မြတ်နိုးလို့ တဲ့  အမှတ်တရသိမ်းထားဖြစ်တယ်
ဧည့် ခန်းမှာတော့  မဟုတ်ဘူး
ဈေးရောင်း ပွဲတော်မှာ............
ချစ်လွန်းလို့ တဲ့  သွားလေရာခေါ်သွားကြတယ်
သာယာတဲ့ နေရာတော့ မဟုတ်ဘူး.....
စည်းရုံးရေးတိုင်းမှာ......
လေးစားလို့ တဲ့  အမြဲတမ်း တယုတယထားတယ်
ရုံးခန်းမှာတော့ မဟုတ်ဘူး
ကားစတေကာမှာ.............
သတိရလို့ တဲ့  စီတန်းပြီးလမ်းလျှောက်ချင်ြ
မမေ့ နိုင်လို့ တော့ မဟုတ်ဘူး
အာဇာနည်နေ့ မှာ.............
တန်ဖိုးရှိလို့ တဲ့  ဗိုလ်ချူပ်အဆိုအမိန့် တွေ ခဏခဏပြောတယ်
အာဇာနည်နေ မှာတော့ မဟုတ်ဘူး
နိုင်ငံရေး စကားဝိုင်းတွေတိုင်းမှာ....
နှမျောလို့ တဲ့  စကားစပ်မိတိုင်း ဗိုလ်ချူပ်အကြောင်းခဏခဏပြော
မျိုးဆက်ပြက်သွားလို့ တော့ မဟုတ်ဘူး
ဇူလှိုင်(၁၉) ရက်ကျရောက်တဲ့ နေ့ တိုင်းမှာ.............
တန်ဖိုးရှိတဲ့ သူရဲ့ ပုံရိပ်
တန်ဖိုးရှိတဲ့ သူရဲ့ စကားလုံး
တန်ဖိုးရှိတဲ့ သူရဲ့  အဆိုအမိန့် 
တန်ဖိုးရှိတဲ့ သူရဲ့ ဘ၀သမိုင်းအကြောင်း
နေရာအထားအသိုမှန်စွာ ချစ်တက်၊မြတ်နိုးတက်၊တန်ဖို
Ref; link