မြန်မာနိုင်ငံရဲ့ အရေးကို မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ တိုင်းရင်းသားတွေက စုပေါင်းပြီး ဒီမိုကရေစီ ခေတ်မှာ အင်နဲ့ အားနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ ယခုလို အချိန်ကာလမှာ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဆိုတဲ့ မြန်မာနိုင်ငံကို အကြောင်းပြုပြီး စားရေး သောက်ရေး ရှာဖွေနေကြတဲ့ ကိုယ့်နိုင်ငံ မကောင်းကြောင်း ပြောမှ အဆင်ပြေတဲ့ အဖွဲ့က ကြေညာချက်ထုတ် တောင်းဆိုမှု လုပ်လာတာ ကြားသိလာရပါတယ်။။ အဲဒီ ကြေညာချက်မှာ ခင်ဥမ္မာဆိုတဲ့ တိုင်းပြည်ကို ချနင်းမှ ထမင်းနပ်မှန်အောင် စားနေရတဲ့ မျိုးမစစ် မျိုးဖျက်မက မြန်မာအစိုးရကို ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးမှာ အာဆီယံနိုင်ငံတွေ အနေနဲ့ ထောက်ခံ ပါဝင်ကြဖို့ ဆိုပြီးတော့ တောင်းဆို ထားတာ တွေ့ရပါတယ်။ တော်တော် ဟာသ မြောက်တဲ့ လူတစ်စုပါ။ သူတို့ ကိုယ်တိုင်ကိုက မြန်မာနိုင်ငံ အတွက် ဘာတစ်ခုမှ ဖြစ်မြောက် အောင်မြင်အောင် မလုပ်နိုင်ဘဲ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားတွေက ကိုယ့်နိုင်ငံ ကိုယ့်နိုင်ငံသားတွေ အဆင်ပြေအောင် အကျိုးရရှိအောင် နည်းလမ်းတွေ ကြံဆ လုပ်ဆောင်နေချိန်မှာ ဒင်းတို့ ကဖျက်ယဖျက် လုပ်တဲ့ အစီအစဉ်တွေ ကြေညာချက်တွေနဲ့ နှောက်ယှက်နေတာ မြန်မာနိုင်ငံကို လုပ်ကြံနေတာ ဖြစ်ပါတယ်။
အမှန်မှာတော့ ဒင်းတို့ဟာ ဒင်းတို့ စားဝတ်နေရေးနဲ့ ပြည်ပမှာ ရပ်တည်နိုင်ရေးအတွက် သခင်အားရ ကျွန်ပါးဝ ကိုယ့် တိုင်းပြည် ဂုဏ်သိက္ခာကို နည်းလမ်း အမျိုးမျိုးနဲ့ အပုပ်ချ သတင်းလွှင့်နေခြင်းသာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒါမျိုး ကိုယ့်နိုင်ငံကို မကောင်း ကြောင်းပြော ကိုယ့်လူမျိုး ဂုဏ်သိက္ခာချပြီး လုပ်တဲ့ အခြေအနေမျိုးဟာ ဘယ်နိုင်ငံမှာမှ ရှိပုံမရပါဘူး။ ကြားတောင် မကြားဖူးပါဘူး။ ဒါကြောင့် ခင်ဥမ္မာတို့လို တိုင်းပြည်ချနင်းပြီး ပြည်ပမှာ လူစွာ လုပ်နေတဲ့ လက်တစ်ဆုပ်စာ လူတွေဟာ အမျိုးဖျက် ခေတ်သစ် ဒေ၀ဒတ်တွေလို့တောင် ပြောရမလို ဖြစ်နေပါတယ်။ ပြည်တွင်း ဖြစ်စဉ်တွေ ကိုလည်း ဘာမှ သိတာမဟုတ်၊ သူများအပြောနဲ့ နားစွန်နားဖျား ကြားရတာလေး အရင်းတည်လို့ မြန်မာပြည် လူထုကပဲ သူတို့ကို ကိုယ်စား လွှတ်လိုက်သယောင်၊ အပေါစား စကားလုံးတွေ သုံးပြီး တိုင်းဆူ ပြည်ဖျက် အကြံအစည်တွေကို ခပ်ညံ့ညံ့ အောက်တန်းစား နည်းလမ်းတွေနဲ့ အစဉ်တစ်စိုက် လုပ်ဆောင်နေကြတာ အော့နှလုံးနာဖို့ ကောင်းလှပါတယ်။
ခင်ဥမ္မာတို့ အဖွဲ့ဟာ သူများ ပေးစာ ကမ်းစာ စားပြီး စကားကြီး စကားကျယ်တွေ အမျိုးမျိုး ပြောပြီး လူအထင်ကြီး ခံချင်တဲ့ လုပ်ရပ် ပြောရပ်တွေနဲ့ ဟောက်စား ခြောက်စားတွေကို လုပ်ဆောင်လာတာ တွေ့ရပါတယ်။
ခင်ဥမ္မာတို့ လူသိုက်ကို မီးလောင်ရာ လေပင့် ငပွကြီး RFA ကလည်း မအမွှန်းတင်ပြီး ဒင်းတို့ရဲ့ လုပ်ရပ်ကို အသက်သွင်း ပေးလိုက်တာကို တွေ့ရပြန်ပါတယ်။ “ခင်ဥမ္မာတို့ လူထုအခြေပြု အဖွဲ့အစည်း အနေနဲ့က”စတဲ့ အသုံးအနှုန်းတွေနဲ့ တိုင်းပြည်ဖျက်မတွေရဲ့ လုပ်ရပ်ကို ချီးတုံး တန်ဆာဆင်ပေးနေတာ တွေ့ရပြန်ပါတယ်။ အဲဒီလို RFA ရဲ့ မြန်မာနိုင်ငံ အပေါ် အစဉ်အမြဲ လုပ်ဆောင် ခဲ့တယ်ဆိုတာ RFA ရဲ့ အတိတ်က မြန်မာနိုင်ငံအပေါ် လွှင့်ထုတ်ချက်တွေနဲ့ မျက်မှောက်ကာလ ပြောဆိုချက်တွေကို နားထောင်ကြည့်ရင် သိနိုင်ပါတယ်။ RFA ရဲ့ အမွှန်းတင်ချက်တွေကို နားထောင်ကြည့်ရင် မသိရင်ဘဲ ခင်ဥမ္မာကို လွှတ်တော် ကိုယ်စားလှယ်လောက်ကို ထင်ရလောက်ပါတယ်။ တကယ်တော့ ခင်ဥမ္မာဟာ လူထုကိုယ်စားလှယ် ဟုတ်မဟုတ်တော့ မသိပါဘူး၊ ခင်ဥမ္မာကို မြန်မာပြည်တွင်းက ဘယ်သူကမှ မသိပါဘူး။ သူမကိုသာ တစ်ခန်းတနား အမျိုးမျိုး ချီးမွှမ်းမှုတွေ ပြုနေသော်လည်း မြန်မာ ပြည်သူတွေက ခင်ဥမ္မာတို့ လူစုကို မြန်မာပြည် အကျိုး ဘာတွေ လုပ်ဖူးသလဲလို့ မေးကြမယ့် ပြည်သူတွေက BBC, VOA, RFA တို့ရဲ့ ဟာသဆန်တဲ့ ထုတ်လွှင့်ချက်တွေကို ယုံကြည်မှု မရှိတော့ဘူးဆိုတာ အထင်အရှား ဖြစ်ပါတယ်။ ယနေ့ မြန်မာပြည်သူ လူထုဟာ လက်တွေ့ကျပြီး နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အမြန်ဆန်ဆုံးနဲ့ အမှန်ကန်ဆုံး အကောင်အထည် ဖော်ဆောင်ပေးနေတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရရဲ့ လုပ်ရပ်တွေနဲ့ စီမံကိန်းတွေကိုသာ စိတ်ဝင်စား နေကြတာ ဖြစ်ပါတယ်။ ခင်ဥမ္မာတို့ လို ခေတ်သစ် သူတောင်းစားတွေနဲ့ BBC, VOA, RFA တို့လို မြန်မာနိုင်ငံ ပျက်သုဉ်းရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေကတော့ အခုလို မြန်မာအစိုးရသစ်ရဲ့ ထူးခြားတဲ့ လုပ်ရပ် အစီစဉ်တွေကို တွေ့မြင်ကြားသိလာတော့ အရူးချီးပန်း မျက်ကလဲ ဆန်ပြာ ထလုပ်လာတဲ့ လုပ်ရပ်တွေလို့ပဲ သုံးသပ်မိပါတယ်။
ခင်ဥမ္မာတို့ BBC, VOA, RFA တို့ ပြောလွန်းလို့ ကုလသမဂ္ဂ ကလည်း စုံစမ်းစစ်ဆေးဖို့ ကြည့်ပြန်တော့၊ မြန်မာပြည် ဖြစ်စဉ်ထက်ဆိုးတဲ့ နိုင်ငံတွေက ကမ္ဘာပေါ်မှာ မြောက်များစွာ ရှိပါတယ်။ တောင်အမေရိက၊ အာဖရိက၊ အာရှ၊ အရှေ့အလယ်ပိုင်း၊ နေရာတိုင်းမှာ အစိုးရကို ပုန်ကန်သောင်းကျန်းသူတွေ ရှိနေကြသလို အဲဒီလို ပုန်ကန်သူတွေကို သက်ဆိုင်ရာ အစိုးရတွေက နှိပ်ကွက်နေတာတွေ ဖိနှိပ်နေတာတွေကို ကုလသမဂ္ဂကသိပါတယ်။ ဒီကိစ္စတွေ အားလုံး သူ့တပည့်ကို နေရာပေးချင်တဲ့ US ရဲ့ စနက်ကြောင့် ဖြစ်တာဆိုတာကိုလည်း UN ကအသိ၊ စုံစမ်းစစ်ဆေးရမယ်ဆို US ရဲ့ ပယောဂတွေကြောင့် ကမ္ဘာပေါ်မှာ ရှိတဲ့ လူတော်တော်များများ ဒုက္ခတွေ သောကတွေ ဖြစ်နေရတယ် ဆိုတာကို အားလုံး သတိမူမိကြပါတယ်။
ဒါကြောင့် ဘယ်လို အကြောင်းမျိုးတွေနဲ့ပဲ တွေ့ကြုံရပါစေ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ အကျိုးစီးပွားကို ပြည်သူ အစိုးရနဲ့ သဟ ဇာတမျှစွာ လက်တွဲတောင်ရွက်ရင်း တိုင်းပြည်ကို နည်းလမ်းမျိုးစုံနဲ့ ဖျက်ဖို့ကြိုးစားနေကြတဲ့ လူစုတွေရဲ့ လုပ်ရပ်တွေကို အမျိုးသား အကျိုးစီးပွားကို အစဉ်အမြဲ ရှေးရှုတဲ့ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်တဲ့ ခိုင်မာတဲ့ ကိုယ်ခံစွမ်းအားများနဲ့ တွန်းလှန်ကာကွယ် သွားကြပါစို့လို့ တိုက်တွန်း တင်ပြလိုက်ရပါတယ်။ မောင်မင်းချင်း

http://kyeesaytaman.blogspot.com/

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий