နာမည်ကြီးမင်းသမီး  Michelle Yeoh က ဒေါ်အောင်ဆန်းစုကြည် အဖြစ် ပါဝင် သရုပ်ဆောင် ထားပြီး   ပြင်သစ် လူမျိုး  ဒါရိုက်တာ  Luc  Basson ရဲ့ ဒေါ်စု ဘ၀အကြောင်းရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို အလွန်တရာပေါ့ပျက်ပျက်နိုင်ပြီး ကြည့်ရှုသူပရိသတ်ကို ဘာခံစားမှု မှ မပေးနိုင်တဲ့ ချာတူးလန် ဇာတ်ကားတစ်ကားလို့ ပြင်းပြင်ထန်ထန်ဝေဖန် ထားတာကို The Guardian သတင်းစာမှာ ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်။ 


မှန်ပါတယ် ဒီဇာတ်ကားစရိုက်မယ်ဆိုတည်းက ဒေါ်စုရဲ့ မြန်မာပြည်အတွက် အနစ်နာခံမှုတွေ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကြီး ချီးမြှင့် ခံရအောင် မည်သို့ လုပ်ဆောင် ခဲ့တာတွေ စတာတွေကို အသားပေးရိုက်ကူးမယ်လို့ အများစုက ထင်မြင်ခဲ့ကြတာပါ။ ဒါပေမဲ့ မိမိဘ၀ငယ်ရွယ်စဉ် ကာလတွေမှာလည်း နိုင်ငံရေးဆိုတာကို စိတ်မ၀င်စား။ ပြည်ပမှာ နိုင်ငံခြားသားကိုလက်ထပ် ပြီး အိမ်ထောင်မှုသုခတွေကို ပြည့်ပြည့်၀၀ ခံစားပြီး အသက် ၄၃ နှစ်အရွယ် ၁၉၈၈ ခုနှစ်မှ နိုင်ငံရေးစလုပ်။ ၁၉၈၉ ခုနှစ်မှာ အကျယ်ချုပ်ကျခံရင်း ကိုယ့်အိမ်ထဲမှာ အိပ်လိုက်စားလိုက်နှင့် ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကြီးကို ရရှိသွားသည့် ဒေါ်စုအနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လည်း ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာလည်းမရှိ၊ တိုင်းပြည်တိုးတက်ရေးအတွက် မကူညီခဲ့တဲ့အပြင် တိုင်းပြည်စီးပွားရေးကို ပိတ်ဆို့နှောင့်နှေးစတဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု Sanction ကိုတောင် ဖိတ်ခေါ်အားပေးလိုက်သေးပါတယ်။ ဒါကြောင့်မို့ The Lady ဇာတ်ကားကို ရိုက်ကားခဲ့ရာမှာ ဒေါ်စုရဲ့ သမိုင်းတွင်လောက်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုတွေ ပါရှိတဲ့ ဇာတ်ဝင်ခန်းတွေ မရိုက်ကူးနိုင်ဘဲ ဒေါ်စုနဲ့ သူရဲ့ ယောင်္ကျား Michael Aris အကြောင်းတွေ၊ သားနှစ်ယောက်အကြောင်းတွေနဲ့ ဘာအကြောင်းမှရေရေ ရာရာမရှိဘဲ လူထုခေါင်းဆောင်ဆိုပြီး ဖြစ်လာတွေကို ရိုက်ကူးပြထားပါတယ်။ ဒါ့အပြင် ဇာတ်လမ်းပါ ဆွေးနွေးခန်းတွေက လည်းတိုနှံ့နှံ့၊ သရုပ်ဆောင်တွေက လည်းအသက်မ၀င်နဲ့ ဇာတ်ကား နာမည် ကိုတောင် Aung San Su Kyi: Housewife Superstar လို့ နာမည်ပေးသင့်တယ် လို့ The Guardian သတင်းစာကြီးက ဝေဖန်ထား ပါသေးတယ်။  မရိုက်ခင်တုန်းကသာ ပြည်ပအတိုက်ခံတွေရော မီဒီယာတွေရောကပါ ဒေါ်စုလို တကယ့် နိုင်ငံရေးခေါင်းဆောင်ကြီး၊ ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးကိုစွန့်လွှတ် ဆောင်ရွက်ခဲ့တဲ့ အနစ်နာခံသူရဲကောင်းကြီး ရဲ့ ဘ၀ ဇာတ်ကြောင်းကို The Lady ဇာတ်ကားကြောင့် တကမ္ဘာလုံး ကသိမယ် ဒေါ်စုကိုလည်း ဒီ့ထက်ပိုပြီးထောက်ခံ အားပေးကြမယ် ဆိုပြီး အမွှန်းတင်ခန့်မှန်း ရေးသားပြောဆို ခဲ့ကြတာပါ။  ဒါပေမဲ့  နဂိုတည်းက နိုင်ငံနဲ့ငြိမ်းချမ်းရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့တာလည်း မည်မည်ရရမရှိ။ နိုဗယ်လ်ဆုနဲ့ ထိုက်တန်တဲ့ လုပ်ဆောင်မှုတွေလည်း ပြစရာမရှိ။ သာမန်နောက်ကြောင်း ရာဇ၀င်လောက်သာ ရိုက်ကူးပြသနိုင်တဲ့ The Lady ဇာတ်ကားကြောင့် အမွှန်းတင်ခဲ့သမျှ အရှက်ရစရာ ဖြစ်သွားရတာကို တကမ္ဘာလုံးက သိကြပါတော့မယ်။ ဒီဇာတ်ကားကို ဒီလောက်ပဲ ရိုက်ပြနိုင်တဲ့ အတွက် ဒါရိုက်တာ Luc Basson မှာလည်း အပြစ်မရှိပါဘူး။ တကယ်လည်း သူ့အတွက် ဒေါ်စုအကြောင်းရိုက်စရာ ကလည်း ဒါပဲရှိတာကိုး။ တကယ့်ကို ဒေါ်စုသမိုင်းမှာ စွမ်းစွမ်းတမံ လေးစားအားကျစရာ တွေလုပ်ဆောင်ပြခဲ့ရင် ဒီဇာတ်ကားထဲမှာ မပါမဖြစ်ထည့်ကိုထည့်ရိုက်မှာပါ။ ဒီဇာတ်ကားကို ကြည့်မယ်လို့ အားခဲထားတဲ့ ပရိသတ်တွအတွက်ကတော့ စိတ်ပျက်စရာဖြစ်လာမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း သမီးတစ်ယောက်လို့သာ သိကြပြီး ဖခင်ရဲ့နာမည်ကြောင့် လူသိများတဲ့ ဒေါ်စုအကြောင်းဟာ ပြည်ပအတိုက်အခံတွေ ရဲ့ တကယ့် ဖြစ်ရပ်မှန်ထက် ပိုမိုအသားပေး ရေးသားမှု တွေကြောင့် သာမန်ထက်ပိုပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသူ တစ်ယောက်လို့ နာမည်ကြီး နေခဲ့ရတာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး သူတို့ထင်သလို ဒေါ်စုရဲ့ နောက်ကြောင်းက သာမန်ထက်ပို စိတ်ဝင်စားစရာ ကောင်းမှာ မဟုတ်တာကြောင့်ပါ။

ဒါကြောင့်မို့ The Guardian ရဲ့ဝေဖန်ချက်တွေက မှန်မမှန်။ ပြည်ပအတိုက်အခံမီဒီယာတွေရဲ့ ဒေါ်လာတောင်းကောင်းအောင် မြှောက်ပင့်ဖော်ပြရေးထားသလို ဒေါ်စုရဲ့ နိုင်ငံအတွက် ငြိမ်းချမ်းရေး အတွက် စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်ခဲ့တာတွေရှိမရှိ ဆိုတာတွေကို The Lady ဇာတ်ကားကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ပြီး စဉ်းစားဆုံးဖြတ်ကြပါ။ ဒါမှမဟုတ် သာမန်ထက်မပိုတဲ့ ဒီဇာတ်လမ်းကို အချိန်ပေးကြည့်မယ့် အစား ကိုယ့်အတွက်အကျိုးရှိမဲ့ စိတ်အပန်းပြေစေနိုင်မဲ့ ဇာတ်ကားတွေကြည့်ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို အကျိုးရှိရှိ အသုံးချကြပါလို့ ရွှေမြန်မာမှ အကြံပြု လိုက်ချင်ပါတယ်။


သား တို့ကတော့ ရယ်သောသူ အသက်ရှည်တယ်ဆိုလို့ ဒါပဲကြည့်မယ် ..
 
ေ၇ွှမြန်မာ   ဘလောဂ်မှ ဖော်ပြသည်

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий