ဆရာဆိုတာ တပည့်သားချင်းအပေါ်မှာ ကိုယ်ချင်းစာနာစိတ်ရှိရပါ့ မယ်။ဆရာကျင့် ဝတ်မှာ ဆိုထားတဲ့  အတိုင်း တပည့် ကမှားသည် ဆိုစေဦးတော့  ခွင့် လွှတ် ပေးရိုးထုံးစံဆိုတာ မြန်မာနိုင်ငံရဲ့ ချစ်စရာကောင်းတဲ့  ဓလေ့ ထဲ က တခုအပါအ၀င်ပါ။ဒါပေမဲ့ ခုတလော ကြားရတာကတော့  စိတ်မချမ်းသာစရာပဲဗျာ။မျိုးစေ့ မမှန်လို့  အပင် မသန်တာ အထူးအဆန်းတော့  မဟုတ်ဘူးပေါ့။ဒါပေမဲ့ ငဘနားမလည်တာက နိုင်ငံရေးလုပ်သူတွေရော၊စိတ်ဝင်စားသူတွေအားလုံးကပါ မျက်လုံးဒေါက်ထောက်ကြည့် နေချိန်မျိုး မှာ မပြေးသော်ကံရာရှိပေါ့။ဆရာဟောင်းဖြစ်ခဲ့ ဖူးပါရက်နဲ့  အမွေဖြတ်မှာတွေရော၊ ပွဲကို ခု၇ပ်၊မရပ်ရင် တပည့်  အဖြစ် အသိအမှတ်မပြုတော့ ဘူး။ဘာညာ သာလကာပေါ့။ဆိုတော့  ငဘကတော့  သူနိုင်ငံအတွက် အနစ်နာခံတယ်ဆိုတာ ကို တော့  နည်းနည်း သံသယဖြစ်လာပြီ။
ဒီသတင်းလေးရဲ့ နောက်ဆက်တွဲမှာများ တပည့် သားချင်းများက မကျေနပ်ချက်များ ၇ှိလို့ ဖော်ထုတ်မယ်ဆိုရင် ငဘတို့ လဲမကြားဝံသာ သတင်းစကားများကို ကြားရလိမ့် ဦးမယ်လို့ တော့  ထင်ယောင်မိပ။ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်သားတွေရင်ကြားစေ့ ပါဆိုပြီး အကိုနဲ့ တရားရုံးမှာ ရင်ဆိုင်သလို မောင် ဇာဂနာတို့ ကလည်း ကိုယ်မွေးထားတဲ့  တပည့် သားချင်းတွေနဲ့ စားကွက်လုနေတာကတော့  အင်း ဘမျိုးဘိုးတူလို့ ဆိုရမလား။ဒီချိန်မှာ မနိုးနိုး ပြောသလို ရှေ့ ကလျောက်တဲ့ သူအတိုင်းလိုက်များလုပ်တာ
လားလို့  ထင်ယောင်မိပဗျာ။link
ယုံကြည်ချက်တူပါတယ်လို့ ကြေငြာထားပြီကာမှ ၄နှစ်တာ ကာလေ အတွင်းမှာများ ကွဲပြဲဇာတ်လမ်းများ ငဘကြားမိရင် ။အင်း ။အဆန်းတော့  မဟုတ်ပါဘူးလို့ တွေးနေနိုင်ပြီဗျ။ခတ်တာက ၄ နှစ်တိတိ နိုင်ငံရပ်ခြားမှာ လူအများထောက်ခံမှု့ ရရှိအောင်အစိုး ရကို ဝေဖန်ပုတ်ခတ်ပြောဆိုခဲ့ တဲ့  ပြည်တော်ပြန် မောင်ဂေါ်ဇီလာတို့ ကို ပဲ သနားမိလိုလို။ဘာပဲဖြစ်ဖြစ် တပည့် မကောင်းရင်လဲ ဆရာခေါင်းပဲဖြစ်သလို ၊ဆရာမကောင်းရင်လည်း တပည့် ခေါင်းဖြစ်တက်ပြန်တယ်ဆိုတာ မောင်ဇာဂနာတို့  သီးလေးသီးက ဥပမာပြသွားပြန်ပြီ ခင်ဗျာ။
ငဘ

ကိုယ်တပည့် သားချင်းကို ပုပ်သိုးနေတဲ့ အသီးလို့  ခိုင်းနှိုင်းသွားတဲ့  ဆရာကောင်း
တယောက်။
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий