးမှာ အစဉ်အလာလို ဖြစ်နေတဲ့ အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခ အသွင်ဆောင်တဲ့ အမြင်သဘောထား များကို ကိုင်စွဲခြင်း မပြုဘဲ အမျိုးသား အကျိုးစီးပွား အပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များ အဖြစ် သဘောထား လက်တွဲဆောင်ရွက် သွားကြဖို့လည်း အားလုံးကို တိုက်တွန်း လိုကြောင်း” ဖြင့် အတိအလင်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
နိုင်ငံနဲ့ တိုင်းပြည်အတွက် ပြည်သူပြည်သားတွေ အတွက် အကျိုးပြုဖို့ စဉ်းစားတယ် ဆိုရင် ပြည်သူတွေ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးလမ်း၊ နိုင်ငံတော်က ဖွင့်ထားတဲ့ ပူးပေါင်း ဆောင်ရွက်ရေး လမ်းကြောင်းအတိုင်း လျှောက်လမ်းဖို့သာ အဓိက ဖြစ်ကြောင်း ပြောလိုပါတယ်။ ထို့အပြင် ပြည်သူတွေ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေမယ့် ရလဒ်တွေကို ယခု တစ်ကြိမ် အပါအ၀င် နောက်ထပ် ဆွေးနွေးမှုတွေ ကနေ အမြန်ဆုံး ပေါ်ပေါက်လာစေဖို့ ဆန္ဒပြု လိုက်ရပါသည်။
ဆည်းဆာ
ဒေါ်စုကြည်နဲ့ မြန်မာနိုင်ငံတော်အစိုးရ အလုပ်သမား ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ပြည်တွင်း မီဒီယာများမှာရော ပြည်ပ မီဒီယာများမှာပါ ရှုထောင့်အမျိုးမျိုး ထင်မြင် သုံးသပ်ချက် အသွယ်သွယ်နဲ့ ရေးသား တင်ပြလာတာတွေ၊ ထုတ်လွှင့်လာတာတွေကို တွေ့မြင် ကြားသိလာရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သေသေချာချာ လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ ဒီလို လေ့လာတယ် ဆိုတာကလည်း မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေ အတွက် စဉ်းစားလို့ တိုင်းပြည်ရဲ့ ပွင့်လန်းလာတဲ့ အခြေအနေတွေကို ပြည်သူတွေ သိရှိပြီး ပြည်သူတွေရဲ့ အခြေခံ လူမှု စီးပွားဘ၀တွေအတွက် သွယ်ဝိုက် သက်ဆိုင်နေတဲ့ ဆွေးနွေးခြင်း ညှိနှိုင်း တိုင်ပင်ခြင်းတွေက ထွက်ပေါ်လာမယ့် အကျိုး ရလဒ်တွေအပေါ်ကို မျက်စိ စပါးမွှေး တစ်ထောက်သာ မဟုတ်ဘဲ မျက်စိတစ်ဆုံး မြင်တတ် ကြည့်တတ်ကြဖို့ အရေးကြီးတဲ့ အချိန်ကာလကို ရောက်ရှိနေလို့ အခုလို တင်ပြရခြင်းလည်း ဖြစ်ပါတယ်။
ဦးအောင်ကြည်နဲ့ ဒေါ်စုကြည် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး လုပ်နေတယ်လို့ ခေါင်းစဉ်တပ်ပြီး ဟိုနေရာ လူစုစု လုပ်လိုက် ဟိုအကြောင်းအရာကို နိုင်ငံရေး Issue အဖြစ် ခေါင်းစဉ်တပ်ပြီး ပဏာဝင်ယူလိုက် လုပ်နေတဲ့ ပြည်တွင်းက ကယောင်ခြောက်ခြား အဖွဲ့တွေကတော့ လက်ရှိ မြန်မာ အစိုးရသစ်ဟာ ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အကြပ်အတည်း မျိုးစုံကနေ သက်သာရာ ရစေဖို့နဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားမှုတွေ လျှော့ပါး ရုပ်သိမ်းစေလိုလို့ ပေါ်ထွက်လာတဲ့ နိုင်ငံရေး ကစားကွက် တစ်ခုသာ ဖြစ်တယ်လို့ ဆိုလာကြပြန်ပါတယ်။ ဒါ့အပြင် ဒေါ်စုကြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းတွေ အပေါ်မှာ အခြား အတိုက်အခံ ပြုနေတဲ့ အဖွဲ့အစည်းတွေကို အာရုံပြောင်းစေတဲ့ လုပ်ကွက် တစ်ခုလို့လည်း ယူဆ သုံးသပ်နေတာ တွေ့ရပါတယ်။
ယခုလို ဦးအောင်ကြည်နဲ့ ဒေါ်စုကြည် တွေ့ဆုံဆွေးနွေးမှုဟာ ပြည်သူလူထုအတွက် တိုင်းရင်းသား ညီညွတ်ရေးအတွက် ကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်တယ် ဆိုတာ ထင်ရှားတာကြောင့် ကုလသမဂ္ဂအပါအ၀င် ပြည်ပနိုင်ငံတွေရော ပြည်တွင်းက အဖွဲ့အစည်းတွေကပါ ကြိုဆိုကြ ထောက်ခံကြ ကြည်နူး ၀မ်းသာကြရတဲ့ ကိစ္စအဖြစ် မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေ အပေါ်ထားရှိတဲ့ ဖြူစင်တဲ့ စေတနာ မေတ္တာတွေကို မျက်ဝါးထင်ထင် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီလို ပကတိ အရှိတရားအပေါ်ကို ရိုးရှင်းစွာ မမြင်ဘဲ အမြဲတမ်း အပျက်သဘောဆောင်နေတဲ့ ပြည်တွင်း ပြည်ပက အမျိုးဖျက် သစ္စာဖောက်တွေ အသားထဲက လောက်ထွက်နေတဲ့ မျိုးမစစ်တွေကတော့ ယခု တွေ့ဆုံမှုဟာ ဟန်ပြ တွေ့ဆုံမှုသာ ဖြစ်တယ်။ ဘာမှ အကျိုးသက်ရောက်မှု မရှိဘူး။ လှည့်ကွက်တွေသာ ဖြစ်တယ်။ ဒေါ်စုကြည်က မြန်မာနိုင်ငံတော် အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို တွေ့တာပဲ အလှည့်စားခံနေရသလို ထင်ရာမြင်ရာ ယူဆချက်တွေနဲ့ ၀ါဒဖြန့်နေတာတွေကို တွေ့ရတော့ သူတို့ ပြောမှ လုပ်မှပဲ ဒေါ်စုကြည်လည်း သူငယ်နပ်စား ကလေးသာသာ ဖြစ်သွားတော့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အထိအခိုက် ကင်းစွာနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ်ကို ကမ္ဘာက လက်ခံနေရတဲ့ အခြေအနေကို ရရှိနေပါပြီ။ ဒီထက် တစ်ဆင့်တက်လို့ ပြောင်းလဲလာတဲ့ ဒီမိုကရေစီ စနစ်နဲ့ အညီ ပြည်သူတွေက အဲဒီ အပြောင်းအလဲတွေနဲ့ အတူ တိုးတက်တဲ့ လူမှုဘ၀၊ အေးချမ်းတည်ငြိမ်တဲ့ အရသာတွေကို လက်တွေ့ကျကျ ခံစားကြနိုင်ဖို့ ပြည်သူတွေရယ် အစိုးရရယ် နိုင်ငံရေးအတွက် ကိုယ်ကျိုးစွန့်နေကြတဲ့ သူတွေရယ် စိတ်တူ ကိုယ်မျှ ပြေပြေလည်လည် ပူးပေါင်း ဆောင်ရွက်ကြရင်ဖြင့် ကျွန်တော်တို့ နိုင်ငံတော်ကြီးနဲ့ မြန်မာပြည်သူအားလုံးရဲ့ လိုအင်ဆန္ဒဟာ အချိန်တိုအတွင်းမှ ပြည့်ဝလာမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မင်းချင်း
ဒီတစ်ပတ်တော့ အခြားသောပုဂ္ဂိုလ်များနှင့်တွေ့ဆုံခြင်းမပြုတော့ပဲ Voice Of Myanmar ၏ ပင်တိုင်စာရေးသူ ဆရာကိုဆိတ်ဖွားနှင့်တွေ့ဆုံ၍ လတ်တလောနိုင်ငံရေးအခြေအနေများအပေါ် သူ၏အမြင်များ ကို မေးမြန်း ခဲ့ပါသည် ။
မေး ။  ။ ခုဒီရက်ပိုင်းအတွင်းရေပန်းစားနေတာကတော့ ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်စုတို့ တွေ့တဲ့ သတင်းပေါ့ ဗျာ.. တချို့ကလည်း အရင် ၉ ကြိမ်တွေ့ထားတယ် ဘာမှထူးလာမှာမဟုတ်ဘူး ၊ တချို့ကတော့ ထူးခြားမှုရှိတယ်ပေါ့လေ..ဒီအပေါ်ဆရာ့အမြင်လေး..ပြောပေးပါဦး..
ဖြေ။   ။ တိုတိုပြောရရင်တော့ ထူးတယ်လို့ပြောရမှာပေါ့....ဘာထူးလဲမေးရင်တော့ ဖြေစရာတွေကအများ သားလားမောင်ရင်ရ ၊ ဥပမာတစ်ခုပြောရရင် သူတို့ဘယ်နေ့တွေ့မယ် ဆိုတာကြိုပြီးပြောတယ်၊ ပြီးတာနဲ့ ဘာဆွေးနွေးတယ်ဆိုတာ ချက်ချင်းသတင်းထုတ်တယ် သတင်းသမားတွေကိုကြိုပြီးဖိတ်ကြားထားတယ် ၊ မေးခွန်းတွေအနည်းအကျဉ်းဖြေသွားတယ်..ဒါကိုက အရင်ကထက်စာရင်ထူးခြားနေတာပဲမဟုတ်လား..
မေး ။   ။ ဒါကတော့ အသွင်သဏ္ဍာန်အပိုင်းပေါ့ဆရာရယ် တကယ့်အနှစ်သာရပိုင်းမှာရော ထူးခြားလာနိုင်ပါ့မလား...
ဖြေ ။     ။ ဒီနေရာမှာ အနှစ်သာရဆိုတာဘာလဲဆိုတာ မောင်ရင့်ကိုပြန်မေးရမလိုဖြစ်နေတယ်..မောင်ရင် ဆိုလိုတာက အစိုးရနဲ့ NLD ပေါင်းစည်းသွားရင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဖြစ်မယ် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်တွေရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရမယ် ၊ မြန်မာပြည်ကြီးနေ့ချင်းညချင်းတိုးတက်သွားမယ် ဒါတွေဖြစ်မဖြစ်ကို ဆိုလိုတာလား... ဒါကိုဆိုလိုတာဆိုရင်တော့ မောင်ရင်ထင်တာတွေမှားနေပြီ..ခါးတောင်းကျိုက်တခြား ဟိုဟာတခြားဆို သလိုဖြစ်နေပြီလို့ပဲပြောချင်တယ်ကွာ.....
မေး ။   ။ ဘာလို့လဲဆရာ
ဖြေ ။    ။ မောင်ရင်ရိုးရိုးလေးပဲစဉ်းစားကြည့်လေ..NLDဆိုတာ သူ့ပါတီသူတောင် စည်းရုံးထားနိုင်တာမဟုတ်ဘူး ၊ သူ့ပါတီကခွဲထွက်သွားသူတွေကိုတောင် ပြန်မစည်းရုံးနိုင်တာ တစ်တိုင်းပြည်လုံးစည်းရုံးနိုင်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား  ၊ နိုင်ငံရေးပါတီကို နိုင်ငံရေးပါတီနဲ့တူအောင် မလုပ်နိုင်ဘူး ၊ လူမှုရေးလုပ်တာလိုလို ၊ ပညာရေးလုပ်တာလိုလို ဟိုဟာလိုလို ဒီဟာလိုလို ဖြစ်နေတာ ၊ ပါတီခေါင်းဆောင်တွေကိုလဲကြည့် မာမာချာချာတစ်ယောက်မှမရှိဘူး ဥက္ကဌ ရဲ့အခန်းကဏ္ဍက ဘာမှန်းမသိဘူး ၊ ဒုဥက္ကဌ ကလည်း အထွေထွေ အတွင်းရေးမှူးရဲ့ နောက်လိုက်လိုလိုဘာလိုလို ၊ ဦးဝင်းတင်ကိုလဲကြည့် ဆေးရုံမှာ ၊ ဦးဥာ ဏ်ဝင်းတို့ ဦးဝင်းတင်တို့ရဲ့ ဥပဓိတွေကိုလည်း ကြည့် ခေါင်းဆောင် ဖြစ်မယ့်ဥပဓိမျိုးကိုမရှိဘူး.... နောက်ရှိသေးတယ် CRPP က ဦးအေးသာအောင်ဆိုတာ သူ့အသံနားထောင်ရတာနဲ့တင်ဘေးကလူက အလိုလိုမောလာတယ် မောင်ရင်မယုံရင်ဒီလူ့အသံကို နားထောင်ကြည့်....  ပြောချင်တာက ဒီပါတီဟာ ဒေါ်စုတစ်ယောက်ကိုပဲ ဗဟိုပြုပြီး လှုပ်ရှားနေတာတွေ့ရတယ်.. ခုချိန်ထိ ရုံးအပိုင်မရှိဘူး အငှားနဲ့နေနေရတယ် ဒီလိုပါတီမျိုးနဲ့ပေါင်းလို့ ခုန အပေါ်က ဟာတွေဖြစ်လာမယ်ဆိုတာ လက်တွေ့မှာဘယ်လိုမှဖြစ်မလာနိုင် တဲ့ကိစ္စမျိုးပဲ.. ..
မေး ။   ။ ဒါဆိုအစိုးရက ဘာလို့အရေးတယူလုပ်ပြီးတွေ့နေရတာလည်းဆရာ...
ဖြေ ။   ။ တိုတိုပြောရရင်တော့ NLD ပါတီဟာ နတ်ဆိုးနဲ့တူတယ်ကွ ..သူကကောင်းအောင်တော့ ဘာမှမလုပ်ပေးနိုင်ဘူး..ဒါပေမယ့်ဒုက္ခတော့ပေးနိုင်တယ် ဒါကြောင့်အစိုးရက တွေ့နေရတာပေါ့ကွာ..
မေး ။    ။ ဒီထက်ရှင်းအောင် ဥပမာလေးနဲ့လုပ်ပါဦးဆရာ..
ဖြေ ။   ။မောင်ရင်စစ်တုရင်ကစားဘူးတယ်မဟုတ်လား.. နိုင်ငံရေးဆိုတာ စစ်တုရင်ထိုးသလိုမျိုးပဲမောင်ရင်ရ  မဖြစ်တဲ့အဆုံးမှာသရေကျတာ မျိုးဖြစ်သွားပေမယ့် တစ်ကယ်တော့ တစ်ဖက်နဲ့တစ်ဖက်အနိုင်တိုက်နေကြတာပါဘဲ. .မောင်ရင်မြင်သာအောင်ပြောရရင် လက်ရှိအစိုးရက ဘုရင်ရုပ်နဲ့တူတယ် သူကပွဲမှာအရေးပါတယ် သူမရှိရင်မရဘူးဆိုပေမယ့် သူ့ကိုဝန်းရံထားတဲ့ ဘုရင်မတို့လို ရထားတို့လို ပါဝါရှိတဲ့ နယ်ရုပ်တွေနဲ့ဟန်ချက်ညီလုပ်နေရတယ်  ဆိုလိုတာက လက်ရှိအစိုးရဟာ   ရုရှား ၊တရုပ်တို့လို အင်အားရှိတဲ့နိုင်ငံတွေ ၊  အာဆီယံလိုဒေသ တွင်း နိုင်ငံတွေ ပြည်တွင်းက တပ်မတော် ပြည်သူ စတဲ့ အင်အားတွေကို ဟန်ချက်ညီသုံးပြီး သူ့ရဲ့ နိုင်ငံရေး စစ်တုရင်ကစားကွက်ကိုရွှေ့နေတယ် ...
မေး ။  ။ ဒါဆို NLD ကရောဆရာ..
မေး ။   ။ ဒါဆိုအနာဂတ်အလားအလာ ဘယ်လိုဖြစ်လာနိုင်မလဲဆရာ..
ဖြေ ။   ။ တစ်ဘက်အသင်းကနယ်ရုပ်ကလေးဟာ အခြားတစ်ဘက် အသင်းနဲ့ ပေါင်းသွားတယ် လို့ မောင်ရင်ကြားဘူးလို့လား....Game rules အရပေါင်းသွားလို့ ရကိုမရဘူး ၊ ပေါင်းသွားရင်လည်း ဂိမ်းကပျက်ပြီလေ... ဟုတ်တယ်မဟုတ်လား တစ်ခါ တစ်ဘက်အသင်းအနေနဲ့ကလည်း နယ်ရုပ်တစ်ရုပ်ကို ထိန်းလို့မရတော့ဘူး ၊ ဒါမှမဟုတ် ထိန်းထားလို့ ဘာမှအကျိုးမရှိတော့ဘူးဆိုရင် အဲဒီနယ်ရုပ်ကိုထိုးကျွေးပြီး အခြားနယ်ရုပ်လေးတစ်ရုပ်ကို ထပ်ပြီးအသက်သွင်းရ မှာမဟုတ်ဘူးလား..
 အစိုးရဘက်ကကြည့်ရင်လည်း တစ်ဘက်အသင်းရဲ့နောက်ထပ်ပွန်းအသစ် တစ်ကောင်ကို အခင်းအကျင်းအသစ်နဲ့ ထပ်ပြီးထိန်းရမယ့်အတူတူ focus မိပြီးသားနယ်ရုပ်ကလေးကိုဘဲ ဆက်ပြီးထိန်းထားတာက သူ့အတွက်ပိုကောင်းတယ်ဆိုတဲ့ အယူအဆမျိုးလဲ ရှိနိုင်တယ်မဟုတ်လား... ဒါပါပဲမောင်ရင်ရာ.. ပိတ်ကားပေါ်မှာ ဆက်ကြည့်ရမယ့် ကိန်းပါပဲ...
မေး ။   ။ ဟုတ်ကဲ့ဆရာ ရှင်းသလောက်ဖြစ်သွားပါပြီ... အချိန်ယူပြီးရှင်းပြပေးတဲ့အတွက် လဲ ကျေးဇူးတင်ပါတယ် ဒါနဲ့ဆရာ.. ဆရာဘယ်သူဘယ်ဝါဆိုတာ ကျွန်တော့်အမေးအဖြေလေးမှာ အရိပ်အမြွတ်လောက် ထည့်ရေးလို့ရမလားဆရာ...
ဖြေ။   ။ မလုပ်ပါနဲ့ မောင်ရင်ရယ်...အချိန်မတန်သေးဘူးမဟုတ်လား..အချိန်တန်တော့လဲ ပြောကြ ဆိုကြတာပေါ့  ဒီလောက်နဲ့ ပဲကျေနပ်ပါကွာ...ပြီးတော့လဲ ပြီးသွားမှာပါပဲ မောင်ရင် ရာ  .....
Voice Of Myanmar
၂၆  ၇က်နေ့  ပါ   ပိတောက်မြေမှာ  ဖော်ပြထားတဲ့   သတင်းလေးကို  နှစ်ချိုက်သဘောကျမိသပေါ့ဗျာ။ခေါင်း
စဉ်မှာ  ဘာတဲ့ 
Myanmar, Burma နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး   
ဆိုပဲ။ဒေါ်အောင်ဆန်းစုကြည်  ကတော့     ၇ုပ်တည်နဲ့    ဘားမားပဲ   ခေါ်မယ်လုပ်နေပါတယ်။မေး
ကြည့် ပါဦး  တနိုင်ငံလုံးကိုလည်း    ဗမာနိုင်ငံလို့ ခေါ်နေသလား၊ဒါမှမဟုတ်   မြန်မာနိုင်ငံလို့ ခေါ်
နေတာလားလို့ ပေါ့။ထောင်ကျတာမှ မဟုတ်တာ   ။အကျယ်ချုပ်ဆိုတော့   ဘာပဲပြောပြော  အဲ
လောက်ကြီးတော့   ပတ်ဝန်းကျင်နဲ့   အဆက်အသွယ်မပြတ်တန်ကောင်းပါဘူး။ ဆောင်းပါးမှာ
လည်း   ချက်ကျကျ  ဖြေ၇ှင်းထားပါတယ်။ ငဘ  သိချင်တာက   ပြသနာဖြစ်လာ၇င်  ၇လဒ်တခု
တော့ ထွက်ကိုထွက်၇မယ်  မဟုတ်လား။ကိုယ်တိုင် မီးမွေးထားတဲ့    ပြသနာကို   ပေါ်ပြူလာဖြစ်
၇ုံနဲ့  တော့   ဘယ်၇မလဲ ။ဆုံးအောင်တော့   လုပ်စေချင်တာ  ငဘ စိတ်ထဲ ကပါ။သူလုပ်သမျှအ
စိုး၇   ပြန်ပြန်ဖြေ၇ှင်းနေ၇တာ   အလုပ်တော့ မဟုတ်တန်လေဘူး။နောက်မှန်တာပြောတာလား
ဆိုတော့ လည်း   ဟင်အင် ။ဒီတော့    ငဘမပြောနဲ့   သူ့ ကို  ချစ်ပြီး  အမေစုလို့  ခေါ်ခေါ်နေတဲ့ 
သူတွေ ကို တော့   သနားမိတာ   အမှန်ပဲဗျ။
နောက်လုပ်သေးတယ်။တပ်မတော်နေ့  ဆိုပြီး  မ၇ှိတန်ပါဘူးတဲ့ ။တော်လှန်ေ၇းနေ့ ကို  တပ်မ
တော်နေ့ ဆိုပြီးလုပ်ထားတာပါတဲ့ ။ မယုံ၇င်    မြတ်လေးငုံ  ဘလောနဲ့   ပိတောက်မြေ  ဘလော
တို့ မှာ   မတ်လ (၂၇)၇က်နေ့ ကေ၇းတဲ့  သတင်းမှာ  ပါပါတယ်။၇ုပ်တည်ကြီးနဲ့   တံဆိပ်ခေါင်း
ကိုတောင်  ဟန်ပါပါနဲ့   ဒေါ်မြတ်လေးငုံက  လုပ်ခဲ့ ပါသေးတယ်။ဒီသတင်းကိုသာ  သမိုင်းကိုသေ
ချာမသိတဲ့   ကလေးသူငယ်တွေ  ဖတ်မိ၇င်  မခက်လေလော   ဟု  ငဘစဉ်းစားမိတယ်ဗျာ။
ဒီသတင်းလည်းထွက်ေ၇ာ  အစိုး၇ကပြန်ပြီးပြော၇ပြန်တာပေါ့။မပြောလို့ လည်းမ၇ဘူးလေ။ဒါကို
သာ  ပြည်သူတွေ  တကယ်ထင်၇င် မခက်ပေဘူးလား။အစိုး၇ဘက်က  ခုနှစ်နဲ့ ကို  ချက်ကျကျ
ပြန်လည်ဖြေကြားထားတာကို    ပိတောက်မြေ  ဘလော  မတ်လ(၂၈)၇က်နေ့ ပါသတင်းမှာ
  တပ်မတော်နေ့ ကို ဘယ်သူ့ သတ်မှတ်ခဲ့ တာလဲ   ဆိုတဲ့  သတင်းမှာ  အကျယ်ဖတ်နိုင်ပါတယ်။
 ဒါကတော့ မှတ်တမ်းလေးပေါ့ဗျာ။ ဘယ်နဲ့ တုန်း ဗျ။ဒါတောင်  ဗိုလ်ချူပ်သမီးက   ဖေဖေထောင်ထားတဲ့ 
အဖွဲ့ အစည်းဆိုပြီးပြောသေးသဗျ။ဗိုလ်ချူပ်ကို  မလေးစားလို့  မဟုတ်ပါဘူး။ငဘ(၁၀)တန်းမှာသင်ဖူးတဲ့ 
သိင်္ဃသူ့ သမီးကျောက်စာ  က  တကယ်ဆို  ဒေါ်အောင်ဆန်းစုကြည်  ဖတ်သင့် တယ်ထင်သဗျ။ဆိုလို တာ
က  ငါစွဲကြီးတာပြောတာပါ။
ကဲ ဒါဆို  ဒေါ်အောင်ဆန်းစုကြည်  ကို တွေ့ ၇င်   မေးကြည့် ချင်တယ်။တော်ပါတော့လို့ ။ခင်ဗျာပြောတာတ
ခုမှလည်းမဟုတ်ဘူးလို့ ပေါ့။ဘယ်နဲ့ ဗျာ။အဟုတ်မှတ်လို့ နားထောင်နေတာ။မြန်မာနိုင်ငံကို  ဘားမားလုပ်
ချင်တယ်ပြောလို့ ပြော၊တပ်မတော်နေ့  က  တကယ်တော့ တော်လှန်ေ၇းနေ့ လို့ ဆိုလို့ ဆို။ငဘဒီအချိန်မှာ
ဘာကို   တွေးမိသလဲဆိုတော့    ကျွန်ယုံတော့   တဖက်ကမ်း၊သားသမီးယုံတော့   စုံလုံးကမ်းဆိုတာလေးပဲ
ကြားယောင်မိတော့ တယ်ဗျာ။။။။
ပြဿနာအစ
ဒီကနေ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေထဲမှာ မြန်မာနိုင်ငံရဲ့ အမည်ကို အင်္ဂလိပ်လို ရေးတဲ့၊ ပြောတဲ့အခါ Myanmar လား Burma လား ဆိုတဲ့ ကိစ္စဟာလည်း အတော် ရှေ့တန်း ရောက်ပါတယ်။ ဒီပြဿနာဟာ န၀တ လက်ထက်မှာ မြန်မာစကား အသံထွက်များကို အင်္ဂလိပ်လို အသံထွက်နဲ့ ရေးထားတဲ့ စာလုံးပေါင်းတွေ ပြင်တယ်။ ဒီအခါမှာ အင်္ဂလိပ်က Burma လို့ ရေးတာကို မြန်မာ အသံထွက်နဲ့ အညီဖြစ်အောင် Myanmar လို့ပြင်တယ်။ ဒီလိုပဲ ရန်ကုန်ကို အင်္ဂလိပ်က Rangoon လို့ စာလုံး ပေါင်းခဲ့တာကို Yangoon လို့ပြင်တယ်။ အဲဒီလို ပြင်လိုက်တဲ့ မြို့အမည်၊ နေရာဒေသ အမည်တွေ အများကြီးပါပဲ။ ဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရက ဒီလိုပြင်တာကို လက်မခံဘူး၊ သူကတော့ Burma လို့ပဲ သုံးမယ်လို့ လူသိရှင်ကြား ပြောခဲ့တယ်။ နိုင်ငံတကာ သတင်း ဌာနတွေနဲ့ တွေ့တဲ့ အခါမှာလည်း Burma လို့ပဲ သုံးပြီး ပြောတယ်။ အဲဒီ အခါမယ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံများ၊ သြစတေးလျ၊ ကနေဒါလို နိုင်ငံများကလည်း Burma လို့ဆက်သုံးပြီး စစ်အစိုးရကို အသိအမှတ် မပြုဘူးဆိုတဲ့ Political Message ကို ဖော်ထုတ်လာ ကြတယ်။ ဒီလိုနဲ့ Myanmarလား Burma လား ဆိုတာဟာ စစ်အုပ်စုကို ထောက်ခံသလား၊ ဆန့်ကျင်သလား ဆိုတဲ့ ပေတံတစ်ခု ဖြစ်လာခဲ့တယ်။
အသံထွက်ပြဿနာ
ကျွန်တော်ဟာ ဘာသာစကား ပညာရှင် မဟုတ်သလို၊ သမိုင်း ပညာရှင်လည်း မဟုတ်ဘူး။ ဒါ့ကြောင့် Myanmar လား Burma လား ဆိုတဲ့ကိစ္စကို လက်တွေ့ လက်လှမ်းမီတဲ့ အခြေအနေနဲ့ လက်တွေ့ကျတဲ့ ရှုထောင့်ကပဲ သုံးသပ်ချင်ပါတယ်။ တကယ်တော့ Burma ဆိုတာဟာ အသံထွက် ပြဿနာသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်တွေက နိုင်ငံခြား တိုင်းပြည်တွေရဲ့ အမည်တွေ၊ အခေါ်အဝေါ်တွေကို မြန်မာ ဘာသာနဲ့ ရေးတဲ့အခါ ကိုယ်အသံလှယ်ပြီး ထွက်တတ်သလို ထွက်ခဲ့ကြတာပဲ။ ဥပမာ Paris ကို ပဲရစ်လို့ရေးခဲ့ ( အခုတော့ ပါရီ ဖြစ်ပြန်ပေါ့) Newyork ကို နယူးယောက် (တကယ့် အသံထွက်က နူးယော့ ဆိုရင် ပိုနီးစပ်ပါတယ်။) လို့ရေးခဲ့ကြတာပါ။ ဒီလိုပဲ အင်္ဂလိပ် ရောက်လာတော့ ဗမာလူမျိုးကို ကုလားတွေက ဗရမာလို့ခေါ်တာကို စွဲပြီး Burma လုပ်ခဲ့ပါတယ်။ (ဂျပန်ကတော့ ဘိရုမာပေါ့) ဒါ့ကြောင့်လည်း ပုသိမ် ကို Bassein ပဲခူး ကို Pegu ပြည်ကို Prome ၊ အင်းဝကို Ava စသည်ဖြင့် သူတို့ ခေါ်တတ်သလို ခေါ်ပြီး မြေပုံတွေ ထုတ်ခဲ့တာပါ။ နောက်ပြီး အုပ်ချုပ်ရေး လုပ်တဲ့အခါမှာ ဗမာလူမျိုး အများစုနေတဲ့ မြေပြန့် ဒေသတွေကို Proper Burma ( နောင် Ministerial Burma) လို့ ခေါ်ပြီး တောင်တန်း ဒေသတွေကိုတော့ (Frontier Areas) သို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီတုံးက ရုံးသုံး ဘာသာ စကားဟာ အင်္ဂလိပ် ဘာသာစကား ဖြစ်လို့ တရားဝင် စာတွေမှာလည်း Burma လို့ပဲ သုံးခဲ့ပါတယ်။
မြန်မာနိုင်ငံကို မသိမ်းခင်ကတော့ အင်္ဂလိပ်တွေက မြန်မာဘုရင်များနဲ့ ဆက်ဆံရာမှာ နန်းမြို့ တည်ရာနေရာကိုပဲ အစွဲပြုပြီး ခေါ်ပါတယ်။ အိန္ဒိယ မဟာရာဂျာ စော်ဘွားတွေကို ခေါ်တဲ့ပုံစံမျိုးပါ။ ဒါ့ကြောင့် Kingdom of Ava, Kings of Ava, Kingdom of Amarapura လို့ပဲ သုံးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါတောင် တကယ်တော့ မြန်မာနိုင်ငံကို စရောက်ခဲ့တဲ့ ပေါ်တူဂီတွေက စပြီး ကုလားတွေခေါ်တဲ့ ဗရမာကို အခြေခံပြီး ဥရောပတိုက်သားများက ကျွန်တော်တို့ နိုင်ငံကို ခေါ်ခဲ့ကြတဲ့ စာလုံးပေါင်းများကို အခုလို တွေ့နိုင်ပါတယ်။
၁။ Bermah (Earliest European maps as old as 18th century spelled Burma with an 'e'.)
၂။ Birmah (Charles Thomson map of 1827)
၃။ Brama (Thomas Kitchin's map of 1787)
၎။ Burmah (Samuel Dunn's map 1787)
၅။ Burma (Keith Johnson's map 1803)
၆။ Burmah (Eugene William's map, 1883)
၇။ Burma ကိုတော့ ၁၈၈၅ နောက်ပိုင်း ဗြိတိသျှတို့က သတ်သတ် မှတ်မှတ် သုံးခဲ့ပါတယ်။
မြန်မာဆိုတာ
မြန်မာဘုရင်တွေ လက်ထက်က ကင်းဝန်မင်းကြီးရဲ့ လန်ဒန်သွား မှတ်တမ်းမှာလည်း မြန်မာ တိုင်းပြည်နိုင်ငံနှင့် အင်္ဂလိပ် တိုင်းပြည် နိုင်ငံကြား ၊ မြန်မာမင်းမြတ်၊ မြန်မာမင်းနိုင်ငံ စသည့် သုံးနှုန်း သွားခဲ့တာ တွေ့ရပါတယ်။
အဲဒီမြန်မာ ဆိုတဲ့ စကားဟာ ကိုလိုနီခေတ်မှာတော့ ဗမာ ဆိုတဲ့စကားနဲ့ ရောထွေး သုံးစွဲသွားခဲ့ပါတယ်။ ဂျီစီဘီအေကို မြန်မာလို ရေးတဲ့နေရာမှာ မြန်မာ့ အသင်းချုပ်ကြီးလို့ ရေးခဲ့သလို ဒေါက်တာ ဘမော်ကလည်း မြန်မာ့ဝံသာနု အဖွဲ့လို့လည်း သုံးခဲ့ပါတယ်။ ဒါပေမယ့် သခင်များရဲ့ ဒို့ဗမာ အစည်းအရုံး ပေါ်လာတော့ ဗမာဆိုတဲ့ စကားက ရှေ့တန်း ပြန်ရောက် လာပါတယ်။ ဒါပေမယ့် ဒါဟာ တကယ်တော့ ဗမာလူမျိုးတွေကိုပဲ ညွှန်းတာလို့ ယူဆနိုင်ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ကြွေးကြော်သံတွေမှာ ဗမာစာသည် ဒို့စာ၊ ဗမာ စကားသည် ဒို့စကား ဆိုပြီး ပါနေလို့ပါပဲ။
၁၉၄၇ အခြေခံဥပဒေ
ဗိုလ်ချုပ် ဦးဆောင် ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေမှာတော့ မြန်မာ ဆိုတဲ့ စကားလုံးကို တရားဝင် နိုင်ငံအဖြစ်နဲ့ ပြဋ္ဌာန်းခဲ့ပါတယ်။ အခြေခံဥပဒေရဲ့ နိဒါန်းမှာ နယ်စပ်ဒေသများနှင့် ကရင်နီနယ်များ အပါအ၀င် မြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြသော ကျွန်ုပ်တို့သည် ××××× လို့ ဖော်ပြထားပါတယ်။
အခြေခံဥပဒေ အခန်း ၁ ပုဒ်မ ၁ မှာလည်း မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံ ဖြစ်သည်။ ထိုနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံဟု ခေါ်ရမည်ဟု အတိအကျ ပြဋ္ဌာန်းထားခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလိပ် ဘာသာ အသုံးအနှုန်း အရတော့ အင်္ဂလိပ် သုံးခဲ့တဲ့ Burma လို့ပဲ သုံးခဲ့တယ်။
အဲဒီအချိန်အထိ အင်္ဂလိပ် ဘာသာဟာ ရုံးသုံး အဖြစ်ရှိနေပြီး ဥပဒေ အများစုဟာလည်း အင်္ဂလိပ် ဘာသာနဲ့ ရှိနေတဲ့အတွက် ပုဒ်မ ၂၁၇ မှာ မြန်မာ ဘာသာသည် ရုံးသုံး ဘာသာ ဖြစ်သည်။ အင်္ဂလိပ် ဘာသာကိုလည်း အသုံးပြု နိုင်သည်ဟု ရေးပေးခဲ့ ရပါတယ်။ အရင် အသံထွက်အရ ဖလှယ်ခဲ့တဲ့ Burma, Prome, Bassine တို့ဟာလည်း အဲဒီစာလုံးပေါင်း အတိုင်းပဲ ဆက်ရှိနေခဲ့ပါတယ်။
ဒီတော့ အရင်က မြန်မာ၊ ဗမာဆိုတာကို ဘယ်လိုအနက်နဲ့ သုံးခဲ့သုံးခဲ့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတဲ့ အချိန်ကစပြီး ခေတ်သစ် နိုင်ငံအမည်ဟာ ဗမာနိုင်ငံ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ လူမျိုးအနေနဲ့ ကတော့ ဗမာ၊ ကချင်၊ကရင် စသည်ဖြင့် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ရှမ်းပြည်နယ်က ရှမ်းမူဆိုပြီး ဖက်ဒရယ် ကိစ္စကို တင်ပြတော့ ပြည်မလို့ သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့ကို ဗမာပြည်နယ် အဖြစ်ဖွဲ့ပြီး ရှစ်ပြည်နယ် ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အဖြစ် သတ်မှတ်ဖို့ ပြောခဲ့တာကို ကြည့်ရင် လွတ်လပ်ရေး ရပြီးနောက်မှာ ဗမာလူမျိုး၊ တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ နိုင်ငံကို မြန်မာနိုင်ငံလို့ အားလုံးက လက်ခံခဲ့တာကို တွေ့နိုင်ပါတယ်။ အင်္ဂလိပ်လို ရေးတဲ့နေရာမှာသာ အင်္ဂလိပ်သုံးခဲ့တဲ့ စာလုံးပေါင်းအတိုင်း Burma လို့ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ
မိမိနိုင်ငံဒေသ အမည်များ၊ လူမျိုး အမည်များ၊ နိုင်ငံအမည်များကို ကျူးကျော် သိမ်းပိုက်သူများက သူတို့ နားလည်သလို အသံ ထွက်ခဲ့၊ ရေးခဲ့ကြတဲ့ ပြဿနာဟာ ကိုလိုနီ ဖြစ်ခဲ့ဘူးတဲ့ နိုင်ငံတိုင်း ကြုံခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရကာစ ဒီကိစ္စကို အလေးအနက်ထား ကိုင်တွယ်နိုင်တာ မရှိပေမယ့် ၁၉၈၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာတော့ ကိုလိုနီဘ၀ကနေ လွတ်လပ်ရေး ရလာတဲ့ နိုင်ငံအတော် များများဟာ မိမိတို့ အမည်များကို မိမိတို့ဒေသိယ အသံထွက် အတိုင်း ရေးကြ၊ ပြောကြဖို့ လုပ်ခဲ့ကြပါတယ်။
အာရှတိုက်မှာ တရုတ်နိုင်ငံ ဆိုရင် အရင်က တရုတ် အမည်တွေကို အင်္ဂလိပ်တွေ အသံ ဖလှယ်ခဲ့တာတွေ အားလုံးကို တရုတ် ဘာသာ အသံထွက်နဲ့ အနီးဆုံး ရေးနိုင် အသံထွက်နိုင်မယ့် Pinyin စနစ်ကို သုံးပြီး ပြင်ဆင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း Peking က Beijing ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း နိုင်ငံအမည် စာလုံးပေါင်းကို မပြောင်းပေမယ့် မြို့အမည်တွေကို ပြောင်းလဲခဲ့ပါတယ်။ ဒါ့ကြောင့် Bombay က Mumbai ၊ Calcutta က Kolkata ဖြစ်လာခဲပါတယ်။ သီဟိုကတော့ အင်္ဂလိပ်ခေါ်တဲ့ Ceylon ကနေ မူလအမည်ဖြစ်တဲ့ Lanka ကို အမှီပြုပြီး Sri Lanka လို့ ပြောင်းခဲ့ပါတယ်။ ဒီအဖြစ်အပျက်မျိုးကို အာဖရိကတိုက် နိုင်ငံများမှာလည်း တွေ့နိုင်ပါတယ်။
ဘယ်လိုခေါ်မှာတုံး
ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပတ်သက်ပြီး ဗွီအိုအေကနေ မေးခွန်းတွေ ဖြေကြားတဲ့ အခါမှာ ဒီလို Burma ကနေ Myanmar လို့ပြောင်းလဲ ခေါ်ဝေါ်တာကို ပြည်သူ့ဆန္ဒမပါဘဲ လုပ်တာဖြစ်လို့ သူလက်မခံနိုင်ဘူးလို့ဆိုတယ်။ ဒါပေမယ့် Burma ဆိုတဲ့ အခေါ်အဝေါ်ကိုလည်း အင်္ဂလိပ်က မြန်မာကို သိမ်းပြီးတဲ့ အခါမှာ သူ့သဘောနဲ့သူ သတ်မှတ် ခေါ်ဝေါ်ခဲ့တာ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းပြချက် အတိုင်း ဆိုရင် Burma လို့ အင်္ဂလိပ်က ခေါ်တဲ့နံမည်ကို လွတ်လပ်ရေး ကြိုးပမ်းမှု ကာလထဲက ပယ်ဖျက်ပစ်ခဲ့ရမှာ ဖြစ်ပါတယ်။
ရိုးရိုးလေး စဉ်းစားကြည့် ရအောင်ဗျာ၊ ကျွန်တော်တို့နိုင်ငံကို ၁၉၄၈ ခုနှစ်မှာ တည်ထောင်တော့ ပြည်ထောင်စု မြန်မာနိုင်ငံလို့ အားလုံး သဘောတူ သတ်မှတ်ခဲ့တဲ့။ မြန်မာဆိုတဲ့ စကားလုံးကို အရင်က အင်္ဂလိပ်လို သတ်မှတ်ထားတာ မရှိဘူးဆိုပါစို့၊ အဲဒါဆိုရင် ကျွန်တော့်တို့က မြန်မာဆိုတဲ့ စကားကို အင်္ဂလိပ်လိုရေးရင် ဒီအသံထွက်ကို ဘယ်လို စာလုံးပေါင်း ပြမလဲဗျာ။ Myanmar လို့ ရေးပြမလား Burma လို့ ပေါင်းပြမှာလား။ ဒီလိုပဲ ရန်ကုန်ကို Yangon လို့ ရေးပြမလား Rangoon လို့ ရေးမလား၊ ပဲခူးကို Pegu လို့ ရေးပြမလား Bago လို့ရေးမလား။ ကရင်ကို Karen လို့ ရေးမလား Kayin ရေးမလား။
တကယ်တော့ ဒါဟာ ဗမာနံမည်တွေ၊ ကရင်နံမည်တွေစတဲ့ မိမိတို့ အမည်များကို တိုင်းတပါးသားတွေ ထွက်တတ်သလို ထွက်၊ ရေးတတ်သလို ရေးခဲ့တာတွေကို ကိုယ့်လူမျိုး အသံထွက်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ပြင်ဆင် ရေးသားတဲ့ကိစ္စသာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒါကို နိုင်ငံရေး issue အဖြစ် ပုံဖော်ခဲ့တဲ့ အတွက် မလိုအပ်ဘဲ ရှုပ်ထွေးခဲ့ရပါတယ်။ တကယ်တော့ နိုင်ငံတကာ ကျင့်ထုံးအရ နိုင်ငံတစ်ခုဟာ သူ့အမည်ကို သူ့ဘာသာနဲ့ ဖြစ်ဖြစ်၊ အင်္ဂလိပ် ဘာသာနဲ့ ဖြစ်ဖြစ် ပြောင်းလဲ ခေါ်ဆိုတာဟာ အဲဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင် အခွင့်အရေးသာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကုလသမဂ္ဂက တရားဝင် အင်္ဂလိပ်အမည်ကို Myanmar ကို သုံးစွဲခဲ့သလို CNN., Aljazeera စတဲ့ သတင်း ဌာနများကလည်း ဒီအတိုင်းပဲ ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ Burma ဆိုတဲ့ အသုံးအနှုန်းကို လက်ရှိအစိုးရကို ကသိကအောက် ဖြစ်အောင် လုပ်ချင်သူများ အတွက် နည်းလမ်း တစ်ခုအဖြစ် အသုံးပြုတဲ့ အဆင့်ပဲ ရှိပါတယ်။ အီးယူတောင်မှ အချင်းချင်း ညှိမရလို့ Burma/ Myanmar ဆိုပြီး နှစ်မျိုးစပ် သုံးပေးနေပါတယ်။
အခုအချိန်ဟာ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ဒါမှမဟုတ် ပြန်လည် ရင်ကြားစေ့ရေးကို လုပ်ရမယ့်အချိန် ဖြစ်ပါတယ်။ မနေ့က ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံမှုဟာ ဒီလုပ်ငန်းစဉ်ရဲ့ အစဖြစ်မှာပါ။ အခုလို အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဟိုတုံးက စစ်အစိုးရကို ကသိကအောက် ဖြစ်အောင် လုပ်ခဲ့တဲ့ Burma ကိစ္စကို ဆက်လုပ် နေဦးမှာလား၊ လုပ်သင့်သေးလား ဆိုတာ စဉ်းစား စေချင်ပါတယ်။ ဒီလို ပြောင်းလိုက်ဖို့ ဘာမှ မခက်ပေမယ့် နှစ်ဘက်ကြား ယုံကြည်မှု တည်ဆောက်ရေးမှာ အများကြီးတာ သွားပါတယ်။ ဒီနေရာမှာ တစ်ချက် ထောက်ပြချင်တယ်။ ၂၀၀၄ ခုနှစ် မတိုင်ခင်က ဆိုရင် အစိုးရ ဆောင်းပါးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်စုကြည်လို့ အမြဲရေးတယ်။ ဒီလို ခေါ်တာကို ဒေါ်အောင်ဆန်းစုကြည် လုံးဝမကြိုက်ဘူး၊ မကြိုက်မှန်း သိလိုလည်း သုံးခဲ့တယ်။ အခုနောက်ပိုင်း ဆောင်းပါးတွေမှာ အဲဒီလို မသုံးတော့တာ အတော်ကြာပါပြီ။ ဒါဟာ အစိုးရဘက်က အသိအမှတ်ပြုမှု တစ်ခုလို့ မြင်ရင် မရဘူးလား။
ကျွန်တော်ကတော့ ကိုယ့်နိုင်ငံနံမည်ရော၊ မြို့နံမည်တွေပါ Burma, Rangoon လို့ ပြောတာ ကြားရရင် မကြိုက်ပါဘူး။ ကိုယ့်နိုင်ငံကို သိမ်းပြီး သူတို့ ခေါ်တတ်သလို ခေါ်ခဲ့တာကို ကျွန်တော်တို့ မျိုးရိုးစဉ်ဆက် လိုက်သုံး နေရတာ မခံနိုင်ပါဘူး။ အဲဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့တဲ့ အခြေခံဥပဒေက စပြီး ဖြစ်လာတဲ့ မြန်မာဆိုတဲ့ နိုင်ငံအမည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အစ Myanmar လို့ပဲ ပြောတာ ကြားချင်ပါတယ်။
(၂၀၁၁ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ အယ်ဒီတာ့ အာဘော်ကို မျှဝေပေးလိုက် ပါတယ်။)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ မိန့်ခွန်းတွင် အစိုးရ၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားရာ၌ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး ဟူသည်ကို တစ်ကဏ္ဍ ဖော်ပြခဲ့ပါသည်။
ဒီမိုကရေစီစနစ်ကို ကောင်းစွာ ကျင့်သုံးနိုင်ရန် အတွက် အစိုးရအဖွဲ့ အတွင်း၌ လည်းကောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၌ လည်းကောင်း၊ ပြည်သူလူထု အတွင်းမှာ ၄င်းဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားဖို့ လိုကြောင်း ပြောဆိုပြီး၊
ပြည်သူများ အပိုင်းတွင် လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ကျင့်သုံးရာ၌ ဥပဒေနှင့် အညီ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကျင့်ဝတ်များနှင့် အညီ ကျင့်သုံးရန် လိုအပ်သည်ဟူ၍ လည်းကောင်း၊
အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ အပိုင်းတွင် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြစ်စေ၊ ဥပဒေများ လုပ်ထုံး လုပ်နည်းများကို အကောင် အထည်ဖော်ရာမှာ ဖြစ်စေ နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို ဟန့်တား ပိတ်ပင်သကဲ့သို့ မဖြစ်စေဘဲ အဆိုပါ အခွင့်အရေးများကို နည်းမှန်လမ်းမှန်နှင့် ပြည်ထောင်စု၏ အကျိုးစီးပွား၊ လူမှုအဖွဲ့အစည်း၏ အကျိုး စီးပွားများကို မထိခိုက်စေဘဲ ကျင့်သုံး နိုင်အောင် ကူညီ ထိန်းကျောင်း ပေးဖို့အတွက်သာ ရည်ရွယ် လုပ်ဆောင်ဖို့ လိုအပ်သည် ဟူ၍ လည်းကောင်း၊ ပိုင်းခြား ပြောဆိုခဲ့ပါသည်။
ဤသည်က ဒီမိုကရေစီသို့ ကူးပြောင်းရာ၌ ပြဿနာ အခက်အခဲတွေ ကြုံတွေ့ရနိုင်ကြောင်း တစ်စွန်းတစ်စ လှစ်ဟ ဖော်ပြလိုက် ခြင်း ဖြစ်ပါသည်။ သည်တွင် ပြည်သူတို့ အနေနှင့် ဦးစွာပထမ တိကျ သေချာစွာ စဉ်စားထားစရာ တစ်ခုက ဒီမိုကရေစီသို့ ရောက် မရောက်ကို ဘယ်ပေတံတွေနှင့် တိုင်းတာမည်နည်း၊ သို့မဟုတ် ဘယ်လက္ခဏာတွေနှင့် ပြည့်စုံသော် ဒီမိုကရေစီဟု ဆိုနိုင်မည်နည်း ဟူသောအချက် ဖြစ်သည်။
ဒီမိုကရေစီ၏ လက္ခဏာများ အနက်မှ အရေးကြီးသော အချက် တစ်ချို့ကို ချုပ်၍ပြောသော်၊
ဒီမိုကရေစီဟူသည် အနှစ်သာရ သဘောအရ အများပြည်သူ ဆန္ဒဖြင့် အုပ်ချုပ်ခြင်း ဖြစ်သည်။ ယင်းကို လက်တွေ့ ကျင့်သုံးသော အခါ ပုံမှန်ကျင်းပသည့် ရွေးကောက်ပွဲများတွင် ပြည်သူတို့ ရွေးကောက် တင်မြှောက် လိုက်သည့် ကိုယ်စားလှယ်များက ပြည်သူ့ ကိုယ်စား တာဝန်ယူ အုပ်စိုးကြသော အနေအထား ဖြစ်သွားပါသည်။
(ဤတွင် သတိပြုရန် တစ်ခုက ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့် လုပ်ကိုင်ပုံ အဆင့်ဆင့် တိကျ မှန်ကန်မှသာ ပြည်သူ့ ကိုယ်စားလှယ်စစ်များ ရရှိနိုင်မည် ဟူသော အချက် ဖြစ်သည်။)
ဒုတိယအချက်မှာ ပြည်သူ့ ရပိုင်ခွင့်များနှင့် ပတ်သက်သည်။ ပြည်သူများသည် ဆန္ဒမဲ ပေးခြင်းမှသည် ဝင်ရောက် အရွေးခံခြင်း၊ ပါတီ အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ စည်းရုံး ဆော်သြခြင်း၊ မိမိ သဘောဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခြင်း စသည့် အခွင့်အရေးများ ရရှိရပါမည်။
တတိယအချက်မှာ တရားဥပဒေ စိုးမိုးရေး ဖြစ်သည်။ တရားဥပဒေ စိုးမိုးမှု ဟူသည်၌ တရားဥပဒေ ရှေ့မှောက်တွင် လူတိုင်း တန်းတူညီမျှမှု ရှိခြင်း၊ အခြေခံဥပဒေပါ ရပိုင်ခွင့်များအား ပြည်သူတို့ ခံစား သုံးစွဲခြင်းကို အင်အားကြီးသူတို့ နှောက်ယှက် ဟန့်တားမှု မပြုနိုင်အောင် သီးခြား လွတ်လပ်သော တရားစီရင်ရေး စနစ်က ကာကွယ် စောင့်ရှောက်ခြင်း စသည်များ ပါဝင်သည်။
သည့်အပြင် လိုအပ်သည့် ပကတိ အခြေအနေ တစ်ချို့ ရှိပါသေးသည်။
သည်အထဲတွင်၊ အစိုးရ၏ မူဝါဒများရော၊ ဦးဆောင် ပုဂ္ဂိုလ်များကိုပါ လွတ်လပ်စွာ ဝေဖန် ထောက်ပြနိုင်သည့် စာနယ်ဇင်းများ တည်ရှိဖို့၊ အစိုးရ အာဏာ ရရှိနိုင်ရန်အတွက် လွတ်လပ်စွာ ရပ်တည် ယှဉ်ပြိုင် နေသည့် နိုင်ငံရေး ပါတီများ တည်ရှိဖို့၊ ပုံမှန် ကျင်းပသည့် ရွေးကောက်ပွဲများတွင် ပြည်သူ့ဆန္ဒမဲ အများဆုံး ရရှိသူတို့ အာဏာရရှိကာ သိမ်မွေ့ ညင်သာသော အစိုးရ အပြောင်းအလဲများ ဖြစ်ပေါ်ဖို့၊ စသည် စသည်များ ဖြစ်ပါသည်။ သည်ဟာတွေ ပီသပြည့်စုံစွာ ဖြစ်ပေါ်လာသော် နိုင်ငံ၌ ဒီမိုကရေးစီစနစ် ဖြစ်ထွန်းပြီဟု ဆိုနိုင်ပါသည်။ ၄င်းအတိုင်း မဖြစ်သေးမီ ကာလကိုကား အကူးအပြောင်း ကာလ သို့မဟုတ် မပီမသ ကာလဟု ဆိုရပါမည်။
မပီမသမှ ပီသလာအောင်၊ သို့မဟုတ် မပီမသမှ ပို၍မှေးမှန်သော အနေအထား ရောက်ရှိ မသွားအောင် ဘာတွေ လိုပါမည်နည်း။
လောလောဆယ် မိမိ အနေအထားကို ပြန်စဉ်းစားကြည့်ပါ။
ကျွန်တော်တို့ ရောက်ရှိနေသည်က ယခင် အာဏာပိုင်စနစ်နှင့် ကာလရှည်ကြာ အုပ်ချုပ်လာခဲ့ရာမှ ပြည်သူ လူထု၏ နှစ်ပေါင်း၂၀ ကျော် တောင်းဆိုမှုများအရ ဒီမိုကရေစီသို့ ကူပြောင်းရန် အစပြုသည့် အနေအထား ဖြစ်သည်။
ထို့ကြောင့် အကူးအပြောင်း ကိစ္စတွင် ပါဝင် လုပ်ဆောင်ပေးရမည့် သူများထဲ၌ စိတ်အား ထက်သန်သူများရော၊ မလိုလား မထက်သန်သူများပါ ရောနှော ပါရှိနေနိုင်သည်။ ဒီမိုကရေစီ လိုလားသော ပြည်သူများနှင့် ပြုပြင် ပြောင်းလဲရေး စိတ်ဓာတ် ထက်သန်သော ပြည်သူ့ ကိုယ်စားလှယ်များ အားထုတ် ကြိုးပမ်းမှသာလျှင် ဒီမိုကရေစီ ပီပြင်အောင် တဖြည်းဖြည်း တွန်းရွှေ့ သွားနိုင်လိမ့်မည်။
သည်တွင် သမ္မတပြောခဲ့သော စကားတစ်ချို့ကို ပြန်ကောက်ချင်သည်။
သမ္မတက ပြည်သူများအနေနှင့် မိမိတို့၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ကျင့်သုံးရာတွင် ဥပဒေနှင့် အညီ ယဉ်ကျေးမှု ဓလေ့ ထုံးစံများ ကျင့်ဝတ်များနှင့် အညီ ကျင့်သုံးဖို့ လိုအပ်ကြောင်း၊ ပြောဆိုပြီး၊ ယင်းအတွက်၊ အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများက “ထိန်းကျောင်းပေးရန်” လည်း လမ်းညွှန် သွားခဲ့ရာ အဓိပ္ပါယ် သဘောအရမူ၊
ပြည်သူများသည် မူလ အခွင့်အရေးများကို ခံစားရာ၌ စည်းမျဉ်း စည်းကမ်းများနှင့် မညီညွတ်ခဲ့သော် ဟန့်တားခြင်း ပိတ်ပင်ခြင်း အရေးယူခြင်း ခံရလိမ့်မည်၊ ဟူ၍ သက်ရောက်သည်။
သို့သော်၊ ဒါလည်း နည်းလမ်းကျသည် ဟုဆိုရပါမည်။
တစ်ဖက်တွင်၊ အုပ်ချုပ်ရးပိုင်း ဆိုင်ရာတို့၏ ဆောင်ရွက်ခြင်းများသည် နိုင်ငံသားတို့၏ မူလ အခွင့်အရေးများကို ဟန့်တား ပိတ်ပင် သကဲ့သို့ မဖြစ်အောင် သတိပြုဖို့ လမ်းညွှန် ထားတာလည်း ရှိပါသည်။ ဒါသည်လည်း တန်ဖိုးရှိပါသည်။ ခေတ်ဟောင်း စနစ်ဟောင်း က စိတ်ဓာတ် ဟောင်းတွေကြောင့် ဒီမိုကရေစီ အခွင့်အရေးများကို မကြည်ဖြူ နိုင်သူများ ရှိနေနိုင်သည့် အတွက် ၎င်းတို့အား သတိပေး လမ်းညွှန်သော သဘောဟု မြင်ပါသည်။ သို့သော် သည်အပိုင်းတွင် မှန်မှန် ကန်ကန် ဖြစ်ရန် အတွက် ပြည်သူတို့ဘက်က စောင်ကြပ် ကြည့်ရှုမှု ၊ နည်းလမ်းမကျဟု ယူဆသော် စောဒကတက်မှု၊ ဝေဖန် ထောက်ပြမှုများ ပြုဖို့လည်း လိုပါလိမ့်မည်။
သည်အတွက် ပြည်သူတို့ အားကိုးပြုရမည့် သူများသည် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်သည်။
ထို့ကြောင့်၊ ပြန်စဉ်းစားသော်၊ ပြည်သူတို့ အနေနှင့် အားကိုးလောက်သော ပြည်သူ့ ကိုယ်စားလှယ် စစ်စစ်များ ရရှိရေးသည် အထူး အရေးကြီးပြန်သည်။ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင်ကော ဘယ်နှစ်ယောက် မျှော်လင့် နိုင်ပါမည်နည်း။
ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသူတွေ များလာမှသာ ဒီမိုကရေစီစနစ် ပေါ်ထွန်းဖို့ အလားအလာရှိပေမည်။
သည်အတွက် ထပ်စဉ်းစားစရာက ပြည်သူ့ ကိုယ်စားလှယ်များ ထွက်ပေါ်ရာ နိုင်ငံရေးပါတီများ ဖြစ်သည်။
နိုင်ငံရေးပါတီတို့ မည်သည် အများ ပြည်သူကြားက နိုင်ငံရေးစိတ် ထက်သန်သူတွေ၊ ယင်းအနက်မှ အယူအဆချင်း နီးစပ်တူညီ သူတွေ စုစည်း တည်ထောင်ကာ၊ ပါတီဝင်ထုက သတ်မှတ် ကာလအလျှောက် ရွေးကောက် တင်မြှောက်သည့် ပုဂ္ဂိုလ်တို့ ဦးဆောင် လှုပ်ရှားသည့် အဖွဲ့အစည်းများ ဖြစ်ဖို့လိုသည်။ အဲဒါမှသာ စစ်မှန်သည်၊ သဘာဝ ကျသည်။ အဲဒါမှသာ သည်အထဲက ထွက်ပေါ် လာသည့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများသည် ဒီမိုကရေစီ စိတ်ဓာတ် ပြည့်ဝသူ၊ ဒီမိုကရေစီ အလေ့အကျင့်ကို တန်ဖိုးထား သူများ ဖြစ်လိမ့်မည်။
ထိုနည်းတူ အဲသည့် ပါတီတို့သည် ပြည်သူကို ကိုယ်စားပြုသော ပါတီများ ဒီမိုကရေစီ စနစ်ကို အမှန်တကယ် ထူထောင်မည့် ပါတီများ ဖြစ်လိမ့်မည်။
စဉ်းစားကြည့်လျှင်၊ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ၊ ပြုပြင် ပြောင်းလဲရန် လိုအပ်ချက်တွေက များပြားလှပါသည်။
သို့သော် မိမိတို့ထက်ပင် ဖြစ်နိုင်ခြေ နည်းသေးသည်ဟု ထင်ရသည့် တိုင်းပြည်များတွင် ဒီမိုကရေစီစနစ် ဖြစ်ထွန်း ပေါ်ပေါက်ခဲ့သော သာဓကတွေ ကမ္ဘာ၌ များစွာရှိရာ စိတ်အား ထက်သန်သော ပြည်သူတို့ အားထုတ် ကြိုးပမ်းလျှင် တစ်နေ့သောအခါ ဒီမိုကရေစီ ပန်းတိုင်သို့ မုချ ရောက်ရလိမ့်မည်ဟု မမှိတ်မသုံ ယုံကြည်ပါသည်။
ပြည်သူ့ခေတ်အယ်ဒီတာ၊ ၆-၇-၂၀၁၁
ထူးထူးဟန် ပြောတဲ့ အော်ဇီမှာ ၉ ယောက်ရှိပါတယ် ဆိုတဲ့ လူများထဲမှ တစ်ယောက်ကတော့ စောမူစာ Moon Hsar ဖြစ်ပါတယ်။ သူက သြစတျေးလျနိုငံ ဘစ်စဘိန်မှာနေတယ်။ ထူးထူးဟန်နဲ့ တစ်မြို့ တည်းပါ။ သူက က၇င်။ အသက် ၄၄။ ခလေး ငါးယောက်အဖေ။ သူလည်း အစုလိုက်အပြူံလိုက်သတ်တယ်လို့  နိုင်ငံတကာ မီဒီယာမှာပြောလိုက်ပါပြီ။ စစ်ထောက်လှမ်းေ၇းတစ်ယောက်အဖြစ်နဲ့  ကေအန်ယူမှာ လျှို့ ထောက်လှမ်းခဲ့ပါတယ်တဲ့။ နောက်ထပ် သြစီမှာ ၇ှိတဲ့ ထောက်လှမ်းေ၇းဟောင်းတွေ သူတို့ လို့  စွန့် ဖို့ ၇ှိတယ်တဲ့။
သြစတြေးလျ ကရင်အမျိုးသားအဖွဲ့ကတော့ သြစတြေးလျ နိုင်ငံသား ကိုမူးဆာ (Moon Hsar) ဆိုသူ ကရင် ဒုက္ခသည်တဦးက တိုင်းရင်းသား ၅၀ လောက်ကို အမိန့်ပေး သတ်ဖြတ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုချက်နဲ့ ပတ်သက်လို့ မဖြစ်နိုင်ကြောင်း ၂၅ ရက်နေ့က ပြောဆိုပါတယ်။
မြန်မာ့တပ်မတော် ထောက်လှမ်းရေး တအားဖြစ်ချင်နေသော မူးဆာ တစ်ယောက်
(ဆရာထူးရဲ့တပည့် ဆရာမူး)
ေ၇ွးချယ်ပါ  
                                                         စဉ်းစားပါ
                                                             ဆုံးဖြတ်ပါ
မြန်မာနိုင်ငံမှာ မိုးများလွန်းလို့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဲခူးတိုင်းဒေသကြီးက ရေကြီးလို့ ဒုက္ခရောက်နေကြတဲ့ ဒေသခံ ပြည်သူ လူထုတွေ အပေါ်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရဟာ အချိန်မှီ သေသေချာချာ စနစ်တကျ ကူညီမှု တွေ ကယ်ဆယ်မှုတွေ ရေရှည် မျှော်တွေးပြီး ရေကြီးတဲ့ ဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေ အပေါ်မှာ ထောက်ပံ့ ကူညီမှုတွေကို အင်တိုက် အားတိုက် လုပ်ဆောင် ပေးနေတာ ဖြစ်ပါတယ်။
အဲဒီလို လုပ်ဆောင်ရာမှာ နိုင်ငံတော် အစိုးရ အနေနဲ့ ပြည်သူများရဲ့ လူမှု စီးပွားဘ၀ကို တောရော မြို့ပါ မကျန် မြန်မြန် ဆန်ဆန် မြင့်တက်စေဖို့ အစီအမံတွေ၊ လုပ်ငန်းစဉ်တွေ၊ ကော်မတီတွေ၊ ရည်မှန်းချက်တွေ ဖွဲ့စည်းချမှတ်လို့ မြန်မာနိုင်ငံရဲ့ အခြေခံ လူထု လူတန်းစားဘ၀ကို မြင့်မား သာယာလာစေဖို့ ဒီမိုကရေစီ စနစ်နဲ့အညီ ပြည်သူတွေဘက်က မားမား မတ်မတ် ရပ်တည်လို့ အပြောမဟုတ် အလုပ်နဲ့ သက်သေပြ အကောင်အထည် ဖော်ဆောင်နေတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အစိုးရသစ် လက်ထက်မှာ ပြည်သူများရဲ့ အကျိုးစီးပွား နိုင်ငံရဲ့ ရပ်တည်မှုနဲ့ မြန်မာဆိုတဲ့ နိုင်ငံဟာ ယဉ်ကျေးတယ်၊ စည်းလုံးညီညွတ်တယ်၊ ဘယ်လိုနည်းနဲ့ ဘယ်သူတွေ ခွဲခွဲ သွေးမကွဲတဲ့ နိုင်ငံဆိုတာကို ပြည်သူတွေရဲ့ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ နိုင်ငံတော်အစိုးရရဲ့ အစီအမံများနဲ့ သက်သေပြလျက် ရှိပါတယ်။ ဒီလို နိုင်ငံတော် အစိုးရနဲ့ ပြည်သူ လက်တွဲလို့ ပြည်ထောင်စုကြီး သာယာဝပြောရေးနဲ့ တည်ငြိမ်အေးချမ်း တိုးတက် ခေတ်မှီရေး လုပ်ငန်းစဉ်တွေမှာ ပြည်ပက စွက်ဖက် နှောက်ယှက်မှုတွေက တစ်မျိုး၊ ပြည်ပရောက် အမျိုးယုတ် သစ္စာဖောက်တွေရဲ့ လုပ်ကြံမှုတွေက တစ်သွယ်၊ ပြည်တွင်းက ကိုယ့်အတ္တသာ ကြည့်ပြီး တိုင်းပြည်ရဲ့ သိက္ခာ၊ ကိုယ့် တိုင်းရင်းသားတွေရဲ့ မျက်နှာကို မကြည့်တဲ့ လူစုတွေရဲ့ ဘေးတိုက် လွယ်အိပ် လုပ်ဆောင်ချက်တွေက တစ်မျိုးနဲ့ အခက်အခဲ ပေါင်းစုံကြားက ကျော်လွှား ဆောင်ရွက် လုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်ရာမှာ ပြည်သူတွေ လိုလားတဲ့ အေးချမ်းတည်ငြိမ်တဲ့ လူမှုဘ၀၊ ကောင်းမွန် သာယာတဲ့ စီးပွားရေးနဲ့ တိုးတက် ဖြစ်ထွန်းမှုတွေကို အချိန်တိုတို အတွင်းမှာ အမြန်ဆုံး ရချင်တယ် လိုချင်တယ်ဆိုပါရင် နိုင်ငံတော် အစိုးရရဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ဆောင်နေတဲ့ စီမံချက်တွေမှာ ပြည်သူတွေက မိမိတို့ တတ်စွမ်းသရွေ့ ပါဝင်ကြမယ်ဆိုပါရင် ကိုယ့်အကျိုး စီးပွားကိုလည်း ဖော်ဆောင်ရာကျတဲ့ အပြင် တိုင်းပြည်ရဲ့ အကျိုးစီးပွားကိုလည်း တစ်ဖက်တစ်လမ်းက ထမ်းရွက်နေကြတာ ဖြစ်လို့ လူသာဓုခေါ် နတ်သာဓုခေါ် လုပ်ရပ်အဖြစ် လူသားအားလုံးက ရှုမြင်ကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြင်ပက စကားလုံး လှလှတွေနဲ့ မစားရ ၀ခမန်း လှည့်စား လှည့်ဖြားနေတဲ့ အပြောတွေ၊ သွေးထိုးမှုတွေ၊ နှောက်ယှက်မှုတွေကို နားမယောင်ဘဲ လက်တွေ့ကျတဲ့ ကိုယ့်မိသားစု အဆင်ပြေရေး၊ ကိုယ့်ပတ်ဝန်းကျင် သာယာရေးနဲ့ ကိုယ့်မြို့၊ ကိုယ့်ရွာ ငြိမ်းချမ်းရေး ပကတိ အရှိတရားတွေကို အာရုံစိုက်လို့ နိုင်ငံတော် အစိုးရနဲ့ အားကြိုးမာန်တက် လက်တွဲ ဆောင်ရွက် ကြပါစို့လို့ တိုက်တွန်းတင်ပြလိုက် ရပါတယ်။ ကိုပြည်ချစ်