နေတိုးစစ်အုပ်စု အကူအညီဖြင့် လစ်ဗျားသူပုန်များ ထရီပိုလီမြို့တွင်းသို့ထိုးဖေါက်ဝင်ရောက်လာနေ
နေတိုးစစ်အုပ်စုရဲ့ စစ်ရေးအကူအညီနဲ့ လစ်ဗျားအစိုးရကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေကြသူတွေဟာ မြို့ပြင်ပိုင်းက ခုခံတိုက်ခိုက်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ထရီပိုလီ (Tripoli) မြို့လယ်မှာရှိတဲ့ အစိမ်းရောင် ရင်ပြင်အထိ အခု ရောက်နေကြပြီဖြစ်ကြောင်း သတင်းရရှိပါတယ် ။
ထရီပိုလီကိုဝင်ရောက်လာသော သူပုန်များ
(လက်နက်တွေက အထိန်းအကွပ်မဲ့စွာ...လူတိုင်းလက်ထဲမှာ.... ဒီလူတွေသေနတ်ဘေးချထားလိုက်ရင် အစိုးရက သူပုန်လား ပြည်သူလားခွဲခြားရန် ခက်လှသည့်အခြေအနေမျိုးဖြစ်သည် )
ဂဒါဖီ (Moammar Gadhafi) ရဲ့ သား ၂ ယောက်ဖြစ်တဲ့ ဆာအိဖ် အယ်လ် အစ္စလမ် (Seif al Islam) နဲ့ မိုဟာမက် ဂဒါဖီ (Mohammed Gadhafi) တို့ကိုလည်း ဖမ်းမိထားတယ်လို့ သူပုန်ဘက်ကတာဝန်ရှိသူတွေက ပြောကြားပါတယ် ။
တနင်္ဂနွေ အစောပိုင်းတုန်းကတော့ မြို့ရဲ့ အနောက်ဘက် ၁၇ မိုင်လောက်မှာရှိတဲ့ စစ်တပ်အခြေစိုက် စခန်းတခုကိုသူပုန်တွေကနေတိုး စစ်အုပ်စုရဲ့ လေကြောင်းအကူအညီနဲ့ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ဒီစစ်စခန်းဟာ ဂဒါဖီ အစိုးရရဲ့ အထူး Khamis တပ်မဟာ အခြေစိုက်ရာစခန်း ဖြစ်ပါတယ်။
သိမ်းနိုင်ခဲ့တဲ့ စစ်စခန်းကနေ လက်နက် ခဲယမ်းမီးကျောက်တွေကို ထရပ်ကားတွေနဲ့ သူပုန်တွေ သယ်ယူခဲ့ကြပြီးထရီပိုလီကို တိုက်ခိုက်တာလို့ အနောက်မီဒီယာတွေမှာဖေါ်ပြထားပေမယ့် အစတည်းက ပင် ထရီပိုလီကို တိုက်ခိုက်ဘို့ လက်နက် အပြည့်အစုံ ပါလာတာဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ် ။ ဒါ့အပြင် သူပုန်တွေဟာ မြို့ထဲဘက်ဆီ ရှေ့တိုးသွားနေစဉ်မှာလည်း ထောင်ထဲကနေ ထောင်သား ရာနဲ့ချီကို လွှတ်ပေးခဲ့ကြတဲ့အတွက် လက်ရှိထရီပိုလီ မြို့အခြေအနေဟာ အင်မတန်စိုးရိမ်စရာဖြစ် တယ်လို့ စောင့်ကြည့်နေသူတွေက ဆိုပါတယ် ။
အာဏာရှင်တစ်ယောက် ပြုတ်ကြတော့မယ်လို့ အနောက်အုပ်စုမီဒီယာတွေက ဖေါ်ပြနေကြပေမယ့် ဒီအသွင်ကူးပြောင်းမှုဟာ အင်မတန် အန္တရာယ် ကြီးတဲ့ အသွင်ကူးပြောင်းမှုပုံစံဖြစ်ပြီး လတ်တလောအနိုင်ရနေသူ လစ်ဗျားသူပုန်တွေဟာလည်း အကွဲအပြဲ တွေတပုံတစ်ပင်နဲ့မို့ ကဒါဖီပြုတ်ကျသွားသည့်တိုင် အင်မတန်ကြီးမားတဲ့နောက်ဆက်တွဲ ပြသနာတွေနဲ့ လစ်ဗျားနိုင်ငံဟာ မလွဲမသွေ ကြုံတွေ့ရဦးမှာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောကြားလျှက်ရှိကြောင်း သတင်းရရှိပါတယ် ။
Voice Of Myanmar
ရုပ်တည်ကြီးနဲ့ ဆက်ပိတ်အုန်းမလား
နိုင်ငံတော်ဟာ ဒီမိုကရေစီ ပြောင်းလဲမှုနဲ့အတူ နိုင်ငံရဲ့ အခြားကဏ္ဍတွေ ဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးကဏ္ဍ အားလုံးကိုပါ တပါတည်း ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် နေတာတွေဟာ အားမာန် အပြည့်နဲ့ အသက်ဝင် ရုပ်လုံးပေါ်နေပါပြီ။ ပြီးခဲ့တဲ့ မေလတုန်းက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲတွေ ကျင်းပပြီး လုပ်ငန်းစဉ် (၈)ရပ် ချမှတ်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ လုပ်ဆောင်ချက်တွေကို အပြု သဘောဆောင် လက်တွေ့သဘောနဲ့ ရှုမြင်သူတွေကတော့ နိုင်ငံတော်သစ်ရဲ့ ခြေလှမ်းသစ်တွေဟာ ယခင့် ယခင်တွေကနဲ့ မတူပဲ နိုင်ငံရဲ့အခြေခံ လိုအပ်ချက်တွေကို အဓိကထား လုပ်ဆောင် လာမှုတွေကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုခဲ့ကြပေမယ့်၊ နိုင်ငံတော် ဘာလုပ်လုပ် အပြစ်တင် ရှုတ်ချဖို့ပဲ စဉ်းစားသူ တွေကတော့ အပျက်သဘောနဲ့သာ ပြောဆိုခဲ့ကြတာ အားလုံး ကြားသိကြပြီး ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ပြောဆိုချက်တွေဟာ အခုတော့ လေထဲမှာတောင် ကြာကြာ မမွှေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်က သူတို့တွေ ဘယ်လောက်ပဲ မဟုတ် မဟတ်တွေ ပြောပြော ကိုယ့်နိုင်ငံ ဖွံ့ဖြိုးဖို့ ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင် နေတာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ အခုလည်း မေလက ကျင်းပခဲ့တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲတွေက ဆွေးနွေးရရှိလာတဲ့ အချက်အလက်တွေထဲက တစ်ခုဖြစ်တဲ့ နိုင်ငံတစ်ခုရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အခြေခံဖြစ်တဲ့ မက်ခရိုစီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြည့်စုံ ကောင်းမွန်သော စီးပွားရေးဝန်းကျင် ဖော်ဆောင်ဖို့၊ ဆက်သွယ်မှု ကဏ္ဍကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်စေခြင်းဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ဖို့တွေ အတွက် သီးခြား ကဏ္ဍတွေခွဲပြီး စနစ်တကျ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် စက်မှုနိုင်ငံအဖြစ် တက်လှမ်းရာတွင် မလွဲမသွေ ဆောင်ရွက်ရမည့် Source Industry (သို့မဟုတ်) Mother Industry ထူထောင်ခြင်း ကဏ္ဍတွေကိုပါ အလေးအနက် ဆွေးနွေးခဲ့ကြတာကို တွေ့ရှိရပါတယ်။
ဒီလို အလုပ်ရုံ ဆွေးနွေးပွဲတွေကို နိုင်ငံတော် အဆင့် အမျိုးသားအဆင့် သတ်မှတ်ပြီး အလေးအနက်ထား ကျင်းပနေတာဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မက်ခရို စီးပွားရေးဆိုင်ရာ ကိစ္စတွေကို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်နိုင်အောင်၊ လိုအပ်ချက်တွေကို ဖြည့်စွက် ဆောင်ရွက် နိုင်အောင် ပြုလုပ်နေတာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် မက်ခရို စီးပွားရေးကိစ္စကို ပြုပြင် ပြောင်းလဲရုံနဲ့ ပြည့်စုံတယ်လို့တော့ မဆိုနိုင်ပါဘူး။ အခြား ကဏ္ဍတွေနဲ့ချိတ်ဆက် ဆောင်ရွက်ကြရမှာ ဖြစ်သလို သွယ်ဝိုက်သော နည်းဖြင့် ပတ်သက်နေတဲ့ ကဏ္ဍတွေလည်း ရှိနိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ပြောင်းလဲဖို့ဟာ အဲဒီနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ အရေးကြီးသလို ကမ္ဘာ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကလည်း အတိုင်းအတာတစ်ခုအထိ ပူးပေါင်း ဆောင်ရွက်မှုဟာ လိုအပ်ပါတယ်။ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ မည်မျှပြုလုပ်စေကာမူ ကမ္ဘာက ပစ်ပယ်ထားမယ်၊ တစ်ဖတ်သက်ဆန်စွာ ဆက်ဆံနေမယ်၊ ဖိအားပေးတာတွေ ပိတ်ဆို့တာတွေ လုပ်နေမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေဟာ အောင်မြင်သင့် သလောက် အောင်မြင်မှု ရရှိမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတာဝန်ယူပြီးချိန်ကစပြီး ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သလို မက်ခရိုစီးပွားရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာ တွေလည်းရှိခဲ့ပါတယ်။ နိုင်ငံသားတွေ အတွက် အကျိုးရှိစေမယ့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေတွေ ကိုလည်း ပြဋ္ဌာန်းပေးခဲ့သလို၊ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့အတွက် ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။
နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်ဖို့ ၊ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် အဲဒီပိတ်ဆို့ မှုတွေကြားက နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြတာကြောင့် တိုးတက်သင့်သလောက် တိုးတက်မှုမရရှိခဲ့ပါဘူး။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ ဒေါ်စုကြည်နဲ့ NLD တို့ရဲ့ “မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်ရေး၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအား အကူအညီ အထောက်အပံ့များ၊ အချေးအငှားများ မပြုလုပ်ရေး၊ နိုင်ငံတကာမှ စီးပွား ကုန်သွယ်မှုများ မပြုလုပ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ကမ္ဘာလှည့် ခရီးသွားများ မလာရောက်ရေး” ဆိုတဲ့ ပိတ်(၄)ပိတ် တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပိတ်ဆို့ထားဖို့၊ အမေရိကန်က ပိတ်ဆို့မှုသက်တမ်း ထပ်မံတိုးဖို့ဆိုပြီး မကြာသေးခင်ပဲ ဒေါ်စုကြည်ရဲ့ တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုသက်တမ်းကို ထပ်မံတိုးလိုက်တာ ကိုလည်း တွေ့ရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းနေတဲ့ နိုင်ငံတွေကို IMF နဲ့ ကမ္ဘာ့ဘဏ် စတာတွေကနေ ချေးငွေတွေ ထုတ်ပေးတာတွေရှိပါတယ်။ အဲဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပေးမှသာ အဲဒီအားတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုဟာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးနိုင်မှာဖြစ်ပါတယ်။
တစ်ချိန်လုံး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဖို့၊ ရင်းနှီးမြုပ်နှံမှုမပြုလုပ်ကြဖို့နဲ့ ကမ္ဘာလှည့်ခရီးသွား တွေမလာကြဖို့ ဆိုပြီး တစ်ချိန်လုံးတောင်းဆိုနေခဲ့တဲ့ ဒေါ်စုကြည်ဟာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ”ကို တက်ရောက်ခဲ့ပါတယ်။ ဒါဟာ သူမရဲ့ စိတ်ရင်း နဲ့ကော ဖြစ်နိုင်ပါ့မလား။ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ မိမိတို့သိသမျှ၊ တတ်သမျှ၊ စွမ်းသမျှတွေနဲ့ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဖို့ စုဝေးကြတဲ့ ဆွေးနွေးပွဲပါ။ ဒေါ်စုကြည်က တစ်ဖက်မှာတော့ ပိတ်ပါ ဆို့ပါ အရေးယူပါ အော်နေပြီး ဒီလို နိုင်ငံတော်အဆင့် ဆွေးနွေးပွဲမှာ လာတက်ပြတာကကော ပြည်သူတွေ၊ ဆွေးနွေးပွဲမှာ တက်ရောက်လာကြတဲ့ ပညာရှင်ကြီးတွေရဲ့ အမြင်ကို လှည့်စားနေခြင်းလား ဆိုတာ တွေးတောစရာပါပဲ။
နိုင်ငံတော်က ကြိုးစားခဲ့သလောက် အောင်မြင်မှုတွေ မရခဲ့တာဟာ ဒေါ်စုကြည်နဲ့ NLD တို့ တောင်းဆိုခဲ့တဲ့ ပိတ်ဆို့မှုတွေ ကြောင့်ပါ။ ပိတ်ဆို့မှုတွေကြားက ဒီနေ့ ဒီအချိန်မှာ မြင်တွေ့နေရတဲ့ အောင်မြင်မှုတွေ ရအောင် ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ ကြရတာပါ။ ဒေါ်စုကြည်တို့ရဲ့ ပိတ်လေး ပိတ်ကြောင့် ဆုံးရှုံးခဲ့ရတာတွေ၊ နှောင့်နှေးခဲ့ရတာတွေဟာ ဒီကနေ့ အထိ သက်သေ သာဓကတွေ အများကြီး ရှိနေပါသေးတယ်။ ဒေါ်စုကြည်ရဲ့ နှစ်ပေါင်း ၂၀ ကျော်လုံးလုံး လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ ဒီဆွေးနွေးပွဲတစ်ခုကို တက်ပြီး ထိုင်ပြရုံနဲ့တော့ ပျောက်ပြယ်သွားမှာ မဟုတ်ပါဘူး။ ပြည်သူတွေ လိုချင်တာက ဒေါ်စုကြည် တစ်ယောက် စိတ်ရင်းမှန်မှန်နဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုတွေကို အထောက်အကူ ပြုစေမယ့် လုပ်ငန်းတွေ အမှန်တကယ် လုပ်ဆောင်မှုတွေကိုသာ တွေ့မြင်လိုတာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ စူးရှမေတ္တာ
- ဦးသိန်းစိန်နှင့် တွေ့ဆုံမှုအပေါ် NLD ကြေညာချက် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တွေ့ဆုံခြင်းမှ သုံးပွင့်ဆိုင်ဆွေးနွေးရေး ချင်းပါတီ မျှော်လင့် click
- တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လိုအပ် click
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကွင်တားနားကို အကြံပြု click
- အကျဉ်းသားလွတ်ရေး မျှော်လင့်ချက်ကြီးလာ click
- အကျဉ်းသားလွတ်မြောက်ရေး ယူကေရောက် မြန်မာများ အစာငတ်ခံ ဆန္ဒပြ click
- စာနယ်ဇင်းလွတ်လပ်ခွင့် ပေးတော့မှာလား click
- တွေးစရာ ဓာတ်ပုံ click
- ပြည်တော်ပြန်မိန့်ခွန်း ဒုက္ခသည်များ စိုးရိမ်ပို click
- ပြည်တော်ပြန်သင့် မပြန်သင့် (၁) click
- ပြည်တော်ပြန်သင့် မပြန်သင့် (၂) click
- ပြန်တော်ပြန်ရေး ကမ်းလှမ်းချက် သတိနှင့် ကြိုဆို (ရုပ်သံ) click
- ဒေါက်တာတူးဂျာရဲ့ ငြိမ်းချမ်းရေးအမြင် click
- ယာယီ အပစ်ရပ်ပြီး ဆွေးနွေးရန် ဖက်ဒရယ်ကောင်စီ တောင်းဆို click
- ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားမဟာမိတ်လက်နက်ကိုင်များ တောင်းဆို click
- တိုင်းမှူးနှင့် စစ်အရာရှိကြီးများ ယာဉ်တန်းကို DKBA တိုက်ခိုက် click
- ကရင်ပြည်နယ် ဝန်ကြီးချုပ်၏ ကားတန်း တိုက်ခိုက်ခံရ click
- ဘုရားသုံးဆူမြို့မှ ပြည်သူ့စစ် ရိုက်နှက်သဖြင့် ရွာသား ဒဏ်ရာရ click
- အစိုးရစစ်တပ်တွေ ကျည်ဆံ ခိုးရောင်း click
- KIO က အစိုးရကို ဒီနေ့ ပို့တဲ့စာ click
- သောင်းကျန်းမှုအဖြစ် မြင်က နိုင်ငံရေး ဆွေးနွေးမှု ခက်မည်ဟု KIO သတိပေး click
- ကေအိုင်အေက တံတားဖျက်ဟု ပြော click
- KIA က မူလတန်းကျောင်း နှင့်ကျေးရွာ မီးရှို့ဟု အစိုးရသတင်းစာ ဖော်ပြ click
- အာဏာပိုင် ခွင့်မပြု၍ စစ်ပြေးဒုက္ခသည်ကို ကုလသမဂ္ဂ ကူညီခွင့်မရသေး click
အစိုးရသစ်ကို ပြည်သူလူထု ထောက်ခံကြောင်း သမ္မတ ပြောပြီ click
- မြန်မာ့စီးပွားရေး အကျပ်တည်းအချို့ဖြစ်ခဲ့ဟု သမ္မတ ဦးသိန်းစိန် ပြော click
- ဝေဖန်အကြံပြုချက်များကို ခံယူမည်ဟု ဦးရွှေမန်း ဆို click
- မီဒီယာများရဲ့ဝေဖန်မှု ခံယူသွားမည်ဟု သူရဦးရွှေမန်း ပြော click
- သူရဦးရွှေမန်း မိန့်ခွန်း click
- လွှတ်တော်ရေးရာကော်မတီများ ထပ်မံဖွဲ့စည်း click
- ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားဖြူ ၅ နေရာသာ ပြိုင်မည် click
- စီးပွားရေးရာဆွေးနွေးပွဲအကြောင်း ဆက်သွယ်မေးမြန်းချက် click
- ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လယ်သမားများ လွတ်လပ်ခွင့် (ဆောင်းပါး) click
- လူကုန်ကူးခံရတဲ့ မြန်မာတွေရဲ့ရလဒ် (ဆောင်းပါး) click
- နောက်တခါ လာပြန်ချေသေး (ဆောင်းပါး) click
- နယ်စပ်ပြဿနာ ဖြေရှင်းရေး မြန်မာရဲချုပ် ထိုင်းနိုင်ငံ သွားရောက် click
- တမူးမြို့ နန့်ဖာလုံ ဈေးသည်များ ဆန္ဒပြ click
- မဏိပူရ်သူပုန်များကြောင့် နယ်စပ်ကုန်သည်များ အခက်တွေ့ click
- ကျပ်ငွေဈေး ထိုးတက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ် click
- ထိုးဆင်းနေပြန်တဲ့ ဒေါ်လာဈေး click
- မြန်မာနိုင်ငံ မြို့ကြီးအချို့ ရေကြီး click
- မန္တလေး ရေကြီး click
- တာချီလိတ်တွင် ရေကြီး၊ “တာလော့” ဈေးကြီး ပိတ်ထားရ click
- ကမ်းပါးပြိုသဖြင့် လူ ၅ဝဝ ကျော် အိုးအိမ်မဲ့ click
- ရန်ကုန်မြို့အနီးတွင် အစိမ်းရောင်ရွာ တည်ထောင်မည် click
- မိုးရာသီ အိုင်စီတီ အရောင်းပြပွဲ ရန်ကုန်တွင် ပြုလုပ် (ရုပ်သံ) click
- အုန်းဖျန်တွင် ဒုက္ခသည်စာရင်း ကောက်ခိုင်း click
- ဘုရားမြေ နိုင်ငံတော် ခေါင်းစဉ်တပ် သိမ်းပြီး ပုဂ္ဂလိသို့ ရောင်းချ click
- မွတ်ဆလင်မလေးနှစ်ဦး တိုင်တဲ့အမှု ရဲက လက်မခံ click
- ဘုရားမြေ နိုင်ငံတော် ခေါင်းစဉ်တပ် သိမ်းပြီး ပုဂ္ဂလိသို့ ရောင်းချ - နိရဉ္စရာ click here
- မွတ်ဆလင်မလေး နှစ်ဦးတိုင်တဲ့ အမူ ရဲက လက်မခံ - နိရဉ္စရာ click here
- အစိုးရ စစ်ယာဉ်တန်းကို ဒီကေဘီအေ တိုက်ခိုက် - ဘီဘီစီ click here
- ကရင်ပြည်နယ်က နယ်ခြားစောင့် နှစ်ပတ်လည်နေ့နဲ့ တိုက်ပွဲသံတွေ - နေ့သစ် click here
- နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ - မိုးမခ click here
- သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ - အာရ်အက်ဖ်အေ click here
- နှစ်ဘက်ယုံကြည်မှု အတွက် ဦးသိန်းစိန် အစိုးရ လက်တွေ့ လုပ်ဆောင်ပြဖို့ NCGUB တိုက်တွန်း - အာရ်အက်ဖ်အေ click here
- လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ - အာရ်အက်ဖ်အေ click here
- လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ ဆွေးနွေးဖို့ ပါတီတွေပြင်ဆင် - အာရ်အက်ဖ်အေ click here
- ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ - ဗွီအိုအေ click here
- လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ - ဘီဘီစီ click here
- နိုင်ငံရေးနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဆက်လုပ်မည် - ဒီဗွီဘီ click here
- စီးပွားဖွံ့ဖြိုးရေးအတွက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုအပ် - ဗွီအိုအေ click here
- စီးပွားရေးပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲ ပြီးဆုံး - ဘီဘီစီ click here
- အမတ်တွေ လုပ်ပိုင်ခွင့် ပိုရရေး လွှတ်တော်မှာ ဆွေးနွေးနိုင်ဖွယ်ရှိ - အာရ်အက်ဖ်အေ click here
- နေပြည်တော် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံး - အာရ်အက်ဖ်အေ click here
- စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲစီးပွားရေးဂျာနယ် တက်ရောက်ခွင့်မရ - ဒီဗွီဘီ click here
- အလုပ်ရုံဆွေးနွေးပွဲ မြင်ကွင်း ပြန်လည်သင့်မြတ်ရေး လမ်းစအဖြစ် မြင် - အာရ်အက်ဖ်အေ click here
- ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ - နိရဉ္စရာ click here
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ် - အာရ်အက်ဖ်အေ click here
- အာသံသူပုန် ဆက်ကြေးတောင်းမှု အရေးယူပေးဖို့ နယ်စပ်ဈေးမှာ ဆန္ဒပြ - အာရ်အက်ဖ်အေ click here
- တပ်ကြပ်ကြီးက သေနတ်ဖြစ်ပစ်ခတ်မှုကြောင့် အရပ်သား သင်္ဘောမောင်းသူ ပွဲချင်းပြီးသေဆုံး - ရိုးမ ၃ click here
- တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ရှေ့ပြေးအဖွဲ့ ကျောက်ပန်းတောင်းနယ် ရောက်ရှိ - အာရ်အက်ဖ်အေ click here
- နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆို - ဘီဘီစီ click here
- ဓာတ်ငွေ့ပိုက်လိုင်းကြောင်း ဒေသခံများ စိုးရိမ် - ဒီဗွီဘီ click here
- အပြည်ပြည်ဆိုင်ရာ ချက်ပြုတ်နည်း၊ ဖျော်ရည်မျိုးစုံ သင်တန်းဖွင့် - NLD click here
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြပ်ပြေးနေပြည်တော် ခရီးစဉ်ပြီးဆုံး - ယနေ့မြန်မာ click here
- ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ - နိရဉ္စရာ click here
- ကသည်းသူပုန် ဆက်ကြေးတောင်းမှုကြောင့် တမူးမြို့ နန်းဖာလုံဈေး ပိတ် - ဒီဗွီဘီ click here
- မြန်မာပြည်မှပေးစာ၊ အားလပ်ရက်များ ၂ - ဧရာဝတီဘလော့ဂ် click here
- ပြည်တွင်းစစ် ရပ်စဲရေး ဒို့အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး ဒို့အရေး - မိုးမခ click here
- အကယ်ဒမီ တေမိ ဦးကျော်ဆန်း - ဧရာဝတီဘလော့ဂ် click here
- တရားဥပဒေစိုးမိုးမှုမရှိသေးသော မြန်မာပြည် (ဆောင်းပါး) - မိုးမခ click here
- Microfinance နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး (ဆောင်းပါး) - နေ့သစ် click here
- ဦးကြည်မောင်အမှတ်တရများ - မိုးမခ click here
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၉) - မိုးမခ click here
- အဓိကအချက်ကတော့ NLD ပါတီ မသေဖို့ ဖြစ်တယ် - ဧရာဝတီဘလော့ဂ် click here
- မြန်မာအစိုးရရဲ့ အကြပ်အတည်းများကို ဘယ်လို ဖြေရှင်းမလဲ (ဆောင်းပါး) - ယနေ့မြန်မာ click here
- တောင်ကိုရီးယားသတင်းတွင် ဖော်ပြထားတဲ့ မြန်မာဆိုင်ရာ သတင်းဓါတ်ပုံများ - ယနေ့မြန်မာ click here
- ၃၉ ကြိမ်မြောက် မဲဆောက် တရုပ်ဘုံကျောင်း ဆန်လှူပွဲ (ဓာတ်ပုံ) - ယနေ့မြန်မာ click here
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၉) - မိုးမခ click here
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий