၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် ပုဂ္ဂလိကမီဒီယာများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခွင့် မရခဲ့ပေ။ထိုသို့မရခဲ့ခြင်းကြောင့်လဲ အဆိုပါလွှတ်တော်များကို တရားမျှတမှုမရှိသောလွှတ်တော် ၊ ၁၅ မိနစ်လွှတ်တော် ၊ တံခါးပိတ်လွှတ်တော် စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ဆိုသလို အမည်တပ်ကာ ကန့်ကွက်ခဲ့ကြလေသည် ။ ထိုသို့ပြောဆိုကြသည့်အထဲတွင် နာမည်ကျော်ပြည်ပမီဒီယာ များနှင့် မြန်မာ အတိုက်အခံဆိုသူများ၏ အသံက အကျယ်လောင်ဆုံး အစူးရှဆုံး ဖြစ်ခဲ့သည် ။ ပြည်တွင်းမီဒီယာများက အကြောင်းကြောင်းကိုထောက်၍ ပေါ်ပေါ်တင်တင် မဟုတ်သော်လည်း မချိတင်ကဲ ရေးသားဖေါ်ပြမှု များ ပြုလုပ်ခဲ့ကြလေသည် ။အချို့သေမလိုလိုပင်ဖြစ်ခဲ့ကြလေသည် ။
ယခုလ ၂၂ ရက်နေ့ပမှစတင်ကျင်းပသော ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ သို့ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် များနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များအား သတင်းတက်ရောက်ယူခွင့် ပြုခဲ့ရာ ပထမနေ့တွင် နိုင်ငံပိုင် မီဒီယာများမှ သတင်းထောက်များအပါဝင် သတင်းထောက် ၁၀၀ ခန့်ပင်ရှိခဲ့ရာ..အထူးပင်စည်ကား ခဲ့လေသည် ။
 
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများအပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့ရာတွင် ဒုတိယနေ့မှာပင် သတင်းထောက် ၃ ပုံ ၁ ပုံခန့် လျော့ကျသွားလေသည် ၊ သို့ဖြစ်ပါ၍ ပြန်ကြားရေးမှ တာဝန်ရှိသူများက မပြန်ကြရန်နှင့် မစ္စတာကင်တားနားလွှတ်တော်သို့ လာရောက်မည်ဖြစ်ကြောင်း အသိပေးပြောကြားကာ မေတ္တာရပ်ခံတားမြစ်ယူရ သည်အထိ ပြန်ချင် သူများခဲ့သည် ။
၂၅ ရက်နေ့ကျင်းပသော လွှတ်တော်အစည်းအဝေးများတွင်မူ မြန်မာတိုင်းမ် ၊ Eleven Media Group နှင့် Envoy ဂျာနယ် ၃စောင်သာကျန်ခဲ့တော့လေသည် ၊ သတင်းမယူရလျှင်သေမလောက်ဖြစ်နေ ကုန်ကြသော နိုင်ငံ၏ စတုတ္ထမဏ္ဍိုင် များ ကြက်ပျောက်ငှက်ပျောက် ဆိုသလို ပျောက် သွားကြကုန်လေတော့သည် ။ အလျှိုလျှို အိမ်ပြန်သွားကြကုန်တော့သည်။
 
 သြဂုတ်လ (၂၅) ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ တင်သွင်းသော အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့အား အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန် ဆောင်ရွက်နေခြင်းများကို ထားရစ်ခဲ့ကြသည် ။
ထိုနေ့မှာပင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်သော
(က) မြန်မာနိုင်ငံကုန်အမှတ်အသားဥပဒေ၊
(ခ) လယ် ယာထွက်ကုန် ဈေးကွက်များ အက်ဥပဒေ၊
(ဂ) ၁၉၄၇ခုနှစ် အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ၊
(ဃ) တင်းတောင်း ဆန်ပမဏ အက်ဥပဒေတို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်သော
(က) The Myanmar Telegraph Act (1885)၊
(ခ) The Myanmar Post Office (1989)၊
(ဂ) The Myanmar Wireless Telegraphy (1933)

တို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတို့ကို တင်သွင်းခဲ့ကာ ပြည်သူ့လွှတ်တော်မှ လက်ခံဆောင်ရွက်နေခြင်းတို့ကို မျက်ကွယ်ပြုခဲ့ကြသည် ။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆ န္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ် တော်သို့ တင်သွင်းခဲ့ရာ ပြည်ခိုင်ဖြိုးပါတီအပါအ၀င် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၅ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြသည် ထို့အပြင် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကလည်း ထောက်ခံဆွေးနွေးခဲ့ကြရာ.. 
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ၏ တင်ပြ ချက်ကို ပြည်ထောင်စုဝန်ကြီးအနေ ဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံ ရေးနှင့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်စေရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သ မ္မတအား မေတ္တာရပ်ခံကြောင်းကို နိုင်ငံတော်သမ္မတထံ အမြန်ဆုံးတင် ပြပေးသွားမည်ဟု ရှင်းလင်းဆွေး နွေးခဲ့သည်။

ယင်းကြောင့် အထွေထွေလွှတ် ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက် လက်ထုတ်ပြန်စေရေးအတွက် ပြည် သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ အား နိုင်ငံတော်လုံခြုံရေးနှင့် ကာ ကွယ်ရေးကောင်စီဝင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို မှတဆင့် မေတ္တာရပ်ခံကြောင်း အ တည်ပြုကြေညာခဲ့သည်။
 
လွှတ်တော်အမတ်အများစုအနိုင်ရထားသော ပြည်ခိုင်ဖြိုးပါတီ နှင့် ၂၅%သောတပ်မတော်သား ကိုယ်စားလှယ်တွေဟာ  ဘာလုပ်လုပ်ကန့်ကွက်နေမှာပါ ဘာမှအလုပ်ဖြစ်မယ့်လွှတ်တော်မဟုတ်ပါဘူး ဆိုသူများပင် အံ့အားသင့်သွားခဲ့ရသည် ။
 
ထိုသို့သောတစ်တိုင်းတစ်ပြည်လုံး ရှိအကြောင်းအမျိုးမျိုးကြောင့်အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျ ခံနေရသူများနှင့်ဆွေမျိုးသားချင်းများ ၀မ်းမြောက်ကြရမည့်သတင်းကြီးအပါအ၀င် တိုင်းပြည်အတွက် အရေးပါလှသော သတင်းများကို ထားရစ်ခဲ့ကာ အိမ်ပြန်သွားကြကုန်သော စတုတ္ထမဏ္ဍိုင်များနှင့်သာ ဤမြန်မာပြည်ကြီး ခရီးဆက်ရမည်ဆိုပါလျှင်.......
ဒေါက်တာဆိတ်ဖွား



မြန်မာနိုင်ငံ အကျဉ်းကျတယ်ဆိုတာ တည်ဆဲဥပဒေ တစ်ခုခုကို ချိုးဖောက်သူသာ ဖြစ်ကြောင်းနဲ့ တည်ဆဲ ဥပဒေ တစ်ခုခုကို မချိုးဖောက်ပဲ အကျဉ်းချခံထားရသူ တစ်ယောက်မှ မရှိကြောင်းကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းဦးစီး အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

မြန်မာ့လူ့အသိုင်းအဝိုင်းမှာလဲ ထောင်ကထွက်လာရင် အများစုက နှာခေါင်းရှုံ့တတ်ကြပါတယ်။ ဆိုလိုတာက ထောင်ကျလိုက်ခြင်းကြောင့် ထောင်ထွက်ဆိုတဲ့ နာမည်နဲ့ ၎င်းပုဂ္ဂိုလ်၏ မူလတန်ဖိုးများ ကျသွားလို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့အလွန်ထူးဆန်းသူများရှိပါတယ်။ ထောင်ကျလိုက်မှ တန်ဖိုးတွေ တက်လာကြသူတွေပါ။ ဘယ်လောက်ထိအောင် တန်ဖိုးတက်လာသလဲဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ သူတို့လောက် အသုံးကျတဲ့လူ တစ်ယောက်မှ မရှိသလောက်ပါပဲ။

သူတို့တွေ ထောင်ကျနေလို့ မြန်မာနိုင်ငံကြီး သူတို့တွေ ထောင်ကျနေလို့ မြန်မာနိုင်ငံကြီး ဆင်းရဲတာ ဖြစ်နေပါတယ်။ အဲဒီလူတွေကတော့ တခြားမဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသား လို့ အမည်ပေးထားတဲ့လူတွေပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေတုန်းက ပြန်ပအခြေဆိုက် အတိုက်အခံများက အားရင်အားသလို နေ့ထူးနေ့မြတ်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆိုပြီး ဆန္ဒပြပွဲလုပ်ခဲ့ကြပါတယ်။ အဲ့လို ဆန္ဒပြပွဲလုပ်ခဲ့ကြလို့လည်း နေရေး ထိုင်ရေးသာမက စားရေး သောက်ရေးပါ အဆင်ပြေခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာတော့ ခေါင်းစဉ်ပျောက်ရုံသာမက ခွက်ပျောက် တော့မယ့်အနေအထားဖြစ်လာပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေ ကို မူတည် ဖြစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ ရွေးကောက်ပွဲ ဖက်ကို လှည့်လာပြန်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ကို ဆန့်ကျင်ကြကြောင်းနဲ့ ၂၀၀၈ အခြေခံဥပဒေ က နေ ဖြစ်လာတဲ့ လွှတ်တော်ကို ဆန့်ကျင်ကြောင်းတွေ အော်ကြပြန်ပါတယ်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်ထဲရေးဝန်ကြီး ဆီကို မေတ္တာရပ်ခံစာ ပေးချိန်မှာ ၂၀၀၈ အခြေခံဥပဒေ ထဲက ဥပဒေ တွေကို တန်းစီ ရေးခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလိုက်တာကြောင့် ဆန္ဒပြသူတွေ ခွက်လက်ဆွဲ ရတော့မလို ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးဘူတာ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဖက်ကိုပဲ ပြန်လှည့်ရတာပေါ့၊၊

ဒီတစ်ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်နေရုံနဲ့ မပြီးပဲ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ တစ်ခါ ဆန္ဒပြကြပြန်ပါတယ်။ အစိုးရက တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့အပြင် လုံခြုံရေးတွေ စီစဉ်ပေး၊ ဆွေးနွေးပွဲတွေမှာ ဖိတ်ပေးတော့ တကယ့်ကို သူတောင်းစား ခွက်ပျောက် ဖြစ်ရတော့တာပါပဲ။ ဒီတော့မှ နောက်ဆုံးရဲ့နောက်က နိဂုံးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ပြန်ပြီး ဦးတည်ကြရပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းသား ပေါင်း သုံးသောင်းကျော် ရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားလို့ လူပြောများနေတဲ့လည်တွေလည်း ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုလူမျိုးတွေလည်း ဆိုရင်တော့ နိုင်ငံတော်အတွက် ရဲရဲဝင့်ဝင့် အခွင့်အရေးတွေ တောင်းဆိုတဲ့၊ အမှန်တရားကို အရှိအတိုင်း ပြောရဲ လုပ်ကိုင်နိုင်တဲ့ သတ္တိရှိသူ သူရဲ ကောင်းတွေ ဖြစ်တယ် လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ သတ္တိရှိသူ သူရဲကောင်းဆိုတဲ့လူတွေက ထောင်ထဲရောက်ရင်တော့ ၉၆ ပါးသော ရောဂါသည်များ ဖြစ်ကုန်ကြပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းသားပေါင်း သုံးသောင်း လေးထောင် ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ လူ လက်တစ်စုတ်စာလောက်ကပဲ မျက်စိမှိတ်လိုက်ရင် ဘာမှမမြင်သည့်ရောဂါ၊ အိမ်သာတက်ရင် ရှူးထွက်ကျတဲ့ ရောဂါ အပါအဝင် နောက်ဆုံးပေါ် ရောဂါပေါင်းဆုံကို ခံစားနေကြရပါတယ်။

နိုင်ငံခြားရောက် မြန်မာအတိုက်အခံများကလည်း မျက်နှာလိုက်ကြပါတယ်။ အကျဉ်းသား ၄ သောင်းကျော်ထဲမှာမှ သူတို့နဲ့ သိတဲ့ အသိတွေကိုပဲ ကျန်းမာရေးမကောင်းကြောင်းတွေ၊ အစားအသောက်အဆင်မပြေကြောင်းတွေ ကို သတိပြုကြပြီး ကျန်တဲ့ သူတို့နဲ့ မသိတဲ့လူတွေကိုတော့ မြန်မာနိုင်ငံသား ချင်း မဟုတ်သလိုပဲ အသိဟန်ဆောင်နေကြပါတယ်။

ဘယ်လိုပဲဖြစ်စေ အခုချိန်မှာတော့ အတိုက်အခံများရဲ့ အသိအကျွမ်း ထောင်ကျသူများကတော့ အတိုက်အခံအားလုံးရဲ့ ကျေးဇူးရှင်တွေ ဖြစ်နေပါပြီ။ အားလုံးအတွက် ခေါင်းစဉ်ကောင်း တစ်ခုပါပဲ။ အခုဆိုရင် မြန်မာနိုင်ငံအတွင်းက အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံခြားကနေ ကြိုးစားနေကြပါပြီ။

ဒါ့အပြင် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ မွတ်စလင်ဦးပုဒ်ကာလမှာ ဥပုဒ်စောင့်သူများက ထမင်းမစားချိန်တွေမှာ တစ်ချက်ခုတ် ၂ ချက်ပြတ်ဆိုသည့်အတိုင်း အစာငတ်ခံဆန္ဒတွေ ပြကြပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ တောင်းဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသားဆိုသူများက ထောင်မကျခင်တုန်းက တိုင်းပြည်အတွက် အနစ်နာခံ အသက်အသေခံ စွန့်လွှတ် မယ် ထောင်ကျရင် ကျပစေ ဆိုပြီး စွန့်စားမယ် လိုက်ရဲလား အော်ခဲ့ပြီးမှ ထောင်ထဲရောက်မှာ ခေါင်းကိုက်လိုက်၊ ခါးနာလိုက် ဖြစ်သည်မှာ ထူးဆန်းကြောင်း၊ တကယ်အနစ်နာခံချင်တဲ့ နိုင်ငံရေးသမားတွေအတွက် ချက်ချင်းလွှတ်ဖို့ တောင်းဆိုရန် မလိုကြောင်း နဲ့ ပတ်သက်ပြီး ဝေဖန်သူတွေ ရှိနေပါတယ်။

"မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရမယ်" အမယ်...တယ်လည်းမြင့်လှချည်လား။ သူတို့ပဲ တိုင်းပြည်အတွက် အနစ်ခံ၊ အသက်သေခံ၊ စွန့်လွှတ်စွန့်စားပြီး နိုင်ငံရေးလုပ်တယ်ဆိုရင် ဘာ့ကြောင့် ဒီစကားကိုပြောရတာလဲ မသိ။ တလွဲဖြစ်နေလားလို့။ အခုဟာသ အကန့်အသတ်နဲ့ တောင်းဆိုနေတဲ့ပုံဖြစ်နေတယ်။

အနစ်ခံပြီးလုပ်တဲ့နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးသမားဆိုရင် ဒီစကားပြောစရာမလိုဘူး။ ကိုယ့်က စွန့်လွှတ်မယ်လို့ဆုံးဖြတ်ပြီးသားပဲ။ ဒါ့ကြောင့်ထောင်ထဲ ၀င်တာပဲ။ ပြီးတော့ နိုင်ငံအကျဉ်းသားတွေနဲ့ပက်သက်တဲ့အကူညီတွေလည်း ဘာမှပေးစရာမလိုဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ပဲ အနစ်ခံ၊ စွန့်လွှတ်၊ အသက်ပဲသေသေ သေမယ်လို့ဆုံးဖြတ်ပြီး ထောင်ထဲဝင်ကြတာမဟုတ်ဘူးလား။ တကယ်ပိုင်းဖြတ်ထားတဲ့သူတွေဆိုရင် ဘာမှတောင်မပြောတော့ဘူး။ " လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးက ဆိုပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ဆိုသူများမှာ မြန်မာနိုင်ငံ လူဦးရေ သန်း ၅၀ နှင့် ယှဉ်လျှင် လက်တစ်စုတ်ဆာတောင် မရှိသောကြောင့် ကျန်သည့် သန်း ၅၀ အတွက် ကို ဦးစားပေး ပြီး တခြားအလုပ်တွေကို အရင်လုပ်သင့်ကြောင်း၊ တခြား ပြဿနာတွေကိုသာ အရင်ဖြေရှင်းသင့်ကြောင်းနဲ့ ပတ်သက်ပြီး

"ပြီးတော့ ခင်ဗျားထောင်ထဲဝင်ရင် ကျနော်တို့ အနောက်ကနေ ထောက်ပံ့ပေးမယ်။ ဒါကိုသဘောကြလို့ ထောင်ထဲဝင်တာလည်းမဟုတ်။ သူငယ်ချင်းက အတင်းတိုက်တွန်းလို့၊ မိသားစုက ခိုင်းလို့၊ ငွေလိုချင်လို့ နိုင်ငံရေးအကျဉ်းသားလုပ်ရင်တော့တမျိုးပေါ့။

နိုင်ငံရေးအကျဉ်းသားရှိတာကမှ ၂၀၀၀-ကျော်။ မြန်မာပြည်သူလူဦးရေက သန်းငါးဆယ်ကျော်။ ဘယ်ဟာက ပိုများလဲ။ ဘယ်သူ့ကို ဦးစားပေးရမှာလဲ...? သူ့တို့ကိုလွှတ်ပေးမှ တိုင်းပြည်ပြသနာပြေလည်မယ်ဆိုလို့ပါ။ တိုင်းပြည်ရဲ့ ပြသနာက သူတို့ကို ဖမ်းထားတဲ့ပြသနာမှမဟုတ်တာ။

သူတို့ကိုမလွှတ်လည်း နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းလို့မရဘူးလား။" လို့ဆက်ပြောပါတယ်။

ယုံကြည်ချက်ကြောင့်အကျဉ်းကျသူများမှာ ထောင်ကျမှာ သိသိကြီးနှင့် သူရဲကောင်းလုပ် အဖမ်းခံသူများသာ ဖြစ်ကြောင်း၊ သူရဲပေါကြောင်သူ အများအပြားမှာ အဖမ်းခံရမှာ ကြောက်ပြီး ပြည်ပနိုင်ငံအများအပြားသို့ ထွက်ပြေးပြီးဖြစ်ကြောင်းနှင့် သူရဲကောင်းလုပ်ပြီး အဖမ်းခံလို့ ထောင်ကျတဲ့ သူရဲကောင်းများကို ပြန်လွှတ်စရာမလိုကြောင်း၊ အထဲရောက်မှ ဟန်ဆောင်ပြီး သနားအောင် လုပ်ပြတဲ့ ရောဂါများကိုလည်း မယုံသင့်ကြောင်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့်ကျကျ၊ တခြားအကြောင်းကြောင့် ကျကျ ထောင်ထဲ မှာနှစ်ရှည်လများ နေရသူများမှာ အပြင်လောကနှင့် အဆက်အသွယ် ပြက်ပြီး အချိန်အတော်ကြာ နေခဲ့ရတာကြောင့် ပြန်ထွက်လာချိန်မှာ ဘာမှ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်မှာ မဟုတ်တဲ့ ဂီလာနများနဲ့ ရူးကြောင်ကြောင်များသာ ဖြစ်နေမှာ ဖြစ်ကြောင်းနဲ့ အဲ့လိုလူတွေကိုသာ နေရာပေးရင်တော့ အလုပ်အကိုင်တွေမှာ အနှောက်အယှက်တွေ ပိုဖြစ်စေမှာ ဖြစ်ကြောင်း ဆက်ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေလွှတ်မှဆိုတော့ သူတို့ကပဲ မြန်မာ့နိုင်ငံရေးမှာ မရှိမဖြစ်တဲ့လူတွေကြနေတာပဲ။ နိုင်ငံရေးအကျဉ်းသားဆိုတာကလည်း သူ့ဟာသူ ဖင်ယားပြီး အဖမ်းခံတာကိုး။ ထွက်ပြေးပေါ့။ ဟုတ်ဘူးလား။ ကိုယ့်ညံ့လို့ကိုယ်ခံရတာပဲ..။ တချို့ ပြည်ပက နိုင်ငံရေးအကျဉ်းသားတွေလည်း ထွက်ပြေးလို့ ရောက်လာကြတာပဲ။ သိတယ်ဟုတ်။

ထောင်ထဲက ထွက်လာတဲ့နိုင်ငံရေးအကျဉ်းသားတချို့ ကိုတွေ့ဘူးတယ်။ အပြင်လောကနဲ့ အဆက်အသွယ်အကြာကြီးပြတ်တဲ့အပြင်၊ ခပ်ဂေါက်ဂေါက်။ တချို့ ဆိုရင် ရှုးကြောင်ကြောင်။ ဂီလာနဖြစ်တဲ့သူနဲ့။ ဒီလိုလူတွေကို မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့နေရာပေးလို့ကတော့ ဒုက္ခ။ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာပြီးထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်းရှိပါတယ်။ သို့သော် လက်ချိုးရေလို့ရပါတယ်။"

နိုင်ငံရေးအကျဉ်းသာတွေကိုလွှတ်မှ တိုင်းပြည်ရဲ့ ပြသနာကို ဖြေရှင်းလို့ရမယ်ဆိုတဲ့ စကားနဲ့ပက်သက်ပြီးစဉ်းစားမိလို့ပါ။ တခါတလေ သန်းငါးဆယ်သော ပြည်သူတွေကောင်းစားမယ်ဆိုရင် ငါးထောင်လောက်ရှိတဲ့ မြန်မာပြည်သူတွေကို ရင်းသင့်ရင် ရင်းရမယ်။

နိုင်ငံရေးအကျဉ်းသားတွေကိုဦးစားပေးရင်၊ တိုင်းပြည်အတွက် တောထဲမှာ နှစ်ပေါင်းများစွာအသက်စွန့်တိုက်နေတဲ့လူတွေကိုလည်း ဦးစားပေးရမှာပေါ့။ သူတို့နဲ့ပက်သက်တဲ့ သဘောထားတွေကိုလည်း ထည့်သွင်းပြောရမှာပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသားတွေပဲ အသက်ရှိတာမဟုတ်ပါဘူး" လို့ အောစတြေးလျှ နိုင်ငံရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် တစ်ဦးကပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား လာစဉ်မှာလည်း နိုင်ငံရေးအကျဉ်းသား ဆိုသူများ ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာရှိပါတယ်။ ဒီနှစ်ထဲမှာလည်း အကျဉ်းထောင်က ထွက်လာပြီးမှာ ဦးနောက်မမှန် စိတ်ဖောက်ပြန်ပြီး သူ့ကိုယ်သူ လူ ၁၀၀ ကျော် သတ်ခဲ့တယ် ပြောသူ အော်ဇီ ရောက် ဒီမိုကရေစီဘက်တော်သား တစ်ဦးလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံအင်အားစုများကတော့ ထူးထူးဟန်လို ဖြစ်လာမယ့် ထောင်ထွက် များကို ခေါင်းဆောင်နေရာပေးဖို့ အဆင့်သင့်ဖြစ်နေကြပါတယ်

လူ ၂၀ ကျော်ကို ခေါင်းကို သေနတ်နဲ့ တေ့ပြီး ပစ်ခဲ့တယ် ဆိုသည့် ထူးထူးဟန် (ထောင်ထွက် ဂေါက်သီး)



လူထုခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင်၊ နိုဘယ်ဆုရှင်ကြီး ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် နိုင်ငံရေးလုပ်သက်က အခုဆိုရင် ၂၃ နှစ် ပြည့်ခဲ့ပါပြီ။ ၂၃ နှစ် အတွင်းမှာ ဘာတွေလုပ်ခဲ့ပါသလဲ? ပြည်သူဘယ်နှယောက် ရဲ့ ဘဝ တွေကို တိုးတက်အောင် လုပ်ခဲ့ပါသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၂၃ နှစ် နဲ့ အခု အချိန်က တူတော့ မတူတော့ပါဘူး။ လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်က NLD ပါတီက လူရှေ့သူရှေ့ကိုထွက်ပြီး ခေါင်းမော့ ရင်ကော့နိုင်ခဲ့ပေမယ့် ခုချိန်မှာတော့ NLD ပါတီဟာ ပါတီရပ်တည်နိုင်ရေးကိုတောင် မနည်း ကြိုးစား မေတ္တာရပ်ခံနေရပါတယ်။ NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို နားထောင်လိုက်လို့ မှားသွားတယ် လို့ လူအများက သုံးသပ်ကြပြီး ရွေးကောက်ပွဲကို ဝင်မပြိုင်ခြင်းက မဟာ မှားယွင်းမှု ဆိုပြီး ထောက်ပြကြပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသက် ၂၃ နှစ် အတွင်းက အကောင်းဆုံး ရလဒ် လို့လည်း ပြောကြပါတယ်။

အခုချိန်မှ NLD ပါတီက ပါတီရပ်တည်ရေး မနည်း ကြိုးစားနေရတယ် ဆိုတော့ အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ပါတီက ကောင်းကောင်းရပ်တည်နိုင်ရဲ့လား လို့ မေးစရာရှိပါတယ်။ အရင်တုန်းကတော့ အခုချိန်ထက် သာပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကြောင့်တော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျပြီး ပါတီနဲ့ ကင်းကွာနေလို့ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးလုပ်သက် ၂၃ နှစ် ရှိနေပြီ ဆိုပေမယ့် လူထုအကျိုးအတွက် ဘာမှထိထိရောက်ရောက် လုပ်မပေးနိုင်ခဲ့ပါဘူး။ စီးပွားရေး၊ နိုင်ငံရေး အပါအဝင် ပညာရေး ကျန်းမာရေးအားလုံးလည်း တိုးတက်အောင် လုပ်မပေးနိုင်ခဲ့ပါဘူး။ ဒီနေ့ အပြောင်းအလဲတွေအားလုံးက လက်ရှိ အစိုးရနဲ့ အရင်အစိုးရ လုပ်ခဲ့တဲ့ ပြောင်းလဲမှုတွေသာဖြစ်ပါတယ်။

နိုင်ငံရေးသက် ၂၃ နှစ် ရှိသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်က ၆၆ နှစ် ရှိနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၄၀ ကျော်မှ မြန်မာ့နိုင်ငံရေးလောကထဲကို ဝင်လာသူဖြစ်ပါတယ်။ အသက် ၄၀ ကျော်မှ မြန်မှနိုင်ငံရေးလောကထဲကို ဝင်လာတယ် ဆိုတာထက် အသက် ၄၀ ကျော်မှ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာသူဖြစ်တယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အသက် ၄၀ အတွင်းမှာတော့ နိုင်ငံခြားမှာ လင်ယူ သားမွေး အလုပ်တွေနဲ့ ပျော်ပျော်ကြီးအ အချိန်ဖြုန်းခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်မလာခဲ့သလို ပြန်လည်း မလာချင်ပါဘူး။ မိုက်ကယ် အဲရစ် နဲ့လက်ထပ်ပြီး မြန်မာစကားမပြောတတ်တဲ့ သားနှစ်ယောက် မွေးခဲ့ပါတယ်။ အဲဒီနောက် ၄၀ ကျော် သွေးဆုံးချိန်မှ မိုက်ကယ်အဲရစ်နဲ့ အဆင်မပြေဖြစ်ပြီး ဒေါ်ခင်ကြည်နေမကောင်းတာကို အကြောင်းပြကာ မြန်မာနိုင်ငံထဲကို ပြန်လာခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်သက်မှာ ၂၃ နှစ် သာ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားမှာ ပျော်ပါးနေချိန်က အနှစ် ၃၀ ကျော် ရှိနေပါတယ်။ ဒီတော့ နိုင်ငံရေးလုပ်သက်အနေနဲ့ နိုင်ငံခြားမှာ ပျော်ပါးနေတဲ့ အချိန်ကို မှီဖို့ နောက်ထပ် ၇ နှစ် လိုပါသေးတယ်။ နိုင်ငံခြားမှာ အနှစ် ၃၀ ကျော်နေ၊ မြန်မာမဟုတ်တဲ့ နိုင်ငံခြားသားကို ယူပြီး ၊ မြန်မာစကားမပြောတတ်တဲ့ ကပြားလေးတွေ မွေးခဲ့ပြီးမှ မြန်မာနိုင်ငံကို ပြန်လာသူတစ်ယောက်အနေနဲ့ မြန်မာလူထု နဲ့ ထိတွေ့ပြီး မြန်မာလူထုကို ခေါင်းဆောင်ကာ မြန်မာလူထုအတွက် အလုပ်လုပ်မယ် ဆိုတာကြီးက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂ နှစ် သမီးမှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတာဖြစ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထိတွေ့ပြောဆိုဆုံးမ တာတွေ မခံခဲ့ရပါဘူး။ ဒါ့အပြင် လူမှန်းမသိခင်မှာပဲ နိုင်ငံခြားကိုထွက်သွားခဲ့တာကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာလူထုအကြောင်း ဘာမှကောင်းကောင်းမသိပါဘူး။ နိုင်ငံခြားမှာ အနှစ် ၃၀ ကျော် နေပြီးမှာ ချက်ချင်း မြန်မာ့အရေးကို ဆင်ကန်းတောတိုး ဝင်လုပ်ချိန်မှာတော့ အားလုံး အလွဲလွဲအချော်အချော်တွေ ဖြစ်ခဲ့ရပါတယ်။ လွဲရင်းချော်ရင်းနဲ့ပဲ ခုဆိုရင် ၂၃ နှစ်တောင် ရှိခဲ့ပါပြီ.။ ပြောင်းလဲမှုတွေ က တိုးတက်မလာပေမယ့် အသက်တွေကတော့တိုးလာပါတယ်။ အရေးကြီးတာက နောက်ထပ် အလွဲလွဲအချော်ချော်တွေ တိုးတက်မလာဖို့ပါပဲဗျာ.....။

၂၇ . ၈ . ၂၀၁၁ ရက်နေ့မြန်မာနိုင်ငံသတင်းများ

- ဧရာဝတီအရေးသည် အမျိုးသားရေး click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ (ကွမ်းခြံကုန်းမြို့နယ်) (ဓာတ်ပုံ) click
- လူမှုကယ်ဆယ်ရေး ပရဟိတလုပ်သူကို ထောင် (၁၀) နှစ်ချ click
- The Lady ဇာတ်ကား အီတလီ ရုပ်ရှင်ပွဲတော်မှာ ဖွင့်လှစ်ပြသမယ် click
- NLD လူငယ် ကိုဘမောင် ကွယ်လွန် click
- ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်ပါတီဆိုတာ ဘယ်ပါတီကို ပြောတာလဲ (ဆောင်းပါး) click
- မြန်မာတပ် အမြောက်ဆံသင့်သော ဆရာမ မိုင်းအောင်၌ ထူးခြားသည့် လက္ခဏာပြ click
- ကြံ့ဖွံ့ပါတီက လူမျိုးစုပါတီဝင်တွေ ခြိမ်းခြောက် click
- မြောက်ဦးကို အာဏာပိုင်များက လက်စားချေပြီ click
- Dutch Disease (ဒတ်ခ်ျရောဂါ) အကြောင်း သိကောင်းစရာ (ဆောင်းပါး) click
- နိုင်ငံတော်စီမံကိန်း အကြောင်းပြ လယ်မြေသိမ်းကာ ပြန်လည်ရောင်းချမှုများရှိ click
- ဒုက္ခသည်များကို ပြန်လက်ခံရန် မြန်မာက အပြုသဘော တုံ့ပြန် click
- ရေထဲက တာချီလိတ် click
- မူးမြစ်ရေ လွှမ်းတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မအူပင်ရွာ (ဓာတ်ပုံ) click
- ဖုတ်ဖရမြို့နယ်က မြန်မာရွှေ့ပြောင်းကလေးတွေ သုံးရေကြောင့် အရေပြားရောဂါဖြစ်ပွားမှု များပြား click
- မြန်မာနိုင်ငံ HIV ကာကွယ်ရေးနဲ့ ခွဲခြားဆက်ဆံမှု ဟန့်တားရေး လစ်ဟာဆဲ click
- တောင်ကိုရီးယားသတင်းတွင် ဖော်ပြထားတဲ့ ကုလကိုယ်စားလှယ် သတင်းစာရှင်းလင်းပွဲ ဓာတ်ပုံများ click
- ကျေးရွာနဲ့သာသာနာကို ဖျက်ဆီးနေသော အတွင်းရေးမှူးတဦးအား ပြည်နယ်အစိုးရမှ ထိရောက်စွာ အရေး ယူပေးပါရန် (ဇရပ်လှရွာမှ လာတဲ့စာ) click
- အော်စကာ (ကဗျာ) click
- ထိုင်းတောင်ပိုင်း စစ်သွေးကြွ တိုက်ခိုက်၊ ၆ ဦး သေ click
- အဘူဂျာမြို့ ကုလသမဂ္ဂရုံး အစွန်းရောက်တွေ ကားဗုံးခွဲ၊ ၂၀ ခန့် သေ click
- ကုလသမဂ္ဂရုံး တိုက်ခိုက်ခံရလို့ အကြီးအကျယ် ပျက်စီးသွား click
- အယ်လ်ဂျီးရီးယားမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ click
- ထရီပိုလီ ဆေးရုံက ထိတ်လန့်ဖွယ် မြင်ကွင်း click
- အမေရိကန်မှာ ဟာရီကိန်း Irene ၀င်မွှေတော့မယ် click
- အမေရိကားရဲ့ သမိုင်းဝင် ဟာရီကိန်း တိုက်ခတ်မှု ပထမနေ့ click

ကချင်ပြည်နယ်အရေးနှင့် ပင်လုံညီလာခံ (၂)

အဏ္ဏ၀ါစစ်သည်
ပင်လုံညီလာခံအစ
ကချင်ပြည်နယ် ပေါ်ပေါက်လာသော သမိုင်းသည် ပင်လုံညီလာခံမှ စတင်ခြင်း ဖြစ်သောကြောင့် ပင်လုံညီလာခံ အကြောင်း အနည်းငယ် ပြန်ပြောဖို့ လိုပါသည်။ အားလုံး သိပြီး ဖြစ်သည့် အတိုင်း ၁၉၄၇ ခုနှစ် ဇန်န၀ါရီလမှာ ဗိုလ်ချုပ်တို့ လန်ဒန်ကို သွားပြီး လွတ်လပ်ရေးအတွက် အရေးဆိုတဲ့ အချိန်တွင် နောက်ပိုင်းကနေ ရှမ်းစော်ဘွားများက ကန့်ကွက်စာ ပေးပို့ခဲ့တာ အားလုံး သိပြီး ဖြစ်ပါသည်။ သို့သော် ရှမ်းစော်ဘွားတွေလိုပင် ဗန်းမော် တောင်တန်း ဒေသက ကချင် ခေါင်းဆောင်များနဲ့ စော်ဘဦးကြီးရဲ့ ကရင် အမျိုးသား အဖွဲ့ချုပ်တို့က ဗိုလ်ချုပ်တို့ဟာ တောင်တန်းသားများကို ကိုယ်စား မပြုဘူး ဆိုပြီး ကန့်ကွက်တဲ့ ကြေးနန်းများ ပေးပို့ခဲ့သည်ကိုမူ သိသူ နည်းပါသည်။
လန်ဒန်မှာ ဆွေးနွေးနေချိန်တွင် ဗိုလ်ချုပ်တို့က လွတ်လပ်ရေး အကြိုကာလမှ ဗိုလ်ချုပ်တို့ ၀င်ပါနေသည့် ဘုရင်ခံ အလုပ် အမှုဆောင် အဖွဲ့ ( ၀န်ကြီးအဖွဲ့) ထဲမှာ တောင်တန်း ဒေသ ကိုယ်စားလှယ်များ ထည့်ဖွဲ့ပြီး ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်တဲ့ စနစ်ကို ဖျက်ရန်၊ လွတ်လပ်ရေး ပေးသည့်အခါ တောင်တန်း ဒေသတွေကို ပြည်မနဲ့ ပေါင်းပြီး ပေးရန် ဆိုသည့် အချက်အပေါ် အခြေခံကာ ဆွေးနွေးခဲ့သည်။ သို့သော် အင်္ဂလိပ်ဘက် အထက်ပါ ကြေးနန်း သုံးစောင်ကို ပြပြီး တောင်တန်းသား များ၏ သဘောထားသည် ဗိုလ်ချုပ်တို့ ပြောသလို မဟုတ်ဟု ပြန်ဆွေးနွေး ခဲ့ပါသည်။ ထိုအချိန်တွင် ရှမ်းပြည် လူထု အစည်းအဝေးများ ကျင်းပပြီး စော်ဘွားများကို မထောက်ခံကြောင်း၊ ဗိုလ်ချုပ်တို့ကို ထောက်ခံကြောင်း ကြေးနန်းများ ပို့ခဲ့သော်လည်း အဆိုပါ ကြေးနန်း သုံးစောင်၏ အကျိုးဆက်ကို ပယ်ဖျက်ရန် မတတ်နိုင်ခဲ့ပါ။
ထို့ကြောင့် အောင်ဆန်း - အက်တလီ စာချုပ်တွင် မြန်မာဘက်က ဘုရင်ခံ အမှုဆောင် အဖွဲ့တွင် တောင်တန်းသားများ ထည့်သွင်းရန်နှင့် ပတ်သက်ပြီး ဗမာ ခေါင်းဆောင်များနှင့် တိုင်းရင်းသားများ ဆွေးနွေးသည့် အထူး ညီလာခံ ကျင်းပရန်၊ ထိုညီလာခံ ပြီးဆုံးပါက တောင်တန်းသားများ အနေဖြင့် ပြည်မနှင့် ပေါင်းပြီး လွတ်လပ်ရေး ယူလို မယူလို စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စုံစမ်းရန် ဆိုသည့် အချက် နှစ်ချက်ကို သဘောတူခဲ့ရသည်။ တနည်းအားဖြင့် တိုင်းရင်းသားများကို ဘုရင်ခံ အုပ်ချုပ်မှု အောက်မှ ဆွဲထုတ်ပြီး နိုင်ငံရေး အဆင့်မြှင့်ကာ ဘုရင်ခံ အစိုးရအဖွဲ့ အတွင်း သွတ်သွင်းရေး ကိုပင် စော်ဘွားများနှင့် ပြန်ဆွေးနွေး ရမည့်ဘ၀သို့ ရောက်သွား ခဲ့ရခြင်းဖြစ်၏။ ထိုသဘော တူညီချက် အရ ဗိုလ်ချုပ်တို့ မြန်မာနိုင်ငံ ပြန်ရောက်ချိန်တွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ခဲ့ရာမှ ပင်လုံညီလာခံ ပေါ်ပေါက် လာရခြင်း ဖြစ်သည်။
ကချင်ပြည်နယ်ရရှိရေးလှုပ်ရှားမှု
ပင်လုံညီလာခံကျင်းပရန် ပြင်ဆင်နေချိန်တွင် ကချင် ခေါင်းဆောင်များကလည်း ညီလာခံ တက်ရောက်ရန် ပြင်ဆင်ခဲ့ကြ သည်။ သို့သော် ထိုအချိန်က ကချင် တောင်တန်း ဒေသတွင် မြစ်ကြီးနား ဒေသနှင့် ဗန်းမော် ဒေသဟု နှစ်ပိုင်း ကွဲနေသဖြင့် မြစ်ကြီးနား ဒေသ ကိုယ်စားလှယ် ၈ ဦး၊ ဗန်းမော် ကိုယ်စားလှယ် ၄ ဦးကို ကချင် လူကြီးများက ရွေးချယ်ခဲ့ကြသည်။ မြစ်ကြီးနား အဖွဲ့တွင် ဆမားဒူးဝါးဆင်ဝါးနောင်၊ ထိန်နန်းဂွန်ဂျာ၊ ဦးဖော်နော်၊ ဒူဝါဇော်ရစ်၊ ဦးကရိန်နော်၊ ဦးဒိန်ရတန်၊ ဦးချန်းဇုံးနှင့် ဦးထောင်ဥတို့ ပါဝင်ပြီး ဗန်းမော် အဖွဲ့တွင် ဒူဝါဇော်လ၊ ဒူဝါဇော်လွန်း၊ ဦးလဘန်လနှင့် ဦးလဘန်ဂရောင်တို့ ပါဝင်သည်။ ကချင် ကိုယ်စားလှယ်များ အကြားတွင် မြစ်ကြီးနား အဖွဲ့က ပြည်မနှင့် အတူ လွတ်လပ်ရေး ယူလိုသည့် သဘောထား ရှိပြီး ဗန်းမော်အဖွဲ့က အင်္ဂလိပ် လက်အောက်တွင်ပင် ဒိုမီနီယံ အဆင့်ဖြင့် နေလိုသည့် သဘောထား ရှိသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာတွင် ကိုယ်စားလှယ် အဖွဲ့များ အစည်းအဝေး ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် ဒူဝါဇော်လွန်း ခေါင်းဆောင်သည့် ဒိုမီနီယံ အဆင့်ဖြင့် နေထိုင်လိုသူများက အကယ်၍ ပြည်မနှင့် တစ်ပါတည်း လွတ်လပ်ရေး ယူရမည် ဆိုပါက ကချင် ပြည်နယ် အဖြစ်ပါဝင်ရန်၊ ကချင် ပြည်နယ် အတွင်းသို့ လက်ရှိ ကချင် တောင်တန်း ဒေသများ သာမက ကသာ မြောက်ပိုင်းနှင့် ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း မြေပြန့်ဒေသ များပါ ထည့်သွင်း သတ်မှတ်ရန် တောင်းဆိုခဲ့သည်။ ထိုတင်ပြချက်များ အပေါ် ဆွေးနွေးပြီး နောက် အောက်ပါ အတိုင်း ဆုံးဖြတ်ခဲ့ကြ သည်-
၁။ မြန်မာပြည်မနှင့်အတူလွတ်လပ်ရေးယူရန်။
၂။ ကချင်အမျိုးသားများအတွက် ကချင်ပြည်နယ်သီးခြားထူထောင်ရန်။
၃။ ကချင်ပြည်နယ်၌ လက်ရှိ ကချင် တောင်တန်း ဒေသများ သာမက ဗန်းမော်နှင့် မြစ်ကြီးနား ခရိုင် တစ်ခုလုံးနှင့် ကသာ မြောက်ပိုင်း မြေပြန့်ဒေသများပါ ပါဝင်စေရန်။
၎။ ကချင်နှင့်ဗမာနှစ်ဘက်ကြား နယ်နမိတ် သတ်မှတ်ရေးကို ဆွေးနွေးရန်။
ဖဆပလအဖွဲ့ချုပ်နှင့် ပင်လုံညီလာခံ
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဖဆပလ အဖွဲ့ချုပ်အနေဖြင့် ပင်လုံညီလာခံသို့ တက်ရောက်ချိန်တွင် ကန့်သတ်ချက် နှစ်ခု သို့မဟုတ် ဖိအားပေးမှု နှစ်ခုနှင့် တက်ရောက် ရသည်ဟု ဆိုနိုင်ပါသည်။ ပထမတစ်ခုမှာ ဗိုလ်ချုပ် အနေဖြင့် ပြည်သူများအား တစ်နှစ်အတွင်း လွတ်လပ်ရေး ရရှိအောင် လုပ်မည်ဟု ကတိ ပေးထားခဲ့မှု ဖြစ်ပါသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မတိုင်မီ အခြေခံဥပဒေ တစ်ခုရှိပြီး လွတ်လပ်ရေး ရယူနိုင်ရမည် ဖြစ်ပါသည်။ ဒုတိယအချက်မှာ ပင်လုံ ညီလာခံ ပြီးပါက အင်္ဂလိပ်နှင့် ဖဆပလအဖွဲ့ချုပ်တို့ပူးပေါင်းဖွဲ့စည်းမည့် တောင်တန်း ဒေသ စုံစမ်းရေး အဖွဲ့က ကြားနာမှုများ စတင် ပြုလုပ်တော့မည် ဖြစ်ပါသည်။ ထိုအချိန် မတိုင်မီ တိုင်းရင်းသား များဘက်က ပြည်မနှင့် ပေါင်းပြီး လွတ်လပ်ရေး ယူမည် ဆိုသည့် သဘော တူညီချက်ရန် အရေးကြီး နေပါသည်။ အဆိုပါ ကန့်သတ်ချက် နှစ်ခုကြောင့် ပင်လုံ ညီလာခံတွင် ဆွေးနွေး သည့်အခါ ဖဆပလ ခေါင်းဆောင် များဘက်တွင် အားနည်းမှု တစ်ချို့ ရှိနေသည်ဟု ဆိုလျှင် မှားမည် မထင်ပေ။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပင်လုံညီလာခံ ဆွေးနွေးမှုများ စတင်သည်နှင့် ကချင် ကိုယ်စားလှယ် အဖွဲ့က ကချင် ပြည်နယ်ကို လက်ရှိ ကချင် တောင်တန်း ဒေသများ သာမက ဗန်းမော်နှင့် မြစ်ကြီးနား ခရိုင် တစ်ခုလုံးနှင့် ကသာ မြောက်ပိုင်း မြေပြန့် ဒေသများပါ ပါဝင် ဖွဲ့စည်းရေးကို တောင်းဆိုခဲ့သည်။ ဗိုလ်ချုပ် အနေဖြင့် ကချင်ပြည်နယ် ဖွဲ့စည်းရေးကို သဘောတူ သော်လည်း ကချင် ကိုယ်စားလှယ်အဖွဲ့ တောင်းဆိုသည့် ဗန်းမော်နှင့် မြစ်ကြီးနား ခရိုင်မှ ကျန်ဒေသများ၊ ကသာ မြောက်ပိုင်း ဒေသများတွင် နေထိုင်သူ အများစုမှာ ရှမ်း၊ ဗမာများ ဖြစ်နေခြင်း၊ အဆိုပါ ဒေသများမှာ ၁၉၃၅ ဥပဒေအရ အပိုင်း ၂ ဇယားဝင် ဒေသများ ဖြစ်နေသဖြင့် ကချင် တောင်တန်း ဒေသများ ပါဝင်နေသည့် အပိုင်း ၁ ဇယားဝင် ဒေသများ အတွင်းသို့ ပြောင်းပေးရန် မဖြစ်နိုင်ခြင်း တို့ကြောင့် ကချင် ပြည်နယ်ကို မူလ သတ်မှတ် ထားသည့် အတိုင်း ကချင် တိုင်းရင်းသားများ နေထိုင်သည့် ကချင် တောင်တန်း ဒေသများဖြင့်သာ ဖွဲ့စည်းရန် ဆန္ဒရှိခဲ့သည်။
သို့သော် ကချင်ခေါင်းဆောင်ဒူဝါဇော်လွန်းက အထက်ပါ တောင်းဆိုချက်ကိုသာ ဆွဲကိုင်ပြီး တောင်းဆို နေသဖြင့် ဆွေးနွေး ပွဲမှာ ရှေ့မတိုးနိုင် ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ဗိုလ်ချုပ်က စိတ်ဆိုးပြီး ရန်ကုန် ပြန်မည်ဟု စီစဉ်သည့် အချိန်ကျမှ ဖဆပလ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အစည်းအဝေး ပြန်ထိုင်ပြီး ဗိုလ်ချုပ်ထံ အဆိုပြုချက် အသစ်များ တင်ပြခဲ့ရာ နောက်ဆုံးတွင် ဗိုလ်ချုပ်က အောက်ပါ အတိုင်း သဘောတူညီခဲ့သည်-
၁။ ကချင်ပြည်နယ်တွင် မည်သည့် ဒေသများ ပါဝင်ရမည်ကို ဖော်ပြခြင်း မပြုဘဲ ကချင်ပြည်နယ် ထူထောင်ရေးကို မူအားဖြင့် သဘောတူသည်။
၂။ ကချင်ပြည်နယ် ထူထောင်ရေးကို ဖဆပလက လက်ခံလာအောင် မိမိရှင်းပြမည်။
၃။ ကချင်ပြည်နယ် အတွင်း ပါဝင်ရမည့် ဒေသများ သတ်မှတ်ရေးကို တိုင်းပြည်ပြု လွှတ်တော်တွင် စဉ်းစား ဆုံးဖြတ်မည်။
ဒီလိုသဘောတူညီခဲ့တဲ့ အတွက် ပင်လုံစာချုပ်မှာ ကချင်ပြည်နယ် အနာဂတ်နဲ့ ပတ်သက်ပြီး ပူးပေါင်း ထားပြီးသည့် ဤမြန်မာ ပြည်အတွင်း သီးသန့် ကချင်ပြည်နယ် တခု နယ်နမိတ် သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ် တခု ထားရှိ သင့်ကြောင်းကို သဘောတူညီကြသည်၊ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမ ခြေလှမ်း အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာ နိုင်ငံတော် အစိုးရ အက်ဥပဒေ အရ နောက်ဆက်တွဲပါ စာရင်းပါအပိုင်း (၂) ဒေသများ ကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ် ဒေသ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဆွေးနွေး တိုင်ပင်ရမည်၊ ဟု ထည့်သွင်း ဖော်ပြခဲ့သည်။ ဒါ့ကြောင့် ပင်လုံစာချုပ် ချုပ်တဲ့အချိန်မှာ ကချင် ပြည်နယ် ရှိသင့်တယ်လို့ လက်ခံပေမယ့် ကချင် တိုင်းရင်းသားတွေ တောင်းသလို မြေပြန့်ဒေသများ ထည့်သွင်းပေးဖို့ ဆိုတာကို သဘော မတူခဲ့ကြသည်ကို တွေ့နိုင်ပါသည်။
တောင်တန်းဒေသစုံစမ်းရေးအဖွဲ့
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ် ခေါင်းဆောင်တဲ့ ဘုရင်ခံ အမှုဆောင် အဖွဲ့ ( ၀န်ကြီးအဖွဲ့က ) Ress William ခေါင်းဆောင်တဲ့ တောင်တန်း ဒေသ စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်း ပေးခဲ့ပါသည်။ ထိုစုံစမ်းရေး အဖွဲ့က တောင်တန်း ဒေသရှိ တိုင်းရင်းသားများနှင့် သာမက ကချင် ပြည်နယ် အတွင်း ထည့်သွင်း ဖွဲ့စည်းရန် တင်ပြထားသည့် ဒေသ များမှာ ဗမာ၊ ရှမ်းတိုင်းရင်းသားများနှင့်ပါ တွေ့ဆုံခဲ့သည်။ ဗန်းမော် ခရိုင် အပိုင်း၂ ဇယားဝင် ဒေသများတွင် နေထိုင်သည့် ရှမ်း၊ ဗမာများ၏ ကိုယ်စားလှယ် အဖွဲ့( ဦးဘိုးတီ၊ ဦးစောရီ၊ ဦးဘအောင်၊ ဦးစောရီ ) တို့က ကချင် ပြည်နယ် အတွင်း မြေပြန့် ဒေသများ ဖွဲ့စည်းမည့် အစီအစဉ်ကို သဘော မတူကြောင်း၊ ထိုဒေသများတွင် နေထိုင်သည့် ပြည်သူများထံမှ လူထု ဆန္ဒခံယူ သင့်ကြောင်း တင်ပြခဲ့သည်။ မိုးကောင်း၊ မိုးညှင်းဒေသမှ ကိုယ်စားလှယ် များကလည်း အထက်ပါ အတိုင်း ထွက်ဆိုခဲ့ကြသည်။
ထို့ကဲ့သို့ အပိုင်း၂ ဒေသရှိပြည်သူများ၏ ပြင်းပြင်း ထန်ထန် ဆန့်ကျင်မှုကြောင့် ဧပြီလ ၂၄ ရက်နေ့တွင် စုံစမ်းရေး အဖွဲ့က အစီရင်ခံစာ တင်သွင်းသည့် အခါ ကချင် ပြည်နယ် အတွင်း အပိုင်း ၂ ဇယားဝင် ဒေသများ ပါဝင် ဖွဲ့စည်းသင့်၊ မသင့်ဆိုသည့် ပြဿနာကို တိုင်းပြည်ပြု လွှတ်တော်တွင် ဆွေးနွေးသင့်ကြောင်း၊ အဆိုပါ ဒေသနေ ပြည်သူများ၏ ဆန္ဒကိုလည်း ထည့်သွင်း စဉ်းစား သင့်ကြောင်းသာ ဖော်ပြပေးခဲ့သည်။
၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကချင်ပြည်နယ်
၁၉၄၇ ခုနှစ် ဧပြီလတွင် တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပရာ ဖဆပလ က လူထု ထောက်ခံမဲ ၉၅% ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဇွန်လ ၁၇ ရက်နေ့တွင် လွှတ်တော်က အခြေခံ ဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့် လမ်းညွှန်ချက် ၇ ချက်ကို ချမှတ်ပေးပြီး ၅၅ ဦးပါ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထို ကော်မတီတွင် ရှမ်းကိုယ်စားလှယ် ခြောက်ဦး၊ ကရင် ကိုယ်စားလှယ် ငါးဦး၊ ကချင် ကိုယ်စားလှယ် သုံးဦး၊ ချင်း ကိုယ်စားလှယ် သုံးဦးနှင့် သံလွင် ခရိုင် ကိုယ်စားလှယ် တစ်ဦး ပါဝင်ခဲ့သည်။ ထိုကော်မတီ တွင်လည်း ဒူဝါဇော်လွန်းက မူလ တောင်းဆို ထားသည့် နယ်မြေ အားလုံးကို ကချင် ပြည်နယ် အတွင်း ထည့်သွင်း ပေးရန်နှင့် ခွဲထွက်ခွင့် အခွင့်အရေးကိုလည်း ကချင် ပြည်နယ်ကိုပါ ပေးအပ်ရန်နှင့် ထိုအချက်များ မရပါက ကော်မတီ အစည်းအဝေးမှ သပိတ်မှောက် ထွက်ခွာမည် ဖြစ်ကြောင်း ထပ်မံ ခြိမ်းခြောက်ခဲ့ပါသည်။
ထိုအခြေအနေအပေါ် စိတ်ပျက်သောကြောင့် ဇူလိုင်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်က ကော်မတီဝင်များ ဖြစ်သည့် ဦးဖေခင်နှင့် ဦးဘဆွေထံသို့ အောက်ပါ အတိုင်း စာရေးခဲ့သည်- (တိုင်းရင်းသား လူမျိုးများ အရေးနှင့် ၄၇ အခြေခံ ဥပဒေစာအုပ်၊ စာမျက်နှာ ၇၆၅)
ဒီနေ့ ဂျင်းဖောများနဲ့ အစည်းအဝေးကို ခင်ဗျားတို့ပဲ ဆက်လက် ဆွေးနွေးကြပါ။ ကျွန်တော် မလာတော့ဘူး။ အရင်က ပြောထားတာ ထက်တော့ လျှော့လို့ မဖြစ်တော့ဘူး၊ အခု လျှော့တာတောင် တိုင်းပြည်က ဘာပြောဦးမယ် မသိဘူး။ ပြီးတော့ ဒီလို ပေးတယ် ဆိုတာကလဲ တစ်ဦးနဲ့ တစ်ဦး ပေါင်းမယ် ဆိုလို့သာ ပေးတာပဲ။ သို့မဟုတ်ရင် ကျုပ်တို့ပေးနိုင်မှာ မဟုတ်ဘူး။ xxxxxxxxx ဘာပဲဖြစ်ဖြစ် သူတို့ကိုတော့ နယ်နဲ့ ပတ်သက်ရင် သည့်ထက် မပိုနိုင်တော့ဘူး။ We have reached the limit of our concession ဆိုတာ ပြောပြလိုက်ပါ
ထိုစာသည် အခြေခံဥပဒေ ရေးဆွဲရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ် နောက်ဆုံး ပြောကြားခဲ့သည့် သဘောထား ဖြစ်မည်ဟု ထင်ပါသည်။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးချိန်တွင် ဖဆပလ အဖွဲ့ကြီးသည် မူလ ကတိအတိုင်း လွတ်လပ်ရေး အရယူရန်နှင့် အင်္ဂလိပ်တို့ ဘက်မှ သဘောထား မပြောင်းမီ နု- အက်တလီ စာချုပ်ကို လက်မှတ် ထိုးနိုင်ရန် လုံးပမ်းခဲ့ရပါသည်။ ထို့ကြောင့် အခြေခံ ဥပဒေ အမြန် ပြီးစီးအောင် လုပ်ဆောင်ခဲ့ ရသည်။ ကချင် ပြည်နယ် ကိစ္စကိုလည်း လူထု ဆန္ဒခံယူပွဲတွေ မလုပ်နိုင်ဘဲ ဗမာနဲ့ ကချင် နိုင်ငံရေး ခေါင်းဆောင်တွေ ညှိပြီး သဘောတူခဲ့ ရပါသည်။ ဒါ့ကြောင့် ကချင် ခေါင်းဆောင်များ တင်ပြတဲ့ အပိုင်း ၂ ဇယားဝင် ဒေသများသည် ကချင် ပြည်နယ်ထဲမှာ ပါလာသည်။။ ထိုဒေသများမှာရှိတဲ့ ရှမ်း၊ဗမာများရဲ့ ဆန္ဒကို မယူဘဲ ဒီဒေသ တွေကို ကချင်ပြည်နယ် အတွင်း သွင်းခဲ့တဲ့ အတွက် ကချင်များ ဘက်ကလည်း ကချင်ပြည်နယ်ရဲ့ ခွဲထွက်ခွင့်ကို စွန့်လွှတ်ရန်၊ လူမျိုးစု လွှတ်တော်တွင် ကချင်ပြည်နယ် အတွက် လျာထားသော ၁၂ နေရာအနက် ၆ နေရာကို ကချင် မဟုတ်သူများကို ခွဲဝေပေးရန် တို့ကို သဘောတူခဲ့ရသည်။ ၁၉၄၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်သည့် တိုင်းပြည်ပြု လွှတ်တော် အစည်းအဝေးတွင် ယခင်က မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်ဟု ခေါ်တွင်ခဲ့သော ဒေသ အားလုံးကို ကချင်ပြည်နယ် အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ပြီး အခြေခံ ဥပဒေတွင်လည်း ၎င်းအတိုင်း ထည့်သွင်း ရေးဆွဲခဲ့သည်။
နောင် ၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေများ ရေးဆွဲဖို့ လုပ်သည့် အခါတွင်လည်း ကချင် ပြည်နယ် အရေးပြန်ပေါ် လာ သည်။ ၇၄ အခြေခံဥပဒေ အတွက် လူထုထံမှ အကြံပြုချက်များ တောင်းစဉ် ကာမိုင်း၊ မိုးကောင်း၊ မိုးညှင်း၊ အင်းတော် ဒေသများကို ရှမ်းနီပြည်နယ် အဖြစ် သတ်မှတ် ရေးဆိုသည့် လှုပ်ရှားမှု ပေါ်ခဲ့သည်။ ထိုအကြံပြုချက်များကို အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီက လက်မခံသည့် အတွက် ဗကပများ ထိုဒေသ အတွင်းသို့ ဆက်သွယ် ခေါ်ယူ လှုပ်ရှားရန် ကြံစဉ်မှုများ ပေါ်လာသဖြင့် အရေးယူခဲ့ရသည်။ ၂၀၀၈ ခုနှစ် ဥပဒေ အတွက် အမျိုးသား ညီလာခံ ကျင်းပချိန်တွင်လည်း ထိုဒေသများကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အဖြစ် သတ်မှတ်ရေး တင်ပြမှုများ ရှိသည်ဟု ကြားရသည်။ အသေအချာတော့ မသိ။
ဘာပဲဖြစ်ဖြစ် ကချင်တိုင်းရင်းသားများ၏ တောင်းဆိုချက်ကို လိုက်လျောသည့် အတွက် ကချင် ပြည်နယ်ဟု ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုပြည်နယ်သည် ကချင် တစ်မျိုးတည်း နေသည့် ပြည်နယ် မဟုတ်။ ကချင် ပြည်နယ်နေ့ကို ကချင် မနောပွဲ တစ်ခုတည်းဖြင့် ကိုယ်စားပြု၍ မရ။ ကချင် ပြည်နယ်၏ အနာဂတ်သည် ကေအိုင်အို တစ်ဖွဲ့တည်းနှင့် သက်ဆိုင်သည် မဟုတ်။ ကချင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး ပင်လုံစာချုပ်ကို ညွှန်းမည် ဆိုလျှင် ပင်လုံစာချုပ်တွင် ကချင် ပြည်နယ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆုံးဖြတ်ခဲ့သည်ကို တိတိကျကျ သိဖို့ လိုသည်။ ထို့ကြောင့် လက်လှမ်းမီသမျှ သမိုင်းကို ဝေမျှပေး လိုက်ခြင်းသာ ဖြစ်ပါသည်။
အဏ္ဏ၀ါစစ်သည်
  • လူမှုကယ်ဆယ်ရေး ပရဟိတ လုပ်သူကို ထောင်ဆယ်နှစ်ချ - ဘီဘီစီ click here
  • The Lady ဇာတ်ကား အီတလီရုပ်ရှင်ပွဲတော်မှာ ဖွင့်လှစ်ပြသမယ် - ဘီဘီစီ click here
  • နိုင်ငံတော်စီမံကိန်းအကြောင်းပြ လယ်မြေသိမ်းကာ ပြန်လည်ရောင်းချမှုများရှိ - ဧရာဝတီ click here
  • (အယ်ဒီတာထံ ပေးစာ) ဇရပ်လှရွာမှ လာတဲ့စာ - နိရဉ္စရာ click here
  • မြန်မာတပ် မြောက်ဆံသင့်သော ဆရာမ မိုင်းအောင်တွင်ထူးခြားသည့်လက္ခဏာပြ - ကချင်သတင်း click here
  • ဒုက္ခသည်များကို ပြန်လက်ခံရန် မြန်မာက အပြုသဘော တုန့်ပြန် - နိရဉ္စရာ click here
  • ၂၁ နှစ်ကာလအတွင်း တပ်မတော်သား ၁၃၅ ဦးကို မုဒိမ်းမူဖြင့် အရေးယူခဲ့ဟု ဆို - နိရဉ္စရာ click here
  • နိုင်ငံရေး အကျဥ်းသား လွှတ်ပေးရေး တင်ပြမှု လွှတ်တော်က လက်ခံ - အာရ်အက်ဖ်အေ click here
  • မှုဆယ်-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြန်ပြီ - သျှမ်းသံတော်ဆင့် click here
  • အစိုးရယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရ - ဘီဘီစီ click here
  • လွတ်ငြိမ်းချမ်းသာခွင့်အဆို ထောက်ခံဆွေးနွေး- ဘီဘီစီ click here
  • စစ်ပြေးဒုက္ခသည်၂၀၀ကျော် ဗန်းမော်မြို့သို့တိမ်းရှောင် - သျှမ်းသံတော်ဆင့် click here
  • NLD ရပ်တည်ခွင့် အစီရင်ခံစာ ကင်တားနားကို တင်ပြ - ဘီဘီစီ click here
  • ဒီပုတ်ထဲကပဲဒီပဲ - သျှမ်းသံတော်ဆင့် click here
  • ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ထောင်၁၀နှစ်ချ - ဧရာဝတီ click here
  • သဘာဝပစ္စည်းသုံးရန် စာရေးဆရာများလှုံ့ဆော် - ဧရာဝတီ click here
  • KNU နဲ့ဆွေးနွေးရန် အစိုးရကိုယ်စလှယ်စေလွှတ် - ဧရာဝတီ click here
  • ဂျာနယ်နှစ်စောင်အရေးယူခံရ - ဧရာဝတီ click here
  • ဒေသခံပြည်သူများကို အသိမပေးပဲ ဆည်ရေဖောက်ချခဲ့သည့်အတွက် အင်္ဂပူမြို့နယ်အတွင်း ရေဘေးဒုက္ခကြုံနေရ - ရိုးမ၃ click here
  • မြစ်ကြီးနားမြို့ ကချင်ရပ်ကွက်တွင် ဗုံးဖောက်ရန် အာဏာပိုင်များ လုပ်ဆောင် - ကချင်သတင်း click here
  • မြန်မာအစိုးရ-KIA ပစ်ခတ်မှုတွင် အစိုးရပြည်သူ့စစ် တစ်ဦးကျ - ကချင်သတင်း click here
  • မြန်မာနိုင်ငံ HIV ကာကွယ်ရေးနဲ့ ခွဲခြားဆက်ဆံမှု ဟန့်တားရေး လစ်ဟာဆဲ - ဗွီအိုအေ click here
  • ဘကြီးစိန် ညာတယ် - ဧရာဝတီဘလော့ click here
  • နိုင်ငံရေး အကျဉ်းသားများအား လွှတ်မပေးနိုင်သေး - ဧရာဝတီဘလော့ click here
  • လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြည်သူသိခွင့်မရ - ဧရာဝတီဘလော့ click here
  • အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ပြည်သူ့လွှတ်တော်က သမ္မတထံပန်ကြား - ဧရာဝတီဘလော့ click here

အဏ္ဏ၀ါစစ်သည်
( ဒီဆောင်းပါးဟာ ၂၀၁၀ ဇန်န၀ါရီလ အတွင်းက ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါတယ်။ အခြေအနေအရ မဖတ်လိုက်ရသူတွေ ဖတ်နိုင်အောင် ပြန်ပြီး ဖော်ပြပေး လိုက်ပါတယ်။ )
( အခုတစ်လော ကေအိုင်အိုအဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြင်ဆင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး လူပြောသူပြော များနေတဲ့ ကချင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းကို ပြည့်ပြည့် စုံစုံ ရှင်းပြထားတဲ့ ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါတယ်။ လူငယ်တွေအတွက် မှတ်မှတ် သားသား လေ့လာ ရေးသား တင်ပြပေးတဲ့ ဆရာ အဏ္ဏ၀ါ စစ်သည်ရဲ့ စေတနာကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဆောင်းပါးက ရှည်နေလို့ အပိုင်းလိုက် ဖော်ပြပေးပါ့မယ်။ )
ကေအိုင်အိုအဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြန်လည် ဖွဲ့စည်းရန် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက်သည့် သတင်းများကို ဖတ်ရင်း ကေအိုင်အိုအဖွဲ့က အစိုးရကို ပင်လုံစာချုပ်ပါ အချက်များကို အကောင် အထည်ဖော်ရေး တင်ပြထားကြောင်း၊ ပင်လုံစာချုပ် အတိုင်းသာ အကောင် အထည်ဖော်လျှင် အလိုအလျောက် လက်နက် ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း ပြောဆို တင်ပြမှုတွေကို သတိပြုမိသည်။ ထို့နောက် ကချင် ပြည်နယ်နေ့၊ မနောပွဲ၊ ကေအိုင်အိုအဖွဲ့က လက်နက်နှင့် ပွဲတက်ရောက်ခွင့် စသည့် သတင်းများကို ဆက်ပြီး ကြားရသည်။ ယနေ့ကချင်ပြည်နယ် အခြေအနေကို ပကတိ အတိုင်း မြင်နိုင်ဖို့အတွက် ကချင်ပြည်နယ် မည်ကဲ့သို့ ပေါ်ပေါက်လာသည်။ ပင်လုံစာချုပ်တွင် ကချင်ပြည်နယ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆုံးဖြတ်ခဲ့သည်၊ ပင်လုံစာချုပ်က ဘာကို ဆိုလိုသည်ကို သိရန်လိုပါသည်။ ဒါတွေမပြောခင် မြန်မာနိုင်ငံ အပေါ် ကိုလိုနီ အုပ်ချုပ်ရေး မည်ကဲ့သို့စတင် ရောက်ရှိ လာသည်ကို အကျဉ်းမျှ သိဖို့လိုပါသည်။
အင်္ဂလိပ်လက်အောက်မြန်မာနိုင်ငံ
၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာ စစ်အပြီးတွင် ရခိုင်နှင့် တနင်္သာရီဒေသ အင်္ဂလိပ် လက်အောက် ရောက်သည်။ သို့သော် အင်္ဂလိပ်တို့က ရခိုင်နှင့်တနသာင်္ရီကို ပုံစံ တစ်ခုတည်းဖြင့် အုပ်ချုပ်ခဲ့ခြင်း မဟုတ်။ သူတို့ လိုအပ်ချက်အပေါ် မူတည်ပြီး ခွဲခြား အုပ်ချုပ်ခဲ့သည်။ ဤချဉ်းကပ်ပုံ သည်ပင် အင်္ဂလိပ်တို့၏ ကိုလိုနီ အုပ်ချုပ်ရေး အဓိကလက္ခဏာ ဖြစ်သည်ကို နောက်ပိုင်းတွင် ပိုပြီးတွေ့နိုင်သည်။ ရခိုင်က အိန္ဒိယနဲ့ နီးတော့ ပထမပိုင်းမှာ အိန္ဒိယ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်သည်။ ၁၈၃၀ ကျတော့ စစ်တကောင်း တိုင်းမင်းကြီး လက်အောက်မှာ ထားပြီး ၀န်ထောက် တစ်ယောက်က အုပ်ချုပ်ခဲ့သည်။ ၁၈၃၅ ခုနှစ်ကစပြီး ၁၈၅၂ ခုနှစ်အထိ ဘင်္ဂလားပြည်နယ်၏ နယ်တစ်နယ် အဖြစ် သတ်မှတ်ပြီး ဘင်္ဂလား ပြည်နယ် အစိုးရက တိုက်ရိုက် အုပ်ချုပ် ခဲ့သည်။ ထိုအချိန်က စပြီး ဘင်္ဂလား ပြည်နယ် အတွင်းရှိ မူစလင်များသည် ရခိုင်ဒေသသို့ အတားအဆီး မရှိ ၀င်ရောက် နေထိုင် ခွင့်ရခဲ့သည်။ နောင် ရိုဟင်ဂျာ ဖြစ်လာမည့် ကုလားများ၏ ဘိုးဘေးများပင် ဖြစ်သည်။ တနသာင်္ရီ ဒေသကိုတော့ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်ပြီး ပီနန်ကျွန်းများ အရာရှိများကို အုပ်ချုပ်ရေး တာဝန်ပေးခဲ့သည်။
၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပြီးသည့်အခါ ပဲခူးနှင့် မုတ္တမနယ်များ အင်္ဂလိပ် လက်အောက် ရောက်သွားပြန်သည်။ အင်္ဂလိပ်တို့က မုတ္တမကို တနသာင်္ရီ ဒေသ အောက်ထည့်ပြီး ရန်ကုန်ပါတဲ့ ပဲခူးနယ်ကိုတော့ အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ တိုက်ရိုက် အုပ်ချုပ်မှု အောက်မှာ ထားခဲ့သည်။ ထိုကဲ့သို့ အုပ်ချုပ်ခဲ့သည်မှာ ၁၈၆၂ ခုနှစ် အထိ ဖြစ်သည်။ ၁၈၆၂ ခုနှစ်တွင်မူ အုပ်ချုပ်ရေး စနစ်ကို ပြန်ပြောင်းပြီး မြန်မာပြည်တွင် မဟာဝန်ရှင်တော် မင်းကြီးတစ်ဦး ထားပြီး ၎င်း၏ လက်အောက်တွင် ရခိုင်၊ တနသာင်္ရီ၊ ပဲခူး ဒေသတစ်ခုစီ အတွက် ၀န်ရှင်တော် မင်းကြီးတစ်ဦး ( Commissioner) စီထားပြီး အုပ်ချုပ်ပါသည်။ မဟာဝန်ရှင်တော်မင်း ကြီးက အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ ကွပ်ကဲမှု အောက်မှာ ရှိပြီး ဥပဒေပြုခွင့် အာဏာမရှိဘဲ ဘုရင်ခံချုပ် ချမှတ်ပေးတဲ့ ဥပဒေများ အတိုင်းသာ အုပ်ချုပ်ရသည်။
၁၈၈၅ ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲပြီးချိန်တွင် ၁၈၈၆ ဇန်န၀ါရီလ ၁ ရက်နေ့တွင် အထက် မြန်မာနိုင်ငံကို ဘုရင်မပိုင် နယ်မြေ အဖြစ် အင်္ဂလိပ်တို့က ကြေညာခဲ့သည်။ မေလ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်ကို ချန်လှပ်ပြီး အထက် မြန်မာနိုင်ငံကို ဇယားဝင် စီရင်စုနယ် (Scheduled District) အဖြစ် ကြေညာခဲ့သည်။ တနည်းအားဖြင့် ကျန်မြန်မာနိုင်ငံ အစိတ်အပိုင်း များနှင့် ရှမ်းပြည်နယ်ကို ခွဲခြား အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အင်္ဂလိပ်တို့သည် တောင်တန်း ဒေသများသို့ တပ်ဖွဲ့များ စေလွှတ်ပြီး အုပ်ချုပ်ရေး စနစ်ကို အခြေခိုင်အောင လုပ်ဆောင်ခဲ့သည်။ အင်္ဂလိပ်တို့က မြန်မာမင်းများ သြဇာအာဏာ ခိုင်မြဲခဲ့သည့် ဒေသများနှင့် မြန်မာမင်းများ၏ အစောင့်ရှောက်ခံ၊ အခွန်ဆောင် ဒေသများ ဖြစ်သည့် တောင်တန်း ဒေသများကို ခွဲခြား အုပ်ချုပ်ရန် လိုအပ်သည်ဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ၁၈၉၅ ကချင် တောင်တန်း ဥပဒေ၊ ၁၈၉၆ ချင်းတောင်တန်း ဥပဒေတို့ကို ပြဋ္ဌာန်းပြီး အုပ်ချုပ်ရေး စနစ်ကို သီးခြား ဆောင်ရွက်ခဲ့ သည်။ ၁၉၂၃ ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေး စနစ် ပြောင်းလဲ ကျင့်သုံးချိန်တွင် ကချင်၊ ချင်း၊ ရှမ်းပြည်နယ် တို့ကို မဖွံ့ဖြိုးသေးသော ဒေသများအဖြစ် သတ်မှတ်ပြီး မြန်မာပြည် အုပ်ချုပ်ရေး စနစ်အတွင်း မထည့်သွင်းပဲ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်ခဲ့ သည်။ ၁၉၃၅ ခုနှစ် ၉၁ ဌာန အုပ်ချုပ်ရေးကို ပြင်ဆင် ကျင့်သုံးချိန်တွင် ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ် တို့ကို အပိုင်း (၁)၊ အပိုင်း (၂) နယ်မြေများဟု ခွဲခြားပြီး သီးခြား အုပ်ချုပ်ခဲ့ပြန်သည်။ ဤသည်မှာ အင်္ဂလိပ်တို့ အုပ်ချုပ်ရေး စနစ် ကျင့်သုံးခဲ့ပုံ အကျဉ်းဖြစ်သည်။
ကချင်တောင်တန်းဒေသအုပ်ချုပ်မှု
ကချင် တောင်တန်း ဒေသကို အင်္ဂလိပ်တွေ ခွဲခြား အုပ်ချုပ်ဖို့ လုပ်ချိန်တွင် ထိုဒေသမှာ ကချင် တစ်မျိုးတည်း မဟုတ်၊ ခန္တီးရှမ်း၊ ရ၀မ် စတာတွေ ရှိနေသည်။ ကချင်ထဲမှာလည်း လူမျိုးစုတွေ ကွဲနေသည့် အပြင် လချိတ်တွေက သူတို့က ကချင်မျိုး မဟုတ်ဘူးလို့ ပြောဆိုမှုများ နှင့်လည်း ကြုံရသည်။ ထို့ကြောင့် ကချင် တောင်တန်းဥပဒေ ပုဒ်မ ၁ (၃) တွင် ဤဥပဒေသည် ကချင် လူမျိုးများနဲ့သာ ဆိုင်သည်ဟု ဖော်ပြခဲ့ရသည်။ ၁၈၉၅ ဥပဒေအရ ကချင် တောင်တန်း ဒေသတွင် အောက်ပါ နယ်မြေများ ပါဝင်သည်ဟု သတ်မှတ် ခဲ့သည်ကို တွေ့ရသည်-
၁။ ဗန်းမော်စီရင်စု အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာ ရွှေကူ တောင်တန်းနှင့် စိန်လုံကဘား ဒေသ ( ဗန်းမော် မြေပြန့် ဒေသမပါ)။
၂။ မြစ်ကြီးနား စီရင်စုအတွင်းရှိ ဆဒုံးဆမား ကချင် တောင်တန်း ဒေသ၊ ကာမိုင်း၊ ထောဂေါ ကချင် တောင်တန်း ဒေသ ( မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း မြေပြန့်ဒေသများမပါ။)
၃။ ကသာစီရင်စု အတွင်းရှိ ကချင် တောင်တန်း ဒေသ ( ကောက်ကွေ့ချောင်း ဒေသကို ဆိုလိုသည်။ )
၎။ ပူတာအိုစီရင်စု။
၅။ မိုးမိတ်နယ်ရှိ ကချင် လူမျိုးများ နေထိုင်ရာဒေသ။
၆။ မြောက်ပိုင်း ရှမ်းပြည် မြောက်သိန္ဒီနယ် အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာဒေသ။
ကချင်ပြည်နယ် အုပ်ချုပ်ရေး စတင်ချိန်တွင် ကချင် လူမျိုးများမှာ ဒူဝါများ၊ တောင်ပိုင်များ၏ အုပ်ချုပ်မှုဖြင့် တောင်တန်း များပေါ်တွင်သာ နေထိုင်နေခြင်း ဖြစ်သည်။ မိုးကောင်း၊ မိုးညှင်း ဒေသများက ရှမ်းစော်ဘွားများ၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။ ထို့ကြောင့် အင်္ဂလိပ်တို့က မြစ်ကြီးနားမြို့ကို အသစ် တည်ဆောက်ပြီး အုပ်ချုပ်ရေးမြို့ အဖြစ် ထူထောင်ခဲ့ရသည်။ ထိုမြို့တွင် ကုလား၊ ဂေါ်ရခါးနှင့် ဗမာ၊ ရှမ်းတို့သာ အဓိက နေထိုင်ခဲ့ကြသည်။ ၁၈၈၇ ခုနှစ်တွင် အင်္ဂလိပ်အမှတ် ၄၄ဂေါ်ရခါး တပ်ရင်းက ယခုမြစ်ကြီးနားမြို့နေရာအနီးရှိ ဆနာရွာကို ရောက်ရှိသည်။ ထိုအချိန်က ဆနာရွာတွင်အိမ်ခြေ ၁၅ အိမ်ခန့် သာရှိသည်။ အင်္ဂလိပ်တို့က ထိုရွာကို The Village by the Great River ဟု ပြောရာမှ မြစ်ကြီးနားဟု အမည်တွင်သည် ဟုဆိုသည်။ နောက်တစ်မျိုးကတော့ အကျဲဝါ၏ လယ်ကွင်းကို ကချင်လို အကျဲနာဟု ခေါ်ရာမှ မြစ်ကြီးနား ဖြစ်သည်ဟုလည်း ဆိုသည်။ မည်သို့ဖြစ်စေ ၁၈၉၁ ခုနှစ်တွင် မြစ်ကြီးနားတွင် အုပ်ချုပ်ရေးရုံး စတင် ဖွင့်လှစ်ပြီး ၁၈၉၅ ခုနှစ်တွင် ခရိုင်ဝန် ရုံးစိုက်ရာ ဖြစ်လာသည်။
၁၉၂၃ ခုနှစ်ဒိုင်အာခီ အုပ်ချုပ်ရေး စတင်ချိန်တွင် ကချင် တောင်တန်း ဒေသများသည် ပြည်မ အုပ်ချုပ်ရေးတွင် ပါဝင်ခြင်း မရှိဘဲ ဆက်လက် ချန်လှပ် ထားခြင်း ခံရသည်။ ၁၉၃၅ ခုနှစ်တွင် ၉၁ ဌာန အုပ်ချုပ်ရေးကို ကျင့်သုံးသည့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေ ကျင့်သုံးချိန် တွင်လည်း ကချင် တောင်တန်း ဒေသများကို ဆက်လက် ချန်လှပ်ထားခဲ့သည်။ ထို ၁၉၃၅ ခုနှစ် ဥပဒေအရ တောင်တန်း ဒေသများကို အပိုင်း ၁ ဇယားဝင် ဒေသများ ( Part I Scheduled Areas)နှင့် အပိုင်း ၂ ဇယားဝင် ဒေသများ ( Part II Scheduled Areas)ဟု ခွဲခြားခဲ့ သည်။
ကချင်ဒေသ အတွင်းမှ အပိုင်း ၁ ဇယားဝင် ဒေသများမှာ အောက်ပါ အတိုင်း ဖြစ်သည်- ( ချင်း၊ ရှမ်းပြည်နယ် တို့နှင့် သက်ဆိုင် သော သတ်မှတ်ချက်များကို ဆောင်းပါး မရှည်စေရန် အတွက် ချန်ထားခဲ့ပါသည်။ )
၁။ မြစ်ကြီးနား၊ ကသာနှင့် ဗန်းမော် စီရင်စုတွင် ပါဝင်သော ကချင်တောင်တန်း ဒေသများ ( အထက်ပါ ၁၈၉၅ ဥပဒေ အရ သတ်မှတ် ထားသည့် နယ်များ)။
၂။ တြိဂံနယ်မြေ ( မေခနှင့် မေလိခမြစ်နှစ်ကြားဒေသ)
၃။ ဟူးကောင်းတောင်ကြားဒေသ။
၎။ လက်ရှိအင်္ဂလိပ်အုပ်ချုပ်မှုမရှိသေးသောဒေသများ။ ( နယ်စပ်ဒေသများကိုဆိုလိုသည်။ )
ကချင်ဒေသ အတွင်းမှ အပိုင်း ၂ ဇယားဝင်ဒေသများမှာ အပိုင်း ၁ တွင် မပါဝင်သော မြစ်ကြီးနားနှင့် ဗန်းမော်တို့မှ အစိတ် အပိုင်းများ ဖြစ်ပါသည်။ ထို့ပြင် အင်္ဂလိပ်တို့က အပိုင်း ၁ ဒေသတွေ ပိုမို တိုးတက်လာရင် အပိုင်း ၂ ကို အဆင့်မြှင့်ပေးမည် ဖြစ်ကြောင်း၊ အပိုင်း ၂ ဒေသများကိုလည်း နိုင်ငံရေး အရ ပိုမို တိုးတက် လာလျှင် ဘုရင်ခံနှင့် ၀န်ကြီးအဖွဲ့က အုပ်ချုပ်သည့် မြန်မာပြည်မ ဒေသများနှင့် ပေါင်းစည်း ပေးမည်ဟု လည်းကောင်း ဥပဒေတွင် ဖော်ပြခဲ့သည်။ ထိုအချက်မှာ တောင်တန်း၊ ပြည်မ ခွဲခြား အုပ်ချုပ်မှုကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် နေသူများအား ချွေးသိပ်ခဲ့ခြင်းသာ ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်အထိ ၁၉၃၅ ခုနှစ် ဥပဒေပါ နယ်မြေ သတ်မှတ် ချက်များမှာ အပြောင်း အလဲ မရှိခဲ့ပေ။ ထို့အပြင် အင်္ဂလိပ်တို့က ဇယား ၁ ၀င်ဒေသများကို ဇယား ၂ သို့ ပြောင်းပေး နိုင်သော်လည်း ဇယား ၂ ဒေသများကို ဇယား ၁ ဒေသများသို့ ပြောင်း၍မရ ကြောင်း ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။ ထိုအချက်သည်လည်း ဘုရင်ခံ အုပ်ချုပ်သည့် တောင်တန်း ဒေသများကို အကြောင်း အမျိုးမျိုး ပြပြီး ချဲ့ထွင် လာမည်ကို စိုးရိမ်သော မြန်မာ နိုင်ငံရေး သမားများ၏ ကန့်ကွက်ချက်ကို လိုက်လျော ခဲ့ရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ အင်္ဂလိပ်များ ဆုတ်ခွာ သွားသည့် အချိန်အထိ၊ အင်္ဂလိပ်များ ပြန်လည် ၀င်ရောက်လာပြီး လွတ်လပ်ရေး အတွက် ဆွေးနွေး ကြသည့် အချိန်အထိ တောင်တန်း ဒေသ နယ်မြေ သတ်မှတ်မှု များသည် ပြောင်းလဲမှု မရှိသည်ကို လည်းကောင်း၊ ကချင် တောင်တန်း ဒေသတွင် လက်ရှိ ကချင် ပြည်နယ်ဟု သတ်မှတ် ထားသည့် နယ်မြေ အားလုံး ပါဝင်ခြင်း မရှိသည်ကို လည်းကောင်း တွေ့ရမည် ဖြစ်ပါသည်။ ထိုအချက်သည် ပင်လုံ ညီလာခံ ကျင်းပသည့် အချိန်တွင် အလွန် အရေးကြီးသည့် အချက် ဖြစ်လာပါသည်။
ဆက်ရန်
အဏ္ဏ၀ါစစ်သည်

၂၆ . ၈ . ၂၀၁၁ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

- စစ်ဘက်အရာရှိဟောင်းကို အီလက်ထရောနစ် ဥပဒေဖြင့် ၁၀ နှစ်ထောင်ချ click
- ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်ကို ​ထောင်ဒဏ် ၁၀ နှစ် ချမှတ် click
- ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ် ချ click
- အာဇာနည်နေ့ အခမ်းအနားသွားသူ ထောင်တနှစ်ခွဲကျ click
- အဖွဲ့ချုပ်ဝင် ဦးဖိုးထောင် ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံရ click
- စာရင်းကွာ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ရန် ရှိနိုင်ကြောင်း တာဝန်ရှိသူများ ပြော click
- နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးနိုင်သေး click
- နိုင်ငံရေးတည်ငြိမ်မှ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟုဆို click
- အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လွှတ်တော်က ဖော်ဆောင်နိုင်မည်ဟုဆို click
- ဥပဒေနှင့်အညီ စီရင်ရေး ကူညီရန် ကင်တားနားကို ကိုဖြိုးဝေအောင် တောင်းဆို click
- လူ့အခွင့်​အ​ရေး​ချိုး​ဖောက်မှုများ​ စစ်​ဆေး​ရန် ကင်တား​နား​ ​တောင်း​ဆို click
- သုံးပွင့်ဆိုင်ဆွေးနွေးရေး ကင်တားနားထံ ၁၉၉၀ တိုင်းရင်းသားပါတီ ၈ ပါတီ တင်ပြတောင်းဆို click
- ကနေဒါအတိုက်အခံ ကွယ်လွန်မှု ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပို့ click
- မူစယ်-မန္တလေးလမ်းတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြန်ပြီ click
- မြစ်ကြီးနားမြို့ ကချင်ရပ်ကွက်တွင် ဗုံးဖောက်ရန် အာဏာပိုင်များ လုပ်ဆောင် click
- ခုခံကာကွယ်စစ် အရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ ဆွေးနွေး click
- မြောက်ပိုင်း SSA က ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ်ရှိ click
- KNU နှင့် ဆွေးနွေးရန် အစိုးရကိုယ်စားလှယ် စေလွှတ် click
- မြန်မာအစိုးရ-KIA ပစ်ခတ်မှုတွင် အစိုးရပြည်သူ့စစ်တဦး ကျ click
- အင်မောက်မြို့သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၅၀ ထပ်မံ ရောက်ရှိလာ click
- စစ်ပြေးဒုက္ခသည် ၂၀၀ ကျော် ဗန်းမော်မြို့သို့ တိမ်းရှောင် click
- မွန်ပါတီဟောင်းက ပါတီသစ်နှင့် အမျိုးသားရေး ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိ click
- ကျပ်ငွေဈေးတက်မှုပြဿနာ အမြန်ဖြေရှင်းရန်လိုဟု သမ္မတအကြံပေး ပြော click
- လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြည်သူ သိခွင့်မရှိ click
- ချင်းပြည်နယ်အား ဖွံ့ဖြိုးရေးအထူးဇုန်အဖြစ် သတ်မှတ်ပေးရေး လွှတ်တော်တွင် တင်ပြမည် click
- ၂၁ နှစ်ကာလအတွင်း တပ်မတော်သား ၁၃၅ ဦးကို မုဒိမ်းမှုဖြင့် အရေးယူခဲ့ဟုဆို click
- သန်း​ရွှေ အလွန် (၁) click
- ပါးစပ်တွေနဲ့ နားတွေနဲ့ (ဆောင်းပါး) click
- ရာဇဝင်ထဲက ဘုရင်မကို အကွက်ရွှေ့မှားသည့်အခါ ... (ဆောင်းပါး) click
- ဖိအား (အမြင်နှင့် သုံးသပ်ချက်) click
- နွံထဲက ကြာ (ဆောင်းပါး) click
- အပြောသက်သက်ဖြင့် အလုပ်မဖြစ် (အယ်ဒီတာ့အာဘော်) click
- အုန်းဖျန်စခန်းမှ ဒုက္ခသည်များကို ဂျပန် လက်ခံရန်ရှိ click
- အင်းလေးကန်နှင့်​ ဆပ်စပ် လယ်ဧက နှစ်ထောင်ကျော် ရေမြုပ် click
- သဘာဝပစ္စည်း သုံးရန် စာရေးဆရာများ လှုံ့ဆော် click
- ဂျာနယ် ၂ စောင် အရေးယူခံရ click
- မြောက်ဦးတွင် အခွန်အကောက် တိုး၍ အနှေးယာဉ်သမားများ ၀န်ကြီးချုပ်ကို စာရေးတိုင်ကြား click
- မွန်အနုပညာရှင် မင်းကိုသာ ကွယ်လွန်၊ ရက်လည်ဆွမ်းကျွေးပြီး click
- တောက်တဲ့နှင့် ကြက်တူရွေး ရှာဖွေသူ မြွေကိုက် သေဆုံး click
- ပြည်ထောင်စုသားတို့၏ ရိုးရာအစားစာ ကောက်ညှင်းကျည်တောက် click

  • နိုင်ငံရေး အကျဉ်းသားများအား လွှတ်မပေးနိုင်သေး - ဧရာဝတီ click here
  • နိုင်ငံရေးကြောင့် လိုင်စင်သိမ်းခံရသူတွေ အရေး အင်န်အယ်လ်ဒီ ဆောင်ရွက်မယ် - ဘီဘီစီ click here
  • အမေရိကန် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားရောက်ဖို့ပြင် - ဗွီအိုအေ click here
  • အသေးစားချေးငွေအတွက် အများကြီးလုပ်ဖို့လို - ဘီဘီစီ click here
  • နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကင်တားနား တောင်းဆို - ဘီဘီစီ click here
  • လူ့အခွင့်အရေး စိန်ခေါ်မှုတွေ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ၊ ကင်တားနား သုံးသပ် - ဗွီအိုအေ click here
  • မြန်မာ့လူ့အခွင့်အရေး အဖွဲ့အစည်း ပေါင်းစုံနဲ့ ကင်တားနား ဆွေးနွေး - ဗွီအိုအေ click here
  • ထိုင်းရောက်မြန်မာတို့ နေ့တွက်ခ တိုးရမည်လော - ဧရာဝတီ click here
  • ဒေါ်လာဈေး ပြန်တက်သဖြင့် ဆန်တင်ပို့မှုပြန်စ - ဧရာဝတီ click here
  • ဒီပဲယင်းအရေး ကုလသို့ တင်မည် - ဧရာဝတီ click here
  • ပြည်ပရောက်သူတွေ ပြန်လာရေး ဒေါက်တာ နေဇင်လတ် ပြောဆို - အာရ်အက်ဖ်အေ click here
  • မြန်မာပြည်သူတွေ အရေး ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော - အာရ်အက်ဖ်အေ click here
  • လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖေါ်ထုတ်ဖို့ ကုလ အထူး ကိုယ်စားလှယ် တိုက်တွန်း - အာရ်အက်ဖ်အေ click here
  • ရေနံနဲ့ ဓါတ်ငွေ့ တူးဖေါ်မည့် ပြည်ပ ကုမ္ပဏီများ ပြည်တွင်းကုမ္ပဏီများနဲ့ ဖက်စပ်လုပ်ရမည် - အာရ်အက်ဖ်အေ click here
  • အခြေခံ ကျန်းမာရေး လုပ်ငန်းများ တိုးတက်ဖို့ ဒိန်းမတ်နိုင်ငံမှ ကူညီမည် - အာရ်အက်ဖ်အေ click here
  • နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနဲ့ ကင်တားနား တွေ့ဆုံခဲ့ - အာရ်အက်ဖ်အေ click here
  • ထိုင်ဝမ်သားရိုက်တဲ့ မြန်မာအကြောင်း ရုပ်ရှင်ကား ဆု စာရင်းဝင် - အာရ်အက်ဖ်အေ click here
  • စကားလုံးပြောင်းပြီး နိုင်ငံရေး အကျဉ်းသားအရေး လွှတ်တော်တင် - မဇ္ဈိမ click here
  • ကင်တားနားခရီးစဉ် ကောင်းမွန်သည့် အမြင်များရှိဟုဆို - မဇ္ဈိမ click here
  • နိုင်ငံရေး အကျဉ်းသားအရေး ကင်တားနားနှင့် လေးပါတီဆွေးနွေး - မဇ္ဈိမ click here
  • သတင်းဆုပေး အကဲဖြတ်ရန် ကမ်းလှမ်းမှု ဦးဝင်းတင် ငြင်းပယ် - မဇ္ဈိမ click here
  • သက်မွေးဝမ်းကျောင်းလိုင်စင်နှင့် ပညာပြန်သင်နိုင်ရေး အတိုက်အခံများ ကြိုးစားမည် - မဇ္ဈိမ click here
  • နိုင်ငံရေးအကျဉ်းသားလွတ်ရေး တကိုယ်တော် ဆန္ဒပြ - မဇ္ဈိမ click here
  • မလေးက မြန်မာဒုက္ခသည်တို့ အစိုးရိမ်ပိုရတဲ့ စကားရပ် - မဇ္ဈိမ click here
  • နယ်စပ် ခြံစည်းရိုး ဖျက်ဆီးထားမူ လာရောက် စစ်ဆေးမည် - နိရဉ္စရာ click here
  • ရသေ့တောင် အမတ်ကို အနိုင်ပေး ပေါက်တော အမတ် ၃ ဦးကို ရက်ရွေ့ထား - နိရဉ္စရာ click here
  • ကျောက်ဖြူတွင် လူခွန်ကောက်သည်ကို ရပ်တန့်ရန် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ တောင်းဆို - နိရဉ္စရာ click here
  • ချင်းပါတီနှင့် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တွေ့ခွင့်မရ - ခိုနှုန်းထုံ click here
  • ထိုင်းရောက်မြန်မာတို့ နေ့တွက်ခ တိုးရမည်လော - ဧရာဝတီ click here
  • ထိုင်း-မြန်မာနယ်ခြားကော်မတီ ချင်းရိုင်၌တွေ့ဆုံ လွယ်လန်းဒေသ ပြန်ရရေး မြန်မာတောင်းဆို - သျှမ်းသံတော်ဆင့် click here
  • မူဆယ် - မန္တလေးလမ်း၌ တိုက်ပွဲဖြစါ အစိုးရတပ်ဘက်နှစ်ယောက်သေ - သျှမ်းသံတော်ဆင့် click here
  • အမည်မသိလက်နက်ကိုင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျိုင်းတုံမြို့နယ်အတွင်း - သျှမ်းသံတော်ဆင့် click here
  • မစ္စတာ ကင်တားနား တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံခဲ့ - KIC click here
  • အစိုးရစစ်တပ်တွင် ကလေးစစ်သားရှိနေဆဲ - KIC click here
  • အုန်းဖျန်စခန်း ဒုက္ခသည်များကို ဂျပန်နိုင်ငံက ခေါ်မည် - KIC click here
  • မောင် ထွန်းစိန်အား ခလရ (၁၀၅) က ပစ်သတ် - ကချင်သတင်း click here