အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများတွင် အစိုးရ ဘက်မှ ပလီပလာ၊ ဟန်ပြနှင့် မရိုးသားမှုများ
 ပါလာပါက မိမိအနေဖြင့် တာဝန်ယူသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၈ရက်နေ့က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်
က ပြန်လည်ဖြေကြားခဲ့တယ်ဗျ။
      ဒေါ်စု အနေနဲ့ တာဝန်ယူမယ်ပြောရအောင် သူ့ဘက်မှာ ပြည်သူလူထုက ဘယ်လောက်ရှိနေပြီလဲ?
ဒေါ်စုပြောခဲ့တာတွေ၊ တာဝန်ယူခဲ့တာတွေ ၊ ကတိပေးခဲ့တာတွေကောဘယ်လောက်များနေပြီလဲဗျာ။
ကဲ ဘာဖြစ်ဖြစ်မြောက်မြောက်ရှိအောင် လုပ်ပြခဲ့တာရှိလို့လဲဗျ။
     လက်ရှိအချိန်မှာ ဒေါ်စုလုပ်နေတာကတော့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုတာကို
လူသာမန်တွေ ပြောသလို အလ္လာပသလ္လာပသာ ပြောပြီး အကျဉ်းသားမိ သားစုနဲ့တွေ့၊ အားပေးစကားပြော၊
 မင်္ဂလာဆောင်နဲ့ အသုဘ၊ မွေးနေ့၊ နှစ်ပတ်လည်အခမ်းအနားတွေ တက်ပြီး ကိုယ်လုပ်သင့်တဲ့
အလုပ်တွေကို မေ့လျော့နေတာကတော့ အတော်ကို စိတ်ပျက်စရာကောင်းလှတဲ့ မြင်ကွင်းလို့တောင်
ဆိုချင်ပါတယ်။
     ဒါလားလူထုခေါင်းဆောင်? သာမန်လူတွေထက် ဘာများထူးခြားတာများလုပ်ပြနိုင်လို့လဲ? အော်သိ
ပြီသိပြီ  ရွှေတိဂုံ မှာဘုရားလားဖူးတော့ ဘေးကလူတွေလက်ဆန့်ပြီး တားပေးတားလား ? ကျွန်တော်
အမြင်တော့ အဲဒါပဲထူးခြားတယ်ဗျာ။ဘယ်သူမှအဲလိုမလာဘူးဘူးလေ။
    ဟိုတလောကလဲ အီဂျစ်ကပြည်သူတွေကို အားပေးပါတယ်တဲ့။ဘာလို့များ သူများနိုင်ငံကိစ္စကို အားပေး
သလိုလို နှစ်သိမ့်သလိုလို လုပ်နေရတာလဲဗျ။သူများနိုင်ငံကိုစိတ်ဝင်စားနေပြီး ကိုယ့်နိုင်ငံအရေးကိုကော
စိတ်များမဝင်စားလေရော့သလားဒေါ်စုရေ...
     ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။
 ဝေ့ လည်ကြောင်ပတ်တွေ ပြောပြီး ပြည်သူတွေကိုပဲ တာဝန်ကျေပါ၊ ပန်းတိုင်ကိုရောက်အောင် ချီတက်ပါ၊
သတ္တိရှိ ပါဆိုတဲ့ အဆိုအမိန့်တွေကို ပေးတတ်တဲ့ ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေ တာဝန်ကျေခဲ့ပြီ၊
တာဝန်ကျေ နေပြီ၊ ချီတက်ခဲ့ပြီ၊ ချီတက်နေပြီ၊ သတ္တိရှိခဲ့ပြီ၊ သတ္တိရှိဆဲဆိုတာကို မသိဘဲ ကယောင်ချောက်ချား
 အော်ပြော နေသူနဲ့ တူနေတယ်ဆိုတာကို သတိမပြုမိလေလျော့သလား?
     “အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း
ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘ၀ကို
နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုနိုင်ပါတယ်။
      ဒေါ်စု မလွတ်မြောက်ခင်ကတော့ လွတ်မြောက်သာလာခဲ့မယ်ဆိုရင် ” ဟဲ့ ဥုံ ဖွ “ ဆိုပြီး မြန်မာနိုင်ငံ
ကြီး နေချင်းညချင်းများ တိုးတက်တော့မလိုလို  အခုတော့လဲ လွတ်မြောက်ခြင်း မလွတ်မြောက်ခြင်း
ကဘာများထူးခြားလို့လဲ ?
     လွတ်မြောက်လာတော့ ဘာတွေများ လုပ်လေမလဲလို့ ကြည့်လိုက်မိတော့လည်း အခြေအနေတွေဟာ
ပိုပြီး မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒေါ်စု လွတ်လာမှပဲ မတရားတဲ့ ဖွဲစည်းပုံ၊ မသမာတဲ့ ရွေးကောက်ပွဲ
ဆန့်ကျင် သံတွေလည်း တိတ်သွားတယ်။ အားလုံးက ‘အိပ်ခ်ျအိုင်ဗွီကို ကူညီပါ’ ‘လူမှုကယ်ဆယ်ရေးတွေကို
 အရှိန်မြှင့် လုပ်ပါ’ ဆိုတာတွေပဲ ကြားရတော့ ဒီလို အန်ဂျီအိုဆန်ဆန် အလုပ်တွေကို လုပ်မယ်ဆိုရင် ဒေါ်စုဟာ
 အစက တည်းက အန်အယ်လ်ဒီဆိုတဲ့ နိုင်ငံရေးပါတီကြီးကို မထောင်သင့်ဘူးလို့ဘဲ ပြောချင်တယ်။
       ဒီကြားထဲလဲပြောလိုက်ပါသေးတယ် တိုင်းရင်းသား ရင်ကြားစေ့ပေးမတဲ့ ။ကိုမိသားစုအချင်းချင်းတောင်
စည်းလုံးအောင်မလုပ်နိုင်သေးပဲနဲ့ ဘယ်လိုများရင်ကြားစေ့ပေးမလဲတော့ မသိတော့ပါဘူး။နောက်တခု
လဲရှိပါသေးတယ်။THE LADY ဇာတ်ကားပေါ့ဗျာ..နာမည်တော့တော်တော်ကြီးသွားတယ်ဗျ။
      ဘာလဲဆိုတော့ ကမ္ဘာ့  ချာတူးအလန်းဆုံးကားအဖြစ်ပေါ့ဗျာ....ကျွန်တော်ပြောတာမဟုတ်ပါဘူး။
ဂါဒီယမ် သတင်းစာကပြောသွားတာပါ အကုန်တော့မပြောချင်ပါဘူး အပြည့်အစုံသိချင်ရင်တော့ ဒီမှာသာ
ကြည့်လိုက်ကြပါတော့ http://www.maukkha.org/index.php?option=com_content&view=article&
       အဲဒီတော့ ဘယ်ကိစ္စမှဖြစ်မြောက်အောင်မလုပ်နိုင်သေးဘဲ ၊ ပြည်သူလူထုကိုထောက်ခံမှုအပြည့်အဝ
မရပဲ တာဝန်ယူမယ်ဆိုတာ ဘာကိုတာဝန်ယူမှာလဲ ? တာဝန်ယူနိုင်လောက်တဲ့အဆင့်ဖြစ်နေပြီလား ?
ဆိုတာကိုယ့်ဘာသာကိုပဲ ဆန်းစစ်ကြည့်ပါတော့ လို့ပဲပြောချင်ပါတော့တယ်ဗျာ။

                                                                                                                   သူရိယကိုကို
                                                                                                                   17.9.2011 စနေ 
      




လူတိုင်းတွင် ဘ၀ရည်မှန်း ချက် ကိုယ်စီရှိကြသည်။ ဆင်းရဲ သားများမှာလည်း ရည်မှန်းချက်ရှိ သလို သူဌေးများမှာလည်း ရည် မှန်းချက် ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ သမ္မတမှာလည်း ရည်မှန်းချက် ရှိ နေတတ်သေးသလို ကမ္ဘာ့ထိပ်ဆုံး ခေါင်းဆောင် ဆိုသူတွေမှာလည်း ရည်မှန်းချက်တွေ ရှိနေတတ်သေး သည်။ ဘ၀ရည်မှန်းချက်ဆိုသည် မှာ ဖြစ်ချင်သော ဘ၀၊ ရောက်ချင် သော ဘ၀၊ ရချင်သော ဘ၀ဟု အလွယ်တကူ ပြော၍ ရမည်ထင် သည်။ ဘ၀ရည်မှန်းချက်ဆိုသည် မှာ ဘယ်သောအခါမှ ကုန်ဆုံးသွား တတ်သောအရာမျိုး မဟုတ်။

ပထမ ရည်မှန်းထားသော အဆင့်တစ်ခုသို့ ရောက်လျှင် ထို အဆင့်မှ လှမ်း၍မြင်ရသော မြင် ကွင်းကျယ်ကြီးထဲမှ နောက်ထပ် ရည်မှန်းချက်တစ်ခုဆီသို့ မှန်းမျှော် ကြည့်မိလေ့ ရှိသည်။ ထိုသို့ မှန်း မျှော်ကြည့်မိရာသို့ ထပ်မံကြိုးစား အားထုတ်၍ ရောက်ရှိ၊ ရရှိသွားပြီ ဆိုလျှင်လည်း ရောက်ရှိနေသော၊ ရရှိထားသော နေရာမှ လှမ်းကြည့် လျှင် နောက်ထပ်ရည်မှန်းချက်ထား စရာတွေကို တွေ့ရတတ်သည်။ ထိုအခါ ထပ်ကြိုးစားရပြန်သည်။ ဤသို့ဖြင့် ရည်မှန်းချက်တွေက လှမ်း၍၊ မှန်း၍ မဆုံးတော့။ လူ သေတော့မှပဲ ရည်မှန်းချက်တွေ ဆုံး တော့သည်။ ဒါတောင်မှပဲ မသေ ခင် ကာလကလေးတွေထဲတွင် နောက်ဘ၀အတွက် ရည်မှန်းချက် တွေ ထားဖြစ်အောင် ထားလိုက်ကြ သေးသည်။ သေသွားသော သူ သည် စကားပြန်ပြော၍ မရသော ကြောင့်သာ တော်သေးသည်။ နို့မို့ ဆိုလျှင် သေပြီးတွင် ရည်မှန်းချက် ထားစရာတွေ တွေ့နေပြန်ပြီဟုများ ပြောလေမည်လား မသိ။ ဤသည် ကား လူနှင့် အတောမသတ်နိုင် သော ဘ၀ရည်မှန်းချက်၏အဆက် အစပ် ဖြစ်သည်။
လောဘဟု ပြော၍မရ
ထိုသို့ အတောမသတ်သော ရည်မှန်းချက်ဖြင့် လူအဖြစ် ရှင်သန် နေသော ဘ၀တိုင်းကို လောဘ ကြီးသည်ဟု ပြောရန်မသင့်။ အတ္တ ကြီးသည်ဟု ဆိုရန်မသင့်ပါ။ လူ့ဘ၀ဟူသည် တစ်ခုခုကို ဦးတည် ရည်မှန်းပြီး လုပ်ကိုင်(ကြိုးစား) နေ ထိုင်နိုင်ပါမှသာ ရှင်သန်အသက် ၀င်သော ဘ၀တစ်ခု ဖြစ်လာမည်။ ဖြစ်ချင်ရချင်သော ရည်မှန်းချက် အဆင့်တစ်ခုသို့ ရောက်ပြီဟုဆိုကာ ဘာကိုမျှ ထပ်၍ ကြိုးစားချင်စိတ် မရှိတော့သော၊ ဘာကိုမှ ရည်မှန်း ချက်မထားချင်တော့သော လူတစ် ယောက်၏ ဘ၀သည် ဘ၀သေ တစ်ခုသာဖြစ်မှာ သေချာသည်။ လူ့ ဘ၀တွင် ဤသို့သော လူစားမျိုး တွေ ရှိသည်။ သိချင်စိတ်၊ တတ်ချင် စိတ်၊ နားလည်ချင်စိတ်၊ ရလိုချင် စိတ်၊ ဖြစ်လိုချင်စိတ်တွေ ကုန်ခန်း သွားပြီး ရောက်နေသော အဆင့် တွင် ရပ်နေလိုက်သော လူစားမျိုး တွေလည်း ဖြစ်သည်။
သူက သူ့နေရာ အဆင့် တွင် ရပ်နေသည်ဟုဆိုသော်လည်း လောကသဘာဝသည် ရှေ့သို့ တိုး သွားနေသော သဘာဝရှိသည့် အတွက် လောကလူသားတွေ ကလည်း ရှေ့ကို တိုးသွားကြ၊ ပြေး လွှားသွားကြ ရှိနေသည့်ကြားထဲ တွင် ထိုသို့ရပ်နေသော သူသည် အလိုလိုပင် နောက်၌ ကျန်ရစ်ခဲ့ရ တော့သည်။ ဥပမာ - အနေဖြင့် မြန်မာ နိုင်ငံပညာရေး၌ အမြင့်ဆုံး ဘွဲ့ဟု သတ်မှတ်ထားသော ဒေါက် တာဘွဲ့(Ph.D) ရထားသူ နှစ် ယောက်ကို နှိုင်းယှဉ်ပြလိုပါသည်။ ဘာသာရပ်တစ်ခုတည်းတွင် တစ် နှစ်တည်း၌ ဒေါက်တာဘွဲ့ ရထား ကြသူတွေလည်း ဖြစ်ပါသည်။
မညိုက သူ့ဘ၀တွင် (Ph.D)ရလျှင် ကျေနပ်ပြီဟု စိတ် ဒုံးဒုံးချထားသူ ဖြစ်သည်။ မဖြူက နဂိုကတည်းကပင် ပညာရပ်နှင့် ပတ်သက်၍ လေ့လာအားထုတ် တတ်သူ ဖြစ်သည်။ သူတို့ (Ph.D) ရပြီးချိန်တွင် မညိုက မည်သည့် လေ့လာအားထုတ်မှုကိုမျှ မလုပ် တော့ဘဲ ရထားသော ဘွဲ့၊ တဖြည်း ဖြည်း လုပ်သက်ဖြင့် ရလာမည့် ရာထူးအပေါ်၌ပဲ အာရုံထားပြီး နေ သည်။
မဖြူကတော့ Ph.D မရခင် တုန်းကလိုပဲ ကြိုးစားလေ့လာ သည်။ ပညာရပ်နယ် ပယ်၌ သိသင့် သိထိုက်သည်များ၊ နိုင်ငံတကာမှ အသစ် တွေ့ရှိချက်များကို လက် လှမ်းမီသလောက် ကြိုးစားလေ့လာ သည်။ ဤသို့ဖြင့် နှစ်ယောက် စလုံး Ph.D ရပြီးလျှင် ငါးနှစ်လောက်ကြာ သောအခါ မညိုနှင့်မဖြူတို့၏ သိမှု၊ တတ်မှုအဆင့်က အတော်လေး ကွာခြားသွားတော့သည်။ မဖြူက သူတို့၏ ပညာအဆင့်တူ ကြားတွင် ခေါင်းတစ်လုံး ပိုမြင့်သူ ဖြစ်လာ သည်။ ခေါင်းတစ်လုံး ပို၍မြင့်လာ ခြင်း အပေါ်၌ မဖြူသည် ကျေနပ် ရောင့်ရဲမည် မဟုတ်။ သူ့ရည်မှန်း ချက်က နိုင်ငံတကာ ပညာရှင် အဆင့်အတန်းဆီသို့ မှန်းနေဦးမည် သေချာသည်။
ကိုယ့်ဘာသာရပ်အတွက်၊ ကိုယ့်ဌာနအတွက်လည်း တိုးတက် သထက် တိုးတက်အောင် အား ထုတ်နေမှာ သေချာသည်။ ဤသို့ သော ရည်မှန်းချက်တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ထားရှိခြင်းကို လောဘဟု ပြော၍ ရနိုင်ပါ့ မည်လား။
အရွယ်ချင်းမတူလို့
လူတိုင်းတွင် ဘ၀ရည်မှန်း ချက် ကိုယ်စီရှိကြသည်ဟု အစပိုင်း တွင် ရေးခဲ့သည်။ ကလေးအရွယ် မှာလည်း သူ့အသိဉာဏ်၊ သူကျင် လည်ရသော ပတ်ဝန်းကျင်နှင့် သူ အားကျသော လူပုဂ္ဂိုလ်ပေါ် မူတည်၍ ဖြစ်ချင်သော ဘ၀တို့ ရှိ ကြသည်။ တချို့က မော်ဒလ်ဂဲ (Midel Girl) ဖြစ်ချင်သည်။ တချို့ က မင်းသမီး ဖြစ်ချင်သည်။ တချို့ က ဆရာဝန်၊ တချို့က ကျောင်း ဆရာ၊ တချို့က ဘုရင်၊ တချို့က သူပုန်၊ တချို့က တရားသူကြီး၊ တချို့ မာသာထရီဇာ၊ တချို့က ချေဂွေဗားရား၊ တချို့က...။ ကလေးဘ၀တွင် သူတို့စိတ်ထဲမှာ သဘောကျတာကို ဖြစ်လိုက်ချင် သည်။ ဘယ်ကလေးကို သွားမေး မေး၊ ကြီးလာရင် ဘာလုပ်မှာလဲဟု မေးလျှင် တစ်ခုခုကို ပြန်ပြောလိမ့် မည်။ ကလေးအတွေးမှ ထွက်လာ သော ရည်မှန်းချက်သည် အတည် တကျ မဟုတ်သေး။ တဖြည်းဖြည်း ကြီးလာသောအခါတွင်မှ သူတို့ရည် မှန်းချက်က ခိုင်မာလာသည်။ သူတို့ မှာ ရှိနေ၊ စွဲနေသော ရည်မှန်းချက် ကို ဖြစ်အောင် ကြိုးစားအားထုတ် လာကြသည်။
တချို့ ခက်ခဲပင်ပန်းစွာ ကြိုး စားအားထုတ်မှ ရနိုင်မည့် ဘ၀ရည် မှန်းချက်ကို ဘာမှ မကြိုးစားဘဲနှင့် ရည်မှန်းကြသည်။ တချို့ မြင့်မြင့်ကို ရည်မှန်းပြီး ခက်ခက်ခဲခဲ ကြိုးပမ်း အားထုတ်သည်။ ရည်မှန်းချက် အတိုင်း ဖြစ်လာသော ဘ၀တွေရှိ သည်။ မှန်းချက်နှင့် နှမ်းထွက်လွဲ သွားသော ဘ၀တွေ ရှိသည်။ ရည် မှန်းချက်အတိုင်း မဖြစ်လာသော သူတွေထဲတွင် တချို့က ဒုတိယ ရည်မှန်းချက်တစ်ခုထားပြီး ကြိုးစား ၍ အောင်မြင်သွားသည်။ တချို့က ဘာမှ ဆက်မကြိုးစားတော့ဘဲ ယောယိမ်းလိုက်၊ ဘသားယိမ်း လိုက်နှင့် လောကကြီးထဲမှာ အလိုက်သင့်နေသူနေ၍ တချို့က ဘ၀ကို ရေစုန်မျှောလိုက်သွားကြ သည်။ ရည်မှန်းချက်တစ်ခု ထား တိုင်း ထိုအတွက် ကြိုးစားအား ထုတ်ဖို့ လိုအပ်သည်ဟူသော သဘာဝကို လျစ်လျူရှုထားသူတွေ ကတော့ သူတို့ရည်မှန်းရာ ဘ၀သို့ ရမည်ရောက်မည်မဟုတ်ပါ။ မျက်စိ လည် လမ်းမှား၍ မမြင်ရသော ကံ တရားကြောင့်ပဲ ရသွားသည်ဆို လျှင်တောင်မှ ထူးချွန်သူ၊ ထူးခြား ထက်မြက်သူမျိုး ဖြစ်မလာတတ်ဟု ထင်ပါသည်။
ယေဘုယျ လူနှစ်မျိုး
စဉ်းစားဆင်ခြင်တတ်ပြီး ဘ၀ကို ခွဲခြားနားလည်သော အရွယ်ရောက်ချိန်တွင် ထားရှိတတ် သော ရည်မှန်းချက်များက ပို၍ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေများ သော ရည်မှန်းချက်များဟု ဆိုနိုင် သည်။ ထိုအသက်အရွယ်တွင် ကိုယ့်အတွက် ရည်မှန်းချက်က ဘာ၊ အများအတွက် ရည်မှန်းချက် က ဘာဆိုတာကိုလည်း ခွဲခွဲခြား ခြား နားလည်လာလေ့ ရှိသည်။ ကိုယ့်ကောင်းစားဖို့အတွက် မည်သို့ လုပ်မည်ကို သိသလို အများ ကောင်းစားရေးအတွက်ဆိုလျှင် မည်သို့လုပ်မှ ဖြစ်မည်ကိုလည်းရှင်း ရှင်းလင်းလင်း သိလာကြသည်။
လူဆိုသည်ကို နှစ်မျိုးပဲ ခွဲပါ ဟုဆိုလျှင် အတ္တလူနှင့် ပရလူဟု ခွဲ၍ရသည်။ အတ္တလူက ကိုယ် ကောင်းစားရေး၊ ကိုယ်အဆင်ပြေ ရေး သက်သက်ကိုပဲ ကြည့်တတ် ပြီး တစ်မြို့လုံး ထမင်းငတ်နေလျှင် တောင်မှ ကိုယ့်တစ်အိမ်တည်း ထမင်းမငတ်ဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားမည့်သူမျိုး ဖြစ် သည်။ ပရလူကတော့ကိုယ့်ကောင်း စားရေးထက် အများကောင်းစား ရေး၊ ကိုယ်အဆင်ပြေရေးထက် အများအဆင်ပြေရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစား အားထုတ်ပြီး အနစ်နာခံသူ ဖြစ် သည်။ တစ်မြို့လုံး ထမင်းငတ်နေ ချိန်တွင် ကိုယ်တစ်ယောက်တည်း လူမသိအောင် ခိုးဝှက်စားမည့် အစား ကိုယ့်မှာရှိသည့် စားစရာ တွေကို ဝေငှစားမည့်သူဖြစ်သည့် အပြင် တစ်မြို့လုံး၏ အငတ် ပြဿနာ ပြေလည်ရေးအတွက် အများနှင့် ပူးပေါင်းပြီး ဖြေရှင်းဖို့ ကြိုးစားမည့်သူမျိုး ဖြစ်သည်။
လူ့လောကကြီးတွင် လူ တော်တော်များများက အတ္တလူစား မျိုးတွေ ဖြစ်နေကြပြီး ပရလူ အမျိုး အစားက နည်းနေတတ်သည်။ အတ္တများများ၊ ပရနည်းနည်းလူစား မျိုးတွေ ရှိသလို အတ္တနည်းနည်း၊ ပရများများ လူစားမျိုးတွေ ရှိသည်။ တချို့ အတ္တလုပ်ရင်း ပရကို ပါတတ် နိုင်သလောက် လုပ်သည်။ တချို့ ကတော့ လူထူးလူဆန်း အမျိုး အစားဟု ပြောရမည်လား၊ လူ့ အယောင်ဆောင်တွေဟု ပြောရ မည်လား၊ လူလည်တွေဟု ပြောရ မည်လား၊ လူယုတ်မာတွေဟု ပြော ရမည်လား၊ ခွဲခြားပြောရခက်သည့် (ပရအကျိုး) လုပ်ချင်ယောင် ဆောင်၍ အတ္တအကျိုး(ကိုယ်ကျိုး) ချည်းပဲ လုပ်ကြသူများ ဖြစ်သည်။ မြန်မာစကားမှာတော့ `ကြောင်သူ တော်ြွကက်သူခိုး´ ဟူသော စကား က ရှိပြီးသားဖြစ်ပါ၏။
ကိုယ့်ဘ၀ ကိုယ်ရွေး
လူတိုင်းတွင် ရည်မှန်းချက် ကိုယ်စီရှိကြပြီး ဆင်းရဲသားရော သူဌေးသား၌ပါ ရှိတတ်ကြကြောင်း နှင့် ကလေးရော လူကြီးတွေ၌ပါ ရှိတတ်ကြသည့်အကြောင်းကို ပြောခဲ့ပြီးပါပြီ။ ထို့အပြင် ကိုယ့်ရည် မှန်းချက်က အတ္တလူ ဖြစ်ရေးလား၊ ပရလူဖြစ်ရေးလားဟူ၍ ခွဲခြားသိ မြင်နိုင်အောင်လည်း လောက သဘာဝနှင့်လူ့သဘာဝကိုအတော် အတန်ကို ရှင်းပြခဲ့ပြီးပါပြီ။
ဤဆောင်းပါး ဖတ်နေသော ပုဂ္ဂိုလ်သည် ကိုယ့်ဘ၀ရည်မှန်း ချက်ကို ပီပြင်ပြတ်သားစွာ မချမှတ် ရသေးသူ ဖြစ်နေပါက စဉ်းစားစရာ အနေဖြင့် အထောက်အပံ့ တစ်စုံ တစ်ရာ ရနိုင်လိမ့်မည်ဟု မျှော်လင့် ပါသည်။ ရည်မှန်းချက် တစ်ဆင့်သို့ ရောက်တိုင်း၊ နောက်ထပ်ရည်မှန်း ချက်တစ်ခုက ထပ်ဖြစ်လာတတ် သည့် လူ့သဘာဝကိုလည်း တင်ပြ ခဲ့ပါသည်။ စာဖတ်သူသည် ရည် မှန်းချက်ဖြင့် ဘ၀ကို ရှင်သန်နေ ထိုင်သူလား။ ရည်မှန်းချက် မထား တော့ဘဲ ရောက်ရာနေရာမှာရပ်တန့် နေသူလား။
ကမ္ဘာကြီးက လည်ပတ်နေ ပြီး လူတွေက ကိုယ့်မှန်းချက်နှင့် ကိုယ့်ရှေ့သို့ တက်နေသွားနေကြ သည့်အတွက် ရပ်နေသူသည် ကျန်ရစ်သူဖြစ်သည်ဆိုတာကိုပဲ သတိပြုမိစေချင်သည်။

Ref : http://www.knowledgebridge.net/

- မြစ်ဆုံစီမံကိန်း​ကို ပြန်စဉ်း​စား​ဖို့ ​ဒေါက်တာဦး​မြင့်​ တိုက်တွန်း​ click
- သမ္မတအကြံပေး ဦးမြင့် ဝေမျှတဲ့ ကချင်ခေါင်းဆောင်ရဲ့ မြစ်ဆုံစီမံကိန်းပေါ် အမြင် click
- ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ်နှင့် ဆရာဦးမြင့်တို့ တွေ့ဆုံခန်း click
- ဓားဓားချင်း ...တုတ်တုတ်ချင်း ... တဲ့ ... သေနတ်မပါလို့ တော်သေးတယ် click
- ရောဂါသည် ဘယ်သူလဲ ... (ကာတွန်း) click
- သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ် (ဆောင်းပါး) click
- ရမ္မာဝတီ အရှင်ပညာစာရအမှု လျှောက်လဲချက် နေပြည်တော်တွင် ကြားနာမည် click
- နိုင်ငံရေးသီချင်းဖွင့်သူ သုံးဘီးဒရိုင်ဘာ ဖမ်းဆီးတရားစွဲခံရ click
- သျှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်၏ ဈာပနဖိတ်ကြားလွှာ click
- ကွယ်လွန်သူ ဦးစိန်ကြည်အတွက် ရပ်ဝေးမိတ်ဆွေများ အလှူလုပ်မည် click
  • မြန်မာ့အရေး ဥရောပမှာ ဆွေးနွေး - ဘီဘီစီ click here
  • မြန်မာကုလကော်မရှင် UK တိုက်ခံ တိုက်တွန်း - ဘီဘီစီ click here
  • ကော့မှူးမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်း - NLD click here
  • အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆွေးနွေးပွဲ စကားဝိုင်း ကော့သောင်တွင် ကျင်းပ - NLD click here
  • အသွင်ကူးပြောင်းရေး ပြဿနာ (သတင်းသုံးသပ်ချက်) - ဗွီအိုအေ click here
  • မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ကာ့တ် ကမ်းဘဲလ် တွေ့မည် - ဧရာဝတီ click here
  • မြန်မာပြည်အရေး စိုးရိမ်စရာများ ရှိသေးဟု ဟီလာရီ ကလင်တန် ပြော - ဧရာဝတီ click here
  • တိုင်းရင်းသားတွေ ညီညွတ်ဖို့ အမေရိကန်သံ ပြောဆို - အာရ်အက်ဖ်အေ click here
  • ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု - ဘီဘီစီ click here
  • ရက်ကွက် ကျေးရွာအုပ်ချုပ်ရေး တိုက်ရိုက်ခန့်မည် - အာရ်အက်ဖ်အေ click here
  • ပိတ်ဆို့ အရေးယူမှု သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော် ဆုံးဖြတ် - အာရ်အက်ဖ်အေ click here
  • အလုပ်သမား ဥပဒေပြင်ဆင်ရေး လွှတ်တော်မှာ ဆွေးနွေး - ဗွီအိုအေ click here
  • ဝန်ကြီး ဦးဇော်မင်း ရှင်းလင်းပွဲ အမတ်အချို့သာ ဖိတ်ကြား - မဇ္စျိမ click here
  • အစိုးရတပ်ဖွဲ့တွေက နမ်ဆန်ယန်ရွာကို မီးရှို့ - ဘီဘီစီ click here
  • တစ်နေ့တာ အပစ်ရပ်ရေး KNU ကမ်းလှမ်း - အာရ်အက်ဖ်အေ click here
  • ဘင်္ဂလား မြန်မာ ရေပိုင်နက်ပြဿနာ နိုင်ငံတကာခုံရုံး ကြားနာ - ဗွီအိုအေ click here
  • KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွား - ဗွီအိုအေ click here
  • ကေအန်ယူအဖွဲ့ဝင်နှစ်ဦး မူးယစ်ဆေးများဖြင့်ဖမ်းမိကြောင်း ထိုင်းသတင်းကို ငြင်းဆို - ဒီဗွီဘီ click here
  • ဦးရွှေမန်းနှင့် ခရိုနီများကိုယ်ရေး သံရုံးမှ မှတ်တမ်းတင် - မဇ္စျိမ click here
  • ကော့ကရိတ်အရှေ့ဖက် တစ်နာရီကြာ တိုက်ပွဲတွင် မြန်မာစစ်သည် ၁ဦးကျဆုံး - KIC click here
  • ငြိမ်းချမ်းရေး သဘောတူညီချက်များကို UWSA ရှင်းလင်း - မဇ္စျိမ click here
  • အစိုးရစစ်ကြောင်း ပိတ်ဆို့ခံနေရဟု KIA ကပြော - သတင်းနှင့်မီဒီယာကွန်ယက် click here
  • ပျောက်နေသည့် မန်းငြိမ်းမောင်အတွက် မိသားစု စိုးရိမ် - ဧရာဝတီ click here
  • နယ်စပ်တင်းမာမှု နောက်ပိုင်း မူးယစ်ဆေး ပိုထုတ်လာ - ဘီဘီစီ click here
  • ကချင်ဒုက္ခသည်များ လူမှုရေးပြဿနာ ကြုံတွေ့နေရ - သျှမ်းသံတော်ဆင့် click here
  • ကလေးစစ်သားကို တပ်ပြေးအဖြစ် ဖမ်းထား - ဘီဘီစီ click here
  • ကျန်းမာရေးချို့ယွင်းသူကိုလွှတ်ရန် AAPP တောင်းဆို - ဧရာဝတီ click here
  • ကွယ်လွန်တော့မယ့် အကျဉ်းသားလွတ်မြောက်ရေး - အာရ်အက်ဖ်အေ click here
  • တိုင်းရင်းသားအရေး နဲ့ လူ့ဘောင်သစ် - အာရ်အက်ဖ်အေ click here
  • တောင်ငူရေကြီး ရေဘေးဒုက္ခသည် ၉,၀၀၀ ကျော်ရှိ - မဇ္စျိမ click here
  • အိန္ဒိယ၏ ဒေါ်လာ ၆ သန်းကို ချင်းပြည်သူအား ခွဲတမ်းချကြည့်သည် - ခိုနူမ်းထုန် click here
  • ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေ ပြန်ပွင့်နေ - မဇ္ဈိမ click here
  • မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသည့် ဝက်ဘ်ဆိုက်အချို့ ဖွင့်ကြည့်နိုင်ပြီ - ဒီဗွီဘီ click here
  • ဘူးသီးတောင်နှင့် မောင်တောမှ အန်ဂျီအို ၀န်ထမ်းများ အလုပ်မှ ဖယ်ရှား ခံရမည်ဆို၍ စိုးရိမ် - နိရဉ္စရာ click here
  • ကားအစားထိုးလဲခွင့်ကြောင့် ဒေါ်လာဈေး ထိုးတက် - ဧရာဝတီ click here
  • ကံစမ်းမဲ အကြောင်းပြ ကာ ငွေလိမ် တောင်းမှုများ ရှိနေ - KIC click here
  • စည်သွတ်လုပ်ငန်းကြောင့် တရားမဝင် သားသတ် - ဧရာဝတီ click here
  • သျှမ်းသံတော်ဆင့် လက်ထောက်အယ်ဒီတာ/ တေးရေးဆရာ/ အဆိုတော် ဆခဟ ကွယ်လွန် - သျှမ်းသံတော်ဆင့် click here
  • ဧရာဝတီမြစ် ပျက်စီးမည်ကို ပညာရှင်များ စိုးရိမ် - ဒီဗွီဘီ click here
  • ဧရာဝတီ မြစ်ဆုံဆည် ကိစ္စ သူတို့ ဘာတွေပြောကြသလဲ (ဧရာဝတီမြစ်ရဲ့ ပဲ့တင်သံ) - ဧရာဝတီ click here
  • ဌေးကြွယ် (ဆောင်းပါး) - နေ့သစ် click here
  • သန်းရွှေအလွန် (၄) - ဒီဗွီဘီ click here
  • အရွေ့ဧရာဝတီ - နေ့သစ် click here
  • အညတရအကျဉ်းသားရဟန်းတော်များ (၅) ဆရာတော်ဦးအဂ္ဂဓမ္မ - မိုးမခ click here
  • သံသရာပွဲလယ်တင့်စေသော - မိုးမခ click here
  • ခရမ်းမြို့ အမေ့အရိပ် အခမဲ့ ပညာဒါနကျောင်း ဆိုင်းဘုတ်တင်ပွဲနဲ့ အလှူငွေ ပေးအပ်ပွဲ (ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • အမေ့အိမ် ပညာဒါန ကျောင်းလေးမှာ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပ (ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • တောင်ကိုရီးယားသတင်းတွင် ဖော်ပြထားတဲ့ မြန်မာပြည်က ဒီမိုကရေစီနေ့ အခမ်းအနားများ (ဓာတ်ပုံ) - ယနေ့မြန်မာ click here
  • ကဲန်ကတ်ကီပြည်နယ်၊ ဘိုးလင်းဂရင်းမြို့၊ ဝေဠုမြိုင်တောရကျောင်းတွင် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပ (ဓာတ်ပုံ) - click here



အင်တာနက်ပေါ်က လူထုခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အကျယ်ချုပ်ကနေ လွတ်လာတာ ခုဆိုရင် ၁၀ လ တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၀ လ ဆိုတဲ့ အတိုင်းအတာမှာ လူတစ်ယောက် သန္ဓေတည်ပြီး လူတစ်ယောက်ဖြစ်အောင် မွေးနိုင်ပါတယ်။ ဒါပေမယ့် အရည်အချင်းမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ ၁၀ လ ဆိုတဲ့အချိန်က အလဟက်ဟက်ပဲ ကုန်ဆုံးသွားပါတယ်။ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့သလို၊ ဘယ်ပြည်သူတစ်ဦး တစ်ယောက်ကိုမှ အကျိုးရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

လူကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ပါပဲ၊ အချိန်ကတော့ ၁၀ လ ကျော်သွားပါပြီ။ အသက်ကလည်း ၆၇ နှစ်ထဲ ရောက်နေပါပြီ။ အလုပ်တွေကတော့ အဓိပ္ပါယ်မဲ့နေတုန်းပါပဲ။ တစ်လ ပြီး တစ်လ သာ တိုးသွားတယ်၊ ဒီ တစ်လလည်း အရင်ကိုးလ တုန်းကနဲ့ အတူတူပါပဲ။ ဘာမှ အကျိုးမရှိပဲ ကုန်သွားပါတယ်။ အရင် ကိုး လ တုန်းက မိုက်ကယ်အဲရစ် နဲ့ ရခဲ့တဲ့ သားငယ် ကင်မ်အဲရစ် နဲ့အတူ တောင်သွားလိုက်၊ မြောက်သွားလိုက် အချိန်ကုန်နေခဲ့ပါတယ်။ ၁၀ လ အတွင်းမှာတော့ ဒုတိယ ခရီးစဉ်အဖြစ် ပဲခူးမြို့ကို သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပဲခူးမှာ တခြား အာရှက မြို့တွေမှာလိုပဲ မိုးသည်းထန်ပြီး ရေကြီးနေချိန်ဖြစ်ပါတယ်။ ရေလျှံလို့ ဒုက္ခရောက်ကာ စိတ်ညစ်နေသူများ အများအပြားရှိနေတာကို ဒေါ်အောင်ဆန်းစုကြည်က သူနဲ့မဆိုင်သလို ဘာမှ ဂရုစိုက်ခြင်းမရှိပဲ စာကြည့်တိုက်ဖွင့်ပွဲ သွားလုပ်ခဲ့ပါတယ်။ အဲဒီချိန်တုန်းက ပဲခူးက ပြည်သူတွေအတွက် လိုအပ်နေတာ စာကြည့်တိုက်မဟုတ်ပါဘူး။ စာကြည့်တိုက်ကို မြန်မာလို ရိုးရိုးရှင်းရှင်းနာမည် မပေးထားလို့လည်း မကျေနပ်သူတွေ ရှိနေကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သွားလာရေးအတွက် နီးစပ်ရာလူများကို လက်ချင်းချိတ် တန်းစီခိုင်းပြီး ဝိုင်းကြီးပတ်ပတ် လုပ်ခိုင်းခဲ့ပြန်ပါသေးတယ်။ ဘယ်နိုင်ငံက ဘယ်ခေါင်းဆောင်မှ အဲ့လို သွားတာ လာတာ မတွေ့ဖူးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အတွက် အစိုးရ ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးတွေ ယူပေးထားတာ ရှိပါလျှက်နဲ့ လူတွေ ဆန့်တန်းပြီး ဝိုင်းကြီးပတ်ပတ်လုပ်ခြင်းတွေကြောင့် လမ်းခရီးသွားလာသူတွေနဲ့ ဘုရားဖူးသူတွေအတွက် အနှောက်အယှုက်တွေ ဖြစ်စေခဲ့ပါတယ်။

ပြည်ပရောက် မြန်မာတွေကတော့ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်ရေး ဆန္ဒပြခြင်း၊ အစိုးရနဲ့ တွေ့ဆုံရေး ဆန္ဒပြခြင်း၊ အစိုးရ လုပ်သမျှ ဆန့်ကျင်ရေး ဆန္ဒပြခြင်းတွေ လုပ်ခဲ့ပေမယ့်။ ခုတော့ ဘယ်ခေါင်းစဉ်နဲ့ ဆန္ဒပြရမှန်းမသိဖြစ်နေကြပါတယ်။ အစိုးရကို ဆန့်ကျင်ဆန္ဒပြဖို့ စဉ်းစားပေမယ့်လည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ညှိနိုင်းပြီး လုပ်ငန်းများကို လုပ်ဆောင်နေတာကြောင့် ဆန့်ကျင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ထောက်ခံ ပွဲ လုပ်ဖို့ ပြန်ပြောင်းစဉ်းစားကြပါတယ်။ ဒီလိုနဲ့ နိုင်ငံခြားရောက် အမေစုကို ချစ်သော မြန်မာ မိန်းခလေးများက အမေစု လိုပဲ နိုင်ငံခြားသားများနဲပ အတူနေပြီး အမေစုနဲ့ တစ်သားတည်းဖြစ်ကြောင်း ထုတ်ဖေါ်ခဲ့ကြပါတယ်။

အခုဆိုရင် အစိုးရဖက်မှ VOA, BBC, RFA, DVB တို့ကို ရန်တိုက်သွေးထိုးကြောင်း သတင်းစာမှာ မဖော်ပြတော့တဲ့အပြင် ၎င်း တို့ရဲ့ အင်တာနက် စာမျက်နှာတွေကိုပါ လွတ်လွတ်လပ်လပ် ကြည့်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အစိုးရဖက်က ပြောင်းလဲမှုတွေက အလွန် သိသာ လွန်းပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ NLD နဲ့ ပြည်ပအခြေဆိုက် သတင်းဌာနတွေကတော့ လွန်ခဲ့တဲ့ ၂၃ နှစ်ကအတိုင်း ပြောင်းလဲမှု တစ်စုံတစ်ရာမရှိသေးပါဘူး။ ပြောင်းလဲမှုမရှိပဲ လွန်ခဲ့တဲံ့ ၂၃ နှစ်က ခံယူချက် အတိုင်း အလုပ်လုပ်နေကြတာကြောင့် ရလဒ်ကလည်း ၂၃ နှစ် ကျော်တဲ့အထိ အောင်မြင်ခြင်း တစ်စုံတစ်ရာ မရခဲ့၊ မရသေးပါဘူး။

ဒီရက်ပိုင်းမှာ ဧရာဝတီရောဂါဆိုတဲ့ ရောဂါဆန်းတစ်ခု ပျံ့ပွားနေရာမှ ဒေါ်အောင်ဆန်းစုကြည်လိုက် ရောယောင်ပြီး ရောဂါရသွားကာ ဧရာဝတီ အတွက် ကြေခြာချက် တစ်စောင် ထုတ်လိုက်ရပါသေးတယ်။ အကျယ်ချုပ်က လွတ်ခါစတုန်းကလည်း သူများက ဒုတိယ ပင်လုံ ဆိုလို့ လိုက်ပြီး ရောရောင်ကာ ပင်လုံလိုက်ရာမှ ဘာမှ ခရီးမတွင်လို့ ခုချိန်ထိ ဒုတိယ ပင်လုံဆိုတာကြီးမှာ ကြက်ပျောက်ငှက်ပျောက် ဖြစ်ခဲ့ရပါတယ်။ ခုလည်း သူများ ဧရာဝတီ ဆိုတိုင်း လိုက် ဧရာဝတီ လိုက်ရပေမယ့် ကြောက်တော့ ကြောက်နေတဲ့ အနေအထားရှိပါတယ်။ အပစ်အခက် ရပ်စဲ ဖို့ ကြေငြာချက် ထုတ်ပြီး ၅ ရက်အတွင်းမှာ KIA မှ ဒေါ်အောင်ဆန်းစုကြည်ကို ငပေါကြီးလုပ်ခဲ့တာကြောင့်လည်း ကြောက်နေတာ ဖြစ်နိုင်ပါတယ်။

အစိုးရဖက်မှ နောက်ထပ် ပြောင်းလဲမှု တစ်ခုဖြစ်တဲ့ ပြည်ပရောက်သူတွေ ပြန်လာနိုင်ကြောင်း သမ္မတကြီးက မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။ အဲဒီချိန်မှာပဲ ပြည်ပရောက် မြန်မာတွေအတွက် စိတ်တွေ ထွေပြား။ ဝေဝါး ကုန်ကြရပါတယ်။ ပြည်ပမှာ အလုပ်အကိုင် အတည်တကျဖြစ်ပြီး ကောင်းစားနေသူများကတော့ ပြည်တွင်းကို မပြန်ချင်တော့တာကြောင့် အကြောင်းအမျိုးမျိုးပြက မပြန်သင့်ကြောင်းတွေ ပြောကုန်ကြပါတယ်။ ပြည်ပမှ ဟိုကပ်လိုက်၊ ဒီကပ်လိုက်၊ ကျွန်ခံလိုက် နေနေကြရသူများကတော့ ပြန်ဖို့ စဉ်းစားလာကြပြန်ပါတယ်။ အဲဒီနောက်မှာ သီးလေး သီးအဖွဲ့မှ ၄ ယောက် က အရင်ဆုံး ပြန်သွားခဲ့ပါတယ်။ ပြန်ရုံတင်မကပဲ ပြည်ပက အဖွဲ့အစည်းတော်တော်များများက လုပ်စားနေကြကြောင်းကိုပါ ထုတ်ဖော် ဝန်ခံသွားပါတယ်။ ဒါကြောင့်လည်း ပြည်ပအဖွဲ့အစည်းတွေ ရဲ့ ဂုဏ်သိက္ခာတွေဟာ ပြည်တွင်းမှာ ရစရာမရှိအောင် ထိုးကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီ ပြည်ပ အဖွဲ့အစည်းတွေနဲ့ အဆက်အဆံ အစောကြီးကတည်းက မလုပ်ခဲ့တော့ ကံကောင်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၀ လ အတွင်း ပျော်စရာအကောင်း ဆုံးဖြစ်စဉ်ကတော့ နိုင်ငံတော် သမ္မတကြီးနဲ့ နှစ်ယောက်တည်း တွေ့ခွင့် ရလိုက်ခြင်းပဲဖြစ်ပါတယ်။ အဲလို တွေ့ခွင့်ရဖို့အတွက်လည်း နိုင်ငံတော် သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ မဖိတ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတအိမ်တော်ရှေ့မှာ အတင်းတွေ့ခွင့်တောင်းတာကြောင့် တွေ့လိုက်ရခြင်း ဖြစ်ပါတယ်။

အဲဒီနေ့က နြေ့ပည်တော်မှာ အလုပ်ရုံဆွေးနွေးပဲ စတင်နေချိန်ဖြစ်ပါတယ်။ သမ္မတကြီးက အလုပ်ရုံဆွေးနွေးပွဲတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားပြီးသားဖြစ်ပါတယ်။ သမ္မတကြီးက ဆွေးနွေးပွဲသွားဖို့ ပြင်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က တစ် နာရီလောက် ဆွဲထားတာကြောင့် ဆွေးနွေးပဲ စတင်ဖို့ တစ်နာရီ နောက်ကျခဲ့ရပါတယ်။ ဆွေးနွေးပွဲမှာ စောင့်နေသူတွေ၊ လုပ်ငန်းရှင်တွေနဲ့ မီဒီယာ သမားတွေကတော့ တစ်နာရီ လုံး ရပ်စောင့်နေခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူသားချင်းစာနာမှုမရှိ ပဲ အားမနာ လျှာမကျိုး အခွင့်အရေး ပိုယူချင်တဲ့ စိတ်အပေါ်မှာ အစည်းအဝေး တက်တဲ့ လုပ်ငန်းရှင်များနဲ့ မီဒီယာသမား တို့က ရှုံ့ချခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမနေ့ကို အစည်းအဝေး မတက်ခဲ့ပါဘူး။ ဒုတိယနေ့မှာတော့ ခဏ တက်ပြီး အစည်းအဝေး မပြီးခင် ပြန်လာခဲ့ပါတော့တယ်။ တတိယနေ့ကိုလည်း မသိချင် ဟန်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်အနာဂါတ်နဲ့ အမျိုးသား အကျိုးစီးပွားအတွက် လုပ်တဲ့ အစည်းအဝေးကို မတက်ခဲ့ပေမယ့် ဘောလုံးပွဲကိုတော့ ပါးစပ်ကြီးဖြဲ ပြီး သွားကြည့်ခဲ့ပါတယ်။ အသက် ၆၇ နှစ် ရှိနေတာတောင်မှ ဘောလုံးပွဲကို ပွဲအစ မှ ပွဲအဆုံးထိ ၂ နာရီလောက် အချိန်ပေးကာ အပြီးထိ သွားကြည့်ခဲ့ပါတယ်။




ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်သက်မှာ ပြီးခဲ့တဲ့ လထဲမှာပဲ ၂၃ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂၃ နှစ်အတွင်းမှာ အောင်မြင်မှု တစ်စုံတစ်ရာ မရခဲ့ပါဘူး။ ဒီအကြောင်းကိုလည်း ပြည်သူချစ်တဲ့ အနုပညာရှင် သီးလေးသီးမှ လူရွှင်တော် ဂေါ်ဇီလာ ကိုယ်တိုင်က ၂၃ နှစ် ကြာနေပြီ ဘာမှ တိုးတက်မှု မရှိကြောင်းကို ပြည်တွင်း မီဒီယာတွေ မေးမြန်းစဉ်မှာ ပြောဆိုသွားပါတာ်။

အစိုးရဖက်မှ ပြည်ပ အခြေစိုက် အစိုးရ မကောင်းကြောင်း အမြဲပြောနေတဲ့ မီဒီယာ စာမျက်နှာတွေကို ကြည့်ခွင့်ပေးတဲ့အပြင်၊ ပြည်ပ မီဒီယာ သမားတွေကိုပါ သတင်းလွတ်လပ်စွာယူခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်မှာတောင် မီဒီယာသမားတွေကို သတင်းယူခွင့် ပေးထားပါတယ်။ ဒါပေမယ့်လည်း မီဒီယာသမားတွေက ပထမဆုံး နေ့မှာ ယောက် ၁၀၀ ခန့် ရှိပေမယ့် တတိယနေ့မှာတော့ ၃ ယောက်ပဲ ရှိပါတော့တယ်။ မီဒီယာသမားတွေက အကျင့်ပျက်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဆောင်းပါးတွေ မီဒီယာမှာ ပေါ်လာပြန်ပါတယ်။
ပြီးခဲ့တဲ့ ၄ရက်နေ့ထုတ် The Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ပါဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေါချာချာ အဖြေတွေ ပါဝင်လာခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် ၊ နိုင်ငံရေးလုပ်သက် ၂၃ နှစ် ရှိတော့ နိုဘယ်ဆု ပိုင်ရှင် ကြီးရဲ့ အဖြေတွေထဲမှာ "အိပ်ချိန်လျှော့ပေါ့" "ဟန်းဖုန်းကိုင်တယ်ဆိုရင် ကိုယ်ဆက်ချင်တဲ့သူဆီ ဆက်လို့ရတယ်" " ကျွန်မဆို ငယ်ငယ်က ကလေးစာအုပ်တွေစဖတ်ခဲ့ရတာ။ အသက်ကြီးလာတော့ ကဗျာကိုပိုစိတ်ဝင်စားတယ်။" ဆိုတဲ့ အဖြေတွေက လူငယ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

ဒါ့အပြင် ”အပန်းဖြေနားရက်များ” ဆောင်းပါးမှာလည်း မြန်မာနိုင်ငံရဲ့ အပန်းဖြေနားရက်အကြောင်းက နည်းပြီး နိုင်ငံခြားမှာ အနှစ် ၃၀ လောက် ကျင်လည်ခဲ့စဉ် က ပျော်ပါးခဲ့မှုတွေနဲ့ နိုင်ငံခြားက အလှအပတွေ ကို ဖော်ကျူးထားတာကြောင့် စာဖတ်သူတို့ မကျေမနပ်ဖြစ်ခဲ့ရပြန်ပါတယ်။

ဒီလထဲမှာ ဒေါ်အောင်ဆန်းစုကြည်က "အသုံးချခံရမှာကို မမှု" "အန်တီမှားရင် အန်တီတာဝန်ယူတယ်" ဆိုတဲ့ စကားတွေကိုလည်း ပြောခဲ့တာကြောင့် မေးခွန်းတွေ တစီတတန်းကြီး ထွက်လာကြပြန်ပါတယ်။ အသုံးချခံရတာကို မမှုဘူးဆိုရင် အစကတည်းက ရွေးကောက်ပွဲကို ဝင်သင့်ကြောင်း၊ အခြေခံဥပဒေ ကို ထောက်ခံသင့်ကြောင်း... စတာတွေနဲ့ အန်တီ တာဝန်ယူမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် စကားကို နားထောင်ပြီး မဲမထည့်ခဲ့သူတွေ၊ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ကြသူတွေအတွက် ဘာတွေ တာဝန်ယူပေးနိုင်မလဲ.. စတဲ့ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့ပါတယ်။

ကိုယ်တိုင် အရည်အချင်းမရှိလို့ ဘာမှ ဖြစ်မလာ၊ အပြောတခြား အလုပ်တခြား ဖြစ်နေပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ကို နာမည် ကြီးစေဖို့ အနောက်နိုင်ငံတွေက ကူညီပြီး The Lady ဆိုတဲ့ ဇတ်ကားနဲ့ လူသိစေဖို့ ကြိုးစားကြပြန်ပါတယ်။ ဒါပေမယ့်လည်း ဒီဇတ်လမ်းကို ဂါဒီယမ်း သတင်းစာ ကြီးက ချာတူးလန် ဇတ်ကား လို့ ခေါင်းစဉ်တပ်ပြီး ဇတ်လမ်းထဲက အကြောင်းတွေကို တစ်ခုချင်း ထောက်ပြကာ ဝေဖန်သွားခဲ့ပါတယ်။

အကျယ်ချုပ်က လွတ်တာ ၁၀ ပြည့်ပြီး၊ နိုင်ငံရေးလုပ်တာ ၂၃ နှစ် ပြည့်ပြီး၊ အသက် ၆၇ နှစ် ပြည့်ပြီးပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ခုချိန်ထိ အသုံးမကျကြောင်းကို တွေ့မြင်နိုင်ကြောင်းပါ ခင်ဗျား...




(၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်က ဆောင်းပါးရှင် သြရ ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။)
၁၉၈၈ ခုနှစ်မှ စ၍ ၂၃ နှစ်ကြာ အုပ်ချုပ်လာခဲ့သော တပ်မတော် ခေါင်းဆောင်များရဲ့ စစ်အုပ်ချုပ်ရေး အာဏာဟာ ၃၀-၃-၂၀၁၁ နေ့မှာ ကုန်ဆုံးခဲ့ပြီး၊ ၃၁-၃-၂၀၁၁ မှာ အစိုးရသစ် သမ္မတ ဦးသိန်းစိန် အစိုးရကို အာဏာ လွှဲပြောင်း ပေးလိုက်ပါပြီ။
အဲဒီမှာ တပ်မတော် အုပ်ချုပ်ရေး လက်ထက်က ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်က အခု အစိုးရသစ် အဖွဲ့မှာ သမ္မတ ဦးသိန်းစိန်အဖြစ် ခန့်အပ် တာဝန်ပေးခံရပြီး တစ်နိုင်ငံလုံးကို (ပြည်သူလူထု အားလုံးသို့) အဖွင့်မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းတွေအပေါ် အချို့ ပြည်သူတွေနဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ အားလုံးက ကြိုဆို ထောက်ခံကြတာ တွေ့ရသလို အပြောနဲ့ အလုပ် တစ်ထပ်တည်း တစ်သားတည်း ကျပါသလားဆိုတဲ့ သံသယစိတ်နှင့် လည်း စောင့်ကြည့်ကြသေးတာပေါ့ ဆိုပြီး ဝေဖန် သုံးသပ်သူတွေကိုလည်း တွေ့ရပါတယ်။
ဒါပေမဲ့ အခု ရက်ပေါင်း ၁၅၀ ခန့် ရှိလာပြီ။ ဒီမိုကရေစီ အစိုးရ၊ ပြည်သူ့ အစိုးရလို့ ကြွေးကြော်လာတဲ့ ၂၀၁၁ အစိုးရသစ်ရဲ့ ဆောင်ရွက်လာမှုတွေကို ကြည့်ရင်း ရွှေ့ပြောင်းလာတာ တစ်ခုစ နှစ်ခုစ တွေ့နေရပါတယ်။ အစိုးရသစ်ရဲ့ သက်တမ်း နုနုလေးနဲ့ ဆောင်ရွက်ချက်တွေကို ယခင် အစိုးရဟောင်းရဲ့ ဆောင်ရွက်ချက်များနဲ့ နှိုင်းယှဉ် သုံးသပ်ကြည့်မှ တိုးတက် ပြောင်းလဲ လာသလား မပြောင်းလဲ လာဘူးလားဆိုတာ သိမြင်ရမှာပေါ့။
ခုပဲကြည့်လေ ရက်ပေါင်း ၁၀၀ မပြည့်မီ ကလေးမှာပဲ အစိုးရသစ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၈ သိန်းခန့် ရှိတဲ့ လစာနည်း အငြိမ်းစား ပင်စင်သမားများကို တိုးမြှင့်ခံစားစေဖို့ ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မှာပဲ အမိန့် ကြော်ညာစာ အမှတ် ၁၀၆/၂၀၁၁ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဆမတန် တိုးမြှင့် ရရှိလာတဲ့ ပင်စင် လစာသစ်ကြောင့် အငြိမ်းစား ၀န်ထမ်းများနှင့် မိသားစုဝင်များ အားလုံးဟာ ဝမ်းသာမဆုံး တပြုံးပြုံးနဲ့ပေါ့ အားလုံးက မုဒိတာပွားရ ပါတယ်။
နောက်ရှိသေးတယ်။ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံမှု လုပ်ငန်းတွေကိုလည်း စတင် အကောင်အထည် ဖော်နေတာတွေကိုလည်း တွေ့နေရပါတယ်။ ဥပမာ အနီးစပ်ဆုံး ကြည့်မယ်ဆိုရင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၄ ခရိုင်ရှိ ၆ မြို့နယ်ကို သိန်း ၂၀၀၀၊ သမ၀ါယမ ဖွံ့ဖြိုးရေး ရန်ပုံငွေမှ တစ်ဧက ၃၀၀၀၀၊ နှုန်းနဲ့ ထုတ်ချေးမယ် ဆိုတဲ့ သတင်းတွေ ကြားသိနေရပြီ။ အစိုးရသစ်အနေနဲ့ တိုင်းပြည်အတွက် ပေါ်လစီရေးရာ ကိစ္စ၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ အခြေခံ အလုပ်သမားနဲ့ ပျံကျ အလုပ်သမားတွေရဲ့ စားဝတ်နေရေး ကိစ္စ ဒါတွေကို တဆင့်ပြီး တစ်ဆင့် စီမံကိန်းချ ဆောင်ရွက် နေတာကိုလည်း တွေ့နေရပါပြီ။ ဆန္ဒမစောဖို့ လိုအပ်ပါတယ်။
အဲဒီလိုနဲ့ပဲ ၂၀၁၁ ဇူလိုင်လ ၂၅ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာဖြစ်တဲ့ စိမ်းလဲ့ကန်သာမှာ အစိုးရသစ် လက်ထက် ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီမှာ နှစ်ဦးနှစ်ဘက် အားရ ကျေနပ်ဖွယ် ရှိကြောင်းနှင့် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းများ တရားဥပဒေ စိုးမိုးရေးကိစ္စ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စများနှင့် အများပြည်သူ အကျိုး ဖြစ်ထွန်းစေမှု ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ပြီးတော့ နှစ်ဦးသဘောတူ Joint Statement ၄ ချက် ထုတ်ပြန်လိုက်တယ်ဗျာ။ စစ်အုပ်ချုပ်ရေး လက်ထက်မှာ ၉ ကြိမ်တွေ့ဆုံဆွေးနွေး ခဲ့ပေမယ့် ယခုလို Joint Statement ပူးတွဲ ကြေညာချက် မထုတ်ပြန်နိုင်ခဲ့ပါဘူး။ ဒါဟာ ထူးခြားမှုတစ်ခုလို့ ဆိုရင်ရပါတယ်။
အဲဒီနောက် ဒုတိယ အကြိမ်ကိုပဲ ၁၂.၈.၁၁ နေ့မှာ ထပ်တွေ့ပြန်တယ်ဗျာ။ အဲဒီမှာလည်း နှစ်ဦးနှစ်ဘက် သဘောတူ အောက်ပါ အချက် ၄ ချက် ကို ထုတ်ပြန်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း “ ကျွန်မတို့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် တိုင်းရင်းသား ကိစ္စတွေမှာလည်း တိုးတက်မှု ရမှာပဲ။ ဘယ်ဘက်မှာမဆို တိုးတက်မှုရမှာပဲ။ တကယ်တော့ ကျွန်မတို့ နိုင်ငံရဲ့ အကျိုးကို ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် မီဒီယာ အပါအဝင်ပေါ့ တိုးတက်မှု ရှိမှာပါ။ ” လို့ပြောခဲ့သလို ဦးအောင်ကြည်ကလည်း
“ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်မှု ဆိုတာ ကျွန်တော်တို့ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ Main Problem အဓိက ပြသနာကြီး တစ်ခုပါ။ ဒါကြီးကို ကျွန်တော်တို့ ဖြေရှင်းနေကြတာ ဖြစ်တယ်။ ဒီကိစ္စ ပြေလည်ပြီဆိုတဲ့ အချိန်ကျရင် ကိစ္စအားလုံးဟာ ဒီ Main Problem ရဲ့ အကျိုးဆက် တရားများ တစ်နည်းအားဖြင့် Corollaries အဲဒါတွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက် အလွယ်တကူ ဖြေရှင်းသွားနိုင်မယ့် အနေအထားပဲ ဖြစ်ပါတယ်။ ”ဆိုပြီး သတင်းထောက်များရဲ့ အမေးကို ဖြေသွားတာကို ကြည့်ရင် အနာဂတ်အတွက် အစိုးရသစ်ရဲ့ အနာဂတ် လမ်းကြောင်းဟာ ဘယ်လဲဆိုတာ မှန်းလို့ ရနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၅.၈.၂၀၁၁ နေ့က ရုံးချုပ် အစည်းအဝေးမှာ ဦးအောင်ကြည်နဲ့ ဘာတွေဆွေးနွေး ခဲ့သလဲ ဆိုတာကို ဗဟို အလုပ် အမှုဆောင်များအား ရှင်းလင်းတင်ပြခဲ့ပါတယ်။ လူကြီးများကလည်း သဘောတူ ထောက်ခံကြောင်း ၁၆.၈.၂၀၁၁ နေ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ဤကဲ့သို့ ထုတ်ပြန် ကြေညာလိုက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်က ဖျက်သိမ်းပြီး NLD ကို ကိုယ်စားပြုနေတယ် ဆိုတာ တွက်ဆလို့ ရနိုင်သလို၊ နှစ်ဦးနှစ်ဘက် ပူပေါင်း ဆောင်ရွက်မှု ပြုလိုခြင်းရဲ့ သဘောလို့လည်း ယူဆနိုင်ပါတယ်။ ၁၇.၈.၂၀၁၁ နေ့က နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ MICC မှာပြောခဲ့တဲ့ ... “ဒီအချိန်ဟာ ရန်ဖြစ် ငြင်းခုံနေရမယ့် အချိန် တစ်ဦးနှင့် တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်ရှာ အပြစ်ပြော နေရမယ့် အချိန် မဟုတ်တော့ဘူး။ စည်းလုံး ညီညွှတ်ကြရင် ကြီးပွား တိုးတက်နိုင်တဲ့ ရေခံ မြေခံကောင်းတွေ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိပြီးဖြစ်တယ်။ ”ဆိုတဲ့ စကားဟာလည်း တကယ်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသာ ပြောခဲ့ရင်၊ ယနေ့ မြန်မာနိုင်ငံဒီလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည် မိပါတယ်။
၁၉-၈-၁၁ သောကြာနေ့ ညနေ ၄ နာရီမှာ သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ သမ္မတ အိမ်တော် ရုံးခန်းမှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတာကို ရုတ်တရက် ကြားသိ လိုက်ရပါတယ်။ အဲဒီမှာလည်း မတူကွဲပြားတဲ့ သဘောထား အမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွား ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ကြားသိ ခဲ့ရပါတယ်။ အဲဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကျေနပ် အားရမိကြောင်း ပြောတာကို သိခဲ့ရပါတယ်။
၂၀-၈-၁၁ နေ့က နေပြည်တော်မှာ ကျင်းပနေတဲ့ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးးနွေးပွဲသို့လည်း ဒေါ်အောင်ဆန်းစုကြည် ခေတ္တ တက်ရောက် လေ့လာခဲ့တာ တွေ့ရပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ပါဝင် ပူးပေါင်းဆောင်ရွက်မှုရဲ့ အပေါင်းလက္ခဏာလို့ ထင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့နိုင်ငံရေး မျက်နှာစာမှာ တကယ်ဆုံးဖြတ်ခွင့် ပေးနိုင်မယ့် သမ္မတကြီး ဦးသိန်စိန်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့နဲ့ တွေ့ဆုံခွင့် စကားပြောခွင့် ရင်းနှီးခွင့် ရတာတွေဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ ကောင်းမြတ် တိုးတက်မယ့် အရိပ်၊ အလင်းရောင်သစ်လို့ပဲ ဆိုချင်ပါတယ်။ အဓိကကတော့ အမြဲ စကားပြော နေရဖို့ ပြောဖြစ်နေဖို့ ပါပဲ။
ဒီလို တွေ့ဆုံ ဆွေးနွေးခြင်းဟာလည်း နှစ်ဦးနှစ်ဖက်က ရိုးသား ဖြောင့်မတ် ဖြူစင်ရပါမယ်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ယုံကြည်ကိုးစားမှု ရှိပြီး တိုင်းပြည်နှင့် လူထုမျက်နှာကို ကြည့်ရပါမယ်။ သမ္မတကြီးရဲ့ အဖွင့်မိန့်ခွန်းမှာ ပါတဲ့...၊
“ အစိုးရအဖွဲ့သစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာအောင် ဝိုင်းဝန်း ကြိုးပမ်းဖို့ လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်”လို့ ပြောခဲ့တာဟာ အင်မတန် လေးနက်ပါတယ်။
ဘာကြောင့်လဲဆိုရင် ဒီစကားဟာ သမ္မတကြီးရဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်း ကိုယ်ကျင့်သက္ခာနဲ့ အစိုးရသစ်တစ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်လို့ပါပဲ။ အခုဆိုရင် ရက်ပေါင်း ၁၅၀ ပြည့် တော့မယ်။ အရင် အစိုးရ ခေတ်က နှစ်ပေါင်း ၂၀ ကျော် မလုပ်ခဲ့တဲ့ အလုပ်တွေကို သမ္မတ ဦးသိန်းစိန် အစိုးရက တစ်ခုချင်း တစ်ဆင့်စီ တစ်ဆင့် အကောင်အထည် ဖော်ဆောင် နေတာကို တွေ့နေရပါပြီ။ သမ္မကြီး ဦးသိန်စိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စကားပြောပြီး မှန်တမ်းတင် ရိုက်ထားတဲ့ ဓာတ်ပုံမှာ နှစ်ယောက်စလုံး ပြုံးယောင်သန်းပြီး ပကတိ ဖြူစင်ရိုးသားမှုက မျက်နှာတွင် ပေါ်လွင်နေပါတယ်။ ဓာတ်ပုံရဲ့ နောက်နံရံက တည်ငြိမ်ခံ့ညားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြန်မာဝတ်စုံနဲ့ ဓာတ်ပုံပါတွေ့ ရတော့ အဓိပ္ပါယ်တွေကို အမျိုးမျိုး တွေးကာ ဖြန့်ကြက်နိုင်ပါတယ်။ စာဖတ်သူများ ကြိုက်သလို မိမိယုံကြည်ရာဖြင့် မှန်းဆ တွေးယူ နိုင်ပါတယ်။
နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်မှု အောက်က ခေါက်ရိုးကျိုးနေပြီး၊ အမြစ်စွဲနေတဲ့ ကြိုးနီ စနစ်နဲ့ အဂတိ လိုက်စားမှု ခြစားမှု လာဘ်ပေး လာဘ်ယူမှုတွေကို တကယ်ပဲ သမ္မတ ဦးသိန်းစိန် အစိုးရသစ်က ပြောင်းလဲနိုင်မလား။ ချက်ချင်းတော့မလွယ်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် ဆိုတဲ့ ဆရာကြီး ဦးသုခရဲ့ စကားအတိုင်း တကယ် လုပ်ကြည့်ရန်သာ လိုပါတယ်။
မြန်မာနိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှု အတွက် သမ္မတကြီး ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမအကြိမ် ဆွေးနွေးခဲ့ပြီးပါပြီ။ ဆက်၍လည်း ဆွေးနွေးကြရန် လိုပါတယ်။ အချိန်ကန့်သတ်မှု Time Frame အတွင်းမှာ အမြန်ဆုံး ဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံကြီး ထည်ထည်ဝါဝါနဲ့ ပြည်သူ လူထုတွေမှာလည်း ဘဝကိုယ်စီ အလှကိုယ်စီနဲ့ အမြန်ဆုံး ပျော်ရွှင် ခံစားကြရပေလိမ့်မယ်။

- မြန်မာပြည်အရေး စိုးရိမ်စရာများ ရှိသေးဟု ဟီလာရီ ကလင်တန် ပြော click
- မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ကာ့တ်ကမ်းဘဲလ် တွေ့မည် click
- အစိုးရဝန်ထမ်းများ လက်ခံရေး “ဝ” ဆွေးနွေးပွဲလုပ် click
- အစိုးရစစ်ကြောင်း ပိတ်ဆို့ခံနေရဟု KIA က ပြော click
- ပျောက်နေသည့် မန်းငြိမ်းမောင်အတွက် မိသားစု စိုးရိမ် click
- ကေအန်ယူအဖွဲ့ဝင်နှစ်ဦး မူးယစ်ဆေးများဖြင့် ဖမ်းမိကြောင်း ထိုင်းသတင်းကို ငြင်းဆို click
- မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသည့် ၀က်ဘ်ဆိုက်အချို့ ဖွင့်ကြည့်နိုင်ပြီ click
- ကျန်းမာရေးချို့ယွင်းသူကို လွှတ်ရန် AAPP တောင်းဆို click
- ကင်ဆာဝေဒနာ ခံစားနေရသူ ဗကသအဖွဲ့ဝင်ကို လွှတ်ပေးရန် တိုက်တွန်း click
- မြန်မာ-ဘင်္ဂလာဒေ့ရှ် ရေပိုင်နက်ကြားနာမှု မြန်မာဘက်မှ စတင်လျှောက်လဲ click
ဧရာဝတီမြစ် ပျက်စီး​မည်ကို ပညာရှင်များ​ စိုး​ရိမ် click
- အရွေ့ဧရာဝတီ (ကဗျာ) click
- ဌေးကြွယ် (ဆောင်းပါး) click
- သန်း​ရွှေအလွန် (၄) (ဆောင်းပါး) click
- တောင်ငူ ရေကြီး၊ ရေဘေးဒုက္ခသည် ၉,၀၀၀ ကျော်ရှိ click
- စည်သွတ်လုပ်ငန်းကြောင့် တရားမဝင် သားသတ် click
- ဘူးသီးတောင်နှင့် မောင်တောမှ အန်ဂျီအိုဝန်ထမ်းများ အလုပ်မှ ဖယ်ရှားခံရမည်ဆို၍ စိုးရိမ် click
- အိန္ဒိယ၏ ဒေါ်လာ ၆ သန်းကို ချင်းပြည်သူအား ခွဲတမ်းချကြည့်သည် click
- ကံစမ်းမဲ အကြောင်းပြကာ ငွေလိမ်တောင်းမှုများ ရှိနေ click
- တိမ်းစောင်းနေသော လုပ်ရပ်များ (ဆောင်းပါး) click
- ဒီမိုကရေစီ အမြစ်တွယ်ခြင်းနှင့် အဖြေမရှိသေးသော မေးခွန်း (ဆောင်းပါး) click
- သန်မာကြံ့ခိုင်တဲ့ လူ့ဘောင်ဆီသို့ လှမ်းရာဝယ် - အပိုင်း (၁) (ဆောင်းပါး) click
- ၂၀၁၂ ဂင်းနက်စ် မှတ်တမ်းစာအုပ် click
- စပါတာကပ်စ်မင်းသား ကွယ်လွန် click
- ရန်ဆန်နဲ့ ဇနီးက ဘတ် ၃ ဘီလျံ ရဖို့ တရားစွဲ click
- ထိုင်းလူငယ်တွေ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ဆိုးဝါးလာနေ click

  • နယ်စပ် တင်းမာမှု နောက်ပိုင်း မူးယစ်ဆေး ပိုထုတ်လာ - ဘီဘီစီ click here
  • မိုင်းခွဲခံနေရသဖြင့် ရခိုင် သဘာဝ သန္တာကျောက်တန်းများ ပျက်စီးနေ - နိရဉ္စရာ click here
  • အကျဉ်းသားတဦးလွှတ်ဖို့ AAPP ပြော - ဧရာဝတီဘလောဂ် click here
  • ကင်ဆာဝေဒနာ ခံစားနေရသူ ဗကသအဖွဲ့ဝင်ကို လွှတ်ပေးရန် တိုက်တွန်း - မဇ္ဈိမ click here
  • အစိုးရဝန်ထမ်းများ လက်ခံရေး “ဝ” ဆွေးနွေးပွဲလုပ် - ဧရာဝတီ click here
  • မြန်မာ-ဘင်္ဂလာဒေ့ရှ် ရေပိုင်နက်ကြားနာမှု မြန်မာဘက်မှ စတင်လျှောက်လဲ - ဧရာဝတီ click here
  • ပိတ်ဆို့ထားသော ဝက်ဘ်ဆိုဒ်များ ပြန်ပွင့် - ဧရာဝတီ click here
  • ခိုင်မာတဲ့လုပ်ရပ်တွေ ဆောင်ရွက်ပြဖို့ ဟီလာရီ ကလင်တန် တိုက်တွန်း - အာရ်အက်ဖ်အေ click here
  • ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေး - အာရ်အက်ဖ်အေ click here
  • မြန်မာနိုင်ငံက ခိုင်မာတဲ့ အပြောင်းအလဲ ပြင်သစ် စောင့်ကြည့်နေ - အာရ်အက်ဖ်အေ click here
  • မြန်မာပြည် အပြောင်းအလဲ အမေရိကန်နဲ့ သြစတြေးလျ မျှော်လင့် - ဗွီအိုအေ click here
  • ဒီမိုကရေစီ ဘက်တော်သားပါဟု ဦးရွှေမန်းပြော - မဇ္ဈိမ click here
  • ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လွှတ်တော် ကို ယ်စားလှယ်တွေ ဆွေးနွေး - အာရ်အက်ဖ်အေ click here
  • အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက်) - ဒီဗွီဘီ click here
  • ထိုင်းစစ်ဗိုလ်ချုပ် နေပြည်တော်သွား - ဧရာဝတီ click here
  • မြန်မာကို ပြီးခဲ့သည့် အနှစ် ၂၀ ကတည်းက ကူညီသင့် - ဧရာဝတီ click here
  • ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက် သတင်းပို့ - ဗွီအိုအေ click here
  • နိုင်ငံပြောင်းလဲမည့် အခြေအနေရောက်ပြီဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား - ဒီဗွီဘီ click here
  • ဒီမိုကရစီနေ့ ဘာကြောင့် ကျင်းပ(ရုပ်သံ) - ဧရာဝတီဘလော့ဂ် click here
  • ပုံ - လွှတ်တော် - ဧရာဝတီဘလောဂ် click here
  • KIA နှင့်ဖြစ်သော မန်ဂျေတိုက်ပွဲတွင် မြန်မာစစ်သား ၂ ဦး ကျ - KNG click here
  • အစိုးရနဲ့ ယာယီ သဘောတူညီချက် UWSA အဖွဲ့တွင်း ရှင်းလင်း - အာရ်အက်ဖ်အေ click here
  • ယားဘား ဆေးပြား တစ်သောင်းနှင့် ဘင်္ဂလီဒါဇင်ဝက် ဖမ်းဆီးခံရ - နိရဉ္စရာ click here
  • မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မြန်မာ တာဝန်မကျေ - ဗွီအိုအေ click here
  • ပိတ်ထားတဲ့ ၀က်ဘ်ဆိုဒ်များ ပြန်ပွင့် - ဗွီအိုအေ click here
  • မြစ်ဆုံရေကာတာမှ ရရှိသော အကျိုးကျေးဆက်များ - ဧရာဝတီဘလော့ဂ် click here
  • လယ်သမားနှစ်ရာနီးပါး ဧရာတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးဆီ ချီတက်ဆန္ဒပြ - ဒီဗွီဘီ click here
  • ပုသိမ်လယ်သမားများ ၀န်ကြီးရုံးသို့ ချီတက် - ဧရာဝတီ click here
  • မြေသိမ်းခံရ၍ အကူအညီတောင်းခြင်း(ဓာက်ပုံ) - ဧရာဝတီဘလောဂ့် click here
  • NLD ရုံးချုပ်က အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့(ဓာက်ပုံ) - ဧရာဝတီဘလောဂ့် click here
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအာဏာပိုင် ကိုယ်စားလှယ်တို့ တွေ့ဆုံ၊ မီဒီယာအား မေးခွန်းသုံးခုသာ မေးမြန်းခွင့် ပြု(ဓာက်ပုံ) - ယနေ့မြန်မာ click here
  • အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း(ရုပ်သံ) - နေ့သစ် click here
  • အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား အဖွဲ့ချုပ်ရုံးတွင် ကျင်းပ (ဓာတ်ပုံ) - ဒီဗွီဘီ click here
  • တာဝန်သိသော ခရီးသွားလုပ်ငန်းအကြောင်း အလုပ်ရုံးဆွေးနွေးပွဲ - NLD click here
  • ရေအားလျှပ်စစ် ညွှန်မှူးရွာ မီးမလင်းပါ - မဇ္ဈိမ click here
  • ဖိတ်လည်း ဖိတ်ခေါ်၊ ထောင်ဒဏ်တွေလည်း ထပ်တိုး - ဧရာဝတီဘလောဂ့် click here
  • မျက်စိရှိလို့သာ တွေ့ရတယ်(ရုပ်သံ) - ဧရာဝတီဘလောဂ့် click here
  • ဗန်းမော်ဆရာတော်ကြီး အထူးတရားပွဲ (သီတဂူ ဓမ္မ၀ိဟာရကျောင်း၊ မင်နီစိုးတားပြည်နယ်)(ဓာက်ပုံ) - ယနေ့မြန်မာ click here
  • ဖို့တ်ဝိန်းမြို့သို့ လေးဇီးကလပ်အဖွဲ့ ရောက်ရှိ၊ ဖျော်ဖြေပွဲအတွက် အဆင်သင့် ဖြစ်နေ(ဓာက်ပုံ) - ယနေ့မြန်မာ click here