(၂၀၁၁ ခုနှစ် နိုဝင်ဘာလထုတ် အတွေးအမြင် မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ သန့်ရှင်းသော အစိုးရနဲ့ ပတ်သက်တဲ့ ခေါင်းကြီး ဖြစ်ပါတယ်။ )
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်းများကို လေ့လာပြီး ပြောရလျှင် လတ်တလော အချိန်တွင် မြန်မာနိုင်ငံ၌ ကောင်းမွန် သန့်ရှင်းသာ အစိုးရ တစ်ရပ်ကို ဖော်ထုတ်ကာ ပြည်သူလူထု၏ ယုံကြည် ကိုးစားမှုကို ရယူရန် ကြိုးပမ်းနေသည့် လက္ခဏာ ရှိသည်။
ကောင်းမွန်သော အုပ်ချုပ်ရေး (Good governance) ဆိုသည်မှာ အစိုးရ လုပ်ငန်းများ ဆောင်ရွက် နေသူတို့၏ အရည်အချင်း အရည်အသွေးပိုင်းနှင့် သက်ဆိုင်သည်။ သန့်ရှင်းသော အစိုးရ (clean government) ဆိုသည်မှာ အဂတိ တရား လိုက်စားမှု ကင်းစင်ခြင်း၊ တစ်နည်းအားဖြင့် ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည်။
အကျင့်ပျက် ခြစားမှု လုံးဝ ကင်းစင်သူများ ဖြစ်သော်ငြား လုပ်ငန်းဆိုင်ရာ အရည်အချင်း ပြည့်ဝသူများ မဟုတ်ပြန်လျှင် တိုင်းပြည် မတိုးတက်နိုင်ချေ။ လုပ်ငန်းဆိုင်ရာ အရည်အချင်း အလွန်ပြည့်ဝ ကျွမ်းကျင်သူများ ဖြစ်သော်လည်း အကျင့် မကောင်းသူများ ဖြစ်နေ ပြန်လျှင်လည်း တိုင်းပြည်ကြီး ပို၍သာ နစ်နာမည် ဖြစ်ပေသည်။
သန့်ရှင်းသော အစိုးရ အင်္ဂါရပ်ထဲတွင် အဆင့်ဆင့်သော တာဝန်ရှိသူအားလုံး အကျင့်ပျက်ခြစားမှု ကင်းစင်ရေးသည် ပဓာန အကျဆုံး ဖြစ်သည်။ “ ခေါင်ကစပြီး မိုးမလုံရင် တစ်အိမ်လုံး စိုရွှဲနေမည်” ဟူသော့ မြန်မာ ဆိုရိုးစကား၏ အဓိပ္ပာယ်သည် အဆင့်ဆင့်သော တာဝန်ရှိသူ အားလုံး သန့်ရှင်းဖို့ လိုသည်ကို ရည်ညွှန်းပေသည်။
အကျင့်ပျက် ခြစားမှုသည် အာဏာ ရှိသူများနှင့် နီးစပ်သူများ၊ အခွင့်ထူးခံများ၊ လုပ်ပိုင်ခွင့် အာဏာရှိသူကို လာဘ်လာဘ ပေး၍ ဖျားယောင်း သွေးဆောင် ဖျက်ဆီးသူများကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်တစ်ရာကျော်က မင်းတုန်းမင်းကြီး လက်ထက် ပညာရှိအမတ် ယောမင်းကြီး ဦးဘိုးလှိုင်သည် “ အစ်မ နှမ ၊ သမီးကလျှင်၊ စ၍ဆက်နှင်း၊ လက်ဆောင်သွင်း၍ ၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ အတတ်မရှိ၊ သတ္တိကင်းကွာ၊ ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း…..” ဟူသော လင်္ကာကို စီကုံး၍ ဆက်သွင်းခဲ့ရာ မင်းတုန်းမင်းကြီး သည် ဒေါသအမျက် ချောင်းချောင်း ထွက်ခဲ့လေသည်။ ယောမင်းကြီးက အစ်မ နှမ သမီး စသဖြင့် ဆက်နှင်း ပေးကမ်းပြီး အခွင့်ထူးခံ ဖြစ်လာသူတွေ ဘုန်းတန်ခိုး ကြီးလာရင် တိုင်းပြည် ပျက်မှာပဲဟု တည့်တည့်ကြီး ဝေဖန်လိုက်ခြင်းကြောင့် အမျက်ထွက် သွားသော ဘုရင်က တုံ့ပြန်ပုံကို မှော်ဘီ ဆရာသိန်းကြီး၏ “ပညာရှိကြီးများ အကြောင်း” စာအုပ် (ပညာအလင်း ပြထုတ်) တွင် အောက်ပါအတိုင်း ဖော်ပြ ထားပေသည်။
“ ထိုအခါ မင်းကြီးက ငလှိုင်….. သည်လှံကို ကြည့်စမ်း၊ ဘယ်သူကိုင်တဲ့ လှံတုန်း….ဟု မေး၏။ ဦးဘိုးလှိုင်က အရှင့် ခမည်းတော်က ကိုင်သော လှံဖြစ်ကြောင်း လျှောက်၏။ ဒီလှံနဲ့ ဘယ်သူ့ကို စီရင်ခဲ့သလဲ ဟု အမေးရှိပြန်ရာ ကျွန်တော်မျိုး၏ ကျေးဇူးရှင် အဖကို စီရင်ပါကြောင်း လျှောက်တင်၏။ မင်းကြီးက သည်လှံနှင့် မောင်မင်း စီရင်ခြင်း ခံလိုသလားဟု ထပ်မေးပြန်ရာ ဦးဘိုးလှိုင်က ရင်ကို မားမားကော့၍ ထိုးတော်မူပါ ဘုရားဟု မတွန့််မလှုပ် လျှောက်၏။ ထို့ကြောင့် နောက်တစ်နေ့တွင် အကျယ်ချုပ်ဖြင့် ရာထူး နှုတ်ပယ် ခံရပြန်လေသည်။
ယောမင်းကြီးဟု ထင်ရှားသော ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်သည် သာယာဝတီမင်း လက်ထက်က နန်းရင်ပြင်တွင် ရှင်ဘုရင် ကိုယ်တိုင်က လှံနှင့် ထိုးသတ်ခံခဲ့ရသော ယင်းတောဝန်ကြီး၏ သားဖြစ်ပေသည်။ မင်းမျက်သင့်ခံရပြီး လှံနှင့် ထိုးသတ်ခံရ သူ၏ သားဖြစ်စေကာမူ ထိတ်လန့် နောင်ကြဉ်ခြင်း အလျဉ်းမရှိ။ ရင်ကိုကော့ပေးပြီး ထိုးပါဟု ဆိုဝံ့ခြင်းမှာ အာဂ သတ္တိရှင် ပေတည်း။
“လှံနှင့်ထိုးသတ်၍ သေရခြင်းက မြတ်၏။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော် နိုင်ငံတော် ပျက်စီး ယိုယွင်းခြင်း ဖြစ်ရ လေသည်ဟု ဤနာမည်မျိုး ကျန်ရစ်လျှင် သေကျိုးမနပ် ဖြစ်မည်၊ ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်း ရှုံ့ကြမည်ကို ကြောက်စရာ ကောင်းလှသည်။ မှူးမတ် ဆိုသည့်အတိုင်း တည့်တည့်မတ်မတ် ဖြစ်အောင် စီမံခန့်ခွဲလျှက် လျှောက်တင်ခွင့်ရှိက အသက်ကို စွန့်၍ ရဲရဲဝံ့ဝံ့ လျှောက်တင် ကြရမည်။ သို့မှ မှူးမတ်နှင့် တူသည်….. ဟူ၍ ဦးဘိုးလှိုင်က ကျန်ဝန်ကြီးများကို ပြောပြသည်။ ထိုမှ နှစ်နှစ်ခန့်ကြာသော် ပြင်သစ်နှင့် ကင်းဝန်မင်းကြီး ချုပ်ဆိုခဲ့သော ကျောက်တွင်း အရောင်းအ၀ယ် စာချုပ်ကို ဖျက်သိမ်း လိုသည့်အခါ မင်းတုန်းမင်းသည် အကျယ်ချုပ် ခံနေရသူ ယောမင်းကြီး ဟောင်းကို ပြန်ခေါ်၍ အကူအညီ တောင်းရပြန်လေသည်။
ရာထူးပြန်ရပြီးနောက် ဦးဘိုးလှိုင်သည် သက်ဦးဆံပိုင် ဘုရင် အုပ်ချုပ်ရေး စနစ်မှ ဥပဒေနှင့် အညီ အုပ်ချုပ်သော ဘုရင် စနစ်သို့ ပြောင်းလဲရန် ရာဇဓမ္မ သင်္ဂဟကျမ်းကို ပြုစုလေသည်။ သို့သော် သီပေါမင်း လက်ထက် ရောက်မှ ဘုရင်ကို ဆက်သနိုင်ခဲ့၍ ဦးဘိုးလှိုင်ရော တိုင်းပြည်ပါ ကံဆိုးခဲ့ရပေသည်။ ဘုရင်နှင့်မိဖုရားက အမျက်တော်ရှကာ ဦးဘိုးလှိုင်အား အပြီးတိုင် ရာထူးမှ ထုတ်ပယ် လိုက်လေသည်။
ဤမှာဘက် ခေတ်တွင် ရာဇဓမ္မ သင်္ဂဟကျမ်းကို တည်းဖြတ် ထုတ်ဝေသော စာရေးဆရာကြီး မောင်ထင်က “ အာဏာ ရှိသူတို့အား ပညာရှိသူ တို့က ဆုံးမရခြင်းသည် ဒုက္ခတစ်ခု ဖြစ်သည်။ ဦးဘိုးလှိုင်၏ ဘ၀ဖြစ်စဉ်သည် ထိုဒုက္ခတို့ကို ခံလိုက်ရသော ဘ၀ဖြစ်စဉ် ဖြစ်ပေသည် ” ဟု နိဒါန်းတွင် ရေးသားခဲ့ပေသည်။

- မင်းကိုနိုင်မိခင် ဒေါ်လှကြည်၏ ရင်တွင်းပြောစကား click
- လွတ်မြောက်လာသော အကျဉ်းကျသံဃာများ သိက္ခာထပ်ပွဲ (ဓာတ်ပုံ) click
- ဓည၀တီရေတပ်စခန်းက သိမ်းယူသွားသောလယ်မြေ ၁၀၇ ဧကအတွက် လျော်ကြေးရလိုကြောင်း ကျေးရွာ သားများ အသနားခံ click
- ဘုရားသုံးဆူရှိ ဒီကေဘီအေတပ်ဖွဲ့များ လက်နက်ချရန် တောင်းဆိုခံရ click
- မွန်ပြည်သစ်နှင့် စေ့စပ်ရန် မွန်ခေါင်းဆောင်အချို့ကို ဝန်ကြီးချုပ်က တာဝန်ပေးစေလွှတ် click
- ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁) (ဆောင်းပါး) click
- စံခပူရီရဲ့ တန်ဆောင်တိုင်ည အလှအပ (ရုပ်သံ) click
- အမျက်ဖြေလင်္ကာ မဆက်သလိုဘူး (ကဗျာ) click
- ဒုံးဝေးတဲ့ကောင် (ကဗျာ) click
- ခေါက်ချိုးညီ လမ်းများ (ကဗျာ) click
- အစိုးရကို တရားစွဲမယ့် အုပ်စုကို အဖိဆစ် ထောက်ခံ click

  • ကရင်မိန်းကလေးငယ်တဦး၏ ဘ၀သရုပ်ဖော်မှတ်တမ်းရုပ်ရှင် သြစတြေးလျားတွင် ပြသခဲ့ - KIC click here
  • ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်းသာ ရှိခဲ့ - ခိုနူမ်းထုန် click here
  • မကွေးတိုင်း ရေဘေးဒုက္ခသည်များ အကူအညီလိုနေဆဲ - ဧရာဝတီ click here
  • တန်ဆောင်တိုင်ပွဲတော် ဓမ္မအေးရိပ် ကျင်းပ - မိုးမခ click here
  • ဒိုက်ဦးမှ တိုင်စာ - ဧရာဝတီဘလော့ဂ် click here
  • ထပ်မပြောတော့ဘူး မောတယ်၊ လူထုထဲက ကာတွန်းပွဲနဲ့ ရွှေစင့်စပွန်ဆာ ဘယ်သူလဲ - ဧရာဝတီ click here
  • မဲဆောက် မြန်မာအလှမယ် ရွေးပွဲ မြ၀တီသူ ပထမ ရရှိ - ဧရာဝတီ click here
  • စံခပူရီရဲ့တန်ဆောင်တိုန် ညအလှအပ (ရုပ်သံ) - မွန်သတင်းအေဂျင်စီ click here
  • မြန်မာလိုပျော်ကြတဲ့ ချင်းမိုင်ကထိန် (ရုပ်သံ) - ဧရာဝတီဘလော့ဂ် click here
  • မဲဆောက်တန်ဆောင်တိုင် (ဓာတ်ပုံ) - ဧရာဝတီဘလော့ဂ် click here
  • ဇင်းမယ်တန်ဆောင်တိုင် (ဓာတ်ပုံ) - ဧရာဝတီဘလော့ဂ် click here
  • နယူးဒေလီက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ဓာတ်ပုံ) - ဧရာဝတီဘလော့ဂ် click here



ပြည်သူ့ခေတ် အယ်ဒီတာ
(မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်း လိုက်တာနဲ့ ပတ်သက်ပြီး တစ်ချို့ကတော့ ဒါဟာ တရုတ်သြဇာ လွှမ်းမိုးမှုကို စိန်ခေါ် လိုက်တဲ့ ဖြစ်စဉ်အဖြစ် အနက် ကောက်ယူပြီး ကြိုဆိုကြတယ်။ ဒါပေမယ့် ပြည်သူ့ခေတ် အယ်ဒီတာကတော့ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အခြေအနေအရ ဖြစ်စဉ်တွေဟာ အဲဒီလောက် ရိုးစင်းမှု မရှိနိုင်ဘူး၊ တွက်ချက်ရမှာတွေ ရှိတယ်လို့ အောက်တိုဘာလ (၂၇)ရက်နေ့ထုတ် ဂျာနယ်မှာ ရေးထားပါတယ်။)
၂၀၁၁ အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက်သည့် သတင်းများနှင့် အတူ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် တစ်ရပ်ကိုပါ ဖော်ပြထားတာ တွေ့ရသည်။ အဆိုပါ သတင်းစာမှာပင် မြန်မာတရုတ် ဆက်ဆံရေးနှင့် စပ်လျဉ်း၍ ရေးသားထားသည့် ဆောင်းပါးရှင် ကျော်မျိုးနော်၏ဘယ်သူဖျက်ဖျက် မပျက်နိုင်ပါပြီခေါင်းစဉ်တပ် ဆောင်းပါး တစ်ပုဒ်လည်း ပါရှိသည်။
လူဦးရေ သန်းပေါင်း ၁၃၀၀ ကျော် ၁၂၀၀ ကျော် အသီးသီးရှိကြသည့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံကြီး နှစ်ခုနှင့် ဆက်ဆံမှု ကောင်းမွန်အောင် ဆောင်ရွက်နေသည့် လူဦးရေသန်းပေါင်း ၆၀ ဝန်းကျင်ရှိ မြန်မာ၏ အနေအထားကို ထိုသတင်းစာ တစ်စောင်ဖြင့်ပင် တစ်စွန်းတစ်စ မြင်တွေ့နေရသည်။
သတင်းစာ နှစ်မျက်နှာ နီးပါးရှိသည့် ပူးတွဲ ကြေညာချက်တွင် ကုလားတန် မြစ်ကြောင်း ပို့ဆောင်ရေး ဘက်စုံစီမံကိန်း၊ ရိဒ်- တီးတိန် ကားလမ်း ဖောက်လုပ်ရေး၊ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ ဆက်သွယ်မည့် နိုင်ငံ ဖြတ်ကားလမ်း ဖောက်လုပ်ရေး၊ နှစ်နိုင်ငံအကြား ရေကြောင်း လေကြောင်းနှင့် ရထားလိုင်း၊ ဘတ်စ်ကားလိုင်း အဆက်အသွယ်များ ထူထောင်ရေး၊ နှစ်နိုင်ငံ အကြား နယ်စပ် ကုန်သွယ်မှု အပါအဝင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ လျှပ်စစ်စွမ်းအား ကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ သမိုင်း၊ ရှေးဟောင်း သုတေသန၊ ယဉ်ကျေးမှုနှင့် ပညာရေး၊ တေးဂီတ၊ အားကစား၊ သတင်းမီဒီယာ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရေး စသည်တို့ အပါအဝင် ကဏ္ဍပေါင်း များစွာ၌ လက်တွဲ လုပ်ဆောင်ကြရန် သဘော တူညီချက်များ ထားရှိခဲ့ကြတာ တွေ့ရသည်။
လာမည့် နှစ်များအတွင်း အဲသည် သဘော တူညီချက်များသာ ပြည့်ပြည့်ဝဝ အကောင်အထည် ပေါ်လာခဲ့မည် ဆိုက မြန်မာ ကုန်စည်နှင့် မြန်မာ နိုင်ငံသားတို့ အိန္ဒိယသို့ ပို့၍ အရောက် အပေါက် များကြမည် ဖြစ်သကဲ့သို့ အိန္ဒိယနှင့် နယ်ချင်း စပ်နေသည့် ရခိုင်၊ ချင်း၊ စစ်ကိုင်းဒေသများသာမက မြန်မာပြည် အနှံ့အပြားတွင်ပါ အိန္ဒိယ ကုန်စည်နှင့် အိန္ဒိယ နိုင်ငံသားတို့ကို တိုးတက် တွေ့မြင်လာရ ပေလိမ့်မည်။
အနောက်ဘက် (အိန္ဒိယ)နှင့် ဆက်ဆံရေး တိုးချဲ့နေသည့်ကာလတွင် အရှေ့ဘက်(တရုတ်)နှင့်လည်း ကလားတူ ကဏ္ဍ ပေါင်းစုံ၌ ဆက်ဆံရေးများ ရှိနေခဲ့ပြီး ဖြစ်သည်။ ပမာဏများ ပြားလှသော နယ်စပ်ကုန်သွယ်ရေး၊ မြန်မာ့မြစ်ကြီးများတွင် ထုတ်လုပ်ပြီး တရုတ်ပြည်သို့ ရောင်းချမည့် ရေအားလျှပ်စစ်၊ ဘင်္ဂလား ပင်လယ် မြန်မာကမ်းစပ်မှ သဘာဝဓါတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့မည့် ဓါတ်ငွေ့ ပိုက်လိုင်း၊ ယင်းနှင့်အတူ တရုတ်နှင့် နိုင်ငံတကာသို့ ဆက်သွယ်မည့် ကားလမ်း၊ ရထား လမ်း၊ ရေနံပိုက်လိုင်းနှင့် ပင်လယ်ကူး သင်္ဘောဆိပ် စသည်ဖြင့် ထုထည်ကြီး များသော လုပ်ငန်းကြီးများ ပူးတွဲ ဆောင်ရွက်လျက် ရှိနေသည်။ ကူးလူးဆက်ဆံမှု များပြား လာသည်နှင့် အမျှ မြန်မာနိုင်ငံတွင် တရုတ် ကုန်စည်များရော တရုတ် နိုင်ငံသားများကိုပါ လက်ညှိုးထိုး မလွဲ မြင်လာကြရမည် ဖြစ်သည်။
စင်စစ် တိုင်းပြည် နိုင်ငံတို့ သူတစ်ပါးနှင့် ကူးလူး ဆက်ဆံကြခြင်းသည် ချစ်ကြည် ရင်းနှီးလိုမှု အတွက် ဖြစ်သကဲ့သို့ စီးပွားရေး၊ နိုင်ငံရေး ဘက်တွင် အကျိုးအမြတ်ရလိုမှု အတွက်လည်း ဖြစ်သည်။ ကူးသန်း ရောင်းဝယ်ရေး ကျွမ်းကျင်သဖြင့် အကျိုး အမြတ် ရအောင် လုပ်နိုင်သော် နိုင်ငံ ကြွယ်ဝ ချမ်သာမည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် ကျွမ်းကျင်လိမ္မာစွာ လုပ်နိုင် သော် နိုင်ငံဂုဏ်ရည် တက်မည်၊ သြဇာတိက္ကမ ရှိမည်။ ၎င်းတို့ ပေါင်းသော် အင်အား ရှိသော နိုင်ငံဖြစ်မည်။
နိုင်ငံတိုင်းပင် ဓနဥစ္စာ၊ သြဇာ အာဏာတို့ဖြင့် အင်အား ရှိသော၊ တက်နိုင်လျှင် အင်အား ကြီးသော နိုင်ငံဖြစ်အောင် ကြိုးစားရမြဲ ဖြစ်သည်။ ထိုအင်အားဖြင့် သူတစ်ပါးကို ကျူးကျော် ထိပါးဖို့ မရည်ရွယ်သည့်တိုက် မိမိအား သူတစ်ပါး ကျူးကျော် ထိပါးမှု မပြုနိုင်အောင်ကား အင်အားရှိဖို့ လိုသည်ဟု ခံယူကြသည်။ ထို့အတွက်ကြောင့် တစ်ခါတစ်ရံတွင် အင်အား ကြီးသူနှင့် အဆင်ပြေအောင် ပေါင်းကာ အားကိုး ပြုတာမျိုး တစ်စုံ တစ်ယောက်၏ အန္တရာယ်ကို ကြောက်၍ ၎င်းထံ ကာကွယ် စောင့်ရှောက်မှု ခံယူတာမျိုးလည်း ရှိတက်သည်။
သို့သော် အင်အားကြီးသူနှင့် အင်အား နည်းသူတို့ နီးနီးကပ်ကပ် ပေါင်းသင်းကြသည့် အခါ အင်အား နည်းသူ၌ အန္တရာယ် ရှိသည်။ အီစွပ် ပုံပြင်များတွင် ကြေးအိုးနှင့် မြေအိုးတို့ အကြောင်း ပုံပြင်တစ်ပုဒ်ပါ၏။ မြစ်ကြောင်း ခရီးစုန်သည့်အခါ ကြေးအိုးက မြေအိုးအား ‘ ငါ့အနားကပ်ပါကွ၊ ငါစောင့်ရှောက်ပါ့မယ်’ ဟုဆို၏။ သည်အခါ ရှေ့ရေး တွေးတော တတ်သော မြေအိုးက ‘ ကျေးဇူး တင်ပါတယ် ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော်က အဲဒါပဲ ကြောက်တာပါ၊ ခင်ဗျားသာ ခပ်ကွာကွာလေး နေပေးမယ် ဆိုရင် ကျွန်တော် အန္တရာယ်ကင်း ဘေးရှင်း စုန်ဆင်း နိုင်ပါလိမ့်မယ်’ ဟု ပြန်ဖြေသည်။
မြစ်ကြောင်း ခရီးဆိုတာ အမြဲ လှိုင်းလေငြိမ်သည် မဟုတ်။ အကယ်၍ လေတိုက် လှိုင်းထသည့် အခါ ကြေးအိုးနှင့် ရိုက်မိလျှင် ခွပ်ခနဲ့ မိမိသာ ကွဲလိမ့် ဖြစ်ကြောင်း မြေအိုး သိသောကြောင့် ဖြစ်သည်။
သည်ပုံပြင်မှာ အိမ်နီးချင်း ပါရှားဘုရင် ဆိုင်းရပ်(စ)နှင့် ပေါင်းရန် ကြံနေသော လစ်ဒိယ ဘုရင် ခရီးဆပ်(စ)အား သတိပေးသော သဘောဖြင့် အီစွပ် ပြောခဲ့သော ပုံပြင် ဖြစ်သည်။ ခရီးဆပ်(စ) နားမထောင်သဖြင့် နောင်တွင် မြေအိုး ကွဲသလို ကွဲခဲ့ရသည်။
ဆိုခဲ့သည့် အတိုင်း တိုင်းပြည်တွေသည် မိမိတို့ သာယာဝပြောမှု၊ အင်အား တိုးတက်မှု၊ လုံခြုံ စိတ်ချရမှုတို့ကို အကြောင်းပြကာ ကူးလူး ဆက်ဆံမှုတွေ တိုးချဲ့ရန်၊ နီးနီး နားနားမှသည် ဝေးဝေး လံလံထိ ဖြန့်ကြက်ရန် ကြိုးစားကြသည်။
စီးပွားရေးအရ ကမ္ဘာတွင် ဒုတိယ အင်အား အကြီးမားဆုံး နိုင်ငံဖြစ်လာသည့် တရုတ်ပြည်သည် သူ၏ ဓန အဆောက် အအုံကို ထိန်းသိမ်းရန်နှင့် တိုးတက် ချဲ့ထွင်နိုင်ရန် အတွက် သမုဒ္ဒရာ နှစ်စင်း ပေါ်လစီကို အကောင် အထည် ဖော်လာသည်။ သူ့ တိုင်းပြည် အရှေ့ဘက်ခြမ်း တစ်ခုလုံးသည် နဂိုမူလကပင် ပစိဖိတ် သမုဒ္ဒရာနှင့် ထိစပ်နေပြီး ဖြစ်သည်။ အနောက် တောင်ပိုင်း ယူနန်နယ်မှ နေ၍ မြန်မာပြည် ဖြတ်လမ်းဖြင့် ဘင်္ဂလား ပင်လယ် (အိန္ဒိယ သမုဒ္ဒရာ)သို့ ထွက်နိုင်သော် ကမ္ဘာနှင့် ကူးလူး ဆက်ဆံရေး အတွက် သမုဒ္ဒရာ နှစ်စင်း သူသုံးခွင့် ရလိမ့်မည်။
ထိုအစီစအဉ်အရ အိန္ဒိယ သမုဒ္ဒရာသို့ တရုတ်တို့ ရောက်ရှိ လာတော့မည့် အချိန်တွင် သမုဒ္ဒရာ တစ်စင်းလုံး မိမိအမည်ဖြင့် အပိုင် ရှိထားသော အိန္ဒိယ ကလည်း အရှေ့မျှော် ဝါဒကို အရှိန်မြှင့်ကာ ရှေ့တွင် ဖော်ပြခဲ့သည့် မြန်မာပြည် ဖြတ်လမ်းများ အားဖြင့် ကူးလူး ဆက်ဆံမှုများ တိုးတက် ဖြန့်ကြက်ရန် လုပ်ဆောင် လာသည်။
တရုတ်၊ အိန္ဒိယ နှစ်နိုင်ငံလုံးပင် မြန်မာပြည်ကို စေ့စပ်စွာ ကြည့်ရှု ကာသည် နိုင်ငံနှင့် ဆက်ဆံရေးမှ မိမိတို့ အကျိုးအမြတ် မည်မျှ ရရှိနိုင်သည်ကို မျှော်ခေါ်၍ ဆက်ဆံရေးများ တိုးချဲ့ရန် လုပ်ဆောင် လာသည်။
လူနှစ်ဦး ဆက်ဆံသည့် အခါ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ထွက်နိုင်သကဲ့သို့ နိုင်ငံချင်း ဆက်ဆံရာ၌လည်း နှစ်ဖက်လုံး တွက်ခြေ ကိုက်သည့် သူနိုင်ပါနိုင် အနေအထားမျိုး ရှိနိုင်ပါသည်။ စင်စစ် ထိုအနေအထားမျိုး မျှော်လင့် နိုင်မှသာလျှင်လည်း နိုင်ငံတို့ ဆက်ဆံဖို့ စဉ်းစားကြမြဲ ဖြစ်ပါသည်။
သို့သော် သံအိုး၊ ကြေးအိုးတို့နှင့် အတူတကွ ခရီးသွား ရသည့်အခါ မိမိ၏ ကြံ့ခိုင်မှု အတိုင်းအတာကို ကြည့်၍ သတိဝိရိယနှင့် သွားဖို့ လိုမည် ဖြစ်ကြောင်း တင်ပြလိုပါသည်။
ပြည်သူ့ခေတ် အယ်ဒီတာ၊ ၂၀၊ ၁၀၊ ၂၀၁၁                  မူရင်း  ပိတောက်မြေ

- အောင်ဆန်းဓာတ်ပုံ ရန်ကုန်မှာ အရောင်းသွက် click
- ဆန္ဒပြ လယ်သမားများ အာမခံ ပယ်ချခံရ click
- အစာငတ်ခံဆန္ဒပြ နိုင်ငံရေးအကျဉ်းသား ထောင်ဝင်စာပိတ် click
- ရွှေဝါရောင်သံဃာခေါင်းဆောင် ကျန်းမာရေး ပြန်လည်ကောင်းမွန် click
- နယူးဒေလီက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့်အထိမ်းအမှတ် သွေးလှူမည် click
- အာစီယံဥက္ကဌ ဖြစ်ရေးမဖြစ်ရေး click
- မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေဆဲ click
- နအဖနှင့် ဆွေးနွေးရန် ကေအန်ယူ ပြင်ဆင် click
- KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် ဖွဲ့စည်း click
- KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကို ဖွဲ့လိုက်ပြီ click
- မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA ဗုံးခွဲ click
- နမ့်ခမ်းရဲစခန်းတွင် ဗုံးပေါက်ကွဲပြီး ရဲအရာရှိ ၁ ဦး သေဆုံး click
- ကြူကုတ် (ပန်ဆိုင်း) နှင့် နမ့်ခမ်းမြို့များတွင် ဗုံးကွဲ၊ ရဲအရာရှိတဦး သေဆုံး click
- ရွှေတြိဂံအရှုပ်တော်ပုံ ထပ်မဖြစ်အောင် တရားဥပဒေစိုးမိုးရေး အထူးလိုအပ် - RCSS/SSA ခေါင်းဆောင် ပြော click
- အာမခံချက် ရေရှည်ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးပဲ လိုချင်တယ် (ကေအိုင်အေနှင့် မေးမြန်းချက်) click
- ဒီမိုကရေစီဘောင်ကို ချဲ့ပါ၊ သမိုင်းဘီးရှေ့သို့ လှည့်ပါ (ဆောင်းပါး) click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဝင် တနင်္သာရီတိုင်းစည်းရုံးရေးမှူး ဦးမောင်ကို (၁၉၃၉ – ၁၉၉၀) ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် ကျင်းပ click
  တန်ဆောင်တိုင် လောင်းကစားဝိုင်း သျှမ်းပြည် ဘဏ္ဍာရေးဝန်ကြီးထံ ကျပ်သိန်းထောင်ချီ ပေးရ click
- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက လက်ဝါးကားတိုင် ဖျက်ဆီးသူ အရေးယူပေးရေး တိုင်ချက် ဖွင့် click
- ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်းသာရှိခဲ့ click
- ရွှေသဘာဝဓာတ်ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးလှုပ်ရှားမှု ရခိုင်ပြည်နယ်တွင် ပြုလုပ် click
- မွန်ပြည်နယ် အလုပ်အကိုင်ရှားပါးမှုကြောင့် ကလေးလူငယ်များ မိဘနှင့် ကင်းကွာနေရ click
- အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်မှုလုပ်ရန် ကြံ့ခိုင်ရေးအမတ်များ ကြိုးပမ်း click
- ဗေဒါသင်တန်း ရှမ်းပြည်နယ်တွင် ဖွင့်လှစ် click
- မကွေးတိုင်း ရေဘေးဒုက္ခသည်များ အကူအညီလိုနေဆဲ click
- မဟာချိုင် ရေဘေးဒုက္ခသည် အကူအညီ click
- ကွန်ပျူတာ၌ မြန်မာစာသုံး လင်းနစ် OS ယနေ့ထွက်ပြီ click
- ဗန်းမော်မှာ ရှားရှားပါးပါး စာပေဟောပြောပွဲ ပြုလုပ် click
- ၂၀၁၁ အပြောင်းအလဲများအတွက် Eleven Media Group က ဂုဏ်ပြုပွဲ ကျင်းပမည် click
- ထပ်မပြောတော့ဘူး မောတယ်၊ လူထုထဲက ကာတွန်းပွဲနဲ့ ရွှေစင့်စပွန်ဆာ ဘယ်သူလဲ click
- တန်ဆောင်မုန်းလပြည့်ကြိုတရက် ပွဲတော်ညနဲ့ ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲ (ဓာတ်ပုံသတင်း) click
- ၂၀၁၁ ခုနှစ် ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲ click
- မဲဆောက် တန်ဆောင်တိုင် (ဓာတ်ပုံ) click
- မဲဆောက် မြန်မာအလှမယ်ရွေးပွဲ မြ၀တီသူ ပထမရရှိ click
- ကရင်မိန်းကလေးငယ်တဦး၏ ဘ၀သရုပ်ဖော်မှတ်တမ်းရုပ်ရှင် သြစတြေးလျတွင် ပြသခဲ့ click
- ဒိုက်ဦးမှ တိုင်စာ click
- ရခိုင်မျိုးချစ်အဆိုတော် ဝင်းကိုခိုင် (အင်တာဗျူး) click
- မြူတိမ်ဝေေ၀ … တောင်ခိုးဝေးဝေး - ၁၅ (ဆောင်းပါး)click
- ပြဿနာတွေနဲ့ ပတ်ချာဝိုင်းနေတဲ့ ၀န်ကြီးချုပ် ထွက်ပေးဖို့ ငြင်းဆို click
- ညီမျှမှုမရှိသော ပညာရေး စိန်ခေါ်မှု click
- စီးပွားရေးပျက်ကပ်နှင့်အတူ လူကြိုက်နည်းလာသော နာမည်ကြီး တက္ကသိုလ်များ click
- အစိုးရတွေ ဘယ်ဈေးလဲဟေ့ (ဆောင်းပါး) click

facebook ပေါ်က လူတော်တော်များများဆီမှာ အထက်ဖော်ပြပါ ပုံမျိုးတွေ အများကြီး ကို တွေ့လိုက်ရတဲ့အချိန်မှာ လွန်စွာပဲ တုန်လှုတ်ချောက်ခြားမိပါတယ်။ စုံစမ်းကြည့်တော့ ဧရာဝတီ သတင်းဘလော့ကနေ ရတယ်လို့ သိရပြန်တယ်။ ဒီနေ့ မျိုးဆက်သစ်တွေ တော်တော်ကြောက်စရာကောင်းပါလား။ သတင်းဌာနတွေနဲ့ အတိုက်အခံတွေကလည်း အစိုးရကို အတိုက်အခံလုပ်ရရင်ပြီးရော ဆိုပြီး လုပ်ချင်တိုင်းကိုလုပ်နေကြတယ်။ သမိုင်းကိုလည်း ထည့်မတွက်ကြဘူး၊ လေးလည်းမလေးစားကြဘူး။ အတိုက်အခံတွေက တကယ်စိတ်ပျက်ဖို့ကောင်းနေပြီ။

အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းမင်းတရား ကြီးတို့ ရုပ်ထုတွေကို အစိုးရက မှတ်တမ်းတင်ထားလို့ အစိုးရလုပ်သမျှ ဆန့်ကျင်မယ် ဆိုတဲ့ စိတ်တွေနဲ့ လုပ်နေသမျှတော့ ဆန့်ကျင်ရေးသမားပဲဖြစ်မယ်။ မီဒီယာသမားလည်း ဖြစ်မလာသလို နိုင်ငံရေးသမားလည်း မဖြစ်လာဘူး။ အဲလိုလူမျိုးတွေကိုလည်း အထင်မကြီးကြနဲ့။

အသက်ငယ်တဲ့လူတွေက လုပ်လို့၊ အသက်ကြီးတွေက တားရကောင်းမှန်းလည်း မသိဘူး။ တစ်ခါတုန်းကလည်း http://nge-naing.blogspot.com/2011/07/blog-post_14.html မှာ အသက် ၄၀ ကျော် အမျိုးသမီးကြီးလုပ်နေပြီး ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာကို သူ့နာမည် တပ်ပြီး ဗေဒါလမ်း လို့ပေးထားတာတွေ့တုန်းက ဝင်ပြောမိသေးတယ်။

ဒီနေ့အတိုက်အခံတွေလုပ်မှပဲ သမိုင်းက သူရဲကောင်းတွေလည်း ကာတွန်းဖြစ်ပြီး နာမည်ကြီး ကဗျာတွေက ဟာသ တွေ ဖြစ်ရတယ်။ တကယ်စိတ်ပျက်တယ်။ သိတဲ့ တတ်တဲ့ လူတွေကလည်း လက်လှမ်းမှီသလောက် ထိန်းကြပါအုံး။

အစိုးရက အာဇာနည်နေ့ကို အရင်လိုခမ်းခမ်းနားနား မကျင်းပရင်တောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုတွေကို ပြုပြင်နေတာတွေ တွေ့နေရတယ်။ ဘယ်အစိုးရဘက်တော်သားကမှ ဗိုလ်ချုပ်အောင်ဆန်းပုံကို ကာတွန်းမဆွဲဘူး။ မလှောင်ပြောင်ကြဘူး။ အောင်ဆန်းစုကြည်က ကျန်စစ်သား မင်းကြီးကို လေးစားတယ်ပြောလို့ ဘယ်စစ်ဗိုလ်ကမှ ကျန်စစ်သား ပုံကို ကာတွန်းမဆွဲဘူး၊ မလှောင်ပြောင်ဘူး။ စိတ်ဓာတ်နဲ့ အသိပညာအဆင့်အတန်း ဘယ်လောက်ကွာတယ်ဆိုတာ အဲဒီမှာ သက်သေပြတာပဲ။ အဲဒီလို အတိုက်အခံတွေကို စစ်ဗိုလ်လေးတွေရဲ့ ချီးပဲကျွေးသင့်တယ်။
အစိုး၇ ဘာလုပ်လုပ် အတိုက်အခံလုပ်တာ ဘာမှမပြောပေမယ့်.. သမိုင်းထဲက သူ၇ဲကောင်းတွေ မလှောင်ပြောင်သင့်ဘူးး
၇ုပ်ပြောင်ဖြစ်အောင်တော့ မလုပ်နဲ့...ကိုယ့်အမျိုးကို ကိုချစ်တတ်အောင် သင်ပါ...


ဒေါသဖြင့်
ဒေါက်တာလှိုင်မြင့်

မင်း (၃)ပါးကွ..မလေးစားချင်နေ မလှောင်ပြောင်နဲ့...

- မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှု တခုချင်းအလိုက် အမေရိကန် တုံ့ပြန်မည် click
- အစာငတ်ခံတောင်းဆိုသူများအရေး အမြန်ဆုံး ဥပဒေပါအတိုင်း ဖြေရှင်းပေးပါ click
- ဦးဝင်းတင်ကို “သူရသတ္တိ” ရွှေတံဆိပ်ဆု ချီးမြှင့်မည် click
- ၈၈ မျိုးဆက်များ​ အသင်း​အဖွဲ့အဖြစ် မှတ်ပုံတင်ရန် စဉ်း​စား​နေ click
- သျှမ်းပြည် (မြောက်ပိုင်း) နမ့်မတံတားတွင် ဗုံးပေါက်ကွဲ click
- ကေအိုင်အေနှင့် စစ်ပွဲအကြား ရွာသားတွေကို ကင်းစောင့်ခိုင်း click
- DKBA လူထုအစည်းအဝေး ပြုလုပ်မည် click
- အပစ်အခတ်ရပ်စဲ​ရေး​နှင့်​ ပတ်သက်ပြီး​ ဒီ​ကေဘီ​အေက လူထုရှင်း​လင်း​ပွဲလုပ်မည် click
- တပြည်လုံး​ အပစ်အခတ်ရပ်စဲ​ရေး​ ​ကျောင်း​သား​တပ်မ​တော်​ တောင်း​ဆို click
- အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင်း ABSDF ပြော click
- လုပ်ကြံသတ်ဖြတ်သူတဦးရဲ့ ဖွင့်ဟချက် (ရုပ်သံ) click
- “မုန်တိုင်း​မှာ ​ကြွေတဲ့​ ကြယ်တပွင့်​” စာအုပ် ထုတ်​ဝေ click
- လွတ်လပ်စွာ ဖန်တီးတတ်စေရန် “လွတ်လပ်ခြင်းအနုပညာ” ရုပ်ရှင်ပွဲတော် ကျင်းပ click
- ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး အစားထိုးခန့်အပ် click
- လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တနေရာ မွန်ပါတီ ဝင်ပြိုင် click
- ရွေး​ကောက်ပွဲ တနှစ်ပြည့်​ပြီး​နောက် မြန်မာပြည်နိုင်ငံ​ရေး​ - စကား​ဝိုင်း​ (၂) (ဆောင်းပါး) click
- တောက်တဲ့တွေ ခေတ်စားနေတယ် (ထွေရာလေးပါး) click
- ဆင်း​ရဲမှု​ဖြေရှင်း​ရေး​အတွက် ​ငွေ​ကြေး​ကဏ္ဍ စတင်ပြုပြင်ရမယ် (အီးယူသံအမတ်ကြီး​နှင့်​မေး​မြန်း​ချက်) click
 အသိမ်းခံရ လယ်မြေ ပြည်နယ်လွှတ်တော်တင်၍ အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရ click
- ထိုင်းရေဘေးသင့် မြန်မာအလုပ်သမားများ၏ ဒုက္ခ မသေးလှ click
- မြန်မာရေဘေးဒုက္ခသည်များကို FTUB နှင့် PVA သွားရောက်လှူဒါန်း click
- မက္ကာဘုရားဖူး ၁,၀၀၀ ခန့် လေကြောင်းလိုင်းကြောင့် ခရီးစဉ်ပျက် click
- ဆက်ကြေးမရလို့ ဝန်ထမ်းတန်းလျား မီးရှို့ click
- ရန်ကုန်မြို့ပတ်ရထား​ခ ၁၀ ဆတက် click
- မူစယ်မြို့ဈေးအတွင်း ကယ်ရီဆိုင်ကယ်များ စည်းကမ်းမဲ့ မောင်းနှင် click
- လှုပ်တုပ်တုပ်မှ နှေးတေးတေးသို့ click
- ပင်စင်ခံစား​ခွင့်​ မရ​သေး​သူများ​ ရှိ​နေဆဲ click
- နဖူးမှချွေး ခြေမသို့ ကျသည်အထိ click
- ဦးဘဂျမ်းကာတွန်းပြပွဲ ပြန်လာပြီ click
- ဆုတော်ငွေ ယဉ်ကျေးမှု click
- ချင်းမိုင်ရောက် မြန်မာကထိန် (ဓာတ်ပုံ) click
- သက်တမ်းရင့် မဲဆောက်ကထိန် (ဓာတ်ပုံ) click
- သူဌေးကြီး ဦးတေဇလည်း ဥပဒေကို ကြောက်ရတယ် (ဆောင်းပါး) click
- ဧရာဝတီ မဲခေါင် နိပါးပေါ်က လွင့်မျောနေသော တိမ်တိုက်များ - ၃ (ဆောင်းပါး) click
- ဘာတဲ့ … နိုင်ငံရေး (ကာတွန်း) click
- ရီဇော်ရဲ့ ကဗျာ ၄ ပုဒ် click
- မနက်ဖြန်ကိစ္စ (ကဗျာ) click
- အမေရိကန်က ရှင်မွေးလွန်း click

လူ့အခွင့်​အ​ရေး​လှုပ်ရှား​သူတဦး​ ရိုက်နှက်ခံရ click
- ရှမ်း-ကချင်နယ်စပ်မှာ မြန်မာအစိုးရစစ်သား ၇ ဦး ကျဆုံး click
- မြန်မာစစ်ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ၊ ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် click
- ၀ိုင်းမော်ကျမ်းစာကျောင်းမှ ဆရာနှင့် ကျောင်းသားများ ထွက်ပြေး click
- အစိုးရတပ် ထိုးစစ်ရပ်ရေး ၀ိုင်းဝန်းကြိုးပမ်းသင့်ဟု လေ့လာသူ ပြော click
- ဒီကေဘီအေ၏ ဌာနချုပ် အစည်းအဝေး click
- ကြား​ဖြတ်​ရွေး​ကောက်ပွဲ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့ချုပ် ဝင်ပြိုင်မည်မဟုတ် click
- ရွေး​ကောက်ပွဲကိစ္စ စဉ်း​စား​ရန် အမျိုးသား​ဒီမိုက​ရေစီအဖွဲ့ချုပ်ကို တိုက်တွန်း​ click
- ပါတီမှတ်ပုံတင်ရေး ဆွေးနွေးရန် NLD ရက်သတ်မှတ် click
- NLD ပါတီနောင်ရေး ၁၈ ရက်မှာ စည်းဝေးမည် click
- NLD မှတ်ပုံတင်ရေး/မတင်ရေး ၁၈ ရက်နေ့တွင် စည်းဝေးမည် click
- အန်အယ်လ်ဒီ မှတ်ပုံတင် မတင် နိုဝင်ဘာ ၁၈ ရက်တွင် ဆုံး​ဖြတ်မည် click
- ဒီကနေ့ လူထုလိုလားချက်နဲ့ ရွှေဂုံတိုင်မူ (ဆောင်းပါး) click
- ဘာကြောင့် အငြှိုးကြီးနေရတာလဲ (ရုပ်သံ) click
- နိုင်ငံရေးအကျဉ်းသားအရေး ပံ့ပိုးပေးမည်ဟု AAPP ကမ်းလှမ်း click
- စစ်အစိုးရကို နိုင်ငံတကာစစ်ခုံရုံး တင်ပေးဖို့ WLB တောင်းဆို click
- အမျိုးသမီးများအတွက် တရားမျှတမှုကို WLB ဆောင်ကြဉ်းစေလို click
- မြန်မာကို ဥက္ကဋ္ဌပေးရန် အာဆီယံ သဘောတူဟုဆို click
- ကြား​ဖြတ်​ရွေး​ကောက်ပွဲ တစည ကိုယ်စား​လှယ် ၂၀ ဝင်မည် click
- မန္တလေးတိုင်း လွှတ်တော်အစည်းအဝေး ကန့်သတ် သတင်းယူခွင့်ပြု click
- သတင်းစာဆရာတွေ သတိထားရေးဖို့ ရန်ကုန်ဝန်ကြီးချုပ် ပြော click
- ရွေး​ကောက်ပွဲ တနှစ်ပြည့်​ပြီး​နောက် မြန်မာပြည်နိုင်ငံ​ရေး​ - စကား​ဝိုင်း​ (၁) click
- နိုဝင်ဘာ ၁၉ စနေနေ့တွင် ဆန်ဖရန်ဘေးဧရိယာက ဧရာဝတီချစ်သူများ ဆွေးနွေးပွဲ ကျင်းပမည် click
- ကျားသစ်ရဲ့ကိုယ်ပေါ်က အပြောက်တွေ ပျောက်နေပြီလား (ဆောင်းပါး) click
- ၂၀၁၀ အခါလည် (ဆောင်းပါး) click
- အတိတ်မှ အရိပ်များ (၆) (ဆောင်းပါး) click
- ဂဒါဖီ သံဝေဂ (ကဗျာ) click
 - စီအဲန်အေ နာမည်အလွဲသုံးစားလုပ်ပြီး ငွေကောက်သူများအား မြန်မာစစ်တပ်က ဖမ်းဆီး click
- စစ်တပ်သိမ်းယူ ထားသည့်မြေများ ပြန်ပေးရန် ကျောက်မဲ တောင်သူများ တောင်းဆို click
- နစ်နာကြေးထဲမှ တဝက်ပေးရမည်ဟု ကျောက်ဖြူအာဏာပိုင်များ အကျပ်ကိုင် click
- မဟာချိုင် ​ရေ​ဘေး​သင့်​ မြန်မာအလုပ်သမား​များ​ ​နေရပ်ပြန်နိုင်​ရေး​ မြန်မာသံရုံး​စီစဉ်​ပေး​ click
- နေရပ်ပြန် ရေဘေးဒုက္ခသည်များအား မြန်မာရဲများ ငွေညှစ် click
- ထိုင်းနယ်စပ် ဗုံးကွဲမှု စက်လှေသုံးစင်း ပျက်စီး click
- တရားမဝင် ကားကိစ္စ လာဘ်ယူသူများ စစ်ဆေးတွေ့ရှိ click
- တောင်တွင်း​ကြီး​မြို့တွင် ​ဖောက်ထွင်း​မှုများ​ မကြာခဏ ဖြစ်ပွား​နေ click
- ယခုနှစ် တန်းဆောင်တိုင်ပွဲတော် လောင်းကစားဝိုင်းများဖြင့် ပြည့်နှက် click
- နေပြည်တော် ကျောက်မျက်ပြပွဲ ရက်ရွှေ့ဆိုင်း click
- ကျပ်သိန်း တသောင်းခုနှစ်ထောင်တန် တောက်တဲ့ကြီး click
- ၃ ပေခွဲ တောက်တဲ့ = သိန်းပေါင်း ၁ သောင်း ၇ ထောင် click
- မြန်မာပြည်က ဘောလုံးကဏ္ဍ ပြည်ပဒဏ်ခတ်မှုကို ကျော်ဖြတ်နိုင်ပြီ click
- ချင်းမိုင်က LANNA GMS Fair 2011 ကုန်စည်ပြပွဲ click
- ကြေကွဲစရာ အချစ်ဇာတ်လမ်း ရိုးရိုးတပုဒ် click
- ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ click
- မီး၊ လူကြီးနဲ့ ကလေး click
- ကားမောင်းရတာ မလွယ်ပါလား click
- လားရှိုးရဲများ ငွေညှစ်ပုံ အကျည်းတန်လွန်း (ပေးစာ) click
- မငြိမ်းသေးသော အငြိမ်းစားတို့ရဲ့ဘဝ (ဆောင်းပါး) click
- ပြန်လည်ပြောဖြစ်ခဲ့မယ်ဆိုရင် ... (၇) (ဆောင်းပါး) click
- ကျောင်းစိမ်းတထည်၏ အတ္ထုပ္ပတ္တိ (၀တ္ထုတို) click
- ချဉ်ဖတ်အနုပညာ (ကာတွန်း) click
- ကိုလံဘီယာ တော်လှန်ရေးခေါင်းဆောင် ကျဆုံး click
- မယုံမရှိကြပါနဲ့ ပြင်ဆင်ထားကြပါ click
- မြို့တွင်းပြေး ဘတ်စ်ကားတွေ ရပ်၊ မြေအောက်ဘူတာရုံတွေ စောင့်ကြည့်နေရ click
- က​မ္ဘောဒီး​ယား​ မိဘမဲ့​က​လေး​တွေကို နိုင်ငံခြား​ခရီး​သွား​လုပ်ငန်း​ ဆွဲ​ဆောင်ရာတွင် အသုံး​ချမှု တား​မြစ် click
- လူထုတိုက်ပွဲဝင် တရုတ်မျက်မမြင်အတွက် အွန်လိုင်းလှုပ်ရှားမှု click
- ကောပါးနီးကပ်စ် အမည် အပါအ၀င် Period Table တွင် ဒြပ်စင်အသစ် ၃ မျိုး အမည် ထည့်သွင်း click
- သိန်းရှစ်ထောင်တန် အမှား click

- ရွေးကောက်ပွဲ တနှစ်အကြာ ဘာတွေ ပြောင်းလဲသွားလဲ click
- တနှစ်အတွင်း တိုးတက်မှု အနည်းအကျဉ်းသာရှိသေးကြောင်း မွန်နိုင်ငံရေးခေါင်းဆောင်များ ပြော click
- မွန်ပြည်သစ်ပါတီ၏ အဌမမြောက် ပါတီညီလာခံ click
- နိုင်ငံရေးပါတီမှတ်ပုံတင်ရေး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ပြန်လည်သုံးသပ်မည် click
- NLD မှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး (ဦးဝင်းတင်နှင့် မေးမြန်းချက်) click
- တွံတေးမြို့ NLD လူငယ် ၂ ဦး ၀ိုင်းရိုက်ခံရ click
- အကျဉ်းကျ သျှမ်းခေါင်းဆောင်များအရေး ပြန်လည်စိစစ်ခြင်းမပြုက အမျိုးသားရင်ကြားစေ့ရေးအတွက် စိုး ရိမ် click
- နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​အချို့၏ သတင်း​အင်တာဗျူး ​ဖော်ပြခွင့်​မရ click
- နိုင်ငံရေးအကျဉ်းသားအရေအတွက် ပြဿနာ click
- ပိတ်ပင်ခံ သက်မွေးဝမ်းကြောင်း လိုင်စင်များ ပြန်ပေးရန် တောင်းဆို click
- လယ်သမား​သူပုန်ထမှုသမိုင်း​ကို လူငယ်များ​ ပြန်​ဖော်ထုတ်မည် click
- ကုန်တင်သင်္ဘော ဗုံးခွဲ တိုက်ခိုက်ခံရ click
- ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံရ click
- မြစ်ကြီးနားမြို့သို့ ပေးသော KIO လျှပ်စစ်မီးအား မြန်မာအစိုးရ ဖျက်ဆီး click
- မြန်မာအစိုးရတပ်က ကချင် ခရစ်ယာန်သင်းအုပ် ဆရာအား ဖမ်းဆီး click
- အစိုးရပြည်သူ့စစ်များ KIOနှင့် ပူးပေါင်းရန် ပြည်ပကချင်များ တောင်းဆို click
- မြန်မာစစ်သားများ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေါ်ဆွမ်လွတ်ရွယ်ဂျာ ဖြစ်ရပ် (ဓာတ်ပုံ) click
- နအဖနှင့် ဒီကေဘီအေ အောက်ခြေတပ်များ ဆွေးနွေး click
- တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ် click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရာဇ၀တ်မှုများ စုံစမ်းရန် WLB တောင်းဆို click
- “အမျိုးသမီး​များ​အတွက် တရား​မျှတမှုကို ​ဆောင်ကြဉ်း​ပါ” ဗွီဒီယိုမှတ်တမ်း​ခွေ ဖြန့်ချိ click
- ဦးအောင်ရွှေနဲ့ ဦးလွန်းတင်တို့အား NLD လူငယ်များ ဂါရ၀ပြု ကန်တော့ (ဓာတ်ပုံ) click
- ဗေဒါသင်တန်း​ကျောင်း​ မန္တလေး​တွင် ဖွင့်​ click
- စွယ်တော်အတွက် နေပြည်တော်လုံခြုံရေး တင်းကျပ် click
- နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး နိဂုံးလော (ဆောင်းပါး) click
- ခေတ်သစ် နိုင်ငံရေးယဉ်ကျေးမှုဆီသို့ ... (ဆောင်းပါး) click
- မပေးသေးတဲ့ ဆု၊ မတီးသေးတဲ့ လက်ခုပ်သံ (အယ်ဒီတာ့အာဘော်) click
- တိုင်းရင်းသားတို့၏ အတိတ်သင်ခန်းစာနှင့် ပြည်တွင်းငြိမ်းချမ်းရေး (ဆောင်းပါး) click
- တိုင်းရင်းသားတို့ ဘာပြောသလဲ (ရုပ်သံ) click

“တနေ့တော့ ဖြစ်လာမှာပါ” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- မြန်မာပြည်မြေပုံ ဘီဘီစီ မှားယွင်းမှု အင်တာနက်သုံးစွဲသူ မြန်မာပြည်သူတွေက ကန့်ကွက်ဟု ပြည်တွင်းသ တင်းတွင် ဖော်ပြ click
- ရေဘေးဒဏ်အတွက် ရန်ကုန်တွင် ကြိုတင်ပြင်ဆင် click
- ဂျပန်မှ တပတ်ရစ်ကားများ စတင်ဝင်ရောက် click
- အိန္ဒိယကုမ္ပဏီ ၆၀ ကျော် တပ်မတော်ခန်းမတွင် ပြသမည် click
- ကိုယ်ပိုင်ကျောင်းဆရာများနဲ့ အစိုးရကျောင်းဆရာများ အားပြိုင်တော့မည် click
- တောင်ကြီးတန်ဆောင်တိုင် မနှစ်ကထက် ပိုစည် click
- ရန်ကုန် အိမ်ခြံမြေ ဈေးများ ထိုးတက် click
- ရွှေတွံတေးဆရာတော်မှ ဘန်ကောက်ရေဘေးသင့် မြန်မာနိုင်ငံသားကို ကူညီဆောင်ရွက် click
- ဘန်ကောက် ရေဘေးသင့် မြန်မာအလုပ်သမားများအား ကူညီစောင့်ရှောက်ပေးမှု (ဓာတ်ပုံ) click
- ခရမ်းမြို့ အမေ့အရိပ် ပညာဒါနကျောင်းက ကျောင်းသားများအတွက် မရွှေမိုးသဲရဲ့ ရှစ်နှစ်မြောက်မွေးနေ့အ လှူ (ဓာတ်ပုံ) click
- မိုးယံသို့ ထိုးဖောက် (ဓာတ်ပုံ) click
- ထိုင်း-မြန်မာနယ်စပ်မှ ပန်းချီပြပွဲ (ရုပ်သံ) click
- ၁၂ ဦး ပန်းချီပြပွဲ (ရုပ်သံ) click
- ဂျော့ဂ်ျအော်ဝဲလ် နေခဲ့ဖူးသည် (ဓာတ်ပုံ) click
- အထီးကျန်ဆန်နေပေမယ့် ဖော်ရွေမှုတွေ မပြောင်းလဲပါ (ဆောင်းပါး) click
- တန်ဘိုးနားမလည်ကြသူများ (ကဗျာ) click
- ပို့တ်လန်းမြို့ သီရိမင်္ဂလာကျောင်း စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ (ဓာတ်ပုံ) click
- ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (စင်္ကာပူ) စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ (ဓာတ် ပုံ) click
- အမ်မာရီလိုမြို့ ဇေယျသုခကျောင်း စုပေါင်း သိမ်နုတ် သိမ်သမုတ်ပွဲ၊ သိမ်ထပ်ပွဲ၊ ရဟန်းခံပွဲနဲ့ မဟာဘုံက ထိန် (ဓာတ်ပုံ) click
- တရုတ် ၁၃ ယောက် အသတ်ခံရမှု ထိုင်းတပ်မတော်လက်ချက်မဟုတ်ဟု ထိုင်းအရာရှိများ ပြော click
- မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ရေစုပ်ထုတ်နိုင်ရေး စီစဉ်နေ click
- ကမ္ဘောဒီး​ယား​အစိုး​ရက ကိုယ်ဝန်​ဆောင်မိခင်​တွေ ကျန်း​မာ​ရေး​ဆေး​ခန်းတွေမှာ ပြသကြဖို့ ရုပ်မြင်သံကြား​ ရေဒီယိုများ​မှ တိုက်တွန်း​နှိုး​ဆော် click



  • အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး-မတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး မဝင်ရေး - ဒီဗွီဘီ click here
  • ပိတ်ပင်ခံ သက်မွေးဝမ်းကြောင်း လိုင်စင်များ ပြန်ပေးရန် တောင်းဆို - မဇ္ဈိမ click here
  • မောလ်ဒိုက်-မြန်မာ သန်း ၈၀၀ ရေနံမှောင်ခိုမှု - မဇ္ဈိမ click here
  • ဘရူနိုင်းရောက် မင်းသားကြီး ကျော်ဆန်း - ဧရာဝတီဘလော့ဂ် click here
  • တရုတ်ပြည်က ဗုဒ္ဓစွယ်တော် နေပြည်တော် ရောက်ရှိ - ဧရာဝတီ click here
  • အစိုးရစစ်တပ် အဓမ္မပြုကျင့်မှု မှတ်တမ်း ဗီဒီယိုခွေဖြန့် - ဧရာဝတီ click here
  • စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲဟု HRW ပြော - ဧရာဝတီ click here
  • ရွေးကောက်ပွဲတစ်နှစ်ပြည့်ပြီ - ဘီဘီစီ click here
  • ချင်းပြည်နယ် ဆင်းရဲမှု လျော့ကျရေး တင်ပြမယ် - ဘီဘီစီ click here
  • ဗေဒါကျောင်းရဲ့ အထက်မြန်မာပြည် သင်တန်း - ဘီဘီစီ click here
  • လယ်လုပ်သူ လယ်ပိုင်ခွင့် ပါတီတွေ ဆွေးနွေး - ဘီဘီစီ click here
  • ဒေါ်အောင်ဆန်းစုကြည် ပါတီမှတ်ပုံတင်ရင် NDF ပူးပေါင်းဆောင်ရွက်လို - ဘီဘီစီ click here
  • မြန်မာအကြိုက် ကားတွေ ဂျပန်နိုင်ငံမှာ ဈေးအဆမတန် ထိုးတက်နေ - အာရ်အက်ဖ်အေ click here
  • အရေးကြီး နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်စေလိုကြောင်း နေဘုန်းလတ် ပြော - အာရ်အက်ဖ်အေ click here
  • ဆန္ဒပြ နိုင်ငံရေးအကျဉ်းသားများ အစားအစာ ပါဆယ်ထုတ် ပြန်လည်ရရှိ - အာရ်အက်ဖ်အေ click here
  • ဗေဒါအင်စတီကျု မန္တလေးမှာလည်း ဖွင့်မယ် - ဧရာဝတီဘလော့ဂ် click here
  • ကျောက်ဖြူ မဒေးကျွန်းတွင် ရေနံတိုင်ကီများ စတင် တည်ဆောက်ပြီ - နိရဉ္စရာ click here
  • တေးသံရှင် ဆောင်းဦးလှိုင်ရဲ့ မိခင်ကွယ်လွန် - ရဲရင့်ငယ် click here
  • ဧရာဝတီ မဲခေါင် နိပါး ပေါ်က လွင့်မျောနေသော တိမ်တိုက်များ (၂) - နေ့သစ် click here
  • ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ၀င်နိုင်ခြေရှိ - ဗီအိုအေ click here
  • SEA Games ဘောလုံးပွဲ မြန်မာအသင်း ၄ မှတ် ရထားပြီး - ဗီအိုအေ click here
  • CNP က ဘိမ်းနှိမ်နင်းရေး ကော်မတီဖွဲ့ရန် လွှတ်တော်ကို အဆိုတင်မည် - ခိုနှုမ်းထုန် click here
  • ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း ကထိန်ပွဲစည်ကား - မိုးမခ click here
  • အမေ့အိမ် စာသင်ကျောင်း (လှိုင်သာယာ) ကို ဗြိတိန်သံတမန်များ လာရောက် လေ့လာ(ဓါတ်ပုံ) - ယနေ့မြန်မာ click here
  • အမေရိကန် ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည် လက်ခံ တွေ့ဆုံ(ဓါတ်ပုံ) - ယနေ့မြန်မာ click here