ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူအများက ဧရာဝတီဘလော့ကို အလွန်တင်းမာနေကြပါတယ်။
"နာမည်ယူထားတာက ဧရာဝတီ လုပ်ပုံက မိုက်ရိုင်းလွန်းသည်၊ အောက်ပါသတင်းတင်ပြချက်ခေါင်းစဉ်
ပြည်ပမီဒီယာသမားတွေ စားသောက်နေထိုင်နိုင်မှုဟာ ပြည်တွင်းက ယုံကြည်ချက်ကြောင့်နိုင်ငံရေးလု
ှဗိုလ်ချုပ်အောင်ဆန်းလို.သာ ခေါ်ဝေါ်ခဲ့ကြတာပါ။"
"ကဲ....... နိုင်ငံကိုချစ်ကြသော အမျိုးဂုဏ်ကိုလေးစားကြသော ကျွန်တောတို.ညီအကိုမောင်နှမများ
ဆိုပြီး http://burma.irrawaddy.org/archives/2186 , http://www.deyea.org/2011/11/blog-post_11.html , http://www.ngunngemoe.net/2011/11/blog-post_12.html , http://www.hrmyanmar.info/2011/11/blog-post.html တွေအပြင် တခြား အတိုက်အခံ ဘလော့တွေ မှာနဲ့ facebook စာမျက်နှာတွေမှာ အလွန်မိုက်ရိုင်းသောသတင်းတင်ပြချက်။ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဝါရင့်သတင်းစာဆရာကြီး တစ်ဦးက MEG အခုလိုပြောပါတယ်
"ဘာကြောင့် ဒီလိုရေးတာလည်းဆိုတာတော့ စဉ်းစားလို့မရဘူး... မြန်မာတစ်မျိုးသားလုံးက အတိုခေါ်ရင်တောင် ဗိုလ်ချုပ်လို့ပဲ ခေါ်ကြတာ... အောင်ဆန်း လို့တော့ ဘယ်လိုလူကမှ မခေါ်ဘူး... အခု ဧရာဝတီ ရဲ့ လုပ်ပုံက တခြားပြည်သူတွေပြောသလိုပဲ အလွန်မိုက်ရိုင်းပါတယ်.. ဖြစ်နိုင်ချေရှိတာကတော့ ဒေါ်စုက ခုချိန်မှ မလုပ်တတ်မကိုင်တတ်ဖြစ်နေတယ်... ပါတီကိုမှတ်ပုံမတင်ဘူးပြောပြီး ပြန်တင်ပြန်တယ်.. ဒေါ်စုခေါင်းဆောင်တဲ့ NLD ကလည်း ရည်မှန်းချက်တိတိကျကျမရှိဘူး... အရင်တုန်းက တစ်မျိုး၊ ခုတစ်မျိုး ပြောလိုက် လုပ်လိုက် ဖြစ်နေတယ်.... ဒါကိုမကျေနပ်လို့ ဒေါ်စုအဖေ ကို မိုက်မိုက်ရိုင်းရိုင်းခေါ်တာလည်းဖြစ်နိုင်တယ်..."
လို့ပြောပါတယ်။
ဘီဘီစီ ရဲ့ သတင်းလိမ်မှုကြောင့် ဘီဘီစီကို မြန်မာလူထုက တောင်းပန်ခိုင်းတုန်းကလည်း ဘီဘီစီက မတောင်းပန်တဲ့အပြင် facebook ပေါ်မှာ comment သီးသန့်ရေးလို့မရအောင် ပိတ်လိုက်ပါတယ်။ ပြည်သူကြားက ပြည်သူ့အသံတွေ နဲ့ တိုင်ကြားစာတွေကို လုံးဝလက်မခံခဲ့ပါဘူး။

အခု ဧရာဝတီဘလော့မှာလဲ ခေါင်းစဉ်အောင်မှာ ပြထားတဲ့ comment အရေအတွက်က အများကြီး ရှိပေမယ့် ဖော်ပြထားတာကတော့ နည်းနည်းလေးပဲ ရှိပါတယ်။
"ကျွန်တော် ကွန်းမန့်ပေးတယ်.. ဖျက်ခံရတယ်.. ဆဲတာမပါဘူး၊ ပုဂ္ဂိုလ်ရေးထိခိုက်တာ မပါဘူး... ဒါပေမယ့် အမြဲဖျက်ခံရတယ်..." လို့ သတင်းဖတ်သူတစ်ဦးက ဆိုပါတယ်။
ပြည်ပအခြေစိုက်သတင်းဌာနတွေ၊ လွတ်လပ်စွာပြောဆိုခွင့် နဲ့ ဒီမိုကရေစီ ဆိုတဲ့ ဘလော့တွေ အားလုံးဟာ သူတို့တွေကို ထိ တဲ့ ဝေဖန်စာတွေကို ဖျက်ပစ်တာတွေ၊ မတင်တာတွေ အမြဲလုပ်ကြပါတယ်။
ဧရာဝတီဘလော့က ထောက်ပံ့ကြေးယူပြီး အလုပ်လုပ်နေသူတွေကတော့ ဘာမှ တစုံတရာ ဖြေရှင်းခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း အောက်မှာ လာပေးတဲ့ ပြည်သူတွေရဲ့ မကြေနပ်ချက်တွေကိုတော့ ဆက်တိုက်ဖျက်နေပါတယ်။
မူရင်းလင့် 
0 ဦးကဆွေးနွေးသွားပါတယ်..
Отправить комментарий