ချက်ချင်းဝဋ်လည်သည့် ဗြိတိန်နိုင်ငံ

၁။ မကြာသေးမီက ကမ်္ဘာတစ်ဝန်း ဒီမိုကရေစီဘိုးအေဟု အမည်ပေးခံထားရသည့် ဗြိတိန်နိုင်ငံရှိ လန်ဒန် မြို့တော်မြောက်ပိုင်း၌ အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ ကမ္ဘာတစ်ဝန်း အကြီးအကျယ်တအံ့တသြဖြစ်ခဲ့ကြပါသည်။ အသက် ၂၉ နှစ်အရွယ်ရှိ မာ့ခ်ဒက်ဂန်ဆိုသူကို လန်ဒန်ရဲက သေနတ်နှင့်ပစ်ခတ်ရာက စတင်ခဲ့ခြင်းဖြစ် ပါသည်။ ထိုကဲ့သို့သော ဒီမိုကရေစီနိုင်ငံကြီးတွင် ရဲက ပြည်သူကို သေနတ်နှင့်ပစ်ခတ်သည်ဟူသည့်အချက်သည် မအံ့သြဘဲမနေနိုင်လောက်သည့် အချက်ပင်ဖြစ်ပါသည်။ ၎င်းင်းအချက်ကိုအခြေတည်၍ အဓိကရုဏ်းများစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အဓိကရုဏ်းဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ပြဿနာကြီးထွားမှု၊ ဆင်းရဲချမ်းသာကွာဟမှုတို့ကြောင့်ဖြစ်ပါသည်။
၂။ ဘာမင်ဂန်၊ လစ်ဗာပူးလ်၊ နော်တင်ဟမ်၊ ဘရစ်စတန်နှင့် မစ်ဒ်ဝေးဒေသတို့တွင် လုယက်မှု၊ အကြမ်းဖက်မှု နှင့် မီးရှို့မှုများ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့ပါသည်။ အဓိကရုဏ်းစတင်ချိန်မှစ၍ လူပေါင်း ၅၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး သြဂုတ်လ(၉)ရက်နေ့ ညတွင် ရဲက ဆန်္ဒပြသမားများကို နံပါတ်တုတ်များဖြင့် ရိုက်နှက်နှိမ်နင်းခဲ့ပါသည်။ ရဲတပ်ဖွဲ့၏အဆိုပါလုပ်ရပ်များအပေါ် ဘီဘီစီလေသံဖြင့်ပြောရလျှင် ““အဆိုပါဖမ်းဆီးမှု၊ ပစ်ခတ်ရိုက်နှက်မှုတွေ အပေါ် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်ရပါတယ်””လို့ပြောရမည်ဖြစ်ပါသည်။ အလားတူပင် ဘီဘီစီလေသံအတိုင်း ““အကြမ်းဖက်မှုတွေနဲ့ဖမ်းဆီးထားတဲ့အကျဉ်းသားတွေကိုလွှတ်ပေးပါ””ဟု မေတ္တာရပ်ခံရမည့်အနေအထားရှိ ပါသည်။ ထိုကဲ့သို့သော အဓိကရုဏ်းမျိုး ဗြိတိန်တွင် ၁၉၈၅ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်တို့တွင်လည်း ဖြစ်ပွားခဲ့ဖူးပါသည်။ ၁၉၉၅ ခုနှစ် ဘရစ်စတန်အဓိကရုဏ်း၌ လန်ဒန်မြို့နေရာအနှံ့တွင် မီးလောင်မှုများဖြစ်ပွားခဲ့ရပါသည်။
ယုံကြည်ချက်ကြောင့် ဆန္ဒပြသူများကို ဒီမိုကရေစီနိုင်ငံကြီးမှ ရဲများက ရိုက်နှပ်ဖမ်းဆီးစဉ်

၃။ လန်ဒန်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်း၏ အကြောင်းအရင်းမှာ ““ဒက်ဂန်””အားရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှု၊ အလုပ်လက်မဲ့ပြဿနာကြီးထွားလာမှုနှင့် လူမှုဖူလုံရေးအစီအစဉ်များဖြတ်တောက်မှု၊ ဆင်းရဲချမ်းသာ ကွာဟချက်ကြီးမားလာမှု၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူမှုရေးဆောင်ရွက်ပေးမှု နိမ့်ကျနေမှု၊ ရာဇ၀တ်မှုများ ပိုမိုဖြစ်ပွား လာမှု၊ အဓိကရုဏ်းများဖန်တီးလုပ်ဆောင်မှု၊ ဘာမင်ဂန်ရှိဆူပူဆန်္ဒပြမှုများသည် ဒေါသကြောင့်မဟုတ်ဘဲ အလိုရမက်လောဘဇောကြောင့် လုယက်ယူငင်လိုသော စရိုက်လက္ခဏာများရှိမှု စသည့်အချက်များပါဝင်ကြောင်း သတင်းဌာနများက ထုတ်ပြန်ကြေညာခဲ့ပါသည်။
၎။ ဆန်္ဒပြသမားများသည် ရဲကားများ၊ ဘတ်စ်ကားများကိုလည်း တိုက်ခိုက်ခဲ့ပါသည်။ တော့ပ်တင်ဟမ်ဒေသရှိ ဈေးဆိုင်များ၊ နေအိမ်များနှင့် စတိုးဆိုင်တံခါးများကို ဖျက်ပြီးလုယက်ခဲ့ကြပါသည်။ ရဲတပ်ဖွဲ့ဝင် ၁၁၁ ဦးဒဏ်ရာရရှိခဲ့ ပါသည်။ ထိုကဲ့သို့ ဥပဒေမဲ့ဖြစ်စဉ်များဖြစ်ပွားနေချိန်အတွင်း မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းရန်အလွန်ခက်ခဲ ခဲ့ပါသည်။
၅။ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သြဂုတ်လ(၁၀)ရက်နေ့တွင် လန်ဒန်မြို့၌ လုံခြုံရေးတပ်ဖွဲ့ ၁၆,၀၀၀ အထိချထားခဲ့၍ အဓိကရုဏ်းမဖြစ်ပွားခဲ့သော်လည်း တတိယအကြီးဆုံးမြို့ဖြစ်သည့် မန်ချက်စတာမြို့တော်တွင် လုယက်မှုနှင့် မီးရှို့မှုများဖြစ်ပွားခဲ့ရပါသည်။ သေဆုံးသူဦးရေ ၃၀ ခန့်မြင့်တက်လာကြောင်း ဗြိတိသျှအစိုးရက သတင်းထုတ်ပြန်ခဲ့ပါသည်။
၆။ အဓိကရုဏ်းနှင့်ပတ်သက်၍ အီရန်သမ်္မတ မာမွတ်အာမက်ဒီနီဂျက်က ပြစ်တင်ဝေဖန်ခဲ့ပြီး အရေးယူ ဆောင်ရွက်ပေးရန် ကုလသမဂ်္ဂအဖွဲ့ထံ တောင်းဆိုခဲ့ပါသည်။ ဗြိတိသျှရဲတပ်ဖွဲ့က ပြည်သူများကို ယခုကဲ့သို့ ကြမ်းတမ်းစွာနှိမ်နင်းခြင်းသည် လက်ခံဖွယ်မရှိကြောင်း၊ အစိုးရအဖွဲ့သည် ရေနံကိုရလိုမှုဖြင့် အီရတ်၊ အာဖဂန် နစ်္စတန်၊ လစ်ဗျားနိုင်ငံတို့အားကျူးကျော်တိုက်ခိုက်မည့်အစား ပြည်သူများ၏ တောင်းဆိုချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးသင့်ကြောင်းနှင့် အီရန်နိုင်ငံသားများအနေဖြင့် ဗြိတိန်နိုင်ငံသို့သွားရောက်ခြင်းကို ရှောင်ရှားသင့် ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
၇။ ဆူပူအကြမ်းဖက်သူများသည် jewelling shops နှင့် Wood Green, London တို့ရှိ လက်ဝတ်ရတနာ ဆိုင်များသို့ ၀င်ရောက်လုယက်ယူငင်ရန် ကြိုးပမ်းမှုလည်း ဖြစ်ပွားခဲ့ပါသည်။ ဗြိတိန်နိုင်ငံကြီးသားများသည်လည်း အလျှိုအချောင်လုပ်တတ်သည့်စရိုက်ကြီးမားသည်ကို ထင်ထင်ရှားရှားတွေ့ရပါသည်။
နိုင်ငံကြီးသားများက ခိုးယူ လုယက်ကြစဉ်

၈။ ၎င်းင်းဆူပူလုယက်မှုသတင်းများကို သတင်းလွတ်လပ်ခွင့်အရဆုံးဖြစ်သည့် ဘီဘီစီက မည်သို့လျော့လျော့ ပေါ့ပေါ့ထုတ်လွှင့်နေသည်ဆိုသည်ကို တွက်ဆကြည့်ရန်လိုပါသည်။ သတင်းလွတ်လပ်ပါသည်ဆိုသည့် ဘီဘီစီသည် ““ တော်ဝင်မိသားစု””သတင်းကို ခွင့်ပြုချက်ရမှထုတ်လွှင့်ရသည်ဖြစ်ရာ ဤဆူပူလုယက်မှုသတင်းသည် တော်ဝင်မိသားစုသတင်းမျိုးနဲ့ တန်းတူအခွင့်အရေးရနိုင်သည့် အနေအထားရှိပါသည်။ ဘီဘီသည်““ ကိုယ့်မျက်ချေး တော့ကိုယ်မြင်ဟန်”” မရှိပါ။ သူများအကြောင်းဆိုရင် ရေသောက်ပြီး အိမ်ပေါက်စေ့လှည့်လည်ပြောတတ်သည့်အမွှာ ညီနောင်အသံလွှင့်ဌာန များဖြစ်သည့် BBC, VOA, RFA နှင့် DVB တို့သည် တက်ညီလက်ညီရှိကြပါသည်။

ဗြိတိန်ဘုရင်မကြီး အိုင်ယာလန် ရောက်စဉ်က

၉။ ဘီဘီစီအသံလွှင့်ဌာန၏ အုပ်ချုပ်ရေးအဖွဲ့ကို ဗြိတိသျှအစိုးရကရွေးချယ်ပြီး ဘုရင်မကြီးက အတည်ပြု ခန့်ထားပါသည်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၂ ဦးရှိပြီး ညွှန်ကြားရေးမှူးချုပ်တစ်ဦးခန့်အပ်ထားပါသည်။ ညွှန်ကြားရေးမှူးချုပ်သည် ဘီဘီစီစီမံခန့်ခွဲရေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်ပါသည်။ ၎င်းင်းလက်အောက်တွင် အမှုဆောင်ညွှန်ကြားရေးမှူးကိုခန့်ထားပါသည်။ ဘီဘီစီ၏အသုံးစရိတ်ကို ဗြိတိသျှပါလီမန်က နှစ်စဉ်ခွင့်ပြု ပေးထားရာ ပင်လယ်ရပ်ခြားအသံလွှင့်အစီအစဉ်များအတွက် ပါလီမန်က နှစ်စဉ်စတာလင်ပေါင် ၁၅ သန်းခန့် ခွင့်ပြုထားပါသည်။ ၎င်းအချက်များကြောင့် ဘီဘီစီသည် အစိုးရနှင့်မဆိုင်၊ သီးခြားအသံလွှင့်ဌာနဟု ကြေညာခြင်းသည် ဗြောင်လိမ်ဗြောင်စားလုပ်ခြင်းသာဖြစ်ပါသည်။ အလားတူပင် ဗြိတိန်အစိုးရသည် နိုင်ငံတကာ တွင် မငြိမ်မသက်ဖြစ်စေရေး ၀င်ရောက်စွက်ဖက်လျက်ရှိခြင်းကြောင့် ယခုအဓိကရုဏ်းဖြစ်စဉ်သည် ချက်ချင်း ၀ဋ်လည်ခြင်းဖြစ်သည်ဟု အတိအကျမှတ်ယူနိုင်ပါသည်။
ဖော်လံဖား BBC ကိုချို

Recently, at the northern part of London city of Britain given the name “ the grandpa of democracy all over the world”, an occurrence of riot made astonishment all over the world. The London police shot a 29 year old man Mark Duggan and it started riot. It can't help wondering this point that the police shot the civilian in democractic nation like that. After depending on this point, the riots started to occur because of poverty gap and increasing problems of unemployment.

In Birmingham, Liverpool, Nottingham and Bristol regions, robberies, violences and arsons occured terribly. 525 People were captured at that time and on the night of 9th August, the policemen vanquished by using bludgeons. By BBC pronouncing words (accent) on that incident of the police force, "These captures and violences make anxiety to international community. Similarly it was in the position to request that "release the captured prisoners by violence". Likewise, in 1985 and 1995, it had occured in Britain. In 1995, the arsons of Bristol, riots were being scattering in London.

Gunshot to Duggan from police force, increasing the problem of unemployment, cut out of the measure of social welfare, large gap between richness and poorness, lowliness in social undertaking (performance)of developed nations, more occurance of the cirme, fabrication the riots and demonstration violence in Birmingham were not for anger. The Newsagencies proclaimed that it was for the characters of robery avarice.

Protesters fought the police cars and buses. They destroyed the doors of the stores, the shops and the residences and robbed. 111 members of police force injured. During unlawful incident, members of Fire Brigade were very difficult to extinguish.

On 10th August in London, Prime Minister David Cameroon deployed 16,000 security forces. So, the riot did not occur. But, in Manchester city, third largest town, robbery and arsons occured. British Government broadcast a news that the dead toll became raised about 30.

Concening with the riot, Iran Presidant Mahmoud Ahmadinejad censured and claimed to the United Nations to take action seriously. On 10th August, Iran Foreign Ministry issued the news that not to accept the vanquishing to the civilians from British police force, like that the government should undertake in full the claim of the civilians in stead of invation to Iraq, Afghanistan, Libya by acquisition of petroleum and to avoid going to Britain for Iran citizens. The protesters made effort to interfere and rob into jewelling shops in Enfield and Wood Green, London. The so-called Britishmen can be seen clearly.

It needs to guess that BBC, getting chance to broadcast free news is broadcasting the robbery news less. BBC has to announce just only permission of the Royal family. It is in the position on a par with the news of the Royal family. The fault can not be seen itself for BBC with VOA, RFA and DVB broadcasting agencies, BBC is in hamony by talking about the gossips of others.

The British government selected the members for administration and the Queen ratified the appointment. Administrative members and Director General were appointed. DG is a chairman of the board of the management of BBC. Under that position, there is an Executive Director. The expenditure of BBC is permitted by the British perliament annually. For overseas broadcasting programme perliament permits about £15,000,000 annually. The declaration that BBC does not concern with government and private broadcasting station, is a lie. Similarly British Government is interfering on the unrest of international countries. The process of this riot was regarded definitely as retribution immediately.

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий