အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ အာရပ်တခွင်ကနေပြီး အာရှပဲပျံ့မလိုလိုနဲ့ ဥရောပကို ပျံ့လာခဲ့ပါတယ်။ အီဂျစ်၊ တူနီးရှား၊ ဘာရိမ်း၊ လစ်ဗျား တို့မှတဆင့် ခုဆိုရင် လန်ဒန်မြို့သာမက နယ်မြို့များထိ ပျံ့ကာ ထိန်းမနိုင်သိမ်းမရဖြစ်နေပါပြီ။ ပြဿန အစ ကတော့ လက်နက် အားကိုးဖြင့် ဗြိတိန်ရဲမှ လန်ဒန်မြို့မြောက်ပိုင်း၌ သြဂုတ် ၆ ရက် ညပိုင်းက လူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခံမှုအပေါ် မကျေနပ်၍ လူတစ်စုကရဲကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ဗြိတိန်ရဲအနေနဲ့ နိုင်ငံသားချင်း လက်နက်ကိုင် ပစ်ခတ်သတ်ဖြတ်ခြင်းမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ဒါမျိုးကိစ္စကို အထူးသဖြင့် မြန်မာအတိုက်အခံတွေက လုံးဝလက်မခံတတ်ပါဘူး။ ကုလသမ္မဂ္ဂနဲ့ အမေရိကန်ကလည်း လက်မခံတတ်ပါဘူး။ ဒါပေမယ့် ခုတော့ အကြမ်းဖက်မှု လုံးဝ မလိုလားတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဘယ်မြန်မာအတိုက်အခံ အဖွဲ့အစည်း တစ်ခုမှ သဘောထား ထုတ်ပြခြင်း မပြုသေးသလို ကုလသမဂ္ဂနဲ့ အမေရိကန်ကလည်း ၄ ရက်ကြာပြီး အတော်လေး ပြာကျတဲ့အပြင် လူ ၅၀၀ ခန့် အဖမ်းခံထားရတာကိုပဲ မစိုးရိမ်နိုင်ကြသေးပါဘူး။
ပြဿတာ ဖြစ်စဉ်မှာလန်ဒန်မြို့မြောက်ဘက် တော့တင်တမ်ရဲစခန်းအပြင်ဘက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် မက်ဒတ်ဂန်အမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ လူထု အုံကြွမှု တွေ ဟာ ဒီနေ့ တတိယမြောက် ည အဖြစ် ဆက်အားကောင်းလာ ခဲ့ ပြီး ရဲတပ်ဖွဲ့  ၀င်တွေ ကလည်း လူ ၁၀၀ ကျော် ကို ဆက် လက် ဖမ်းဆီး ထား ကာ မြောက်ပိုင်း နဲ့  အနောက် ပိုင်း လန်ဒန် တွေ မှာ လူထု အုံကြွမှု တွေ ဆက်လက် အားကောင်း နေပါတယ်။ ဒီနေ့ မနက် ဖြစ်ပွား တဲ့ လူထု အုံကြွမှု တွေ မှာ ရပ်တပ် ဖွဲ့  ၀င် နှစ်ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိ ပြီး လှုပ်ရှား သူ ငါးဦး ထက် မနည်း လည်း ဒဏ်ရာ ရရှိ သွား ပါတယ်။ တစ်ချို့  သတင်း တွေ မှာ တော့ အဓိကရုဏ်း နှိမ်နှင်း တဲ့ ရဲ တွေ ဟာ သတင်းထောက် နဲ့  ဗီဒီယို၊ ဓာတ်ပုံ ရိုက် ကူးသူ တွေ ကို ပါ နှိပ် ကွပ် တယ် လို့  ဆိုပါတယ်။ သတင်းလွတ်လပ်ခွင့်တွေ လူသားခြင်းညှာတာမှုတွေ လည်း ပျောက်ကုန်ပါပြီ။ ဒါပေမယ့် ကမ္ဘာ့သတင်းအလွတ်လပ်ဆုံးနဲ့ သတင်းသမား အခွင့်အရေး အရရှိဆုံး ထိပ်ဆုံးစာရင်းမှာ ရပ်တည်ဆဲပါပဲ။
လန်ဒန် လူထု အုံကြွမှု ဖေ့ဘွတ်၊ တွစ်တာ တို့ ထက် Blackberry Messenger က လူတွေ အများ ကြီး စုရုံးအောင် လုပ် ဆောင် နိုင် တယ်လို့  အင်ဒီပင့်ဒက် သတင်းစာ မှာ ဖော်ပြထား ပါတယ်။ လန်ဒန် လူထု အုံကြွမှု ဟာ ဘာမင်ဂမ်၊ ဆိုင်ရိုဒမ် နဲ့  လီဗာပူး မြို့  တွေ ထိ ကူးဆက်သွား ပြီး ပစ္စည်းလူယက် မှု တွေ ၊ အဆင့် မြင့် ကုန်တိုက် တွေ နဲ့ လျှပ်စစ် ပစ္စည်း ဆိုင် တွေ ကို ဖောက် ထွင်း မှု တွေ ထိ ပါ ဖြစ်လာခဲ့ ပါတယ်။

စနေ့ နေ့  ညက မီးရှို့ ဖျက်ဆီးမှု တွေ စကတည်း က စပြီး ရဲတပ်ဖွဲ့ က လူပေါင်း ၂၅၀ နီးပါး လောက် ကိုဖမ်းဆီးထား ပြီး ဒီအထဲ မှာ ဆယ်ကျော်သက်တွေ နဲ့  တက္ကသိုလ်ကျောင်းသား တွေ ပါဝင်ပါတယ်။ တက္ကသိုလ်ကျောင်းသားဆိုတာ အမှန်တရားအတွက် ရပ်တည်နေသူတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ၈၈ ကျောင်းသားတွေ ဦးစီးခဲ့တဲ့ အရေးအခင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ ဒီမိုကရေစီ ဘက်တော်သားတွေက မှန်ကန်တဲ့ လုပ်ရပ်လို့ ယုံကြည်ကြပါတယ်။ ဗြိတိလျှ အောက်လွှတ်တော် အမတ်တစ်ဦးကတောင် သဝဏ်လွှာတွေ ဘာတွေ ပေးခဲ့ပြီးမှ ခု တော့ သူတို့ကိုယ်တိုင် ဆန္ဒပြကျောင်းသားတွေကို ဖမ်းဆီး နေကြပြန်ပါပြီ။ အခြေအနေအရပ်ရပ်ကို ကြည့်ကာ ဗြိတိန်ရောက် မြန်မာတွေလည်း ကျီးလန့်စာစားနေရပါတယ်။

ခုလောက်ဆိုရင်တော့ ဗြိတိန်အပါအဝင် အမေရိကန်ကစလို့ ကုလသမဂ္ဂလည်းပဲ ကျောင်းသားတွေ ဆန္ဒပြရင် ဖမ်းစီး နိမ်နှင်းသင့်ကြောင်း လက်ခံသဘောက်ပေါက်ကာ နားလည်လောက်ပြီ ထင်ပါတယ်။



လန်ဒန် မြောက်ပိုင်း တော့တင်ဟမ် အရပ် တွင် သောကြာနေ့ က စပြီး မငြိမ် မသက် မှု များ ဖြစ်ပွားလျှက် ရှိ ရာ စနေ နေ့ ည တွင် ဒေသ ခံ တို့  ရဲကား နှစ်စီး ၊ ခရီးသည် တင် ဘတ်(စ)ကား နှင့် ဆိုင်များ ကို မီးတင် ရှို့ လိုက်ကြ သည်ဟု ဂါးဒီးယန် သတင်း စာ အင်တာ နက် စာ မျက် နှာ တွင် ဖော် ပြထား သည်။

စနေ နေ့ က ဒေသခံ များ က High Road ရှိ ရဲတပ် ဖွဲ့  စခန်း ကို ၀ိုင်းထား ကြပြီး သေဆုံးမှု နှင့် ပတ်သက် ၍ စုံစမ်း စစ်ဆေးပေးရန် တောင်း ဆို ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ သူများ က “ ငါတို့  အဖြေ လိုချင် တယ်။ ဘယ်သူ့ လမ်းလဲ ။ ငါတို့ လမ်း ပဲ ကြွေးကျော် ကြသည်။ "ရရင်ရ မရရင်ချ" ဆိုပါတော့။ အဲ့လိုစိတ်ဓာတ်နဲ့ အဲ့လိုလုပ်ရင်တော့ ဘယ်နိုင်ငံက အုပ်ချုပ်သူမှ ညင်ညင်သာသာ မကိုင်တွယ်ဘူးဆိုတာကို ၈၈ ကျောင်းသားဟောင်းများ နားလည်ဖို့လိုပါတယ်။ ၈၈ ကျောင်းသားတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေ ကို အားပေးထောက်ခံနေတဲ့ နိုင်ငံကြီးက ကျောင်းလည်းအခွင့်အရေးတွေ၊ နိုင်ငံသား အခွင့်အရေးတွေ မသိတော့ပဲ အကုန် ဖမ်းစီးရိုက်နှပ်နေပါပြီ။
ညဦး ပိုင်း တွင် ငြိမ်းချမ်းစွာ ဆန္ဒ ပြ မှု သည် တွစ်တာ နှင် ဖေ့ဘွတ် လှုံဆော်မှု များ ကြောင့် ပိုမို အား ကောင်းလာ ပြီး နော် တရားမျှ တမှု ရှိရန် တောင်း ဆို နေ စဉ် ရဲစခန်း က တုတ်တုတ် မျှ မလှုပ် သော ကြောင့် အများ ထက် ပိုမို တက်ကြွသူ တစ် ဦး စ နှစ် ဦးစ က ရဲကားများ ကို မီးတင် ရှို့ ရာမှ လူထု အုံ ကြွမှု အားကောင်း လာခြင်း ဖြစ်သည်။

လန်ဒန် မြို့ ခံ များ ၏ တွစ်တာ များ တွင် မူ ဗြိတိသျှ ထောက်လှမ်းရေး များ က ယခု ကဲ့ သို့  အဓိကရုဏ်း ဖြစ်စေရန် လမ်းလွှဲ ခဲ့ ခြင်း ဖြစ် သည် ဟု ဆို သည်။

တော်တင်ဟမ် မြို့  အလက်ဇန္ဒ ဟစ်ဂင် ဘလောက် တွင် မူ မနက် ဖြန် တွင် တော် တင် ဟမ် အထွေထွေ သပိတ် စရန် နှိုးဆော် ထား သည်။ လူထု ၏ အားကောင်းစွာ အုံကြွ မှု ကြောင့် ရဲ တပ် ဖွဲ့  ၀င် ကိုး ဦး ဒဏ် ရာ ရရှိ သည်။ ဌာနေ လွှတ်တော် အမတ် ကမူ တည်ငြိမ် အေးချမ်း ကြရန် ပန်ကြား ခဲ့ သည်။

ထပ်မံ ရရှိသည့် သတင်းများအရ ပြင်းထန်သည့် လူထု အုံကြွမှု ကြောင့် တော်တင်ဟမ် ရဲတပ် ဖွဲ့  ၀င် ၂၆ ဦး မဆို စလောက် ဒဏ်ရာများ ရရှိ သွားပြီး ဆန္ဒပြသူ ၄၆ ဦးကို ဖမ်းဆီး ထိမ်း သိမ်း ထား သည် ဟု သိရသည်။ ၂၀၁၂ ခုနှစ်တွင် အိုလံပစ်ပစ် ပွဲကို အင်္ဂလန် က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ရာ လန်ဒန် နှင့် အခြား မြို့ များ တွင် ကျင်းပမည် ဖြစ်သည်။
ဗြိတိန် နိုင်ငံ က လန်ဒန် နဲ့ တခြားမြို့ တခိျု့ မှာ လူအုပ်ဖွဲ့ သောင်းကျန်းနေမှုတွေ ကြောင့် ၃ရက် ကြာ မငြိမ် မသက် ဖြစ်နေ ခဲ့ပြီးတဲ့ နောက် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ဥပဒေ စိုးမိုး မှု ပြန်ရပြီး တည်ငြိမ်မှု ပြန် ရရှိအောင် လိုအပ်တဲ့ နည်းလမ်း မှန် သမျှ လုပ်ဆောင် သွား မယ်လို့ ပြောကြား လိုက်ပါတယ်။


ဒီပြဿနာကို ဖြေရှင်းဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က လွှတ်တော်ကို ခေါ်ယူထားပါတယ်။ လမ်းမတွေပေါ်မှာလည်း ရဲအင်အားကို ၃ ဆနီးပါး တိုးပြီး ချထားပါတယ်။

ဆန္ဒပြပွဲတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပြီး အခွင့်အရေးသမားတွေက လုပ်တဲ့ ဆန္ဒပြပွဲ ဖြစ်သလို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဒုတိယ၀န်ကြီးချုပ် နစ်ခ် ကလက်ဂ် (Nick Clegg) က ပြောပါတယ်။


အခုဖြစ်နေတဲ့ အဓိကရုဏ်းတွေဟာ နှစ် တော်တော်များများအတွင်း ဗြိတိန်က မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေထဲမှာ အဆိုးဝါးဆုံးပါပဲ။

ရာဇဝတ်မှု ကျူးလွန်နေသူတွေ ကို ရပ်တန်းက ရပ်အောင် လုပ်သွားရမယ်၊ ရဲ အရေအတွက် နောက်ထပ် တသောင်း ကို လန်ဒန် က လမ်း တွေ ပေါ်မှာ ပိုချထား မယ် ၊ ရဲ တွေ ရဲ့ အရေးယူ ဆောင် ရွက်မှု ကို လည်း ပို မြှင့်မယ်၊ အဖမ်းအဆီးတွေ ကို ပိုလုပ်မယ် လို့ လည်း သူ က ဆိုပါတယ်။

အခုလို ရဲအင်အား တိုးချ တာကြောင့် လန်ဒန် မှာ ချ ထားတဲ့ ရဲ အရေ အတွက် က တသောင်း ခြောက်ထောင် အထိ ရှိသွားပါပြီ။

ဗြိတိန်အစိုးရအနေနဲ့ ပြည်သူတွေနဲ့ ကျောင်းသားတွေအပေါ် ပြန်လည် တုန့်ပြန်မှုက အလွန်းပြင်းထန်လွန်းပါတယ်။ တွေ့ဆုံဆွေးနွေးဖို့လုံးဝ မရှိပဲ ရဲအင်းမားတွေ ၃ ဆ ကျော် တိုးချထားတာတွေ၊ ဆန္ဒပြသူတွေကို လုံးဝ လက်မခံနိုင်ဘူး ပြောကာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မှုတွေက လူသားဆန်မှု မရှိပါဘူး။ အာဏာရှင် ဆန်လွန်းနေပါတယ်။ ဘန်ကီမွန်း နှင့် အိုဘားမားအပါအဝင် အခြား နော်ဝေ၊ အော်စတြေးလျှနှင့် အနောက်နိုင်ငံများမှ အစိုးရများ သတင်းစာဖတ်ဖို့လိုပြီး စိုးရိမ်သင့်ပြီဖြစ်ပါတယ်။

ဒီလိုဖြစ်တော့ ခင်ဗျားတို့လဲ ဒီလိုလုပ်ရတာပဲမဟုတ်လား

မီးတွေ ဒီလောက်လောင်နေတာ ဗြိတိန်မီးသတ်တွေက ၅ မနစ်လောက်ပဲ ဖျန်းပြီး ပြန်သွားကြလို့များလား
ကျောင်းသားတွေက အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ မီးရှို့တာ က မှန်ကန်တဲ့လုပ်ရပ် ဟုတ်/မဟုတ် သိကြပြီလား...
ဤသို့ လန်ဒန်မြို့လယ်ခေါင်တွင် မီးဟုန်းဟုန်း တောက်လောင်နေ သော်လည်း အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂတို့က မစိုးရိမ်ကြသေး
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) ဟာ အီတလီမှာ သွားရောက်ပြီး အနားယူနေတာကို ဖြတ်တောက်ပြီး နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ ဆူပူ အုံကြွမှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ လန်ဒန်မြို့ကို ရေးကြီးသုတ်ပြာ ဆိုသလို ပြန်လာ ခဲ့ရကြောင်းလဲသိရပါတယ် ။
မြို့တော်တစ်ခွင် မီးဟုန်းဟုန်း တောက်လောင်နေသော်လည်း အီတလီတွင် အပန်းဖြေမပျက်သည့် ဒေးဗစ်ကင်မရွန်း
အခုချိန်ထိတော့ လူပေါင်း ၂၁၅ ယောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြားပေမယ့် ဒီထက် ၃ ဆလောက်ပိုလိမ့်မယ်လို့ ဒေသခံတွေကပြောကြားပါတယ် ။ရဲအရာ ရှိ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ယောက်ကတော့ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားနေတုန်းမှာပဲ ကားတွေနဲ့ တက်ကြိတ်တာကို ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

စနေ နေ့ က လန်ဒန် မြို့ တော်တင်ဟမ် အရပ်မှာ ဖြစ်ပွား ခဲ့တဲ့ နွေရာသီ အားလပ်ရက် အီတလီ နိုင်ငံ မှာ သွားရောက် အပန်း ဖြေဖို့  စီစဉ် ထား တဲ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် က နိုင်ငံ ကို ပြန်လာ ပြီး အခြေအနေ တွေ ပြန်တည် ငြိမ်အောင် သူကိုယ်တိုင် ကိုင် တွယ် မယ် လို့  ဆိုပါတယ်။

နိုင်ငံ တ၀ှမ်း ထိ ဆက်လက် ပြန့် သွား မယ် လို့ ယူဆရ တဲ့ ဒီ အရေး အခင်း ကို စကော့တလန် ယာဒ် ရဲ တပ်ဖွဲ့  ကိုယ်တိုင် ကိုင် တွယ် ဖို့  ခက်ခဲ နေတယ် လို့ ဆိုပါတယ်။ ဒီလူထု အုံကြွမှု တွေ ဟာ တွစ်တာ နဲ့  ဖေ့ဘွတ် တို့  ကြောင့် ပိုမို အားကောင်းလာ ပြီး လန်ဒန် မြို့ လယ် နဲ့  အန်ဖီး အရပ် မှာ ဆို ရင် ဆယ် ကျော် သက် တွေ က အကျီ်အနက်ရောင် တွေ ၀တ် လက်နက် တွေ ကိုင် ဆောင် ပြီး အင်အား ပြကြတယ် လို့  ဆိုပါတယ်။


နိုင်ငံကြီးသားတွေတဲ့လား......

ဗြိတိန်အစိုးရကတော့ ဆန္ဒပြပွဲတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပြီး အခွင့်အရေးသမားတွေက လုပ်တဲ့ ဆန္ဒပြပွဲ ဖြစ်သလို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဒုတိယ၀န်ကြီးချုပ် နစ်ခ် ကလက်ဂ် (Nick Clegg) က ဆန္ဒပြသူတွေကို ဆူပူသောင်းကျန်းသူတွေလို့ အမည်တပ်ပြီးအပြစ်ဖို့ ပြောဆိုလိုက်ပါတယ်။
၈ လေးလုံး ၂၃ နှစ်ပြည့်များ လုပ်နေသလား ထင်မှတ်မှားရ

လန်ဒန်မြို့ မြောက်ပိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု မရှိတဲ့ အခြေအနေ၊ အလုပ်လက်မဲ့ဦးရေ များပြီး လူမှုဖူလုံရေး အစီအစဉ်တွေ လျှော့ချခံနေရတာတွေအပေါ် မကျေနပ်မှုတွေ ကြီးထွားနေတာကြောင့် အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာလို့ လန်ဒန်မြို့ခံတွေက ပြောပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က ဆင်းရဲသားရပ်ကွက် တခုမှာ စနေညပိုင်းက အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ရာမှစတင်ခဲ့တာဖြစ်ပြီး ဗြိတိသျှ ရဲတပ်ဖွဲ့ဝင်တွေရော ဆန္ဒပြသူတွေပါ ဒဏ်ရာရသွားကြပြီး လူတချို့ အဖမ်းခံခဲ့ရပါတယ်။
ကြာသပတေးနေ့က ရဲရဲ့ ပစ်ခတ်မှုနဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားရတဲ့ ဖြစ်ရပ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတာက အစောပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာအစိုးရရဲ့ ကိုင်တွယ်ပုံညံ့ဖင်းတာကြောင့် အကြမ်းဖက်မှုတွေ ပါလာတဲ့အထိ ဖြစ်ပေါ်တာဖြစ်တယ်လို့ ဝေဖန်သူတွေလဲ ၇ှိနေကြောင်း သတင်းရရှိပါတယ် ။
 
 
- ဦး​အောင်ဆန်း​ဦး​နှင့်​ ​မော်နီတာဂျာနယ်ကို ​ဒေါ်​အောင်ဆန်း​စုကြည် တရား​စွဲဆို click
- ရေကြီးသော်လည်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မဖျက် click
- တောင်ဒဂုံ လယ်သိမ်း​ခံ လယ်သမား​သား​သမီး​များ​ကို ​ဒေါ်အောင်ဆန်းစုကြည်က ပညာ​ရေး​ထောက်ပံ့​ click
- အစိုး​ရသစ် ပထမဆုံး​ သတင်း​စာရှင်း​လင်း​ပွဲ လုပ်မည် click
- မွန်ပြည်သစ်နှင့် တွေ့ရန် အစိုးရ ကမ်းလှမ်း click
- မွန်ပြည်သစ်ပါတီကို မွန်ပြည်နယ်အစိုး​ရက ငြိမ်း​ချမ်း​ရေး​ ကမ်း​လှမ်း​ click
- ငြိမ်း​ချမ်း​ရေး​ကိစ္စဆောင်ရွက်မည့်​ အဖွဲ့တခု အစိုး​ရက တရား​ဝင် အမိန့်ထုတ်ပြန် ဖွဲ့ပေး​မည် click
- မိုင်းလားနယ်မြေ ကျေးရွာ ၇ ရွာအတွင်း မြန်မာစစ်တပ် တိုးချဲ့နေရာယူ click
- မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော်နှစ်ဖွဲ့ ပေါင်းတိုက် click
- တိုက်ပွဲအတွင်း အရပ်သား သေဆုံးမှု သျှမ်းတပ် ငြင်းဆို click
- နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၈၀) ကျော် KNLA ထံ လာရောက် ပူးပေါင်းခဲ့ click
- ကချင်အာဇာနည်​နေ့ ဂုဏ်ပြုပွဲ ကျင်း​ပ click
- ထိုင်းလူ့အခွင့်အရေးကော်မရှင်မင်းကြီး CoI ဖွဲ့ရေး ထောက်ခံ click
- ထိုင်းဝန်ကြီးချုပ်သစ်ကြောင့် မြန်မာအမျိုးသမီးများ အားတက် click
- စိုက်ပျိုး​စရိတ်​ချေး​ငွေ မဆပ်နိုင်သဖြင့်​ လယ်သမား​များ​ ဖမ်း​ဆီးခံရ click
- ဆန်စပါး​ မူဝါဒများ​ ​ပြောင်း​ရန် တင်ပြမည် click
- မြန်မာကို ကူညီဖို့ IMF သွားမည် click
- IMF ရဲ့အကူ ယူမယ်ဆိုရင် IMF မူတွေနဲ့အညီ နေရန် လိုအပ် click
- မန္တလေးမြို့တော်ဝန် အဂတိလိုက်စားမှု သံသယဖြင့် ခေါ်ယူစစ်ဆေးခံရ click
- စည်သူဇေယျ အီလက်ထရောနစ် အယူခံ ပယ်ခံရ click
- ၄ ယောက်မြောက် မဲပေါက်သူ click
- ကေအိုင်အိုသို့ ပေးစာ click
- သဘောမတူဘူး ဆိုတာကို သဘောတူကြပြီးတဲ့နောက် ... click
- ကရင်နီအမျိုးသားတို့၏ သမိုင်းဖြစ်ရပ်မှန်ကို မမေ့ထားရန် ကေအဲန်ပီပီ မှာကြား click
- ၂၃ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် Los Angeles တွင်ကျင်းပ click
- ၂၃ နှစ်မြောက် ရှစ်လေးလုံးလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနား (ဘိုးလင်းဂရင်း) (ဓာတ်ပုံ) click
- ငြိမ်းချမ်းရေးအဆိုနဲ့ လှုပ်ရှားမှုမှန်သမျှ ပယ်ချခံရမည့် ရှေ့တော်ပြေးနိမိတ် (ဆောင်းပါး) click
- ရေ ယတြာနှင့် သတင်းစာထဲက ငြိမ်းချမ်းရေး (ထွေရာလေးပါး) click
- မစ်ရှီဂန်က ပေးတဲ့စာ (၈၁) (အသံလွှင့်ဆောင်းပါး) click
- စေ့စပ်ဆွေးနွေးရေးဆိုရာဝယ် - အပိုင်း (၅) (နိဂုံး) click
- ကျေးဇူးဆပ်ချိန် (ဝေဖန်ရေး) click
- ဟိုရှေးအနှစ် ၂ဝ ကျော်က ... (ဆောင်းပါး) click
- လန်ဒန်အစိုးရမှ ကြေညာချက်ထုတ်ခြင်း (သရော်စာ) click
- The Lady ဇာတ်ဝင်ခန်းတချို့ (ရုပ်သံ) click
- ဧရာဝတီမြစ်နဲ့ ပတ်သက်လို့ သတင်းစာပါ အစိုးရအာဘော်ကို EMG တုံ့ပြန် click
- ကျောက်တော်မြို့နယ်အတွင်း ကျေးရွာတချို့ မိုးကြီး၍ ဒုတိယအကြိမ် ရေမြုပ် click
- ပဲခူးရေကြီး၊ ရန်ကုန်-မန္တလေးကားလမ်း ပျက် click
- ရေလွှမ်းမိုးနေတဲ့ ပဲခူးမြို့က ဓာတ်ပုံများ (၂၀၁၁) click
- ထပ်မံရောက်ရှိလာတဲ့ ပဲခူးရေကြီးမှု (၂၀၁၁) ဓာတ်ပုံများ click
- နန့်ပန်ချောင်း ရေကြီးသဖြင့် ထိုင်းဘက်မှ ကယန်းရွာ ဟွေ့ပူကဲတွင် ခြောက်ကပ်နေ click
- တားမြစ်နယ်မြေများကြောင့် လာမည့်နှစ် ခရီးသွားဧည့် ဝင်နှုန်းနည်းနိုင် click
- မန္တလေး​ ရန်ကင်း​တောင်​ခြေတွင် ​မြေ​ဈေး​တက် click
- မြန်မာပြည်ကို ၄ ကြိမ်မြောက် လာမယ့် စွယ်တော် click
- မြန်မာတချို့ရဲ့ ရနောင်းခရီးစဉ် မအောင်မြင် click
- ထိုင်းရေတပ်က မြန်မာ ၅၅ ဦးအား ဖမ်းဆီး click
- HIV ပိုးပမာဏကို မစစ်​ဆေး​ဘဲ ARV ​ဆေး​ ​သောက်ခိုင်း​ click
- သတ်ဖြတ်မှုကြောင့် ရိုးအောင်း ဆင်များ ရှားပါးလာ click
- တောင်ပြုံးပွဲတော် (ရုပ်သံ) click
- မသိန်းရှင်ဆီ ပို့ပေးပါ (၇) (၀တ္ထရှည်) click
- ထိုင်းဝန်ကြီးအဖွဲ့သစ် ဝန်ကြီးချုပ် မိတ်ဆက် click
- ယင်လပ်အစိုးရအဖွဲ့ အဆင်သင့်ဖြစ်ပြီ click
- ဂျာမန်တရားရုံးက အိမ်ရှေ့မင်းသားရဲ့ ဂျက်လေယာဉ်ကို လွှတ်ပေးလိုက်ပြီ click
- ဗြိတိန် အနောက်မြောက်ပိုင်းမှာ လုယက်မှုတွေ ဆက်ဖြစ် click
- မန်ချက်စတာနဲ့ ဘာမင်ဂမ်မြို့တွေမှာ ဆူပူလုယက်မှု ဆက်ဖြစ် click
- လန်ဒန်နဲ့ မြို့ကြီးတွေက အဓိကရုဏ်း click
- အင်အားသုံး ဆက်လက်နှိမ်နင်းမယ်လို့ သမ္မတ အာဆတ် ပြော click
- NATO အဖွဲ့ကြောင့် အရပ်သား သေဆုံးတယ်လို့ လစ်ဗျားအစိုးရ ပြော click
- အတိုးနှုန်း လက်ရှိအတိုင်း အမေရိကန် ဆက်ထိန်းထားမယ် click
- လေယာဉ်တင်သင်္ဘော တရုတ်ပြည်တွင် လုပ်သည် click
- Google+ မှာ အမည်ဝှက်ကို အသုံးပြု ဆန္ဒပြမည့်သူများ click
- ဘရာဇီးမြို့တော် ဆာပေါ်လိုမှ လိင်ကွဲဆက်ဆံသူများနေ့ click

ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အကျယ်ချုပ်ကနေ လွတ်ပြီး ချင်ချင်းပဲ အကောင်အထည်ဖော်ဖို့ လုပ်ခဲ့တဲ့ အလုပ်ကတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒုတိယ ပင်လုံညီလာခံဆိုတာပါပဲ။ ပထမဆုံး မိန့်ခွန်းမှာ တက်တက်ကြွကြွနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ဖို့ လုပ်ပါမယ် ကြွေးကြော်ပြီး ဒုတိယပင်လုံညီလာခံ စီမံကိန်းမှာ ခေါင်းဆောင် ဖြစ်လာပါတယ်။ ပြည်ပအတိုက်အခံ စာမျက်နှာပေါင်းဆုံးမှာ ဒုတိယ ပင်လုံ ဆိုပြီး ပလူပျံအောင် ဆူညံနေပေမယ့် တစ်လတောင် မကြာခင်မှာပဲ ဒုတိယ ပင်လုံဆိုတာလည်း ကြက်ပြောက်ငှက်ပြောက် ဖြစ်သွားရပါတယ်။

တွေ့ဆုံဆွေးနွေးချင်ပါတယ် အကြိမ်ကြိမ်ပြောခဲ့ပြီးတော့လည်း ဦးအောင်ကြည်နဲ့ တစ်ရက်လောက်တွေ့လိုက်တာ ကျက်သရေမရှိတဲ့ မျက်နှာဖြစ်သွားရပြန်ပါတယ်။ သိက္ခာဆည်တဲ့အနေနဲ့ တိုင်းရင်းသား သောင်းကျန်းသူများနှင့် နိုင်ငံတော် သမ္မတဆီကို လိပ်မူပြီး အပစ်အခတ်ရပ်စဲရေးအတွက် အိပ်ဖွင့်ပေးစာ တစ်ခုပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာ ပို့ပြီးလို့ ၅ ရက်အကြာမှာပဲ KIA က ကားတစ်စီးကို စိမ်ပြေနှပြေ တည်ပြီး သေနက်နဲ့ ပစ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ပြက်ရယ်ပြုခဲ့ပါတယ်။

နိုင်ငံရေးမှာလည်း မဝင်ဆံ့၊ ထိထိရောက်ရောက်လုပ်ပြနိုင်တဲ့အရည်အချင်းကလည်းမရှိ၊ စစ်ရေးကျတော့လည်းေ-ာက်ပေါ အလုပ်ခံရဖြစ်နေတုန်းမှာပဲ နောက်ထပ် ဆိုးရွားတဲ့ ကိစ္စတစ်ခု ထပ်ဖြစ်ရပြန်ပါတယ်။ တခြားမဟုတ်ပါဘူး။ နိုင်ငံနဲ့ချီပြီး သင့်မြတ်ရေးလုပ်ချင်သူ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် မောင်နှမ ချင်း မသင့်မြတ် နိုင်သေးတဲ့ ကိစ္စပါပဲ။

ပြေးကြည့်လို့မှ ဒီမောင်နှမလေး နှစ်ယောက်တည်းရှိတာကို မတည့်နိုင်ပဲဖြစ်နေပါတယ်။ မြန်မာနိုင်ငံကို ခြေစုံကန်ပြီး အနှစ် ၃၀ ကျော် နိုင်ငံခြားမှာ လင်ယူ သားမွေး လုပ်လာခဲ့ပြီးမှ ခုမှ မြန်မာနိုင်ငံက အိမ်ကို အတင်း အပိုင်စီးနေချင်ပါတယ်။ ဆွေမျိုးဆိုလို့ ဒီမောင်နှမ ပဲရှိတာကိုပင် အစ်ကိုဖြစ်သူကို နဲနဲလေးမှ ဖဲ့မပေးချင်ပဲ တစ်ယောက်တည်း အပိုင်ဆီးချင်နေပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် အမွေလုနေတဲ့ အမှုက ကြာပါပြီ၊ ပြောတော့ လူထုခေါင်းဆောင်ဆိုပြီး အမွေလုနေတာကတော့ ရုပ်ဆိုးတယ်ဗျ.. သူ့မှာ တခြားရထားတဲ့ အထောက်အပံ့တွေလည်းရှိတယ် ဒါလေးကို ကပ်သီးကပ်သတ်လုပ်နေတာကတော့ စိတ်သဘောထား သေးသိမ်ကြောင်း ပြသလိုကြီးဖြစ်နေတယ်" လို့ ဝါရင့်နိုင်ငံရေး ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပါတယ်။
သားတို့ စည်းလုံးကြပါ၊ သင့်မြတ်ကြပါ
အန်တီတော့ မောင်နှမ အရင်းချင်း မတည့်လို့ အမှုဖွင့်လိုက်အုံးမယ်

ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ၂၀၀၀ ပြည့်​နှစ်မှ စတင်ပြီး​ ​နေအိမ်နဲ့​ ခြံဝင်း​ အ​မွေပိုင်ဆိုင်လိုမှုနဲ့​ စတင်တရား​စွဲဆိုမှု ဖြစ်ပွား​ခဲ့​ပါတယ်။ "ဥပဒေ အရပြောရရင်တော့ ဦးအောင်ဆန်းဦးက သားလည်းဖြစ်တယ်၊ အကြီးလည်းဖြစ်တယ်.. ပြီးတော့ မောင်နှမ အရင်းလည်းဖြစ်တယ် ဆိုတော့ မွေကို အတူတူခွဲယူသင့်ပါတယ်။ ဦးအောင်ဆန်းဦးက အပိုင်စီးထားတယ်ဆိုရင်တောင် လက်ခံလို့ရပါသေးတယ်။ ခုတော့ ညီမအငယ်ဆုံးက နိုင်ငံခြားမှာ အနှစ် ၃၀ လောက်နေပြီးမှ ဒီမြေကို အပိုင်စီးနေတာက လုံးဝ မဖြစ်သင့်ပါဘူး။" ဟု ဥပဒေ ရေးရာ ကျွမ်းကျင်သူ ရှေ့နေ တစ်ဦးက ပြောပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ဒုတိယပင်လုံညီလာခံ၊ အပစ်အခတ်ရပ်ဆဲရေးအတွက် အိတ်ဖွင့်ပေးစာ... စတဲ့ စကားလုံးအကြီးကြီးတွေ ပြောပြီး မပြေလည်မှုတွေကို ညှိနှိုင်းဖို့ လေလုံးထွားနေပြီး မောင်နှမခြင်း မကျေနပ်တာကို ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုဖြစ်သူကို တရားစွဲသည့်အပေါ် မှာ ရယ်စရာကြီးဖြစ်နေကြာင်း ဝေဖန်သူတွေလည်း ရှိကြပါတယ်။ "ပြောတာတော့ အကြီးကြီးတွေဗျ..
့ အမျိုးသားရင်ကြားစေ့ရေး၊ ဒုတိယပင်လုံညီလာခံ၊ အပစ်အခတ်ရပ်ဆဲရေးအတွက် အိတ်ဖွင့်ပေးစာ.. ဆိုတာတွေ့ဗျ.. ခုတော့ အစ်ကိုကို မကျေနပ်လို့ တရားစွဲတယ်ပေါ့... ဟာသကြီးဖြစ်နေတာပေါ့ဗျာ... ကိုယ်ပိုင်ရပိုင်ခွင့်တို့၊ ချစ်ခင်သင့်မြတ်ဖို့တို့၊ အချင်းချင်းနာလည်ပြီး စိတ်ဝမ်းမကွဲပြားဖို့တို့ ဆိုတာတွေက သူလုပ်နေတာတွေနဲ့ တခြားစီဖြစ်နေတာဗျ.. ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုသလို ပုံစံကြီးပေါ့ဗျာ.. " ဆိုပြီး ဝေဖန်သူတွေလည်း ရှိပါတယ်။
တစ်တိုင်းပြည်လုံး စည်းလုံးစေတဲ့ ပင်လုံညီလာခံကို ဦးစီးခဲ့တဲ့ အမျိုးသားဖခင်ကြီး. ဗိုလ်ချုပ်အောင်ဆန်းရေ.. ဒီမှာ နိုင်ငံခြားသားကို ယူထားတဲ့ ဗိုလ်ချုပ်ရဲ့ သမီး နဲ့ မြန်မာအမျိုးသမီးကိုပဲ ယူထားတဲ့ ဗိုလ်ချုပ်ရဲ့ သား တို့ ရန်ဖြစ်နေတယ်ဗျ.. ခဏလောက်ထကြည့်ပါအုံး..

လွန်ခဲ့တဲ့ ၂၀ နှစ်ကျော်က ဦး​အောင်ဆန်း​ဦး​ရဲ့​ ​ရှေ့​နေ​တွေက ဘိုးဘွားအမွေဖြစ်တဲ့ ဒီအိမ်ခြံတွေကို နှစ်ယောက်အတူ စီမံခန့်ခွဲ ပြီး ထိန်းသိမ်းလှူတန်းရန်အတွက် ညှိနှိုင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်မခံပဲ အပိုင်စီးထားတာကြောင့် တရားစွဲခဲ့ဖူးပါတယ်။ တရား​ရုံး​က ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေချိန်ဖြစ်တာကြောင့် ငှဲညှာပြီး မဆုံး​ဖြတ်​သေး​တာလည်း​ ဖြစ်ပါတယ်။ ဦးအောင်ဆန်းဦး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် လက်မခံခဲ့ဖူးလို့လည်း သိရပါတယ်။


ပြည်ပမီဒီယာတို့နဲ့ ပြည်တွင်းစာရေးဆရာအချို့တို့ရဲ့ အသက်ငင်နေပြီဆိုသော ဧရာဝတီကို စစ်ကိုင်းတောင်နောက်ခံနှင့် ယခုလဆန်းပိုင်းက မြင်တွေ့ရပုံ


ကျွန်တော်ဟာ မြန်မာလူမျိုးပါ။ မြန်မာလူမျိုး ပီသစွာ ဧရာဝတီကို ချစ်ပါတယ်။ မြစ်မင်း ဧရာဝတီကို အထက်အောက် စုန်ချည်ဆန်ချည်၊ ဟိုဘက်ဒီဘက် ကူးချည်သန်းချည်လို့ ပြောရလောက်အောင် ဧရာဝတီရဲ့ ရင်ခွင်မှာ လူးလာခေါက်ပြန် ကြီးပြင်း ရှင်သန်ရင်း လူလားမြောက်ခဲ့ရ တာပါ။ ဧရာဝတီရေကို သောက်ပြီး ဧရာဝတီက ကျွေးတဲ့ ထမင်းကို စားရင်း ဒီနေ့ ဒီအခြေ ရောက်ခဲ့ရသူပါ။ ဒါကြောင့် မြန်မာတို့ရဲ့ အသက်သွေးကြော ဖြစ်တဲ့၊ ခေတ်အဆက်ဆက် မြန်မာ ရာဇဝင်များရဲ့ သတို့သမီးလည်း ဖြစ်တဲ့ ဧရာဝတီကို ရင်ထဲ အသည်းထဲ စွဲနေအောင်ချစ် ပါတယ်။
ပြည်ပမီဒီယာတို့နဲ့ ပြည်တွင်းစာရေးဆရာအချို့တို့ရဲ့ အသက်ငင်နေပြီဆိုသော ဧရာဝတီကို စစ်ကိုင်းတံတားနောက်ခံနှင့် ယခုလဆန်းပိုင်းက မြင်တွေ့ရပုံ
 
အခုတလော ကျွန်တော်တို့ရဲ့ မြစ်မင်း ဧရာဝတီနဲ့ ပတ်သက်ပြီး ပြောကြဆိုကြ၊ ဆွေးနွေး နေကြတာတွေ ဟိုတစ်စ ဒီတစ်စ ကြားသိနေရ ပါတယ်။ အထူးသဖြင့် အင်တာနက် သတင်း ဆောင်းပါးတွေမှာ ဧရာဝတီနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး၊ ရှုထောင့်အဖုံဖုံနဲ့ ပြောကြဆိုကြ၊ ရေးနေကြတာတွေကို ဖတ်ဖြစ်ပါတယ်။ တချို့တွေ တော်တော်လေး အထင်မှား၊ အမြင်မှား ဖြစ်နေပုံပါပဲ။ အချို့ ကျတော့လည်း သိသိကြီးနဲ့ အစိုးရကို မကောင်းမြင်စိတ်နဲ့ ပြစ်တင် ရှုတ်ချ ဝေဖန်ရာမှာ ဧရာဝတီကို ခုတုံးလုပ် အသုံးချ နေပါတယ်။ တစ်ဖက်စွန်းရောက် ရေးသားမှုတွေနဲ့ ဧရာဝတီဟာ အသက်ငင်နေပြီး သေဆုံးတော့ မယောင်ယောင် လုပ်ကြံဖန်တီး နေတာတွေလည်း တွေ့ရပါတယ်။ အင်တာနက်မှာ ကိုယ်ရေးချင်ရာ ရေးခွင့်ရှိတယ် ဆိုပေမယ့်  ကိုယ်ပြောတဲ့ စကားတစ်ခွန်း၊ ကိုယ်ရေးခဲ့တဲ့ စာတစ်ကြောင်းအတွက် တာဝန်ယူကြရ မှာပါ။
အဲဒီလို ဧရာဝတီနဲ့ ပတ်သက်ပြီး ခုတုံးလုပ် အသုံးချ ရေးသားနေကြ သူတွေထဲမှာ မြန်မာ့မြေပေါ်မှာ နေပြီး ဧရာဝတီ ရေကို သောက်နေကြ သူတွေထက် အမေရိကန်လို အနောက်နိုင်ငံတွေမှာ နေထိုင်ပြီး တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားဖို့ ကြိုးစားနေတဲ့ မျိုးမစစ် ပုဂ္ဂိုလ်တွေက ပိုပြီးကဲနေတာကို တွေ့ရပါတယ်။ အဲဒီမျိုးမစစ် ပုဂ္ဂိုလ်တွေ ဧရာဝတီ ချစ်တယ် ဆိုတာထက် ဧရာဝတီ ရင်ခွင်မှာ တကယ် မှီတင်း နေထိုင်နေတဲ့ ကျွန်တော်တို့က အဆ ရာထောင်မက ပိုချစ်ပါတယ်။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အသက်သွေးကြောပါ။ ဒါကြောင့် ကျွန်တော်တို့ကလည်း ဧရာဝတီကို ဘယ်တော့မှ အဆုံးရှုံးခံမှာ မဟုတ်ဘူး။ ကမ္ဘာ တည်သရွေ့၊ မြန်မာ တည်သရွေ့ ဧရာဝတီ တည်နေမယ်ဆိုတာ အားလုံးသိအောင် ရှင်းပြချင်ပါတယ်။
လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ မြစ်ဝါမြစ်ကြီးလို ဧရာဝတီလည်း မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြောင့် များမကြာမီမှာ သေဆုံးရတော့ မယောင်ယောင် ရေးသားနေကြ ပါတယ်။ ဒါ လုံးဝ မဟုတ်ပါဘူး။ တကယ်တော့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ မေခ၊ မလိခ မြစ်နှစ်ခု ဆုံရာ မြစ်ဆုံရဲ့ အောက်ဘက်အနီးမှာ တမံပိတ်ပြီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် မြစ်ဆုံရဲ့ အောက်ဘက် ၄ ဒသမ ၃ မိုင်အကွာ တန်ဖဲရွာ အနီးမှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ရေစီးဝင်တဲ့ ဧရိယာပမာဏ စတုရန်း ကီလိုမီတာ ၄၁ဝဝဝဝ ရှိပြီး အဲဒီအထဲက ၄၇၂၆၅ စတုရန်း ကီလိုမီတာ ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။ စုစုပေါင်း ရေစီးဝင်တဲ့ ဧရိယာ ပမာဏရဲ့ ၁၁ ဒသမ ၅ ရာခိုင်နှုန်းကိုသာ စီမံကိန်းအတွက် အသုံးပြုမှာ ဖြစ်တဲ့အတွက် ဧရာဝတီမြစ်ကြီး ခန်းခြောက်သွားစရာ အကြောင်း လုံးဝမရှိပါဘူး။ နောက်တစ်ချက်က မြစ်ဆုံစီမံကိန်း နေရာရဲ့ နှစ်စဉ် မိုးရွာသွန်းမှုဟာ ပျမ်းမျှ မိုးရေချိန် ၉၁ လက်မဖြစ်ပြီး ဧရာဝတီ မြစ်အတွင်းကို နှစ်စဉ်စီးဝင်တဲ့ ပျမ်းမျှစီးဝင်ရေမှာ ဧကပေ ၁၂၈၅ ဒသမ ၂ သိန်း ဖြစ်ပါတယ်။ မြစ်ဆုံတမံရဲ့ ရေသိုလှောင်နိုင်မယ့် ကန်ရေပြည့် ရေလှောင် ပမာဏဟာ ဧက ပေ ၉၇ ဒသမ ၈၈ သိန်းသာ ဖြစ်ပါတယ်။ ဒါကြောင့် တမံရဲ့ သိုလှောင်ရေ ပမာဏဟာ စီးဝင်ရေပမာဏရဲ့ ၇ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် ကျန်စီးဝင်ရေ ၉၂ ဒသမ၄ ရာခိုင်နှုန်းဟာ ဧရာဝတီ မြစ်ထဲကို နဂိုမူလအတိုင်း စီးဆင်းမြဲ စီးဆင်းနေမှာသာ ဖြစ်ပါတယ်။
နောက်တစ်ချက်က ဧရာဝတီမြစ် ထဲကို စီးဝင်မှုဟာ မေခ၊ မလိခမြစ် နှစ်စင်းတည်း မဟုတ်ပါဘူး။ မြစ်ကြီး ငါးသွယ်၊ မြစ်ငယ် ငါးရာဆိုတဲ့ စကားအတိုင်း မြစ်ဆုံရဲ့ အောက်ပိုင်းမှာ တာပိန်မြစ်၊ ရွှေလီမြစ်၊ ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်၊ မြစ်ငယ်မြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်စတဲ့ မြစ်ကြီးများအပါအဝင် မြစ်ကြီး မြစ်ငယ်များ၊ ချောင်းကြီး ချောင်းငယ်များ အများအပြား ပုံမှန်အတိုင်း စီးဝင်နေမှာ ဖြစ်ပါတယ်။ ဒီ့ထက် ပိုစကားကပ်ပြီး ပြောကြကြေးဆိုရင် အဲဒီ မြစ်ဆုံတမံမှာ သိုလှောင်ထားတဲ့ ရေအားလုံးဟာလည်း လျှပ်စစ် ဓာတ်အားပေးစက်တွေ မောင်းနှင် လည်ပတ်တဲ့အခါ စက်ရုံ ရေထုတ်မြောင်းက တစ်ဆင့် ဧရာဝတီ မြစ်ထဲကိုပဲ ပြန်ပြီး စီးဝင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြစ်ဆုံ တမံကြောင့်ဖြင့်တော့ ဧရာဝတီမြစ်ကြီး တိမ်ကောသွားစရာ အကြောင်း လုံးဝမရှိဘူးဆိုတာ ထင်ရှားပါတယ်။ အလားတူ မေခ၊ မလိခ မြစ်နှစ်သွယ်ဟာလည်း ပျောက်ပျက်သွားမှာ မဟုတ်ဘဲ ဧရာဝတီနဲ့အတူ ထာဝရ ရှင်သန်နေမှာသာ ဖြစ်ပါတယ်။
ဆက်ပါဦးမယ်။ ဧရာဝတီ မြစ်ဆုံမှာ တမံပိတ်ထားတဲ့ အတွက် နွေရာသီမှာ ရေဝင်မှု မရှိတော့ဘဲ ဧရာဝတီမြစ်ကြီး တိမ်ကောသွားမှာ စိုးရိမ်နေကြသူတွေ ရှိနေပါတယ်။ ဒါပေမယ့် မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို ဆောင်ရွက်နေကြတဲ့ ပညာရှင်တွေရဲ့အဆိုအရ တမံကနေ ရေထိန်းသိမ်းမှုကြောင့် မိုးရာသီကာလမှာ ပုံမှန်မြစ်ရေထု စီးနှုန်းထက် ၃ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်း စီးဆင်းမှာ ဖြစ်သော်လည်း နွေရာသီ ကာလ (နိုဝင်ဘာမှ ဧပြီအထိ) မှာတော့ ရေလှောင်တမံကနေ ရေထုတ်လွှတ်မှုကြောင့် နွေရာသီ ပုံမှန်မြစ်ရေ စီးဆင်းမှုထက် ၁၆ ရာခိုင်နှုန်း ပိုများလာမယ်လို့ ဆိုပါတယ်။ နွေကာလတွေမှာလည်း ကချင်ပြည်နယ်ရဲ့ မြောက်ဘက်ဖျားက ရေခဲတောင်တွေ အရည်ပျော်ပြီး စီးဆင်းမှုကြောင့် ဧရာဝတီရဲ့ စီးဆင်းမှု အခြေအနေကို မထိခိုက်နိုင်ပါဘူး။ ခြောက်သွေ့ရာသီ ကာလတွေရဲ့ ယခင်ပုံမှန် မြစ်ရေထု စီးနှုန်း 1830 m3/s ကနေ ရေလှောင်တမံ တည်ဆောက်ပြီးစီးချိန်မှာ ဖြစ်ပေါ်လာမယ့် မြစ်ရေထု စီးနှုန်းဟာ 2120 m3/s အထိ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တမံရဲ့ အောက်ဘက်ပိုင်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်မှာ မြစ်ရေဟာ ယခင်ပုံမှန်ထက် ၁ ဒသမ ၅ ပေခန့် ပိုမို မြင့်တက်လာနိုင်ကြောင်း လေ့လာသုံးသပ် ဖော်ထုတ်ထားပါတယ်။ ဒါကြောင့် ဧရာဝတီမြစ်ရေ ခန်းခြောက်သွား၊ တိမ်ကောသွားမှာ ဆိုတာမျိုး ကြံကြံဖန်ဖန် ပူပန်စိုးရိမ်မှုတွေ ရှိနေရင် ဒီနေ့ကစပြီး စိတ်ချလက်ချ အတွေးထဲက ထုတ်ပစ်လိုက်ပါတော့။ ကျွန်တော်တို့ရဲ့ ပင်မ အသက်သွေးကြော ဧရာဝတီ ဘယ်တော့မှ ခန်းမှာ မဟုတ်သလို ဧရာဝတီကို အမှီပြုပြီး ဆောင်ရွက်နေကြတဲ့ စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ရေကြောင်းသွားလာရေး စတဲ့ လုပ်ငန်းများ အပေါ်မှာလည်း လုံးဝထိခိုက်မှု မရှိနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။
ဒါ့အပြင် မြစ်ဆုံတမံဟာ စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောနဲ့ နီးလို့ ငလျင်များ လှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီး တစ်မြို့လုံး ရေလွှမ်းသွားနိုင်တယ် ဆိုတဲ့ ဆွေးနွေးမှုတွေလည်း တွေ့ရပါတယ်။ အချို့ကလည်း မိုးအပြင်းအထန်နဲ့ အဆက်မပြတ် ရွာသွန်းတဲ့အခါ ရေဝင်ပမာဏက သိုလှောင် ထိန်းထားနိုင်တာထက် ပိုများပြီး တမံပြိုကျမှာ၊ တမံရေတံခါးတွေ ဖွင့်ချမှာကို စိုးရိမ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် မြစ်ဆုံစီမံကိန်းရဲ့ တမံ အမျိုးအစားဟာ ကွန်ကရစ် မျက်နှာပြင် ကျောက်ဖြည့် တမံ (Concrete Face Rock Fill Dam - CFRD) အမျိုးအစား ဖြစ်ပါ တယ်။ အဲဒီ CFRD တမံ အမျိုးအစားဟာ Zone Type တမံ အမျိုး အစားထက် ငလျင်ဒဏ်ကို ပိုပြီးခံ နိုင်ရည်ရှိပါတယ်။ ထင်ရှားအောင် ဥပမာပြရရင် လွန်ခဲ့တဲ့နှစ် အနည်းငယ်က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ ပြင်းအား ၈ ဒသမ ၃ ရှိတဲ့ ငလျင်ကြီး တစ်ခု လှုပ်ခတ်သွားခဲ့ချိန်က အဲဒီမှာရှိတဲ့ Shuibuya တမံဟာ လုံးဝထိခိုက်မှု မရှိခဲ့ကြောင်း တွေ့ရပါ တယ်။ အဲဒီ Shuibuya တမံဟာ CFRD အမျိုးအစားဖြစ်ပါတယ်။ အခုလည်း စစ်ကိုင်း ပြတ်ရွေ့ကြောကို ကြိုတင်တွက်ချက်ပြီး ကြီးမား ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံနိုင်ရည် ရှိစေရန်အတွက် မြစ်ဆုံတမံကို CFRD အမျိုးအစား တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်များက အဆင့်ဆင့် တွက်ချက်ပြီး စိတ်ချရတဲ့ အဆင့်ရှိအောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်းအရ ရေပိုလွှဲ (Spill-way) နဲ့ ရေထုတ်ပြွန်(ှQutlet) များကိုပါ စနစ်တကျ တွက်ချက် တည်ဆောက်ထားပြီး Monitoring System ကိုပါ တပ်ဆင်အသုံးပြုမှာ ဖြစ်တဲ့အတွက် အချို့စိုးရိမ်သလို တမံကျိုးတဲ့ အဆင့်၊ ရေတွေ ဖွင့်ချရတဲ့ အဆင့် ရောက်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ Food Control အနေနဲ့ စီမံကိန်းများမှ ရေလှောင်ပမာဏ 0.85 Billion m3 ဝန်းကျင် သိုလှောင်နိုင်မှာ ဖြစ်တဲ့အတွက် မြစ်ကြီးနားမြို့ဟာ ယခင်က ငါးနှစ် တစ်ကြိမ် မြစ်ရေလျှံခြင်း ဖြစ်နိုင်ခြေမှ မြစ်ဆုံစီမံကိန်း ပြီးသွားတဲ့အချိန်မှာ နှစ် ၂ဝ မှာ တစ်ကြိမ်သာ ဖြစ်နိုင်ခြေ ရှိတော့မှာ ဖြစ်ပါတယ်။ အချို့ကလည်း မေခနှင့် မလိခမြစ်များက နုန်းတွေ သဲတွေဟာ မြစ်ဆုံ တမံကြီးထဲမှာပဲ ပို့ချရတော့မှာ ဖြစ်တဲ့အတွက် နောင်မှာ နုန်းတင် မြေနုရှားပါးသွားပြီး မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေ ထိခိုက် လိမ့်မယ်လို့ ရှာကြံပြီး ပူပန်ပြနေကြ ပါတယ်။ သူတို့ ပူပန်ပြနေပုံကို ကြည့်ပြီး မိုးပြိုမှာစိုးလို့ ခြေနှစ်ချောင်း မိုးပေါ်ထောင်ပြီး အိပ်တဲ့ တစ်တီတူးငှက် ဆိုတာကို ပြေးမြင်မိပါတယ်။ အမှန်တော့ သူတို့ ပြောသလောက်ကြီးလည်း မဟုတ်သေးပါဘူး။ ဧရာဝတီမြစ်ထဲကို စီးဝင်တာ မေခနဲ့မလိခ မြစ်နှစ်သွယ်သာ ရှိတာမဟုတ်ဘဲ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ ဆိုတာကို ရှေ့မှာကျွန်တော် ပြောခဲ့ပြီးပါပြီ။ အဲဒီ ရာနဲ့ချီသော မြစ်လက်တက်၊ ချောင်းလက်တက်များက နုန်းပို့ချမှုဟာ ပုံမှန်အတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် သိရသလောက် မြစ်ဆုံ တမံအတွင်း နုန်းပို့ချမှု မြင့်မားပြီး ရေသိုလှောင်မှု နည်းလာတဲ့အချိန်မှာ အဲဒီနုန်းတွေကို ပြန်ထုတ် နိုင်ဖို့ တမံဒီဇိုင်းမှာ သဲနုန်း ထုတ်ပေါက်တွေ ပါပါတယ်။ အချိန်တန်ရင် အဲဒီ ထုတ်ပေါက်တွေကနေ သဲနုန်းတွေ ဧရာဝတီထဲ ပြန်ရောက်လာမှာ ဖြစ်လို့ နုန်းတင်မြေနု ရှားပါးသွားမယ့် ကိစ္စဟာ ပြောပလောက်စရာ မရှိပါဘူးလို့ပဲ ဆိုပါရစေ။
အင်တာနက် ဆောင်းပါးတစ်ခုမှာ မြစ်ဆုံ စီမံကိန်းကြောင့် ကျေးရွာ ပေါင်း ၄၇ ရွာက လူပေါင်း ၂ဝဝဝဝ ကျော် ရွှေ့ပြောင်းပေးရတယ်လို့ ရေးထားတာ သတိပြုမိပါတယ်။ တကယ်တော့ လောလောဆယ်အထိ စီမံကိန်းဧရိယာနဲ့ မလွတ်ကင်းတဲ့ တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး/ အောင်ဂျာယန်၊ ဒေါင်ပန်ဆိုတဲ့ ရွာငါးရွာက အိမ်ထောင်စု ၄၁ဝ၊ လူဦးရေ ၂၁၄၆ ဦးသာ ရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီရွာ ငါးရွာကိုလည်း အောင်မြင်သာ စံပြကျေးရွာ မလိယန် ကျေးရွာသစ်များအဖြစ် ဒေသခံ တွေရဲ့ရှိရင်းစွဲ အဆင့်အတန်းထက် ပိုမိုမြင့်မား ကောင်းမွန်တဲ့ နေအိမ် အဆောက်အအုံများနဲ့ တကွ စံပြကျေးရွာတစ်ရပ်ရဲ့ ဂုဏ်အင်္ဂါများနဲ့ အဘက်ဘက်က ပြည့်စုံအောင် တည်ဆောက် ရွှေ့ပြောင်း နေရာချထားပေးခဲ့ပြီး ဖြစ်ပါတယ်။
မြစ်ဆုံ စီမံကိန်းကြောင့် မဆိုင်တဲ့အပေါက် ကလိုင်နဲ့ ခေါက်ဆိုသလို မြစ်ဝကျွန်းပေါ်က ဒီရေတောတွေ ပျက်သုဉ်း ပျောက်ကွယ်သွားမယ်လို့ ပြောတာတွေလည်း ရှိပါသေးတယ်။ တကယ်တော့ ဧရာဝတီမြစ်ရေ စီးဆင်းမှုနဲ့ ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား ပြောင်းလဲစရာမရှိလို့ ဒီရေတောတွေလည်း ဘာမှပြောင်းလဲစရာ မရှိပါဘူး။ နိုင်ငံတော် အပိုင်းက နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ဒီရေတော ပြုစုထိန်းသိမ်းရေး လုပ်ငန်းတွေကို နာဂစ် နောက်ပိုင်းမှာ ပိုမိုအလေးထား ဆောင်ရွက်နေတဲ့အတွက် နောင်မှာ ဒီရေတောတွေ ဒီ့ထက်ပိုပြီး တိုးပွား ရှင်သန်လာဖို့ပဲ ရှိပါတယ်။
တကယ်တော့ နိုင်ငံတော် ဘက်ကလည်း ဒီစီမံကိန်းအတွက် အဆင့် ဆင့်သော စူးစမ်းလေ့လာ တိုင်းထွာ တွက်ချက်မှုတွေ အမျိုးမျိုး ဆောင်ရွက်ခဲ့ပြီး ပါပြီ။ ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာ တွေကိုလည်း အမျိုးမျိုး ချိန်ဆ တွက်ချက် ပြီးပါပြီ။ ၂ဝဝ၇ ဒီဇင်ဘာ လောက်ကစပြီး ကွင်းဆင်း လေ့လာမှုတွေ စတင်ခဲ့တာဖြစ်ပြီး အဆင့်ဆင့်သော စူးစမ်းလေ့လာမှု အစီရင်ခံစာများ အပေါ်မှာ အဘက်ဘက်က သုံးသပ်ချင့်ချိန် အတည်ပြု ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ Survey လုပ်ရာမှာလည်း နိုင်ငံတကာ ကျွမ်းကျင်မှု ကုမ္ပဏီအဖွဲ့ပေါင်းများစွာနဲ့အတူ မြန်မာနိုင်ငံက ကျွမ်းကျင်ပညာရှင် ၁ဝဝ ကျော် ပူးပေါင်းဆောင်ရွက် ခဲ့ကြတာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းရဲ့ စက်တပ်ဆင်အားဟာ ၆ဝဝဝ မဂ္ဂါဝပ် (၈x၇၅ဝမဂ္ဂါဝပ်) ဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားက ကီလိုဝပ် နာရီသန်းပေါင်း ၂၉၄ဝဝ ဖြစ်ပါတယ်။ စီမံကိန်း ကာလ ၉ နှစ်ကျော် ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ Foreign Direct Investment (FDI) အဖြစ် တရုတ်နိုင်ငံက တာဝန်ယူ တည်ဆောက်တာ ဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ စီမံကိန်းတစ်ခုကို နိုင်ငံတော်က ဘာဖြစ်လို့ တာဝန်ယူ တည်ဆောက်ခြင်း မပြုဘဲ အိမ်နီးချင်း နိုင်ငံကို တာဝန်ယူ တည်ဆောက်ဖို့ ခွင့်ပြုခဲ့ရတာလဲလို့ မေးစရာရှိပါတယ်။ အင်တာနက် ထဲမှာတော့ အမနာပ အမျိုးမျိုး ဝေဖန် စွပ်စွဲ ပုတ်ခတ် နေကြတာပါပဲ။ သို့သော် အရင်းစစ်တော့ အမြစ်မြေက ဆိုသလို အဓိကက ငွေပါပဲ။ အကျိုးအမြတ် ကြီးမားသလို ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလည်း အင်မတန် ကြီးမားတဲ့ စီမံကိန်းမျိုးပါ။ သာမန်အားဖြင့် သူများနိုင်ငံမှာ ဒီစီမံကိန်းမျိုး လုပ်မယ်ဆိုရင် ကမ္ဘာ့ဘဏ်လိုမျိုး၊ အာရှ ဖွံ့ဖြိုးရေးဘဏ် လိုမျိုးကနေ ချေးငွေရယူပြီး ကိုယ်တိုင် ရင်းနှီးမြှုပ်နှံ နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ တိုင်းပြည် စီးပွားပျက်မှ ငါအာဏာရမယ် ဆိုတဲ့ လူတစ်စုရဲ့ ကောင်းမှုကြောင့် ပိတ်ဆို့မှု (Sanction) ဆိုတာကြီးကို အလကား ပဲတင်းနဲ့ မလိုချင်ဘဲ ရခဲ့ပါတယ်။ ဒီ Sanction ဆိုတာကြီးကြောင့် ချေးငွေဆိုတာ နတ္ထိ၊ အထောက်အပံ့ဆိုတာ မသထာရေစာ လောက်နဲ့ ကိုယ့်အား ကိုယ်ကိုးပြီး ကြိုးစားရုန်းကန် ဖြတ်သန်းခဲ့ရတာ ဆယ်စုနှစ် နှစ်စုနီးပါး တိုင်ခဲ့ပါပြီ။ ဒါလောက်ဆိုရင် အားလုံး နားလည်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အလုပ်တစ်ခု လုပ်ရာမှာ အကျိုးနဲ့ အပြစ်ဆိုတာ ဒွန်တွဲနေမှာ ပါပဲ။ ကိုယ်အသာရတာ ရှိသလို ကိုယ့်ဘက်က ပေးဆပ်ရတာလည်း ရှိမှာပါပဲ။ ဒါကိုအားလုံး နားလည်ပြီးသား ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်က လူကြီးတွေ အနေနဲ့ ကိုယ့်ဘက်က ပေးဆပ်မှုအနည်းဆုံးနဲ့ အကျိုးအမြတ် အများဆုံးရရှိအောင်၊ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်အောင် ချင့်ချိန်သုံးသပ် ဆောင်ရွက်လိမ့်မယ်ဆိုတာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပါဘူး။ အခု မြစ်ဆုံ စီမံကိန်းမှာလည်း FDI ကို ခွင့်ပြုခဲ့တဲ့ အတွက် Royalty Energy တွေထိုက်သင့်တဲ့ ရာခိုင်နှုန်းနဲ့ အကျိုးအမြတ် ရရှိလာမှာ ဖြစ်သလို ထွက်ရှိလာတဲ့ Energy အပေါ်မှာလည်း နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ရောင်းချခွင့်၊ ထပ်မံဝယ်ယူခွင့် စသဖြင့် ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကို နိုင်ငံတော်အတွက် လုံးဝ အကျိုးအမြတ် မရှိဘဲ တရုတ်နိုင်ငံ အကျိုးစီးပွား အတွက်သာ ဖြစ်သယောင်ယောင် ပြောဆို စွပ်စွဲမှုတွေဟာ လုံးဝ မှားပါတယ်။ နိုင်ငံနဲ့ ပြည်သူ အတွက် ရသင့် ရထိုက်တဲ့ အနာဂတ် အကျိုးအမြတ်တွေ မရရှိဘဲ ဘယ်သူမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါကို နားလည်ဖို့ လိုပါတယ်။
ယခု လတ်တလော ကာလမှာကိုပဲ ဒီစီမံကိန်းအတွက် အလုပ်အကိုင် အခွင့်အလမ်း ၂၆ဝဝ ကျော် ဖော်ထုတ်ရရှိနေပြီး ဖြစ်သလို စီမံကိန်း ပြီးစီးချိန်မှာလည်း ဒီထက်ပိုပြီး အလုပ်အကိုင်တွေ ရရှိလာမှာ သေချာပါတယ်။ ဒီစီမံကိန်းကို မှီပြီး မေခမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ မြစ်ဆုံမှ ယီနန်အထိ ၂၆၁ မိုင်ခန့်၊ မလိခမြစ် အနောက်ဘက်ကမ်းမှာ မြစ်ဆုံမှ လိုင်ဇာအထိ မိုင် ၁၇ဝ ခန့် လမ်းမကြီးနှစ်လမ်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အဲဒီ လမ်းမကြီးတွေနဲ့ ယှဉ်တွဲပြီး တံတားကြီး ခုနစ်စင်း တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီဒေသက ညီနောင် သားချင်းတွေအတွက် အဘက်ဘက်က အကျိုးပြုနိုင်မယ့် ရလဒ်တွေပဲ ဖြစ်ပါတယ်။
ချုပ်ပြီးပြောရရင် ကိစ္စရပ်တိုင်းမှာ အကြောင်းအကျိုး အကောင်းအဆိုးဆိုတာ ဒွန်တွဲနေမှာပါပဲ။ ဒါကြောင့် မျှမျှတတ ရှုမြင် သုံးသပ်ဆင်ခြင် တတ်ဖို့လိုပါတယ်။ တစ်နည်းပြောရရင် အမြင်မှန်ဖို့ လိုပါတယ်။ သို့သော် အရာရာကို အပြစ်မြင်တဲ့ ရှုထောင့်ကနေ မျက်မှန်စိမ်းတပ်ပြီး ကြည့်မယ်၊ တစ်ဖက်စွန်း ရောက်နေမယ် ဆိုရင်တော့ အမှန်ကို မမြင်နိုင်တော့ပါဘူး။ အခု မြစ်ဆုံကိစ္စမှာလည်း အမှန်ကို မြင်ကြစေချင် ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ပြည်သူအားလုံး အမှန်ကို မြင်နိုင်အောင် ဒီဆောင်းပါးကို ရေးရခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဧရာဝတီ မြစ်ဆုံ လျှပ်စစ် စီမံကိန်းတွေဟာ မလိုသူတွေ ပြောသလို ဧရာဝတီ မြစ်ကြီးကိုရော၊ ဧရာဝတီကိုချစ်တဲ့ မြန်မာ ပြည်သူတွေကိုရော ဒုက္ခပေးဖို့ လုပ်နေတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ဧရာဝတီကို ချစ်ပါတယ်။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အသက်သွေးကြောပါ။ မြစ်မင်း ဧရာဝတီ တိမ်ကော ပျက်စီးသွားတာမျိုး ဘယ်တော့မှ အဖြစ်မခံနိုင်ပါဘူး။ နောင်တစ်ချိန်မှာ အဓွန့်ရှည် ရှင်သန်နေတဲ့ မြစ်မင်း ဧရာဝတီရဲ့ ရင်ခွင်မှာ ခိုလှုံရင်း မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းကြီးက ပေါ်ထွက်လာတဲ့ အသီးအပွင့် အကျိုး ရလဒ်တွေကို မြန်မာပြည်သူ အားလုံး ခံစား စံစားနေကြတာကို ကြည်နူးကျေနပ်စွာ တွေ့မြင်ခွင့် ရရှိနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်မိ ကြောင်းပါဗျာ။ ။
ကျော်မင်းလူ(ရွှေပြည်သာ)
 
(၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၈) မှ ဆောင်းပါးရှင် ကျော်မင်းလူ(ရွှေပြည်သာ) ၏ ဆောင်းပါးအား ကူးယူ ဖော်ပြပါသည်။)



ရှစ်လေးလုံးတုန်းက မမွေးသေးသူများ ရှစ်လေးလုံးစိတ်ဓာတ် အထူးပြင်းထန်နေ



သားမှာ ရှစ်လေးလုံးစိတ်ဓာတ် တအား အလွန်အမင်း ပြင်းထန်နေပါတယ်.. ရှစ်လေးလုံးတုန်းကတော့ အမေ့ဗိုက်ထဲတောင် မရောက်သေးပါဘူး
သမီးကတော့ ဘယ်တော့မှ ကမ္ဘာကြေမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးကို ကြေအောင် ဘယ်သူမှ မလုပ်နိုင်လို့ပါပဲ
ရှစ် လေးလုံး ဆိုတော့ အပွင့်တူ မရှိရင် အနိုင်ဆုံးပဲ



သမီးကတော့ ရှစ်လေးလုံးကို လုံးဝ ထောက်ခံတယ်
ရှစ်လေးလုံးရောက်တိုင်း ဆိုင်းဘုတ်လေး ကိုင်ရုံနဲ့ မုန့်တွေ အများကြီး စားရတယ်

ရှစ်လေးလုံး မှာ ဘုန်းကြီးတွေ စင်ပေါ်တက်ကြတယ်
ပရိတ်သက်က ကြိုတ်ကြိုတ်တိုး စည်ကားလွန်းလို့ တိုးလို့ကိုမပေါက်တာ 
မြန်မာ့သတင်း - သြဂုတ်လ ၉ ရက်၊ ၂၀၁၁
- ကချင်ပစ်ခတ်မှုအပေါ် လွှတ်တော်အမတ်တစု အပြစ်ဖို့ click
- ငြိမ်းချမ်းရေးအတွက် အမတ်တွေ တိုက်တွန်း click
- ပြည်တွင်းငြိမ်းချမ်းရေး အဖြေရှာဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ တိုက်တွန်း click
- ငြိမ်းချမ်းရေးအိတ်ဖွင့်ပေးစာ တဖက်သတ် ရေးသားထားဟု မွန်ပါတီ ဝေဖန် click
- အမတ် ၂၃ ဦး အိတ်ဖွင့်ပေးစာ NLD တုံ့ပြန် click
- ပစ်ခတ်မှုကြောင့် ကလေးနှစ်ဦး ဒဏ်ရာရသည့် အစိုးရ၏ စွပ်စွဲချက်ကို KNU ငြင်းဆို click
- ဘုရားသုံးဆူမြို့ခံ ရာဘာခြံသမားများ ပြန်ပေးလက်မှ လွတ်လာ click
- လူ့အခွင့်အရေးကောင်စီ ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးမှု စုံစမ်း click
- စုံစမ်းရေးကော်မရှင်ဖွဲ့ရေး ထိုင်းလူ့အခွင့်အရေးအကြီးအကဲ တိုက်တွန်း click
- မိတ္ထီလာမှာ လူ့အခွင့်အရေး ဆွေးနွေး click
- ချေးငွေမဆပ်နိုင် လယ်သမား ၃၀ ကျော် ဖမ်းဆီးချုပ်နှောင်ထား click
- ကောင်းထက်ကုမ္ပဏီနှင့် ဒေသခံတို့ လယ်ဧက ၄၀၀ အတွက် အငြင်းပွား click
- ဗုဒ္ဓဂယာ မြန်မာဘုန်းကြီးကျောင်းအတွက် ဆန္ဒပြ click
- ဂျာမဏီကို ကန့်ကွက်ပြီ click
- ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသမှာ ကျင်းပတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံ (၂၃) နှစ်ပြည့် အ ခမ်းအနား (ဓာတ်ပုံ) click
- ကမ္ဘာတလွှား ရှစ်လေးလုံး လှုပ်ရှားမှုများ (ဓာတ်ပုံသတင်း) click
- တရားဥပဒေနှင့် အစိုးရအကြောင်း (ဆောင်းပါး) click
- မြန်မာပြည်ဆိုသည်မှာ ... (ရုပ်သံ) click
- မြန်မာငွေလဲလှယ်နှုန်းအတွက် IMF အကူအညီ တောင်းခံ click
- နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မြန်မာအစိုးရကို ကူညီမည် click
- မြန်မာအစိုးရက ဆန်တန်ချိန် တသန်းခွဲ ၀ယ်ယူမည် click
- မြန်မာပို့ကုန်လုပ်ငန်းများ အခက်အခဲကြုံ click
- စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းမှာ ရေတွေကြီးနေ click
- ပဲခူးနှင့် ကရင်တွင် ရေကြီးမှုကြောင့် လယ်မြေဧကထောင်ချီပျက်စီး click
- ပင်စင်လစာ ထုတ်ယူရန်အတွက် ဆေးရုံထောက်ခံစာ သွားယူသောအခါ ငွေပေးဆောင်နေရ click
- မြန်မာ့ပါဖောင်းမင့်အနုပညာရှင်တွေ ပြည်ပကိုသာ အာရုံစိုက် (အနုပညာမိုးကောင်းကင်) click
- ခွန်ယင်လပ်ကို ၀န်ကြီးချုပ်အဖြစ် ဘုရင်ကြီး အတည်ပြု လက်မှတ်ရေးထိုးလိုက်ပြီ click
- ဗြိတိန်နိုင်ငံက မငြိမ်သက်မှု click
- ဗြိတိန်ဆူပူမှု တခြားမြို့တွေ ပျံ့နှံ့ click
- စတော့ဈေးကွက် ဈေးနည်းနည်း ပြန်တက်လာ click

ဆိုင်းဘုတ်လေးတော့ တည့်အောင် မှန်အောင် ကိုင်ကြပါဗျာ


ရှစ်လေးလုံးအထိန်းအမှတ် ဆန္ဒပြပွဲများ ဆုတောင်းပွဲများကို ကမ္ဘာအရပ်ရပ်မှ မြန်မာအတိုက်အခံများ ပုံစံအမျိုးမျိုးနဲ့ ကျင်းပခဲ့ကြပါတယ်။ တချို့ကလည်း ဘုန်းကြီးတွေပင့်ပြီး ကျင်းပခဲ့ကြသလို တချို့ကလည်း ဘာမှမသိတဲ့ ကလေးတွေကို ခေါ်ပြီး ကျင်းပခဲ့ကြပါတယ်။ "ဖိတ်ထားတာတော့ အများကြီးပဲ.. ထမင်းလည်းကျွေးမယ်၊ ပိုက်ဆံလည်းပေးမယ် ပြောထားတာ.. ရှစ်လေးလုံး ၂၃ နှစ်ဆိုတော့ အများကြီးတောင် လာမယ်ထင်တာ.. တကယ်တန်းကျတော့ မလာကြဘူး... ၂၃ နှစ်တောင် ကြာပြီ ဘာမှ ထူးခြားအောင် မလုပ်နိုင်တာကြောင့် ရှက်လို့မလာကြတာလည်း ဖြစ်နိုင်တယ်" လို့ ဆန္ဒပြပွဲ ပြုလုပ်သူ ကမကထ တစ်ဦးက ပြောပါတယ်။

ဆိုးဝါး စိတ်ပျက်ဖို့ကောင်းတာ တစ်ခုကတော့ ၈ လေးလုံး ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြသူတွေထဲမှာ ဆန္ဒပြသူ ဒီမိုကရေစီဘက်တော်သား တစ်ယောက်က ဆိုင်းဘုတ်ကို ဇောက်ထိုးကြီးကိုင်ခဲ့တာပါပဲ။ ဆန္ဒပြသူတွေ ကိုင်ဆောင်ဖို့ ထုတ်ပေးထားတဲ့ ဆိုင်းဘုတ်ကို တစ်ယောက်တည်း ဇောက်ထိုးကြီးကိုင်ကာ ခန့်ခန့်ကြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ အဲဒီဓာတ်ပုံကိုလည်း AP သတင်းဌာနမှတဆင့် တကမ္ဘာလုံးသိအောင် ဖော်ပြထားပါတယ်။

ဖွတ်ဒေါင်းအလံကြီးကလည်း ဇောက်ထိုး၊ လူတွေကလည်း ဇောက်ထိုး၊ နိုင်ငံ မြေပုံနဲ့ သူတို့ကြိုက်လှပါပြီဆိုတဲ့ အလံလည်း ဇောက်ထိုးဖြစ်နေပြီ....
ရှစ်လေးလုံးကြောင့် အားလုံးဇောက်ထိုး ဖြစ်ကုန်တယ်လို့ပဲ ပြောချင်တာများလား

"ဒီလိုဆန္ဒပြပွဲမှာ ကမ္ဘာသိအောင် ဆိုင်းဘုတ်ဇောက်ထိုး ကိုင်ပြတာကြီးက သိပ်ကို ဆိုးရွားတဲ့ အဖြစ်ပျက်တစ်ခုပါ.. ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်တီစုကလည်း စိတ်ဆိုးနေတယ်.. သူတို့လုပ်ပုံက အန်တီစုအပါအဝင် ၈၈ ကျောင်းသားအားလုံးကိုေ-ာက်ပေါကြီး တွေ ဖြစ်အောင် လုပ်လိုက်သလိုပဲ" လို့ NLD နှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက Myanmar Express ကို ပြောပါတယ်။ အတည်ပြုနိုင်ဖို့အတွက် NLD ဒုဥက္ကဌ ဦးတင်ဦး ဆီကို ဖုန်းဆက်မေးခဲ့ပေမယ့် မျက်စိနာနေလို့ စကားမပြောနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ခုလို ကပျက်ကချော် လုပ်တာက ရှစ်လေးလုံးတုန်းက အသက်ပေးသွားသူတွေ အားလုံးကို စော်ကား ခြင်းဖြစ်ကြောင်းနဲ့ ဘန်ကောက်မှ နိုင်ငံရေးသူတောင်းများကို အလွန် စိတ်ပျက်မိကြောင်းကို အမေရိကားရောက် ရှစ်လေးလုံး ကျောင်းသား ဟောင်းတစ်ဦးက ပြောပါတယ်။ "ဒါ သက်သက်စော်ကားတာဗျ.. ဒီလို ကပျက်ကချော်လုပ်တာက အသက်ပေးသွားတဲ့ သူတွေအားလုံးကို စော်ကားတာပဲ.. ဘန်ကောက်က နိုင်ငံရေးသူတောင်း စားတွေ ဒါမျိုးဖောင်းတာ ခဏခဏ ရှိနေပြီ.. ခွပ်ဒေါင်းအလံကိုတောင် ဘယ်ဟာက အတည့်၊ ဘယ်ဟာက ဇောက်ထိုးမှန်းမသိပဲနဲ့ နိုင်ငံရေးဝင်လုပ်နေကြတာ အများကြီးပဲ.. တကယ်စိတ်ပျက်စရာကောင်းတယ်" လို့ သူက ဆက်ပြောပါတယ်။

အလားတူဖြစ်စဉ်မျိုးတွေ ခဏခဏ ဖြစ်ခဲ့ဖူးပြီး အသိသာဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို တောင် မှားပေါင်းပြီး ဆန္ဒပြဖူးသူတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံစစဉ်က အားကိုးတကြီးနဲ့ လွတ်လာရင် ထူးခြားမလား ဆိုပြီး လွတ်ဖို့ ဆန္ဒပြသူများထဲမှာ တစ်ယောက်က ဒေါ်အောင်ဆန်းစုကြည် နာမည်ကို အောင်ဆန်းဆန်းကြည် လို့ ပေါင်းပြီး ဆိုင်းဘုတ်ကို ကိုင်ကာ ဆန္ဒပြခဲ့ဖူးပါတယ်။ ဒီဖြစ်စဉ်ကို ရိုက်တာ သတင်းဌာနကဆင့် တကမ္ဘာလုံး သိတုန်းကလည်း အကျယ်ချုပ်ထဲမှာ နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အတော် စိတ်ခုခဲ့ရဖူးပါတယ်။
ဘယ်တုန်းက နာမည်ပြောင်းလိုက်တာပါလိမ့်.. ကင်မွန်းတပ်လေးတော့ လုပ်သင့်တယ်..

"ဆန္ဒပြတယ်ဆိုတာ ဓာတ်ပုံပဲ အဖတ်တင်တာမဟုတ်လားဗျာ.. ဒီတော့ ခဏတာအတွင်း ဓာတ်ပုံအရိုက်ခံချိန်မှာ ဆန္ဒပြသူတွေ အနေနဲ့ အသေအချာတော့ ပြင်သင့်တာပေါ့.. ခုတော့ ကိုယ်စီးတဲ့မြင်းကို အထီးမှန်းအမမှန်းမသိ၊ ကိုယ်ကိုယ်တိုင်က အမြင်မတည့်တော့ ဓာတ်ပုံတွေက တလွဲတွေ ထွက်တာပေါ့.. ဆန္ဒပြသူတွေ အနေနဲ့ ပိုက်ဆံရပြီးရော ဆိုတဲ့ စိတ်နဲ့ မပြကြပဲ ရတဲ့ပိုက်ဆံနဲ့ ထိုက်တန်အောင် အသေအချာလေး စီစဉ်သင့်တယ်" လို့ ဆန္ဒပြသူ တစ်ဦးက ပြောဆိုပါတယ်။ 
မြန်မာနိုင်ငံသတင်းများ(၈-၈-၂၀၁၁)
၎ ဦးမြောက် အနားပေးခံရသည့် ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကျော်ဖြိုး ဖြစ်လာ click
- ဒု-သမ္မတ၏ ကမ်းလှမ်းချက်ကို သံသယဖြင့် ကြို click
- ကေအိုင်​အေနှင့်​ အစိုး​ရတပ် တိုက်ပွဲ ၄ဝ ခန့်ဖြစ် click
- တိုင်း​ရင်း​သား​ကိုယ်စား​လှယ်များ​ လွှတ်​တော်ရုံး​အစီအစဉ်ဖြင့်​ ငြိမ်း​ချမ်း​ရေး​ အိတ်ဖွင့်​ပေး​စာ ​ပေး​ပို့ click
- ငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာကို လက်မှတ်ထိုးသူကိုယ်တိုင် အပြည့်အ၀ လက်မခံနိုင် click
- စစ်မှန်သည့်​ ဖက်ဒရယ် မ​ပေါ်မချင်း​ ဆက်လက်တိုက်ပွဲဝင်မည် click
- “ကျနော့်အမြင်ကတော့ စစ်ဖြစ်နေပြီ” (ဒဂုန်တာရာနှင့် အင်တာဗျူး) click
- တိုင်း​ရင်း​သား​ လက်နက်ကိုင်တပ်ဖွဲ့များ​အတွက် သမိုင်း​သင်ခန်း​စာ (သုံးသပ်ချက် ဆောင်းပါး) click
- မိုင်းလားတပ်ဖွဲ့နယ်မြေအနီး မြန်မာစစ်တပ် ဒု-အကြိမ် ငွေသတ္ထု ထွက်ရှာ၊ ရွာအချို့အား ငွေထောက်ပံ့စည်း ရုံး click
- မြစ်ဆုံ ဝေဖန်ချက်ကို တုန့်ပြန်ပြီ click
- ဧရာဝတီမြစ်ဖျား​ပိုင်း​ ​ရေအား​လျှပ်စစ်စီမံကိန်း​များ​အ​ပေါ် အစိုး​ရ ခုခံ​ရေး​သား​ click
- မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ကိုယ်စား​လှယ် ထား​ရန် တိုက်တွန်း​ click
- သင်္ကြန်မဏ္ဍပ် ဗုံး​ပေါက်ကွဲမှု ဓာတ်ပုံမှတ်တမ်း​တင်သူကို ရုံး​ပြန်ထုတ် click
- ၂၃ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနား KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပ click
- ၂၃ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့ ချီတက်လှုပ်ရှားမှုများ ဂျပန်ရောက် ဒီမိုကရေစီအင် အားစုများမှ ပြုလုပ် click
- ၂၃ နှစ်မြောက် ရှစ်လေးလုံးလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနား (ရန်ကုန်) (ဓာတ်ပုံ) click
- ၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် လှုပ်ရှားမှု (တိုကျို) (ဓာတ်ပုံ) click
- ၂၃ နှစ်မြောက် ရှစ်လေးလုံးလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနား (အော့က်လန်) (ဓာတ်ပုံ) click
- ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ခရီးစဉ်နဲ့ တရားပွဲ (ဓာတ်ပုံ) click
- ၂၃ နှစ်မြောက် ရှစ်လေးလုံးလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနား (ဖို့တ်ဝိန်း) (ဓာတ်ပုံ) click
- ၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် လှုပ်ရှားမှု (နယူးဒေလီ) (ဓာတ်ပုံ) click
- ၈ လေးလုံးဆိုတာ အောင်ပွဲလား၊ မကြေပွဲလား (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- မိုက်တွင်းနက်ဆဲ စစ်အစိုးရနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လူ့အခွင့်အရေး ဒီမိုကရေစီရေးပြဿနာ (ဆောင်းပါး) click
- စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် - အပိုင်း (၄) (ဆောင်းပါး) click
- စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် - အပိုင်း (၃) (ဆောင်းပါး) click
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒေါက်တာ ဦးမြင့်၏ ဟောပြောချက် (၄) click
- ဦးပိုင်ထံ ကြွေးမဆပ်နိုင်သည့် လယ်သမားများ ထိန်းသိမ်းခံနေရ click
- ချင်း​သစ်​တောမှ ဘဏ္ဍာ​ငွေစီမံခွင့်​ရ​ရေး​ ချင်း​ပါတီက လွှတ်​တော်တွင် တင်ပြမည် click
- မြစ်​ရေတက်မှု​ကြောင့်​ မြို့အချို့ ရေမြုပ် click
- ကလေးမြို့နှင့် ကလေးဝမြို့တို့တွင် ရေကြီး click
- ပဲခူး​ ​ရေကြီး​ (ဓာတ်ပုံသတင်း​) click
- ချောင်းရေကျသွားသော်လည်း ဒုက္ခသည်စခန်းမှ ရေဘေးသင့်သူများ ယာယီနေရာတွင် ရှိနေဆဲ click
- ရွှေဈေး တရှိန်ထိုး မြင့်တက် click
- ကမ္ဘာ့​ရွှေ​ဈေး​တက်သဖြင့်​ မြန်မာ​ရွှေလည်း​ ​ဈေး​တက် click
- မြန်မာ့ဆန် မြောက်ကိုရီးယား သွားမည် click
- ရွှေည၀ါ ဆရာတော် ဘဒ္ဒန္တပညာသီဟ တရားပွဲ (၆-၈-၂၀၁၁) (တိုကျို) (ဓာတ်ပုံ) click
- ယင်လပ်အနေနဲ့ စစ်မှုရေးရာကိစ္စတွေမှာ ရှင်းရှင်းလင်းလင်း လုပ်သင့် click
- ကက်ဘိနက်ရာထူးတွေအတွက် လိမ္မာပါးနပ်တဲ့ အပေးအယူတွေ ဆက်လုပ်နေ၊ အစိုးရဖွဲ့စည်းမှု သောကြာ နေ့မှာ ပြီးမယ်လို့ မျှော်လင့် click
- ရုတ်ရုတ်သဲသဲ လန်ဒန်နဲ့ မှတ်သားစရာတချို့ click