လူဆိုတာ ကောင်းတာလုပ်ရင် ကောင်းတယ်လို့ချီးကျူးရဲရသလို မကောင်းတာလုပ်ရင်လည်း ဒါမကောင်းဘူးလို့ ပြောဆိုရဲရမှာပါ။ ချီးကျူး ကဲ့ရဲ့ ဝေဖန်တဲ့ အခါမှာလည်း တဖက်စောင်းနင်း မျက်နှာလိုက်ပြီး ဟိုလူကျတော့ တမျိုး ဒီလူကျတော့တမျိုး မလုပ်ဖို့လိုပါတယ်။ ဒါမှလည်း သမာသမတ်ကျတဲ့ လူဖြစ်မှာပါ။

ယနေ့ ပုဇွန်တောင်မှာ ရှိတဲ့ မီးဘေးဒုက္ခသည်တွေဆီကို လုပ်ငန်းရှင်တွေ၊ ပြည်သူတွေ၊ အသင်းအဖွဲ့တွေ၊ အနုပညာရှင်တွေ သွားရောက် အားပေးစကားပြောကြားပြီး လိုအပ်တဲ့ပစ္စည်းတွေ ငွေတွေ လှူဒါန်းကြ ပါတယ်။ ဒေါ်စုတစ်ယောက်လည်း လာပြီးလှူတာတွေ့ရပါတယ်။ အဲဒီမှာပဲ အထက်က ပြောသလို ဝေဖန်စရာရှိ မျှမျှ တတပြောဆို ဝေဖန်မယ်မရှိ ဒေါ်စုလုပ်သမျှ အကောင်း၊ ကျန်တဲ့သူလုပ် အမှားဆိုပြီး တဖက်စောင်းနင်း မြင်ကြတဲ့ အသိဉာဏ်မဲ့ ပြောဆိုဝေဖန်မှု တွေကိုတွေ့ရပါတယ်။ ဗိုလ်ချုပ်သမီးဆိုတာနဲ့ ဒေါ်စုအပေါ် အဆိုးမမြင်နိုင်ဘဲ အကောင်းမြင်နေတာဟာ သူ့အဖေ ကျောင်းဆရာဆိုတာနဲ့ သူ့သမီးကျောင်းဆရာမဆိုပြီး ဦးဏှောက်မဲ့ ထင်မြင်ကြတဲ့ သူတွေရဲ့ အတွေးအခေါ်မရှိတဲ့ အမြင်ကျဉ်းမြောင်းမှုပါ။ လာလှူတာခြင်း အတူတူ ဒေါ်စု ကမှ လာလှူတာ ဒေါ်စုကမှ စိတ်ရင်းအမှန်နဲ့ လာတာ ဆိုပြီး ကျန်တဲ့လာလှူတဲ့လူတွေအပေါ်ကျ မကောင်းမြင်ပြောဆိုနေကြတာဟာ အပေါ်က ပြောခဲ့သလို သမာသမတ်မကျတဲ့သူ၊ ဦးဏှောက်မရှိတဲ့ သူတွေပဲ ဖြစ်ပါလိမ့်မယ်။ အောက်မှာ ဘယ်လိုတဖက်စောင်းနင်းပြောဆိုထားကြလဲဆိုတာကို Facebook ကနေရလာတဲ့ အထောက်အထား ဓာတ်ပုံတွေနဲ့ တင်ပြထားပါတယ်။

 ကျန်တဲ့ သူတွေ ပြုံးတော့ မကောင်းပြော၊ ဒေါ်စုပြုံးတော့ very nice တဲ့

 သူများကျ ဘုန်းကြီးကျောင်းမှာ ဖိနပ်စီးလို့တဲ့၊ ဒေါ်စုစီးတာကျ ဝေဖန်သံမထွက်

 မြန်မာပြည်မှာ ထိုကဲ့သို့လူတွေများလာရင် သေချာပါတယ် မြန်မာပြည်ကြီး တန်ခိုးရှင် တစ်ယောက် ယောက် လာအုပ်ချုပ်တောင် တိုးတက်မှာမဟုတ်ပါဘူး။ ယနေ့ခေတ် နိုင်ငံရေးအကြောင်း နကန်း တစ်လုံးမှမသိ အများကဒေါ်စု ဆိုတာနဲ့ အမေစုလိုက်လုပ်၊ အန်တီစု လိုက်လုပ်နဲ့ ဒေါ်စုတစ်ယောက်ပဲ မြန်မာပြည်အတွက် ကယ်တင်ရှင်ကြီးထင်၊ ဒေါ်စုမှပဲ မြန်မာပြည်တိုးတက်အောင် လုပ်နိုင်မယ်ထင်။ ဒေါ်စုလုပ်ရင်အကောင်း ကျန်တဲ့သူလုပ်ရင် မကောင်းဆိုတဲ့ အတွေးအခေါ်ညံ့ညံ့ လူတွေကြောင့် မြန်မာနိုင်ငံတိုးတက်ဖို့ အနှောင့်အယှက်ဖြစ်နေရတာပါ။ ဗိုလ်ချူပ်သမီးဒေါ်စုမှ မဟုတ်ပါဘူး၊ သာမန်မိသားစုကပေါက်ဖွားလာတဲ့ လူလည်း ခေါင်းဆောင်မှု အရည်အချင်းနဲ့ပြည့်စုံစွာနဲ့ နိုင်ငံနဲ့ လူမျိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် မြန်မာတွေရဲ့ ပုဂ္ဂိုလ်စွဲနဲ့ ယုံကြည်မှု၊ ထင်မြင်မှုတွေကို ရပ်တန်းကရပ်ပြီး မျှတတဲ့ အမြင် သမာသမတ်ကျတဲ့ ဝေဖန်၊ ချီးကျူးမှုမျိုးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီ သွားရာလမ်းမှာ လက်တွဲညီညီ ပူးပေါင်းပါဝင်ကြဖို့ ရွှေမြန်မာက တိုက်တွန်းလိုက်ရပါတယ်။  

သူတို့လိုဆို ရွှေမြန်မာလည်း ဝေဖန်တတ်ပါတယ်။ သူများတွေပူဆွေးနေတဲ့အချိန်မှာတောင် ပန်းပန်မပျက် အလှကြိုက် ပန်းကြိုက်တဲ့ ပန်းမမ ဒေါ်စုဆိုပြီး။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий