ဒီနေ့ညနေ ခြောက်နာရီ အစိုးရ ရုပ်မြင်သံကြား သတင်းမှာ ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိုယ်စားလှယ် အဖွဲ့နဲ့ ၀ အထူးဒေသ ကိုယ်စားလှယ်အဖွဲ့၊ မိုင်းလား အထူးဒေသ ကိုယ်စားလှယ် အဖွဲ့တို့ စက်တင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ကျိုင်းတုံမြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး ပဏာမ ငြိမ်းချမ်းရေး သဘော တူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ကြေညာ သွားပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့မှာ အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြေညာချက် ထုတ်ပြန် ဖိတ်ခေါ် ပြီးတဲ့နောက်မှာ ၀ ၊ မိုင်းလား အဖွဲ့တို့နဲ့ ပထမဆုံး ပဏာမ ငြိမ်းချမ်းရေး သဘော တူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။ သဘော တူညီချက် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ အစိုးရရဲ့ ကြေညာချက် မှာတော့ ပြည်နယ် အစိုးရနဲ့ ပဏာမအဆင့် သဘော တူညီချက် ရပြီးရင် ပြည်ထောင်စု အစိုးရနဲ့ ဆက်လက် ဆွေးနွေးဖို့ ဖော်ပြထားပါတယ်။
ဒီသတင်း မထုတ်ပြန်ခင်တုံးကတော့ ဧရာဝတီ မဂ္ဂဇင်း ၀က်ဘ်ဆိုက်မှာ ၀ နဲ့ အစိုးရကြား တွေ့ဆုံ ဆွေးနွေးတဲ့ သတင်းကို ဖော်ပြ ထားပေမယ့် အစိုးရ၏ ကမ်းလှမ်းစာတွင် "စိတ်ပျက်စရာ" အချက်များ ပါဝင်နေသဖြင့် နှစ်ဘက် ကွာဟချက် ပိုမို ကြီးမားစေမည်ဟု UWSA က ယူဆကြောင်း ၀ တပ်ဖွဲ့ ခေါင်းဆောင်တို့နှင့် နီးစပ်သူ တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သဘော တူညီချက် မရနိုင်တဲ့ အခြေအနေကို ရေးထားခဲ့ပါတယ်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий