ကျနော်တို့ မြို့ မှာ ဘုန်းကြီးကျောင်း လေးကျောင်းရှိတယ်။ ဓမ္မာရုံတစ်ခုလည်းရှိသေးတယ်။ အရင်တုန်းက ဘုန်းကြီးကျောင်း နှစ်ကျောင်းပဲရှိပါတယ်။ ဘုန်းကြီးကတစ်မျိုး၊ လူက တစ်မျိုးနဲ့ ဘုန်းကြီးကျောင်းတွေအများကြီးပေါ်လာပါတယ်။ မြို့ က သေးသေးလေးပါ။

နောက်ဆုံးပေါ်တဲ့ ဘုန်းကြီးကျောင်းတွေဟာ တစ်ကျောင်းနဲ့တစ်ကျောင်း ခဲ နဲ့ လှမ်းထုတောင် မှီနိုင်ပါတယ်။ အခုတော့ ဘုန်းကြီးကျောင်းတွေ ကွဲတာနဲ့လူတွေလည်းကွဲပါတော့တယ်။ အရင်တုန်းက မရှိအတူရှိအတူနေလာခဲ့တဲ့လူတွေ ဘုန်းကြီးကျောင်းကိစ္စနဲ့ စကားများရန်ဖြစ်ကြပြီး မတည့်ကြပြန်ဘူး။

မြန်မာကလွဲရင် အခြားကျောင်းတွေဟာ ခန်းနားကြီးမားသော အဆောက်အဦးကြီးတွေပါ။ မြန်မာကျောင်း ကတော့ ကဘောက်တိကဘောက်ခြာ ကျောင်းလို့ပြောလို့ရပါတယ်။ မြန်မာတွေဟာ ချမ်းသာတာမဟုတ်တဲ့အတွက် ကျောင်းသေးတာကိုတော့ လက်ခံပါတယ်။

ဖြစ်နိုင်ရင် ကျနော်က စုစည်းမှုနဲ့ ညီညွတ်မှုကို အရမ်းအလိုရှိပါတယ်။ သူငယ်ချင်းတွေကို ဘုန်းကြီးကျောင်းကိစ္စ ပြောဖြစ်တယ်။ ဘုန်းကြီးကျောင်းသုံးလေးကျောင်းဖြစ်နေတာ မကောင်းဘူးလို့လည်းမပြောချင်ပါ။ ဘုန်းကြီးလည်း အားလုံးပေါင်းမှာ လေးပါးလောက်ရှိပါတယ်။ သုံးကျောင်းပေါင်းရင်တောင် လေးပါးလောက်ပဲရှိတာကို ဒီလိုလုပ်ရင် မကောင်းဘူးလားလို့။

အခြားဘုန်းကြီးကျောင်းတွေကို ရောင်းပြီးတစ်ကျောင်းထဲမှာ ကျောင်းနှင့်တူသော ကျောင်းအကြီးတစ်ခုကို ဆောက်လုပ်ပြီး ဘုန်းကြီးတွေအချင်းချင်း သတင်းသုံးရင် မကောင်းဘူးလားလို့ အကြံပေးဘူးပါတယ်။ ဘယ်လူကြီး ဘယ်ဘုန်းကြီးကမှ စိတ်မ၀င်စားပါဘူး။ ဘာသာရေးလုပ်ပြီး အတ္တတွေကြီးကြတယ်။ သာသာနာတော်ပြန့်ပွားရေးလုပ်ဖို့အတွက် ဘုန်းကြီးကျောင်းထောင်ထားတာပါ။ ဘုန်းကြီးတွေ ငွေကို မက်ပြီးသြစတျေးလျမှာ သတင်းသုံးဖို့မဟုတ်ပါ။

ကျနော် မိရိုးဖလာ ဗုဒဘာသာဝင်တစ်ဦးပါ။ ဘုန်းကြီးကိုလည်း ရှိခိုးတက်ပါတယ်။ လေးစားတက်ပါတယ်။ သံဃာဆိုတာကိုလည်း ကြည်ညိုပါတယ်။ သို့သော် ချွင်းချက်တော့ရှိပါတယ်။ ဘုန်းကြီးဆိုရင် ၀ိနည်းနဲ့နေတဲ့ဘုန်းကြီး၊ တန်ခိုးမကြီးရင်တောင် ဘုန်းကြီးစာတက်တဲ့ ဘုန်းကြီးတွေကို ပိုပြီးကြည်ညိုပါတယ်။ ဘုန်းကြီးဝတ်ပြီး ငွေရဖို့၊ အစားချောင်ဖို့အတွက် သင်္ကန်းကိုခုတုံးလုပ်တာတော့ မကြိုက်ဘူး။ ဒါ့ကြောင့် ကျနော်သည် ကျနော်တို့မြို့ ကဘုန်းကြီးကျောင်းကိုသွားပြီး ဘုန်းကြီးကို ကန်တော့ဖို့ အင်မတန်ဝန်လေးပါသည်။

ခရာဇ်ယာန်ဘာသာဝင် မြန်မာလူကြီးတစ်ယောက်က ဘုန်းကြီးကျောင်းကို အပျင်းပြေသွားလည်တယ်။ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့သူက ခရစ်ယာန်ကိုးကွယ်တဲ့လူကို ဒီလိုပြောတယ်။ မင်းငါ့ကျောင်းကိုလာပြီး ငါ့ကို ကန်တော့ပေါ့။ ဒီမှာတင် ဟိုလူက....မင်းလည်း လူ၊ ငါလည်း လူ ဘာလို့ မင်းကိုငါက ရှစ်ခိုးရမှာလဲလို့ပြောရော။ ဒါက ကျနော်တွေ့ဘူးကြားဘူးတဲ့ မြို့ က ဖြစ်ရပ်တစ်ခုပါ။

ကျနော်တို အလုပ်လုပ်တဲ့ ၀င်ငွေဟာ တစ်နှစ်ကိုမှ ဒေါ်လာ နှစ်သောင်းလောက် စုမိရင် အတော်ကံကောင်းပါ။ ဟိုပေး ဒီပေး၊ ဟိုဟာဝယ် ဒါဝယ်နဲ့ လစာထုတ်တာနဲ့ကုန်ပါတယ်။ ဒါက လူတိုင်းပါ။ နိုင်ငံခြားမှာနေတဲ့လူတိုင်း ငွေကိုအများကြီးမစုနိုင်ပါ။ နေဘူးတဲ့လူတိုင်းသိပါတယ်။ သူ့ ငွေနဲ့သူ့ ဟာက ကွက်တိပါ။

သို့သော် ဘုန်းကြီးတွေ ငွေအတော်စုမိတယ်။ သူတို့မှာ ဘာကုန်ကျစရိတ်မှမရှိဘူး။ ဆွမ်းလည်း အခမဲ့။ နေစရာကျောင်းလည်း အခမဲ့။ ရေဖိုးမီးဖိုး အခမဲ့။ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးလည်းရသေးတယ်။ တကယ်လို့ကျောင်းတက်နေရင်ပေါ့။ ဒါ့အပြင်၊ တရားပွဲသွားရင် အလှူငွေ၊ ကထိန်ဆိုရင်လည်း အလှူငွေရပါတယ်။ တစ်နှစ်ကို သုံးလေးသောင်းလောက် သူတို့မှာ ၀င်ငွေရှိပါတယ်။ တရားဟောကောင်းရင်ကောင်းသလို ထောပါတယ်။ မနာလိုလို့ပြောနေတာမဟုတ်ပါ။ ကျောင်းမှာက ဘုန်းကြီး တစ်ပါးနှစ်ပါးပဲရှိတော့ ထောပါတယ်။ ဒါတောင် ဘုန်းကြီးတွေဟာ ညီညီညွတ်ညွတ်နဲ့ မြန်မာ့ကွန်မြူနတီ အတွက် ရည်ဇူးပြီး တစ်ကျောင်းထဲဖြစ်ဖို့အတွက် မလုပ်ကြဘူး။ တခါတလေ စဉ်းစားမိတာက ဘုန်းကြီးလည်းလူပဲ။ အတ္တရှိတယ်။ နေရာလုကြတယ်လို့။

သူတို့အချင်းချင်းကွဲတော့ လူတွေပါလိုက်ကွဲကြတယ်။ ဘုန်းကြီးဝတ်တာက ငွေရဖို့မဟုတ်ပါ။ သာသနာအတွက်ဖြစ်ပါတယ်။ ကျနော်သည် ဒီလိုဘုန်းကြီးများကို ကန်တော့ဖို့အင်မတန်ဝန်လေးပါတယ်။ ကျနော် ဘုန်းကြီးကျောင်းသွားဖို့ အင်မတန်ကြောက်ပါတယ်။ သာမညဆရာတော်လိုမျိုးဘုန်းကြီးဆိုရင် ကျနော်အတော်ကြည်ညိုပါတယ်။ ကန်တော့ပါတယ်။ အခုတော့ တခါတလေ ဘုန်းကြီးတွေကိုကြည့်ပြီး အရမ်းစိတ်ပျက်တယ်။

သြစတျေးလျနိုင်ငံမှာ သတင်းသုံးတဲ့ဘုန်းကြီးဟာ အင်္ဂလိပ်လိုမှ အခြားသူတွေကို တရားမဟောတက်ရင် ဘယ်လိုလုပ်ပြီးသာသနာက ပြန့် ပွားအုံးမှာလဲ။ အခုတော့ ဘုန်းကြီးအတော်များများဟာ လုံးဝ တရားမဟောတက်ဘူး။ ဘိုလိုပြောတာပါ။ ဗမာလိုတော့ ဟောပါတယ်။ ဆိုတော့ သြစတျေးလျလာတာ ဘာလုပ်ဖို့လဲ။ ငွေ ရဖို့လား။ ဘုန်းကြီး ၀တ်တာဘာလုပ်ဖို့လဲ။ အစားချောင်လို့လား။ ဘုန်းကြီးအားလုံးကို မဆိုလိုပါဘူး။ လုပ်တဲ့ဘုန်းကြီးတွေကို ပြောနေတာပါ။ ဘာသာတရားကိုလည် မစော်ကားပါဘူး။ ကျနော် စိတ်ရှင်းရှင်းနဲ့ ကုသိုလ်လိုချင်ပါတယ်။

Phone Kyaw










ဘုန်းကြီးအလုပ်မလုပ်ကြသော ဘုန်းကြီးများ

ref : http://groups.google.com/group/myanmar-daily-info-n-general-knowledge/browse_thread/thread/ce64dc0804105805


ဖြည့်စွက်ချက်။ ။ Phone Kyaw ပြောသလိုပဲ ဘုန်းကြီးဆိုတာ ဘုန်းကြီးနဲ့ တူတာပဲ ကောင်းပါတယ်ဗျာ။ သင်္ဃန်းဝတ်ထားတိုင်း ဘုန်းကြီးပါလို့ ဘုရားကလည်း မဟောခဲ့ပါဘူး။ အပေါ်မှာ ဖော်ပြထားတဲ့ သင်္ဃန်းဝတ်နဲ့ မာတုကာမ ကို လိင်ဆက်ဆံနေတဲ့ ပုဂ္ဂိုလ်၊ သင်္ဃန်းဝတ်နဲ့ မာတုကာမပုံကို ရင်ဘက်ချိတ်ထားတဲ့ ပုဂ္ဂိုလ်၊ သင်္ဃန်းဝတ်နဲ့ မာတုကာမကို ထိုင်ရှိခိုးနေတဲ့ ပုဂ္ဂိုတွေ နဲ့ စိတ်ပုတီးမကိုင်ပဲ လက်ထိပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ ဗုဒ္ဓသာသနာကို ဖျက်ဆီးသူများသာ ဖြစ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်များကို လူဝတ်လဲပြီး ထောင်းသွင်းအကျဉ်းချ သင့်ပါတယ်။ ဘုန်းကြီးကျင့်ဝတ်နဲ့ မညီတဲ့ဘုန်းကြီးတွေကို ထောင်သွင်းအကျဉ်းချတာ မကျေနပ်သူများအားလုံး အပေါ်မှာ ဖော်ပြထားတဲ့ လိင်ဆက်ဆံနေတဲ့ ဘုန်းကြီးရဲ့ ပုံကို ဒေါင်းလော့ချပြီး နေ့တိုင်းရှိခိုး အိပ်နိုင်ပါကြောင်း........။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий