မနေ့ မနက်၁၀နာရီလောက်တုန်းက မြစ်ကြီးနားမှ ပူတာအိုဘက်သို့လာတဲ့ ကားတစ်စီးကို KIA အဖွဲ့ မှ လူ
၁၅ဦးလောက်က က၀ပန်းရွာနားမှ တားပြီး ကျောင်းဆရာမ ၃ဦးနဲ့ ၁၀တန်း ကျောင်းသူ ၂ဦးကို
အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ မြစ်ကြီးနားမှ ပတူာအိုသို့ သွားတဲ့ကားတေကွို တားထားပြီး၊
ပူတာအိုဘက်မှ မြစ်ကြီးနားကို ဆင်းတဲ့ ကားနဲ့ ဆိုင်ကယ်များကို ဆင်းခွင့်မပြုကြောင်းလဲသိရပါတယ်။
ဖမ်းသွားတဲ့ဆရာမနဲ့ ကျောင်းသူလေးတွေကတော့သနားစရာပါဘဲ။


ဖမ်းဆီးသွားတဲ့ ဆရာမတွေကလဲ ၂၀နဲ့ ၂၅
ပတ်ဝန်းကြားမှာဘဲ ရှိပါတယ်။ အဲဒီမိန်းကလေးတွေကတော့ သူတို့ရဲ့ အတင်းအဓမ္မ မယားအဖြစ်သွတ်သွင်းမှာလား၊
တရုတ်ပြည်ကိုဘဲရောင်းစားမှာလား၊ ခေါင်းဆောင်တွေရဲ့ကိုယ်ရံတော် အပျော်မယားအဖြစ်ဘဲ ထားမှလား
ဆိုတာတော့အတိအကျမသိရပါဘူး။ သူတို့အတွက် မိဘတွေကတော့ ရင်ထုမနာဖြစ်နေရမှာဖြစ်ပါတယ်။ KIA
ကဒီလုပ်ဆောင်နေတာ ယုတ်မာပက်စက်တဲ့ လူမှုရေးချိုးဖောက်မှုတွေဘဲဖြစ်နေပါတယ်လို့ ၎င်းတို့နဲ့ အတူတူပါဘာလဲ
ကချင်အမျိုးသမီး တစ်ဦးမှ ၀မ်းနည်းစွာ ပြောကြားခဲ့ပါတယ်။

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий