ခွေးပါးစပ်က နတ်စကားထွက်တယ်ဆိုတာ ဒါမျိုးပြောတာ ။ငဘကတော့  မရေးဘူးနေတာပါ။ခက်တာက မရေးရင် မနေနိုင်အောင်ဆွနေကျတာ။ခုလည်းကြည့်ပါဦး။မြစ်ကြီးနာမှာ ကေအိုင်အို(KIO)က တံတားဖျက်ဆီး၊လမ်းတံတားဖောက်ခွဲ၊ဒါမျိုးလုပ်တာကိုကျတော့  အင်တာနက်ပေါ်က ဘယ်သတင်းဌာန မှ၊ ဒါမှမဟုတ် ပြည်တွင်းက ဘယ်သတင်းဌာနမှ ကန့် ကွတ်ပြီးတော့  အပ်တိုအပ်စလေးတောင် မရေးခဲ့ ကျပါဘူး။တင်လိုက်ကျတဲ့  အွန်လိုင်းပေါ်မှာ ဗိုက်ချူပ်စကားတွေ .....ဘာတဲ့  အမှန်တရားကို မြတ်နိုးရမယ်တဲ့ ။သိပ်ရီစရာကောင်းတဲ့  ပျက်လုံးတွေ၊ဒါတွေကိုကျတော့  အပျက်ပြောတဲ့  မောင်ဇာဂနာတို့ က တလုံးမှထွက်မလာဘူး။ဒီတံတားတွေ ၊လမ်းတွေက စစ်တပ်က လုပ်အားနဲ့ ပဲဆောက်ထားတာ။အကုန်လုံး ပြည်သူ ပိုက်ဆံတွေပဲ။မှန်မမှန် ငဘမသိဘူး။တိုက်ပွဲတွေမှာ စစ်တပ်က ပေါ်တာ ဆွဲလို့ တဲ့ ။မြန်မာနိုင်ငံမှာ ၇ှိတဲ့  မီးရထား လမ်းတော်တော်များများကို စစ်တပ်က ဖောက်လုပ်ပေးခဲ့ တဲ့  အရာတွေကိုကျတော့  မြန်မာ့ အသံမှာလာတိုင်း သတင်းပိတ်ပြီး ကို၇ီယားကားကြည့် နေကျတဲ့  တဖက်ပိတ် မျိုးချစ်စိတ်ကန်းသူတွေ။
နိုဘယ်ဆု ကိုင်ပြီး ပြည်သူခေါင်းဆောင်လို့  အော်နေတဲ့  သူကလည်း မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ တာကအစ လိုက်ကန့် ကွတ်နေတယ်။ပြောတော့ တမျိုး လုပ်တော့  တမျိုး။ဘာဖြစ်လဲ ။တကယ်ဆို ကိုယ်ကတောင် ဦးဆောင်ဦးရွက် လုပ်ပေးနေရမှာ။အာဆီယံ ဥက္ကထဖြစ်ဖို့ အရေးကို ကျမကနားလည်ပါတယ်ဆိုပြီး မြန်မာလူမျိုး၊ဒါမှမဟုတ် ဗိုလ်ချူပ်သမီး မဟုတ်သလိုနဲ့ ။မျက်နှာလွှဲ ဆံခက်လုပ်ပစ်ပုံက ငဘအတွက်တော့ မခံချိမခံသာ အပေါက်မျိုး။ဘယ်မှာလဲ ငြိမ်းချမ်းရေးဆိုပြီးအော်နေတဲ့  သူက ။မြစ်ကြီးနားမှာ လက်ရှိအစိုးရကို ပြည်သူတွေရော ၊ကမ္ဘာကပါအကြည်ညိုပျက်စေမဲ့  ကေအိုင်အိုရဲ့  လမ်းတံတားဖျက်ဆီးမှု့ တွေကိုကျတော့  ကန့် ကွတ်စာဆိုတာ တလုံးမှ ထွက်မလာဘူး။ဘာမှမဟုတ်တဲ့  ထိုင်းနိုင်ငံကယင်လတ် ၀န်ကြီးဖြစ်တာကျတော့  မျက်နာလို မျက်နှာရနဲ့  ၀မ်းမြောက်ကြောင်း သတင်းပို့ ရနဲ့  ။ဟုတ်တော့ဟုတ်နေပြီ။ဇတ်လမ်းကတော့ ။

ဒီသတင်းသာ အမှန်ဖြစ်ခဲ့ ရင် ပြည်သူခေါင်းဆောင်ဆိုတဲ့  ဒေါ်အောင်ဆန်းစုကြည်ပြောစကားတွေက မြောင်းထဲရောက်
သွားပြီ။အွန်လိုင်း လောက က ထောက်ခံသူတွေကလည်း အရူးဖြစ်သွားကျပြီ။ဘာလို့ လဲဆိုတော့ ။မြန်မာလူမျိုးသာပြောတယ်။တိုင်းတပါး အထူးသဖြင့်  အမေရိကန် ရဲ့  အလိုတော်ကျများ မှတ်ပံတင်ခဲ့ လေသရော။ဖြစ်နိုင်ပါတယ်။နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းများစွာနေပြီး အကျယ်ချူပ် ဘ၀နဲ့  နိုဘယ်ဆုရထားတာ ဆိုတော့ ......။ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဟာ မတရားပါဘူးဆိုပြီး ကန့် ကွတ်ခဲ့ ပြီး မဲ ထည့် မဲ့ သူတွေကို မဲမထည့် အောင်ပြူလုပ်ခဲ့ တဲ့  အကျိုးဆက်ကိုတော့  ပြန်ခံရပါလိမ့် မယ်။မဟုတ်ရင် တော့  ဒါဟာပြည်သူတွေကို သက်သက်မဲ့  အရူးလုပ်ခြင်းတမျိုးပဲ မဟုတ်ပါလားဗျာ............။
မလုပ်ဘူးမလုပ်ဘူးနဲ့  ဗြောင်ငြင်းတဲ့  သူရဲ ဘောကြောင်တွေခွေးပါးစပ် က နတ်စကားထွက်တာတွေ။လုပ်တော့ သူတို့ ပြီးတော့ သူတို့ ကပဲပြည်သူအသက်စည်းစိမ်ဆိုပြီးအော်တဲ့  မိန်းမလို အဖွဲ့  အစည်း
NLD ပါတီမှတ်ပုံတင်ရေးဆုံးဖြတ်ချက်မချမီ နာရီပိုင်းအလို အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် ဖုန်းပြောဆိုခဲ့
ဒီဟာတကယ်ဆိုရင် NLD ဆိုတာ အစည်းအဝေးခေါ်ပြီး အိုဘားမားစကားနားထောင်ခဲ့ တာ။ပြည်သူအသံ နားထောင်ခဲ့ တာ မဟုတ်ဘူး။
ငဘ
ငဘ
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий