ဘာတွေပြောနေ ၊အော်နေကျလဲ မသိဘူး

၁၉၈၈ အရေးအခင်းကာလတုန်းက ဆူပူ အကြမ်းဖက် ၊ လူအချင်းချင်း ခေါင်းဖြတ်နေကြချိန် ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဆူပူဆန္ဒပြသူအချို့ သေဆုံးခဲ့တာတွေရှိတယ် ..မြန်မာအတိုက်အခံတွေ အဲဒီတုန်းက လမ်းစဉ်ပါတီအစိုးရကို အပြစ်တင်ခဲ့ကြတယ် လူသတ်တဲ့အစိုးရဆိုပြီး ကျယ်ကျယ်လောင်လောင်အော်ခဲ့ကြတယ်....
တပ်မတော်အစိုးရအာဏာရယူပြီးတဲ့နောက်ပိုင်းမှာလဲ အရှိန်မသေသေးတဲ့ ဆူပူဆန္ဒပြသူတွေနဲ့ တပ်မတော်အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ဆုံရာ မှာ သေဆုံးသူတွေရှိခဲ့တယ် ဒါကိုလဲ ဒီလိုပဲ ပြောခဲ့ကြတယ် အစိုးရ ကလူသတ်တယ် ဘာညာဆိုပြီး ကမ္ဘာတုန်အောင် အော်ခဲ့ကြတယ် ..
၂၀၀၇ ခုနှစ်မှာလဲ ဒီအတိုင်းပဲ ရွှေဝါရောင်တော်လှန်ရေးလို့ အမည်တပ်ထားတဲ့ ဆူပူမှုတွေမှာ သေဆုံးမှု ၊ ဖမ်းဆီးမှုအချို့ရှိခဲ့တယ် ဒါလဲ..မြန်မာအတိုက်အခံတို့နဲ့ သူတို့ကိုအထောက်အပံ့ပြုပေးနေ တဲ့ ပြည် တွင်းပြည်ပ မီဒီယာတွေက အဲဒီတုန်းက အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို ပဲ မိုးမွှန်အောင် ဆဲကြဆိုကြ စွပ်စွဲကြ လုပ်ကြတာဒီနေ့ထိ အတောမသတ်နိုင်ကြသေးဘူး..

ဒါပေမယ့် ဟိုး....လွန်ခဲ့တဲ့ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့မှာ အင်္ဂလိပ်အစိုးရက သူတို့ရဲ့လက်ပါးစေ ဂဠုန်ဦးစောနဲ့အပေါင်းပါတစ်စုကို အာဏာမက်လုံးပေးပြီး  ရာနဲ့ချီတဲ့လက်နက်တွေ ၊ သိန်းနဲ့ချီတဲ့ကျည်ဆံတွေ ထုတ်ပေးပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင် ကြီးတွေ ကို လုပ်ကြံခဲ့ကြတယ်ဆိုတာ သမိုင်း သက်သေ ခိုင်ခိုင်မာမာရှိပါ လျက်နဲ့ ၆၄ နှစ်တိုင်လာတဲ့အထိ အင်္ဂလိပ်သတ်တာပါလို့ မပြောရဲကြဘူး..အင်္ဂလိပ်အစိုးရကြောင့်လို့ လေသံတောင်မဟရဲကြဘူး...ဦးစော မှာပဲတာဝန်ရှိသလိုလိုနဲ့ ရူးသလိုလိုပေါသလိုလို လုပ်နေကြတယ်...

 ဒီနေရာမှာ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းလေးတစ်ခုကိုသွားသတိရမိတယ်...
"ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ် ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူဘဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖို့ဟာတွေဘဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာသွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင်ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေး လုပ်တဲ့ နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ ဗမာချင်းချဖို့မှာ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်လို့ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည်ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး"
တစ်နေ့မှာဗမာဗမာချင်းချဘို့ အတွက် ဦးစီးဦးဆောင်ပြုမယ့်သူဟာ သူကိုယ်တိုင်မွေးခဲ့တဲ့ သူ့သမီးဖြစ်လာမယ်မှန်း ဗိုလ်ချုပ်ခမျာ သိမသွားရှာပေ....သိခဲ့လျင်လည်း အရှင်ထားခဲ့မည်မဟုတ်ဟု ကျွန်ုပ် ယုံကြည်ပါသည် ။
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်များအား အလေးပြုပါ၏ ။
ဒေါက်တာဆိတ်ဖွား

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий