လူပျက်ဇာဂနာဟာ မြစ်ကြီးနားအကျဉ်းထောင်မှာ အကျဉ်းကျခံရစဉ်က သူဟာ ဘာသာပြောင်းတော့မှာဖြစ်ကြောင်း ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ဘုန်းကြီးဆွမ်းကပ်ရင် ဖမ်းလို့ဖြစ်ကြောင်း တစ်ခြားဘာသာမှာ ဒါမျိုးမရှိကြောင်း ပြောဆိုချက်ကို ကိုးကားပြီးတော့  DVB အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့ပါတယ် ဒါကိုအားလုံးမှတ်မိကြဦးမှာဖြစ်ပါတယ် ။

ခုအခါမှာတော့ ဇာဂနာက သူဟာ ၂၀၀၇ သံဃာ့အရေးအခင်းမှာ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်စည်းရုံးပြီး တဖြည်းဖြည်းပါလာအောင် လုပ်ကာ နောက်ဆုံးမှာ သပိတ်စခန်းဖွင့်သည်အထိ ဆောင်ရွက်ရန်ကြံစည် ခဲ့ကြောင်း DVB သတင်းဌာနကို ၀န်ခံပြောကြားလိုက်ပါတယ် ။ ဆိုလိုတာကတော့ ၂၀၀၇ ခုနှစ်မှာသူ အဖမ်းခံရတာဟာ အစိုးရအတိုက်အခံတွေပြောနေသလို ဘုန်းကြီးတွေကို ရိုးရိုးဆွမ်းကပ်လို့မဟုတ်ဘဲ သံဃာတော်တွေကို နိုင်ငံရေးအရ အသုံးချဘို့ ဆောင်ရွက်ခဲ့လို့ သက်ဆိုင်ရာက တားဆီးခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း ၀န်ခံလိုက်တာလည်းဖြစ်ပါတယ် ။
 
 
 

0 ဦးကဆွေးနွေးသွားပါတယ်..

Отправить комментарий