အမှန်ကို အမှန်အတိုင်းမြင်ပြီးပြောရဲတာ သတ္တိရှိတဲ့လူပဲ။ လူမိုက်မဖြစ်နိုင်ဘူး။
အိမ်ထောင်တခုမှာပဲဖြစ်ဖြစ် ယောက်ျားလုပ်သူက domestic violence
(အိမ်တွင်းလူပါးဝမှု) သိပ်များလာရင်တော့ ဘယ်မိသားစုဝင်မှ
အတူနေချင်မှာမဟုတ်တော့ဘူး။ ရှင်းရှင်းလေးမြင်အောင်ပြောတာ။ ဆက်အတူနေလို့လဲ
စိတ်ချမ်းသာမှုရမှာမဟုတ်ဘူး။ အလားအလာမကောင်းတဲ့အပြင် တိုးတက်မှုဆုတ်ယုတ်မှာပဲ။
လူဆိုတာ အသိဥာဏ်ရှိတယ်။ ဒါဟာခိုင်းတာလုပ်၊ ပြောတာနားထောင်ဖို့မဟုတ်ဘူး။
ဆင်ခြင်ဖို့သာဖြစ်တယ်။ အများစုဖြစ်နေတဲ့ မဟာဗမာတွေရဲ့ စည်းရုံးရေး အတူနေရေးကို
အော်ပြပြီး၊ လူပါးဝမှုတွေကို အမြဲဆက်ခံနေဖို့ မဟုတ်ဘူး။ တိုင်းရင်းသားတွေဟာ
သမိုင်းအစဥ့်အလာနဲ့ နေလာခဲ့တာ။ သူတို့နိုင်ငံ၊ ကိုယ်ပိုင် စာပေ
ယဉ်ကျေးမှုနဲ့နေလာတဲ့ လူမျိုးတွေ။ ဒီတိုင်းရင်းသားပြည်နယ်တွေထဲမှာ
ရှိတဲ့လူမျိုးစုတွေကိစ္စကို ဗမာတွေ ဘာမှပူနေစရာမလိုဘူး။ သူတို့အရေးကိစ္စကို
သူတို့နဲ့သာဆိုင်တယ်။ ဟို ရှေးခေတ်အဆက်ဆက်မှာလည်း ဒီလိုပဲနေလာခဲ့တာပါပဲ။ အဓိကက
နိုင်ငံတရပ် ထူတောင်နိုင်တဲ့အခြေအနေ လက္ခဏာ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့
တိုင်ရင်းသားနယ်မြေတွေဟာ ဗမာတွေ လူပါးဝ ကလိန်ကျနေမှုတွေကို ဆက်မခံဖို့ပဲ။
လောကပါလတရားကို လူတိုင်းတောင့်တတယ်။ ကိုယ့် အိမ်တွင်းရေးကို တခြားအိမ်တအိမ်က
လာပြီး လူးပါးဝ လွှမ်းမိုးတာ ဘယ်လူမှမလိုချင်တာ အရှိတရားပဲ။ ဗမာအိမ်က
လာပြီးလူပါးဝနေတာကို မောင်းချကြဖို့ မဖြစ်မနေလိုအပ်နေပြီ။ ဒါဟာ ဗမာကို
မုန်းတာမဟုတ်ဘူး။ သိပ်သနားစရာ ချစ်မြတ်နိုးစရာကောင်းတဲ့ ဗမာတွေ သိပ်များပါတယ်။
ဒါပေမဲ့ လူပါးဝလွမ်းနေတာက ဗမာတွေဖြစ်နေလို့ပါပဲ။
အာဏာရှင်စနစ်ဆိုးကို လက်ရှိလူတိုင်းခံစားနေရတာကို လက်ခံတယ်။ ဒီစနစ်ဆိုးကို
အသက်သွင်းပေးတာ ဘယ်သူလဲ။ ကိုလိုနီစနစ်ဆိုးအောက်ကို ရောက်ရတာကော
ဘယ်သူတွေကြောင့်လဲ။ လွတ်လပ်ရေးရပြီး စစ်အာဏာရှင်စနစ်အောက် ရောက်သွားရတာ
ဘယ်သူတွေကြောင့်လဲ။ ဦးနေ၀င်းအာဏာမသိမ်းခင် ကာကွယ်လို့ရတဲ့ အချိန်ရှိတာပဲ။
ဦးနုနဲ့ ဗမာခေါင်းဆောင်တွေ ဘာရိုးသားတာရှိခဲ့လို့လဲ။
တိုင်းရင်းသားတွေ သူ့နယ်မြေ လွတ်လပ်ရေးရဖို့တော်လှန်နေတာ နှစ်ပေါင်း ၂
ရာကျော်နေပြီ။ တနေ့ကမှ မဟုတ်ဘူး။ လွတ်လပ်ရေးရတော့လည်း လွတ်လပ်ရေးနဲ့အတူ
ပြည်တွင်းစစ်ဖြစ်ရတာ ဘာကြောင့်လဲ ဘယ်လူတွေရဲ့ မရိုးသားမှုတွေကြောင့်လဲ။ အဖြေတွေက
ရှင်းနေပြီးသားပဲ။
ပကတိအမှန်တရားကို ရိုးရိုးဖြောင့်ဖြောင့်ပြောဖို့
လိုတယ်။ အာဏာရှင်စနစ်ကြောင့် လက်ရှိ ဗမာအပါအ၀င် လူတိုင်းခံစားနေရတာက
ခလေးတောင်နားလည်တယ်။ သွေးချောင်းက စီးလာတာကြာပီ ခုမှမဟုတ်ဘူး။
ဘ၀တွေပျက်တာလည်းရေတွက်လို့ပင်မရတော့ဘူးပဲ။ ကိုယ့်အိမ်ကိုယ်ခြံဘောင်ခတ်ပြီးနေရင်
ရေရှည်မှာ ငြိမ်းအေးမှု တိုးတက်မှု စိတ်ချမ်းသာမှုရမှာ သေချာတယ်။ ဗမာနဲ့
တအိုးတည်းစားနေလို့ မ၀ရေစာပဲစားနေရတာ ၀မ်းမ၀ ခါးမလှတာကြာနေပြီပဲ။ ရှိတာလေးတောင်
၈ ပုံ ပုံပြီး ဗမာက ၇-ပုံလူပါးဝထားတာပဲ။ ဗမာတွေဟာ လူပါးဆက်ဝနေရတော့ ဗမာတွေဖက်က
ဆက်ပြီးအတူနေချင်တာဟာ ဆက်လူပါးဝချင်လို့ပါပဲ။ လူတိုင်းနားလည်အောင်
ရိုးရိုးရှင်းရှင်းပြောတာပါပဲ။
လက်ရှိအနေအထားတွေထက်ပဲ ဆိုးအုံ့မှာရှိသေးလား။ ခုလည်းရစရာမရှိအောင်
ဒုက္ခရောက်နေကြတာပဲ။ အတူမနေပဲ ခွဲနေရင် လူမျိုးစုတွေအတွက်လည်း
တိုးတက်သာယာမှုဖြစ်ထွန်းလာနိုင်သလို ဗမာတွေအတွက်လည်းတိုးတက်သာယာလာမှာပဲ။
ဘာဖြစ်လို့ဆိုရင် ပြည်တွင်းစစ်တို့ တိုင်းရင်းသား ပြသနာတို့ မရှိတော့ဘူး
မလို့ပဲ။
ဒီမိုကရေစီရလို့ အတူနေတယ်ဆိုပါစို့ ဗမာအတိုက်အခံခေါင်းဆောင်ဆိုသူတွေကိုကော
ဘယ်လောက်ယုံကြည်ရလို့လဲ။ သူတို့တွေရဲ့ လုပ်ရပ်တွေ လုပ်နေတာတွေက သက်သေပဲ။
လွတ်လပ်ရေးရပြီးတော့လည်း ပါလီမန်ဒီမိုကရေစီဆိုပြီး ရှိခဲ့တာပဲ။ ဘယ်လူတွေက
မရိုးသားခဲ့လို့ ခုလိုကြမာဆိုးကို ပြည်သူတွေ ခံစားနေရတာလဲ။ ကောင်းခဲ့တဲ့
ခေါတ်ကလည်း ဘယ်သူတွေက မရိုးသားခဲ့လို့ ပျက်စီးသွားရတာလဲ။ ရှင်းနေတာပဲ။ ပကတိ
အနေအထားသာ အရှိတရားပဲ။ ဆက်နေနေရင် လူမျိုးစုအရေး ပြည်တွင်စစ်ပြသနာနဲ့
တိုးတက်သင့်သလောက်မတိုးတက်ပဲ ဘယ်တော့မှ နာလန်ထူနိုင်တော့မှာ မဟုတ်ဘူး။
တကယ် လေးစားလောက်တဲ့ ဗမာခေါင်းဆောင်ဆိုလို့ ဗိုလ်ချုပ်အောင်းဆန်းတယောက်ပဲ
ရှိတာ။ ခု ဒေါ်စုကတော့ ပြည်သူတွေရဲ့ ယုံကြည်မှုရနေပါရဲ့။ ဒါပေမဲ့ သတိနဲ့
စောင့်ကြည့်နေရတာဆိုတော့ အကြွင်းမဲ့ဆိုတာ မဖြစ်နိုင်ဘူး။ ဗိုလ်ချုပ်သင်္ခန်းစာကို
မြင်ဖို့ပြောတာ။ ဒီတော့ ကိုယ့်ကြံမာအတွက်ကိုယ်သာ ဖန်တီးရမှာပါပဲ။ ဒါကြောင့်
ကိုယ့်အနာကတ်ကို ဗမာတွေလက်ကို ပုံအပ်နေစရာမလိုတော့ဘူး။ လူမျိုးစုပြည်နယ်တွေဟာ
ခွဲထွက်နေထိုင်ရေးအတွက် ကြိုးပမ်းဖို့ လိုအပ်တာ ပကတိအမှန်တရားပါပဲ။
ကျေးဇူးတင်လျှက်
လင်းမြတ်သော်တာ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းစဉ်အရ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အာရုံစိုက် လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဇူလိုင် ၂၅ ရက်က ဒေါ်အောင်ဆန်း စုကြည်နှင့် နှစ်ဦးနှစ်ဖက် အပြုသဘော ဆောင်သော တွေ့ဆုံ ဆွေးနွေးမှုကို ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ဖွံဖြိုးတိုးတက်ရေး အခြေခံကောင်းများကို ဖော်ဆောင်လာနိုင်ခဲ့ပြီး ယခုတလောတွင် ဆင်းရဲမွဲတေမှု လျော့ကျရေး၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး စသည်တို့ကို အာရုံစိုက် လုပ်ကိုင်ပြီး တစ်ဖက် တစ်လမ်းတွင်လည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မှတဆင့် ဒီမိုကရေစီ ဦးတည်သွားရန်နှင့် အခြားနိုင်ငံများနှင့်လည်း သံတမန် ဆက်ဆံရေးများ တိုးမြှင့်ရန် ဘက်ပေါင်းစုံမျှ မပျက်ကွက်အောင် အချိန်နှင့် တပြေးညီ ဖော်ဆောင်နိုင်ခဲ့ပါသည်။ ထိုသို့ အစိုးရမှ အပြောမဟုတ်ဘဲ လက်တွေ့ ဖော်ဆောင်နိုင်ခဲ့သော အကျိုးရလဒ် ကောင်းများကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြားနိုင်ငံရေး ပါတီများ၊ မြန်မာနိုင်ငံ ပြည်သူ ပြည်သားများနှင့် အခြားနိုင်ငံမှ လာရောက် လည်ပတ်ကြသော ဧည့်သည်တော်များလည်း မျက်မြင် တွေ့ရှိရမည် ဖြစ်သည်။
သို့သော်လည်း အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို ပါဝင်ကူညီခြင်း မရှိသည့်အပြင် ယုံကြည် လက်ခံခြင်း မရှိဘဲ ၀င်ရောက် နှောင့်ယှက်သော ပြည်တွင်း အစွန်းရောက် သမားများလည်း ရှိပေသည်။ ထိုသူများက ၎င်းတို့ချည်း အစွန်းရောက် သွေးရှိပြီး မြန်မာနိုင်ငံတော် အစိုးရအား အတိုက်အခံ လုပ်နေခြင်း မဟုတ်ဘဲ ကိုယ့်နိုင်ငံတွင် စိတ်အေးချမ်းသာစွာ လုပ်ကိုင် စားသောက် နေကြသော ပြည်သူများကိုလည်း လိုက်လံ စည်းရုံးခြင်း၊ မဟုတ်မမှန် သတင်းဆိုးများ လွှင့်ခြင်းတို့ကို လုပ်ဆောင်လျက် ရှိသည်။ ထိုသို့ ရည်ရွယ်ချက် လမ်းစဉ် တိတိပပ မရှိဘဲ မိမိ ကိုယ်တိုင်လည်း တိုင်းပြည်အပေါ် တာဝန်ကျေအောင် ကြိုးပမ်းနိုင်စွမ်း မရှိသည့်အပြင် ဦးဆောင် လမ်းပြနိုင်သူကိုလည်း အထင်မကြီးသော ဟိုမရောက် သည်မရောက် လူတန်းစားများ၏ လုပ်ဆောင်ချက်ကို ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ခြင်းဟု ခေါ်ဆိုနိုင် ပါသလား။
အမှန်စင်စစ် အမိမြန်မာနိုင်ငံတော် အတွင်းတွင် တစ်ဦး၊ တစ်ဖွဲ့၊ တစ်ယောက်တည်း ခွဲထွက် မနေသင့်ဘဲ စည်းလုံး ညီညွတ်စွာ နေထိုင်ခြင်းဖြင့် တိုင်းပြည်နှင့် ပြည်သူ အတွက်လည်း အကျိုးရှိ၊ မိမိ၏ လုပ်ဆောင်ချက်လည်း အရာထင်စေမည့် ဆောင်ရွက်ချက်များကို လုပ်ဆောင် နိုင်မှသာလျှင် ငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဖြစ်သည်။ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံ ဆွေးနွေးမှုသည် ထိုသို့ မြန်မာနိုင်ငံ အတွင်း သွေးကွဲနေမှုများကို ပြန်လည် ပေါင်းစည်းပေးပြီး ငြိမ်းချမ်းရေးသို့ ဦးတည်သည့် အတွက် ‘အမျိုးသား ပြန်လည် သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲ’ ဟု သတ်မှတ် နိုင်ပါသည်။ အကယ်၍သာ ဒေါ်စုကြည်နှင့် သူမ၏ ပါတီတို့က ဆွေးနွေးပွဲ ရည်ရွယ်ချက် အပေါ် အကောင်း မြင်သော ၀ါဒဖြင့် ရှုမြင် သုံးသပ်တတ်ပြီး စဉ်းစား ချင့်ချိန်တတ်မည် ဆိုလျှင် အားလုံးမျှော်လင့် စောင့်စားနေကြသော အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကို မဖော်ဆောင်နိုင်စရာ အကြောင်းမရှိကြောင်း တိုက်တွန်း တင်ပြလိုက်ရပါသည်။
ဖူးစုံထွေး



သိကြတဲ့ အတိုင်း VOA ရဲ့ အပုပ်ရည်ဖြန့်ဝေခြင်းသမိုင်းက အမေးအဖြေ ကဏ္ဍကို ဘေးအိမ်က လုပ်စရာ မရှိလို့ ကလိလိုက်တယ် ထင်ပါရဲ့။ နားထဲကို စောစောစီးစီး အလျှံငြီးငြီး ဝင်လာပြန်ပါရောဗျား။ စလိုက်ပုံက ယဉ်သကို ဆိုသလို ဒီတစ်ခါတော့ ရှားရှား ပါးပါး ကျောက်မဲ အကျဉ်းသားဆိုသူက ထိုင်းနိုင်ငံ ဥပမာနဲ့ လူ့ဂွစာ ထန်းပလပ်ခြောက်ကို ပြေးစရာ မြေမရှိအောင် ချောင်ပိတ် မေးလိုက်တာလေး ပါလာပါရောဗျား။ ကြားရတာ ကောင်းလွန်းတော့ တိုးလိုးတန်းလန်း ပစ္စည်းကို အောင့်အီးရင်း အသံရှင်းရှင်း လင်းလင်းကြားရဖို့ အရေး အိမ်သာထဲကကို အပြေးထွက်လာလို့ ဝရံတာမှာ နေရာယူ မိတယ်ဗျ။ ဒီတစ်ခါတော့ ထန်းပလပ်ခြောက် ဘယ်လို ကလိန်စေ့ငြမ်း ဆင်ဦးမလဲ မေးခွန်းတွေကလည်း အတွေးထဲမှာ ဝဲလည်လို့ ပေါ့လေ။
အဲဒီမှာတွင် ထန်းပလပ်ခြောက်ရဲ့ ကမ္ဘာ့အဖိုးအနဂ္ဂ အထိုက်တန်ဆုံး အဖြေကို ကြားလိုက်ရတော့ အိမ်သာထဲမှာ ကိစ္စမပြီးခင် အပြေးကလေး နားသောတ လာဆင်မိတဲ့ ကိုယ့်ကိုကိုယ်တောင် သနားစရာ သတ္တဝါ တစ်ကောင်လို တွေးမိရင်း ဝမ်းပျဉ်းခါအောင် ရယ်မိရပါရောဗျား။ ကောင်းလိုက်တဲ့ အဖြေ၊ “တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူပါဘူး” တဲ့လေ။ နှာခေါင်းကို ဖြုတ်ကိုက်ခံရတဲ့ Feeling ကြီးနဲ့ ပြန်ဖြေလိုက်တယ် ဆိုတာ သဘောပေါက်လိုက်ပါရဲ့။ ကျုပ်ပြောသား၊ ဒါကြီးကဖွတ်ကျား ပါလို့။ သူ့မှာ ရေရေရာရာ ဘာမှ အတွေးအခေါ်က မရှိတော့ ကျည်ပစ် မေးခွန်းလို့ ခေါ်တဲ့ surprise question တွေနဲ့တွေ့ရင် စဥ့်အိုးဖင် ပေါလစ်တင်သလိုမျိုး အရည်မရ အဖတ်မရ အဖြေတွေ ထွက်ထွက်လာ တတ်တာ မကြာခဏပါဗျ။ ပြန်တွေးကြည့် ကြပေါ့လေ။
တစ်ခါ မကွေးက လယ်ယားရွာသား ဖဲသမား ငထွေရူး ဝင်းထူးဆိုတဲ့ ငနာကတော့ သူ့ရွာက တရုတ်ကုန်စုံဆိုင်ကို အကြွေး မဆပ်နိုင်တာကြောင့် ဆောင့်ကြီး အောင့်ကြီးနဲ့ တရုတ်တွေ စီးပွားဖြစ်တာကို အပြစ်တင်ရင်း နိုင်ငံမတိုးတက်ခြင်း ဘာညာနဲ့ မတန်မရာတွေ ပြောပြန်တယ်။ ထန်းပလပ်ခြောက်ကလည်း ရွာမှာဟောနေကျ ဘုန်းကြီးတရားလိုပဲ ပြောနေကျ အလုံးတွေနဲ့ ဖယောင်းတိုင်တွေ၊ မီးလျှံတွေ၊ အန္တရာယ်တွေ ထည့်ပြောပြန်ရော။ အဲဒီတော့ ကျုပ်က ကိုထွန်းရွှေရဲ့ “မီးဘေး ရှောင် မလောင်ခင်တား”သီချင်းကို သတိရသွားပြီး တေးသွားလေးတောင် ငြီးမိပါပေါ့ဗျား။ ရာသီနဲ့ မကိုက်တာလေး တစ်ခုပဲ ဆိုးတာ။ အောင်မာ---ပြောသေး။ စိတ်ဓာတ်ကျရင် ရုံးကိုလာခဲ့တဲ့။ အားဖြည့်ပေးမတဲ့။ ဟဲ့---သောက်ခွေး။ ကျုပ်ဖြင့် ရှက် သွားလိုက်တာ ကြက်သီးတွေတောင် ထရောဗျား။ စိတ်ထဲမှာလည်း တွေးမိတယ်။ “ဒဂယ်လားဟင်” ဆိုပြီးတော့ ပေါ့လေ။
နောက်တစ်ယောက် ကတော့ မြန်မာပြည်မြေပုံမှာ ဧရာဝတီမြစ်ရဲ့တည်နေရာကိုတောင် ရှာဖို့ အလျဉ်း အဖြစ်မရှိတဲ့ နှင်းနှင်းဆိုတဲ့ ကပ်တီးကပ်ဖဲ့ တစ်ကောင်ပါပဲဗျို့။ သူ့အပြော ဧရာဝတီမြစ်ကြီး ပျက်စီးသွားတယ် ဆိုလို့ ခါးပဲကျိုးသွား သလား။ ပင်နယံပဲကြွေသွား သလား၊ မြစ်ရေတွေ အားလုံး လိမ္မော်ရည် ဖြစ်သွားသလား အတွေးတွေ ပွားရတော့သဗျား။ ထန်းပလပ် ခြောက်ကလည်း ထုံးစံအတိုင်း ဖြီးရှာ ဖြန်းရှာပါတယ်။ သူ့ခမျာ ပြီးခဲ့တဲ့ လတုန်းကလည်း ပုဂံသွားရင်း ဘုရားတွေ မော့ကြည့်ရင်း နားမလည် ပါးမလည်နဲ့ ဘုရားပြင်တာ ဘယ်လိုလုပ်ရင် ကောင်းမလေး၊ ညာလို လုပ်ရင်ကောင်းမလေး။ အာနဲ့ လုပ်အား ပေးခဲ့သေးသကိုး။ ကျုပ်တို့ အစိုးရက သူအင်္ဂလန်မှာ ဘုရားမေ့ တရားမေ့ အဲရစ်ကြီးနဲ့တွေ့နေတုန်းကတည်းက ရှေးမူမပျက်ရ အောင် ဘုရားတွေကို ပြောင်ပြောင် မြောက်မြောက် ပြုပြင်နေခဲ့တာ ကြာပါရော။ ပြီးတော့ လုပ်သေး၊ သူသာ ခေါင်းဆောင်း (ခေါင်းဆောင်တော့ ဖြစ်စရာမရှိ) ဖြစ်ရင်တဲ့။ ထန်းလျက်ဖိုတွေကို ထင်းမသုံးဘဲ နျူးကလီးယားပါဝါနဲ့ ချက်ခိုင်းမှာတဲ့ဗျား။ ဟိုက်ရှားဘားစ်----ဘယ်လောက်အားထားရတဲ့ အတွေးအခေါ် လဲဆိုတာ။ ကျုပ်တို့တော့ နျူးကလီးယား ထန်းလျက်နဲ့ မိတ်ဆက်ရဦး တော့မှာလားမသိ။
ဘယ့်နှယ်ဗျာ။ ဒင်းတို့တွေ လွန့်လွန်လွန်း။ လိုချင်ပြန်တော့ လျှပ်စစ်။ လျှပ်စစ်မရလို့ ဘဝတွေပဲ ပျက်နေတော့ သလိုလို။ ဒါကြောင့် လောင်စာရဖို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်တော့ သဘာဝပတ်ဝန်းကျင် ပျက်တယ်တဲ့။ ရေအားလျှပ်စစ် အတွက် ဆည်တမံ တည်တော့လည်း သဘာဝ ပတ်ဝန်းကျင်ပဲ ဆွဲထည့်ကြ ပြန်တယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေလို ဓာတ်ပေါင်းဖို တည်မယ် ကြံပြန်တော့ နှုတ်ဆော့ကြ ပြန်ရော။ နိုင်ငံကို မပျက်ပျက်အောင် ခပ်ကြောင်ကြောင် လုပ်နေတာ တော့ အသေအချာဗျ။ ဟိုနားမလည် ပါးမလည် ထန်းပလပ်ခြောက် ကလည်း ဉာဏ်ရူး ကမြူးလို့ ပန်ကြားလွှာ ခပ်ထူးထူးတွေ ထုတ်ဦးမတဲ့လေ။ တကယ်တော့ သူဟာ ဧရာဝတီကို ပစ်ပယ်လို့ ကုလားဖြူနဲ့ နွယ်ခဲ့တာ၊ မျိုးချစ်စိတ် ရှိပါတယ်ဆိုတဲ့ သူတွေ အားလုံး သိသိကြီးပါ။ ဒင်းကို ထောက်ခံတာတွေ မထောက်ခံတာတွေ ပြောမလို့လား။ ဟားဟား---ဒီနေ့ US သာ အကောင် သေးသေးကလေး ဖြစ်သွားရင်၊ US ကသာ ထန်းပလပ်ခြောက်ကို neglect လုပ်လိုက်မယ်ဆိုရင်------အင်း---အနာဂတ်ကို မြင်ကြည့်ချင်တယ်ဗျို့။ ဘယ့်နှယ်--ဒင်းက အခုမှလာပြီး ကြီးကြီး ကျယ်ကျယ် ဧရာဝတီကို လာနွယ်နေတာ ရယ်စရာပါ ။
ခြင်တစ်ကောင် ကိုက်ရင် ရိုက်လိုက်ပါတဲ့။ အဲ---အကောင်တစ်ရာ ကိုက်ရင်တော့ အကိုက်ခံပြီးမှ ဆေးလိမ်းလိုက်ပါတဲ့။ ကိုက်လို့ ကျေနပ်ရင် ပျံသွားကြမှာမို့ အလုပ်ရှုပ် မခံပါနဲ့တော့တဲ့။
(အောင်ဘု)

အပစ်ရပ်စဲ​ရေး​ပြုလုပ်ဖို့​ ပြည်နယ်အစိုး​ရဖက်က ကမ်းလှမ်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သော်လည်း KIA ခေါ် ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် က ထင်ရာစိုင်းကာ ဥပက္ခာပြုပြီး လမ်း​၊​ တံတား​တွေ ဖျက်ဆီး​လိုက်၊ စစ်ပွဲတွေ ဖန်တီးလိုက် ပြုလုပ်နေခဲ့တာ (၂) လ နီးပါး ကြာမြင့်နေပြီဖြစ်သည်။ နိုင်ငံအဝှမ်း လျှပ်စစ်မီးရဖို့ အစိုးရက ရေအားလျှပ်စစ်စက်ရုံတွေတည်ထောင်ချိန်တွင်၊ ကိုယ့်အိမ်ကိုယ်တောင် မီးလင်းအောင် မလုပ်နိုင်တဲ့ KIA က လျှပ်စစ်ဓာတ်အားပေးစက်ရုံလုပ်ငန်းတွေကို နှောက်ယှက်သည်။ နိုင်ငံအဝှမ်း ဆက်သွယ်ရေးကောင်းအောင်နှင့် ဖုန်းကိုင်ဆောင်နိုင်သူ အရေအတွက် သိသိသာသာများလာအောင် အစိုးရက စီမံကိန်းချ အကောင်ထည် ဖော်ချိန်တွင် KIA က ဆက်သွယ်ရေးရုံးများကို ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ခဲ့သည်။ နိုင်ငံအဝှမ်း လမ်းပန်းဆက်သွယ်ရေးကောင်းအောင် အစိုးရက လမ်းနှင့် တံတားများ ဖောက်လုပ်နေချိန်တွင် မြေနီလမ်း တစ်လမ်းတောင် မဖောက်ဖူးသည့် KIA က တံတားပေါင်း ၁၅ စင်းကျော်ကို ဗုံးဖောက် ဖျက်ဆီး ပစ်ခဲ့သည်။ အစိုးရကို ဦးတည်သည့် ရထားလမ်း၊ ကားလမ်း၊ မြို့ပေါ် မိုင်းထောင်၊ မိုင်းခွဲတဲ့ တိုက်ခိုက်မှုမျိုးများသည် ပြည်သူများကိုသာ ထိခိုက်လျှက် ရှိပေသည်။

KIA အနေဖြင့် ကချင်ပြည်သူများ၏ အကျိုးအတွက် ဘာတစ်ခုမှ မလုပ်ခဲ့သလို ယခုတွင်လည်း ဘာတစ်ခုမှ မလုပ်နေပါ။ ငြိမ်းချမ်းရေးယူနေစဉ်ကာလတွင် ကချင်ပြည်နယ် တစ်ခုလုံးရှိ သစ်တောများက တန်ချိန် သိန်း နှင့်ချီပြီး ထုတ်ယူရောင်းစားခဲ့သည်။ သစ်တောများသာမက အခြားသော တွင်းထွက်များကိုလည်း စိတ်ကြိုက် ထုတ်ယူခဲ့သည်။ ထိုထုတ်ယုရရှိသမျှ ငွေကြေးများကို ကချင်လူထုအတွက် အသုံးမပြုခဲ့ပါ။ KIA ဌာနချုပ် နှင့် လိုင်ဇာ ရှိ KIA ပိုင် အဆောက်အအုံများ၊ စစ်လက်နက်ပစ္စည်း တပ်ဆင်မှုများအတွက်သာ အသုံးပြုခဲ့သည်။ ယုခုမခါတွင် KIA က ထုတ်ယူသုံးစွဲမှုကြောင့် ကချင်ပြည်တွင်းမှ သစ်တောများ ကုန်သလောက်နီးပါး ရှိနေပြီဖြစ်သလို ယင်းမှရရှိသော ငွေကြေးများဖြင့် ကချင်လူထုအတွက်မသုံးသည့်အပြင် ယင်းမှရရှိထားသော လက်နက်များဖြင့် ကချင်လူထုသွားလာနေသည့် တံတား ၁၅ စင်းကျော်ကို ဖျက်ဆီးခဲ့သည်။ တာပိန်ရေအားလျှပ်စစ်စီမံကိန်းကို KIA ဒွန်ဘုံ စခန်းမှနေ၍ လက်နက်ကြီးများဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်း၊ တာပိန် ရေအား လျှပ်စစ် စီမံကိန်းနှင့် ၄င်းသို့ ဆက်သွယ်သည့် လမ်းကြောင်းအား ခြိမ်းခြောက်ခြင်း၊ ရေအား လျှပ်စစ် စီမံကိန်းမှ ဗန်းမော်ခရိုင်သို့ သွယ်တန်း ထားသော တာဝါတိုင်များအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်းများကို လည်း ဖျက်ဆီးလိုစိတ် သက်သက်ဖြင့် လုပ်ဆောင်ခဲ့သည်။ တံတားဆောက်သူက မှန်လား၊ တံတားဖျက်သူက မှန်လား ဆိုသည်ကိုတော့ လူတိုင်း သတိပြုနိုင်သည်။



မြစ်ကြီးနားမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလေဂျွန်ငန်ဆိုင်း၊ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးရားဝမ်းဂျုံ တို့ဖက်မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ကချင်ပြည်သူတို့ဘဝ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ၊ တာဝန်ရှိသူများဖြင့် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့သော်လည်း KIA ဖက်မှ ဘာကိုမှလက်မခံပဲ စစ်ကိုသာ လိုလားလျှက်ရှိနေသည်။ အခြေအနေအရပ်ရပ်အတွက် ခါးစည်းခံနေရသော ကချင်ပြည်သူများက KIA ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ကာ ရှုံ့ချပွဲများကို မြစ်ကြီးနားမြို့မှ စပြီး လုပ်ဆောင်လာကြတော့သည်။ ကချင်ပြည်နယ်ဝန်ကြီးများ ဦးစီးခဲ့ကြပြီး တက်ရောက်လာသူ အားလုံးက KIA ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ကြောင်းနှင့် KIA ၏ အဖျက်သဘော လုပ်ရပ်များကို ရှုံ့ချကြောင်း ကို တခဲနက် ထောက်ခံခဲ့ကြသည်။ အစည်းအဝေးများတွင် စည်း​လုံး​ညီညွတ်​ရေး​နှင့်​ ဒီမိုက​ရေစီပါတီ၊​ ပြည်ထောင်စု ကြံ့​ခိုင်​ရေးနှင့် ဖွံ့ဖြိုးရေး ​ပါတီတို့​မှ စည်း​ရုံး​ရေး​မှူး​များ၊​ အစိုး​ရဌာနဆိုင်ရာမှ အရာရှိ​များ တက်​ရောက်ခဲ့​ကြ​ကြောင်း​ မြစ်ကြီး​နား​မြို့ခံများက တဆင့် သိရသည်။


ဒေါ်အောင်ဆန်းစုကြည်၇ဲ့  ဒီကနေ့  အိပ်ဖွင့် ပေးစာကို  ဖတ်မိတော့   ငဘဘာတွေး မိသလဲ ဆို၇င်  ငဘတို့ 
အိမ်ဘေးနားက     မိသားစုလေးကို  သွားတွေးမိသဗျ။

အမှန်တော့   အဲ ဒီအိမ်က  အကြောင်းအမျိုးမျိုးကြောင့် ပေါ့။မိသားစုထဲ မှာ  ၇န်တွေ ဖြစ်နေကြတာ။ဒါကို  ၇ပ်
၇ွာတကာ  နာမည်ကျော်တဲ့   ၊စပ်စုဒေါ်ပုမ  က  ဘာပြောသလဲ ဆို၇င်
အမလေး ဟယ်   မိဘတွေက   ငါ့ လောက် သာ  တက်သိ၇င်  ၇န်ဖြစ်စ၇ာမ၇ှိပါဘူးအေ။
ဘယ်နှယ်အေ   ဒါလေးတော့   ဒေါ်ပုမတို့  ပိုင်ပါတယ်ဆိုလား  ။

အထင်ကြီးမလို့   ဒေါ်ပုမကို  ကြည့် တော့   သူမကိုယ်တိုင်က  ၇ပ်၇ွာက  အော်ကြော်လန်။
သူကြီးတွေက  မသက်သာလို့ လွတ်ထားတာ။သိတယ်မလား။သတင်းတခု  ဆို  ဒေါ်ပုမ က အ၇င်သိတယ်
လေ။ဒါကို ပဲ  သူမ  က  ဘ၀င်လေဟပ်နေ၇ှာတယ်။

ဒါကိုတွေးမိတော့   ငဘတွေးမိတာက  သြော်    နှမ်းဖြူးပြန်ပြီလို့ ...........။